← Chapters

ပျက်သုဥ်းခြင်းဗုဒ္ဓ

Vol. 7 Ch. 82

ပျက်သုဥ်းခြင်းဗုဒ္ဓ

Vol. 7 Ch. 82

"ဆရာ..."

တုန်းမီအတွက်တော့ ဒီတိုက်ပွဲကြီးမျိုးမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီနေ့တွင် ကျန်းယီမင်သည် ဟွမ်းယွမ်ဆေးလုံးကို မဖြစ်မနေသုံးရတော့မည့် ကံကြမ္မာနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

"တုန်းမီ၊ မကြောက်နဲ့... ရန်သူကသန်မာပေမဲ့ မင်းရဲ့ဆရာမှာ သူတို့ကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပြီးသားပါ..."

သူ့ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်သည်နှင့် ဟွမ်ယွမ်ဆေးလုံးသည် သူ့လက်ထဲသို့ ရောက်လာသည်။

"တုန်းမီ၊ မင်းကိုယ်မင်း ဂရုစိုက်နော်! ငါ့အနောက်မှာပဲ နေ..."

ဟွမ်းယွမ်ဆေးလုံးကို မျိုချလိုက်ပြီးနောက် ကျန်းယီမင်အရှိန်အဝါသည် ထိုးတက်သွားသည်။

"ဆရာ... ဆရာ ဘာလုပ်လိုက်တာလဲ..."

တုန်းမီသည် သူ.ဆရာ ဖော်စပ်ထားခဲ့ပြီး ဂိုဏ်းတွင် ထားခဲ့သော ဟွမ်ယွမ်ဆေးလုံးအကြောင်းကို သိထားသည်။

"ဆရာ! ဒီလိုဆေးကသုံးတဲ့သူအပေါ် ဆိုးကျိုးသက်ရောက်မှုအများကြီးရှိတယ်လို့ ဆရာ ပြောခဲ့တယ်လေ..."

"အခြေအနေတွေ ဒီလိုဖြစ်လာမှတော့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး.... စိတ်မပူပါနဲ့ တုန်းမီ... ငါအသက်ရှင်နေသရွေ့ မင်းကိုကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာ...."

"ပျက်စီးခြင်းကျင့်စဥ်...."

"တတိယမြောက်တိုက်ကွက်..."

"ပျက်သုဥ်းခြင်းဗုဒ္ဓ....."

ကျန်းယီမင်ခန္ဓာကိုယ်မှ ထိုးတက်လာသော အရှိန်အဝါကို တစ်ဖက်ရန်သူတွေမှ အာရုံခံမိလိုက်သည်။ ထိုသို့ဖြင့် ဓားပြအစီအရင်မှ လူပုံရိပ်ယောင်သည် ခြေထောက်ကိုမြှောက်လိုက်ပြီး သူ့တို့တွေဆီ နင်းချလိုက်တော့သည်။ ခြေထောက်ကြီးက ဆရာနှင့်တပည့်နှစ်ယောက်ကို ထိခါနီးဆဲဆဲ အရေးကြီးသော အခိုက်အတန့်လေးမှာပင် တစ်စုံတစ်ခုနှင့် ရိုက်ခတ်မိပြီး ပြန်ကန်ထွက်သွားခဲ့သည်။

လူရိပ်ကြီးက သေချာပြန်ကြည့်လိုက်သောအခါ ကြာပန်းကြီးတစ်ပွင့်ပေါ်တွင်ထိုင်နေပြီး သူနှင့် အရွယ်အစားတူညီသော မိစ္ဆာဗုဒ္ဓကြီးသည် မြေပြင်ပေါ်မှကြွတက်လာခဲ့သည်။

'ဒါက....'

သူတို့သည် ဒီအသီအရင်လူရိပ်ကို တည်ဆောက်ရန်အတွက် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအားနှင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အယောက် ၂၀ ကျော်ကို ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းယီမင် တစ်ယောက်တည်းဖြင့်ပင် သူတို့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိသော အစီအရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

'ဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းလွန်းမနေဘူးလား.... သူက တကယ်တမ်းဘယ်အဆင့်မှာ ရှိနေတာလဲ...'

မူလက ငရဲမြို့တော်ထဲတွင်ကျန်းယီမင်ကို လုယက်ရန် စိတ်အားထက်သန်နေကြသော ဂိုဏ်းငယ်လေးတချို့ ရှိနေခဲ့သော်လည်း ပင်လယ်ကမ်းစပ်တွင်အစီအရင်မှလူရိပ်ကြီးနှစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အားလုံးက သူတို့အတွေးများကို ဖျောက်ဖျက်ပစ်လိုက်ကြရသည်။ သာမန်လူတွေက နတ်ဘုရားတွေ တိုက်ခိုက်နေတဲ့နေရာနဲ့ နီးနီးကပ်ကပ် မနေသင့်ပေ။ သူတို့အဆင့်ဖြင့်ဆိုလျှင် အနားကပ်သွားရုံနှင့် တိုက်ပွဲမှ ထွက်ပေါ်လာတဲ့ စိတ်ဝိညာဥ်လှိုင်းများကပင် သူတို့ကိုဝါးမြိုသွားနိုင်သည်။

"ကောင်းတယ်.... အရမ်းကောင်းတယ်... သောက်ကျိုးနည်းကောင်... မင်းကအများဆုံးရှိလှမှ မွေးဖွားခြင်းအဆင့်မှာပဲရှိဦးမှာ။ ဒီမိစ္ဆာဗုဒ္ဓကြီးကို မင်းတစ်ယောက်တည်း ထိန်းထားနိုင်ဖို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ သိချင်သေးတယ်"

ထို့နောက် ဓါးပြဖက်မှ လူရိပ်ကြီးက ပြေးလာခဲ့သည်။ ဆီးနှင်းလွင်ပြင်ပေါ်တွင် သူလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းသည် မိုင်ရာချီဝေးတဲ့ ဆီးနှင်းတောင်တန်းများကိုပင် လှုပ်ခါသွားစေပြီး နှင်းတောင်ပြိုကျမည့် အရိပ်အယောင်များပင် ခပ်ရေးရေး ပေါ်ထွက်လာသည်။ ကြီးမားသောခွန်အားဖြင့် ဝင်ရောက်လာတဲ့ ရန်သူ့တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း မိစ္ဆာဗုဒ္ဓကြီးသည် တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် တုံ့ပြန်မှုအနေဖြင့် လက်ဝါးတစ်ဖက်ကို ရိုးရှင်းစွာထုတ်လိုက်သည်။

"ဝုန်း...."

စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အစီအရင်ခန္ဓာကိုယ်ကြီးနှစ်ခုသည် နောက်ဆုံးတွင် တိုက်မိသွားကြသည်။ ပျက်သုဉ်းခြင်းစွမ်းအားနှင့် မိစ္ဆာစွမ်းအားတို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် တိုက်ပွဲဖြစ်ပွားနေကြသည်။

"အဟွတ်၊ မင်းမှာလည်း စွမ်းရည်တချို့ရှိပုံပဲကွ.... လာစမ်း.... နောက်တစ်ခါ...မင်းဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...."

အဆုံးမဲ့စွမ်းအင်များကို သယ်ဆောင်ထားတဲ့ အင်အားကြီးနှစ်ခုသည် လရောင်အောက်တွင် ထိပ်တိုက်တွေ့ဆုံနေကြသည်။ နှစ်ဖက်စလုံးမှာ သူတပြန်ကိုယ်တပြန်နဲ့ ယှဉ်တိုက်နေကြသည်။ တိုက်ခိုက်မှုများမှ ထွက်ပေါ်လာတဲ့ တုန်ခါမှုလှိုင်းများသည် ဘေးနားကကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။

တိုက်ပွက်အနည်းငယ် ထပ်လုပ်ပြီးနောက် ကျန်းယီမင်သည် အနည်းငယ်မောပန်းစပြုလာသည်။ အစကတည်းက သူသည် အပြည့်အဝ တည်ငြိမ်မှုမရှိသေးသောအခြေခံအုတ်မြစ်ဖြင့် မွေးဖွားခြင်းအဆင့်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။ စီမာကျန်းကဲ့သို့သော ပြိုင်ဘက်မျိုးနှင့်တိုက်ခိုက်ခဲ့စဉ်က သူသည် ဟွမ်ယွမ်ဆေးလုံးနှစ်လုံးကို ဆက်တိုက်သောက်ခဲ့ရပြီးနောက် အဘိုးလင်းရုပ်ကြွင်းထဲက မသန့်စင်သော မိစ္ဆာစွမ်းအင်များကို စုပ်ယူခဲ့ရသည်။ ထိုစဉ်ကတောင် သူသည်ပြိုင်ဘက်ကို တိုက်ကွက်အနည်းငယ်မျှသာ ပိုတောင့်ခံနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည်ဆေးလုံးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သတိလစ်သွားခဲ့ရသည်။ ယခုအခါတွင် သူ့ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ်ပိုတည်ငြိမ်လာပြီ ဖြစ်သော်လည်း ထိုအချိန်ကကဲ့သို့မိစ္ဆာစွမ်းအားများ မရှိတော့ပေ။

ထို့ကြောင့် အထွတ်အထိပ်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အများအပြားကို ရင်ဆိုင်နေရချိန်တွင် သူ့မှာ အင်အားတွေ သိပ်မကျန်တော့ပေ။ ပြိုင်ဘက်အစီအရင်ကို ဖြိုခွင်းရန် နည်းလမ်းလည်း သူရှာမတွေ့ဖြစ်နေသည်။ ပြိုင်ဘက်အရှိန်အဝါသည် အစကတည်းက သူ့ထက်အနည်းငယ်သာလွန်နေသည်။ သူ့အနေဖြင့် ဟွမ်ယွမ်ဆေးလုံးကို သောက်ထားသောကြောင့်သာ ပြိုင်ဘက်များနှင့် ယှဉ်နိုင်နေခြင်း ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် ရန်သူသည်လူအုပ်စုလိုက် ဖြစ်နေသည်။ သူတို့ရဲ့ အပြန်အလှန်ချိတ်ဆက်ထားမှုနှင့် ကာကွယ်ရေးတို့ကြောင့် သူတို့ဖွဲ့စည်းထားသော မိစ္ဆာပုံရိပ်ကြီးသည် သူမဖြိုခွင်းနိုင်ဘူး ဖြစ်နေသည်။

နောက်ထပ် တိုက်ကွက်အနည်းငယ်လောက်ဆိုလျှင် သူ ခြေကုန်လက်ပန်းကျနေလောက်သည်။ လက်တွေ့တွင် မောပန်းနေသူမှာ ကျန်းယီမင် တစ်ယောက်တည်း မဟုတ်ပေ။ မိစ္ဆာလူပုံရိပ်ရဲ့ မျက်လုံးများသည်လည်း ဇဝေဇဝါများဖြင့် ပြည့်နှက်နေသည်။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မွေးဖွားခြင်းအဆင့်ဖြစ်တဲ့ သူ့ကိုယ်ကို ဗဟိုပြုထားသည့် ဒီပေါင်းစပ်အစီအရင်သည် မွေးဖွားခြင်း အလယ်အလတ်အဆင့်တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်.... သူ့ရှေ့ကလူရဲ့ အဆင့်က ဘာလဲဟ....'

နှစ်ဖက်စလုံးသည် စဉ်းစားခန်းဝင်ကာ တစ်ဖက်နှင့်တစ်ဖက် စိတ်ကိုအကဲခတ်ရန် ကြိုးစားနေကြသည်။

"ဟားဟားဟားဟား.... မင်း မကြောက်ဘူးမဟုတ်လား။ ဟမ်... လာစမ်းပါ... ထပ်စမ်းကြည့်ကြတာပေါ့..."

မိစ္ဆာလူပုံရိပ်သည် အင်အားများတဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာပြီးနောက် ကျန်းယီမင်အသွင်ပြောင်းထားသော မိစ္ဆာဗုဒ္ဓကြီးကို နောက်တစ်ကြိမ် ခုန်အုပ်လိုက်ပြန်သည်။ အခြေအနေက ဒီလိုဖြစ်နေမှတော့ စိန်ခေါ်မှုကိုလက်ခံရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ပေ။ ကျန်းယီမင်သည် ပြန်လည်အာရုံစိုက်လိုက်ပြီး ထိပ်တိုက်တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

ဒီတစ်ခါတော့ နှစ်ဖက်စလုံး အလျှော့ပေးမည့်ပုံ မပေါ်ကြတော့ပေ။ သူတို့ရဲ့ တိုက်ခိုက်မှုများသည် သူတို့ပတ်ဝန်းကျင်ရှိ လေထုကိုပင် အက်ကွဲသွားစေသည်။ တစ်ဖက်ပြိုင်ဘက်ပဲသေမလား၊ သူပဲသေမလား ဆိုတာ သူ့တို့ကိုယ်တိုင် မရေရာတော့ပေ။သို့သော် သူတို့နှစ်ယောက်လုံး ဆက်တိုက်ကြတော့မည့်ဆဲဆဲတွင် နှစ်ယောက်လုံး ရေခဲရိုက်ခံလိုက်ရသကဲ့သို့ ရပ်တန့်သွားကြသည်။ သူတို့သည် စောစောက တိုက်ခိုက်တာကို အင်အားကုန်အသုံးပြုခဲ့ကြသော်လည်း အခုအခါတွင် လေထဲမှာတစ်လက်မမျှပင် ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။ နှစ်ဖက်စလုံးက အတူတူဖြစ်နေသည်။

"ဆရာ... ဆရာ..." တုန်းမီ အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူတို့နှစ်ဦးရပ်တန့်သွားခြင်း မဟုတ်ပေ။ မိစ္ဆာဗုဒ္ဓရဲ့ လက်ဝါးကြီးနှင့် မိစ္ဆာလူပုံရိပ်ရဲ့လက်သီးကြီးကြားတွင် လူတစ်ယောက် ရပ်နေခြင်း ဖြစ်သည်။ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

'ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားရှိတဲ့သူက ဘယ်သူလဲ...'

သူတို့ စဉ်းစားချိန်မရလိုက်ခင် သူတို့နှစ်ယောက်ကြားရှိ ထိုလူသည်အချိန်ကိုက်ပင် သူ့အင်အားကို ထုတ်ပြလိုက်သည်။ တတိယလူထံမှ စွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် မိစ္ဆာလူပုံရိပ်နှင့် မိစ္ဆာဗုဒ္ဓတို့ရဲ့ ခန္ဓာကိုယ်ထဲသို့ တစ်လက်မချင်းတိုးဝင်သွားသည်။ အစကတည်းက သူတို့နှစ်ယောက်စလုံးမှာ အတော်လေး မောပန်းနွမ်းနယ်နေပြီဖြစ်ရာ အခုလိုသန်မာပြီးကြီးမားသောစွမ်းအင်ကို မခုခံနိုက်ခဲ့ကြပေ။

ထို့နောက် အစီအရင်ပုံရိပ်နှစ်ခုသည် တပြိုင်နက်ထဲ ပျောက်ကွယ်သွားပြီး သူတို့နှစ်ယောက်လုံးက ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။ တုန်းမီသည် သူ့ဆရာကိုဖမ်းရန် သူ့စွမ်းအင်ကိုလျင်မြန်စွာ အသုံးပြုလိုက်ရသည်။ ကျန်းယီမင်သည် မတ်တပ်ထရပ်လိုက်ပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူသည် သူတို့အလယ်မှလူကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

'သူ ဘယ်လောက်တောင် သန်မာတာလဲ...'

မွေးဖွားခြင်းအစောပိုင်းအဆင့်တွင်ရှိတဲ့ သူတို့နှစ်ဦးရဲ့ ပေါင်းစပ်တိုက်ခိုက်မှုများကို ဖြေရှင်းနိုင်ပြီး သူတို့အစီအရင်များကိုပါ တပြိုင်နက်တည်း အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ အကယ်၍ သူသာ ကျန်းယီမင်နှင့်သူ့တပည့်ကို သတ်ချင်ပါက သူတို့တွင် ပြန်လည်ခုခံနိုင်မည့် အခွင့်အရေးရှိမည်မဟုတ်ပေ။

"ဆူညံလိုက်တာ... အရမ်းဆူညံတာပဲ... ဘာမှနားမလည်တဲ့လူငယ်တွေ... ငါ့ရဲ့ကျင့်ကြံခြင်းကို နှောင့်ယှက်ရဲတယ်ပေါ့... မင်းတို့က အရမ်းဆူညံတာပဲ..."

လေထဲတွင်ပျံဝဲရင်း ကျယ်လောင်စွာဆဲဆိုနေတဲ့ အဘိုးအိုကိုကြည့်ရင်း ကျန်းယီမင်နှင့်တုန်းမီတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။ ဒါ သူတို့ ငရဲမြို့တော်မှာ လိုက်ရှာနေတဲ့ အဘိုးဟိုင်ဖြစ်နေမလား။ အဘိုးဟိုင်ဆိုတာ ရူးကြောင်ကြောင်နိုင်ပြီး အဝတ်အစားနွမ်းပါးကာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောတတ်တဲ့သူ ဖြစ်မယ်လို့ သူတို့တွေးထားမိကြသည်။ နောက်ဆုံးမှာတော့ သူကကျန်းယီမင်ထက်တောင် ပိုသန်မာတဲ့ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေသည်။

"မင်းတို့ အာကျယ်အာကျယ်ကလေးတွေ၊ တခြားသာမန်နေ့တွေမှာ တိုက်ခိုက်ရင်ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဒီနေ့ဘာနေ့လဲဆိုတာ မင်းတို့ သိကြရဲ့လား... မင်းတို့ကောင်တွေ သိကြလား.... ဟမ်...."

မိစ္ဆာလူပုံရိပ်ကိုဆင့်ခေါ်ခဲ့သော ကျင့်ကြံသူအုပ်စုရဲ့ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်မှုများ ပေါ်လွင်နေသည်။ အဘိုးဟိုင်တိုက်ခိုက်တာကိုကို ဘယ်သူမှ တစ်ခါလေးတောင် မြင်ဖူးကြပေ။ သူတို့အားလုံးက သူ့ကို ရူးကြောင်ကြောင်အဘိုးကြီးတစ်ယောက်လို့ပဲ ထင်ခဲ့ကြသည်။

All Chapters