← Chapters

မဟာကပ်ဘေးကြီး၏ အဖြစ်မှန်

Vol. 14 Ch. 169

မဟာကပ်ဘေးကြီး၏ အဖြစ်မှန်

Vol. 14 Ch. 169

လူတိုင်းသည် ကောင်းကင်သို့မော့ကာ

ခရမ်းရောင်နန်းတော်အဆင့် တေးဂီတဝိုင်းကို ကြည်ညိုလေးစားမှုများဖြင့် ငေးကြည့်နေကြသည်။

ထိုအချိန်တွင် ခါးကုန်းနေသော လူအိုတစ်ဦး ထွက်ပေါ်လာပြီး ဝမ်းနည်းစွာ​ အော်ဟစ် မြည်တမ်းလေသည်။

"သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲ၊ ဒီငမိုက်သားက လျူမျိုးနွယ်ရဲ့မျိုးနွယ်ခွဲတစ်ယောက်ပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့အဓိကလျူမျိုးနွယ်နဲ့ ဘာမှမပတ်သတ်ပါဘူး"

သွေးဝတ်စုံဓားနတ်ဘုရား မထွက်ပေါ်လာသေးသော်လည်း ခရမ်းရောင်နန်းတော်အဆင့်ထိုပုဂ္ဂိုလ်က ကြိုတင်​၍ တောင်းပန်နေခဲ့သည်။

မြို့ထဲမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းမြင်ကာ အမျိုးမျိုး ဝေဖန်ကြ၏။

"သူက ခရမ်းရောင်နန်းတော်အဆင့်ပဲ ၊

လက်ချောင်းလေးတစ်ချက်လှုပ်ရုံနဲ့ တစ်နယ်လုံးကို တုန်လှုပ်စေနိုင်တဲ့သူမျိုး ဖြစ်တယ် "

"ဒါတောင်မှ၊ လျူမျိုးနွယ်ခွဲထဲက တစ်ယောက်က သွေးဝတ်စုံဓားနတ်ဘုရားကို စော်ကားမိလို့၊ သူက အဲဒီမျိုးနွယ်ဝင်ကိုဖမ်းဆီးဖို့အတွက် ဒီကို မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့တာ"

"ဒီ လျူဝမ်က ယောက်ျားမိန်းမမရွေး အနိုင်ကျင့်ခဲ့တဲ့ကောင်ပဲ၊ အခု သွေးဝတ်စုံဓားနတ်ဘုရားကို စော်ကားမိပြီဆိုတော့ ဒါဟာ တကယ်ပဲ ကံကြမ္မာရဲ့အကျိုးပေးပါပဲ"

"သွေးဝတ်စုံဓားနတ်ဘုရား ဘယ်မှာလဲ ၊ သူဘာလို့ မထွက်ပေါ်လာသေးတာလဲ"

လူအုပ်ကြီးက နားမလည်နိုင်ဖြစ်နေကြသလို ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရားသည် မည်သည့်ပုံပန်းသဏ္ဌာန်ရှိသည်ကို မြင်တွေ့လိုစိတ် ပြင်းပြနေကြ သည် ။

"သူရောက်ပြီ"

ထိုအချိန်တွင် ဆွေးမြေ့ဖွယ်သံစဥ်ကိုတီးမှုတ်နေသော ခရမ်းရောင်နန်းတော်ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ရှေ့တွင် သွေးနီရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည် ။

ထိုပုံရိပ်သည် ရုပ်ရည်ချောမောပြီး အရပ်ရှည်၏။သူ၏ဘေးတွင် ဖြူစင်ပြီး အန္တရာယ်ပေးနိုင်ပုံမရသော ကလေးမလေးတစ်ဦး၏ လက်ကို ဆုပ်ကိုင်ထားသည်။

သို့သော်လည်း ထိုကလေးမလေးကို မြင်ရသူတိုင်းသည် သူမ၏အပြစ်ကင်းပုံရသော ပုံပန်းသဏ္ဌာန်ကြောင့် လှည့်စားခံရခြင်းမရှိဘဲ ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုသာ ခံစားရ၏။

သူမသည် ယင်နတ်ဘုရားတစ်ပါး ဖြစ်နေသည်ကို အားလုံးသိနေသောကြောင့်ပင် ။

"ဒါက သွေးဝတ်စုံဓားနတ်ဘုရားပါပဲ ။ ယင်နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ၊သူက ကျင့်ကြံမှုကို ဖုံးကွယ်ထားရင်တောင် လမ်းပေါ်မှာ တွေ့လိုက်ရရင် ထူးချွန်တဲ့ကျင့်ကြံသူတစ်ယောက်ဆိုတာ ငါတန်းသိမှာပဲ"

ကျင့်ကြံသူတစ်ဦးက အားကျသလိုရေရွတ်နေ၏။ထိုအခိုက် သူ၏နံဘေးမှ ပုံမှန်မဟုတ်သော အသက်ရှုသံကြောင့် ရုတ်တရက် အံ့ဩသည့်ပုံစံဖြင့် ကြည့်လိုက်သည် ။

"ဖုန်းထျန်း ညီလေး၊ ဘာဖြစ်တာလဲ ၊ မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ တုန်နေတာလဲ"

ဖုန်းထျန်းသည် ကောင်းကင်ပေါ်မှ သွေးနီရောင်ဝတ်ရုံနှင့်လူကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည် ။

သူ... သူက သွေးဝတ်ရုံ ဓားနတ်ဘုရားလား။

သူ့ဘေးတွင်ရပ်နေသော အစ်မဟွာသည်လည်း တဆက်ဆက်တုန်ခါနေပြီး မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော် ဖြစ်နေ၏။

သူတို့နှင့်သိပ်မဝေးသောနေရာတွင် ယွီချန်းသည်လည်း သူမ၏ပါးစပ်ကို ဖုံးအုပ်ထားပြီး ကျိယွမ်က်ုတလှည့် ဆိုးသွမ်းအင်မော်တယ်ကိုတစ်လှည့်ကြည့်ကာ စကားမပြောနိုင်ဖြစ်နေရသည်။

ဆိုးသွမ်းအသ်မော်တယ်သည် ထိုအရာကိုမြင်သောအခါ စိတ်ထဲ၌ အလွန်ဂုဏ်ယူမိလေသည် ။

သူက မေးခွန်းများမေးချင်နေသော ယွီချန်ကိုကြည့်ကာ ပိုင်နိုင်သောလေသံဖြင့် ဖြေပေးလိုက်သည်။

"နင် မြင်တာမမှားပါဘူး၊ သူက သွေးဝတ်စုံဓားနတ်ဘုရားပဲ၊ ပြီးတော့ နင် ခုနက သကြားလုံးပေးခဲ့တဲ့ ကလေးမလေးက သူ့ရဲ့ သမီး၊ ယင်နတ်ဘုရားတစ်ပါးပဲ "

"နင်က တကယ် သတ္တိရှိတာပဲ၊ ငါ နင့်ကို လေးစားပါတယ်"

ယွီချန်မှာ မျက်လုံးများပင် ပြာသွားရှာသည်။

စောစောသိရင် အဲလိုတွေလုပ်မလားလို့၊ အခုတော့ လွန်ကုန်ပြီ။

သူမ ငိုချင်လာ၏။

ထိုအချိန်တွင် ကောင်းကင်ယံတွင်ရှိနေသော ကျိကျန်ကျွင်းသည် လျူဝမ်၏ ပြစ်မှုစာရင်းကို အော်ဟစ်ကာ ဖတ်ပြနေသည် ။

ကျိယွမ်၏ မျက်နှာသည် တောက်ပသော အပြုံးတစ်ခုဖြင့် လင်းလက်လာ၏။

"မင်းရဲ့ဘဝမှာ အထူးခြားဆုံးအရာက မင်း ငါ့လက်ထဲမှာ သေဆုံးသွားတာပဲ"

သူ၏လက်ကို အသာအယာ တွန်းလိုက်ရာ ရှင်းဟွာအဖွဲ့ထဲတွင် မောက်မာသော စကားများ ပြောခဲ့ဖူးသည့် လျူဝမ်သည် ချက်ချင်း သေဆုံးသွားခဲ့သည် ။

ကျိယွမ်သည် သူ့အားထိတ်လန့်စွာကြည့်နေသော လျူမျိုးနွယ်မှ အဘိုးအိုကို လှမ်းကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ကျွန်တော်က အမြဲတမ်း ဆင်ခြင်တုံတရားရှိတယ်။ အပြစ်မဲ့တဲ့သူတွေကို မထိခိုက်စေရဘူး၊ မျိုးနွယ်စုတွေကိုလည်း အပြတ်ရှင်းမှာ မဟုတ်လို့ ခင်ဗျားသွားလို့ရပြီ"

သူ၏စကားကို ကြားသောအခါ အဘိုးအိုသည် စိတ်သက်စာရာရသွားပြီး သက်ပြင်းချလိုက်၏။

"သွေးဝတ်စုံ ဓားနတ်ဘုရား အကြီးအကဲ၊ ကျင့်ကြံခြင်းလောကရဲ့ လေထုကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ကျွန်တော် ပြန်ရောက်တဲ့အခါ ကျွန်တော့်ရဲ့မျိုးနွယ်တွေကို အလုပ်ကိုပိုလုပ်ပြီး စကားကိုနည်းနည်းပြောအောင် သေချာ စည်းကမ်းတကျ သင်ကြားပေးပါ့မယ်"

"အင်း"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက်သူ၏ ပုံသဏ္ဌာန်သည် ရုတ်တရက်ပျောက်ကွယ်သွားသည် ။

ဆိုနာအသံသည်လည်း ရုတ်တရက် ရပ်တန့်သွားပြီး ကောင်းကင်ယံမှ ခရမ်းရောင်နန်းတော် ကျင့်ကြံသူများလည်း ပျောက်ကွယ်သွားကြသည် ။

မြို့ထဲမှ ကျင့်ကြံသူများသည် ဗလာဖြစ်သွားသော ကောင်းကင်ကို ကြည့်ရင်း အချိန်မတိုင်မီ စောစီးစွာ ပြီးဆုံးသွားသည်ဟု ခံစားသွားမိသည်။

"သေသေချာချာတောင် မကြည့်လိုက်ရဘူး ။ ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားကြတာလဲ"

"အေးဆို..နောက်တစ်ယောက်လောက် ထပ်သတ်လိုက်ရင် အရမ်းကောင်းမှာပဲ"

"တစ်ယောက်ယောက်က သွေးဝတ်စုံဓားနတ်ဘုရားကို သွားစိန်ခေါ်လိုက်ရင် ဘယ်လိုလဲ၊ အဲဒါဆို ငါတို့ ပျော်စရာ မြင်ကွင်းတစ်ခု ကြည့်ရတာပေါ့"

"မင်းသိပ်ကြည့်ချင်နေရင် မင်းသွားစိန်ခေါ်ပါလား"

ပရိတ်သတ်များ ငြင်းခုံနေခိုက်မှာပင် ကျိယွမ်ကတော့ ကျိကျန်ကျွင်းနှင့်အတူတည်းခိုခန်းတွင် ပြန်ပေါ်လာခဲ့သည် ။

သို့သော်လည်း သူ၏စွမ်းရည်ကြောင့်၊ သူ့ကိုမြင်နေကြသော်လည်း အခြားသူများသည် သူ့ကို သွေးဝတ်စုံဓားနတ်ဘုရားနှင့် ဆက်စပ်ပြီး မှတ်မိနိုင်ခြင်း မရှိကြပေ ။

"လူက သေသွားပြီ ။ ဆိုးသွမ်းအင်မော်တယ် သွားပြီး စကားပြောရအောင်"

ကျိယွမ်က ဆိုးသွမ်းအင်မော်တယ်ခေါ်လိုက်သည် ။

ဘေးနားတွင်ရှိနေသော ယွီချန်းသည် ကြောက်လန့်လွန်း၍ ဒူးများပင်မခိုင်ချင်တော့သလို စကားလည်းမပြောရဲတော့ပါ။

မလှမ်းမကမ်းမှ ဖုန်ထျန်းနှင့် အစ်မဟွာ

တို့ကတော့ နေစရာပင်မရှိအောင်ဖြစ်နေပြီး မျက်နှာများဖြူလျော်နေကြလေပြီ။

ငါတို့တော့အသက်ခံရတော့မယ်။

"သွားရအောင်"

ကျိယွမ်က ဆိုးသွမ်းအင်မော်တယ်ကို ခေါ်ကာ ထိုနေရာမှရွှေ့ဖို့ပြင်၏။

ယွီချန်သည် ဆိုးသွမ်းအင်မော်တယ်ကို တိုးတိုးပြောသည်။

"ကျွန်မ ခြေထောက်တွေ မလှုပ်ရှားနိုင်တော့လို့ မ...မလိုက်တော့ဘူး"

သူမက ထိုပုဂ္ဂိုလ်နှင့် ရင်မဆိုင်ရဲပါ။

ဆိုးသွမ်းအင်မော်တယ်က သက်ပြင်းချလိုက်သည် ။

"ကောင်းပါပြီ၊ ဂရုစိုက်ပါ ။ ငါ့သူငယ်ချင်းနဲ့ သွားစကားပြောပြီးရင် နင့်ရဲ့ အဘိုးဆီကို ဆေးသွားပို့ပေးမယ်"

ထိုစကားကို ကြားသောအခါ ယွီချန်းသည် ဆေးကိုသူယူသွားပေးမည်ဟု ပြောမလိုပြင်ပြီးမှ မပြောဖြစ်တော့ပေ။

ကျိယွမ်နှင့် ဆိုးသွမ်းအင်မော်တယ်တို့သည် မူလစားပွဲဝိုင်းသို့ ပြန်ရောက်လာကြ၏။

သူတို့က ဟင်းပွဲများစွာကို မှာယူလိုက်ကြသည်။

ကျိကျန်ကျွင်းသည် စားပွဲပေါ်မှ ဝိုင်တစ်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ရန် ပြင်လိုက်သောအခါ ကျိယွမ်က သူမ၏လက်သေးသေးလေးကို တူဖြင့်ရိုက်ကာ တားမြစ်လေသည်။

"ကလေးတွေက အရက်မသောက်သင့်ဘူး"

စားပွဲထိုးသည် ထိုမြင်ကွင်းကို မြင်ပြီး ပြုံးကာ ဝင်ပြော၏။

"ဒါက သစ်သီးဝိုင်ပါ၊ ဘယ်သူမှ မူးမှာ မဟုတ်ပါဘူး ။ ကလေးတွေတောင် သောက်လို့ရပါတယ်၊ အဆင်ပြေပါတယ်"

ကျိကျန်ကျွင်းသည် ကျိယွမ်ကို ကြည့်လိုက်သည် ။

ကျိယွမ်က စားပွဲထိုးကို ကြည့်ကာ ဟောက်လိုက်သည်။

"ငါ့သမီး ပျက်စီးသွားရင် မင်းကြောင့်ပဲ"

"လူကြီးမင်းရဲ့သမီးလေးက အလွန်လိမ္မာပြီး ချစ်စရာကောင်းတယ် ။ သူမရဲ့ အနာဂတ်က တောက်ပနေမှာ သေချာပေါက် အဆင့်မြင့် အမြုတေပိုင်ရှင် ဖြစ်လာမှာပါ"

စားပွဲထိုးက ပုံမှန်အတိုင်း ဖောက်သည်ကျေနပ်စေမည့် ကောင်းချီးပေးစကားများ ပြောလေသည် ။

"အဲဒီလောက်ပဲလား"

ကျိယွမ်က သိပ်မကျေနပ်သလိုဖြစ်နေသောကြောင့် စားပွဲထိုးသည် အနည်းငယ်အံ့အားသင့်သွားပြီး သူ၏စကားကိုပြန်ပြင်သည်။

"စိတ်ဝိညာဉ်သခင်တစ်ပါးဖြစ်လာမယ်လို့ ပြောတာပါခင်ဗျာ "

ကျိယွမ်က ခေါင်းခါသည်။

"မင်းရဲ့ စိတ်ကူးကလည်း နည်းလိုက်တာ

ငါ့သမီးက အနှစ် ၃၀၀ အတွင်း ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ထားတာ"

ကျိယွမ်၏ ပေါ့ပေါ့ပါးပါးမှတ်ချက်ကိုကြားသောအခါ စားပွဲထိုးသည် ရယ်မောပြိးနှုတ်ဆက်သွားလေသည်။

မိဘမှန်သမျှက သူတို့သားသမီးအပေါ် ထိုသို့မြင့်မြင့်မှန်းထားသူများဖြစ်သောကြောင့် သူက မထူးဆန်းခဲ့ပါ။

ဤသို့ဖြင့် စားသောက်ပြီးအတန်ကြာသောအခါ ကျိယွမ်က ဆိုးသွမ်းအင်မော်တယ်မေးခဲ့ဖူးသောကိစ္စကို စပြောလ်ုက်သည်။

"မင်းပြောခဲ့ဖူးတဲ့ မင်းရဲ့အမြုတေကို ဖြိုခွဲပြီး အစကနေပြန်စချင်တယ်ဆိုတဲ့ကိစ္စလေ၊

ငါ အချိန်အတော်ကြာ စဉ်းစားခဲ့တယ်၊ ပြီးတော့ ကျိကျန်းနဲ့လည်းဆွေးနွေးပြီးပြီ ၊ မင်းရဲ့အမြုတေကို ဖျက်ဆီးစရာမလိုဘူးလို့

ငါတို့ ကောက်ချက်ချခဲ့ကြတယ်"

သူ၏စကားကို ကြားသောအခါ ဆိုူသွမ်းအင်မော်တယ်အလွန် စိတ်လှုပ်ရှားသွားသည် ။

ထိုအချိန်က သူသည် သူ၏အမြုတေက အားနည်းလွန်းသဖြင့် ၎င်းကို ဖြိုခွဲပြီး အစကနေ ပြန်စချင်ကြောင်း အဖွဲ့လိုက် စကားပြောခန်းတွင် ပေါ့ပေါ့ပါးပါး ပြောခဲ့ဖူးသည် ။

မူလနတ်ဘုရားက သူ့အတွက် တကယ် စဉ်းစားပေးလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ ။

သူက မိတ်ဆွေတွေကို တကယ်စဥ်းစားပေးတတ်တဲ့သူပဲ။

"ကျိကျန်းက ငါ့ကိုဉာဏ်အလင်းပေးပြီးတဲ့ နောက် သူ့ရဲ့အမြုတေနှစ်ခုနည်းစနစ်ကို အတုယူပြီး အသစ်ဖန်တီးလို့ရတယ်လို့ ငါတွေးနေခဲ့တာ။ မင်း ဖန်တီးထားတဲ့ အမြုတေနဲ့ မကျေနပ်ရင် ဘာလို့ နောက်ထပ် နည်းနည်းပါးပါး ထပ်မဖန်တီးရတာလဲ"

"အခုရက်ပိုင်း မင်းရဲ့ အခြေအနေအပေါ် အခြေခံပြီး အမြုတေကိုးလုံးနည်းစနစ်လို့ ခေါ်တဲ့နည်းစနစ်တစ်ခုကို ငါအကြမ်းဖျင်းဖန်တီးထားတယ်၊ဒီနည်းစနစ်က မင်းကို အမြုတေကိုးလုံးအထိ ဖန်းတီးပေးနိုင်တယ်၊ ဒါပေမဲ့ အချိန်သိပ်မအားလို့ ငါလည်း ဒါကိုအပြည့်အဝတော့မတီထွင်ရသေးဘူး ၊ နောက်မှ မင်းကျွမ်းကျင်သွားရင် အမြုတေဆယိလုံး အမြုတေအလုံး နှစ်ဆယ် အဲဒီလိုစိတ်ကြိုက်လုပ်ယူသွားပေါ့"

ကျိယွမ်သည် ကျောက်စိမ်းပြားတစ်ခုကိုထုတ်ကာ ဆိုးသွမ်းအင်မော်တယ်အား ပေးလေသည်။

ဆိုးသွမ်းအင်မော်တယ်အတွက် ထိုနည်းစနစ်ကို ဖန်တီးပေးခြင်းက သူ့အတွက်လည်း ထိုးထွင်းသိမြင်မှုများစွာကို ပေးခဲ့သည် ။

သူ၏နေအမြုတေသည် မီးတောက်ဖြင့် အခြားအရာများကို ဝါးမျိုစားသုံးခြင်းအား

မှီခိုနေရသည် ။

သို့သော် အားလုံးသိသည့်အတိုင်း၊ အလွန်အကျွံ စားသုံးပါက ဝမ်းပျက်ဝမ်းနာခြင်း ၊ အစာမကျေခြင်းကဲ့သို့ ထူးဆန်းသောအရာများ ဖြစ်ပွားနိုင်သည် ။

ထို့ကြောင့် ကျိယွမ်သည် သူ၏အမြုတေသည်လည်း လမ်းနှစ်သွယ်ကို လျှောက်လှမ်းသင့်သည်ဟု တွေးလိုက်မိသည် ။

ပထမလမ်းကြောင်းမှာ ကြယ်တာရာနှင့် ဂြိုဟ်အမြုတေများ ပိုမိုဖန်တီးရန် ဖြစ်သည် ။ နောက်လမ်းကြောင်းမှာ ကြယ်တာရာအမြုတေသည် ဆက်လက် ဝါးမြိုနေရန် ဖြစ်၏။

"မူလနတ်ဘုရား ကျေးဇူးတင်ပါတယ်"

ဆိုးသွမ်းအင်မော်တယ်က ကျောက်စိမ်းပြားကို ဝမ်းမြောက်စွာလက်ခံရယူ၏။

"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ။ အရင်တုန်းက ငါ့မှာ နည်းစနစ်တွေ မရှိတုန်းက မင်းတို့အားလုံး ငါ့ကို မျှဝေပေးခဲ့ကြတာ မဟုတ်ဘူးလား"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။

ထိုအချိန်တုန်းက သူ့တွင် နည်းစနစ်များမရှိချိန်တွင် အဖွဲ့ထဲမှမိတ်ဆွေများက သူ့ကို တစ်နည်းမဟုတ်တစ်နည်း ထောက်ပံ့ပေးခဲ့ကြသည်မဟုတိပါလား။

အယူရှိလျှင် အပေးရှိရမည် ။ ဒါကကျိယွမ်၏ ခံယူချက်တစ်ခုလည်းဖြစ်၏။

ထိုအချိန်တွင် အလင်းတန်းအချို့သည် တည်းခိုခန်းရှေ့သို့ ရုတ်တရက် ကျဆင်းလာ၏။

ခေါင်းဆောင်သည် အသက်ကြီးနေသောလူအိုတစ်ဦးဖြစ်ပြီး ခရမ်းရောင်နန်းတော်အဆင့်ဖြစ်သည် ။ တည်းခိုခန်းထဲတွင်ရှိနေသူများသည် ထိအဘိုးအိုကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။

"အဲဒါ... ဖုန်းရှောင် မဟာသခင်ပဲ ။ သူ ဘာလို့ ဒီကို ရောက်လာတာလဲ"

"ပြီးတော့ သူ့ဘေးနားကသူက စစ်မှန်သခင် စိမ်းလန်းအရှင်ပဲ။ သူမျက်နှာက ဘာဖြစ်ထားတာလဲ"

"ဘာတွေဖြစ်နေတာလဲ၊ သူတို့ ဘာလို့ တည်းခိုခန်းကို ရောက်လာတာလဲ"

" ဒီမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက် ရှိလို့များလား"

အားလုံးအံ့အားသင့်နေစဥ်မှာပင် ဖုန်းရှောင်၏ ကြောက်ရွံ့နေပြီး ​ညှိုးငယ်သောအသံထွက်ပေါ်လာ၏။

"ကျွန်တော်ဖုန်းရှောင်က အရည်အချင်းမရှိဘဲမိုက်မဲတဲ့ မျိုူဆက်ဖုန်းထျန်းနဲ့အတူ သွေးဝတ်စုံ ဓားနတ်ဘုရား အကြီးအကဲကို တွေ့ခွင့် တောင်းခံပါတယ်"

ဖုန်းရှောင်၏ ရှေ့တွင် ယခင်က မောက်မာနေခဲ့သော ဖုန်းထျန်းသည် ဒူးထောက်နေရပြီး တစ်ကိုယ်လုံးဒဏ်ရာများဖြင့် ပြည့်နှက်နေကာ ပြင်းထန်စွာ ရိုက်နှက်ခံထားရမှန်း သိသာလှသည် ။

သို့သော်လည်း သူ၏ ဒဏ်ရာများထက်၊ ဖုန်းထျန်းသည် ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရားကို ပိုမို ကြောက်ရွံ့နေပြီး အလွန်ထိတ်လန့်နေ၏။

အစ်မဟွာသည်လည်း ထိုနည်းတူစွာ မျှော်လင့်ချက်မဲ့သည့် အသွင်အပြင်ဖြင့် ဒူးထောက်နေသည် ။

ဖုန်းရှောင်၏ အသံကိုကြားသောအခါ တည်းခိုးခန်းထဲမှလူတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

"သွေးဝတ်စုံ ဓားနတ်ဘုရားလား"

"သွေးဝတ်စုံ ဓားနတ်ဘုရားက တည်းခိုခန်းထဲမှာလား"

လူတိုင်းသည် သူတို့၏ ခေါင်းများကို လျင်မြန်စွာ လှည့်လိုက်ကြပြီး တည်းခိုခန်းကို စူးစမ်းလိုက်ကြသည်။

သို့သော် သွေးဝတ်စုံဓားနတ်ဘုရားကို ဘယ်နေရာမှာမှ ရှာမတွေ့ကြပေ။

တည်းခိုခန်းပိုင်ရှင်နှင့် စားပွဲထိုးများသည်လည်း ထိတ်လန့်နေကြသည် ။

ထိုအချိန်တွင် တည်းခိုခန်းအတွင်းမှ ပျင်းရိသော အသံတစ်သံ ထွက်လာ၏။

"ငါ အစာစားနေတယ် ။ ငါ့ရဲ့ ငြိမ်းချမ်းမှု မနှောင့်ယှက်ပါနဲ့ ။ဒါက အသေးအဖွဲ ကိစ္စလေးပါ၊ သူတို့ကို မင်းတို့ သင်ခန်းစာပေးပြီးပြီဆို ရပါပြီ၊ မင်းတို့က ငါသွေးဝတ်စုံဓားနတ်ဘုရားကို သေးနုပ်တဲ့သူလို့ ထင်နေတာလား"

အမှန်မှာ ကျိယွမ်သည် ဘာလုပ်ရမှန်းမသိဖြစ်နေသည် ။

သူ၏ အထောက်အထားကို ဖုံးကွယ်ထားခဲ့ခြင်းက မှန်ကန်သွားခဲ့သည် ။ မဟုတ်လျင် သူသည် အစာကိုပင် အေးအေးဆေးဆေး စားနိုင်မည် မဟုတ်ပါ။

အင်း.နာမည်ကြီးတဲ့သူဖြစ်ရတာလဲ မလွယ်ပါလား။

...................

ယောင်ချန်ဂိုဏ်းတွင် သည် ။

စစ်မှန်သခင်တန်ဟန်သည် ဆေးလုံးများ သန့်စင်နေရင်းမှ အချိန်ကို စစ်ဆေးလိုက်သည် ။

"ဟိုကောင်လေး ဆေးပို့ပြီးတာတောင် ပြန်မလာသေးဘူး ။ သူ ဘယ်မှာ သွားပြီးသ​ဝေထိုးနေပြန်ပြီးနေလဲ မသိဘူး"

တန်ဟန်သည် သူ၏တပည့်ကို ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။

ထိုတပည့်သည် သူငယ်စဉ်ကလိုပင် ပျင်းရိပြီး ကြွားဝါတတ်သည် ။ရည်မှန်းချက်ကလည်း မရှိ။

ယခုဆို အပေါင်းအသင်းမှားနေပြီး မဟုတ်မမှန်သော အယူများကိုပင် လက်ခံနေလေပြီ။

သူက တပည့်ဖြစ်သူ၏အကြောင်းကို တွေးနေစဥ်မှာပင် ပြင်ပမှ ရယ်မောသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

"ညီလေးတန်ဟန်... မင်း ဒီလိုနေရာမှာ ပုန်းအောင်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး"

ထိုအသံကြောင့် တန်ဟန်သည် အံ့အားသင့်သွားပြီး အမြန်ကြည့်လိုက်ရာ ယွီချန်းနှင့်အတူ မဟာသခင်ယဲ့ချန်တို့ ရောက်လာသည်ကို မြင်လိုက်ရသည် ။

"အကြီးအကဲကို အရိုအသေပြုပါတယ်"

တန်ဟန်က ဦးညွှတ်လိုက်၏ ။ သို့သော် မဟာသခင်ယဲ့ချန်သည် အဘယ်ကြောင့် သူ၏နေရာသို့ တကူးတကရောက်လာသည်ကို သူ နားမလည်နိုင် ဖြစ်နေသည် ။

"မင်း တပည့်ကောင်းတစ်ယောက် ရထားတာပဲကွ "

မဟာသခင်ယဲ့ချန်က မနေနိုင်စွာထုတ်ဖော်ချီးမွမ်းလိုက်လေသည်။ထိုသို့သော တပည့်မျိုးက အမှန်ပင်ချီးမွမ်းထိုက်၏။

သို့သော် တန်ဟန်ကတော့ တုန်လှုပ်သွားသည်။

ပြီးသွားပြီ ။

ကောင်းရှောင်ယွီ ..ဒီကောင် ဘာပြဿနာရှာလိုက်ပြန်ပြီလဲ ။

နေရာအထိလိုက်လာပုံအရ ထိုက်စ္စက သေချာပေါက် မသေးငယ်နိုင်ပေ။

" အကြီးအကဲ၊ ဘာကို ဆိုလိုတာပါလဲ၊ ကျွန်တော့်ရဲ့ တပည့်မိုက်က ဆေးမပို့နိုင်ခဲ့ဘူးလား"

တန်ဟန်သည် ပြေလည်ရာပြေလည်ကြောင်း ပြောနေသော်လည်း ယခုအကြိမ်မှာတော့ တပည့်ကို တော်တော်လေး စိတ်တိုသွားသည်။

ကောင်းရှောင်ယွီဆိုတဲ့ကောင် .. ဒီလောက်အရေးကြီးတာကို နားမလည်ဘူးလား ။

"ဆေးက အရေးမကြီးပါဘူး"

မဟာသခင်ယဲ့ချန်သည် တန်ဟန်ကို သိချင်သလို ကြည့်လိုက်သည်။

"ညီလေး၊ မင်းရဲ့ တပည့်က အခု ဘယ်သူနဲ့အတူ ရှိနေတယ်ဆိုတာ မင်း တကယ် မသိဘူးလား"

တန်ဟန်က အနည်းငယ်စဥ်းစားရင်း ဖြေ၏။

"သူငယ်ချင်းတစ်ယောက်နဲ့ ရှိနေမယ်ထင်ပါတယ် ။အင်း... ကျွန်တော့် တပည့်က သူ့သူငယ်ချင်းတွေအပေါ် သစ္စာရှိတယ်လေ ။ သူတို့ထဲက တစ်ယောက်က ဒီနေရာကို ရောက်လာပြီး အင်အားကြီးတဲ့ ရန်သူတစ်ဦးနဲ့ ရင်ဆိုင်နေရတယ်တဲ့ ။ သူ မနိုင်မှာကို ကြောက်လို့ ကျွန်တော့် တပည့်ကို အကူအညီတောင်းဖို့ ဖိတ်ခေါ်ခဲ့ပြီး ဆေးပို့တာကို နှောင့်နှေးစေခဲ့တာပါ။ အကြီးအကဲက သူ့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

တန်ဟန်၏ အတွေးများသည် အလျင်အမြန် လည်ပတ်နေပြီး ဇာတ်လမ်းတစ်ပုဒ်ကို ချက်ချင်း အလှဆင်လိုက်သည် ။

မဟာသခင်ယဲ့ချန်သည် ထိုစကားကို ကြားပြီးနောက် ပြုံးကာ သူ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး မိနိ့မိန့်ကြီးဆို၏။

"ညီလေး၊ မင်းရဲ့ တပည့်က ဘယ်သူနဲ့ ပေါင်းသင်းနေလဲဆိုတာ မင်း တကယ် မသိဘူးကိုး"

"ဘယ်သူလဲ ၊ သူက အကြီးအကဲကို စော်ကားမိလို့လား"

တန်ဟန်သည် သူ၏တပည့်ကိုသာ ကျိန်ဆဲပစ်ချင်နေတော့သည်။

ဘယ်လိုအလေနတောတွေနဲ့ ပေါင်းနေတာလဲ ၊ ဒီကောင် ။

"သူက စော်ကားတာမဟုတ်ပါဘူး ၊ ငါကတောင် သူ့ကို မစော်ကားရဲတဲ့သူပါ"

"ဗျာ..."

"သူက... သွေးဝတ်စုံဓားနတ်ဘုရားပဲ"

"ဗျာ..."

"မင်းတပည့်ရဲ့သူငယ်ချင်းလေ ...သူကအခြားသူမဟုတ်ဘူး သွေးဝတ်စုံဓားနတ်ဘုရားပဲ"

"ဗျာ..."

တန်ဟန်က သူကြားနေရသည်ကို သူမယုံနိုင်ပါ ။ သူက ယဲ့ထျန်ကိုငေးကြည့်နေပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေခဲ့လေ၏။

ယဲ့ချန်က သူ၏ပုခုံးအားပုတ်လိုက်သည်။

"ဒီလို အဆက်အသွယ်နဲ့ဆိုရင် ယောင်ချန်ဂိုဏ်းဟာ နှစ်ပေါင်း တစ်သောင်းလောက် ထွန်းကားမှာ သေချာတယ်"

သူက မြေးဖြစ်သူ ယွီချန်ကိုလည်း အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။

........

တစ်လခွဲ ကြာပြီးနောက် သွေးဝတ်စုံဓားနတ်ဘုရားသည် အရှေ့ပိုင်းဒေသ တစ်ခုလုံးနီးပါးကို ခရီးသွားလာခဲ့သည် ။

ဆိုနာတေးသံသည်လည်း အရှေ့တိုင်းဒေသ တစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့လေ၏။

ရှင်းဟွာဖိုရမ်တွင် သူ့ကို ကျိန်ဆဲခဲ့သော လူတိုင်းသည် ၎င်းတို့၏ သင့်လျော်သော အပြစ်ဒဏ်ကို ရရှိခဲ့ကြရသည်။

ယခုဆိုလျှင် ကျိယွမ်သည် ဖိုရမ်တွင် ပိုစ့်တင်သောအခါတိုင်း ကွန်မန့်များအားလုံးသည် ချီးကျူးစကားများဖြင့် ပြည့်နှက်နေလေပြီ ။

ထို့အပြင် အခြားသူများ၏ ပိုစ့်များတွင်လည် အရင်ကလို ရန်လိုမှု၊ ငြင်းခုံမှု၊ မနှစ်မြို့ဖွယ်မှတ်ချက်များ အားလုံး ပျောက်ကွယ်သွားခဲ့ သည် ။

ကျိယွမ်သည် မှတ်ချက်များကို ကြည့်ပြီး ခေါင်းညိတ်ကာ ကျေနပ်နေ၏။

"ကျင့်ကြံခြင်းလောကရဲ့လေထုကို သန့်စင်လိုက်တာ ကြီးမားတဲ့ အောင်မြင်မှု ရခဲ့ပြီနဲ့ တူတယ်"

ထိုစကားကိုကြားသောအခါ ကျန်းယာသည် စကားမပြောနိုင်ဖြစ်သွားသည်။

ဒါကို အောင်မြင်မှုလို့ ခေါ်တာလား။

သူ့ကိုကြောက်ပြီး မပြောကြာတာကို။နည်းနည်းလေးစကားမှားတာနဲ့ အဖွဲ့လိုက်ကြီး သွားဆုံးမနေမှတော့ ဘယ်သူက စကားပြောရဲတော့မလဲ။

ကျိကျန်းက မှတ်ချက်ပြု၏။

"ဟုတ်ပါတယ် ၊ ကျင့်ကြံရေးလောကရဲ့ လေထုက အများကြီး သန့်စင်သွားပါပြီ ။

ဒါပေမယ့် ဒီငြိမ်းချမ်းရေးရဲ့ တစ်ဖက်ခြမ်းမှာ မကောင်းမှုတွေနဲ့ မတရားမှုတွေ အများကြီး ပုန်းအောင်းနေတုန်းပဲ၊ သူတို့က အခွင့်သာတာနဲ့ ပြန်ပြီးပေါ်ပေါက်လာမှာကတော့ဝမ်းနည်းစရာပါ"

ကြောက်ရွံခြင်းကြောင့်ပြောင်းလဲခြင်းသော်လည်ကောင်း ၊အကျိုးမြင်၍ပြောင်းလဲခြင်းသော်လည်းကောင်း ထိုနှစ်မျိုးလုံးက ယာယီသာဖြစ်သည်။ သူတို့၏ နှလုံးသားထဲမှ စစ်မှန်သောပြောင်းလဲချင်စိတ်မရှိလျှင် အလကားသာ ဖြစ်သွားလိမ့်မည်။အခွင့်အရေးရရသည်နှင့် ကျည်တောက်စွပ်ထားသော ခွေးမြီးကောက်များလို မူလအတိုင်းပြန်လုပ်ကြဦးမည်သာ။

ကျိယွမ်၏ အကြည့်က ရှင်းဟွာကျောက်စိမ်းပြားမှနေ၍ ​အဝေးတစ်နေရာသို့ ငေးကြည့်ကာ နက်ရှိုင်းလာသည် ။

"သန့်စင်တဲ့အလုပ်က မပြီးဆုံးသေးပါဘူး ။ငါတို့ ဆက်ပြီး ကြိုးစားရမယ်"

ကျိကျန်းက သဘောတူသလို​ခေါင်းညိတ်၏။

ထိုအချိန်တွင် ကျန်းယာက သတိပေးလာသည်။

"အကြီးအကဲ၊ ကျွန်မတို့ မြင့်တက်ခြင်းခန်းမကို မကြာခင် ရောက်တော့မှာပါ ။

ကျွန်မရဲ့ဆရာက ခန်းမထဲက နည်းစနစ်အားလုံးကို အကြီးအကဲအတွက် ဖွင့်ပေးထားမယ်လို့ ပြောပါတယ်"

ဝမ်ယုကုန်းမြေတိုက်ကြီးမှ သဘတူညီချက်အတိုင်း ကျန်းယာက ဆောင်ရွက်ပေးခဲ့ခြင်းပင်။

ကျိယွမ်သည် ယင်နတ်ဘုရားများထံမှ နည်းစနစ်များရရှိထားသော်လည်း

သူ့အတွက်တော့ လုံလောက်မှု မရှိသေးပေ ။

ကျိယွမ်ကျမ်း၏ အမြုတေလမ်းစဥ်အခန်းကပင် အခြေမရှိသောတွင်းနက်ကြီးအလား လိုအပ်ချက်များစွာရှိနေ၏။

တတ်လှမ်းခြင်းခန်းမက အရှေ့တိုင်းဒေသမှနည်းစနစ်များသာမကဘဲ ကန်းလန်းနယ်မြေကြီးတစ်ခုလုံးမှ တနည်းအားဖြင့် တစ်ကမ္ဘာလုံးမှ နည်းစနစ်များကိုစုဆောင်းထား၏။

သေချာပေါက် ကျိယွမ်အတွက်အကျိုးရှိစေမည့်နေရာပင်။

ဤသို့ဖြင့် အမွှေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် ဝိညာဥ်လှေသည်တဖြည်းဖြည်းနိမ့်ဆင်းလာခဲ့သည်။

တိမ်တိုက်များအားထိမတက် မြင့်မားနေသော မျှော်စင်ကြီးတစ်ခုသည် ကျိယွမ်၏ အမြင်အာရုံတွင် ထင်ရှားလာ၏။

မျှော်စင်ကိုမြင်သောအခါ ကျန်းယာက တောက်ပစွာ ပြုံးလိုက်သည် ။

"ပြန်ရောက်ပြီ"

သူမသည် ဘာမဟုတ်သော အရှေ့တိုင်းဒေသ ပါရမီရှင်တိုက်ပွဲတွင် ပါဝင်ရုံဖြင့် များစွာသောအရာများ ဖြစ်ပျက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ ။

အားလုံးကို အိပ်မက်တစ်ခုလိုပင် ခံစားရသည် ။

"သွေးဝတ်စုံ ဓားနတ်ဘုရားကို အရိုအသေပြုပါတယ်"

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်၊ သူထံမှ စာပေရနံ့ ကိုရရှိနေပြီး အမူအယာကလည်း ကျမ်းဂန် ဆန်သည် ။

"အကြီးအကဲ"

ကျန်းယာက ထိုစာပေရနံ့ရှိသူကို နှုတ်ဆက်လိုက်သည် ။

ထိုအဖြူရောင်ဝတ်ရုံနှင့် အမျိုးသားသည် ကျန်းယာ၏ အကြီးအကဲ ဖြစ်၏။

ကျိကျန်းသည် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားကို ကြည့်လိုက်သည် ။

"ဟို အဘိုးကြီးဝူထျန်းက မဆင်းလာသေးဘူးလား ဘာလုပ်နေလို့လဲ"

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားသည် ကျိ ကျန်း၏ လေသံကို အံ့အားသင့်ပုံ မရပေ ။

"ဆရာက မျှော်စင်ပေါ်မှာပါ ၊ သူအဖြေရှာနေတဲ့ပဟေဠိကို မဖြေရှင်းနိုင်မချင်း ဆင်းလာမှာ မဟုတ်ပါဘူး ။ အကြီးအကဲ၊ သူ့ကို ခွင့်လွှတ်ပေးပါ"

ထိုသူက ယဉ်ကျေးစွာ ရှင်းပြလိုက်သည် ။

"ပြဿနာမရှိပါဘူး ။ ကျွန်တော့်ကို မျှော်စင်ထဲကို ခေါ်သွားပေးပါ"

ကျိယွမ်က လိုရင်းကိုသာပြောလိုက်သည် ။

သူသည် ဝူထျန်းအဘိုးအိုနှင့် တွေ့ဆုံရန် စိတ်မဝင်စားပါ။သူက မြင့်တက်ခြင်းမျှော်စင်၏ စုဆောင်းမှုများကိုသာ စိတ်ဝင်စား၏ ။

"အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ"

အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက ထိုသို့ပြောပြီး မျှော်စင်ထဲသို့ကျိယွမ်အား လမ်းပြသွားလေသည်။

အခြားသူများကတော့ နေရာမှာပင်ကျန်ရစ်ခဲ့ကြ၏။

မကြာမီ ကျိယွမ်သည် မျှော်စင်ပေါ်သို့ရောက်ရှိသွားသည်။

ထိုအခိုက် သူ၏ ဘယ်ဘက်မျက်ခုံးက ရွရွလေးလှုပ်သွားသဖြင့် ကျိယွမ်က ပြုံးလိုက်သည် ။

"ကောင်းတဲ့အရာတစ်ခုခု ဖြစ်တော့မယ်နဲ့ တူတယ်"

"ရောက်ပါပြီအကြီးအကဲ ၊ စိတ်ကြိုက်လေ့လာနိုင်ပါတယ် ၊ ကျွန်တော့်ကို ခွင့်ပြုပါဦး"

အဖြူရောင်ဝတ်စုံနှင့်လူ ပျောက်ကွယ်သွားပြီး ကြီးမားကျယ်ပြန့်သော မျှော်စင်ကြီးပေါ်တွင် ကျိယွမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည် ။

ပထမထပ်တွင်ရှိသော နည်းစနစ် ကျောက်စိမ်းပြား အမြောက်အများကို ကြည့်ပြီး ကျိယွမ် ကျေနပ်သွား၏။

"မြင့်တက်ခြင်းမျှော်စင်က နည်းစနစ်တွေကို ဒေသအနှံ့က စုဆောင်းထားတယ်ဆိုတဲ့ ဂုဏ်သတင်းက မမှားဘူးပဲ"

ပထမထပ်တစ်ခုလုံးအား သူ့၏နတ်ဘုရားအာရုံနှင့် စကင်ဖတ်လိုက်သောအခါ နည်းစနစ် တစ်သောင်းကျော်ကို သူ တွေ့ရှိခဲ့သည် ။

အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ ကျောက်စိမ်းအဆင့်နှင့် နက်နဲသောအဆင့် နည်းစနစ်များ အားလုံးရှိ၏။

ထို့အပြင် ပထမထပ်မှာတင် ကောင်းကင်အဆင့် နည်းစနစ်ငါးခုကို သူ တွေ့ရှိခဲ့လေသည်။

ယဲ့ချုံးနှင့်ကရုဏာနတ်သမီးတို့ဆီမှာပင်

ကောင်းကင်အဆင့် နည်းစနစ် ခြောက်ခုသာ သူရရှိခဲ့သည်။

ယခုနေရာ၌ ငါးခုရှိနေပြီး ထိုအရာက ပထမထပ်ပဲ ရှိသေးသည် ။

ကျန်းယာ၏ပြောစကားအရ မျှော်စင်ကငါးထပ်ရှိ၏။ ပထမထပ်ကပင် ယင်နတ်ဘုရားတစ်ပါးထက် ပိုကြွယ်ဝနေသည် ။

ကျိယွမ်က ကျေနပ်စွာ လှည့်လည်ကြည့်နေစဥ် အသံတစ်ခုထွက်ပေါ်လာသည်။

"ဝမ်ယုသခင်ကို အရိုအသေပြုပါတယ်"

ကျိယွမ် လှည့်ကြည့်လိုက်သောအခါ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည် ။

အဘိုးအို၏ ခန္ဓာကိုယ်သည် သစ်သားခြောက်ကဲ့သို့ပိန်လှီနေသော်လည်း သူ၏ မျက်လုံးများသည် တောက်ပပြီး ထိုးဖောက်မြင်နိုင်သည့်အလားပင်။

ကျိယွမ် အံ့အားသင့်သွားသည် ။

"ခင်ဗျားက ခရမ်းရောင်နန်းတော်အဆင့်မှာ ရှိနေတာတောင် ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတာလား"

သူ၏မျက်လုံးများက လင်းလက်သွားလေသည်။

[ပုံမှန်မဟုတ်သော ကျင့်ကြံသူတစ်ဦး၊ မြင့်တက်ခြင်းမျှော်စင်၏ သခင်၊ အဘိုးအိုဝူထျန်း]

ထူးထူးခြားခြားအချက်အလက်များကို မတွေ့ရပေ။

"ကျွန်တော် ထိုင်နေတာ အသားကျနေပါပြီ ။ ဒါကို စွန့်ခွာလို့ မရတော့ဘူး"

လူကအိုသော်လည်း အသံက တော်တော်မာ၏။

"ခင်ဗျားဟာက မဟုတ်သေးပါဘူး ၊ အနာဂတ်မှာ လက်ထပ်ပြီး ခင်ဗျားရဲ့ မင်္ဂလာဦးညကို ပြင်ဆင်မယ်ဆိုရင်တောင် ဒီဘီးတပ်ကုလားထိုင်ပေါ်မှာ ဆက်ထိုင်နေမှာလား"

ကျိယွမ်က အံ့သြသလို မေးလိုက်သည် ။

ဝူထျန်းအဘိုအိုက ကျိယွမ်၏မေးခွန်းကို အံ့သြဟန်မပြဘဲ တုန့်ပြန်၏။

"အကြီးအကဲက ဟာသဉာဏ်မှာလည်း ပါရမီရှိတာကိုး"

ကျိယွမ်ကို ရင်ဆိုင်ရာတွင် သူသည် အခြားခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကဲ့သို့ ကြောက်ရွံ့နေခြင်းမျိုးမရှိပေ။

စကားလုံးများက ယဥ်ကျေးသော်လည်း တန်းတူချင်း စကားပြောနေသည့်အလားရှိ၏။

"ကျွန်တော်က ဒီခန္ဓာကိုယ်ရဲ့ချုပ်နှောင်မှုကနေ မလွတ်မြောက်နိုင်ဘဲ လက်ထပ်တဲ့ကိစ္စကို ဘယ်လိုပြောနိုင်မှာလဲ"

အဘိုးအိုဝူထျန်းက ကျိယွမ်ကို ကြည့်ကာ ပြောလိုက်သည် ။

"ကျွန်တော် မိတ်ဆွေကို တော်တော်အားကျမိတယ် ။ ဝမ်ယုတိုက်ကြီးရဲသခင် ဖြစ်လာဖို့ အရှိန်အဟုန်တစ်ခုတည်းနဲ့ တက်လှမ်းလိုက်တာ၊ ခင်ဗျားမှာ... အနည်းဆုံးတော့ လွတ်လပ်မှု နှစ်ပေါင်း တစ်သောင်း ရှိတယ်"

"လူနားမလည်တဲ့ ပဟေဠိတွေလုပ်မနေပါနဲ့ "

ကျိယွမ်က စိတမရှည်သလို အဘိုးအိုဝူထျန်းကို ကြည့်ကာ ပြောလိုက်သည် ။

ထိုအခါ ဝူထျန်းက ကျိယွမ်ကို စိုက်ကြည့်ပြီး မေး၏။

"ဝမ်ယုသခင်၊ မဟာကပ်ဘေးကြီးက ဘာလဲဆိုတာ သိလား"

ကျိယွမ် မျက်မှောင်ကုပ်သွား၏။

"ခင်ဗျားလည်း သိနေတာလား"

အမှန်တော့ သူသည် မဟာကပ်ဘေးကြီးအကြောင်းကို ယင်နတ်ဘုရားများစွာအား မေးမြန်းခဲ့သော်လည်း သူတို့အားလုံးက သိသလောက်ပြောခဲ့သော်လည်း ဘယ်သူကမှ ၎င်းသည် အမှန်တကယ်က ဘာလဲဆိုတာကို မသိကြပေ ။

သို့သော် အဘိုးအိုဝူထျန်းက သိနေပုံရသည် ။

"အကြီးအကဲ ကောင်းကင်ပေါ်က အတောက်ပဆုံး ကြယ်ကို ကြည့်လိုက်ပါ"

ဝူထျန်း၏စကားဆကြာင့် ကျိယွမ်သည် ကောင်းကင်အားမော့ကြည့်လိုက်သည် ။

ကောင်းကင်ယံတွင် နေလုံးနီသည် တောက်ပနေသော ခရမ်းချဉ်သီးကဲ့သို့ ဖြစ်နေ၏ ။

"နေလား "

"မဟာကပ်ဘေးက နေလား"

ကျိယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် ။

သူ စုဆောင်းထားသော အချက်အလက်များအရ ကောင်းကင်ပေါ်ရှိ နေသည် ယန်နတ်ဘုရားတစ်ပါးကို ကိုယ်စားပြု၏။

ထို ယန်နတ်ဘုရားသည် ပတ်ဝန်းကျင်ရှိ နယ်​မြေများနှင့် ကမ္ဘာများအားလုံးတွင် အစွမ်းအထက်ဆုံး ယန်နတ်ဘုရားလည်း ဖြစ်သည် ။

ထို့ကြောင့် သူ၏ အလင်းရောင်သည် အတောက်ပဆုံး ဖြစ်နေခြင်းမဟုတ်ပါလား။

ကောင်းကင်အားလုံးကို လင်းစေနိုင်​သော အခြားယန်နတ်ဘုရားများစွာ ရှိနေပါသေးသည်၊သူတို့က နေမင်းထက် အများကြီး ပိုအားကောင်းကြသည် ။

သို့သော် ၎င်းတို့သည် ကန်းလန်နယ်မြေနှင့် အလွန်ဝေးကွာနေကြသည် ။

"ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ပါဘူး"

အဘိုးအိုဝူထျန်းက သက်ပြင်းချကာပြောလိုက်သည် ။

"မဟာကပ်ဘေးနဲ့ အဲဒီနေမင်းက ဖော်ပြရခက်တဲ့ ဆက်သွယ်မှုတစ်ခု ရှိနေတယ်။

ဒါကြောင့် ကန်းလန်နယ်မြေက အင်အားကြီးသူတွေက မဟာကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါမှာ သူတို့ဟာအရှက်ကွဲခံပြီး ငြိမ်နေရုံတင်မကဘူး အခွင့်ကောင်းယူတာကိုပါ ခံနေရတယ်"

ထိုစကားကို ကြားသောအခါ ကျိယွမ်အနည်းငယ် နားလည်လာသည် ။

အဘိုး​အိုဝူထျန်း ပြောသည်မှာ မှန်ပါက မဟာကပ်ဘေးသည် ရင်ဆိုင်ရန် တော်တော်လေး ခက်ခဲသည်မှာ အမှန်ပင်။

အင်း ဒီကိစ္စက ကျားလည်းကျောက်ရ ၊ ကျားချေးလည်းကြောက်ရဆိုသလိုဖြစ်နေပြီ။

ထိုကပ်ဘေးက ကျားချေးနှင့်တူနေ၏။ ကန်းလန်နယ်မြေ၌ မဟာအုပ်စိုးရှင်များရှိနေလျှင်ပင် ချေးပိုင်ရှင် ကျားကိုကြောက်သောကြောင့် ကျားချေးကိုမြင်ရုံနှင့် အဝေးကရှောင်နေရသည့်ဘဝသို့ရောက်နေရ၏။

"လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသိန်းက ကန်းလန်နယ်​မြေမှာ အထွတ်အထိပ်ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ဖူးတယ်။သူက ကိုယ်ပိုင် ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးခဲ့ပြီး မဟာအုပ်စိုးရှင်တစ်ပါး ဖြစ်လာတယ်၊ မဟာကပ်ဘေးကို သူက ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး သူရဲ့စွမ်းအားနဲ့ ဖိနှိပ်လုနီးပါးအထိ အောင်မြင်နေပြီ"

"ဒါပေအဲ့ ... အဲဒီအချိန်မှာ ကောင်းကင်ဘုံက ကြယ်တွေကတောက်ပလာပြီး ကောင်းကင်ဘုံသက်ရှိတွေအများကြီးက ရုတ်တရက် ဆင်းသက်လာတယ်လေ ။ အကျိုးဆက်အနေနဲ့ အဲဒီပါရမီရှင်ဟာ

ကျဆုံးသွားခဲ့ရတယ်"

ကျိယွမ်၏ မျက်လုံးများက လေးနက်သွား၏။ ထိုကိစ္စကို သူလုံးဝမကြားဖူးခဲ့​ပါ။

သူက ကောင်းကင်မှ နေမင်းကြီးနှင့်ကြယ်များကို မော့ကြည့်မိသည်။

သူတို့က ဘာလို့ ဆင်းလာကြတာလဲ။

.....................

All Chapters