← Chapters

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်လား.. စမ်းကြည့်လိုက်မယ်။

Vol. 14 Ch. 175

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်လား.. စမ်းကြည့်လိုက်မယ်။

Vol. 14 Ch. 175

“တကယ်တော့ ချင်းရွှေရွာသားတွေဟာ အခုအချိန်မှာ အားမကောင်းကြသေးဘူး။ ဒါကြောင့် အဖေ့အတွက် သူတို့ပေးတဲ့ အကျိုးကျေးဇူးက တော်တော်လေးကို နည်းနေတယ်။ ဒါပေမဲ့ အဖေ သူတို့ကို လျစ်လျူတော့ မရှုသင့်ဘူး။ ဘာလို့လဲဆိုတော့ စစ်မှန်နတ်ဘုရားတစ်ပါး ဖြစ်လာဖို့အတွက် ဖေဖေရဲ့ ခွန်အား၊ အလားအလာနဲ့ ကျင့်ကြံမှု အရှိန်အဟုန်အားလုံးဟာ ဖေဖေရဲ့ နယ်မြေက လူတွေနဲ့ ချိတ်ဆက်နေလို့ပဲ"

ချီချီက စေတနာထားပြီး အကြံပေးသည်။

သူမသည် သူမ၏ မွေးစားဖခင်ကို ပြိုင်ဘက်ကင်းသော စစ်မှန်နတ်ဘုရားအဖြစ်သို့ ရောက်အောင် ကျင့်ကြံပေးရန် ဆန္ဒအပြည့်ရှိ၏။

“ငါသာ လုံလောက်တဲ့ခွန်အားရှိရင် ပြဿနာ က ပြေလည်သွားမှာ မဟုတ်ဘူးလား”

ကျိယွမ် ထိုသို့ပြောရင်း စဥ်းစားနေမိသည်။ လျူဖုန်းနယ်မြေတွင်မူ သူသည် အစွမ်းထက်သော စစ်သည်အမြောက်အမြားကို လျင်မြန်စွာ ဖန်တီးနိုင်သော်လည်း ဖန်ထုန်နယ်မြေတွင်တော့ ခက်ခဲပုံရသည်။

“စစ်မှန်တဲ့ နတ်ဘုရားနယ်ပယ်ကို ကောင်းကင်သို့ ခုနစ်လှမ်း လို့ ခေါ်ကြပါတယ်။ ပထမ သုံးလှမ်းက အဖေ့ကို

အုပ်စိုးရှင် ဖြစ်စေပြီး၊ နောက်ဆုံး လေးလှမ်းက အဖေ့ကို မဟာအုပ်စိုးရှင်အဖြစ် မြှင့်တင်ပေးပါတယ်။ မဟာအုပ်စိုးရှင်ဖြစ်လာဖို့အတွက် အဖေ့ရဲ့ နယ်ပယ်ထဲက လူတစ်ယောက် အနည်းဆုံးဟာ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်ကိုဖြစ်ရပါမယ်။ အဖေရဲ့ လူတွေထဲမှာ စစ်မှန်တဲ့ နတ်ဘုရားများများရှိလေ ၊ အဖေက ပိုပြီးအားကောင်းလာလေလေပါပဲ"

ချီချီက ကျိယွမ်အားသေချာရှင်းပြပြီး နယ်မြေအင်အားသည် မည်မျှအရေးကြီးကြောင်း သိစေ၏။သူမသည် ကျိယွမ်အပေါ် ရည်မှန်းချက်ကြီးကြီး ရှိပုံရလေသည်။

သို့သော် လက်ရှိအနေအထားအရ မဟာအုပ်စိုးရှင်နယ်ပယ်သည် ယခုအချိန်တွင် စဥ်းစားစရာ ကိစ္စမဟုတ်သေးပါ။ သူမ၏ မွေးစားဖခင်ကို အားပေးမှု တစ်ချို့ပေးရန်သာ ရည်ရွယ်ပြီး ထည့်ပြောခဲ့ခြင်းသာ ဖြစ်၏။

ချင်းရွှေရွာသားများ၏ အဆိုအရ သူမ၏ မွေးစားဖခင်သည် မကြာသေးမီကမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး သူ၏ အတိတ်ဘဝ နတ်ဘုရားမှတ်ဉာဏ်များသည်လည်း ပြန်လည်ပေါ်ထွက်လာခြင်း မရှိသေးပါ။

ကျိယွမ်က အတန်ကြာစဥ်းစားပြီးနောက် ရုတ်တရက်ပြန်မေးလိုက်၏။

“ဒါက ယန်နတ်ဘုရား တစ်ပါးအတွက်လည်း အကျုံးဝင်လား”

ချီချီက သူ့အား အံ့သြသလိုကြည့်ပြီး ​ဖြည်းညင်းစွာ ခေါင်းယမ်းပြသည်။

“အဲဒါကို... သမီး မသိပါဘူး”

သူမက ယန်နတ်ဘုရားဆိုသည်ကို မကြားဖူးပါ။

ကျိယွမ် ကောင်းကင်မှ ကြယ်များကို မော့ကြည့်မိလေသည်။ ထိုနေရာမှ အတောက်ပဆုံးကြယ်မှာ ယန်နတ်ဘုရား ဖြစ်သည်မှာ ထင်ရှားနေပြီး အခြားကြယ်များကလည်း ယန်နတ်ဘုရားများ မဟုတ်လျှင်တောင် အနည်းဆုံးတော့ ယင်နတ်ဘုရားများ ဖြစ်ကြ၏။

ကန်းလန်နယ်မြေက ကြီးမားသော ကပ်ဘေးဆိုးကြီးတစ်ခုနှင့် အလွန်နီးကပ်နေခဲ့လေပြီ။

အကြီးအကဲ ဝူထျန်း၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းခန့်က မဟာအုပ်စိုးရှင်တစ်ပါးသည် ထိုကပ်ဘေးကို အနိုင်ယူခဲ့ဖူးပါသည်။ ကံမကောင်းစွာဖြင့် ကောင်းကင်ဘုံမှ အင်မော်တယ်များနှင့် နတ်ဘုရားများ ဆင်းသက်လာသောအခါ ထိုသူသည် နောက်ဆုံးတွင် ကျဆုံးခဲ့ရလေ၏။

ထိုကပ်ဘေးကြီး၏ နောက်ကွယ်တွင် ယန်နတ်ဘုရားတစ်ပါးနှင့်အတူ အခြားအင်မော်တယ်များနှင့် နတ်ဘုရားအမြောက်အမြားပတ်သတ်နေသည်မှာ ​အသေအချာပင်။

အကယ်၍ ကျိယွမ်၌လည်း လက်အောက်ခံအင်မော်တယ်များနှင့် နတ်ဘုရား အမြောက်အမြားရှိပါက ထိုကပ်ဘေးကြီးကို ကြောက်ရန်မလိုပေ။

အဆိုးဆုံး အခြေအနေတွင် နှစ်ဖက်စလုံးသည် သူတို့၏ စွမ်းအားများကို စုစည်းပြီး မည်သူက ပိုများသည်၊ မည်သူက ပိုသန်မာသည်ကို စောင့်ကြည့်ကြရုံသာရှိ၏။

ထိုအရာက အဆုံးအဖြတ်ဖြစ်သွားနိုင်သည်။

"နင်ပြောတာ သဘာဝကျတယ်”

ကျိယွမ်က ချီချီ၏စကားကို လက်ခံလိုက်သည်။

“ငါ ချင်းရွှေရွာကို ဖေးခရိုင်လို့ နာမည်ပြောင်းချင်တယ်”

သူသည် ရွာသားများကို လေ့ကျင့်ပေးရန် သေချာပေါက်လိုအပ်သည်။

သို့သော် ပြဿနာမှာ မည်သို့လေ့ကျင့်ရမည်နည်း။

နေ့တိုင်း ပွဲတော်များ ကျင်းပပေးရုံဖြင့်တော့ မရနိုင်ပေ။

ထိုမျှဖြင့် မလုံလောက်ပါ။

“သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက် ရတနာတစ်ချို့ကို သွားခိုးပေးရင်ကောင်းမလား”

ကျိယွမ်က သူ့ထက်ပို၍ ဗဟုသုတရှိသောချီချီ၏အကြံဉာဏ်ကို တောင်းခံကြည့်သည်။

“အဲဒါကလည်း အသုံးတော့ဝင်နိုင်ပါတယ်၊ ဒါပေမဲ့ ပိုအရေးကြီးတာကတော့ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ် ပဲ။ အဲဒီအတွက် အဖေဟာ အတိတ်က နတ်ဘုရားမှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ လိုပါတယ်”

“ဟမ်”

ကျိယွမ် ရှုပ်ထွေးသွားသည်။

ဘယ်က နတ်ဘုရားမှတ်ဉာဏ်တွေကို သတိရရမှာလဲ။

သူတော်တော်လေး ခေါင်းရှုပ်သွားရသည်။

သူ၏ ရှုပ်ထွေးမှုကို မြင်သောအခါ ချီချီက ဆက်ရှင်းပြ၏။

“ရှေးဟောင်းနတ်ဘုရားတိုင်းဟာ ဟုန်ထန်တိုက်ပွဲကြီးမှာ သေဆုံးခဲ့တဲ့ သူရဲကောင်း စိတ်ဝိညာဥ်တွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တိုက်ပွဲမှာ စစ်မှန်တဲ့ နတ်ဘုရားတွေက ဗိုလ်ချုပ်တွေအဖြစ် အမှုထမ်းခဲ့ကြပြီး ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတွေက စစ်သားတွေအဖြစ်နဲ့ စစ်မှန်တဲ့ နတ်ဘုရား ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ ဒီစစ်မှန်တဲ့ နတ်ဘုရားတွေအားလုံးဟာ ကမ္ဘာက မသိလိုက်ဘဲ ဟုန်ထန်တိုက်ပွဲကြီးမှာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။"

“အဖေဟာ စစ်မှန်တဲ့နတ်ဘုရားများစွာကို မျက်မြင်တွေ့ခဲ့တဲ့ ရှေးဟောင်း သူရဲကောင်း စိတ်ဝိညာဥ် တစ်ခုပါ။ အဖေရဲ့ မှတ်ဉာဏ်တွေ ပြန်လည်ရရှိတာနဲ့၊ အဲဒီ စစ်မှန်တဲ့ နတ်ဘုရားတွေကို ပြန်မြင်ယောင်ပြီး သူတို့ကို နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်နဲ့ ဖန်တီးနိုင်ပါတယ်။ ပြီးရင် အဲဒီ နည်းစနစ်ကို အဖေရဲ့ လူတွေကို ပေးအပ်နိုင်တယ်လေ"

“ပုံရိပ်ဖော်တဲ့ နတ်ဘုရားက ပိုအားကောင်းလေလေ၊ ကျင့်ကြံသူတွေရဲ့ တိုးတက်မှုက ပိုမြန်လေလေနဲ့ သူတို့ရဲ့အနာဂတ်မှာရောက်ရှိမဲ့အမြင့်ဆုံး အဆင့်က ပိုမြင့်လေလေပါပဲ”

"အဲဒီလိုလား"

ကျိယွမ်အနည်းငယ်သဘောပေါက်သွားခဲ့သည်။

ဆိုလိုသည်မှာ ထိုသူရဲကောင်းဝိညာဥ်များ တွေ့ကြုံခဲ့ရသော စစ်မှန်နတ်ဘုရားများ ပိုများလေလေ၊ သူတို့ ဖန်တီးနိုင်သော နတ်ဘုရားပုံရိပ်များက ပိုများလေလေ ဖြစ်သည်။ ထို့အပြင် ပုံရိပ်ဖော်သော စစ်မှန်နတ်ဘုရား၏အဆင့်ကလည်း မြင့်ဖို့လို၏။

“ဖန်ထုန်နယ်မြေက ကျင့်ကြံသူ အများစုဟာ အခုအချိန်မှာ ဟုန်ထန်အရှင်နဲ့ သူရဲ့ ကောင်းကင်ဘုံ ဗိုလ်ချုပ်ဆယ့်နှစ်ပါးကို ပုံရိပ်ဖော်နေကြပါတယ်။ သူတို့ဟာ တကယ်လည်း အစွမ်းထက်ကြပါတယ်၊ ဒါပေမဲ့ လူအများကြီးက သူတို့ကို ပုံရိပ်ဖော်နေကြပြီး ဖော်ပြချက်တွေကလည်း မရေရာတာကြောင့် ကျင့်ကြံသူတွေအတွက် တိုးတက်မှုက သိပ်မကောင်းပါဘူး။"

ချီချီ၏ အသံကဆက်လက်ထွက်ပေါ်နေ၏။

“အဖေသာ စစ်မှန်နတ်ဘုရား ဆယ်ပါးလောက်ကို သတိရနိုင်မယ်ဆိုရင်၊ အထူးသဖြင့် တခြား ကျင့်ကြံသူတွေ ပုံရိပ်မဖော်ရသေးတဲ့ နတ်ဘုရားတစ်ချို့ကို သတိရနိုင်မယ်ဆိုရင်... ချင်းရွှေရွာက လူတွေဟာ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေ လျင်မြန်စွာ တက်လာတာကို မြင်တွေ့ရမှာပါ”

ကျိယွမ် ငြိမ်သက်သွားပြီး သေသေချာချာ စဥ်းစားနေ၏။အတန်ကြာမှ သူကမေးလိုက်သည်။

"တကယ်လို့ အဲဒီနတ်ဘုရားတွေဟာ ဖန်ထုန်နယ်မြေက မဟုတ်ဘူးဆိုရင်ရော။ သူတို့ကို ပုံရိပ်ဖော်လို့ ရနိုင်လား”

သူသည် ကန်းလန်နယ်မြေမှ ယင်နတ်ဘုရားများကို ပြန်သတိရမိသည်။ ထိုယင်နတ်ဘုရားများကိုလည်း စစ်မှန်သည့် နတ်ဘုရားများအဖြစ် သတ်မှတ်သင့်၏။ ကျိယွမ်သည် သူတို့ကို တော်တော်ရင်းရင်းနှီးနှီးလည်း မြင်ဖူးခဲ့သည်။

ထို့ကြောင့် ချင်းရွှေရွာသားများ ပုံရိပ်ဖော်နိုင်ရန် သူတို့ကို ဖော်ပြပေးမည်ဆိုပါက အလုပ်ဖြစ်နိုင်မည် ထင်၏။

“အဲဒီ နတ်ဘုရားတွေဟာ နံ့သာပေါင်း ပူဇော်မှုတွေကို တစ်ခါလောက် လက်ခံရရှိဖူးလား”

ချီချီ၏ မေးခွန်းကို ကျိယွမ်ကသေသေချာချာစဥ်းစားပြီး ခေါင်းခါပြသည်။

“မရှိဘူး”

“တကယ်လို့ သူတို့ဟာ နံ့သာပေါင်းပူဇော်မှုတွေကို လက်ခံရရှိဖူးခြင်း မရှိဘူးဆိုရင် ဒါမှမဟုတ် လူအများက ကိုးကွယ်ခြင်း မရှိဘူးဆိုရင်၊ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်လောက်ဘူး”

ချီချီက အလေးအနက် ပြောလိုက်သည်။

အတိတ်က ဖန်ထုန်နယ်မြေတွင် စစ်မှန်နတ်ဘုရားများသည် အနည်းဆုံး မြို့တစ်မြို့၏ ကိုးကွယ်မှုကို ခံယူခဲ့ရ၏။ ထိုသို့သော စစ်မှန်နတ်ဘုရားများကိုသာ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးရန် အသုံးပြုနိုင်သည်။

ချီချီ၏စကားကို ကြားသောအခါ ကျိယွမ်သည် သူ၏ ယခင်အကြံဉာဏ်က အလုပ်ဖြစ်မည်မဟုတ်ကြောင်း သဘောပေါက်သွား၏။ သူသည် ကန်းလန်နယ်မြေသို့ ပြန်သွားပြီး ထိုယင်နတ်ဘုရားများကို ဆင့်ခေါ်ကာ နတ်ကွန်းများ တည်ဆောက်၍ လူထောင်ပေါင်းများစွာ၏ ကိုးကွယ်မှုကို ခံယူခိုင်းရမည်လား။

မဖြစ်နိုင်ပါ။

ထို့အပြင် ကန်းလန်နယ်မြေတွင် သူတွေ့ကြုံဖူးသော ယင်နတ်ဘုရားများကလည်းသိပ်မများခဲ့ချေ။

ကျိယွမ်အတွေးများနေသည်ကို မြင်သောအခါ ချီချီက အာမ ခံ၏။

“စိတ်မပူပါနဲ့ အဖေ။ အဖေ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရတာနဲ့ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးနိုင်မှာပါ”

ကျိယွမ်က ခေါင်းလည်းမညိတ်သလို ၊ ခေါင်းလည်းမခါခဲ့ပါ။

သူသည် ပြန်လည်ရယူရန် အမှတ်ရစရာမှတ်ဉာဏ်များ မရှိကြောင်း ပြောချင်နေ၏။

သူသည် ဟုန်ထန်တိုက်ပွဲကြီးတွင် တစ်ခါမှ ပါဝင်ခဲ့ခြင်း မရှိသလို၊ ထိုတိုက်ပွဲမှစစ်မှန် နတ်ဘုရားများကိုလည်း မမြင်ဖူးပါ၊ ထို့ကြောင့် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးနိုင်မည် မဟုတ်ပေ။

ခက်တော့ခက်နေပြီ ။ ငါက သူတို့ထင်သလိုမှမဟုတ်တာ ၊ ဘယ်လိုလုပ်ရပါ့ ။

ရုတ်တရက် သူသည် အတွေးတစ်ခု ရလာပြီး ချက်ချင်းမေးလိုက်သည်။

“ဒီ ခေတ်သစ်နတ်ဘုရားတွေကိုလည်း လူအများကြီးက ကိုးကွယ်ကြတာပဲ။ သူတို့ကို နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ထဲမှာ ပုံရိပ်ဖော်မယ်ဆိုရင် အလုပ်ဖြစ်မလား”

ချီချီက သူမ၏ မွေးစားဖခင်သည် အလွန်အမင်း စိတ်ကူးယဥ်နေသည်ဟု ခံစားရသော်လည်း သူသည် မကြာသေးမီကမှ မွေးဖွားခဲ့ပြီး သူ၏မှတ်ဉာဏ်များကို အပြည့်အဝ မပြန်လာသေးသည်ကို ထည့်သွင်းစဥ်းစားကာ နားလည်ပေးလိုက်ရ၏။

“ ခေတ်သစ်နတ်ဘုရားတွေကို ပုံရိပ်ဖော်တာက ကြောက်မက်ဖွယ်ကောင်းတဲ့ အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါတယ်။ အဖေရဲ့ လူတွေဟာ စုပ်ယူခံရပြီး မကောင်းဆိုးရွား သတ္တဝါတွေ ဖြစ်ကုန်လိမ့်မယ်”

ကျိယွမ်ကို ထိုအကြံကို ချက်ချင်း လက်လျှော့လိုက်ရတော့သည်။

ဟိုဟာလည်းမရ ဒီဟာလည်းမရနဲ့ ။

“အဖေ၊ အများကြီး မစဥ်းစားပါနဲ့ဦး ၊ အခုအချိန်မှာတော့ မိစ္ဆာနတ်ဘုရားတွေကို ပိုသတ်ပြီး မိစ္ဆာနတ်ဘုရားစွမ်းအင်ကို စုဆောင်းဖို့ကို အာရုံစိုက်ပါ။ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးဖို့အတွက် အဖေ့ရဲ့ နတ်ဘုရားစွမ်းအင်ကို သုံးစွဲဖို့ လိုအပ်ပါတယ်၊ ဒါပေမဲ့ အဖေ့ရဲ့စွမ်းအင်က မလုံလောက်ရင် စုဆောင်းထားတဲ့မိစ္ဆာနတ်ဘုရားစွမ်းအင်ကိုလည်း အစားထိုး အသုံးပြုလို့ရတယ်”

“ငါ့မှာ မိစ္ဆာနတ်ဘုရားစွမ်းအင် နည်းနည်း တော့ရှိတယ်”

မိစ္ဆာနတ်ဘုရားနှစ်ပါးကို သတ်ပြီးနောက် သူသည် မိစ္ဆာနတ်ဘုရားစွမ်းအင်တစ်ချို့ကို ရရှိခဲ့၏။ သို့သော်လည်း မည်သို့ အသုံးပြုရမည်ကိုတော့ မသိခဲ့ပေ။

ယခု ချီချီ၏ ရှင်းပြချက်ကိုကြားပြီးမှ အနည်းငယ် နားလည်သွားလေသည်။

“တကယ်လိုဟာ ငါက စစ်မှန်နတ်ဘုရားတစ်ချို့ကို ကိုယ်တိုင်ဖန်တီးမယ်ဆိုရင် သူတို့ကို နတ်ဘုရားပုံရိပ်နည်းစနစ်အတွက် အသုံးပြုလို့လား”

ကျိယွမ် နောက်တစ်မျိုးမေးလိုက်သည်။

သူသည် အတိတ်ကာလ ဖန်ထုန်နယ်မြေမှ စစ်မှန်နတ်ဘုရားများကို အပြင်မှာလည်းမမြင်ဖူးသလို အိမ်မက်ထဲမှာပင် မမြင်ဖူးခဲ့ပါ။

မမြင်ဖူးတာကို တွေးမဲ့အစား ငါမြင်ဖူးတာကိုပဲ စဥ်းစားရမှာပေါ့။

ချီချီက ပြုံးလိုက်သည်။

“အဖေကသာ အဲဒီနတ်ဘုရားတွေအကြောင်း သေသေချာချာ သိထားမယ်ဆိုရင် တကယ်ပဲ တစ်ခုခုကို ဖန်တီးနိုင်ပါတယ်။ ဒါက နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဘယ်လိုဖန်တီးရမယ်ဆိုတဲ့ လမ်းညွှန်ပါ။ ဖေဖေရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတာနဲ့ ဒီနည်းစနစ်တွေကို ရင်းနှီးလာလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဖေအနေနဲ့ ကြည့်ရှုပြီး စမ်းချင်တယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်”

အကယ်၍ စမ်းသပ်မှု မအောင်မြင်ခဲ့ပါက မိစ္ဆာနတ်ဘုရားစွမ်းအင်များကို ကုန်ဆုံးစေမည် မဟုတ်ပေ။ အချိန်အနည်းငယ်ကုန်ရုံသာရှိပြီး ကြီးကြီးမားမားဆုံးရှုံးစရာမရှိပါ။ ထို့ကြောင့် ချီချီသည် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်လမ်းညွှန်ကို ကျိယွမ်အား စိတ်ချလက်ချ ပေးဝံ့ခြင်းပင်။

ထို့နောက်စကားအနည်းငယ်ပြောကာ

ချီချီသည် နတ်ကွန်းမှ ထွက်ခွာသွားလေသည်။

ကျိယွမ်သည် ဘုရားကျောင်းထဲတွင် တစ်ယောက်တည်း ထိုင်ကာ ကျန်ခဲ့လျက် နဖူးကြောများ ရှုံ့ထားသည်။

“ဒီလိုဆိုရင်တော့ ငါဟာ ဘာနောက်ခံအင်အားမှမရှိဘဲ တစ်ကိုယ်တော် တိုက်ခိုက်ရတော့မဲ့ပုံပဲ"

လူပေါင်းများစွာကကိုးကွယ်ခဲ့သော မည်သည့် စစ်မှန်နတ်ဘုရားကိုမျှ မသိခြင်းကြောင့် သူသည် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးနိုင်မည် မဟုတ်​တော့ပါ။

သို့သော် တိုက်ပွဲများက သူတစ်ယောက်တည်းအားဖြင့် မအောင်မြင်နိုင်သောအရာများရှိနေ၏။ သူ၏နယ်မြေတွင်

နတ်ဘုရားအဆင့်ရှိမှ သူကအမြင့်ဆုံးသို့တတ်နိုင်မည့် ကိစ္စကလည်း ရှိနေသည်။

မဖြစ်ဘူး ၊ တစ်ခုခုတော့ ကြံရမယ် ။

ကျီယွမ်က ဖြစ်နိုင်မည့်နည်းလမ်းများကို စဥ်းစား၏။

“ငါ့ဘာသာ တစ်ခုခုကို ဖန်တီးမယ်ဆိုရင်ရော”

ရုတ်တရက် ကျိယွမ်၌ အတွေးတစ်ခု ရလာသည်။

ယခင်ဘဝက ၂၁ရာစု ကမ္ဘာပေါ်ရှိ လူများသည် နတ်ဘုရားများစွာကို ကိုးကွယ်ကြသည်မဟုတ်ပါလား။

ဆန်းရှင်သုံးပါး၊ နတ်စစ်သူကြီး လေးပါး၊ နတ်မင်းငါးပါး ၊ကြယ်တာရာနတ်မင်းခုနှစ်ပါး စသည့်ဖြင့်များစွာရှိသည်။

ကျိယွမ်၏ မျက်လုံးများ တောက်ပလာသည်။

"ဟုတ်တယ် သူတို့ကို တစ်နိုင်ငံလုံးကလည်း ကိုးကွယ်ကြတယ်ဆိုတော့ သတ်မှတ်ချက်နဲ့ကိုက်ညီတယ်"

"ဒါပေမဲ့ ပြဿနာက..."

ထိုနတ်ဘုရားများသည် စိတ်ကူးယဥ်များသာ ဖြစ်ပုံရပြီး အပြင်လောကတွင် မမြင်ဖူးကြခြင်းပင်။

ကျိယွမ်သည် အနည်းငယ် စဥ်းစားပြီးနောက် ချီချီ ပေးထားသော လမ်းညွှန်ကို လျင်မြန်စွာ ဖွင့်ကြည့်လိုက်၏။

ထိုအရာသည် အနက်ရောင် အဝတ်စတစ်ခု ဖြစ်ပြီး၊ အဖြူရောင်ဖြင့် စာသားများကို ရေးထားကာ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးသည့် နည်းလမ်းကို အသေးစိတ် ဖော်ပြထားသည်။

“နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်ခြင်းမပြုမီ နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်ပြီး နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်အကြောင်း အခြားနတ်ဘုရားများနှင့် ဆက်သွယ်နိုင်ပါသည်တဲ့"

"ဟေ..."

ကျိယွမ် အံ့အားသင့်သွားပြီး ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။

“ဒါကလည်း ရှင်းဟွာဖိုရမ်လို နောက်ထပ် စကားပြောအဖွဲ့တစ်ခုများ ဖြစ်နေမလား”

အနက်ရောင်အဝတ်စကို ကိုင်ထားရင်းမှ ညွှန်ကြားချက်များအတိုင်းလိုက်နာပြီး

သူ၏ နတ်ဘုရားစွမ်းအင်ကို စတင်လှည့်ပတ်လိုက်သည်။

အနက်ရောင် အဝတ်စပေါ်တွင် လှိုင်းတွန့်များ ပေါ်လာပြီး ချက်ချင်းလိုလိုပင် ချိယွမ်၏ အသိစိတ်သည် ၎င်းထဲသို့ ဆွဲခေါ်ခံလိုက်ရ၏။

ကျိယွမ်၏ မျက်လုံးများက သိချင်စိတ်ကြောင့် ပို၍ပင် တောက်ပသွားသည်။

“ဒါဆိုရင် ဂိမ်းထဲကကျင့်ကြံခြင်းလောက မှာတောင် နည်းပညာတွေ ရှိတာပေါ့၊ ဒါပေမဲ့ နည်းပညာရဲ့ ပုံစံက ကမ္ဘာပေါ်က နည်းပညာနဲ့ တော့ သိပ်မတူဘူး"

မတူညီသော လမ်းကြောင်းများသည် တူညီသော ပန်းတိုင်ဆီသို့ ဦးတည်သွား၏။

လျူဖုန်းနယ်မြေတွင် နင်းထောင်သည် tiktok ထဲမှမိန်းမပျိုလေးများလို အနက်ရောင်ခြေအိတ်များ ဝတ်ဆင်ခဲ့ပြီး၊ ယခု ဖန်ထုန်နယ်မြေတွင် အွန်လိုင်းစကားပြောအဖွဲ့ ကဲ့သို့သော အရာတစ်ခုကို ကြုံတွေ့ရခြင်းမှာ ပုံမှန်ပင် ။

ကျိယွမ်ပထမဆုံးဖြစ်လိုက်ရသည်မှာ အမှန်တကယ်ပင် အွန်လိုင်းစကားပြောခန်းတစ်ခုဖြစ်နေ၏။

သူသည် မျက်နှာပြင်ကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ရာ စာတိုတစ်စောင်သည် သူ၏ မျက်စိကို ချက်ချင်း ဖမ်းစားလိုက်သည်။

“အသစ်ရောက်လာသူ လား။ နတ်ဘုရားတွေကို ဘယ်နှစ်ခါလောက် ပုံရိပ်ဖော်ဖူးသလဲ၊။ ဘယ်အဆင့်ရှိတဲ့ စစ်မှန်နတ်ဘုရားကို ပုံရိပ်ဖော်ခဲ့ဖူးတာလဲ”

မေးခွန်း သုံးခုက သူ့ကို ဆီးကြိုနေ၏။

​မေးသူ၏ အမည်မှာ သုန်းကျန်းဟဲ ဖြစ်ပြီး၊ အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရကာ အလွန်စိတ်အားထက်သန်ပုံလည်း ရသည်။

“မရှိပါဘူး၊ ဒါဟာ ကျွန်တော် နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်တာ ပထမဆုံးအကြိမ်ပါ”

ကျိယွမ် ရိုးသားစွာ ပြန်ဖြေခဲ့သည်။

ရှေးဟောင်းနတ်ဘုရား အကြီးအကဲများနှင့်တွေ့သောအခါ နှိမ့်ချစွာ နေခြင်းက အကောင်းဆုံးပင် ဖြစ်နိုင်သည်။

“အသစ်တစ်ယောက်”

သုန်းကျန်းဟဲ ပို၍ပင် စိတ်လှုပ်ရှားသွားပုံရသည်။

“ငါ ပထမဆုံး နတ်ဘုရားကိုပုံရိပ်ဖော်တုန်းက ခြေနှစ်လှမ်း​ရှိတဲ့ စစ်မှန်နတ်ဘုရား ကို ပုံရိပ်ဖော်ခဲ့တာ ၊ ဒီက တခြားနတ်ဘုရားတွေက ငါ့ကို လုငယ်နတ်ဘုရားဧကရာဇ်လို့ ခေါ်ခဲ့ကြတာကို ခုထိသတိနေသေးတယ်”

သူ၏စကားကို ကြားသောအခါ ကျိယွမ်သည် လေးစားမှုဖြင့် ပြည့်နှက်သွားသည်။

“ခင်ဗျားက အံ့ဩစရာပါပဲ”

“မင်းကို နတ်ဘုရား ပုံရိပ်ဖော်ခြင်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တစ်ချို့ကို မျှဝေပေးရမလား။ မင်းသာလိုက်နာရင် အစွမ်းထက်တဲ့ နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်နိုင်မယ်လို့ ငါ အာမခံတယ်”

သုန်းကျန်းဟဲက စိတ်အားထက်သန်စွာ ကမ်းလှမ်းလာသည်။

“လုငယ်နတ်ဘုရားဧကရာဇ်ဆိုတာ ကျရှုံးသွားတဲ့ပါရမီရှင်ပဲ၊ မင်းရဲ့နောက်ဆုံး ပုံရိပ်ဖော်မှု နှစ်ခုလုံး ကျရှုံးခဲ့တာလေ"

"ငါ ကြောင်နတ်ဘုရား​ အုပ်စိုးရှင်က မဟာအုပ်စိုးရှင်တစ်ပါးကို ပုံရိပ်ဖော်ခဲ့တာနော်”

ကြောင်နတ်ဘုရားကြောင်ဟုခေါ်သောတစ်ယောက်က အဖွဲ့ခေါင်းဆောင်ကို လှောင်ပြောင်လိုက်သည်။

သူတို့သည် အတိတ်က ပြဿနာတစ်ချို့ ရှိခဲ့ပုံရ၏။

“မင်း ပုံရိပ်ဖော်ခဲ့တဲ့ မဟာအုပ်စိုးရှင်က တခြားသူတွေအများကြီးက ပုံရိပ်ဖော်ခဲ့ပြီးသားပါ။ အထူးအဆန်း မဟုတ်ပါဘူး”

သုန်းကျန်းဟဲက မခံဘဲ ပြန်ပတ်၏။

“ဒါပေမဲ့ သူက မဟာအုပ်စိုးရှင်ဖြစ်နေတုန်းပဲ။ မင်းလို ကျဆုံးသွားတဲ့ ပါရမီရှင်ကို အလွယ်တကူ ဖိနှိပ်နိုင်တယ်”

ကြောင်နတ်ဘုရား​ကလည်း မခံဘဲ ပြန်ချေသည်။

ချက်ချင်းလိုလိုပင် တိတ်နေခဲ့သော အခြားအဖွဲ့ဝင် အများအပြားလည်း ဝင်ရောက် ပြောဆိုလာကြ၏။

“လူငယ်နတ်ဘုရားဧကရာဇ်က ကျဆုံးတော့မယ်။ ကြောင်နတ်ဘုရား​က သူ့နေရာကို ယူတော့မှာပါ”

“လူငယ်နတ်ဘုရားဧကရာဇ်၊ ကြောင်နတ်ဘုရား ပုံရိပ်ဖော်တုန်းက မင်းပါးစပ်ပိတ်ထားသင့်တာ။ အခုတော့ မင်းအပြော ခံရပြီပေါ့”

သုန်းကျန်းဟဲက ထိုမှတ်ချက်များကို လျစ်လျူရှုလိုက်ပြီး ကျိယွမ်ကိုသာ မေး၏။

“လူသစ်လေး ၊ မင်းဘယ်သူ့ကို ပုံရိပ်ဖော်ဖို့ စီစဥ်ထားလဲ။ ငါ့ကို ပြောပြပါ။ ငါ အကြံဉာဏ်တစ်ချို့ ပေးပါ့မယ်။

ပုံမှန်ဆိုရင် ငါက လူသစ်တွေကို အကြံဉာဏ် မပေးတတ်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့အကြံဉာဏ်က မင်းရဲ့ အောင်မြင်မှုနှုန်းကို အနည်းဆုံး ဆယ်ရာခိုင်နှုန်းထိ တိုးစေနိုင်တာသေချာတယ်”

“ကျွန်တော် နတ်ခွေးတစ်ကောင်ကို ပုံရိပ်ဖော်ဖို့ စဥ်းစားနေပါတယ်”

ကျိယွမ်က ခဏစဥ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“နတ်ခွေးတစ်ကောင်လား”

သုန်းကျန်းဟဲ အထိတ်တလန့် ဖြစ်သွားပုံရသည်။

"လူသစ်လေး ဖန်ထုန်နယ်မြေမှာ စစ်မှန်တဲ့ ခွေးနတ်ဘုရားတွေ မရှိသလောက်ပဲ။ နံ့သာပေါင်းပူဇော်မှုတွေကို လက်ခံရရှိဖူးတဲ့သူတွေဆို ပိုနည်းသေးတယ်။ လူတွေများများ ကိုးကွယ်လေလေ အဲဒီနတ်ဘုရားရဲ့ ပုံရိပ်ဖော်မှု အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလေလေနော်"

“ငါမင်းကို အခြားတစ်ခုခုရွေးချယ်စေချင်တယ် ၊ မင်းပြောတဲ့ခွေးနတ်ဘုရားက အရမ်းရှားတယ်၊ ရှိခဲ့ရင်တောင် ပူဇော်သူနည်းမှာပဲ၊

အခြားတစ်ခုရွေးသင့်တယ် ၊ မဟုတ်ရင် မင်းရဲ့ နတ်ဘုရားစွမ်းအင်ကို အလဟဿ ဖြစ်သွားစေလိမ့်မယ်”

ကျိယွမ် တုံ့ဆိုင်းသွားသည်။ထိုသူပြောသည်မှာ သဘာဝကျ၏။

ငါအသစ်တစ်ခု ပြောင်းရင်ကောင်းမလား။

ထိုစဥ် ကြောင်နတ်ဘုရား​ဆိုသူက စကားပြောအဖွဲ့တွင် ပါဝင်လာသည်။

"လူသစ်လေး ၊ မင်းအဆင်ပြေနေပြီလို့သာ မှတ်လိုက်တော့"

“လွန်ခဲ့တဲ့တစ်ခေါက်တုန်းက သုန်းကျန်းဟဲက ငါ့ရဲ့ပုံရိပ်ဖော်မှုကို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ငါက မဟာအုပ်စိုးရှင်တစ်ပါးကို ပုံရိပ်ဖော်နိုင်ခဲ့တယ်”

“ဟုတ်တယ် လူသစ်လေး ၊ မင်းအရမ်းကံကောင်းနေပြီ။ သုန်းကျန်းဟဲက ရလိမ့်မယ်လို့ပြောရင် အဲဒီလူဟာကျရှုံးတာ ဒါမှမဟုတ် ရလဒ်ဆိုးတွေ ရတာပဲ။ သူက မရနိုင်ဘူး မလုပ်နဲ့လို့ပြောတဲ့သူတိုင်းကတော့ အောင်မြင်ကြတာပဲ”

“ပုံရိပ်ဖော်ခြင်းလုပ်ခါနီးတိုင်း ငါတို့က သုန်းကျန်းဟဲကို အမြဲတမ်း မေးလေ့ရှိတယ်။ သူ သဘောတူရင် ငါတို့ မလုပ်တော့ဘူး။ သူ သဘောမတူဘူးဆိုရင်တော့ ချက်ချင်း လုပ်တာပဲ”

စကားပြောအဖွဲ့ထဲရှိလူတိုင်းက သူတို့၏ အခြားသော ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြလာကြသည်။

ကျိယွမ်သည် သူတို့၏စကားများကို လေ့လာရင်းမှ နတ်ဘုရားပုံရိပ်ဖော်ခြင်း ၏ အသေးစိတ် အချက်အလက်အချို့ကို တဖြည်းဖြည်း နားလည်လာ၏။

မိမိပုံရိပ်ဖော်လိုက်သော နတ်ဘုရား၏အတင့်အတန်းက အလွန်အရေးကြီးသည်။ ထွက်ပေါ်လာသော နတ်ဘုရား၏အဆင့်အတန်းက နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်၏ တန်ဖိုးကို ဆုံးဖြတ်ပေး၏။

အဓိက အချက်နှစ်ချက်ရှိပြီး

ပထမတစ်ခုမှာ ပုံရိပ်ဖော်ထားသော နတ်ဘုရား၏ ခွန်အားဖြစ်သည်။ ခွန်အားကို ကောင်းကင်ဘုံသို့ခြေခုနစ်လှမ်းဖြင့်သတ်မှတ်ပြီး ပထမအဆင့် သတ္တမအဆင့်ထိရှိလေ၏။

ဒုတိယတစ်ခုမှာ ပုံရိပ်ဖော်မှုအရေအတွက် ဖြစ်ပြီး၊ ထိုနတ်ဘုရားကို လူမည်မျှက ပုံရိပ်ဖော်ခဲ့သနည်း။ ထိုနည်းစနစ်ကို နောက်လိုက်မည်မျှက ကျင့်သုံးသနည်းဆိုသည်ပင်။ အသုံးပြုသူများလျှင်လည်း စွမ်းအားကနည်းသွားမည်ဖြစ်သည်။

ထိုအချက်နှစ်ခုသည် နည်းစနစ်၏တန်ဖိုးကို ဆုံးဖြတ်၏။

နည်းစနစ်၏တန်ဖိုးများကိုတော့ အဆင့် ခုနစ်ဆင့်ဖြင့် အဆင့်သတ်မှတ်ထားပြီး သာမန်အဆင့်၊ အလယ်လတ်အဆင့်၊ ရှားပါးအဆင့် ၊ ထူးခြားအဆင့် ၊ ဂန္ဓဝင်အဆင့်၊ ဒဏ္ဍာရီအဆင့်နှင့် နတ်ဒေဝါအဆင့်ဟူ၍ ရှိသည်။

ထိုသတ်မှတ်ချက်သည် ဂိမ်းတစ်ခုထဲမှ မွန်းစတားများကို အမျိုးအစားခွဲခြားခြင်းနှင့် အနည်းငယ် ဆင်တူပြီး၊ အဆင့်တစ်ခုစီကို ကြယ်တစ်ပွင့်မှ သုံးပွင့်အထိ ထပ်မံခွဲခြားထားပြန်သည်။

သုန်းကျန်းဟဲသည် တစ်ချိန်က ကြယ်သုံးပွင့် ရှားပါးအဆင့်နည်းစနစ်ကို ပုံရိပ်ဖော်ခဲ့ဖူးပြီး စကားပြောအဖွဲ့တွင် ၎င်းအတွက် အလွန်ဂုဏ်ယူနိုင်ခဲ့သည်။

ထိုအချိန်က ကြောင်နတ်ဘုရား​သည် သုန်းကျန်းဟဲ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း နောက်ဆုံးတွင် ကြယ်တစ်ပွင့်ရှိသော ထူးခြားအဆင့် နည်းစနစ်ကို ပုံရိပ်ဖော်နိုင်သွားလေ၏။

ကြယ်တစ်ပွင့်ရှိသော ထူးခြားနည်းစနစ်

သည် သာမန်မဟုတ်ပါ ။ ထိုနည်းစနစ်အား နောက်လိုက်အားလုံးကို မပေးဘဲ မိမိဘာသာကျင့်ပါက စစ်မှန်နတ်ဘုရားတစ်ပါးကို မွေးထုတ်ရန် လုံလောက်၏။သို့သော်

စစ်မှန်နတ်ဘုရားအဖြစ်သို့ ရောက်ရှိရန် ကူညီနိုင်သော ရတနာတစ်ခုရှိရန်တော့ လိုပါသည်။

ထို့ကြောင့် ကြောင်နတ်ဘုရား​သည် သုန်းကျန်းဟဲကို စိန်ခေါ်ရန် ယုံကြည်မှုကောင်းစွာ ရှိနေခြင်းပင်။

“လူသစ်လေး ၊ သူတို့ရဲ့ အသရေဖျက်တာတွေကို နားမထောင်ပါနဲ့။ ငါပြောတာကို ယုံပါ။ တခြား စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးကို ရွေးလိုက်။ ဒီခွေးနတ်ဘုရားဆိုတာကိုပဲ ပုံရိပ်ဖော်ဖို့ အတင်းအကျပ်ကြိုးစားမယ်ဆိုရင် ခမင်း ကျရှုံးဖို့ အခွင့်အလမ်း မြင့်မားနေတယ်။ အောင်မြင်ရင်တောင် ကြယ်တစ်ပွင့် သာမန် နည်းစနစ်ပဲ ဖြစ်လာနိုင်တယ်”

သုန်းကျန်းဟဲက ရိုးသားစွာ သတိပေးခဲ့သည်။

“ပြောရရင်တော့ ငါလည်း နတ်ခွေးတစ်ကောင်ကို ပုံရိပ်ဖော်တာ အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး၊ ဒါပေမဲ့ သုန်းကျန်းဟဲက ဆန့်ကျင်နေတာကြောင့် မင်းအောင်မြင်မယ်လို့ ငါယုံကြည်တယ်။ ရဲရဲသာလုပ် ၊ လူသစ်လေး ငါတို့ မင်းကိုယုံတယ်"

တစ်စုံတစ်ဦးက အားပေးပြန်၏။

“အားလုံးရဲ့ အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု ပုံရိပ်ဖော်တော့ပါမယ်”

ကျိယွမ်သည် စကားပြောခန်းမှ ထွက်ခွာပြီး ပုံရိပ်ဖော်သည့် နေရာသို့ ဝင်ရောက်လိုက်သည်။

ပုံရိပ်ဖော်သည့်နေရာက စိတ်ဝိညာဥ်ကမ္ဘာအတွင်းရှိသော တောင်တစ်ခု ဖြစ်နေ၏။

ပုံရိပ်ဖော်ရန်အတွက် မိမိ မြင်လိုသော နတ်ဘုရားကို စိတ်ကူးဖြင့် ပုံဖော်ပြီး နောက်ဆုံးတွင် ထိုတောင်ပေါ်တွင် ထွင်းထုရန် လိုအပ်သည်။

ထို့နောက် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်ကို ဖန်တီးရမည်။

သူ၏ ပထမဆုံး စမ်းသပ်မှုအတွက် ကျိယွမ်သည် အလွန်အစွမ်းထက်သော အရာတစ်ခုကို ပုံရိပ်မဖော်ရန် ရွေးချယ်ခဲ့သည်၊ အဓိကအားဖြင့် ကြီးမားသော ကံကြမ္မာဆိုင်ရာ အကျိုးဆက်များကို ကြောက်ရွံ့ခြင်းနှင့် ၎င်းကို ယခုအကြိမ်က တကယ်တမ်း ကျင့်ကြံနိုင်ခြင်း ရှိမရှိကိုလည်း စမ်းသပ်ရန်အတွက် ဖြစ်သည်။

သူသည် တည်ငြိမ်စွာရပ်လျှက် တောင်ကို သေသေချာချာ ကြည့်ရှုလိုက်၏။

၂၁ ရာစုကမ္ဘာမှ မှတ်ဉာဏ်များသည် သူ၏ စိတ်ထဲသို့ မြစ်ရေလို စီးဝင်လွှမ်းမိုးလာခဲ့သည်။

သူ၏ မူလစွမ်းရည်ဖြစ်သော မဟာမေ့လျော့ခြင်းစိတ်ကျမ်းကြောင့် ကျိယွမ်သည် သူ၏ အတိတ်မှ အသေးစိတ် အချက်အလက်တိုင်းကို စေ့စပ်စွာပြန်လည် သတိရနိုင်၏။

၂၁ရာစု ကမ္ဘာတွင်ရှိစဥ်က သူ ဖျားနာနေသောအချိန်တွင် တစ်ယောက်တည်း နေထိုင်ရင်း ပျင်းရိမှုကြောင့် စာအုပ်အမျိုးမျိုးကို ဖလှန်လှောကြည့်ခဲ့သည်ကို သတိရမိသည်။

ထိုအချိန်က သူသည် ၎င်းတို့ကို မှတ်ဉာဏ်ထဲ မထည့်ခဲ့သော်လည်း ယခုအခါ အရာအားလုံးကို ထူးဆန်းစွာ ပြန်လည် အမှတ်ရနေ၏။

ထို့နောက် သူ၏ စိတ်ထဲတွင် ခမ်းနားထည်ဝါသော နတ်ခွေး ပုံရိပ်တစ်ခု စတင်ပုံပေါ်လာခဲ့သည်။

“သူ၏ ပုံသဏ္ဌာန်သည် ဆင်ဖြူကဲ့သို့၊ သူ၏ တန်ခိုးအာဏာသည် နဂါးကဲ့သို့။ ရွှေရောင်အတောင်ပံများ လှုပ်ခတ်လျက် ကောင်းကင်ကို တောက်ပစေ"

“အသံတစ်ချက် ဟောင်ရုံဖြင့် နတ်ဘုရားများကို ကြောက်လန့်စေနိုင်ပြီး၊ သုံးကြိမ် ဟောင်လျှင် ရေကို ဖြတ်နိုင်ကာ နတ်ဆိုးများကို ထိတ်လန့်စေ”

သုံးမြှောင့်ဦးထုပ် ဆောင်းထားပြီး၊ အနီရောင်ဝတ်ရုံကို လေးနက်စွာ ဝတ်ဆင်ထားကာ၊ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးသုံးလုံးရှိသည့် နတ်ဘုရားတစ်ပါးသည် မိုးတိမ်ပေါ်၌ စီးနင်းလျက်ပေါ်လာ၏။

သူ၏ ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ခွေး တစ်ကောင်က အစွမ်းထက်သော အော်ရာကိုထုတ်လွှတ်နေသည်။

ချီယွမ်၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ခွေး၏ ပုံရိပ်သည် ပို၍ ခိုင်မာပြတ်သားလာသည်။

ထိုအချိန်တွင် ပုံရိပ်ဖော်သည့် တောင်အတွင်းမှ နက်ရှိုင်းသော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့လေသည်။

“သင်သည် ဤနတ်ဘုရားကို တစ်ကြိမ်မျှ မြင်ဖူးသလား”

“ဤနတ်ဘုရားသည် အမှန်တကယ် ရှိလား”

မေးလိုက်သည့်အသံနှစ်ခုသည် ကြောက်မက်ဖွယ်ကောင်းပြီး ကျိယွမ်အား လိမ်ညာ၍မရဘဲ အမှန်အတိုင်း ဖြေဆိုရန်

ဖိအားပေးနေသည်ဟု မသိစိတ်တွင် အလိုလို ခံစားရပြီး ဝန်ခံမိတော့မလိုဖြစ်သွားသည်။

မဖြစ်ဘူး။

ကျိယွမ်သည် သူ၏အမြုတေကို မော့ကြည့်ပြီး သတိကပ်လိုက်ရာ ချက်ချင်းလိုလို ပင် မဟာမေ့လျော့ခြင်း စိတ်ကျမ်း သည် အသက်ဝင်လာခဲ့လေ၏။

ကျိယွမ်၏ အကြည့်သည် ခိုင်မာလာပြီး တောင်အားတည်ငြိမ်စွာကြည့်ကာ တုန့်ပြန်သည်။

“ဒီနတ်ဘုရား တကယ်ရှိပါတယ်”

“ကျွန်တော် မြင်ဖူးပါတယ်။ ကောင်းကင်ဘုံမှာ နတ်ဘုရားနှစ်ပါးဟာ ကောင်းကင်ကိုးထပ်ကနေ ငရဲကြီးဆယ့်ရှစ်ထပ်အထိ ပြင်းထန်စွာ တိုက်ခိုက်နေကြပါတယ်။ အဲဒီအချိန်မှာ ဒီနတ်ခွေးဟာ ဘေးမှာရပ်နေပြီး အလစ်အငိုက် တိုက်ခိုက်ဖို့ အခွင့်အရေးကို အရယူခဲ့ပါတယ်”

ပုံရိပ်ဖော်တောင်မှာ တိတ်ဆိတ်သွားခဲ့သည်။

ကျိယွမ်၏ အဖြေကို မှတ်တမ်းတင်ထားလိုက်ပုံရလေ၏။

အသက်ရှူတစ်ကြိမ်ခန့်ကြာပြီးနောက် ပုံရိပ်ဖော်တောင်၏ အသံက ထပ်မံ​ထွက်ပေါ်လာပြန်သည်။

“နံ့သာပေါင်းကိုးကွယ်တာမရှိရင် ဤနတ်ဘုရားပုံရိပ်ဖော်နည်းစနစ်က ကျရှုံးနိုင်ပါတယ်။ သင် ဆက်လက် လုပ်ဆောင်လိုသလား”

“ဟုတ်ကဲ့”

ကျိယွမ်သည် ပုံရိပ်ဖော်တောင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုကာ ခေါင်းညိတ်၏။

သူ၏စိတ်ထဲတွင် အနည်းငယ်တော့စိုးရိမ်ပူပန်နေပါသည်။

ဘာပဲပြောပြော ဒီဟာသာအောင်မြင်လိုက်ရင်တော့ တော်တော်ကောင်းသွားပြီ၊ စွန်းဝူခုန်းရဲ့ ခြေထောက်တစ်ဖက်ကိုတောင် မိအောင်ကိုက်နိုင်တဲ့ နတ်ခွေးကွ။

-------------------

All Chapters