← Chapters

သားကြီး၊ မင်းက သောက်ရမ်းလန်းတယ်

Vol. 6 Ch. 56

သားကြီး၊ မင်းက သောက်ရမ်းလန်းတယ်

Vol. 6 Ch. 56

နာရီဝက်ကြာပြီးနောက်...

ချန်ဟွိုက်အန် အပြင်ထွက်သွားသည်မှာ အတော်ကြာပြီ ဖြစ်သည်။

ပါ့ကျီက ပြတင်းပေါက်နားတွင် ရှိနေပြီး နေဝင်ချိန်ကို ငေးကြည့်နေသည်။ ၎င်း၏ မျက်လုံးများက ဝမ်းနည်းမှုဖြင့် ပြည့်နေ၏။

စာလုံးများ ရေးဆွဲထားသော အဝါရောင် စာရွက်တစ်ရွက်ကို ပြတင်းပေါက်တွင် ကပ်ထားသည်။ ဘာရေးထားမှန်း မဖတ်တတ်သော်လည်း ပါ့ကျီသိသည်မှာ ပြတင်းပေါက်နားသို့ ကပ်ရဲလျှင် မိုးကြိုးပစ်ခံရမည်ဆိုသည်ပင်။

နောက်ဆုံးတော့ တကယ် လွတ်လမ်းမရှိတော့ဘူးလား...

“အဟက်… ငါ အရမ်းကို နုံအလွန်းခဲ့တာပဲ..” အစွမ်းထက်သော စစ်သည်တော်လေးက ခေါင်းကို စိတ်ပျက်လက်ပျက် ငုံ့နေလိုက်သည်။

ကျိုးပဲ့နေသော အင်မော်တယ်ရတနာကို ပိုင်ဆိုင်ထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်ကို မည်သို့ မသိဘဲ နေမည်နည်း။ ထိုလှောင်အိမ်ထဲမှ လွယ်လွယ်ကူကူ ထွက်ခွာခွင့်ပြုရန် လုံးဝ မဖြစ်နိုင်ပေ။ ထိုအစွမ်းထက်ပုဂ္ဂိုလ်၏ ထူးဆန်းသော လုပ်ရပ်များကမူ သူသည် တာအိုကို နားလည်သဘောပေါက်ရန် ကြိုးစားနေခြင်း ဖြစ်လောက်သည်။

ကျင့်ကြံသူ အချို့သည် တာအိုကို နားလည်သဘောပေါက်ရန် ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများကို ခံစားနိုင်စေရန်အတွက် စွမ်းအားနှင့် နယ်ပယ်ကို ဖိနှိပ်ထားပြီး မှတ်ဉာဏ်များကိုပင် ချိပ်ပိတ် ထားတတ်ကြသည်။

အဲဒီလူရဲ့ အခြေအနေက ဒီလိုပဲ ဖြစ်မယ်။

“ထားလိုက်ပါတော့။ ထမင်းဖြူ သက်သက်လည်း အဆင်ပြေပါတယ်...”

ခေတ်ကာလများ သိသိသာသာ ပြောင်းလဲသွားလေပြီ။ အခု ထမင်းက ယခင်ထက် ပိုကောင်းသော်လည်း ဗိုက်ဝသလို မခံစားရပေ။

ကြွက်သားဘုရင်က ပန်းကန်လုံးပေါ်သို့ တက်ပြီး နှစ်လုပ်လောက် မျိုချလိုက်သည်။

စားနေစဉ် ရွှေရောင်ကြောင်မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာ၏။

ဒီထမင်းက...

[ မကျက်သေးဘူးဟ... လခွမ်းတဲ့မှ... ]

“ငါ တစ်ခုခု မေ့နေခဲ့သလို ခံစားရတယ်...” ချန်ဟွိုက်အန် မေးစေ့ကို ကုတ်လိုက်သည်။

“ဟုတ်သား။ အဲဒီ ထမင်းက... မကျက်သေးသလိုပဲ...”

သူ့ နှလုံးသားထဲတွင် တောင်းပန်လိုစိတ် ဖြစ်ပေါ်လာ၏။

သို့သော် ပါ့ကျီ၏ ကျန်းမာရေးက ပိုပြီး ကောင်းမွန်လာပုံရသည်။ ဆိုလိုသည်မှာ သူ ပြုစုပျိုးထောင်နေပုံက မည်သည်မှ မှားယွင်းမှု မရှိခြင်းပင်။ ပါ့ကျီက အိမ်မွေး အမွေးတိုကြောင်သာ ဖြစ်သည်။ ချန်ဟွိုက်အန်က ကျေးလက်တွင် အဘိုးအဘွားများနှင့် နေခဲ့စဉ်က အိမ်တွင် စားသည့်အရာ မှန်သမျှ သူလည်း စားခဲ့ရ၏။ ကြောင်စာစားရပြီး အစာအိမ် ထိခိုက်လွယ်သော မြို့ကြောင်များလောက် သူက အလိုလိုက်ခံထားရမည် မဟုတ်ပေ။

တောင်းပန်လိုစိတ်က ခဏတာမျှသာ ဖြစ်၏။

ချန်ဟွိုက်အန် အလွန် စိတ်သက်သာရာသွားခဲ့သည်။ ထင်ထားသည့်အတိုင်း ကြွက်သားခန္ဓာကိုယ် ဖြစ်ရာ အသက်ရှင်ရန် လွယ်ကူလှပေသည်။

ယနေ့က သူ၏ ပထမဆုံး လေယာဉ်စီးခြင်း ဖြစ်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေ၏။

ယခင်ကဆိုလျှင် ထိုက်ဆန်းတောင်ကို သွားရန် ကျည်ဆန်ရထားသာ စီးခဲ့ရသည်။ အဓိကမှာ ပိုက်ဆံ မရှိ၍ပင်။

သူက အစီအစဉ် ရိုက်ကူးမည့်နေရာကို ကျည်ဆန်ရထားဖြင့် သွားရန် မူလက စီစဉ်ထားသော်လည်း ထျန်းချွမ်မြို့တွင် ချင်းရန်နှင့် အချိန်အကြာကြီး ကုန်ဆုံးခဲ့ရာ ထွက်ခွာရန် အချိန်မရှိတော့သဖြင့် နည်းနည်း သုံးဖြုန်းလိုက်ရသည်။

“ထူးဆန်းတယ်... ဒီနေ့ ဘာလို့ ငါ့ကို လူတွေ အများကြီး စိုက်ကြည့်နေကြတာလဲ...”

ချန်ဟွိုက်အန် အိတ်ဆွဲပြီး ကောင်တာသို့ လျှောက်သွားစဉ် စူးစမ်းနေသော အကြည့်တစ်ခုမကကို သတိထားမိလိုက်သည်။ အများစုက အမျိုးသမီးများ ဖြစ်ကြသော်လည်း ရံဖန်ရံခါ အမျိုးသားများလည်း သူ့ကို ကြည့်တတ်ကြသည်။ သို့သော် သူတို့၏ မျက်လုံးများထဲတွင် ဒေါသနှင့် မနာလိုမှုတို့ အများဆုံး ပြည့်နှက်နေသည်။ သူ လှမ်းကြည့်လိုက်တိုင်း ထိုအကြည့်များက တစ်ခုပြီးတစ်ခု ပျောက်ကွယ် သွားကြသည်။

ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ ဒီကိစ္စမှာ ရိုးရှင်းမည် မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။

သူက အိမ်သာထဲသို့ အမြန် ပြေးဝင်သွားပြီး မှန်ထဲကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် တစ်ခုခု ရှိနေသည်မှာ သေချာသည်။

...

ချန်ဟွိုက်အန် ၎င်းကို သတိမထားမိခဲ့ပေ။

အိမ်သာတံခါးဝတွင် သူ၏ ပုံရိပ် ပျောက်ကွယ်သွားသည့် အခိုက်အတွင် ပြင်းထန်သော အကြည့်များက သူ့ကို လွှမ်းခြုံသွားခဲ့သည်။

“ဘုရားရေ... နှစ်တစ်ထောင်မှ တစ်ယောက် ပေါ်ထွက်လာတဲ့ လူချောလေးပဲ။ နောက်တာ မဟုတ်ဘူး။”

“အား... ငါ ရလိုက်ပြီ။ ရလိုက်တယ်။ အဲဒီဘေးတိုက်ပုံစံက လုံးဝကို မိုက်နေရော...”

“သူ့ဆီကနေ ဝီချက် ဘယ်သူ တောင်းရဲမလဲ...”

“မဖြစ်နိုင်ပါဘူး။ လူတွေ သူ့ရှေ့မှာ ရပ်ရင်တောင် မေ့လဲသွားမှာ စိုးရိမ်ရတယ်။ သူက ဒီလောက်တောင် ရေပန်းစားနေတဲ့ ချိုင်ရီဖန်ထက်တောင် အများကြီး ပိုချောတယ် မဟုတ်လား...”

“သူက နာမည်ကြီး တစ်ယောက်ယောက်လား။ ငါတော့ မမှတ်မိဘူး...”

တီးတိုးဆွေးနွေးသံများကို ပတ်ဝန်းကျင်အနှံ့ ကြားနေရ၏။

ယင်ကောင်တစ်သောင်း တဝီဝီ မြည်နေသလိုပင်။

ထိုအရာက ပတ်ဝန်းကျင်မှ အမျိုးသားတစ်စုကို ဒေါသထွက်ပြီး အံကြိတ်သွားစေခဲ့သည်။

လေယာဉ်ပေါ်တက်ဖို့ အလျင်မလိုသော မိန်းကလေးအချို့က အိမ်သာအနီးတွင် ချောင်းမြောင်းနေဆဲ ဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ အချို့သည် ခိုးရိုက်ရန် အရာဝတ္ထု အမျိုးမျိုးကို အကာအကွယ်အဖြစ် အသုံးပြုနေကြပြီ ဖြစ်သည်။ အသက်ကြီးသော မိန်းကလေးများကမူ ပို၍ ထန်းသိမ်းကြပြီး နောက်ဆုံး တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ သူတို့ရဲ့ နေ့ရက်ကို တောက်ပစေရန် လုံလောက်ပြီဟု တွေးနေကြ၏။

“ဟမ်...၊ မျက်နှာပေါ်မှာလည်း ဘာမှ မရှိပါဘူး...”

ချန်ဟွိုက်အန်က မှန်ထဲတွင် သူ့ကိုယ်သူ စိုက်ကြည့်နေသည်။ ဘယ်ပြန်ညာပြန် ကြည့်သော်လည်း မည်သည့် ကွာခြားမှုကိုမျှ မမြင်ခဲ့ရပေ။

ပြောင်းလဲမှု တစ်ခုခု ရှိတယ်ဆိုရင်တောင် အဲဒါက ငါ့ရဲ့ အသားအရေ ကောင်းလာပြီး ဖော်ပြလို့မရနိုင်တဲ့ ဆွဲဆောင်မှု တစ်မျိုး ရလာတာပဲ။

ဘယ်လို ပြောရမလဲ...

အိပ်မက်ဆန်တာလား....

စကားစုတစ်ကခု သူ့စိတ်ထဲ ပေါ်လာသည်။

သူသာ အင်မော်တယ်သခင်ဝတ်ရုံ ဝတ်ထားလျှင် မျက်နှာအမူအရာ ထိန်းချုပ်စရာမလိုဘဲ အင်မော်တယ် ချီစွမ်းအင်ကို ထုတ်လွှတ်နိုင်လောက်သည်။

“ဘာတွေ ကြည့်နေတာလဲ။ ကြွားနေတာလား...” ဘေးနားမှ လူတစ်ယောက်က လက်ဆေးပြီး ထွက်သွားရင်း ကျိန်ဆဲလိုက်သည်။

ချန်ဟွိုက်အန် ဝေဖန်ခံရပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် စိတ်လျော့လိုက်ပြီး ပေါင်ကို ရိုက်လိုက်သည်။ “ဟုတ်တယ်။ ငါက ကြွားနေတာပဲ...”

သူ နားလည်လိုက်ပြီ ဖြစ်သည်။

ယခုတလော သူက ဂိမ်းဆော့ပြီး နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အချစ်လွန်သူလို ပြုမူနေမိတာပဲ။

“အား...ငါက တကယ့် အရူးပဲ။ တက်မယ်... လေယာဉ်ပေါ်တက်မယ်။”

ချန်ဟွိုက်အန်က မျက်နှာကို ပုတ်လိုက်ပြီး ခေါင်းမော့ကာ အိမ်သာထဲမှ ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များကို ဂရုမစိုက်တော့ပေ။

မိန်းကလေး အတော်များများက သူ့ကို ကြည့်ဖို့ ကြိုးစားရင်း ကြော်ငြာဆိုင်းဘုတ်နဲ့ ဝင်တိုက်မိသည်ကို သူ လျစ်လျူရှုလိုက်သည်။

လေယာဉ်ထဲ ရောက်သည်နှင့် စူးစမ်းသော အကြည့်များ အများကြီး လျော့နည်းသွား၏။

ချန်ဟွိုက်အန်က ထိုင်ခုံကို ရှာပြီး ထိုင်လိုက်သည်။ ချက်ချင်းဆိုသလို လေယာဉ်မယ် တစ်ဦးက နွေးထွေးပြီး စိတ်အားထက်သန်သော အပြုံးဖြင့် ရောက်လာသည်။ “ဆရာ။ နေမကောင်းဘူးနဲ့ တူတယ်။ ခါးပတ်ပတ်ဖို့ ကျွန်မ ကူညီပေးပါရစေ...”

ချန်ဟွိုက်အန် - “အိုး အဲ .... ကျွန်တော် ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်...”

ဘာများ အဆင်မပြေစရာ ရှိလို့လဲ။ သူက ခြေနာချင် ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။ သူ၏ လက်များက ကောင်းနေသေး၏။

“ရပါတယ် ဆရာ။ ဒါက ကျွန်မ လုပ်သင့်တဲ့ အလုပ်ပါ...”

သူ ခါးပတ်ပတ်လိုက်ပြီးနောက် နောက်ထပ် လေယာဉ်မယ် တစ်ဦး ရောက်ရှိလာသည်။

“ဆရာ။ ရေ သောက်မလား။ မသောက်ရင် ဒီမှာ တခြားအချိုရည်တွေလည်း ရှိတယ်နော်...”

ချန်ဟွိုက်အန် - “အာ။ မသောက်တော့ပါဘူး။ ကျွန်တော် ရေမဆာလို့...”

လေယာဉ်မယ်က ထပ်ပြောသည်။ “ဆရာ။ မူးတတ်လား။ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ကျွန်မ ပြောပြပေးပါမယ်...”

“ကျွန်တော် မမူးတတ်ပါဘူး...” ချန်ဟွိုက်အန်က ချွေးများ ရွှဲနစ်နေ၏။ ဝန်ဆောင်မှုများက အလွန်ပင် စိတ်အားထက်သန်လွန်းနေ၏။

လေယာဉ်ဆိုတဲ့ အတိုင်းပဲ။ သူ တွေးလိုက်သည်။

ဒီလိုမျိုး ကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွက် လေယာဉ်လက်မှတ်ခ ယွမ်၈၀၀၊ ၉၀၀ က လုံးဝ တန်တယ်။

သူ့ဘေးနားမှ မိန်းကလေးက နားရွက်အထိ နီရဲနေပြီး ထိုင်ခုံထဲ ကျုံ့ဝင်သွားချင်နေတာကို သူက သတိမထားမိခဲ့ပေ။

လေယာဉ်မယ်များက ပညာရပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်ကို ထိန်းသိမ်းထားပြီး ချန်ဟွိုက်အန် အရှေ့တွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ကြောင်းမြင်ရာ အလုပ်များ ဆက်လုပ်ကြတော့သည်။

ခဏကြာပြီးနောက် လေယာဉ်က အထက်လေထုသို့ ဝင်ရောက်သွားပြီး ဆူညံသံများ သိသိသာသာ လျော့ကျသွားသည်။

ဆယ်မိနစ်ကျော်ကြာ အတွေးများနှင့် ရုန်းကန်ပြီးနောက် ဘေးနားရှိ မိန်းကလေးက နောက်ဆုံးတွင် ချန်ဟွိုက်အန်ကို သတိထားစွာ ကြည့်လိုက်သည်။

အား.... အရမ်း ချောတာပဲ။ ဘယ်လိုလုပ် ဒီလောက် ချောတဲ့ ယောကျ်ား ရှိနိုင်တာလဲ။ ဒါပေမဲ့ သူက အတော်လေး အေးစက်တဲ့ပုံပဲ...

အခွင့်အရေး တစ်ခု။ လေယာဉ်ပေါ်မှာ ဆုံတွေ့ရတဲ့ အခွင့်အရေး....ဒါက ရေစက်ပဲ...

“ရှောင်ယန်း.... မကြောက်နဲ့။ ရှေ့ဆက်တိုး။”

“ဟို... ကျွန်မ ရှင့်ကို အက်ဒ်လို့ ရမလား...” မိန်းကလေးက သတ္တိမွေးပြီး ဖုန်းကိုထုတ်ကာ ကမ်းပေးလိုက်သည်။ သူ၏ လက်ဖဝါးများ ချွေးထွက်နေပြီး အသက်ရှူသံ တုန်ရီနေ၏။

ချန်ဟွိုက်အန်က ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်သည်။ “အဟက်... ဒါက လေယာဉ်လား။ ငါ့ရဲ့ ဓားပျံနဲ့ဆို ဒီထက် အများကြီး ပိုပြီးတော့ မြန်မြန်ပျံနိုင်တယ်...”

မိန်းကလေးက တုံ့ဆိုင်းသွားပြီး အံ့အားသင့်သွား၏။

ထို့နောက် သူက တိတ်ဆိတ်စွာဖြင့် ဖုန်းကို ပြန်သိမ်းလိုက်သည်။

...

...

All Chapters