နေဦး...
Vol. 6 Ch. 58
လီချင်းရန်က တံခါးအပြင်ဘက်သို့ ဒယိမ်းဒယိုင်ဖြင့် လဲကျသွားသည်။ ဘေးနှစ်ဖက်တွင် စောင့်နေသော အမျိုးသမီး ကျင့်ကြံသူများက သူကို အမြန် ထူမပေးလိုက်ကြသည်။
သူ လုံးဝကို ကြောင်တောင်တောင် ဖြစ်သွား၏။
လင်းရှီးတောင်ကြား သခင်မလေးက စကားကောင်းကောင်း ပြောဆိုနေပြီးမှ မည်သည်ကြောင့် သူ့ကို ရုတ်တရက် အပြင်သို့ မောင်းထုတ်လိုက်ရသနည်း။ သူ၏ဆရာက ယောကျ်ားတစ်ယောက် ဖြစ်နေ၍လား။
“တောင်းပန်ပါတယ် ညီမလေး။ နင် သခင်မလေးရဲ့ စမ်းသပ်ချက်ကို မအောင်မြင်ခဲ့ဘူး...”
အမျိုးသမီးကျင့်ကြံသူတစ်ဦးက လီချင်းရန်၏ ဝတ်ရုံပေါ်ရှိ အတွန့်များကို ညင်သာစွာ ဆန့်ထုတ်ပေးရင်း မျက်နှာတွင် တောင်းပန်လိုဟန်အမူအရာဖြင့် ထွက်ပေါက်ဆီသို့ ခေါ်သွားလိုက်သည်။
လီချင်းရန်က လင်းရှီးတောင်ကြားသို့ ဝင်ရောက်ရန် အခွင့်အရေးကို ဆုံးရှုံးမခံလိုပေ။
သူ၏ စိတ်ထဲတွင် လင်းရှီးတောင်ကြားက ရှေးဟောင်း အဂ္ဂိရတ်ပညာ ဆေးနည်းများ ရှိရန် အလားအလာ အရှိဆုံးဂိုဏ်း ဖြစ်သည်။ အနာဂတ်တွင် သူ၏ ဆရာကို ကူညီနိုင်မည့် အဂ္ဂိရတ်ပညာ စွမ်းရည်များကို သင်ယူရန် အကောင်းဆုံးနေရာလည်း ဖြစ်၏။
ထို့ကြောင့် သူက ရပ်တန့်ပြီး ဦးညွှတ်ကာ မေးလိုက်သည်။ “အကြောင်းရင်းကို သိခွင့်ရှိမလား...”
အမျိုးသမီးကျင့်ကြံသူ တုံ့ဆိုင်းသွားပြီး နောက်တွင် ဝေးကွာကျန်ရစ်ခဲ့ပြီ ဖြစ်သော သီးသန့်အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက လီချင်းရန်ကို လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားကာ မည်သူမျှ မရှိကြောင်း သေချာစေပြီးမှ အသံတိုးတိုးနှင့် ပြောလိုက်သည်။
“နင်က သာမန်အရည်အချင်း ရှိတဲ့သူဆိုရင် ငါ ဒါကို ပြောပြမှာ မဟုတ်ဘူး။ ဒါပေမဲ့ သီးသန့် စိတ်ဝိညာဉ်အမြစ် ရှိတဲ့အတွက် နင်က ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိဖို့က သေချာသလောက်ပဲ။ ပြီးတော့ ဒီကိစ္စအတွက် ငါတို့ သခင်မကို အငြိုး မထားစေချင်ဘူး။ သူ အရင်က ဒီလို မဟုတ်ခဲ့ဘူး...
“အသေးစိတ် ပြောပြလို့ မရပေမဲ့ နင် သိထားဖို့က လင်းရှီးတောင်ကြားက အခု တပည့်တွေကို တာအိုအဖော်ယူဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ် ဆိုတာပဲ။ ပြီးတော့ ငါတို့ သခင်မလေး... သူက ယောကျ်ားတွေကို လုံးဝ မုန်းတီးတယ်။ အထူးသဖြင့် ယောက်ျားလေး ဆရာတွေကိုပေါ့...”
ယောကျ်ားတွေကို မုန်းတီးတယ် ဟုတ်လား...
လီချင်းရန် စိုးရိမ်လာသည်။ “ဒါပေမဲ့ ကျွန်မရဲ့ ဆရာက လူကောင်းပါ။ သူက တခြား မကောင်းတဲ့ ယောကျ်ားတွေလို မဟုတ်ပါဘူး။ ကျွန်မ အာမခံပါတယ်။ ပြီးတော့ သူက လင်းရှီးတောင်ကြားကို လာမှာတောင် မဟုတ်ဘူး...”
အမျိုးသမီး ကျင့်ကြံသူက ခေါင်းခါသည်။ “အဲဒါက အရေးမကြီးဘူး။
“ငါတို့ သခင်မလေးက ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါ ပြဿနာ ဖြစ်ခဲ့ရဖူးတယ်။ သူ ယောကျ်ား တစ်သောင်းကို စမ်းသပ်ခဲ့ပေမဲ့ အားလုံး ကျရှုံးခဲ့တယ်။
“သူ့မှာ အတိတ်က အတွေ့အကြုံတွေကြောင့် စိတ်ဒဏ်ရာတွေ ရှိပြီးသား။ အဲဒီ ကျရှုံးမှုတွေ ပြီးတဲ့နောက် သူရဲ့ယောကျ်ားတွေအပေါ် အမုန်းတရားက အကြွင်းမဲ့ ဖြစ်လာခဲ့တယ်။ လင်းရှီးတောင်ကြားက အရင်ကဆို အမျိုးသား တပည့်တွေကို ငြင်းပယ်ရုံပဲ။ အခုတော့ ယောကျ်ားတွေကို ဂိုဏ်းရဲ့ မိုင် ၅၀အတွင်း ဝင်ခွင့်မပြုတော့ဘူး။ အမျိုးသား ကျင့်ကြံသူ တစ်ယောက်က ထူးခြားတဲ့ အရည်အချင်း ရှိနေရင်တောင် သင်းကွပ်ခံဖို့ သဘောတူမှပဲ ဝင်ခွင့်ပြုတယ်...”
လီချင်းရန် ထိုနေရာတွင် ကြောင်ပြီး ရပ်နေမိသည်။ သူက စိတ်ပျက်အားငယ်မှုနှင့် ကူကယ်ရာမဲ့မှုတို့ ရောထွေးနေသော ခံစားချက်ကို ခံစားနေရ၏။
“ခြွင်းချက် ထားပေးလို့ မရဘူးလား။ ဒါမှမဟုတ် အနည်းဆုံး ကျွန်မကို ရှင်းပြခွင့် ပေးပါလား...”
“ခြွင်းချက် မရှိဘူး။ နင် ထွက်သွားသင့်ပြီ။”
အမျိုးသမီး ကျင့်ကြံသူက သူ့ကို လက်ကာပြလိုက်သည်။ “တာအိုစုံစမ်းရေးညီလာခံ မကြာခင် ပြီးတော့မယ်။ ဂိုဏ်းတွေက လှေပျံတွေနဲ့ ပြန်ယူကြတော့မယ်။ နင် အခု ထွက်သွားရင် တခြား ဂိုဏ်းကောင်းတစ်ဂိုဏ်းကို ဝင်ခွင့်ရနိုင်သေးတယ်။
“ဒါပေမဲ့ လင်းရှီး တောင်ကြားနဲ့က... ငါတို့ ရေစက်မပါဘူး...”
သူ လှည့်ထွက်သွား၏။ လီချင်းရန်ကို ညှိနှိုင်းစရာ မပေးတော့ပေ။
“ဒါက မတရားဘူး...”
ချန်ဟွိုက်အန် ထွက်သွားတုန်းက လီချင်းရန် မျက်ရည်မကျအောင် ထိန်းထားနိုင်ခဲ့သည်။ သို့သော် အခု သူက လင်းရှီးတောင်ကြားကို ဝင်ရောက်ရတော့မည်ဟု ထင်ထားပြီးမှ ရှင်းပြ၍ မရနိုင်သော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံလိုက်ရသောအခါ သူ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
လင်းရှီးတောင်ကြားမှလွဲ၍ မည်သည့်ဂိုဏ်းက ဆေးပညာနဲ့ အဂ္ဂိရတ်ပညာ ကျင့်ကြံခြင်းကို အထူးပြုသနည်း။ မည်သည့်ဂိုဏ်းတွင် ရှေးဟောင်း အဂ္ဂိရတ်ပညာ ဆေးနည်း စုဆောင်းမှုများ ရှိသနည်း။
ဆရာရဲ့ အဆိပ်ကို အခု သူ ဘယ်လို ကုသပေးနိုင်တော့မလဲ...
လီချင်းရန် စားသောက်ဆိုင် ဝင်ပေါက်တွင် ရပ်နေပြီး အပေါ်ထပ်ရှိ သီးသန့်အခန်းဘက်သို့ ငေးငိုင်လျက် ငေးကြည့်နေ၏။
သူက လုံးဝ အသုံးမကျသလို ခံစားနေရသည်။
ဆရာက သူ့ကို အခွင့်အရေး အများကြီး ပေးခဲ့သော်လည်း သူ ကူညီရမယ့်အချိန်တွင် ပထမဆုံး ခြေလှမ်းပင် မလှမ်းနိုင် ဖြစ်နေသည်။
“ဟောဗျာ...ခုနက ရေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ် ကောင်မလေး မဟုတ်လား...”
ယောကျ်ားသံလည်း မပီ၊ မိန်းမသံလည်း မပီသော၊ အံ့သြမှုနှင့် လောဘတို့ ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ညီမလေး။ မင်း လင်းရှီးတောင်ကြားကို မဝင်ဘူးလား...”
လီချင်းရန်က အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ လူအုပ်စုတစ်စုက ချဉ်းကပ်လာကြောင်းကို တွေ့လိုက်ရသည်။
သူတို့ကို ဦးဆောင်လာသူမှာ ဖြူဖျော့သော မျက်နှာနှင့် စာပေပညာရှင် တစ်ဦး ဖြစ်သည်။
သူ၏ မျက်နှာအသွင်အပြင်က အမျိုးသမီးတစ်ဦးထက်ပင် ပိုမို နူးညံ့သည်။ သူ၏ အသားအရေက စက္ကူကဲ့သို့ ဖြူဖွေးပြီး ပါးပြင်များကို ပါးနီဖြင့် ခြယ်သထားသည်။ ပါးလွှာသော ဓားတိုတစ်လက်နှင့် ကြွေပုလင်းလေးလုံးကို သူ၏ ခါးတွင် ချိတ်ဆွဲထားပြီး သူ၏ ရေမွှေးနံ့က လမ်းတစ်ဝက်မှပင် အနံ့ရနိုင်လောက်အောင် ပြင်းထန်လှသည်။ သူ၏ လှုပ်ရှားမှုတိုင်းက ချဲ့ကားပြီး အတုဆန်ပေသည်။
စာပေပညာရှင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မခိုးမခန့် ပြုံးလိုက်၏။
“ဟား... အဲဒီအရူးမက မင်းကို တကယ် ကန်ထုတ်လိုက်တာပဲ။ သီးသန့်စိတ်ဝိညာဉ်အမြစ် ပါရမီရှင်ကိုတောင် ငြင်းပယ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး...”
သူက အားရပါးရ ရယ်မောလိုက်ရာ မျက်နှာ မီးခိုးရောင်သန်းသွားပြီး ခါးကို ကိုင်းကာ အသက်ပြင်းပြင်း ရှူပြီးမှ ပြန်ပြုံးလိုက်သည်။
“သိပ်ကောင်းတယ်။ အကောင်းဆုံးပဲ။ ညီမလေး။ ငါတို့ ယင်-ယန်ဂိုဏ်းကို ဝင်ပါလား။ ငါတို့က လင်းရှီးတောင်ကြားလိုပဲ အစွမ်းထက်တယ်။ ငါတို့ရဲ့ ဂုဏ်သတင်းက နည်းနည်း ပိုဆိုးနေရုံပါ... ဒါပေမဲ့ ကျင့်ကြံသူတွေအနေနဲ့ ငါတို့အားလုံး တာအိုကို လိုက်စားနေကြတာ မဟုတ်ဘူးလား။ မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းကို မလုပ်သရွေ့ နည်းနည်း အပျော်အပါး လိုက်စားတာ ဘာမှားလို့လဲ...”
လီချင်းရန်၏ မျက်နှာအမူအရာ အေးစက်သွား၏။
သူ ယင်-ယန်ဂိုဏ်း အကြောင်းကို ကြားဖူးသည်။
၎င်းက ဟယ်ဟွမ်းဂိုဏ်းနှင့် အထွတ်အထိပ်ပျော်ရွှင်မှု ဇန်ဂိုဏ်းတို့နှင့်အတူ မဟာအပျော်အပါးဂိုဏ်း သုံးဂိုဏ်းအဖြစ် လူသိများပေသည်။
သို့သော်လည်း သူတို့ကို ဖြောင့်မှန်သော ဂိုဏ်းများအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။ လက်တွဲဖော်များ၏ အနှစ်သာရကို စုပ်ယူသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် မတူဘဲ ထိုဂိုဏ်းများက အပြန်အလှန် ကျင့်ကြံခြင်းကို အာရုံစိုက်ကြသည်။ သို့သော် သူတို့၏ ကျင့်စဉ်များက ယိုယွင်းပြီး ဇိမ်ခံလွန်းသဖြင့် အခြား ဖြောင့်မတ်သောလမ်းစဉ်လိုက်သူများက ရွံရှာကြလေသည်။
သူ့တွင် ဆရာ ရှိပြီးသား ဖြစ်၏။
ထို့သော ယုတ်ညံ့သော ဂိုဏ်းမျိုးကို ဝင်ရန် လုံးဝ မဖြစ်နိုင်ပေ။
သူ့တွင် ဆရာ မရှိသည့်တောင် သူတို့၏ ကျင့်ကြံပုံက သူ၏လမ်းစဉ်နှင့် လုံးဝ ကွဲပြားနေ၏။
“ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ...” လီချင်းရန် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ “ယင်-ယန်ဂိုဏ်းက ကောင်းမွန်တဲ့ဂိုဏ်းတစ်ခု ဖြစ်ပေမယ့် ကျွန်မရဲ့ ရေဓာတ် စိတ်ဝိညာဉ်အမြစ်နဲ့ ပိုပြီးတော့ သင့်လျော်တဲ့ဂိုဏ်းကို ရှာချင်ပါတယ်။”
“ငါတို့ဆီမှာလည်း ရေဂုဏ်သတ္တိ ကျင့်စဉ်တွေ ရှိပါတယ်။ အဝါရောင်အဆင့်၊ နက်နဲအဆင့် ကြိုက်တာ ရွေးလို့ရတယ်..”
“ကျွန်မမှာ ဆရာ ရှိပြီးသားပါ။ သူ့ရဲ့ အမိန့်တွေကို လိုက်နာရပါမယ်။ ကျေးဇူးပြုပြီးတော့ ကျွန်မကို အခက်တွေ့အောင် မလုပ်ပါနဲ့...”
လီချင်းရန် ထပ်မံ၍ ဦးညွှတ်လိုက်သည်။
“ဟမ့် အခက်တွေ့အောင် လုပ်တယ် ဟုတ်လား...” ဖြူဖျော့သော စာပေပညာရှင်၏ မျက်နှာက မည်းမှောင်သွားသည်။ “မင်းက ငါတို့ ယင်-ယန်ဂိုဏ်းကို မျက်နှာသာမပေးဘဲနဲ့ ငြင်းဆန်နေတာပဲ...”
“ဆရာ ဟုတ်လား။ ကောင်းပြီလေ။ မင်းရဲ့ ဆရာကို ကြည့်တာပေါ့။ မင်း ဒီနေ့ ငါတို့နဲ့ လိုက်ခဲ့ရမယ်...”
လီချင်းရန် နှုတ်ခမ်းကို ကိုက်လိုက်၏။
သူက ထိုနေရာဆီ ဆရာကို မဆင့်ခေါ်ချင်ပေ။
ထို့ပြင် သူက ဆရာကို ထိုမိစ္ဆာကြီးနှင့် တိုက်ခိုက်နေရာမှ အာရုံမပျံ့လွင့်စေချင်ပေ။
ထိုမိစ္ဆာက အတော်လေး အစွမ်းထက်၏။ သူ၏ဆရာက လုံးဝ အာရုံစိုက်ရန် လိုအပ်ပေသည်။ သူ့အတွက် စိတ်ပူအောင် မည်သို့ လုပ်ရက်မည်နည်း။
သို့သော် ဆရာ မရှိလျှင်ပင် သူက ကူကယ်ရာမဲ့ မဟုတ်ပေ။
သူ့တွင် ဆရာ ပေးထားသော အဆောင်များ ရှိနေသေး၏။
သူက သိုလှောင်အိတ်ထဲ လက်နှိုက်ပြီး မိုးကြိုးမီးအဆောင် လက်တစ်ဆုပ်စာကို ဆုပ်ကိုင်လိုက်သည်။
သူ တုံ့ဆိုင်းသွား၏။
ဖြူဖျော့သော စာပေပညာရှင်က အနည်းဆုံး ရွှေရောင်အနှစ်သာရအဆင့် ဖြစ်သည်။
ထိုအဆောင်များကို အသက်သွင်းလိုက်လျှင် သူ့ကို အမှုန့် ဖြစ်သွားအောင် လုပ်ပစ်နိုင်၏။
သို့သော် ထိုအခါတွင် ယင်-ယန်ဂိုဏ်းက သူ့ကို လိုက်ရှာလိမ့်မည်။
ထိုအခါ သူ ဘာလုပ်ရမည်နည်း။
သူ ဆရာကို ထပ်ပြီး ဒုက္ခပေးသလို ဖြစ်မသွားဘူးလား...
လီချင်းရန်၊ အရူးမ.... မင်းမှာ ဒီလောက်ကောင်းတဲ့ လက်နက် ရှိတာတောင် အရူးလို ကစားနေတယ်။
သူင ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်ပြီး တစ်လှမ်းချင်း ချဉ်းကပ်လာသော စာပေပညာရှင်ကို စိုက်ကြည့်လိုက်သည်။ အေးစက်သော အရောင်တစ်ချက်င သူ၏ မျက်လုံး နက်ရှိုင်းသော နေရာတွင် လင်းလက်သွား၏။
“နေဦး...”
ပေါ့ပါးသော အသံတစ်သံက ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။
ဘုန်း...
အကျယ် မီတာဝက်ခန့် ရှိပြီး အမိုးလောက် မြင့်မားသော ဧရာမ ဓားကြီးတစ်လက်က လီချင်းရန်နှင့် ယင်-ယန်ဂိုဏ်း အုပ်စုကြားသို့ ကျလာခဲ့သည်။
လေပြင်းတစ်ချက် လမ်းမပေါ် ဖြတ်သန်းတိုက်ခတ်သွား၏။
ဓားကြီးပေါ်တွင် ခြေထောက်တစ်ချောင်း ပေါ့ပေါ့ပါးပါး တွဲလောင်းကျနေသည်။ ဘူးသီးခြောက် တစ်လုံးက ဓားလက်ကိုင်ထိပ်ကို ရိုက်ခတ်နေပြီး ဝိုင်နှစ်စက် ဖိတ်ကျလာလေသည်။
အနက်ရောင်ဝတ်စုံနှင့် အနက်ရောင်ဘောင်းဘီ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဓားသွားပေါ် ပျင်းရိစွာ ထိုင်နေပြီး မျက်နှာကို အနက်ရောင်ဇာပဝါဖြင့် ဖုံးအုပ်ထား၏။
သူက ခြေထောက်တစ်ဖက်ကို အခြားတစ်ဖက်ပေါ် တင်ထားနေသည်။ ဖိနပ်ထိပ်တွင် အပေါက်တစ်ခု ပါရှိပြီး ခြေမတစ်ဝက် ပေါ်နေ၏။
လေက ဇာပဝါကို အနည်းငယ် မလိုက်ရာ အရက်နှင့် ကြက်သွန်ဖြူ အနံ့ ပြင်းပြင်းထန်ထန် ပါလာခဲ့သည်။
ထို့နောက် ပျင်းရိသော အသံတစ်သံက ပြောလိုက်၏။
“ဒီကောင်မလေးလား ငါတို့ သဘောကျသွားပြီ။ အေ့...”
“မင်းတို့ကောင်တွေ...အေ့...အခုချက်ချင်း...”
“ထွက်သွားစမ်း...”