ငါက တကယ် စူပါမန်း ဖြစ်နေတာပဲ
Vol. 6 Ch. 60
ထျန်းချွမ်မြို့၊ ကောင်းကင်တက်မျှော်စင်၌....
လင်းရှီးတောင်ကြားမှ သခင်မလေးလေး ယွန်စုရှင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာ၏။
သူ၏ ပတ်ဝန်းကျင်တွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများနှင့် မြို့စောင့်များ ဖရိုဖရဲ လဲနေကြပြီး သတိလစ်နေဆဲ ဖြစ်သည်။
သူ၏ ကိုက်ခဲနေသော နားထင်ကို ပွတ်သပ်ရင်း ခါးဆီသို့ အလိုအလျောက် လက်လှမ်းလိုက်သည်။
“...ငါ့ရဲ့ သိုလှောင်အိတ် ဘယ်ရောက်သွားလဲ...”
သူ၏ သိုလှောင်အိတ် ပျောက်ဆုံးသွားရုံသာမက သူ၏ လက်နက်များနှင့် ရတနာများပါ မရှိတော့။
အခြား ကျင့်ကြံသူ အများအပြားလည်း နိုးမလာကြသေးပေ။ သူတို့အားလုံး ထိုနေရာတွင် ဂိုဏ်းမှ လှေပျံများကို စောင့်ဆိုင်းနေရင်း ဆေးခတ်ခံရပြီး ပိုင်ဆိုင်မှုများ အကုန် လုယူခံလိုက်ရခြင်း ဖြစ်သည်။
“ဒါက... ဝိညာဉ်ပြန့်ကျဲ အမွှေးတိုင်ပဲ...”
ယွန်စုရှင်းက ထောင့်တစ်နေရာတွင် လောင်ကျွမ်းပြီးသား အမွှေးတိုင်အိုး တစ်လုံးကို တွေ့လိုက်ရသည်။
ဝိညာဉ်ပြန့်ကျဲ အမွှေးတိုင်သည် အဆိပ်မရှိ၊ အရောင်မရှိ၊ အနံ့မရှိသော ငြိမ်ဆေး ဖြစ်ပြီး ပုံမှန်အားဖြင့် ဝိညာဉ်သားရဲများကို ငြိမ်သက်စေရန် အသုံးပြုကြသည်။
ဒီလိုလုပ်ခဲ့တဲ့သူက သွေးဆာနေတဲ့သူ မဟုတ်တာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အကျိုးဆက်တွေက စဉ်းစားလို့တောင် မရဲဘူး...
သို့သော် ထိုနေရာကို ဂုဏ်သိက္ခာရှိသော ဂိုဏ်းများသာ သိကြပြီး ထိုနေရာရှိ လူတိုင်းက တင်းကျပ်သော အထောက်အထား စစ်ဆေးမှုများကို ခံယူခဲ့ရသည်။
ဆိုလိုသည်မှာ သစ္စာဖောက် ရှိနေခြင်းပင်...
ဒါပေမဲ့ ဘယ်သူလဲ...
“ချင်းယွန်ဂိုဏ်း...”
ဒေါသတကြီး အသံတစ်သံ ထွက်ပေါ်လာ၏။
တစ်စုံတစ်ယောက်က ခန်းမနံရံပေါ်ရှိ “ချင်း”ဟူသော စာလုံး အကြီးကြီးနှင့် ဘေးတွင် ရေးဆွဲထားသော လှောင်ပြောင်နေသည့် သရဲမျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။
“မယုံနိုင်စရာပဲ။ ငါတို့က ချင်းယွန်ဂိုဏ်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါပေမဲ့ သူတို့က ငါတို့ကို လုယက်ဖို့ ဒီလောက်ဝေးဝေး ရောက်လာခဲ့တယ်...”
“ချင်းယွန်ဂိုဏ်းက အတိုင်းအဆမရှိ ချမ်းသာပြီးသားလေ။ ငါတို့ကို အရှက်ခွဲချင်လို့ ဒီလိုမျိုး လုပ်တာ ဖြစ်ရမယ်...”
“ကျုံးကျိုးလျှို့ဝှက်နယ်မြေပွင့်ျရင် သူတို့တပည့်တွေ ပြန်ပေးဆပ်စေရမယ်...”
ခန်းမတစ်ခုလုံးက ဒေါသထွက်နေသော ဆွေးနွေးမှုများဖြင့် ပေါက်ကွဲနေစဉ် ယွန်စုရှင်းက လောင်ကျွမ်းပြီးသား အမွှေးတိုင်ပြာကို လက်ချောင်းများကြား ညှပ်ကာ မျက်လုံးလှန်လိုက်၏။
၎င်းက တကယ် ချင်းယွန်ဂိုဏ်း လက်ချက်ဆိုလျှင် သူက ထိုအမွှေးတိုင်ပြာကို စားပြလိုက်ပေမည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ပျောက်ဆုံးနေသူများမှာ ဓားကျောင်းတော်မှ လူများသာ။
သူတို့၏ ထာဝရ ဆင်းရဲမွဲတေမှုကို တွေးမိကာ ယွန်စုရှင်းက ချက်ချင်း နားလည်လိုက်၏။
ဟာ့... ဒါဆို ဓားကျောင်းတော်က လင်းရှီးတောင်ကြားကို လုယက်ရဲတယ်ပေါ့...
ကောင်းပြီလေ။ စောင့်ကြည့်နေလိုက်...
“ညီကို။ မင်းက တကယ့် မိုက်တာပဲ...”
ထုတ်လုပ်ရေးအဖွဲ့၏ ကားပေါ်တွင် ထိုင်နေစဉ် ချန်ဟွိုက်အန်၏ ပါးစပ် တွန့်သွား၏။
ကားဆရာက ဒီစကားစုကို သုံးကြိမ်မြောက် ထပ်ပြောနေခြင်း ဖြစ်သည်။
ပထမဆုံး တွေ့စဉ်က...
ဒုတိယ ကားပေါ်တက်စဉ်က...
အခု တတိယအကြိမ် ရှိနေလေပြီ။
“ရိုးရိုးသားသား ပြောရရင် ငါ ဒီရှိုးပွဲအတွက် ကားမောင်းလာတာ နှစ်တွေ အများကြီး ကြာပြီ။ အနည်းဆုံး နာမည်ကြီး တစ်ထောင်လောက်တော့ မြင်ဖူးတယ်...” ကားဆရာက လေးနက်စွာ ပြောလိုက်သည်။ လက်တစ်ဖက်က စတီယာရင်ပေါ် တင်ထားပြီး အခြားသော တစ်ဖက်က ချန်ဟွိုက်အန်ကို လက်မထောင်ပြနေ၏။
“ဒါပေမဲ့ မင်းလောက် ချောတဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး။ ခေါင်းတုံး ဖြစ်နေတာတောင်နော်။ ဆံပင်သာရှိရင် ဘယ်လောက်တောင် မိုက်မလဲ စဉ်းစားတောင် မကြည့်ရဲဘူး။ နောက်နေတာ မဟုတ်ဘူး၊ မင်းက ဒီရာသီမှာ ပါဝင်တဲ့ ခွဲစိတ်ပြုပြင်ထားတဲ့ နာမည်ကြီး ချိုင်ရီဖန်ဆိုတဲ့ ကောင်ကိုတောင် ဟာသ ဖြစ်သွားစေနိုင်တယ်...”
“ကျွန်တော်က သာမန်ပါပဲ...” ချန်ဟွိုက်အန် အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။
“မဖြစ်နိုင်တာ...” ကားဆရာ ခေါင်းခါလိုက်သည်။ “မင်း သိလား... အရှိန်အဝါပဲ။ ရုပ်ရည်ကို ဖယ်ထားရင်တောင် မင်းရဲ့ အရှိန်အဝါ တစ်ခုတည်းနဲ့တင် အဲဒီနာမည်ကြီး ယောက်ျားတွေ အကုန်လုံးကို ခေါက်ထားလို့တယ်။ ဘယ်လိုပြောရမလဲ... ဉာဏ်အလင်းရတဲ့ ဘုန်းကြီးတစ်ပါးရဲ့ သန့်စင်မှုလိုမျိုးပေါ့။ မင်း ထန်ဆန်းကိုယ်တော် နေရာမှာ သရုပ်ဆောင်သင့်တယ်။ ချက်ချင်း ပေါက်သွားမှာ...”
ချန်ဟွိုက်အန် တခွီးခွီး ရယ်လိုက်သည်။ “အဲဒီလိုဆိုရင် ကျွန်တော်က နာမည်ကြီးတွေဆီက အာရုံစိုက်မှုကို လုယူရာ မရောက်သွားဘူးလား...”
ထိုစကားကိုကြားရာ ကားဆရာက မျက်နှာ ပျက်သွား၏။ သူက စတီယာရင်ကို ရိုက်လိုက်၏။
“မင်း သိလား... အဲဒီချိုင်ရီဖန်ဆိုတဲ့ကောင်ကို သတိထား။ သူက အကောင်ကြီးကြီး။ ပေါ့ဆလို့ရမယ့်သူ မဟုတ်ဘူး။ ဒီရှိုးပွဲက သူ့ကို ကြော်ငြာဖို့ လုပ်ထားတာ။ မင်းက သူ့နဲ့ တွေ့ရင် မပေါ်အောင်နေနေ။ ငါတို့က သာမန်လူတွေပဲ။ နာမည်ကြီးတွေနဲ့ ခေါင်းချင်း ယှဉ်တိုက်စရာ မလိုဘူး...”
ချန်ဟွိုက်အန် မှတ်သားထားလိုက်၏။
သို့သော် တကယ်တမ်းတွင် သူလို ကင်ဆာနောက်ဆုံးအဆင့် လူနာက နာမည်ကြီးတစ်ယောက်နဲ့ ဘာများ ပဋိပက္ခ ဖြစ်နိုင်စရာ ရှိနိုင်မည်နည်း...
တစ်ဖက်က ကြည့်ပြန်လျှင်... ထိုနာမည်ကြီးကရော သူ့ကို ပြဿနာ ရှာရဲမည်လား...
“ကြောက်စရာအဘိုးကြီး တီဇီးရိုးဗားရှင်း” နှင့် “နတ်ဘုရားငယ်” ဟူ၍ အမည်တွင်ခဲ့ပြီးနောက်တွင် သူက အခြေခံအားဖြင့် လက်တွေ့ဘဝ၏ လျို့ဝှက်ဘော့စ် တစ်ဦး ဖြစ်နေမည် မဟုတ်ပါလား...
တကယ်၍ ထိုနာမည်ကြီးကသာ သူ့ကို ပြဿနာ ရှာခဲ့လျှင်...
ကောင်းပြီလေ...
“ငါ တကယ် မှားသွားပါတယ်” ဆိုတဲ့ စကားစုကို ကိုယ်တိုင် ကြုံရတာပေါ့။
“ဘုရားရေး... ချိုင်ရီဖန် နောက်ဆုံးတော့ ရောက်လာပြီ...”
“မင်္ဂလာ ညချမ်းပါ။ အစ်ကိုဖန်...”
“အစ်ကိုဖန်။ ရှင်က ပိုပိုပြီး ချောလာပါလား။ ရှင့်ရဲ့ အနုပညာလမ်းကြောင်းက တကယ်ကို ကောင်းကင်ထိ ထိုးတက်နေတာပဲ...”
ထျန်းမင်တောင် ခြေရင်းတွင် “နာမည်ကြီးများနှင့်စွန့်စားခန်း”၏ ထုတ်လုပ်ရေး အဖွဲ့ စုဝေးနေကြ၏။
အထူးချုပ်လုပ်ထားသော ဒီဇိုင်နာ ဝတ်စုံ ဝတ်ဆင်ထားပြီး ဈေးကြီးသော ရင်ထိုး တပ်ဆင်ထားသည့် ထူးခြားထင်ရှားသော လူငယ်တစ်ဦးက မီးရောင်အောက်သို့ ဝင်ရောက်လာသည်။
ချိုင်ရီဖန်...
လက်ရှိ ရေပန်းစားနေသော နာမည်ကြီးပင်။
သူက တကယ့် A-listအဆင့်သို့ မရောက်သေးသော်လည်း လျင်မြန်စွာ တက်လှမ်းနေပြီး တောက်ပသော အနာဂတ်ရှိသူ ဖြစ်သည်။
သူက ထိုရှိုးပွဲကို အထူးတလည် နှစ်သက်လွန်းလို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ သူ့ကုမ္ပဏီက စီစဉ်ပေးခြင်း ဖြစ်ပြီး ၎င်းက သူ၏ လူထုပုံရိပ်ကို တိုးတက်စေရန်နှင့် သာမန်ပရိသတ်များကို ပိုမို ဆွဲဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေရန်နှင့် လာမည့် ရုပ်ရှင်တစ်ခုတွင် ရရှိထားသော ခေါင်းဆောင် မင်းသား နေရာအတွက် အခြေခံအုတ်မြစ်ချပေးခြင်း ဖြစ်သည်။
ပြဿနာမှာ...
ချိုင်ရီဖန်တွင် သရုပ်ဆောင် အရည်အချင်း လုံးဝမရှိဘဲ အသံသရုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သည်။
သူသာ ယခု နာမည်ကောင်း မတည်ဆောက်ထားလျှင် ရုပ်ရှင် မပြသခင်ကပင် ဝေဖန်ရေးဆရာများ၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ခံရပေလိမ့်မည်။
သူ၏အမြင်အရဆိုရင် ထိုနေရာတွင် ရှိနေရတာကို မုန်း၏။
ပထမအနေဖြင့် သူ တောင်တက်ခြင်းကို မုန်းသည်။ ပင်ပန်းပြီး ချွေးထွက်စေ၏။
ဒုတိယမှာ ရှိုးပွဲက တိုက်ရိုက် ထုတ်လွှင့်ခြင်းပင်။
ဆိုလိုသည်မှာ သူ၏ တကယ့်အပြုအမူကို ဖိနှိပ်ထားရမည်။ ဆဲဆိုခြင်းမပြုရ၊ ဆေးလိပ်မသောက်ရ၊ နှာခေါင်း မကလော်ရ စသဖြင့်။
အစီအစဉ်က ည ၉နာရီတိတိမှာ စတင်မည် ဖြစ်သည်။ ပြင်ဆင်ရန်အတွက် ည ၇နာရီတွင် ရောက်ရှိ နေရပေမည်။
သူက ည ၈နာရီ ၄၀မိနစ်မှ ရောက်လာခဲ့သည်။
နာမည်ကျသွားသော နာမည်ကြီးတစ်ဦးနှင့် ဆယ်လီသုံးဦး အပါအဝင် အခြား ဧည့်သည်များ အားလုံးက ပါးနပ်စွာဖြင့် စောစီးစွာ ရောက်ရှိနေကြသည်။ သူတို့က နောက်ကွယ်မှ ရိုက်ကူးမှုများ အချို့ကိုပင် ကြိုတင် ရိုက်ကူးထားပြီး ဖြစ်သည်။
ထိုကဲ့သို့ ရှိုးပွဲမျိုးတွင် နောက်ကွယ်မှ ရိုက်ကူးချက်များက မရှိမဖြစ် လိုအပ်သည်။
တိုက်ရိုက် ထုတ်လွှင့်မှု ဖြစ်သော်လည်း နောက်ပိုင်းတွင် ပြန်လည် ပြသရန်အတွက် မှတ်တမ်းရုပ်ရှင် အဖြစ် တည်းဖြတ်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အလုပ်လုပ်နေသော လူတန်းစား ကြည့်ရှုသူတိုင်းက ည ၇နာရီတိတိတွင် တီဗီ ထိုင်ကြည့်နိုင်ကြသည် မဟုတ်ပေ။
“အိုး...နောက်ဆုံးတော့ ရှောင်ဖန် ရောက်လာပြီပဲ...” ဒါရိုက်တာကျန်းက သူ့ကို နှုတ်ဆက်လိုက်ပြီး သေလုမတတ် စိုးရိမ်နေခြင်းကို မနည်း ဖုံးကွယ်ထားရသည်။
သူ ဒေါသထွက်နေသော်လည်း စကားကြမ်းကြမ်း တစ်ခွန်းမှ မပြောရဲပေ။
“သွားပြင်ဆင်လိုက်ဦး။ ဒီကြားထဲ ငါတို့တွေ ဖြည့်စွက် ရိုက်ကူးမှုတွေ ရိုက်ထားလိုက်မယ်...”
ချိုင်ရီဖန် သူ့ကို ပျင်းရိသော အကြည့်ဖြင့် ကြည့်ပြီး မျက်လုံးလှန်လိုက်၏။
“ကင်မရာထောင့်တွေ ပြီးပြည့်စုံအောင် သေချာလုပ်။ ကျုပ်ရဲ့ အကောင်းဆုံး ရှုထောင့်တွေကို ရိုက်။ ခင်ဗျားတို့ ဘာပဲတင်တင် ကျုပ် အရင် အတည်ပြုပေးရမယ်။ ကျုပ်ကို ကြည့်ကောင်းအောင် မလုပ်ပေးရင် ဘယ်ဟာမှ တင်ရမှာ မဟုတ်ဘူး...”
“ဒါပေါ့။ ဒါပေါ့...” ဒါရိုက်တာက အတင်းအကျပ် ပြုံးလိုက်ပြီး စိတ်ထဲတွင် ချိုင်ရီဖန်၏ မျိုးရိုးစဉ်ဆက်ကို ကျိန်ဆဲလိုက်၏။
ချိုင်ရီဖန် အဝတ်အစားလဲရန်နှင့် မိတ်ကပ်လိမ်းရန် သွားလိုက်သည်။
သူတို့က ထျန်းမင်တောင်ကို ညဘက် တက်ရတော့မည် ဖြစ်သော်လည်း မိတ်ကပ် မရှိမဖြစ် လိုအပ်သည်။
မျက်ကွင်းညိုများကို ဖုံးအုပ်ရမည် ဖြစ်၏။
ကင်မရာမန်း ကြောင်သွားသည်။
ဒါဆိုရင် ဒီနောက်ကွယ်က ရိုက်ကွက်တွေက... ချိုင်ရီဖန် အဝတ်အစားလဲပြီး မိတ်ကပ်လိမ်းနေတာပဲ ဖြစ်တော့မှာလား...
အခြား ဧည့်သည်များ အားလုံးက မိမိကိုယ်ကို မိတ်ဆက်ကြသည်။ သူတို့၏ အပြင်ဘက် ရှင်သန်ရေး ပစ္စည်းများကို သရုပ်ပြကြပြီး ဖြစ်နိုင်ခြေရှိသော တောင်တက် စိန်ခေါ်မှုများနှင့် လျှို့ဝှက် လက်နက်များကို ဆွေးနွေးကြ၏။
သို့သော် ချိုင်ရီဖန်ကမူ...
ဟန်ဆောင်လွန်းသော ပို့စ်အနည်းငယ် ပေးနေခြင်းသာ...
ဒါက တောင်တက်ပွဲလား။ ဖက်ရှင်ရှိုးပွဲလား...
ည ၈နာရီ ၅၀မိနစ်တွင် လူတိုင်း နေရာယူထားပြီး ရိုက်ကူးရန် အသင့်ဖြစ်နေလေပြီ။
ထို့နောက် ဝန်ထမ်းတစ်ဦးက ဒါရိုက်တာဆီသို့ ပြေးလာပြီး စိုးရိမ်တကြီး တီးတိုးပြောလိုက်သည်။
“ဒါရိုက်တာကျန်း... နောက်ထပ် ဧည့်သည်တစ်ယောက် မရောက်လာသေးဘူး...”
“ဘယ်သူလဲ...” ဒါရိုက်တာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသကို မနည်းထိန်းထားရသည်။
“စီစဉ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် ဧည့်သည်လေ...”
“သြော်...ဟုတ်သားပဲ။ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်...” ဒါရိုက်တာက ချိုင်ရီဖန်ကို ဒေါသ ထွက်လွန်းသဖြင့် လုံးဝကို မေ့လျော့နေခဲ့သည်။
“သူတို့ ဘယ်မှာလဲ စုံစမ်းလိုက်...”
“စုံစမ်းပြီးပါပြီ။ ကားဆရာ ပြောတာက... သူတို့ ဘက်ထရီ ကုန်သွားတယ်တဲ့...”
“ဘာ... လခွမ်းတဲ့မှ... ဘယ်မှ ချောချောမွေ့မွေ့ မဖြစ်နိုင်တော့ဘူးလား... သူတို့ကို နေရာ အတိအကျ မေးပြီး ချက်ချင်း ကားလွှတ်လိုက်။” ဒါရိုက်တာက မျက်နှာ မည်းမှောင်သွား၏။ သူ စိတ်ပျက်စွာဖြင့် ခေါင်းကို ကိုင်လိုက်သော်လည်း ရှိုးပွဲ စတင်ကြောင်း ကြေညာလိုက်သည်။
ငါးမိနစ် နောက်ကျခြင်းက သူတို့အတွက် ကိစ္စကြီး မဟုတ်ပေ။
သို့သော် တီဗီလိုင်းအတွက်မူ ထုတ်လွှင့်မှု ဘေးအန္တရာယ် ဖြစ်ပေလိမ့်မည်။
ထိုအချိန် လူသူကင်းမဲ့သော တောင်တက်လမ်း တစ်ခုတွင် ချန်ဟွိုက်အန်၏ကား ရပ်တန့်နေ၏။
“ဆုံမှတ်နဲ့ ဝေးနေသေးတယ်...” ကားဆရာ သက်ပြင်းချလိုက်သည်။ “လျှပ်စစ်ကားစုတ်တွေ။ ဓာတ်ဆီကားတွေလောက် စိတ်မချရဘူး။ အေးလာရင် ဘက်ထရီကုန်တာ အရမ်းမြန်တာပဲ...”
ချန်ဟွိုက်အန်က အချိန်ကို တစ်ချက် ကြည့်လိုက်သည်။
ရှိုးပွဲက ည ၉နာရီတိတိတွင် စတင်ပေမည်။
သူက အမြဲပင် အချိန်တိကျသူ ဖြစ်၏။
သူက မတ်စောက်သော ကျောက်ကမ်းပါးကို မော့ကြည့်လိုက်ပြီး ခြေထောက်ဖြင့် စမ်းလိုက်သည်။
ခိုင်ခံ့ပြီး တည်ငြိမ်၏။
တိုက်ရိုက် တက်သွားလျှင် ခဏလေးနှင့် ရောက်ပေလိမ့်မည်။
“ကိုယ့်ဘာသာ တက်သွားလိုက်တော့မယ်...” ချန်ဟွိုက်အန် ပြောလိုက်သည်။
“ဘာပြောလိုက်တယ်...”
ကားဆရာ လှည့်ကြည့်လိုက်ချိန်တွင် ချန်ဟွိုက်အန် မရှိတော့ပေ။
ညက မှောင်မိုက်နေ၏။
ထျန်းမင်တောင်ပေါ်တွင် လေများ တိုက်ခတ်နေသည်။
အရိပ်တစ်ခုက ကမ်းပါးမျက်နှာပြင်ပေါ်သို့ သရဲသဖွယ် ပျံတက်သွားခဲ့သည်။
“ကင်ဆာဆဲလ်တွေနဲ့ အသက်ချီစွမ်းအင်တွေရဲ့ ပဲ့တင်ထပ်သံတွေကို ငါ ကြားနေရတယ်...”
ချန်ဟွိုက်အန်က လရောင်ကို ငေးကြည့်ပြီး ယနေ့ညတွင် ညာခြေထောက်က ထူးထူးခြားခြား သန်မာ နေသည်ကြောင်း ခံစားလိုက်မိသည်။ သူ၏ လက်ကောက်ဝတ်မှ ပုတီးတစ်လုံး တဖြည်းဖြည်း အရောင် မှိန်သွားသည်ကို သူ သတိမပြုမိဘဲ ပြုံးဖြီးဖြီး လုပ်လိုက်၏။
“ဟီးဟီး... ဒီသခင်က...တကယ် စူပါမန်းပဲ...”