ဓါးပြတွေမှ ပစ်မှတ်ထားခံရတဲ့ သူတို့နှစ်ယောက်
Vol. 7 Ch. 80
"ခင်ဗျားတို့နှစ်ယောက် ဘယ်ကရောက်လာကြတာလဲ... ဘာလို့ အဲ့ပစ္စည်းကို ရှာနေရတာလဲ..."
ထိုလူက အနည်းငယ်စိတ်လှုပ်ရှားနေတာကို မြင်လိုက်ရသောအခါ ကျန်းယီမင်အတော်လေး နားမလည်နိုင်ဖြစ်သွားသည်။ သူတို့ တုန်းမီကျိန်စာနဲ့ ပက်သတ်ပြီးတော့ အခုသိထားတာက "ဇစ်မြစ်" ဆိုတဲ့ စကားလုံးသာရှိသည်။ ထိုပစ္စည်း အတိအကျက ဘာလဲဆိုတာ သူတို့မသိကြပေ။ ဒါ ဆေးလုံးလား... ကျင့်စဉ်လား... ဒါမှမဟုတ် ရတနာလား...
"ဟူး... ခင်ဗျားတို့နှစ်ယောက် ပြောဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း မေ့လိုက်ပါ။ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ အမျိုးမျိုးရှိခဲ့တယ်" အနက်ရောင်ဝတ်ထားသည့်လူက ခေါင်းကုတ်လိုက်ရင်း သူ့လက်ထဲရှိပစ္စည်းတစ်ခုခုကို ဆော့ကစားနေသည်။
"တချို့က ဒါကိုနတ်ဘုရားတစ်ပါးက ဖန်တီးထားတဲ့ ဆေးလုံးလို့ ပြောကြတယ်၊ တချို့ကတော့ ရှေးခေတ်ကကျန်ရစ်ခဲ့တဲ့ လျှို့ဝှက်ရတနာလို့ပြောကြတယ်..."
"ဒါပေမဲ့ အချက်တစ်ခုတော့ သေချာတယ်။ ဒီ 'ဇစ်မြစ်'လို့ခေါ်တဲ့အရာက ငရဲပြည်ထဲမှာပဲ ဝှက်ထားတဲ့ပုံပဲဗျ...။ အဲ့ဒါပဲ ကျွန်တော်သိတယ်၊ ဒါပေမဲ့..."
ထိုလူက သူ့လက်ထဲကအရုပ်ကို ကျန်းယီမင်ရှေ့သို့ မြှောက်ပြလိုက်သည်။ ကျန်းယီမင်က နားလည်သွားပြီး အရုပ်ကိုလှမ်းယူလိုက်သည်။ သူလည်း ခဏလေး ဆော့ကစားလိုက်သည်။
ထိုအရုပ်သည် အလှဆင်ပစ္စည်းတစ်ခုမျှသာဖြစ်သော်လည်း သေသေသပ်သပ် ဖန်တီးထားသည်ဟု ဆိုနိုင်သည်။ ကျန်းယီမင်က စိတ်ဝိညာဥ်ကျောက်တုံးတချို့ကို ထုတ်ယူလိုက်ပြီး ထိုလူရဲ့လက်ထဲကို ထည့်ပေးလိုက်ကာ "ဒီအရာရဲ့ဇစ်မြစ်ကို ကျွန်တော်မသိဘူး၊ အဲ့ဒါကြောင့် ကျွန်တော်မလိုချင်ဘူး" ဟု ပြောလိုက်သည်။
"ကောင်းပြီ... ခင်ဗျားကရိုးသားတဲ့လူပဲ၊ ဒါကြောင့် ကျွန်တော် ပြောပြမယ်"
ထိုလူက စိတ်ဝိညာဥ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး ကျန်းယီမင်ကို အနီးကပ်လာရန် အချက်ပြကာ ဂရုတစိုက်နဲ့ ပြောပြလိုက်သည်။
"တကယ် ဟုတ်မဟုတ်တော့မသိဘူး၊ ဒါပေမဲ့ ပင်လယ်နားမှာ တစ်ယောက်တည်းနေတဲ့ အဘိုးဟိုင်လို့ခေါ်တဲ့ အဘိုးကြီးတစ်ဦးရဲ့ ကောလာဟလတွေ ရှိတယ်။ သူဘယ်အချိန်ကတည်းက ငရဲမြို့တော်မှာ နေလာခဲ့မှန်းမသိဘူး၊ ဒါပေမဲ့ သူက သူ့အစ်ကို ဒါမှမဟုတ် သူ့သူငယ်ချင်းကို ပြန်ရှင်စေမယ့် နည်းလမ်းကိုရှာဖို့ ဒီကိုရောက်နေတယ်လို့ ပြောကြတယ်။ သူကတော့ ငရဲမြို့တော်အကြောင်းကို အများကြီးသိတယ်"
ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ ထိုလိုလူမျိုးက သူရှာနေတဲ့သူဖြစ်သည်။
"ဒါပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားက ထူးဆန်းတယ်။ သူ့ပါးစပ်ကနေ စကားပြောအောင် ခင်ဗျားတို့လုပ်နိုင်ခဲ့ရင် ငရဲမြို့တော်မှာ သတင်းကောင်းအဖြစ် သတ်မှတ်လို့ရတယ်ဗျ... ဒီလမ်းက တည့်တည့်လျှောက်သွားပြီး ကမ်းခြေဘက်ကိုဦးတည်ပြီး တစ်နာရီလောက် အနောက်ဘက်ကိုသွားလိုက်ပါ။ မီးရောင်ကိုမြင်ရင် အဲ့ဒါအဘိုးဟိုင်ရှိတဲ့နေရာပဲ"
ထိုလူသည် မသေချာတဲ့နေရာတွေကို လက်ညှိုးဖြင့်ထိုးကာ လမ်းညွှန်ပြလိုက်သည်။ ကျန်းယီမင်က လက်နှစ်ဖက်ကိုဆုပ်ကာ တုန်းမီနှင့်အတူ ထိုလူကို နှုတ်ဆက်လိုက်သည်။ သူတို့နှစ်ဦးသားသည် ငရဲမြို့ဈေးမှ ခပ်မြန်မြန်ထွက်သွားလိုက်ကြသည်။ သူတို့ ထွက်သွားပြီး သိပ်မကြာမီတွင် ကျန်းယီမင်ကရုတ်တရက် လမ်းလျှောက်နေတာကို ရပ်လိုက်သည်။
"ဆရာ... ဘာဖြစ်လို့လဲ..."
ထိုအရာကို မြင်လိုက်သောအခါ တုန်းမီက သူ့ဆရာက ပြဿနာတစ်ခုခုကို သတိထားမိလိုက်ပြီဖြစ်ကြောင်း သိသွားသည်။
"ငါထင်သားပဲ။ ဒီတစ်ခေါက်ခရီးက ဒီလောက် မလွယ်ဘူးဆိုတာ"
ကျန်းယီမင်က သက်ပြင်းချလိုက်သည်။
"ငါတို့ကို လိုက်ချောင်းနေတဲ့ခွေးတချို့ရှိတယ်"
သူပြောပြီးတာနှင့် ဓားတစ်ချောင်းသည် သူ့မျက်နှာရှေ့ကို အရှိန်အဟုန်နဲ့ ရောက်လာခဲ့သည်။ ကျန်းယီမင်က စိတ်ဝိညာဥ်အာရုံနဲ့ တားဆီးလိုက်ရာ ဓားသည် သူ့မျက်လုံးရှေ့တွင် ရပ်တန့်သွားသည်။ တုန်းမီက အခြေအနေကို ချက်ချင်းနားလည်သွားသည်။ သူသည်လည်း သူ့စိတ်ဝိညာဉ်စွမ်းအားကို ခပ်မြန်မြန် ထုတ်လိုက်သည်။
သူခုနက အနည်းငယ်စိတ်လှုပ်ရှားလွန်းနေသောကြောင့် သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်နေတာကို သတိမထားမိခဲ့ပေ။ သူက အခု အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပြီဖြစ်သောကြောင့် ထိုအရာကိုရှာတွေ့ရန် သူ့အတွက် မခက်ခဲတော့ပေ။
ကျန်းယီမင်က သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့မှဓားသည် လေထဲတွင်ပဲ အပိုင်းပိုင်းအစစ ကွဲသွားလိုက်သည်။ ထိုအရာကို မြင်လိုက်သောအခါ ပြိုင်ဘက်များက အံ့အားသင့်သွားသည်။ သူတို့က ဒီလူနှစ်ယောက်ထဲက တစ်ယောက်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေကြောင်း သိထားခဲ့သည်။ ကျန်တစ်ယောက်ကတော့ သူ့အရှိန်အဝါကို တစ်စွန်းတစ်စပင် မဖော်ပြခဲ့ပေ။ သူက အသက်အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုကိုတောင် တားဆီးနိုင်ခဲ့သော်လည်း သူတို့တွေက ကျန်းယီမင်ခွန်အားကို လုံးဝ ခန့်မှန်းနိုင်ပေ။
"ငါတို့ကို ရှာတွေ့သွားပြီဆိုတော့..."
မျက်နှာဖုံးစွပ်ထားတဲ့ လူအုပ်စုတစ်စုက ဘယ်ကမှန်းမသိ ဆီးနှင်းဖုံးနေတဲ့မြေကြီးပေါ်မှ ရုတ်တရက် ခုန်ထွက်လာခဲ့ကြသည်။ သူတို့က ဆရာတပည့်နှစ်ဦးရဲ့ရှေ့တွင် ပိတ်ဆို့လိုက်ကြသည်။
"ဒါဆိုရင် ငါတို့ဖုံးကွယ်ထားစရာ မလိုတော့ဘူး"
ထိုအနက်ရောင်ဝတ်ထားတဲ့ လူအုပ်စုက သူတို့နှစ်ဦးနဲ့ ညှိနှိုင်းဖို့ ရည်ရွယ်ချက် ရှိပုံမရပေ။ ထိုအစား တိုက်ခိုက်ပြီး သူတို့ဆရာတပည့်တွေကို သတ်ဖို့သာ ဦးတည်နေသည်။
"ဟမ်...၊ငါ့အတွက် အဆင်ပြေတာပေါ့။ သဲကန္တာရက တိုက်ပွဲပြီးကတည်းက ငါမတိုက်ရတာ ခဏကြာနေပြီ၊ လူကအကြောအခြင်တောင် တက်ချင်နေတာ..." ကျန်းယီမင်က လှောင်ပြုံးပြလိုက်သည်။
"မင်းတို့ ဒီနေ့ငါ့တံခါးဝကို ကိုယ့်ဘာသာကိုယ် ရောက်လာခဲ့တာဆိုတော့ ငါယဉ်ကျေးနေတော့မှာ မဟုတ်ဘူး..."
လုယက်သတ်ဖြတ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြသူများသည် ပြင်းထန်ရက်စက်သော တိုက်ခိုက်ရေး ကျင့်စဉ်များကို သင်ယူထားကြသည်။ ကျန်းယီမင်က ပြိုင်ဘက်တိုက်ခိုက်လိုက်သည့် ချက်ချင်းပင် တစ်ဖက်ဓါးပြအဖွဲ့တွင် အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူသုံးဦး သို့မဟုတ် အဲ့တာထက်ပို ရှိနေနိုင်ကြောင်း သတိထားမိသွားသည်။
"တုန်းမီ၊ သတိထား... ဒီဓားပြတွေအားလုံးက လုပ်ကြံတာနဲ့ ခေါင်းဖြတ်တာကို အဓိကထားတဲ့ကျင့်စဥ်တွေကို သင်ထားတာ၊ ဘယ်တော့မှ သူတို့ကို မင်းအားနည်းချက်ကို မဖော်ပြမိစေနဲ့..."
တုန်းမီက "ဟုတ်ကဲ့..." ဟုပြောလိုက်သည်။
ကျန်းယီမင်သည် သူ့ရှေ့က လက်နက်ပုန်းများကို တားဆီးလိုက်သည်။ ချက်ချင်းပင် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအားလုံးက စည်းတံဆိပ်တစ်ခု ဖော်လိုက်ကြသည်။
'ပေါင်းစပ်အစီအရင် ထပ်လုပ်ကြပြန်ပြီလား... ဒီအခြေတည်စိတ်ဝိညာဥ်အဆင့်တေ့ သူ့ကိုဒီလို အဆင့်နိမ့်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ပြီး သတ်ပစ်ချင်နေကြတာလား... အိမ်မက်မက်နေကြတာပဲ....'
မရေမတွက်နိုင်တဲ့ လက်နက်သေးလေးများက အစီအရင်ကနေ ပေါ်ထွက်လာကြသည်။ ထိုလက်နက်များက အသက်ဝင်နေသကဲ့သို့ ကျန်းယီမင်ဆီကို အလျင်နဲ့ဝင်ရောက်လာခဲ့သည်။ လက်နက်များမှာ အလွန်များပြားလွန်းသဖြင့် အပေါ်မှာလင်းထိန်းနေတဲ့ လမင်းကြီးကိုပင် ဖုံးအုပ်ထားလိုက်သည်။
ထိုလက်နက်များက ကောင်းကင်ကိုဖုံးအုပ်လျက် ကျန်းယီမင်နှင့် သူ့တပည့်ဆီကို အပြေးအလွှားအရှိန်နဲ့ ဦးတည်လာကြသည်။ ကျင့်ကြံသူတစ်ဦးကသာ ဒီလိုအစီအရင်ထဲ ရောက်နေရင် အကြောက်လွန်ပြီး စိတ်နဲ့ကိုယ်နဲ့ ကပ်တော့မှာ မဟုတ်ပေ။ အစီအရင်ထဲက ဖိအားသက်သက်တောင် လူတစ်ယောက်ရဲ့စိတ်ကို ဖျက်ဆီးဖို့ လုံလောက်နေသည်။
"မဆိုးဘူး၊ မဆိုးဘူး...။ ဒီအစီအရင်က သာမန်အရည်အသွေးပဲရှိပြီး အဆင့်မြင့်အစီအရင်နဲ့ အလှမ်းဝေးပေမယ့် ဒီအသုံးမကျတဲ့ကောင်တွေက အစီအရင်ကို စနစ်တကျလေးတော့ ထိန်းချုပ်နိုင်ကြသားပဲ...." ကျန်းယီမင် ပြုံးလိုက်သည်။
ကောင်းကင်အပြည့်ကဓားများကို ရင်ဆိုင်ရာတွင် ကျန်းယီမင်က ကျင့်စဥ်တွေ တစ်ခုမှမသုံးခဲ့ပေ။ သူက သူ့လက်ထဲမှ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး ဓါးပြတွေဖက်ကို ပစ်လိုက်သည်။ သူ့စိတ်ဝိညာဥ်စွမ်းအင်ကြောင့် ဓါးပြတွေရဲ့အစီအရင်ကြီးက ပျက်စီးသွားခဲ့သည်။ အစီအရင်ကို ဖွဲ့စည်းထားတဲ့ လူတချို့ တုန်လှုပ်သွားကြသည်။ သူတို့ကြားက ပူးပေါင်းဆောင်ရွက်သည် အခြေတည်စိတ်ဝိညာဥ်အဆင့်ကကျင့်ကြံသူ ဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့ လုံလောက်သည်။
သို့သော် သူတို့ရဲ့ပေါင်းစပ်တိုက်ခိုက်မှုကို ဒီလူက ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ ဖျက်စီးပြလိုက်သည်။
'သူ့ကျင့်ကြံခြင်းအဆင့်က အခြေတည်စိတ်ဝိညာဥ်အဆင့်ထက်ကို ကျော်နေတာလား.... ခွေးပဲကွာ....
သူတို့ ဒီထိတောင် လိုက်လာခဲ့တာ၊ မွေးဖွားခြင်းအဆင့်က ကျင့်ကြံသူတစ်ဦးနဲ့မှ လာတွေ့ရတယ်လို့.... ချီးထုပ်ပဲ...'
"မင်းတို့ဆီမှာ တခြားဘာအကွက်တွေ ရှိသေးလဲ၊ ဘာလို့ တခါတည်းထုတ်မသုံးကြတာလဲ...."
ကျန်းယီမင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ မတိုက်ခိုက်ရတာ ခဏတာကြာခဲ့ပြီဖြစ်သည်။ သူခုနက ကာကွယ်လိုက်တာက သူ့ရဲ့စစ်မှန်တဲ့ကြံကျင့်ရေးအဆင့်ကို ခံစားကြည့်ချင်လို့သာ ဖြစ်သည်။ မျှော်လင့်ထားတဲ့အတိုင်း၊ သူ့ရဲ့မတည်ငြိမ်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဆက်တိုက်ဖိအားပေးနေခြင်းက အန္တရာယ်များနေခဲ့သည်။ ဒီလိုနေရာမျိုးမှာ သူပိုကြာကြာထင်ရှားအောင် နေလေလေ၊ ပိုအန္တရာယ်များလေလေဖြစ်သည်။
သူ တိုက်ွဲကိုအမြန်ဆုံး အဆုံးသတ်ရမည်။
အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတချို့ကို ရင်ဆိုင်ရာမှာ သူ့ရဲ့ကျင့်စဥ်တွေတောင် သုံးစရာမလိုအပ်ပေ။ ဖျက်စီးခြင်းလက်ချောင်း တစ်ချက်တည်းနဲ့ တိုက်ပွဲကို အဆုံးသတ်ဖို့ လုံလောက်သည်။
"တုန်းမီ... ငါ့ကို စိတ်မပူနဲ့! ကိုယ့်ကိုယ်ကိုသာ ကာကွယ်စမ်းပါ....."
သူ့တပည့်ကပေးခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအားက သူ့ကို နည်းနည်းတော့ အကူအညီဖြစ်စေခဲ့တာ မှန်ပေမယ့် တကယ်တမ်းတော့ ထင်သလောက်လည်း အထောက်အကူမပြုခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ ခွန်အားက သူ့ရဲ့ မွေးဖွားခြင်းအဆင့်ခွန်အားနဲ့ မနှိုင်းယှဉ်လို့မရတဲ့ အကွာအဝေးမှာ ရှိနေသည်။ တုန်းမီက ခေါင်းညိတ်လိုက်သည်။
သူက သူ့စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ရုပ်သိမ်းကာ ကိုယ့်ကိုယ်ကိုကာကွယ်ရန်သာ သုံးလိုက်သည်။
"ဖျက်စီးခြင်းလက်ချောင်း...."
ကျန်းယီမင်ရဲ့အသံနှင့်အတူ ကောင်းကင်နှင့်မြေကြီးထဲတွင် စုစည်းထားတဲ့ ပျက်စီးခြင်းစွမ်းအားများက အလျင်အမြန်စုဝေးလာကာ သူ့ဆီကိုရောက်လာသည်။ သို့သော် ထိုအခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများက လုံးဝ ကြောက်ရွံ့ပုံမပေါ်ပေ။ ထိုအစား သူတို့က တစ်ဖန်ပြန်ပူးပေါင်းကာ အစီအရင်ကို ဖွဲ့စည်းလိုက်ကြပြီး သူတို့ရှေ့ကကျန်းယီမင်ကို ပြန်ပိတ်ဆို့လိုက်ကြသည်။
ကျန်းယီမင်ရဲ့နောက်တွင် ဧရာမလက်ညှိုးကြီးတစ်ချောင်း ထွက်ပေါ်လာပြီး ဓားပြတွေဖွဲ့စည်းထားတဲ့ အစီအရင်ဆီကို အရှိန်နဲ့ ဦးတည်သွားလိုက်သည်။