ငါ့စကားတစ်ခွန်းတည်းနဲ့ကမ္ဘာကြီးရဲ့နိယာမတွေကို စုစည်းမယ်
Vol. 14 Ch. 166
အချိန်အားဖြင့် အသက်ရှုကြိမ်အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း တစ်ရက်တာလုံးလုံး ကုန်လွန်သွားသကဲ့သို့ ခံစားရသည်။
ကျိယွမ်နှင့်အတူ ပါလာသောသူများမှာ သူတို့ရှေ့တွင် ပက်လက်ကားယားလဲကျနေသော ယင်နတ်ဘုရား ခြောက်ပါးကို ကြည့်နေမိရင်းမှ မိမိတို့မြင်နေရသောအရာများက အိပ်မက်လား တကယ်လား ရောထွေးနေကြကုန်၏။
ယင်နတ်ဘုရားခြောက်ပါးလုံးသည် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ လွယ်ကူစွာ အသတ်ခံလိုက်ရသည်။
ပုံပြင်ထဲတွင်ပင် ထိုမျှလောက်ချဲ့ကားပြီး မပြောဖူးကြပါ။ ယခုလို လက်တွေ့ဆိုလျှင်တော့ ဖြစ်ကိုမဖြစ်နိုင်ပေ။
သို့သော်လည်း ထိုမဖြစ်နိုင်သောအရာကြီးက ဖြစ်သွားခဲ့လေပြီ။
မှောက်ခုံပက်လက်သေဆုံးနေကြသော ယင်နတ်ဘုရားခြောက်ပါး၏ အလောင်းများက သက်သေခံနေသည်မဟုတ်ပါလား။
သူတို့အားလုံး၏ အကြည့်က ကျိယွမ်အပေါ် ကျရောက်သွား၏။
ထိုမျှကြီးမားသော စွမ်းအားက မည်သည့်စွမ်းအားမျိုး ဖြစ်သနည်း။
နတ်ဘုရားနယ်ပယ်မှလွဲ၍ အခြားရှင်းပြချက်ကို အဖြူရောင်ဝတ် အမျိုးသမီးသည် မစဉ်းစားနိုင်ခဲ့ပါ။
မဟာအုပ်စိုးရှင်များကသာ နတ်ဘုရားနယ်ပယ်ကို သုံးစွဲနိင်၏။
သို့သော် သွေးဝတ်စုံဓားနတ်ဘုရားသည်
နေရင်းထိုင်ရင်းမှ မဟာအုပ်စိုးရှင်ဆင့်သို့ ရုတ်တရက် မည်သို့ရောက်ရှိသွားလေသနည်း။
အဖြူရောင်ဝတ်အမျိုးသမီး အလွန်တရာ စိတ်ရှုပ်ထွေးနေခဲ့သည်။
စစ်မှန်မဟာပညာရှိကျိကျန်းသည်လည်း ဆိုနာကို ကိုင်ထားရင်းမှ တစ်ခုခုကို စဉ်းစားနေပုံရသည်။
ရွှီထုန်ချန်းကတော့ သူတို့လောက်မပြင်းထန်ပါ။
နေမင်းကြီးကျဆင်းလာခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်လျှင် ဤအရာသည် မပြောပလောက်ဟု သူထင်သည်။
ထိုကမ္ဘာပျက်မည့် အဖြစ်အပျက်ကသာ သူ့အား အမှန်တကယ် ထိတ်လန့်စေခဲ့၏။
“ဖေဖေက တကယ်အံ့သြစရာပဲ"
ကျိကျန်ကျွင်းသည် ကျိယွမ်၏လက်ကိုဆွဲကာခါရမ်းလျှက် ဝမ်းသာအားရအော်ဟစ်သည်။
သူမက ဖခင်အတွက် ဂုဏ်ယူမှုအပြည့်ဖြစ်နေသည်။ သူမကိုယ်သူမ ယင်နတ်ဘုရားတစ်ပါးဖြစ်သည်ကိုပင် မေ့နေပုံရှိပြီး မာနအရိပ်အယောင်များ လုံးဝကင်းစင်နေခဲ့လေ၏။
ဆိုနာတီးဝိုင်းမှ အခြားသူများသည် ကျိယွမ်နှင့် ကျိကျန်ကျွင်းတို့အား လေးစားမြတ်နိုးသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။
ကျိယွမ်က သူ၏လက်ကိုတစ်ချက်ဝှေ့လိုက်ရာ သိုလှောင်အိတ် ရှစ်အိတ်ခန့်သည် သူ့လက်ထဲသို့ ချက်ချင်းရောက်လာ၏။
သူက နတ်ဘုရားအာရုံဖြင့် သိုလှောင်အိတ်များကို ထောင့်ကြိုထောင့်ကြားပါမကျန် စစ်ဆေးပြီးနောက် သဘောကျစွာပြုံးသည်။
“ခိုးရာပါ ပစ္စည်းတွေကို သိမ်းယူလိုက်ပြီ။”
ကျိယွမ် အတော်လေး ကျေနပ်နေခဲ့သည်။
လှံထမ်းလာတာမြင်ရတယ် ကံထမ်းလာတာမမြင်ရဘူးဆိုတာ တယ်မှန်တာကိုး။နည်းစနစ်တွေပေးမဲ့သူက ဝမ်ယုကုန်းမြေတိုက်ကြီးထဲအထိ တကူးတက လိုက်လာပေးရှာတယ်။ကံကောင်းချက်။
ထိုသိုလှောင်အိတ်များအတွင်း၌ ကောင်းကင်အဆင့်နည်းစနစ် ခြောက်မျိုးရှိပြီး၊ ၎င်းတို့ထဲမှ နှစ်ခုမှာ အလယ်အလတ်ကောင်းကင်အဆင့်ဖြစ်ကာ တစ်ခုချင်းစီသည် အဆင့်နိမ့်ဆယ်ခုနှင့် ညီမျှ၏။
“မင်းတို့အားလုံး ဘယ်လောက် အသိဉာဏ်ရှိလဲဆိုတာ မြင်တဲ့အတွက်၊ မင်းတို့ကို ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်မှာ အခြေချပြီး ဒီကုန်းမြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ငါဆုံးဖြတ်လိုက်ပြီ။”
ကျိယွမ်သည် ယင်နတ်ဘုရားများ၏ ရုပ်အလောင်းများကို စိုက်ကြည့်လိုက်၏။
သူ စိုက်ကြည့်နေစဥ်တွင် အလောင်းများသည် မြေဩဇာနှင့်တူသော အရာများအဖြစ်သို့ ပြောင်းလဲသွားပြီး ဖုန်မှုန့်များနှင့် ပေါင်းစပ်သွားခဲ့သည်။
“‘ပန်းပွင့်လေးတွေ လန်းဖို့ရာ
ယင်နတ်ဘုရားများရဲ့ ကရုဏာ
နွေဦးနေ့ရက် တစ်နေ့မှာ
အစာအဟာရအဖြစ် လဲလျောင်းရှာ"
ကျိယွမ်သည် မနေနိုင်စွာဖြင့် ၄င်းတို့အတွက် ကဗျာတစ်ပိုဒ်ကိုပင် ရွတ်ဆိုပေးမိခဲ့သည်။
ထိုယင်နတ်ဘုရားများသည် အမှန်တကယ်ပင် ကောင်းမွန်သူများ ဖြစ်၏။
ဝမ်ယုကုန်းမြေသည် ပုရောဟိတ်မယ်တော်မှလွဲ၍ ခရမ်းရောင်နန်းတော်အဆင့် တစ်ဦးပင် မပေါ်ပေါက်နိုင်လောက်အောင် ဝိညာဥ်စွမ်းအင်ခြောက်ခန်းနေသည်။
သို့သော် ယခုအခါ ယင်နတ်ဘုရားများကိုမြေဩဇာအဖြစ် ထပ်ပေါင်းထည့်လိုက်သည် ဝမ်ယုကုန်းမြေ၏ဝိညာဥ်စွမ်းအားများကို သိသိသာသာတိုးပွားလာစေခဲ့၏။
ဝမ်ယုကုန်းမြေအတွက် ထိုအရာက ကောင်းချီးတစ်ရပ်ပင်။
အဖြူရောင်ဝတ်အမျိုးသမီးသည် ကျိယွမ်၏လုပ်ရပ်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
ကျိယွမ်သည် မျက်လုံးများကို ညင်သာစွာမှိတ်လိုက်ပြီး ဝမ်ယုကုန်းမြေ၏ လတ်ဆတ်သော လေထုအသစ်ကိုနှစ်သက်စွာရှုရှိုက်လိုက်သည်။
ကျန်သောသူများအားလုံးမှာ သူ့အားစကားမပြောရဲဘဲ တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့၏။
အသက်ရှုချိတိအနည်းငယ်ခန့်ကြာပြီးနောက် ကျိယွမ်၏မျက်လုံးများ ပြန်ပွင့်လာပြီး တည်ငြိမ်စွာ စကားဆို၏။
"ဒီမိုရာမျိုးနွယ်တပ်သား တစ်သန်းသုံးသိန်း ကျန်သေးတယ်၊ သူတို့ကို ရှင်းလင်းဖို့ လိုတယ်"
အဖြူရောင်ဝတ်အမျိုးသမီးက လျှင်မြန်စွာ တုန့်ပြန်လိုက်သည်။
“ကျန်နေတဲ့ ဒီမိုရာစစ်တပ်ကို ကျွန်မကိုယ်တိုင် ဦးဆောင်ပြီး ရှင်းလင်းပေးပါ့မယ်။”
ဝမ်ယုကုန်းမြပေါ်၌ အင်အားစုများကျန်နေသေးသော်လည်း ဒီမိုရာစစ်တပ်များကို ရင်ဆိုင်နိုင်စွမ်း မရှိသေးပါ။
သို့သော် သူမကတော့ ထိုသို့မဟုတ်ပေ။ သူမလို ယင်နတ်ဘုရားတစ်ပါးအနေဖြင့် အနည်းငယ်အလုပ်ပိုရှုပ်ရသည်မှလွဲ၍
ထိုတပ်သားသန်းပေါင်းများစွာကို အလွယ်တကူ သုတ်သတ်နိုင်၏။
“ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေမှာလဲ”
ကျိယွမ်က ရယ်မောလိုက်သည်။
“သူတို့ ငါ့အိမ်ကို လာလုနေမှတော့ မြေသြဇာအဖြစ်နဲ့ပဲ နေခဲ့လိုက်တော့”
သူ၏စကားများကြောင့် အဖြူရောင်ဝတ် အမျိုးသမီး နားမလည်နိုင်ဖြစ်သွားသည်။
သွေးဝတ်စုံဓားနတ်ဘုရားသည် ခွန်အားကြီးမားပြီး မဟာအုပ်စိုးရှင်အဆင့်တွင် ရှိနေလျှင်ပင် ဒီမိုရာမျိုးနွယ်အားလုံးကို တစ်ချက်တည်းသတ်ပစ်ရန်ဆိုလျှင် ဝမ်ယုကုန်းမြေကို မထိခိုက်စေဘဲ မဖြစ်နိုင်ပါ။
သူမတွေးရခက်နေစဥ်မှာပင် ကျိယွမ်သည် ရုတ်တရက် လေထဲသို့ ပျံတတ်သွား၏။
ဝမ်ယုကုန်းမြေ၏ ကောင်းကင်ယံတွင် သူ၏သွေးနီရောင်ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့ပြီး သွေးနီရောင်နေဝန်းတစ်ခုအလား တောက်ပနေသည်။
ကောင်းကင်ယံမှ နေနှင့်လတို့၏ အလင်းရောင်များလည်း ရပ်တန့်သွားပြီး သွေးနီရောင်ပုံရိပ်ထံတွင် စုစည်းလာခဲ့သည်။
အားလုံးက ထူးဆန်းသောအချင်းအရာများကို ကြည့်နေစဥ်မှာပင် တည်ငြိမ်ပြီး ကျယ်ပြန်သောအသံတစ်ခုက ပဲ့တင်ထပ်လာ၏။
“ကမ္ဘာမြေပေါ်က သတ္တဝါအားလုံးနဲ့အတူ ရှိရှိသမျှရေမြေတောတောင် အရာအားလုံးက ငါရဲ့ ထိန်းချုပ်မှုအောက် ရောက်ကြပြီ။”
ကြီးမားမြင့်မားသော ရှေးဟောင်းစီးချောင်သစ်ပင်ကြီးသည် တုန်ယင်လာခဲ့ပြီး နှင်းပွင့်များကလည်း လေထဲတွင် ရူးသွပ်စွာ ကခုန်နေခဲ့သည်။
မြစ်များသည်လည်း နောက်ပြန်စီးဆင်းကုန်ကြပြီး သဲကန္တရများက ဆူပွက်အော်ဟစ်လာကြ၏။
ဝမ်ယုကုန်းမြေတိုက်ပေါ်ရှိ သက်ရှိတိုင်းသည် ကျိယွမ်ရှိရာကောင်းကင်သို့ မကြည့်ဘဲ မနေနိုင်ခဲ့ကြပါ။
လူသားများဖြစ်စေ၊ တိရစ္ဆာန်များ ဖြစ်စေ၊ သားရဲများပင်ဖြစ်စေ ၊ အားလုံး၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုနှင့် ရိုသေကိုင်းရှိုင်းမှုများ ပြည့်နှက်နေကြ၏။
ကျိယွမ်၏အသံသည် ကောင်းကင်ပေါ်မှ ကျလာသကဲ့သို့ ဝမ်ယုကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဒီမိုရာမျိုးနွယ်စစ်သည်များအားလုံးသည် ထူးဆန်းသောအသံကြောင့် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း သူတို့၏မျက်နှာများကလည်း ထိတ်လန့်ကာ ရှုပ်ထွေးနေကြ၏။
ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင် တည်ဆောက်ထားသော ကန်းလန်နယ်မြေ ၏ ခံတပ်တစ်ခုတွင် ရှိနေသည့် ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်
ကုရှောင်းရောင်က နားမလည်စွာဖြင့် ကောင်းကင်အားမော့ကြည့်မိသည်
“ဒါက... ဘာလဲ”
စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကလည်း မည်သို့ဖြစ်ပျက်နေသည်ကို မသိဘဲ ဝေခွဲမရဖြစ်နေခဲ့သည်။
“ဒါက... သွေးဝတ်စုံဓားနတ်ဘုရားရဲ့ အသံပဲ"
ပါရမီရှင်တစ်ဦးသည် သူ၏သွားများကို ကြိတ်ရင်း ထိန်းကာပြောလိုက်သော်လည်း သူ၏အသံ သိသိသာသာ တုန်ယင်နေ၏။
ဘာဖြစ်တော့မည်ကို သူတို့ မသိကြသော်လည်း ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု လာတော့မည်ကို သူတို့ ခံစားမိကြသည်။
ကျိယွမ်ကို နားမလည်စွာကြည့်နေခဲ့သော အဖြူရောင်ဝတ်အမျိုးသမီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကမ္ဘာ၏ မူလအမြစ်သည် တုန်ခါနေပြီး အသက်ဝင်လာသည်ကို သူမသည် ရှင်းရှင်းလင်းလင်း မြင်လ်ုက်ရသည်မဟုတ်ပါလား။
သွေးဝတ်စုံဓားနတ်ဘုရားသည် ကမ္ဘာ၏ မူလအမြစ်ကို ဆူပွက်အောင် မည်သို့လုပ်နိုင်ခဲ့သနည်း။
ထိုအရာမျိုးသည် မဟာအုပ်စိုးရှင်တစ်ပါးပင် မလုပ်နိုင်သောအရာဖြစ်သည်။
ကောင်းကင်မှအသံသည် ထပ်မံကျဆင်းလာပြန်၏။
“ငါ့စကားနဲ့ ကမ္ဘာမြေရဲ့နိယာမတွေကို စုစည်းမယ်"
“မိုးကြိုးနတ်ဘုရားနဲ့ လျှပ်စီးမယ်တော် ၊ တောင်ကြီးငါးလုံး ၊ မြစ်ကြီး ငါးသွယ် ၊ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်တီးရှင်၊ အားလုံး ငါ့အမိန့်ကို လိုက်နာကြလော့”
“ဒီမိုရာစစ်သည်တွေကို သတ်ကြ”
ကောင်းကင်မှအသံဆုံးသည်နှင့် ဝမ်ယုကုန်းမြေတိုက်ကြီးတစ်ခုလုံးသည်
နတ်ဘုရားအကျဥ်းထောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကြည်လင်နေခဲ့သော ကောင်းကင်သည် မှောင်မိုက်လာပြီး နေနှင့်လသည်လည်း အလင်းပျောက်ဆုံးသွားကာ မရေမတွက်နိုင်သော ကြယ်တာရာများသည် မည်းမှောင်သော တိမ်များဖြင့် ဖုံးကွယ်သွားခဲ့သည်။
ထိုမည်းနက်သော တိမ်တိုက်များအတွင်း၌ ဧရာမ သားရဲတစ်ကောင် အော်ဟစ်နေသကဲ့သို့ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကြမ်းတမ်းသော နတ်ဘုရားများ၏ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။
တိမ်တိုက်များအတွင်း၌ ကောင်းကင်တာအို၏ဆန္ဒဖြင့် ဖွဲ့စည်းထားသော ပကတိနတ်ဘုရားနှစ်ပါး ပေါ်လာခဲ့သည်။
“မိုးကြိုးနတ်ဘုရား အမိန့်ခံယူပါတယ်”
“လျှပ်စီးမယ်တော် အမိန့်ခံယူပါတယ်"
တောင်တန်းများနှင့် မြစ်များတွင် ရှေးဟောင်းနတ်ဘုရားများ နိုးထလာပြီး ဟိန်းဟောက်နေသကဲ့သို့ ကျယ်လောင်သောအသံများ ပဲ့တင်ထွက်လာခဲ့သည်။
“ပယ်လယ်လေးစင်း ၊ တောင်တန်းရှစ်ခုနဲ့ မြစ်ကြီးငါးသွယ် အမိန့်ခံယူပါတယ်"
ကမ္ဘာမြေနှင့် သက်ရှိအားလုံးသည် ကောင်းကင်တာအို၏အမိန့်ကို ခံယူခဲ့ကြပြီး အပြည့်အဝ နိုးထလာခဲ့သည်။
“ဝေဟေအမိန့်ခံယူပါတယ်”
“ရွှမ်းဟွမ် တားမြစ်နယ်မြေ အမိန့်ခံယူပါတယ်”
"တျန်းကျွဲ့အမိန့်ခံယူပါတယ်"
“တိကျွဲ့ အမိန့်ခံယူပါတယ်"
ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဝိညာဉ်များ ရရှိလာသကဲ့သို့ သူတို့၏ အိပ်စက်ရာမှ နိုးထလာပြီး ကောင်းကင်တာအို၏ ဆန္ဒကိုတုံ့ပြန်ကြ၏။
ကျိယွမ်က သူ၏အမိန့်ကိုနာခံလာသော သက်ရှိများကိုကြည့်ကာ လက်ဆစ်များကိုချိုးလိုက်ပြီး အောက်သို့ငုံ့ကြည့်ကာအမိန့်ပေးသည်။
“ဂီတအဖွဲ့ တီးမယ်”
ကျိကျန်း၏မျက်လုံးများက အရောင်တောက်သွားပြီးနောက် ဝမ်းနည်းစရာကောင်းသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းပြီး သူရဲကောင်းဆန်သော ဆိုနာတေးသံ စတင်ထွက်ပေါ်လာခဲ့သည်။
အဖြူရောင်ဝတ် အမျိုးသမီးသည် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း သူမ၏ဆိုနာကို ထုတ်ယူကာ ပူးပေါင်းလိုက်သည်။
ဆိုနာတေးသံနှင့်အတူ ဝမ်ယုကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ နေရာအနှံ့တွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ တစ်ခုပြီးတစ်ခု နိုးထလာ၏။
သူတို့သည် အိပ်စက်ခြင်းမှ နိုးထလာသော ရှေးဟောင်း ပကတိနတ်ဘုရားများအလားရှိ၏။
“ကောင်းကင်ဘုံရဲ့ အမိန့်တော်အရ နတ်ဆိုးတွေကိုသတ်”
မှောင်မည်းနေသော ကောင်းကင်တွင် ပြင်းထန်သော လျှပ်စီးကြောင်းကြီးတစ်ခု ဖြတ်သန်းသွားပြီး မှောင်မည်းနေသော ကမ္ဘာကြီးသည် နောက်ဆုံးတွင် အလင်းတစ်ချက်ကို လက်ကနဲမြင်တွေ့ခဲ့ရ၏။
ထို့လျှပ်စီးတစ်ကြောင်းမှ စတင်လိုက်သောအလင်းတန်း၏နောက်မှ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ လိုက်ပါဝင်းလက်လာပြီး အာကာသကို ထိုးဖောက်ကြသည်။
မှောင်မည်းမည်းကောင်းကင်ယံတွင်
ဝင်းဝင်းလက်နေသော လျှပ်စီးကြောင်းကြီးများ ယှက်သိုင်းဝိုင်းဖွဲ့နေသည့်မြင်ကွင်းသည် ရာဇဝင်များထဲမှ ကြယ်တာရာစစ်ပွဲများထက်ပင် အဆပေါင်း ထောင်ချီ၊ သောင်းချီ ပိုမိုထိတ်လန့်စရာကောင်းလှသည်ဟု အားလုံးတွေးမိကာ အလိုလို ငြိမ်ကုပ်သွားကြသည်။
မရေမတွက်နိုင်သော ထိုလျှပ်စီးကြောင်းများသည် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များနှင့်အတူ ဒီမိုရာစစ်သည်များပေါ်သို့ တဟုန်ထိုး ဆင်းသက်လာသည်။
မှောင်မည်းနေသော ကမ္ဘာကြီး၏ နေရာအနှံ့အပြားတွင်ရှိနေသော ဒီမိုရာစစ်သည်သန်းပေါင်းများစွာသည် မည်သို့ဖြစ်ပျက်နေသည်ကိုပင် မသိလိုက်ကြမီ လျှပ်စီးကြောင်းများဖြင့် သန့်စင်ခံရ၏။
တစ်ချို့နေရာများတွင် တောင်တန်းများ ၊ မြစ်ကြီးများ၏ ဖိနှိပ်ခြင်းကို ခံကြရသည်။
ထိတ်လန့်တကြား ခုခံသူများလည်း သေကြ၏။ကြောက်လန့်တကြား ထွက်ပြေးသူများလည်း သေကြ၏။ဘာမှန်းမသိဘဲ ငေးကြောင်နေသူများလည်း သေကြ၏။
ကမ္ဘာကြီးတစ်ခုလုံးက တိုက်ခိုက်လာခြင်းကို ကမ္ဘာအတွင်းနေထိုင်သူများက မည်သို့ရှောင်လွှဲနိုင်မည်နည်း။
“မိုးကြိုးတွေလား”
“ကောင်းကင်ဘုံက ဒေါသထွက်နေပြီ”
“အိုး... စစ်မှန်နတ်ဘုရားတွေ အများကြီးပဲ”
“ဒါက ကမ္ဘာကြီးရဲ့ဆန္ဒကို ဖော်ပြနေတာလား”
“ကောင်းကင်ဘုံမျက်လုံး မရှိတော့ဘူးဆို”
“ငါတို့ ပြီးပြီ၊ အားလုံး သွားပြီ။ ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုကို ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါတစ်ပါးက ဝါးမြိုလိုက်ပြီ"
“ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ ကြီးမားတဲ့ ခွန်အားကို ငါတို့ ဘယ်လို ဆန့်ကျင်နိုင်မှာလဲ”
အသက်ရှူချိန် သုံးကြိမ်အတွင်းမှာပင် ကမ္ဘာအနှံ့တွင်ပျံ့နှံ့နေသော ဒီမိုရာစစ်သည်သန်းပေါင်းများစွာသည် တစ်ယောက်မကျန် ဖျက်ဆီးခံလိုက်ကြရ၏။
ကမ္ဘာမြေ၏မူလအမြစ်သည် သူတို့၏ အမြင့်မြတ်ဆုံးသခင်ကို ဂုဏ်ပြုနေသကဲ့သို့ ဝမ်းမြောက်ဝမ်းသာဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေသည် ဆက်လက် တုန်ခါနေခဲ့သည်။
“ငါ့ရဲ့ ဝမ်ယုကုန်းမြေတိုက်ကြီးကို ကျူးကျော်သူမှန်သမျှ သနားညှာတာခြင်းမရှိ သတ်ရမယ်”
ထိုအသံသည် ပင်လယ်လေးစင်းနှင့် တောင်ကြီးရှစ်ခုမှသည် ကမ္ဘာမြေအဆုံးတိုင် ပဲ့တင်ထပ်သွားခဲ့သည်။
ကန်းလန်နယ်မြေမှတင်ဆက်ထားသော ခံတပ်တွင် ပကတိနတ်ဘုရားများ ရှင်ပြန်ထမြောက်လာခြင်းနှင့် ကောင်းကင်ကြီးတစ်ခုလုံး နတ်ဘုရားလျှပ်စီးများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ခဲ့ရသော ပါရမီရှင်များ၏ မျက်နှာများ လူသေများလို့ ဖြူဖျော့သွား၏။
“ပြေးကြ”
“သွေးဝတ်စုံဓားနတ်ဘုရားက လူမဟုတ်ဘူး”
ပါရမီရှင်များသာမက စိတ်ဝိညာဥ်အဆင့်များလည်း ဝမ်ယုတွင်မနေရဲတော့ပါ။
သူတို့သည် ခံတပ်များ နယ်မြေများ မြို့တော်များကို စွန့်ပစ်ကာ ကန်းလန်နယ်မြေသို့ အသက်လုကာ ထွက်ပြေးကြတော့သည်။
ယနေ့ သူတို့ကြုံတွေ့လိုက်ရသော ကမ္ဘာတစ်ခုလုံးတုန်ဟီးလာရသည့်ဖြစ်ရပ်ကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လူတိုင်း၏နှလုံးသားကို ကြောက်ရွံ့စိတ်များထိန်းမနိုင်အောင် ထွက်ပေါ်လာစေသည်။
အဘယ့်ကြောင့် ဖြစ်ရသည်ကို နားမလည်ကြပါ။
နားမလည်လေ ပိုကြောက်မိလေဖြစ်ပြီး နောက်ကြောင်းကိုပြန်မကြည့်တမ်း ထွက်ပြေးမိကြကုန်၏။
ကျိယွမ်သည် သူ့နောက်မှ လူများကို ကြည့်လိုက်သည်။
“ရန်သူတွေ အားလုံး သေကုန်ပြီ။ပြန်ချိန်တန်ပြီဆိုတော့ ပြန်ကြစို့။”
ကျိကျန်းကျွင်းသည် ကျိယွမ်ကို ကြည့်ရင်း မျက်လုံးသေးသေးလေးများက လခြမ်းပုံသဏ္ဌာန် ကွေးညွှတ်သွားကာ ပြုံးလိုက်သည်။
“ဟဲဟဲ၊ သမီးက တကယ်ပဲ အဖေရဲ့ သမီးအရင်း ဖြစ်ထိုက်တယ်လို့ ထင်တယ်”
ကျန်းယာကတော့ ယခုအချိန် တိတ်ဆိတ်နေဆဲပင်ရှိသည်။ သူမကြုံတွေ့ခဲ့ရသည်များမှာ ရှေးဟောင်းကျမ်းစာများတွင် နည်းနည်းပါးပါးဖတ်ရှုဖူးသည့် အရာတစ်ခုသာ ဖြစ်သည်။
အဖြေမှာ တစ်ခုတည်းသာရှိ၏။
ကောင်းကင်ဘုံတာအို... ။
ကောင်းကင်တာအိုသာလျှင် ဖြေရှင်းချက်ဖြစ်လေ၏။
သွေးဝတ်စုံဓားနတ်ဘုရားက ဝမ်ယုကုန်းမြေတိုက်ကြီးရဲ့ ကောင်းကင်ဘုံတာအိုကို ဝါးမြိုခဲ့တာလား။
အဖြူရောင်ဝတ်အမျိုးသမီးသည်လည်း သူမကိုသူမ ယင်နတ်ဘုရားတစ်ပါးဆိုသည်ကိုပင် မေ့ကာ တဆတ်ဆတ်တုန်ရီနေခဲ့သည်။
ယခုအခါမှာတော့ သူမအပြည့်အဝနားလည်ခဲ့လေပြီ။
သွေးဝတ်စုံဓားနတ်ဘုရားသည် ရေကန်အနီးတွင် သူမအား ထူးဆန်းသောမေးခွန်းများ အဘယ့်ကြောင့် မေးခဲ့သည်ကိုလည်း သူမ သဘောပေါက်သွားခဲ့၏။
သူမရှေ့မှ သွေးဝတ်စုံဓားနတ်ဘုရားသည် လူသား မဟုတ်ပါ။
သူသည် ကောင်းကင်ဘုံတာအိုကိုပင် ဝါးမြိုရဲသော ရက်စက်သည့်နတ်ဘုရား တစ်ပါးပင်။
သူသာ ဝမ်ယုကုန်းမြေအတွင်း၌ ပုန်းအောင်းနေခဲ့လျှင် ကန်းလန်နယ်မြေ၏ မဟာဘေးကပ်ဆိုးကြီးပင်လျှင် ဤနေရာသို့ လက်လှမ်းမီရန် မဝံ့ရဲတော့ပါ။
သူက ကပ်ဆိုးကိုတောင် ဝါးမျိုမဲ့ သူမျိုးပဲ။
.........
သွေးဝတ်စုံမဟာမိတ်တွင် ဖြစ်သည်။
အကြီးအကဲမေရှန်၏ မျက်နှာသည် စိုးရိမ်ပူပန်သော အသွင်ကို ဆောင်နေခဲ့၏။
ခန်းမဆောင်ကြီးထဲတွင် ခရမ်းရောင်နန်းတော်အဆင့် ဒါဇင်ပေါင်းများစွာ စုဝေးနေကြသော်လည်း သူတို့ထဲမှတစ်ဦးမျှ ပျော်ရွှင်ပုံ မရပါ။
ယခုအစည်းအဝေးသည် ရေတိမ်နန်းတော် ကလူများလည်းတက်ရောက်လာမည်ဖြစ်သလို ၊ ယဲ့ချုံးအုပ်စိုးရှင်၏တမန်တော်များလည်း ပါဝင်မည်ဖြစ်ပြီး ၄င်းတို့နှင့်သွေးဝတ်စုံဓားနတ်ဘုရားအကြား အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။
စိတ်မကောင်းစရာမှာ သွေးဝတ်စုံမဟာမိတ်မှ ခရမ်းရောင်နန်းတော်အဆင့် အဖွဲ့ဝင်သုံးပုံနှစ်ပုံသာ လာရောက်ခဲ့ကြပြီး ကျန်သောတစ်ပုံမှာ ခေါင်းရှောင်နေကြ၏။။
“ယွင်ကျူအုပ်စိုးရှင်က ရေတိမ်နန်းတော်နန်းတော်ကို တားမြစ်ပေးလိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ။ ဒီကျေးဇူးကို ငါတို့ မှတ်ထားရမယ်”
အကြီးအကဲမေရှန်က ယွင်ကျူအုပ်စိုးရှင်က မည်သည့်အတွက်ကူညီပေးခဲ့သည်ကို မသိသော်လည်း နှလုံးသားမှနက်ရှိုင်းစွာ ကျေးဇူးတင်နေမိသည်။
ရေတိမ်နန်းတော်သည် ယင်နတ်ဘုရားများ၏ ညွှန်ကြားမှုဖြင့် မဟာမိတ်အဖွဲ့သို့ အင်အားကြီးမားစွာ ရောက်လာခဲ့ခြင်းဖြစ်၏။ အသစ်တည်ထောင်ထားသော သွေးဝတ်စုံမဟာမိတ်သည် ထိုအင်အား ယှဥ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါ။
“ယွင်ကျူအုပ်စိုးရှင်ဟာ ရေတိမ်နန်းတော်ကို ခဏလောက် တားမြစ်နိုင်ပေမယ့် အမြဲတမ်းတော့ မလုပ်နိုင်ဘူး။ ယဲ့ချုံးအုပ်စိုးရှင်နဲ့ ငါတို့ခေါင်းဆောင်တို့ရဲ့ ရလဒ်ကို ဆုံးဖြတ်ပြီးသွားရင် ရေတိမ်နန်းတော်က သေချာပေါက်....”
အကြီးတကဲတစ်ဦးက ဆက်ပြောရန်ပင် အားမရှိတော့သလို အသံတိမ်သွားခဲ့သည်။
သူတို့အားလုံးသည် မဟာကပ်ဘေးဒုက္ခကြီးကို အတူတကွတွန်းလှန်ရန် ခေါင်းဆောင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ခေါင်းဆောင်၏ကံကြမ္မာက ချက်ချင်းလိုလို ဤသို့ မသေချာမရေရာ ဖြစ်သွားလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပါ။
“ဒါ ငါ့အမှားပဲ။ ခေါင်းဆောင်ကို ယဲ့ချုံး အုပ်စိုးရှင်ကို မစော်ကားမိအောင် ငါ အကြံပေးသင့်ခဲ့တာ။ ပိုဆိုးသွားတာက ယဲ့ချုံးအရှင်ဟာ အခြားနတ်ဘုရားတစ်ပါးနဲ့ပူးပေါင်းလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ အခုတော့ ခေါင်းဆောင်ရဲ့ကံကြမ္မာက မျှော်လင့်ချက်အရမ်းနည်းသွားရပြီ"
ယွင်ကျုံးစံအိမ်သခင်က ကိုယ့်ကိုယ်ကို အပြစ်တင်မိသလို နောင်တများနှင့် ညည်းညူ၏။
“ငါတို့က အထဲကို မဝင်နိုင်တာ သနားစရာပဲ၊ ဒါကြောင့် အခု ဘာဖြစ်နေလဲဆိုတာ ငါတို့ မသိနိုင်တော့ လုပ်ရက်ုင်ရတာ အရမ်းခက်နေတယ်”
“ယဲ့ချုံးအရှင်နဲ့ ယိုးချင်းအရှင်ဆိုတဲ့ လူယုတ်မာ နှစ်ယောက်က အားနည်းသူကို အနိုင်ကျင့်ပြီး ငါတို့ခေါင်းဆောင်ကို အင်အားအသာနဲ့ ဝိုင်းပြီးတိုက်ခိုက်တယ်၊ သူတို့က ငါတို့ကန်းယွန်တိုင်ကြီးရဲ့ ကပ်ဘေးမျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တာပဲ၊တော်တော် ရွံစရာကောင်းလွန်းတယ် .."
အလွန်ဒေါသထွက်နေသော အကြီးအကဲတစ်ယောက်က ယင်နတ်ဘုရားသော ဘာသော ဂရုစိုက်မနေတော့ဘဲ နှစ်ယောက်လုံးကို ကျိန်ဆဲပစ်၏။
“ဒီအချိန်က ကိုယ့်ကိုယ်ကို အပြစ်တင်နေရမယ့် အချိန် မဟုတ်ဘူး။ ငါတို့ ဒီဘေးအန္တရာယ်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ စဉ်းစားသင့်တယ်”
မေရှန်သည် ရှူရဲ့လီ ဘက်သို့ လှည့်ကာ ပြောလိုင်သည်၊
“အဘိုးကြီးရှူ၊ မင်းရော ဘယ်လို ထင်လဲ။”
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ရှူရဲ့လီက သူ၏ မျက်ခုံးများကိုပင့်၏။
“ဘယ်သူ နိုင်ပြီး ဘယ်သူ ရှုံးမလဲဆိုတာ မသေချာသေးပါဘူး။”
“ဒါပေမဲ့ ..သွေးဝတ်စုံဓားနတ်ဘုရား အောင်ပွဲခံလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။”
"ဟင်.."
သူ၏ခန့်မှန်းချက်က ခန်းမထဲမှ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ယခုအချိန်၌ သတင်းများအရ သွေးဝတ်စုံဓားနတ်ဘုရားသည် ယင်နတ်ဘုရား နှစ်ပါး၏ ချောင်းမြောင်းတိုက်ခိုက်မှုကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။
ယင်နတ်ဘုရားများဖြစ်လာသူမှန်သမျှသည် ထိပ်တန်းပါရမီဆိုသည့်စကားလုံးကိုပင် ကျော်လွန်နေသူများဖြစ်၏။သူတို့၏ ပါရမီ၊ကြိုးစားမှု ၊ ပညာဉာဏ်များသည် အားလုံးထက် အဆမတန်သာလွန်ကြသူများ ချည်းပင်။
ထိုသူများက မပိုင်လျှင် ခြံဝိုင်းထဲမှ ယုန်တွင်းကိုပင် တူးမည့်သူများမဟုတ်ကြပါ။
ထိုသို့သော ယင်နတ်ဘုရားနှစ်ပါးက အတူတကွ ပူးပေါင်းကြံစည်ပြီဆိုကတည်းက လွတ်မြောက်နိုင်စရာမရှိတော့ပါ။
အားလုံးက စိတ်ပျက်အားငယ်စွာ သက်ပြင်းကိုယ်စီချမိကြသည်။
ထိုအချိန်မှာပင် စိတ်ဝိညာဥ်အဆင့်အဖွဲ့သားတစ်ဦး ခန်းမထဲသို့ ထိတ်လန့်တကြားပြေးဝင်လာသည်။
"အကြီးအကဲတို့..."
“မကောင်းတော့ဘူး ထင်တယ် ၊ယင်....ယင်နတ်ဘုရားတစ်ပါး ရောက်နေပြီ”
"ဘာ...."
မေရှန်နှင့်တကွ အခန်းထဲတွင်ရှိနေသူများ ကြက်သေသေသွားကြသည်။
“ဘယ်သူလဲ။”
"ဘယ်နတ်ဘုရားလဲ"
"နာမည်ပါပြောလေ.."
ခရမ်းရောင်နန်းတော်အဆင့်များက တစ်ယောက်တစ်ပေါက်ဝိုင်းအော်သဖြင့် စိတ်ဝိညာဥ်အဆင့်ငယ်သားမှာ ပို၍ထိတ်လန့်သွား၏ ။
ငါကြောက်ဖို့လည်း ချန်ထားကြပါဦး။ ပြီးတော့ သူတို့က နည်းနည်းပိုနေသလိုပဲ ။
သူက ကတုန်ကယင်နှင့်ဖြေလိုက်၏။
“ကျားဟိန်းသံအုပ်စိုးရှင်ပါ"
မေရှန်၏ နှလုံးသားသည် နစ်မြုပ်သွားပြီး သူ၏မိဘများသေဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
"အုပ်စိုးရှင်ကိုယ်တိုင်လာတယ်တော့ သူက ငါတို့ကို သတ်ဖို့ လာတာပဲနေမှာ။”
"ဘယ်လိုလုပ်ကြမလဲ"
"သေကြရုံပေါ့"
ကျားဟိန်းသံအုပ်စိုးရှင်သည် ရေတိမ်နန်းနန်းတော်မှ မိဖုရားကြီး၏ ဖခင်ဖြစ်ပြီး ယင်နတ်ဘုရားတစ်ပါးဖြစ်သည်။
တော်ရုံနှင့်မလှုပ်ရှားတတ်သော ယင်နတ်ဘုရားတစ်ပါးက အဘယ့်ကြောင့်ပေါ်လာသနည်း ။
အဖြေကတစ်ခုတည်းသာရှိ၏။
မဟာမိတ်အဖွဲ့မှ ခရမ်းရောင်နန်းတော်အဆင့်များကို ကိစ္စတုံးသတ်ဖြတ်ရန်ပင်။
အားလုံးခြေမကိုင်မိ လက်မကိုင်မိဖြစ်နေစဥ်မှာပင် ရှုရဲ့လီက တစ်စုံတစ်ခုကို သတိရသလို ပြောလိုက်သည်။
"သူက ရောက်နေပြီ ၊ ဒါပေမဲ့ ဘာလို့ ခုချိန်ထိ မတိုက်ခိုက်သေးတာလဲ"
မေရှန်က အံ့သြသွားပြီး ငယ်သားကို မေး၏။
“သူ ဘယ်မှာလဲ”
သူက ကြောက်ရွံ့အားငယ်နေသော်လည်းထွက်ပြေး၍မလွတ်မည့်အတူတူ ထိပ်တိုက်တွေ့ဆုံရန်သာရှိတော့သည်။
“ကျားဟိန်းသံအုပ်စိုးရှင်က ခန်းမဆောင်ကြီးရဲ့ အပြင်ဘက်မှာ လေးလေးစားစား စောင့်နေပြီး အထဲကို သတင်းပို့ဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ”
ထို စိတ်ဝိညာဥ်အဆင့်ငယ်သားသည် ယင်နတ်ဘုရားတစ်ပါးကို ယခုမှထိပ်တိုက်တွေ့ဆုံရသဖြင့် အလွန်ကြောက်ရွံ့နေခဲ့သည်။
အကြီးအကဲမေရှန် အံ့သြသွားလေသည် ။ ခန်းမထဲမှ အခြားသူများကလည်း နားမလည်သလို အချင်းချင်းကြည့်လိုက်ကြ၏။
ယင်နတ်ဘုရားတစ်ပါးသည် ခန်းမဆောင် အပြင်ဘက်မှာ ငါတို့ကို စောင့်နေတယ်တဲ့လား။
မည်မျှ ထူးဆန်းလိုက်ပါသနည်း။
"အဲ့ဒါကို စောစောကပြောပါလား "
"အေးလေ..မင်းနှောင့်နှေးနေတာနဲ့ ဟိုကဒေါသထွက်သွားရင် အကုန်သေမှာ"
တစ်ယောက်တစ်ပေါက်ဝိုင်းဟောက်လိုက်သဖြင့် ငယ်သား၏မျက်နှာက ဇီးရွက်လောက်သာ ကျန်၏။
ပြောမလို့ပဲကို ၊ သူတို့ပဲ နေစရာမရှိအောင်ကြောက်နေပြီး ထင်ချင်ရာတွေ စွတ်ထင်နေကြတာလေ။
“မြန်မြန်လေး..၊ ဘာဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်"
မေရှန်သည် စကားဆုံးသည်နှင့် အလျင်အမြန် အပြင်သို့ ထွက်သွားခဲ့ပြီး အခြား ခရမ်းရောင်နန်းတော်အဆင့် များကလည်း သူ့နောက်မှ အနီးကပ် လိုက်ပါခဲ့ကြသည်။
မည်မျှသဘောကောင်းသူဖြစ်ပါစေ ၎င်းသည် ယင်နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူတို့က အကြာကြီး စောင့်ခိုင်းထားသဖြင့် ဒေါသထွက်သွားပါက သူတို့အားလုံးကို သတ်ပစ်လိုက်လျှင် မည်သို့လုပ်မည်နည်း။
ခရမ်းရောင်နန်းတော်အဆင့် အကြီးအကဲဒါဇင်ပေါင်းများစွာသည် ခန်းမဆောင် အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
သူတို့ခန်းမဆောင်ကြီး အပြင်ဘက်သို့ရောက်သောအခါ လေးလေးစားစား ရပ်နေသော ဆံပင်ဖြူအဘိုးအိုတစ်ဦးကို ချက်ချင်း မြင်လိုက်ကြသည်။
အဘိုးအိုထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာကိုသာမခံစားမိပါက ထိုသူ၏အမူအယာက ရိုကျိုးလွန်းနေသဖြင့် ယင်နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု မည်သူမှယုံကြည်မည်မဟုတ်ပါ။
“ကျားဟိန်းသံ အုပ်စိုးရှင်ကို ဂါရဝပြုပါတယ်”
ခရမ်းရောင်နန်းတော်အဆင့်များသည် အပြင်သို့ အလျင်အမြန် ထွက်လာပြီး လေးစားသော အမူအရာဖြင့် နှုတ်ခွန်းဆက်လိုက်ကြသည်။
ကျားဟိန်းသံအုပ်စိုးရှင်သည် အလွန်ဒေါသကြီးလွယ်သော ယင်နတ်ဘုရားတစ်ပါးဖြစ်သည်ဟု နာမည်ကြီးလေ၏။
ထို့ကြောင့် အမှားတစ်စုံတစ်ရာမလုပ်မိ ၊ မပြောမိစေရန် အားလုံးက သတိကြီးကြီးထားနေရသည်။
“ကျေးဇူးပြုပြီး ယဉ်ကျေးစရာ မလိုပါဘူး၊ တာအိုရောင်းရင်းတို့။ ကျွန်တော်က ဒီလိုမျိုး မထိုက်တန်ပါဘူး”
ကျားဟိန်းသံအုပ်စိုးရှင်က နွေးထွေးစွာ ပြုံးပြခဲ့ပြီး သူ၏ အမူအရာကလည်း အလွန်သိမ်မွေ့ကာ နှစ်လိုဖွယ်ဖြစ်နေ၏။
သူက ဘာသဘောလဲ။
မေရှန်နှင့် အခြားသူများသည် ကျားဟိန်းသံယင်နတ်ဘုရားက မည်သည့်ကစားပွဲကို ကစားနေသည်ကို နားမလည်ဘဲ ဝေခွဲမရ ဖြစ်နေကြသည်။
သူ၏အပြုအမူသည် အလွန်တရာမှကို ထူးဆန်းနေခဲ့သည်မဟုတ်ပါလား။
ထိုအချိန်တွင် ကျားဟိန်းသံအုပ်စိုးရှင်၏ မျက်နှာတွင် နောင်တရကာ နာကျင်နေသောအမူအယာ ပေါ်လာခဲ့သည်။
“သားသမီးကို မဆုံးမရင် အဖေရဲ့ အပြစ်ပါ။ ကျွန်တော့်မြေးလင်ကျောင်း က မာနကြီးပြီး ရမ်းကားခဲ့လို့ သွေးဝတ်စုံဓားနတ်ဘုရားကို စော်ကားခဲ့တယ်။ ဓားနတ်ဘုရားက သူ့ကို သတ်လိုက်တာ ဖြစ်သင့်ပါတယ်။ သတ်လိုက်တာ ကောင်းပါတယ်၊ သေသင့်လို့သတ်တာ တကယ့်ကိုကောင်းပါတယ်”
သူက ထိုသို့ပြောရင်းမှ လက်ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်နန်းတော်အဆင့်ရှိသူ နှစ်ဦးသည် မြေပေါ်သို့ ရုတ်တရက် ပြုတ်ကျလာခဲ့သည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်၏။
နှစ်ဦးစလုံးကို ကြိုးများဖြင့် ချည်နှောင်ခထားပြီး မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာ အလွန်တရာ ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရသောပုံစံ ပေါက်နေခဲ့သည်။
မေရှန်သည် ထိုနှစ်ယောက်ကို မြင်သောအခါ အံ့သြလွန်း၍ သူ၏ မျက်စိသူငယ်အိမ်များပင် ကျုံ့သွား၏။
သူတို့နှစ်ဦးသည် ရေတိမ်နန်းတော်၏ သခင်နှင့် သခင်မ ဖြစ်ကြပြီး နှစ်ဦးစလုံးသည် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်များ ဖြစ်လေသည်။
သို့သော် သူတို့ကို ကျားဟိန်းသံ အုပ်စိုးရှင်က ဖမ်းဆီးကာ လူရုပ်မပေါ်အောင်ရိုက်၍ ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်မှာ လုံးဝနားမလည်နိင်စရာဖြစ်နေ၏။
“ကျွန်တော် တံခါးပိတ်ကျင့်ကြံနေတာ နှစ် ၃၀၀ ရှိပြီ၊ လောကီကိစ္စတွေကို ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော် ထွက်လာတဲ့အခါ ဒီနှစ်ယောက်ဟာ သွေးဝတ်ဓားနတ်ဘုရားကို ပူးပေါင်းကြံစည်ဖို့ ယဲ့ချုံးနဲ့ ပူးပေါင်းခဲ့ကြတယ်ဆိုတာကို ကြားလိုက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။”
“ကျွန်တော် သူတို့ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး သူတို့ကို သွေးဝတ်စုံမဟာမိတ်ဆီ ခေါ်လာတာပါ။ ဒီလူမိုက်တွေကို သွေးဝတ်စုံဓားနတ်ဘုရား ကြိုက်သလို ကိုင်တွယ်ဖြေရှင်းလို့ရပါတယ်"
ကျားဟိန်းသံအုပ်စိုးရှင်က ပြောရင်းဒေါသထွက်လာဟန်ဖြင့် ရေတိမ်နန်းတော်သခင်အား ကြိမ်လုံးတစ်ခုထုတ်ကာ တဖုန်းဖုန်း ရိုက်နှက်နေပြန်သည်။
ထိုရိုက်နှက်ချက်သည် သာမန်မဟုတ်ဘဲ ဝိညာဥ်တိုက်ခိုက်မှုပါနေသောကြောင့် ရေတိမ်နန်းတော်သခင်သည် အသံပင်မထွက်နိုင်ဘဲ တွန့်လိမ်ကာ ခံစားသွားရသည်။
ယင်နတ်ဘုရားတစ်ပါးရှေ့တွင် ခရမ်းရောင်နန်းတော်အဆင့်မှန်သမျှသည် လိပ်ပြာများပမာ ကျိုးပဲ့ပျက်စီးလွယ်သောသေမျိုးများသာဖြစ်လေသည်။
ထိုအဖြစ်အပျက်ကို မြင်နေသော်လည်း မေရှန်သည် မည်သည့်စကားမှ မထွက်နိုင်ဘဲ ကြောက်လန့်ခြင်းနှင့်အတူ စိတ်များရှုပ်ထွေးနေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ ၊ သူက ငါတို့က်ုမသတ်တဲ့အပြင် သူ့သားနဲ့ချွေးမကိုပါခေါ်လာပြီး တဖုန်းဖုန်းဆုံးမနေတာလား။
မေရှန်နှင့် ရွှီရဲ့လီတို့သည် တစ်ဦးမျက်နှာကို တစ်ဦးကြည့်မျက်နှာကိုတစ်ဦး ကြည့်မိကြသည်။
ဖြစ်နိုင်လား။
သွေးဝတ်စုံဓားနတ်ဘုရားက ယဲ့ချုံးအုပ်စိုးရှင်ကိုများ အနိုင်ရခဲ့ပြီလား။
သို့သော် ထိုသို့ဖြစ်ခဲ့လျှင်ပင် ကျားဟိန်းသံယင်နတ်ဘုရားကဲ့သို့သော အကြီးအကဲက ယခုလို လုံးဝအရှုံးပေးနေစရာတော့ မရှိသေးပါ။
အခြားသော ခရမ်းရောင်နန်းတော်အဆင့်များမှာလည်း မြေပြင်ပေါ်မှ ကြိုးတုပ်ခံထားရသည့် ရှုံ့မဲ့နေသူနှစ်ဦးကိုတလှည့် ၊ မျက်နှာချိုသွေးနေသော ယင်နတ်ဘုရားကြီးကိုတစ်လှည့်၊ မိမိတို့အချင်းချင်းကို တစ်လှည့်ကြည့်နေမိကြရင်း ပါးစပ်များပြူးကာ မျက်လုံးများပြဲနေကြကုန်၏။
ယနေ့လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ ၊ ငါးတွေရေနစ်သေပြီး ကျွဲနွားတွေကလေပေါ်ပျံကုန်တာလား။
သူတို့ ထူးခြားဆန်းပြားခံစားနေရစဥ်မှာပင် ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ်စွမ်းအင် များက သွေးဝတ်စုံမဟာမိတ်အဖွဲ့ချုပ်၏ နေရာသို့ စတင်စုဝေးလာခဲ့သည်။
"ဒါက..."
အားလုံးသည် ကျားဟိန်းသံယင်နတ်ဘုရားကို ဇဝေဇဝါနှင့်ကြည့်မိကြသည်။ သို့သော် သူတို့ခံစားမိသော အရှိန်အဝါများက ထိုသူ့ဆီမှ မဟုတ်ကြောင်း သိလိုက်ရသောအခါ မျက်လုံးပြူးသွားကြသည်။
ထိုအခိုက်မှာပင် ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။
“ချင်းမေအုပ်စိုးရှင်က သွေးဝတ်စုံဓားနတ်ဘုရားကို တွေ့ဆုံရန် ခွင့်တောင်းပါတယ်”
“လေ့ချန်အုပ်စိုးရှင်က သွေးဝတ်စုံဓားနတ်ဘုရားကို တွေ့ဆုံရန် ခွင့်တောင်းပါတယ်”
“ယွင်ကျူအုပ်စိုးရှင်က သွေးဝတ်စုံဓားနတ်ဘုရားကို တွေ့ဆုံရန် ခွင့်တောင်းပါတယ်"
ရိုသေလေးစားသော ခွင့်တောင်းသံများက ကောင်းကင်ယံမှ ကျဆင်းလာကြ၏။
“ယင်....ယင်နတ်ဘုရားတွေ အများကြီးပဲ... အို ဘုရားရေ၊ဒီနေ့ ဘာဖြစ်နေတာလဲ”
"တစ်ယောက်ယောက် ပြောကြပါဦး ၊ ဒါတွေက ဘာတွေလဲ "
သွေးဝတ်စုံမဟာမိတ်အဖွဲ့သား ခရမ်းရောင်နန်းတော်အဆင့်များအားလုံး နတ်ဘုရားအရှိ
န်အဝါများကြောင့် အသက်ရှုရန်ပင် ဖိစီးသွားပြီး အသက်ထွက်မတတ်ထိတ်လန့်သွားကြသည်။
ဒီလောက်များတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေက ဘာလို့ ငါတို့နေရာကို အုပ်လိုက်ကြီး ရောက်ချလာတာလဲ။
........................
"ကြားလိုက်ရင် လန့်သွားမယ် ၊ ယင်နတ်ဘုရားလေးပါး ဆင်းသက်လာပြီး သွေးဝတ်စုံမဟာမိတ်မှာ စုဝေးနေကြပြီ”
“ခုနကပဲ ယင်နတ်ဘုရား လေးပါးဟာ သွေးဝတ်မဟာမိတ်မှာ စုဝေးခဲ့ကြတယ်။”
“တိကျတဲ့ အကြောင်းရင်းကို မသိရသေးဘူး။ နောက်ဘာဖြစ်လာမလဲဆိုတာ သိရဖို့ စောင့်မျှော်ကြည့်ရှုပေးကြပါ"
“ယင်နတ်ဘုရားလေးပါး သွေးဝတ်စုံမဟာမိတ်မှာ စုဝေးခဲ့ကြတယ် ဟုတ်လား ၊ ဘာဖြစ်ခဲ့တာလဲ။ နောက် ဘာဖြစ်သွားလဲဆိုတာ ပြောပြဦးလေ"
“ဒီလူ... ဘာလို့ ပြီးအောင်မပြောရတာလဲ”
"အေးလေ တစ်ဝက်တစ်ပျက်နဲ့ "
“ခင်ဗျား ဘယ်မှာနေလဲဆိုတာ ကျွန်တော် သိရင် ခင်ဗျားကို တဝက်ပြတ်အောင် စွမ်းရည်သုံးမိမှာ သေချာတယ်”
ပို့စ်တစ်ခုတည်းက မရေမတွက်နိုင်သော စိတ်ဝင်စားမှုများကို ဆွဲဆောင်ခဲ့သည်။
ယင်နတ်ဘုရားလေးပါးတိတိက သွေးဝတ်စုံမဟာမိတ်တွင် စုဝေးခြင်းသည် အဓိက အဖြစ်အပျက်များထဲမှ အဓိက အဖြစ်အပျက်တစ်ခုပင် မဟုတ်ပါလား။
ပုံမှန်အားဖြင့် ယင်နတ်ဘုရားများသည် လူမြင်ကွင်းများတွင် ထွက်ပေါ်လာလေ့မရှိသလောက်ပင်။
ကျင့်ကြံသူ ၉၉% နီးပါးသည် ယင်နတ်ဘုရားတစ်ပါးကိုပင် မြင်တွေ့ဖူးခြင်း မရှိဘဲ ဒဏ္ဍာရီများတွင်သာ ကြားဖူးကြ၏။
ယခုအခါ ဒဏ္ဍာရီလာ ယင်နတ်ဘုရားများသည် သွေးဝတ်စုံမဟာမိတ်တွင် စုဝေးနေသည်။
မည်သူက စိတ်မဝင်စားဘဲနေနိုင်မည်နည်း။
အနီးအနားရှိသူများဆိုလျှင် ယခုပင်ထပြေးသွားကာ ကြည့်မိကြမှာ အသေအချာပင်။
ရေတိမ်နန်းတော်နှင့် သွေးဝတ်စုံမဟာမိတ်အကြား ပဋိပက္ခကလည်း လတ်တလောမှ ဖြစ်ပျက်ထားသည်မဟုတ်ပါလား။
ယဲ့ချုံးအုပ်စိုးရှင်နှင့် ယိုချင်းအုပ်စိုးရှင်တို့က သွေးဝတ်စုံဓားနတ်ဘုရားကို ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကောလာဟလ သတင်းများကလည်း ရှိနေသေး၏။
ကျင့်ကြံသူများအားလုံးပင် မိမိတို့၏ကျင့်ကြံခြင်းကိစ္စများကို စိတ်မဝင်စားတော့ဘဲ
ပူပြင်းသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ တလှုပ်လှုပ်ဖြစ်ကာ ထိုသတင်းကိုသာ စိတ်ဝင်စားနေခဲ့သည်။
မကြာမီမှာပင် ဖိုရမ်အတွင်း၌ ထင်မြင်ချက်အမျိုးမျိုး တတ်လာ၏။
အချို့လူများက သွေးဝတ်စုံမဟာမိတ်တွင် အင်အားကြီးသော ယင်နတ်ဘုရားရတနာ တစ်ခုရှိနေပြီး ယင်နတ်ဘုရားများကို လုယူရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် အခြားသူများက ကျားဟိန်းသံအုပ်စိုးရှင်သည် သူ၏ သားမက်ဖြစ်သူ ရေတိမ်နန်းတော်၏သခင်ကို သွေးဝတ်စုံမဟာမိတ် အပြင်ဘက်တွင် သူကိုယ်တိုင် ကြိုးဆွဲချထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုပြန်၏။
ထို့အပြင်အခြားသတင်းများကလည်း အမျိုးမျိုးရှိနေပြန်သည်။
သို့သော် အချက်အလက်များသည် ကွဲပြားနေခဲ့ပြီး မည်သည့်အရာက အမှန်ဆိုသည်ကို မခွဲနိုင်ကြပေ။
ဖိုရမ်ထဲတွင်သာမက ထိုသတင်းကြောင့် ဧကရာဇ်လေးပါးစကားပြောခန်းထဲတွင်လည်း စိတ်ပူနေကြ၏။
ဆိုးသွမ်းအင်မော်တယ်က အရင်ဆုံးမေးလလိုက်သည်။
“ရေခဲတောင်သခင်မ I အခု ဘာဖြစ်နေလဲဆိုတာ သိလား။ မူလနတ်ဘုရား အဆင်ပြေပါ့မလား၊ သူအဆင်တော့ ပြေလောက်မှာပါနော်"
ရေတိမ်နန်းတော်က သွေးဝတ်စုံမဟာမိတ်ကို စစ်ကြေညာခဲ့သည့်အချိန်မှစ၍ ဆိုးသွမ်းအသင်မော်တယ်မှာ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
သူ၏ခွန်အားက နည်းလွန်ူသောကြောင့် ဘာမှမကူညီနိုင်သည်ကိုလည်း အားမရဖြစ်နေခဲ့သည်။
"မူလနတ်ဘုရားက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ဖြစ်တယ်လို့ ပြောခဲ့တာ နင်မှတ်မိသေးလား"
ရေခဲတောင်သခင်မ၏ မေးခွန်းကို ဆိုးသွမ်းအင်မော်တယ်က ချကိချင်းတုန့်ပြန်လိုက်၏။
“ဒီလောက် အင်အားကြီးတဲ့သူတစ်ယောက်ကို ကောင်းကင်ဘုံတာအိုအုတ်မြစ်လို ခေါ်ကြတာ ပုံမှန်ပဲ မဟုတ်ဘူးလား”
သူက ရေခဲတောင်သခင်မ၏ ဆိုလိုရင်းကို နားမလည်ပါ။
“ငါ ဆိုလိုတာက မူလနတ်ဘုရားက တင်စားထားတဲ့ကောင်းကင်ဘုံတာအိုအုတ်မြစ်မဟုတ်ဘူး စစ်မှန်တဲ့ကောင်းကင်ဘုံတာအ်ိုအုတ်မြစ်ပိုင်ရှင်လို့ ပြောတာ"
“ဘာ....”
ဆိုးသွမ်းအင်မော်တယ်၏ မျက်ခုံးများကျုံ့သွားခဲ့သည်။ သူက ယခုထိ ထိုစကားစု၏အဓိပ္ပါယ်ကို နားမလည်သေးပါ။
စစ်မှန်တဲ့ကောင်းကင်ဘုံတာအိုအုတ်မြစ်ဆိုတာ ဘာကိုပြောတာပါလိမ့်။
ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို သူကြားဖူးပါသည် ။
သို့သော် သူမ၏ “စစ်မှန်သော” ဟူသည့် စကားလုံးဖြင့် ဘာကို ဆိုလိုသနည်း။
“အလွယ်ဆုံးပြောရရင် ..သူက သူ့ရဲ့ အုတ်မြစ်ကို တည်ဆောက်ဖို့ ရတနာတွေအစား ကမ္ဘာတစ်ခုလုံးရဲ့ ကောင်းကင်တာအိုကို ဝါးမြိုခဲ့တာပဲ ”
ရေခဲတောင်သခင်မက လူပြိန်းနားလည်လောက်သည့် စကားဖြင့် ရှင်းပြလ်ုက်သည်။
“ဘာ....ဘာပြောတာ ...၊ သူက ကောင်းကင်ဘုံကို မျိုချလိုက်တာလား”
ဆိုးသွမ်းအင်မော်တယ် မျက်လုံးပြူးသွားလေပြီ။
“ကောင်းကင်တာအိုတစ်ခုလုံးကို ဝါးမြိုပစ်တယ်၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူသည် ၎င်းကို စိတ်ကူးပင် မယဥ်နိုင်ခဲ့ပါ။
ကောင်းကင်သွေးကြောကို အသုံးပြု၍ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်သော ကျင့်ကြံသူတစ်ဦးဆိုလျှင်ပင် အခြားသူများက တစ်သက်လုံး လေးစားအားကျရမည့်သူ ဖြစ်သည်။
ယခုလို ကောင်းကင်တာအိုတစ်ခုလုံးကို ဝါးမြိုသူဆိုလျှင်တော့ ပြောစရာပင် မရှိတော့ပါ။
ထိုအရာသည် မည်သည့် အယူအဆမျိုး ဖြစ်လေသနည်း။
မည်သို့သော စိတ်ကူးနှင့် ထိုသို့ကြံစည်မိခဲ့သနည်း။
စိတ်ရူးပေါက်၍ ကြံစည်မိသည်ထားတော့ မည်သို့အောင်မြင်နိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုကို ဝါးမြိုနိုင်ခဲ့လျှင် ထိုသူသည် ယင်နတ်ဘုရားထက် များစွာပို၍ အစွမ်းထက်သွားမည်ကတော့ ဗေဒင်မေးစရာပင်မလိုပါ။
ဆိုးသွမ်းအင်မော်တယ်သည် ထိတ်လန့်စွာတွေးရင်း ကျိယွမ်၏ ထူးဆန်းသော အပြုအမူများနှင့် ရက်စက်တတ်ပုံကို တွေးမိကာ ကြက်သီးထသွားသည်။
"မူလနတ်ဘုရားက လူတွေကိုတော့ မစားဘူး မဟုတ်လား”
ထိုသူက ကောင်းကင်ဘုံကိုပင် စားနိုင်ပါက လူတစ်ဦးကို စားခြင်းသည် သူ့အတွက် ဘာမှ မခက်ခဲတော့ပေ ။ တစ်လုပ်စာပင် ရှိမည်မဟုတ်ပါ။
ရေခဲတောင်သခင်မက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလာပြန်သည်။
"မူလနတ်ဘုရားက အမြုတေအဆင့်ပဲရှိသေးတယ်လို့ ပြောတာရော မှတ်မိသေးလား"
"အမြုတေအဆင့်လား..."
ဆိုးသွမ်းအင်မော်တယ်က ထိုကိစ္စကို သိပ်မယုံခဲ့ပါ။
မူလနတ်ဘုရားက သူသည်အမြုတေအဆင့်လေးပါဟု မကြာခဏပြောလေ့ရှိ၏။
သို့သော် အလင်းနန်းတော်ကိုပငိ တစ်ယောက်တည်းဖျက်ဆီးခဲ့သူက မည်သည့်နည်းနှင့်မျှ အမြုတေအဆင့်မဖြစ်နိုင်ဟု သူယုံကြည်ခဲ့သည်။
သို့သော် ယခုရေခဲတောင်သခင်မ၏ စကားများအရ မူလနတ်ဘုရား၏စကားများက အမှန်ဖြစ်နိုင်သည်ဟု သူတွေးမိစပြုလာခဲ့သည်။
“မူလနတ်ဘုရားက ဘယ်လိုအမြုတေကို
သူဖွဲ့စည်းခဲ့တယ်လို့ ပြောခဲ့တာကိုရော မှတ်မိလား။”
"အင်း...မူလနတ်ဘုရားက သူဟာ ကြယ်တာရာအမြုတေပိုင်ရှင်လို့ ပြောခဲ့ဖူးတယ် ၊ ဧကန္တ အဲဒါကြီးကလည်း ....."
ဆိုးသွမ်းအင်မော်တယ် ဆက်မပြောနိုင်တော့ပါ။
မူလနတ်ဘုရား၏ ပထမစကားကသာ အမှန်ဆိုလျှင် ဒုတိယစကားကလည်း အလိမ်အညာမဟုတ်နိုင်ပေ။
တွေးရင်းတွေးရင်းမှ သူ၏ လည်ချောင်းတွင် အဖုအထစ်တစ်ခု ခံစားရသလို တံတွေးမျိုချမိ၏။
“မူလနတ်ဘုရားရဲ့ အမြုတေက တကယ်ပဲ ကောင်းကင်ပေါ်က နေမင်းကြီးများလား ၊ နင်ဘယ်လိုထင်လဲ "
ရေခဲတောင်သခင်မ၏ မေးခွန်းကို သူမဖြေရဲပါ။
ဆိုးသွမ်းအင်မော်တယ်မှာ တွေးလေလန့်လေဖြစ်နေပြီး ပြောစရာစကားများပင် နင်နေခဲ့သည်။
အတိတ်ကဆိုလျှင်တော့ သူသည် ထိုမေးခွန်းအား တဟားဟား အော်ရယ်ပြီး မဖြစ်နိုင်တာဟု ပြောခဲ့လိမ့်မည်။
သို့သော် မူလနတ်ဘုရားက သူ၏ နားလည်မှုကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။
ယခုလည်း လာပြန်၏။
လူသားတစ်ယောက်က ကောင်းကင်မှ နေမင်းကြီးကို သူ၏အမြုတေအဖြစ် အသုံးပြုရန်ဖွဲ့စည်းခဲ့လေသည် တဲ့။
ဒါက ...အိမ်မက်ထဲမှာတောင် ထည့်ပြီးမမက်ဖူးတဲ့ အယူအဆကြီးလေ ။
ဒါက .. ဘယ်လိုတွေးတွေး မဖြစ်နိုင်သော နည်းလမ်းပင်။
သူသည် မျက်တောင်များကို ပုတ်ခတ်ပုတ်လုပ်လိုက်ပြီး ကောင်းကင်ပေါ်တွင်ရှိနေသော နေမင်းကြီးကို မော့ကြည့်မိ၏။
နေမင်းကြီးကို အမြုတေအဖြစ် ဖွဲ့စည်းရန် မည်သည့် ခွန်အားမျိုးလိုအပ်မည်ကို သူ နားမလည်နိုင်ခဲ့ပါ။
ထိုအရာက ဖြစ်ကိုမဖြစ်နိုင်ပေ။
သို့သော် ရုတ်တရက် သူသည် တစ်ခုခုကို တွေးမိသွားသည်။
“ကောင်းကင်မှာ ဒုတိယနေမင်းကြီး ပေါ်လာတဲ့နေ့တုန်းက မူလနတ်ဘုရားက သူအမြုတေအဆင့်ကို ချိုးဖြတ်ခဲ့တယ်လို့ ပြောခဲ့တာပဲ"
----------------------