စားသောက်ပွဲ ၊ ရက်သုံးဆယ်ကြာပွဲတော်ကြီး။
Vol. 14 Ch. 172
အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မြေခွေးမသည် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အမူအရာဖြင့် လေထဲသို့ ပျံတက်သွားသည်။ ရှီးကျားရွာသူရွာသားများမှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ကျိယွမ်သည် ရှီးကျားရွား၏နတ်ဘုရားမြေခွေးမကို တစ်ချက်စစ်ဆေးလိုက်၏
[စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့် ၊ နတ်ဘုရား၏ မူလစွမ်းအားအနည်းငယ်ကို ပိုဆိုင်ထားသည်]
"ဟင်.."
သူ၏ရှေ့မှ နတ်ဘုရားဆိုသူသည် တော်တော်လေးကို အစွမ်းမရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူသိနိုင်သည်။ကျင့်ကြံဆင့်က ရွာသားများထက် အနည်းငယ်မျှသာ သာလွန်၏။
သာမန်စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်လေးသာဖြစ်သည်။ သို့သော်လည်း ရွာသားများ၏ ပူဇော်မှုများမှတစ်ဆင့် နတ်ဘုရား၏ မူလစွမ်းအား အစိတ်အပိုင်းအနည်းကို စုစည်းနိုင်ခဲ့ဟန်တူသည်။
ပြောရလျှင် ထိုအရာကပင်လျှင် အတော်လေး အထင်ကြီးစရာ ကောင်းနေ၏။
ကန်းလန်နယ်မြေတွင် စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကသာ ထိုနည်းလမ်းမျိုးဖြင့် နတ်ဘုရား၏ မူလစွမ်းအားကို ရရှိနိုင်ခဲ့မည်ဆိုလျှင် နယ်မြေတစ်ခုလုံးသည် "နတ်ဘုရားများ" နှင့် ပြည့်နှက်ကာ ရှုပ်ထွေးမှုများပင်ဖြစ်ပေါ်လာမည်ဖြစ်သည်။
ကျိယွမ်ကြည့်နေခိုက် ဆွဲဆောင်မှုရှိသောပုံစံကို ထုတ်ဖော်နေသည့် အနီရောင်ဝတ်စုံ မြေခွေးမသည် သူမ၏ လျှာကြီးကို ထုတ်လိုက်သည်။
"ခုမှမွေးခါစ ရှေးဟောင်းနတ်ဘုရား၊ နင့်ရဲ့အရသာက သိပ်ကောင်းမှာပဲ။"
နတ်ဘုရားအသစ်များသည် ရှေးဟောင်းနတ်ဘုရားများကို စားသုံးခြင်းဖြင့် ၎င်းတို့၏ ကျင့်ကြံမှုကို မြှင့်တင်နိုင်သဖြင့် မြေခွေးမသည် နုပျိုသော ကျိယွမ်ကို စိုက်ကြည့်ရင်း သူမ၏မျက်လုံးများတွင် လောဘရောင်များ တောက်ပလာခဲ့သည်။
ကျိယွမ်သည် အလွန်တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားရင်း ပြန်လည်တုံ့ပြန်၏။
"ဟွန်း... နင့်လို သတ္တဝါလေးက ငါ့ကို အတွေ့အကြုံရမှတ်တွေ အများကြီး ပေးနိုင်ပါ့မလားဆိုတာပဲ ငါစိတ်ပူတာ။"
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ကျိယွမ်သည် သူ၏ ဇာတ်ကောင်အဆင့်သည် ယခင်ဂိမ်းများကဲ့သို့ အဆင့် ၁ မှ ၁၀၀ သတ်မှတ်သည့်စနစ် မဟုတ်သည်ကို တွေ့ရှိခဲ့သည်။
လက်ရှိတွင် သူသည် အဆင့် ၁ နတ်ဘုရား ဟူသော သတ်မှတ်ချက်တွင် ရှိနေ၏။
သူ့ရှေ့မှ မြေခွေးမသည် အဆင့် ၅၅ နတ်ဘုရားဖြစ်လေသည်။
နတ်ဘုရားနှစိပါးကြားရှိ ကွာခြားချက်မှာ... အလွန်ကြီးမားလှသည်။
၎င်းသည် အစောပိုင်းအဆင့် အမြုတေသမားနှင့် စိတ်ဝိညာည်အထွတ်အထိပ်အဆင့်လောက်ကွာခြားနေခြင်းပင်။
ထို့ပြင် ပြိုင်ဘက်မှာ သူမ၏နယ်မြေအတွင်းရှိနေသော နတ်ဘုရားဖြစ်ပြီး မူလစွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ကျိယွမ်က သူ၏နယ်မြေကိုစွန့်ခွာလာခဲ့သူဖြစ်သောကြောင့် စွမ်းအားများစွာကျဆင်းနေ၏။
ပုံမှန်အားဖြင့်ဆိုလျှင် ထိုမျှကြီးမားသော ကွာခြားချက်ရှိပါက ကျိယွမ်သည် ချက်ချင်း အရေးနိမ့်သွားမည်သာဖြစ်သည်။
သူ၏ကြယ်တာရာအမြုတေကို မခေါ်လျှင် ကျိယွမ်၏ လက်ရှိအစွမ်းသည် ထိုမျှကြီးမားသော အဆင့်ကွာခြားချက်ကို ကျော်လွှားရန် မလုံလောက်ပါ။
"ငါ့ရဲ့နောက်လိုက်တွေ ၊ နင်တို့ရဲ့ အစွမ်းသတ္တိကို ငါ့ကို ပေးအပ်လိုက်ကြ"
"ငါနဲ့အတူ တိုက်ခိုက်"
အနီရောင်ဝတ်စုံဝတ်ဆင်ထားသော မြေခွေးမသည် ဆွဲဆောင်မှုရှိသောအော်ဟစ်သံအဆုံးတွင် ရှီးကျားရွာသူရွာသားများသည် မျက်နှာများ ဖြူဖျော့ကာ တွန့်ဆုတ်သွားကြသည်။
ကျိယွမ်ကို အထင်အမြင်သေးပုံရသော်လည်း မြေခွေးမသည် တိုက်ပွဲစကတည်းက အစွမ်းကုန် ထုတ်သုံးလာ၏။
မရေတွက်နိုင်သော အနီရောင်အလင်းအစက်များသည် ရွာသားများ၏ ခန္ဓာကိုယ်များမှပျံထွက်လာပြီး မြေခွေးမ၏ လက်များတွင် စုဝေးကာ နောက်ဆုံးတွင် ဝံပုလွေသွားများပါသော ကြီးမားသည့် တုတ်တစ်ချောင်းအဖြစ် ပုံပေါ်လာခဲ့သည်။
ရှန်ထူသည် ထိုတုတ်ကိုမြင်သောအခါ သူ၏ဒူးများပင် မတဆတ်ဆတ်တုန်ယင်နေ၏။
"ဒါက ပူဇော်သက္ကာအဆောင်လက်နက်ပဲ"
ပူဇော်သက္ကာအဆောင်လက်နက်များသည် လူအများအပြား၏ ပူဇော်မှုများမှ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာမြေ၏ အနှစ်သာရ စွမ်းအားကို ထည့်သွင်းထားသည်။
ကျိယွမ်ကတော့ ပူဇော်သက္ကာတွေဘာတွေ နားမလည်ပါ ။ သူနားလည်သည်ကတော့ ထိုအရာသည် နတ်ဘုရား၏မူလစွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိသော လက်နက်တစ်ခု ဖြစ်နေသည်။
ကျိယွမ်သည် စိတ်ဝင်တစားဖြင့် ရေရွတ်လိုက်မိ၏။
"စိတ်ဝင်စားစရာပဲ။"
လျူဖုန်းနယ်မြေတွင် သူလုပ်ခဲ့သကဲ့သို့ နတ်ဘုရား၏ မူလစွမ်းအားကို လက်နက်ထဲသို့ ထွင်းထုထားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထိုအချိန်တွင် ချင်းရွှေရွာလူကြီး ယွီလီသည် လည်း ရွာသားတစ်ရာနီးပါးနှင့်အတူ ရောက်ရှိလာခဲ့သည်။
မြေခွေးမက ရွာသားများ၏ ပူဇော်မှုများကို စုပ်ယူနေသည်ကို မြင်သောအခါ ကြောက်ကြောက်နှင့်လိုက်လာသောသူတို့အားလုံးမှာ ပို၍ပင် ထိတ်လန့်ကုန်တော့သည်။
"ငါတို့တော့ ပျက်စီးပြီ"
"မိစ္ဆာနတ်ဘုရားတိုက်ခိုက်တော့မယ်.."
ရွာသားများ၏တွန့်ဆုတ်မှုကိုမြင်သောအခါ ရွာလူကြီးယွီလီက အမိနိ့ပေးလိုက်သည်။
"သွားစမ်း... နတ်ဘုရားအရှင်ကို ကူညီကြ"
ရွာသားများ မတွန့်ဆုတ်ရဲတော့ပေ။
ယခုအချိန်က အကုန်လုံးစည်းလုံးပြီး မိမိတို့နတ်ဘုရားကို အားပေးထောက်ခံရမည့်အချိန်ပင်။
ကျိယွမ်က သဘောကျသလိုပြုံးကာ မှတ်ချက်ချလိုက်၏။
"လူများလေ၊ ပွဲက ပိုပျော်စရာကောင်းလေပဲ။"
သူသည် အဆင့် ၅၅ နတ်ဘုရား ပြိုင်ဘက်ကို ကြောက်ရွံ့ခြင်းမရှိပါ။
"ဓား၊ လာခဲ့"
ညင်သာစွာအမိန့်ပေးလိုက်သည်နှင့် ကျိယွမ်၏ ကျောပေါ်မှဓားသည် ဓားအိမ်ထဲမှပျံထွက်လာသည်။
ဓားသည် သွေးနီရောင်ဖြစ်ပြီး ရှုပ်ထွေးသော ပုံစံများကို ထွင်းထုထားသည်။ ဓားရိုးတွင်လည်း မတူညီသော အမူအရာများရှိသည့် အနက်ရောင်မျက်နှာရုပ်ပုံခုနစ်ခုကို အလှဆင်ထားလေ၏။
ပြင်းထန်သော သွေးဆာနေသည့် သတ်ဖြတ်လိုစိတ်စွမ်းအင်လှိုင်းကြီးသည် ပျံ့နှံ့သွားပြီး ရှီးကျားရွာပေါ်ရှိ ကောင်းကင်တစ်ခုလုံးကို ချက်ချင်း သွေးရောင်ပြောင်းသွားစေခဲ့သည်။။
မြင်ကွင်းက နတ်ဆိုးတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသည့်အလားပင်။
အကူအညီပေးရန် ကျိယွမ်ဆီသို့ အားကြိုးမာန်တက်ပြေးလာသော ချင်းရွှေရွာသားများမှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားကြသည်။
"ဘာ...ဘာကြီးလဲ"
ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်သည် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော နတ်ဆိုးလက်နက်တစ်ခုအလား အားလုံးခံစားလိုက်ရ၏။
ရှီးကျားရွာသားများမှာလည်း ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။
"မိစ္ဆာနတ်ဘုရား"
"သူက မိစ္ဆာနတ်ဘုရားပဲ"
ယခင်က ချင်းရွှေရွာသားများက ရှီးကျားရွာ၏ နတ်ဘုရားကို မိစ္ဆာနတ်ဘုရားဟု ခေါ်ခဲ့ကြသည်။
ယခုအခါမှာတော့ ရှီကျားရွာသားများက ချင်းရွှေ၏နတ်ဘုရားကို မိစ္ဆာနတ်ဘုရားဟု ပြန်၍ခေါ်နေကြလေပြီ။
ကျိယွမ်သည် အနီရောင်ဝတ်စုံဝတ်ဆင်ထားသော မြေခွေးမကို ကြည့်လိုက်၏။
"နင့်မှာ နင့်ရွာသားတွေရဲ့ ကောင်းချီးတွေနဲ့ နတ်ကွန်းရဲ့ ထောက်ခံမှုရှိတယ်။ ဒါပေမဲ့ ငါ့မှာတော့ နင့်ခေါင်းကို ဖြတ်ပစ်မယ့် ဓားတစ်ချောင်း ရှိတယ်"
သူကထိုသို့ပြောပြီးသည်နှင့် သူ၏ဓားအားအမိန့်ပေးလိုက်၏။
"ဓား.. သွားတော့"
ကျိယွမ်သည် သူ၏လက်ကိုပင် မမြှောက်ခဲ့ပါ။လူကိုယ်တိုင်သွားဖို့ဆိုလျှင်ဝေးရောပင်။
သူသည် မိမိကိုယ်ကို ထိခိုက်စေမည့် စွန့်စားခြင်းမျိုးမလုပ်ချင်ပါ။ဂိမ်းထဲရောက်ကာစ သူ၏အသက်လေးကို အသေမခံနိုင်ပေ။
အဆင့် ၁ နတ်ဘုရားသာရှိသေးသည့်အတွက် သူသာအတိုက်ခံရပါက သေလမ်းသာရှိသည်။
နတ်ဘုရား၏ မူလစွမ်းအားကို ထုဆစ်ထားသော ကျိယွမ်၏သွေးဓားသည် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မြေခွေးမဆီသို့ ပြင်းထန်စွာ ပျံသန်းသွား၏။
ဓား၏အရှိန်အဝါကို ခံစားမိသောအခါသူမ၏မျက်နှာအမူအရာသည် ကြောက်ရွံ့ခြင်းသို့ ပြောင်းလဲသွားသည်။
"ဒီ ပူဇော်သက္ကာအဆောင်လက်နက်ကို နင်ဘယ်က ရခဲ့တာလဲ"
"မဖြစ်နိုင်ဘူး.."
သူမ လုံးဝ နားမလည်နိုင်ပါ။
သူ၏နတ်ကွန်းနှင့်အပိုင်စား နယ်မြေကို စွန့်ခွာလာခဲ့သော်လည်း ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် ပူဇော်သက္ကာ အဆောင်လက်နက်ကို သူမည်သို့ သုံးစွဲနိုင်ရသနည်း။
ထိုကြောက်မက်ဖွယ် သွေးဓားနှင့် နှိုင်းယှဉ်ပါက သူမ၏လက်ထဲမှ ဝံပုလွေသွား တုတ်သည် အရေးမပါတော့ပေ။
ကျိယွမ်သည် သူမ၏မေးခွန်းကို မဖြေပါ။
"ခေါင်းကို ဖြတ်"
နတ်ဘုရား၏ မူလစွမ်းအားကို ထုဆစ်ထားသော သွေးဓားသည် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မြေခွေးမဆီသို့ တိုးဝင်သွားရင်းမှ ဟင်းလင်းပြင်နှလုံးသားနှလုံးသားဧကရာဇ်နိုးထခြင်း စွမ်းရည်ကို ထုတ်လွှတ်လိုက်၏။
ထုဆစ်ထားသော မူလစွမ်းအားကို စိတ်ဝိညာဥ်အဆင့်လေးက ဆန့်ကျင်နိုင်စရာအကြောင်းမရှိပါ။
ရှီကျားရွာ၏ အစောင့်အရှောက်နတ်ဘုရားသည် ရူးသွပ်မှုထဲသို့ ချက်ချင်း ကျရောက်သွားလေသည်။
"စားမယ် ..၊ ငါ စားရမယ်"
"အကုန်စားပစ်မယ်...ပေးကြ.."
အသံနက်ကြီးနှင့်အော်ဟစ်နေသော မြေခွေးမ၏ ခေါင်းသည် ဓားတစ်ချက်ပင်မခံဘဲ ဖုတ်ခနဲ ပြုတ်ကျသွား၏။
အားကောင်းသော အစောင့်အရှောက်နတ်ဘုရားသည် အားထုတ်စရာပင်မလိုဘဲ လွယ်ကူစွာ အသတ်ခံလိုက်ရရှာသည်။
များပြားသောအတွေ့အကြုံရမှတ်များသည် ချီယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်လာ၏။
သူ၏နတ်ဘုရားအဆင့်သည် ၁ မှ ၂ သို့၊၂ မှ ၃ သို့ ဆက်ကာဆက်ကာတက်သွားပြီး နောက်ဆုံးတွင် အဆင့် ၁၁ တွင် ရပ်တန့်သွားခဲ့သည်။
ရှီကျားရွာသားများမှာ မျက်တောင်ခတ်ရန်ပင် မေ့လျော့နေကြကုန်၏။သူတို့က အံ့သြလွန်း၍ လောလောဆယ်ကြောက်လန့်ရန်ပင် မေ့နေကြပုံပေါ်သည်။
ရွာလူကြီး ယွီလီသည် မြေပြင်ပေါ်မှ ပါးစပ်ပြဲနေသော ဦးခေါင်းပြတ်ကြီးကို ကြည့်ကာ မျက်လုံးပြူးနေသည်။
သူခေါ်လာသော ရွာသားများလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။
နတ်ဘုရားတစ်ပါးသည် သူ၏ နတ်ကွန်းမှ ထွက်ခွာလာပြီးနောက် ဤမျှ အစွမ်းမရှိသင့်ပါ။
သူသည် ရှီးကျားရွာ၏ နတ်ဘုရားကို မည်သို့ သတ်ပစ်နိုင်ခဲ့လေသနည်း။
အထူးသဖြင့် ကျိယွမ်ကို လုံးဝမယုံကြည်သော ခပ်ဝဝရွာသားမှာ ယခုအခါ မေးရိုးများပင် ပြုတ်ကျကုန်၏။
"ငါတို့ရဲ့ နတ်ဘုရားက နည်းနည်း ထူးဆန်းနိုင်ပေမယ့် သူ့ရဲ့ အစွမ်းတန်ခိုး... မယုံနိုင်စရာပါလား"
ထိုမျှ အစွမ်းထက်သော နတ်ဘုရားသည် သူတို့၏ စုတ်ပြတ်သတ်နေသောရွာ၏ နတ်ကွန်းပျက်တွင် မည်သို့ မွေးဖွားလာနိုင်သနည်း။
၎င်းသည် အဓိပ္ပာယ်မရှိပေ။
ယွီလီ၏ မျက်လုံးများသည် ခေါင်းပြတ်ကြီးမှတဆင့် သွေးနီရောင် ဓားကို အာရုံစိုက်လိုက်သည်။
"အစွမ်းတန်ခိုးက နတ်ဘုရားဆီက မဟုတ်ဘူး၊ အဲဒီဓားဆီက"
ဓားတွင် နတ်ဘုရား၏ မူလစွမ်းအားကို ပြင်းပြင်းထန်ထန် စုစည်းထားသည်ကို သူခံစားနိင်သည်။
၎င်းသာ ပိုမိုအားကောင်းလာပါက ပူဇော်သက္ကာအဆောင်လက်နက်မှ နတ်ဘုရားလက်နက်ပင် ဖြစ်လာနိုင်လိမ့်မည်။
ယွီလီက အတွေးပေါက်သွားပြီး ကောက်ချက်ချလိုက်သည်။
"ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရားက ဒီဓားနဲ့အတူ မွေးဖွားလာတာ ဖြစ်ရမယ်၊ စစ်မှန်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်နိုင်တယ်"
ထိန်လန့်နေသောရွာသားများမှာ ထိုမှတ်ချက်ကို ကြားသောအခါ စိတ်လှုပ်ရှားလာကြသည်။
သူတို့၏ နတ်ဘုရားသည် စုတ်ပြတ်သတ်နေသော ရွာတွင် မွေးဖွားခဲ့သော်လည်း အထင်ကြီးစရာ ကောင်းသောအခြေခံရှိနေသည်မဟုတ်ပါလား။
"ငါတို့ရဲ့ နတ်ဘုရားက ဒီလောက် အစွမ်းထက်တယ်ဆိုရင် ငါတို့ တစ်ခါကိုပေါက်စီနှစ်လုံးထိ စားနိုင်မှာပဲ"
ရွာသားများမှာ ကြီးမားသောအိပ်မက်များက်ု စတင်မက်နေကြလေပြီ။
တစ်ချိန်တည်းမှာပင် တစ်ဖက်ရှိ ရှီးကျားရွာသားများသည် ကြောက်ရွံ့မှုနှင့်အတူ အလွန်တုန်လှုပ်နေသည်။
အထူးသဖြင့် ရှီကျားရွာရှိ အင်အားအကြီးဆုံး မိသားစုဖြစ်သော ရှီမိသားစုဖြစ်၏။
သူတို့သည် နတ်ဘုရားအသစ်ကို ဖိတ်ခေါ်ခဲ့ကြသောကြောင့် သူတို့၏ ကံကြမ္မာများသည် နတ်ဘုရားနှင့် ဆက်နွှယ်နေသည်။
ယခု သူတို့အားကိုးသော နတ်ဘုရားကပွဲပသ်မစရသေးချေ ခေါင်းပြတ်ကာသေဆုံးသွားပြီဆိုတော့ သူတို့မည်သို့ဖြစ်မည်နည်း။
"မဖြစ်ရဘူး.."
"အား....."
ရုတ်တရက် ရွာသားတစ်ဦး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေခေါင်းတစ်လုံး ပေါက်ထွက်လာသည်။
မကြာမီတွင် အလားတူ ဝံပုလွေခေါင်းများသည် အခြား ရွာသား တစ်ဒါဇင်ကျော်၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာကြသည်။
ရှန်ထူးက အလျင်အမြန် ရှင်းပြလိုက်သည်။
"သူတို့ကို နတ်ဘုရားအသစ်က စုပ်ယူထားတာပဲ။ အခု နတ်ဘုရားသေသွားပြီဆိုတော့ သူတို့က... နတ်ဘုရား သားပေါက်တွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်"
နတ်ဘုရားအသစ်ကို ပို၍သစ္စာခံသူသည် အကျိုးကျေးဇူးများ ပို၍ရရှိနိုင်သည်။ နတ်ဘုရားအသစ်သည် ၎င်းတို့ကို တဖြည်းဖြည်း စုပ်ယူပြီး နတ်ကွန်းအစောင့်များအဖြစ်သို့ ပြောင်းလဲပေး၏။
သို့သော် နတ်ဘုရားအသစ် သေဆုံးသွားသောအခါ ၎င်းတို့သည် သတ်ဖြတ်လိုစိတ်တစ်ခုသာရှိသည့် အသိစိတ်ကင်းမဲ့သွားသော နတ်ဘုရား သားပေါက်များ ဖြစ်လာမည်ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ရှီးကျားရွာရှိ အင်အားအကြီးဆုံးမိသားစုမှ နတ်ဘုရား သားပေါက် ဒါဇင်နှင့်ချီ၍ ပေါ်လာခဲ့သည်။
"ခေါင်းဆောင်ကြီး သေသွားပြီးတော့ ခေါင်းဆောင်ငယ်လေးတွေ ဖြစ်လာတာလား"
ကျိယွမ်သည် ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ဓားအား တဖန်ထုတ်လွှတ်လိုက်သည်။
သွေးနီရောင် ဓားသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ နတိဘုရားသားပေါက်များဆီ ပစ်လွှင့်သွားလေ၏။
"အားလုံးကို နှင်ထုတ်ပစ်"
" ခေါင်းဖြတ်သတ်"
"ပွဲတော်လုပ်ကြမယ်"
"ရက်သုံးဆယ်တိတိ ဆက်တိုက်ကျင်းပကြ"
ထိုမိသားစုတစ်စုလုံးကို သတ်လိုက်လျှင် ပွဲတော်ကို ရက်ပေါင်းများစွာ တိုးမြှင့်နိုင်မည်မဟုတ်ပါလား။
ဒါမျိုးမှမသတ်ရင် ဘယ်ဟာမျိုးသတ်ရမှာလဲ။
သွေးနီရောင် ဓားသည် ရှီးကျားရွာကို ဖြတ်၍ ပျံသန်းသွားသည်။
ရွာထဲမှ နတ်ဘုရားသားပေါက်တိုင်း ခေါင်းဖြတ်သတ်ခံရ၏။
ကျိယွမ်၏ အပြုံးသည်လည်း ပိုမိုကျယ်ပြန့်လာသည်။
တစ်ယောက်သေလျှင် စျာမနပွဲတော်သည် နောက်တစ်ရက် ထပ်ကြာနိုင်သည်မဟုတ်ပါလား။
အသက်ရှူချိန် အနည်းငယ်အတွင်း ကြောက်မက်ဖွယ် နတ်ဘုရား သားပေါက်များအားလုံး ကျိယွမ်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။
သူ၏ အတွေ့အကြုံမှတ်ကတော့ အနည်းငယ်သာ တိုးလာ၏။
ရွာအစောင့်အရှောက်နတ်ဘုရားနှင့် နှိုင်းယှဉ်ပါက နတ်ဘုရား သားပေါက်များမှ ရရှိသောအတွေ့အကြုံရမှတ်သည် ဘာမှအရေးမပါတော့ပေ။
နတ်ဘုရားသားပေါက်များအားလုံးသေဆုံးပြီးနောက် ကျိယွမ်နှင့် ရှန်ထူးတို့သည် ရှီးကျားရွာထဲသို့ ပျံသန်းကာဆင်းသက်လာကြသည်။
ကျိယွမ်၏ မျက်နှာအမူအရာသည် တင်းမာနေပြီး သူ၏အရှိန်အဝါကလည်း အစွမ်းထက်လှသည်။
သွေးနီရောင်ဓားသည် ၎င်း၏ ဓားအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေ၏။
ကျန်ရှိသော ရှီးကျားရွာသားများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လျင်မြန်စွာ ဒူးထောက်လိုက်ပြီး အသနားခံကြသည်။
"အရှင်နတ်ဘုရား၊ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ"
ယခုအခါ ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့သဖြင့် သူတို့ လုပ်နိုင်သည်မှာ ဒူးထောက်တောင်းပန်ပြီး ကရုဏာရပ်ခံရန်သာ ရှိတော့သည်။
"ကျွန်တော်တို့ က နတ်ဘုရားအသစ်ကို တကယ်မကိုးကွယ်ခဲ့ပါဘူး။ အဲဒါအားလုံး ကျိန်စာတိုက်သင့် တဲ့ ရှီဖူကွေ့ရဲ့ လက်ချက်ပါ အရှင်နတ်မင်း"
ကျိယွမ်လာစဥ်က နှိပ်စက်ခံနေခဲ့ရသော သန်မာသည့်ရွာသားကြီးသည် ရိုးသားစွာ ဒူးထောက်လိုက်၏။
"အရှင်နတ်ဘုရား၊ ကျွန်တော့်ရဲ့ ကလေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အသက်က်ု အခုကစပြီး အရှင်ပိုင်ပါပြီ"
ရွာသားများသည် ကြောက်ရွံ့စွာတောင်းပန်နေကြရင်း ကျိယွမ်ရှေ့တွင် တုန်ယင်နေကြ၏။
သူတို့ရှေ့မှနတ်ဘုရားက ရွာ၏ အစောင့်အရှောက်နတ်ဘုရားကို သတ်ဖြတ်သည်ကို သူတို့အားလုံးမြင်ခဲ့ရသည်။
ရှေးဟောင်းနတ်ဘုရားများသည် နတ်ဘုရားအသစ်များကို ကိုးကွယ်သူများအား အလွန်မုန်းတီး၏။ အချို့သည် ထိုကိုးကွယ်သူများကို ချက်ချင်းသတ်ပစ်လေ့ရှိပြီး အနည်းငယ် ကြင်နာတတ်သော နတ်ဘုရားများကသာ ကရုဏာအနည်းငယ်ရှိကာ ခွင့်လွှတ်ပေးလေ့ရှိခဲ့သည်။
သို့သော် ဤနတ်ဘုရားကတော့ သူ၏ သွေးစွန်းနေသောဓားကိုကြည့်ရုံဖြင့် ကြင်နာတတ်သူမဟုတ်မှန်း သိနိုင်ပါသည်။
ငါတို့တော့ သေပြီ။
ရွာသားများသည် ပြင်းထန်သော တရားစီရင်မှုအတွက် စိတ်ကိုပြင်ဆင်ထားကြသည်။
ကျိယွမ်က ဒူးထောက်နေသော ရွာသားများကို ကြည့်ကာ အေးစက်စွားမေးလိုက်သည်။
"မင်းတို့ရဲ့ အစောင့်အရှောက်နတ်ဘုရား သေဆုံးသွားပြီဆိုတော့ အခု မင်းတို့ ဘာလုပ်သင့်သလဲ"
ရွာသားများ၏ နှလုံးသားများ လည်ချောင်းထဲသို့ ရောက်သွားကြသည်။
ဤရှေးဟောင်းနတ်ဘုရားသည် မည်သည်ကို ရည်ရွယ်သည်ကို သူတို့ မသိနိုင်ကြပါ။
ရွာသားတစ်ဦးက တုန်ယင်စွာဖြင့် အရဲစွန့်ပြီးလျှောက်၏။
"မိစ္ဆာနတ်ဘုရားရဲ့ ရာဇဝတ်မှုတွေကို စီရင်ဖို့ တရားရုံးဖွဲ့ပြီး စစ်ဆေးစီရင်ပွဲ လုပ်သင့်ပါတယ်"
နောက်တစ်ဦးက အားတင်းကာ ဖြည့်စွတ် သည်။
"စစ်ဆေးပြီးရင် ရှေးဟောင်းနတ်ဘုရားကို သစ္စာခံပါမယ်"
တတိယတစ်ဦးက အာမခံ၏။
"ရှေးဟောင်းနတ်ဘုရားအတွက် နတ်ကွန်းအသစ် ဆောက်ပြီး ရုပ်တုအသစ် ထုလုပ်ကိုးကွယ်ပါ့မယ်"
ကျန်သောရွာသားများကလည်း တုံ့ဆိုင်းနေသော်လည်း ထိုအဆိုအားထောက်ခံကြသည်။
အသက်ရှင်သန်နေခြင်းနှင့် နှိုင်းယှဉ်ပါက နတ်ကွန်းနှင့် ရုပ်တုတည်ဆောက်ခြင်းအတွက်ပင်ပန်းမှုနှင့် ကုန်ကျစရိတ်သည် အရေးမကြီးတော့ပါ။
ဘာပဲဖြစ်ဖြစ် နတ်ဘုရားကျေနပ်ဖို့သာ အရေးကြီးဆုံးဖြစ်သည်။
သူတို့က မျှော်လင့်ချက်များဖြင့် ကျိယွမ်အားကြည့်နေကြ၏။
ကျိယွမ်ကတော့ သူတို့၏ ခါးတောင်းကျိုတ်တခြား ဖင်တခြားအကြံပြုချက်များကို ကြားသောအခါ မကျေနပ်ရုံသာမက အံ့အားသင့်သွားကြသည်။
ဒီရွာသားတွေက ရူးများနေသလား။
သာမန်ဗဟုသုတလေးတောင် မရှိကြတာလား။
"ဘာတွေလျှောက်ပြောနေတာလဲ"
သူ ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။
"နတ်ဘုရားတစ်ပါး သေဆုံးသွားပြီဆိုတော့ ဒီအတိုင်းထားလို့ရမလား "
ရွာသားများက ထိတ်လန့်တကြားဖြင့် အချင်းချင်းကြည့်မိကြသည်။
ဒီအတိုင်းမထားဘဲ လက်စားချေရမှာလား။
ငါတို့ကို သေစေချင်နေတာထင်တယ်။
"ဘာကြည့်နေကြတာလဲ ၊ မင်းတို့ လုပ်သင့်တာက စားသောက်ပွဲ ကျင်းပဖို့ပေါ့"
"အဲဒီ နတ်ဆိုးဘုရားနဲ့ သူ့ရဲ့ နောက်လိုက် သုံးဆယ်ကျော်ကို သေဆုံးသွားပြီ ၊ ဒါကြောင့် ပွဲတော်ကို ရက်သုံးဆယ် ကြာအောင် လုပ်သင့်တယ်
ကျိယွမ်သည် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
သူ၏အသံသည် ရှီးကျားရွာတစ်လျှောက် ပဲ့တင်ထပ်သွားကာ ရွာသားများသည် လုံးဝ ငေးမောသွားကြ၏။
စားသောက်ပွဲလား။
သူက ဘာကိုဆိုလိုတာလဲ။
ရွာသားများက ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန်၏။
နှိပ်စက်ခံခဲ့ရသော သန်မာသည့်ရွာသားကြီးသည် အံ့ဩမှုမှ လျင်မြန်စွာ ရုန်းထွက်ပြီး အော်ဟစ်လိုက်သည်။
"မြန်မြန်လုပ်ကြ ၊ စားသောက်ပွဲအတွက် ပြင်ဆင်ရမယ်"
ထိုအခါမှ အခြားရွာသားများမှာ သတိဝင်လာပြီး ကယောင်ကတမ်းထလာကြပသည်။
"ဟုတ်တယ်၊ စားသောက်ပွဲ"
"ပွဲတော်လုပ်သင့်တာကို ...."
"ကျွန်တော်တို့က တုံးအ လွန်းတာ ခွင့်လွှတ်ပါအရှင်"
ယခုအခြေအနေက အသက်ရှင်သန်နိုင်ရန် မျှော်လင့်ချက်ရှိလာသောကြောင့် ရှေးဟောင်းနတ်ဘုရား၏ အမိန့်ကို ချက်ချင်းလိုက်နာရန် ကြိုးစားကြတော့သည်။
ရှီးကျားရွာသားများသည် စားသောက်ပွဲအတွက် ပြင်ဆင်မှုများကို အမြန်ဆုံးလုပ်ကြ၏။
ရှီးကျားရွာသားများပြင်ဆင်နေသော စားပွဲဝိုင်းများကိုကြည့်ရင်း တံတွေးများမျိုချနေကြရသော ချင်းရွှေရွာသားများကတော့ လျာများပင် အဆက်မပြတ်သပ်နေမိကြသည်။ နောက်ဆုံးတွင် သူတို့သည် ကျိယွမ်၏ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး စားသောက်ပွဲတွင် ပါဝင်ရန် စားပွဲများဆီသို့ ဝမ်းသာအားရပြေးတော့သည်။
စားပွဲများပေါ်တွင်ရှိနေသော ပေါများသော အစားအစာများနှင့် အသားများကို မြင်သောအခါ ချင်းရွှေရွာသားများသည် သွားရည်များ တတောက်တောက်ကျလာ၏။
သူတို့သည် နှစ်များစွာ အငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။နတ်ဘုရား၏ ကောင်းချီးများမရှိသလို သူတို့၏ ရေအရင်းအမြစ်ကလည်း ဖြတ်တောက်ခံထားရသောကြောင့် သီးနှံများအားလုံး နီးပါး ပျက်စီးခဲ့ရ၏။
ဆန့်ကျင်ဘက်အားဖြင့် ရှီးကျားရွာ၏ စပါးကျီများသည် ပြည့်လျှံနေပြီး ဝက်၊ ကြက်၊ ဘဲ၊ ငန်းနှင့် ငါးများ ပေါများနေခဲ့သည်။
ကျိယွမ်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
လူများက ခေတ်သစ်နတ်ဘုရားများကို ကိုးကွယ်ရန် အဘယ်ကြောင့်လက်ခံလာကြသည်ကို သူသဘောပေါက်သွားလေပြီ။
ခေတ်သစ်နတ်ဘုရားများနောက်သို့ လိုက်ခြင်းသည် အမှန်တကယ်ပင် ပိုမိုကောင်းမွန်သော အစားအစာကို ရရှိစေသည်။
စားပွဲပေါင်း သုံးဆယ်ကျော်ကို ပြင်ဆင်ထားသော်လည်း ကျိယွမ် မစတင်မီ မည်သူမျှ စားသုံးရန် မရဲကြပေ။
အားလုံးက တံတွေးများကိုသာ မျိုချပြီး နတ်ဘုရားအား ကြည့်နေကြသည်။
ကျိယွမ်သည် ထိုင်ခုံမှ ထကာ သေရည်တစ်ခွက်ကို မြှောက်လိုက်၏။
"ဒီနေ့၊ ငါတို့ဟာ ကြီးမြတ်သောနှလုံးသားများဖြင့် စုဝေးကြတယ်။"
"ကောင်းကင်က ငိုကြွေးသလို ၊ မြေကြီးက လည်းဝမ်းနည်းတယ်။ ငါ့ရဲ့ ချစ်လှစွာသော ညီအစ်ကိုဖြစ်တဲ့ ရှီးကျားရွာရဲ့ အစောင့်အရှောက်ဝံပုလွေနတ်ဘုရားဟာ ဝမ်းနည်းစရာကောင်းစွာ သေဆုံးပြီး ငါတို့ကို ထာဝရ စွန့်ခွာသွားခဲ့ပြီ။"
သူ၏အသံသည် စိတ်လှုပ်ရှားမှုနှင့်အတူ ဝမ်းနည်းမှုများ ရောနှောနေခဲ့သည်။
ရှီးကျားရွာသားများသည် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသကဲ့သို့ ချင်းရွှေရွာသားများလည်း ရှုပ်ထွေးနေကြ၏။
ငါတို့နတ်ဘုရားက ထူးဆန်းလိုက်တာ။
ခုနကတော့ ရက်ရက်စက်စက်ခုတ်သတ်နေပြီး အခုကြတော့ ချစ်လှစွာသော ညီအစ်ကိုဆိုပဲ။
ထို့အချိန်မှာပင် ကျိယွမ်သည် သူ၏လက်ကို ဆန့်တန်းပြီး တစ်ခုခုကို အချက်ပြလိုက်သည်။
သန်မာသောရွာသားကြီးသည် လျင်မြန်စွာ သဘောပေါက်ပြီး ခေါင်းညိတ်လိုက်ပြီး ရွာထဲသို့ ပြေးဝင်သွား၏။
မကြာမီတွင် ဝတ်ရုံဖြူများ ဝတ်ဆင်ထားသော မိန်းမကြီးများကို ခေါ်ဆောင်လာသည် ။ ထိုအမျိုးသမီးများက စျာပနများတွင် ငိုချင်းချပေးသူများအဖွဲ့ပင်ဖြစ်လေသည်။
"အိုး.... နတ်ဘုရား၊ အရှင့်ဘဝက...အလွန်ဆိုးရွားလှပါလား"
"ကျွန်မတို့ သနားစရာရွာသားတွေကို စိတ်ချထားခဲ့ပြီးလား"
"အဟင့် အဟင့် ဟီး..."
မိန်းမကြီးများသည် သူတို့၏ ကိုယ်ပိုင်ဆွေမျိုးများကို ငိုကြွေးနေသကဲ့သို့ စိတ်ပါလက်ပါ အော်ဟစ်ငိုကြွေးကြ၏။
ကျိယွမ်သည် ၎င်းတို့၏ ငိုကြွေးသံများကို နားထောင်ရင်း အခမ်းအနားက ပို၍စစ်မှန်လာသည်ဟု ခံစားရသည်။
သူက စားပွဲပေါ်မှ ဝက်ပျိုခေါင်းတစ်လုံးကို မြှောက်ကိုင်ကာ ကြေညာလိုက်သည်။
"စားသောက်ပွဲ စတင်ပြီ"
စကားဆုံးသည်နှင့် သူက ဝက်ခေါင်းတစ်ခုလုံးကို တစ်ကိုက်တည်းနှင့် မြိုချလုနီးပါး စားသောက်တော့သည်။
သူ အလွန်ဆာလောင်နေပါသည်။
သူ၏ ဘဝတွင် ယခုလောက် ဆာလောင်မှုမျိုး တစ်ခါမျှ မခံစားခဲ့ရပေ။
ချင်းရွှေရွာသားများသည်လည်း ဆာလောင်နေသော သရဲသဘက်များကဲ့သို့ အစားအစာများကို ရိုင်းစိုင်းစွာ ဆုတ်ဖြဲစားသောက်ကုန်၏။
အချို့မှာ အငမ်းအရစားနေရင်းမှ သတိဝင်လာပြီး အစားအစာများကို တိတ်တဆိတ် စုဆောင်းပြီး နောက်တစ်ချိန် စားရန် ဖွက်ထားကြသည်။
..............
ချင်းရွှေရွာတွင်ဖြစ်သည်။
ရွာသားနှစ်ဦးသည် ကောက်ရိုးပုံပေါ်တွင် လဲလျောင်းနေကြပြီး ပေါက်စီတစ်လုံးကို နှစ်ယောက် ဝေစားနေကြသည်။
"ဟူး.... ဒီဒုက္ခတွေ ဘယ်တော့မှ ပြီးဆုံးမလဲ"
"သိပ်မကြာတော့ပါဘူး။ နတ်ဘုရားက ရှီးကျားရွာမှာ သေဆုံးသွားလိမ့်မယ် ၊ ပြီးရင်တော့ ငါတို့ ချင်းရွှေရွာက နောက်အလှည့်ပေါ့။ အနည်းဆုံးတော့ ငါအစာခြောက်တချို့ကို ချွေတာထားတယ်။ ငါ ဆာလောင်ပြီး သေမှာမဟုတ်ဘူး။"
"ဒီ အသစ်မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားက တကယ်ထူးဆန်းတယ်။ သူသာ ရွာမှာနေခဲ့ရင် ငါတို့ နည်းနည်းကြာကြာ အသက်ရှင်နိုင်ဦးမှာ။ ဒါပေမဲ့ ရှီးကျားရွာကို သွားတာက... ပေါက်စီကို ခွေးတစ်ကောင်ဆီ ပစ်ပေးသလိုပဲ။"
ရွာသားတစ်ဦးက ထိုသို့ပြောပြီးနောက် လက်ထဲမှပေါက်စီအား ခွေးကိုက်သလိုကိုက်လိုက်၏။
ရွာသားနှစ်ဦးသည် ပေါက်စီတစ်လုံးကို ဝေမျှစားနေရင်းမှ ကောက်ရိုးပုံပေါ်တွင် သူတို့၏အထင်အမြင်များကို ပြောဆိုနေကြသည်။
အသစ်မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားသည် ခေတ်သစ်နတ်ဘုရားကို အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပါ။
သူက ယခုအကြိမ် အနိုင်ရခဲ့ရင်တောင်မှ နောက်ဆက်တွဲက ဆိုးရွားလာမှာသေချာနေ၏။
ဖေးဟွမ်မြို့သည် ခေတ်သစ်နတ်ဘုရားများအတွက် အခြေစိုက်စခန်းတစ်ခု ဖြစ်နေလေပြီ။
ရှေးဟောင်းနတ်ဘုရားများအတွက် နေရာ လုံးဝ မကျန်တော့ပေ။
ထိုအချိန်တွင် ကောက်ရိုးပုံအနီးမှ တရှပ်ရှပ်အသံကို ကြားလိုက်ရသည်။
ဘာလဲဟ။
ရွာသားတစ်ဦးက ခေါင်းထောင်ကြည့်လိုက်ပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။
"အစ်မ ကျန်း၊ နင်ဘာလို့ ဒီလောက်နောက်ကျမှ အပြင်ထွက်နေတာလဲ"
အားနည်းသောပုံပေါက်သည့် သက်လတ်ပိုင်းရွာသူတစ်ဦးသည် ကောက်ရိုးပုံပေါ်သို့ မော့ကြည့်၏။
သူမ၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်ပနေသော်လည်း သူမ၏အသံကတော့ အလွန်မှ အားနည်းနေပါသည်။
"စားသောက်ပွဲ ရှိတယ်။"
"ဟမ်"
ရွားသားနှစ်ဦးသည် ထိုစကားလုံးကို အရင်က ကြားဖူးသော်လည်း နေရာမချတတ်သလို ခံစားရ၏။
"နတ်ဘုရားအရှင်က မိစ္ဆာနတ်ဘုရားကို သတ်လိုက်ပြီး ရှီးကျားရွာမှာ စားသောက်ပွဲ လုပ်နေတယ်။ ငါတို့ သွားကူရမယ်... ပြီးတော့ စားဖို့။"
သူမ၏စကားကို ကြားသောအခါ မေးလိုက်သောရွာသား ဆွံ့အသွားသည်။
ကောက်ရိုးပုံထိပ်တွင်ကွေးနေသော နောက်တစ်ယောက်ကလည်း ငေါက်ခနဲထထိုင်၏။
ငါတို့နတ်ဘုရားက မိစ္ဆာနတ်ဘုရားကို သတ်လိုက်တာလား။
မိစ္ဆာနတ်ဘုရားရဲ့ ကိုယ်ပိုင်နယ်မြေမှာလေ။
သူတို့၏မျက်လုံးများက တောက်ပလာပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။
"စားသောက်ပွဲကြီးတဲ့"
"အေး..."
ဒုတိယရွာသားသည်သူ၏လက်ထဲမှ ပေါက်စီလက်ကျန်အား ရင်ဘက်ကြားသို့ပြန်ထည့်ပြီးနောက် ကောက်ရိုးပုံပေါ်က လျှင်မြန်စွာခုန်ချလေ၏။
သူတို့၏နတ်ဘုရားက ရှီးကျားရွာနတ်ဘုရားကို မည်သို့သတ်နိုင်သည်က ယခုအချိန်၌ အရေးမကြီးတော့ပါ။
မေးရန်လည်း စိတ်မဝင်စားတော့ပေ။
စားသောက်ပွဲကသာ အရေးကြီးဆုံးမဟုတ်ပါလား။
သူတို့က ကောက်ရိုးပုံအောက်သို့ရောက်သည်နှင့် အစ်မကျန်းကိုပင် မစောင့်တော့ဘဲ ရှီးကျားရွာသို့ဦးတည်ကာ တအားကုန်ပြေးတော့သည်။
"ဟဲ့ ငါလည်းစောင့်ကြပါဦး"
................
ရှီကျားရွာတွင် မိစ္ဆာဘုရား အသတ်ခံလိုက်ရပြီး ရွာ၏ အင်အားအကြီးဆုံး ရှီမိသားစုကို ကျိယွမ်က လုံးဝ ရှင်းပစ်လိုက်သည်။
အစားအစာများနှင့် ပြည့်လျှံနေသော ၎င်းတို့၏ စပါးကျီများမှာလည်း လုယက်ခံခဲ့ရ၏။
ပထမနေ့တွင် ကျဆုံးသွားသော မိစ္ဆာနတ်ဘုရားကို ဂုဏ်ပြုသောအားဖြင့် စားသောက်ပွဲ ကျင်းပခဲ့သည်။
ဒုတိယနေ့တွင် နတ်ဘုရားတာဝန်ခံအတွက် စားသောက်ပွဲကို ဆက်လက်ကျင်းပရသည်။
တတိယနေ့၌ ရှီမိသားစုအကြီးအကဲအတွက် စားသောက်ပွဲကို ဆက်လုပ်ပေးရပြန်၏။
လူများစွာ သေဆုံးသွားခဲ့သည့်အတွက် ပွဲတော်ကို ဆက်လက်ကျင်းပရန် အကြောင်းပြချက်များစွာ ရှိနေသည်။
ယခုအခါတွင် ချင်းရွှေရွာသားများအားလုံးနီးပါးသည် ရှီးကျားရွာသို့ရောက်ရှိနေပြီး ပျော်ရွှင်စွာပွဲခံနေကြကုန်၏။
တစ်နေ့တွင် မြင်းပိန်တစ်ကောင် ဆွဲလာသော မြင်းရထားကို စီးနင်းလျက် ပညာရှိဝတ်စုံ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် လမ်းမကြီးပေါ်၌ ခရီးနှင်လာသည်။
သူ၏မျက်လုံးများသည် မှေးနေပြီး အပြင်းအထန် ဒဏ်ရာရထားပုံရှိသည်။
ဟွမ်မန်ရင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"အကြီးအကဲ၊ အဆင်ပြေရဲ့လား"
ပညာရှိအဘိုးအိုက သက်ပြင်းချသည်။
"ကွမ်းဖုန်းမြို့က ခေတ်သစ်နတ်ဘုရားက ထင်ထားတာထက် ပိုအားကောင်းနေတယ်။
မြို့ကလည်း အစောင့်အရှောက်ငါးရာနဲ့ ခိုင်ခံ့နေတာ။ သူ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲက တိုက်ပွဲမှာ ငါ့ဒဏ်ရာက အရမ်းပြင်းထန်တယ် ၊ နောက်တစ်ကြိမ် တိုက်ခိုက်နိုင်ဖို့ သုံးနှစ်လောက် အနားယူဖို့ လိုလိမ့်မယ်"
"အရှင်ဟွမ်ရဲ့ ယုံကြည်မှုကို ငါပျက်ကွက်ခဲ့မိပြီ။"
ထိုအဘိုးအို၏ စကားကြောင့် ဟွမ်မန်ရင်၏ စိုးရိမ်မှုသည် ပိုမိုနက်ရှိုင်းလာသော်လည်း သူမက နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။
"အရှင် အဆင်ပြေနေသရွေ့ ကျန်တာက အရေးမကြီးပါဘူး"
"ဒါပေမဲ့ မြို့ခုနစ်မြို့ထဲက ခြောက်မြို့ဟာ ခေတ်သစ်နတ်ဘုရားတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ၊ ဖေးဟွမ်မြို့ပဲ တစ်ယောက်တည်း ရုန်းကန်ပြီးရပ်တည်နေရတယ်။"
ပညာရှိအဘိုးအိုက ဝမ်းနည်းစွာရေရွတ်ပြီး ခေါင်းယမ်း၏။
ဖေးဟွမ်မြို့သည် ရှေးဟောင်းနတ်ဘုရားများကို အမြဲကိုးကွယ်ခဲ့ပြီး မြို့ထဲတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ကိုးကွယ်ထားသည်။
သို့သော် နှစ်ပေါင်း နှစ်ဆယ်ကျော်က ထိုရှေးဟောင်းနတ်ဘုရားသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး နိုးလာတော့မည့် အရိပ်အယောင်မရှိပေ။
ထိုအချိန်မှစ၍ မြို့၏ အခြေအနေမှာ ပိုမိုဆိုးရွားလာကာ မြို့အတွင်းရှိ သြဇာကြီးမားသော မိသားစုများက မြို့သူမြို့သားများအား နတ်ဘုရားအသစ်များကို ကိုးကွယ်ရန် လျှို့ဝှက် တိုက်တွန်းခဲ့ကြသည်။
ဟွမ်မန်ရင်၏ဖခင်ဖြစ်သူ မြို့စားကြီးသည် ထိုကိစ္စကို သိသောအခါ လုံးဝဆန့်ကျင်ပြီး အင်အားကြီးမိသားစုများကို နှိမ်နင်းခဲ့သည်။
သို့သော် ထိုမိသားစုများသည် မြို့ပေါ်၌မလှုပ်ရှားနိုင်တော့သောအခါ ခေတ်သစ်နတ်ဘုရားများကို ကြိုဆိုရန်နှင့် ရှေးဟောင်းနတ်ဘုရားများကို ဖြုတ်ချရန် ပတ်ဝန်းကျင်မှ မြို့များ ၊ ရွာများနှင့် ပူးပေါင်းခဲ့ကြ၏။
ယခုအခါ ဖေးဟွမ်မြို့၏ အုပ်ချုပ်မှုအောက်ရှိ မြို့ခုနစ်မြို့ထဲက ခြောက်မြို့သည် ခေတ်သစ်ဘုရားများကို ကိုးကွယ်နေကြလေပြီ။
ရွာများအတွက်မူ ရွာအများစုသည်လည်း ခေတ်သစ်နတ်ဘုရားများထံ လှည့်သွားခဲ့ကြပြီး ရှေးဟောင်းနတ်ဘုရားများကို ကိုးကွယ်သူ အနည်းငယ်သာ ကျန်တော့သည်။
ပညာရှိဝတ်စုံနှင့်အဘိုးအိုသည် မြို့စား၏ ရင်းနှီးသော မိတ်ဆွေဖြစ်ပြီး အစွမ်းထက်သော ခရမ်းရောင်နန်းတော်အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ မြို့စားကိုယ်တိုင်က နတ်ဘုရားအသစ်များကို ရှင်းလင်းရန်နှင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကိုလျှော့ချရန် သူ့ကို ဖိတ်ခေါ်ခဲ့ခြင်းပင်။
သို့သော် ခေတ်သစ်နတ်ဘုရားတစ်ပါးကို သတ်ပြီးနောက် သူသည် ဒုတိယတစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် သူတို့ကအမြန်ဆုံးပြန်လာခဲ့ကြခြင်းဖြစ်၏။
ဟွမ်မန်ရင်က အဖြစ်အပျက်များကို တွေးမိကာ ရင်မောစွာသက်ပြင်းချလိုက်သည်။
ယခုလိုသာဆက်သွားပါက မြို့တော်သည် ကျဆုံးရန်နီးကပ်နေလေပြီ။
ထိုအချိန်တွင် တီးသံမှုတ်သံများနှင့် ဆိုနာသံများသည် သူတို့မြင်းရထားထံသို့ ပျံ့လွင့်လာခဲ့သည်။
ဒါက ဘာလဲ။
မျက်စိမှိတ်နေသောအဘိုးအိုက နားမလည်နိုင်ဖြစ်သွားသည်။
"ကောင်လေး၊ ရှေ့ကရွာမှာ ဘာတွေဖြစ်နေတာလဲ"
"သခင်၊ ကျွန်တော် သွားမေးကြည့်ပါ့မယ်။"
မြင်းရထားကို မောင်းနှင်နေသော ကောင်လေးသည် ခုန်ဆင်းကာ ရွာဆီသို့ ပြေးသွားသည်။
မကြာမီတွင် သူ ပြန်ရောက်လာ၏။
"သခင်၊ ရှီးကျားရွာပါ။ သူတို့ စားသောက်ပွဲ လုပ်နေကြပါတယ်"
"ရှီကျားရွာ.. စားသောက်ပွဲ လုပ်နေတာလား"
အဘိုးအို အံ့အားသင့်သွားသည်။
သူ မှတ်မိသလောက် ရှီးကျားရွာသည် ခေတ်သစ်နတ်ဘုရားတစ်ပါး၏ နေရာဖြစ်သည်။
"ချင်းရွှေရွာရဲ့ ရှေးဟောင်းနတ်ဘုရားက ရှီးကျားရွာရဲ့ မိစ္ဆာနတ်ဘုရားကို သတ်လိုက်လို့ အခု စားသောက်ပွဲ လုပ်နေတာပါ။"
"ဟေ..."
မြင်းလှည်းမောင်းသမားလေး၏စကားကို ကြားသောအခါ အဘိုးအို၏ နွမ်းလျသောမျက်နှာပေါ်တွင် အားနည်းသောအပြုံးတစ်ခုပေါ်လာ၏။
"စိတ်ဝင်စားစရာပဲ။ ငါ ကိုယ်တိုင် သွားကြည့်ရမယ်။"
ဟွမ်မန်ရင်လည်း စိတ်ဝင်စားလာသည်။
အခြေအနေသည် အမှန်တကယ်ပင် ထူးခြားနေသည်။
ဤကဲ့သို့သော မငြိမ်မသက်သောခေတ်ကာလတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးက ခေတ်သစ်နတ်ဘုရားကို သတ်ပစ်ခြင်းမှာ အလွန်ရှားပါးလေသည်။
ခေတ်သစ်နတ်ဘုရားကို သတ်ပြီးနောက် ရဲရဲဝံ့ဝံ့ စားသောက်ပွဲ ကျင်းပခြင်းမှာ ပို၍ပင် ရှားပါး၏။
နတ်ဘုရားအသစ်များသည် ယခုအခါ အလွန်အားကောင်းနေသဖြင့် ရှေးဟောင်းနတ်ဘုရားများစွာသည် မိမိကိုယ်ကို ကာကွယ်ရန်ပင် မတတ်နိုင်ကြတော့ပါ။
ထို့ကြောင့် သူတို့သည် ပွင့်လင်းစွာ ဆန့်ကျင်ရန် မဖြစ်နိုင်တော့ဘဲ တိုက်ခိုက်ပြီးသည်နှင့် တိမ်းရှောင်သွားရသည်။
ယခု ကြားရသော ရှေးဟောင်းနတ်ဘုရားကတော့ ထိုသို့ဟုတ်ဟန်မတူပေ။
"သွားကြည့်ရအောင်"
ဟွမ်မန်ရင်၏ သိလိုစိတ်သည် ပိုမိုပြင်းပြလာသည်။
သူမသည် ဖေးဟွမ်ခရိုင်၏ သမိုင်းကို ကောင်းစွာသိရှိပြီး ဖေးဟွမ်မြို့၏ အုပ်ချုပ်မှုအောက်ရှိ ရွာများတွင် ကိုးကွယ်ထားသော နတ်ဘုရားများအားလုံးကို သိရှိသည်။
ချင်းရွှေရွာသည် ခွေးမြီးမြက်နတ်ဘုရားကို ကိုးကွယ်ပြီး ထိုနတ်ဘုရားက အဆင့်အတန်း အနိမ့်ဆုံး နတ်ဘုရားပင်။
ထိုကဲ့သို့သော အဆင့်နိမ့်နတ်ဘုရားသည် ရှီးကျားရွာ၏ မိစ္ဆာနတ်ဘုရားကို မည်သို့ အနိုင်ယူနိုင်ခဲ့သနည်း။
မြင်းရထားသည် လမ်းမကြီးမှခွဲထွက်ကာ ရှီးကျားရွာသို့ဦးတည် ရွေ့လျားလိုက်သည်။
အဘိုအိုနှင့်ဟွမ်မန်ရင်တို့သည် အတွေးကိုယ်စီနှင့်ပါလာပြီး အချိန်အနည်းငယ်ကြာသောအခါ မြင်းလှည်းသည် ရှီးကျားရွာသို့ ရောက်ရှိသွားခဲ့သည်။
သူတို့မြင်လိုက်ရသည်က ဆူညံပွက်လောရိုက်နေသော မြင်ကွင်းတစ်ခုပင်။
မြေပြင်ပေါ်တွင် ခေါင်းတလားများကို ချထားပြီး မိန်းမကြီးများက အခေါင်းများပတ်လည်တွင် ငိုကြွေးနေကြသည်။
သို့သော် ထိုအမျိုးသမီးများမှလွဲ၍ ကျန်သောရွာသားအားလုံးသည် စားပွဲပေါ်မှစားစရာများကို အလုအယက်စားနေကြပြီး တဝါးဝါးတဟားဟား ရယ်မောနေ၏။
အချို့က သေရည်အိုးကိုတစ်ဖက် ကြက်ပေါင်များကိုတစ်ဖက်ကိုင်ကာ တီးလုံးသံများနှင့်အတူ ထကနေကြပြန်သည်။
အချို့က ဝက်ခေါင်းတစ်ခုကို လုနေကြပြီး ဝက်လျာကိုသူစားသင့်သည် ငါစားသင့်သည်ဟု ငြင်းခုံနေကုန်သည်။
ဘာတွေလဲ။
မြင်ကွင်းအရ အသုဘအခမ်းအနားသည် ပျော်ပွဲရွှင်ပွဲများကြားတွင် လုံးဝ အဓိပ္ပာယ်မရှိတော့သလို ခံစားလိုက်ရသည်။
သူတို့က ပျော်နေကြတာလား ၊ ငိုနေကြတာလား ။
----------------------