← Chapters

ကဗျာရဲ့ အဓိပ္ပါယ်

Vol. 7 Ch. 84

ကဗျာရဲ့ အဓိပ္ပါယ်

Vol. 7 Ch. 84

သူတို့နှစ်ယောက်လုံး ရေထဲသို့အတူတူ ငုပ်လျှိုးသွားကြသည်။ ထို့နောက် သူတို့ခေါင်းပေါ်မှ ခပ်မှိန်ဖျော့ဖျော့ အလင်းရောင်ကို မြင်လိုက်ရသည်။ တုန်းမီ ဝမ်းသာသွားသည်။ သူတို့တွေ ငရဲကမ္ဘာကို ရောက်နေလောက်ပြီလို့ ထင်လိုက်သည်။

သူ ထိုသို့တွေးလိုက်မိပြီး အရှိန်မြှင့်ကာ အလင်းရောင်နောက်သို့ လိုက်သွားချင်စိတ်တွေ ပေါက်သွားသည်။ သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် သူ့ဘေးနားရှိ ဆရာဖြစ်သူက သူ့ကို ဆွဲလိုက်သည်။ သူတို့နှစ်ယောက်စလုံး ရေအောက်အသံလွှဲပြောင်းခြင်းနည်းစနစ်ကို မသင်ယူခဲ့ကြသဖြင့် ကျန်းယီမင်လက်ရှိအချိန်တွင် ဘာတွေးနေသလဲဆိုတာကို တုန်းမီမသိနိုင်ဖြစ်နေသည်။

သို့သော် လက်ရှိအချိန်တွင် ကဗျာနောက်ကွယ်မှ လျှို့ဝှက်ချက်ကို ကျန်းယီမင်တစ်ယောက် ဖော်ထုတ်နိုင်သွားသည်။ အလင်းရောင်နှင့် လှိုင်းတံပိုးများဖြင့် ရောင်ပြန်ဟပ်နေသော ရေမျက်နှာပြင်သည် နက်နဲပြီး ခန့်မှန်းရခက်တဲ့ထောင်ချောက်တစ်ခု ဖြစ်နိုင်ကြောင်း သူ ဝေဝါးဝါးအာရုံခံမိလိုက်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သောနေရာသို့ ခြေချခြင်းမှာ သူ့အတွက်ပထမဆုံးအကြိမ် ဖြစ်သော်လည်း အဘိုးလင်းဖန်တီးခဲ့သော လျှို့ဝှက်နယ်မြေတွင် ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲကိုပြန်သတိရမိလိုက်ရာ ထိုကဲ့သို့သောနေရာများသည် အန္တရာယ်များပြီးခန့်မှန်းရခက်ကာ အလွန်ထူးဆန်းတတ်သည်။

ဒီရေပြင်ဧရိယာထဲသို့ ဆွဲခေါ်ခံလိုက်ရသည့် အခိုက်အတန့်တွင် ကဗျာထဲရှိ ပြောင်းပြန်လှန်ခြင်းဆိုသည့် စကားလုံးများသည် လူ့လောကနှင့် ငရဲကမ္ဘာနေရာချင်းလဲတာကို ရည်ညွှန်းတာမဟုတ်ဘဲ ဒီနေရာသို့ဝင်ရောက်လာချိန်တွင် သူတို့မြင်နေရသော ရေမျက်နှာပြင်သည် တကယ့်ရေမျက်နှာပြင်စစ်စစ် မဟုတ်ကြောင်း ကျန်းယီမင်နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ အဲ့ဒီအစား သူတို့ခြေထောက်အောက်ရှိ အဆုံးမဲ့အမှောင်ထုသည်သာ တကယ့် ရေမျက်နှာပြင်အစစ်အမှန် ဖြစ်သည်။

သူ့ဆရာရဲ့ လက်ဟန်အမူအရာများကို မြင်လိုက်ရသောအခါ သူ့ဆရာကသူ့နောက်သို့လိုက်လာရန် အရိပ်အမြွက်ပြနေခြင်းဖြစ်ကြောင်း တုန်းမီနားလည်လိုက်သည်။ သို့သော် သူ့ဆရာသည် သူတို့ခေါင်းပေါ်ရှိ အလင်းရောင်နှင့် ဆန့်ကျင်ဘက်အရပ်မျက်နှာသို့ သွားနေသည်။ ထို့ကြောင့် သူသည်လည်း အပေါ်သွားမယ့်လမ်းကနေ လှည့်ထွက်လိုက်ပြီး သူတို့အောက်ဘက်ရှိ အမှောင်ထုထဲသို့ ကူးခတ်သွားခဲ့သည်။

တုန်းမီက သူ့ဆရာဘာတွေးနေသည်ကို မသိသော်လည်း သူ့ဆရာသည်လမ်းခရီးတစ်လျှောက်တွင် သူ့ကိုမရေမတွက်နိုင်အောင် ကူညီခဲ့ဖူးသဖြင့် သူ့ဆရာ့တွင် သူ့ထက်ပိုသာလွန်တဲ့ အတွေ့အကြုံများ ရှိနေနိုင်သည်။ တုန်းမီသည်လည်း အံကိုကြိတ်ကာ ကျန်းယီမင်နောက်သို့လိုက်ပြီး အောက်ဘက်ရှိ အမှောင်ထုဆီသို့ ကူးခတ်သွားလိုက်သည်။

သိပ်မကြာမီ သူတို့မျက်လုံးများထဲတွင် အဆုံးမဲ့အမှောင်ထုအစား အလင်းစက်ကလေးများ ဖြာကျလာတာကို တွေ့လိုက်ရသည်။ ကျန်းယီမင်က အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ သူသည် ပြောင်းပြန်လှန်ခြင်းအဓိပ္ပာယ်ကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ယခုအခါ သူ့ကိုယ်သူ သံသယဖြစ်စရာ မလိုတော့ပေ။ ဆရာနှင့် တပည့်တို့သည် နောက်ဆုံးတွင် ရေထဲမှခေါင်းပြူထွက်လာခဲ့ကြသည်။

"ဆရာ... ဆရာ... အဲဒါကို ဘယ်လို... ဘယ်လိုလုပ် ခန့်မှန်းမိတာလဲ"

"ငါ အလင်းရောင်နဲ့ လှိုင်းတွေက နည်းနည်းထူးဆန်းတယ်လို့ခံစားမိပြီး ထောင်ချောက်တစ်ခုလို့ ထင်လိုက်မိတာ။ တကယ်တော့ ကဗျာထဲစကားလုံးတွေက ဒီနေရာကနေလွတ်မြောက်ဖို့ နည်းလမ်းတစ်ခုပဲ..." ကျန်းယီမင်က ရယ်မောလိုက်သည်။

သူတို့နှစ်ယောက်သား ပတ်ဝန်းကျင်ကို သေချာစွာ လေ့လာကြည့်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရေစီးကြောင်းအတိုင်း ဖြည်းညှင်းစွာမျောပါလာသော လှေငယ်နှစ်စီးသည် သူတို့မျက်စိရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ ထိုအခါမှသာ သူတို့သည် မြစ်တစ်စင်းထဲတွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်ကြသည်။ မြစ်ပေါ်တွင် သူတို့မျက်စိရှေ့မှ လှေများနှင့်တူသော မရေမတွက်နိုင်သည့် လှေငယ်လေးများ ရှိနေသော်လည်း ထိုလှေငယ်များပေါ်တွင် လူတစ်ဦးစီသာ ထိုင်နေကြသည်။ လှေငယ်လေးများသည် အလွန်သေးငယ်ပြီး လူတစ်ဦးသာ စီးနင်းလိုက်ပါနိုင်သည်။

လှေငယ်လေးတိုင်းရဲ့ ခေါင်းပိုင်းတွင် မီးအိမ်ငယ်လေးတစ်လုံးစီ ရှိသည်။ လှေပေါ်ရှိ လူများအားလုံးသည် ခံစားချက်ကင်းမဲ့နေပြီး လှုပ်ရှားမှုမရှိဘဲ လှေကို ရေစီးကြောင်းအတိုင်း မျောလိုက်လာနေကြသည်။ တချို့ဆိုလျှင် မျက်နှာများပျက်စီးနေပြီဖြစ်သောကြောင့် မျက်နှာအမူအရာကိုပင် မမြင်ရတော့ပေ။ သူတို့ရှေ့မှ မြင်ကွင်းကို သေချာကြည့်ရင်း ကျန်းယီမင်နှင့် တုန်းမီတို့ စကားပင်ထပ်မပြောရဲကြတော့ပေ။

ဒီနေရာတွင် မြစ်ရေစီးဆင်းသံသဲ့သဲ့သာ ကြားရသည်။ ရေထဲတွင် ဟန်ချက်ညီအောင် ထိန်းသိမ်းနေရသော သူတို့နှစ်ဦးကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များနှင့် ရေစက်များပင်လျှင် ဒီနေရာမှာ မြစ်ရေစီးကြောင်းနဲ့ အနည်းငယ် သဟဇာတမဖြစ်သလို ရှိနေသည်။ သူတို့ရှေ့မှလှေငယ်များသည် ပြင်ပအားတစ်ခုခုရဲ့ ထိန်းချုပ်မှုအောက်တွင် မရှိဘူးဆိုတာ ထင်ရှားသော်လည်း အဆက်မပြတ်စီးဆင်းနေသော ရေစီးကြောင်းထဲတွင် ထိုလှေများက ဆက်ပြီးမျောပါမသွားဘဲ သူတို့ဘေးမှာ ရပ်နေသည်။

တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်း အချက်ပြပြီးနောက် သူတို့နှစ်ယောက်လုံး သက်ဆိုင်ရာ လှေများပေါ်တွင် တက်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး ထိုင်လိုက်သည်နှင့်တပြိုင်နက် လှေထိပ်ပိုင်းရှိ မီးအိမ်ငယ်လေးများသည်လည်း ဖြည်းဖြည်းချင်း လင်းလက်လာသည်။ သို့သော် အခြားလှေများပေါ်ရှိ မီးအိမ်ငယ်လေးများနှင့်မတူဘဲ ကျန်းယီမင်ရဲ့မီးအိမ်မှာ ပုံမှန်မဟုတ်ဘဲ အလွန်တောက်ပနေသည်။ တခြားတစ်ဖက်တွင် တုန်းမီရဲ့မီးအိမ်ငယ်လေးမှာ တဖျပ်ဖျပ်နဲ့ လင်းနေသည်။ တခြားလူများရဲ့ မီးအိမ်ငယ်လေးများသည် မှိန်ဖျော့နေသည်။

မီးအိမ်များရဲ့ တောက်ပမှုသည် ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်စားပြုနေခြင်းများ ဖြစ်နိုင်မလားလို့ တုန်းမီတွေးမိသွားသည်။ ထို့နောက်တစ်ခန တုန်းမီက အနည်းငယ် စိတ်ပျက်သွားသည်။ သူ့မီးအိမ်ငယ်လေးရဲ့ တောက်ပမှုကိုကြည့်ရသည်မှာ သူအသက်ရှင်ရန် အချိန်သိပ်မကျန်တော့ကြောင်း အရိပ်အမြွက် ပြနေခြင်းဖြစ်နိုင်သည်။

'အခု သူလုပ်နေသမျှအရာအားလုံးသည် သေခါနီး ရုန်းကန်ခြင်းသက်သက်ပဲ ဖြစ်နေတာလား....

မဖြစ်ဘူး... သူထမ်းရွက်ထားရတဲ့ တာဝန်သည် သူ့အတွက်သာမက သူ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ သူ့မိသားစုအတွက်လည်း ဖြစ်တယ်...

အမှားအယွင်းခံလို့မဖြစ်ဘူး....'

ထိုအချိန်တွင် ကျန်းယီမင်သည် ကဗျာအဓိပ္ပာယ်ကို အသည်းအသန် စဉ်းစားနေသည်။ ကဗျာထဲတွင် "ငရဲပြည်ရဲ့ ကိစ္စရပ်များကို မမေးမြန်းဘဲ၊ အသက်ချင်းဖလှယ်တဲ့ ငွေကြေးကို ရယူရန်သာ အာရုံစိုက်ပါ" ဟု ဆိုထားသည်။ ထိုအချက်မှလွဲပြီး သူသည် ကဗျာထဲတွင် ဖော်ပြထားသော "ဇစ်မြစ်"ရဲ ပက်သတ်တဲ့ ခြေရာလက်ရာတစ်ခုခုကို ပခုအချိန်အထိ သူမတွေ့ရှိသေးပေ။

ငရဲပြည်ရဲ့ ကိစ္စရပ်များကို မမေးမြန်းရဆိုသည်မှာ ဒီမရဏမြစ်ရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်နိုင်မည့် စကားတစ်ခွန်းမှ မပြောရဘူးဟု ဆိုလိုခြင်းဖြစ်နိုင်လောက်သည်။ ကျန်းယီမင်သည် တခြားလူများတွင် "အသက်ချင်းဖလှယ်သော ငွေကြေး" ဆိုတာများ ပါ၊ မပါ တိတ်တိဆိတ်ခိုးကြည့်မိလိုက်သည်။ သို့သော် သူသည် ကမူးရှူးထိုးမလုပ်ရဲပေ။ ဒီနေရာသည် အရင်က မခံစားဖူးခဲ့တဲ့ ငြိမ်းချမ်းမှုမျိုး ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

တခြားအလောင်းကောင်များ၊ သို့မဟုတ် ဝိညာဉ်များရဲ့ ကျင့်ကြံခြင်းအဆင့် သို့မဟုတ် စိတ်ဝိညာဥ်စွမ်းအင်များကို သူ မခံစားရပေ။ ဂိုဏ်းကို ပြန်ခေါ်လာခဲ့သော အဘိုးလင်းကသေမည့်အစား မိစ္ဆာလမ်းစဉ်ကျင့်စဉ်များကို ဘာကြောင့် ရွေးချယ်ခဲ့သလဲဆိုတာ အံ့သြစရာမဟုတ်တော့ပေ။ လူတစ်ယောက် သေဆုံးပြီးရင် ငရဲပြည်သို့ရောက်သည့်အခါ ကျင့်ကြံခြင်းအားလုံးက ပျောက်ကွယ်သွားရသည်။

ဘယ်သူကမှ ဒီလိုအဖြစ်မျိုးကို အလိုရှိကြမှာမဟုတ်ပေ။ထိုအချိန်တွင် ကျန်းယီမင်မျက်စိထဲ၌ သူရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။ သူ့ဘယ်ဘက် မလှမ်းမကမ်းရှိ လှေပေါ်တွင် ထိုင်နေသူမှာ သူနှင့် ခနဓါးပြတွေနဲ့ ထိပ်တိုက်တွေ့နေစဉ်က သူတို့ကိုတိုက်ကွက်တစ်ခုတည်းဖြင့် အလွယ်တကူအနိုင်ယူလိုက်သူမှလွဲပြီး အခြားသူမဟုတ်ပေ။ သူသည် အဘိုးဟိုင်ပင်ဖြစ်သည်။

"အို...."

ကြည့်ရတာ ဒီလူကငရဲကမ္ဘာမှာ နှစ်ပေါင်းများစွာ အမှန်တကယ် ကျင့်ကြံခဲ့ပုံရသည်။ သူ့ကျင့်ကြံခြင်းအဆင့်က ခန့်မှန်းလို့မရနိုင်ရုံသာမက အဘိုးဟိုင်တွင် သူ့မှာရှိတဲ့ကဗျာနှင့်ဆင်တူသည့် သတင်းအချက်အလက်အချို့လည်း ရှိကောင်းရှိနိုင်သည်။

သို့သော် အဘိုးဟိုင်ဘာလာလုပ်သည်ကို သူသိချင်နေမိသည်။

'တကယ်လို့ သူတို့လိုချင်တာနှင့် မဆန့်ကျင်ဘူးဆိုလျှင် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းလို့ရနိုင်မလား....'

ဘာပဲဖြစ်ဖြစ် ထိုသို့မဟာမိတ်ခြင်းဖြင့် သူတို့တွင်ငရဲကမ္ဘာ၌ ကျောထောက်နောက်ခံရှိလာသည်ဟု ယူဆနိုင်သည်။ အဘိုးဟိုင်ရဲ့ မျက်နှာအမူအရာသည်လည်းပုံမှန်မဟုတ်ပေ။ သူသည် ငရဲကမ္ဘာ၏ လျှို့ဝှက်ချက်ကို နှစ်ပေါင်းများစွာလေ့လာခဲ့ကောင်း လေ့လာခဲ့နိုင်သော်လည်း ငရဲကမ္ဘာသို့ ပထမဆုံးအကြိမ်ရောက်ဖူးသည်ဆိုသည့် အချက်က ကျန်းယီမင်နှင့်သူ့တပည့်နည်းတူ ဖြစ်လောက်သည်။

သူတို့ မျက်လုံးချင်း ဆုံမိလိုက်သည့် အခိုက်အတန့်တွင် အဘိုးဟိုင်ရဲ့ မူလကစိုးရိမ်နေသော အမူအရာသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ အကယ်၍ စောစောက မြစ်ရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သူက သူ့အပြင်နောက်တစ်ယောက် ရှိနေတယ်ဆိုရင် ဝိညာဉ်တွေကြားထဲမှာ တခြားလူဘယ်နှယောက်လောက်များ ရောနှောနေမလဲ ဘယ်သူကမှ မငိနိုင်ပေ။

ကျန်းယီမင်သည် တစ်ဖက်လူရဲ့ မျက်လုံးများထဲက ရန်လိုမှုများကို ခံစားလိုက်ရသည်။ ဤကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံခြင်းအဆင့်မသိနိုင်တဲ့ ကျင့်ကြံရှင်တစ်ဦးနှင့် ရန်သူဖြစ်ရခြင်းသည် လုံးဝ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ ကျန်းယီမင်က သူ့ဖော်ရွေမှုကို ပြသလိုတဲ့အချိန်မှာပဲ အဘိုးဟိုင်က ခေါင်းလွှဲသွားပြီး သူ့ကိုလျစ်လျူရှုလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် အဆုံးမဲ့တယ်လို့ ထင်ရတဲ့မြစ်ကြီးရဲ့အဆုံးမှာ အလင်းရောင်တစ်ခုက နောက်ဆုံးတွင် ပေါ်ထွက်လာသည်။ မှိန်ဖျော့ဖျော့ အပြာရောင်ဂူဗိမာန်သည် ဒီလှေစီးခရီးသည်များရဲ့ ခရီးဆုံးပန်းတိုင်ဖြစ်သည်။ အနည်းငယ် စိတ်အေးလက်အေးဖြစ်နေကြတဲ့ ကျန်းယီမင်နှင့်တုန်းမီတို့သည် ပြန်စိုးရိမ်လာကြသည်။ လူ့လောကတွင် ငရဲကမ္ဘာနှင့် ပတ်သက်သောဒဏ္ဍာရီများစွာ ရှိသည်။

သို့သော် သူတို့ရှေ့မှဂူဗိမာန်သည် တဖြည်းဖြည်း ပိုရှင်းလင်းလာသောအခါ ကျန်းယီမင်အနည်းငယ် အံ့အားသင့်သွားရသည်။ ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းရှိလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အခုကြည့်ရသည်မှာ ထိုသို့ဟုတ်ပုံမရပေ။ မြစ်အဆုံးရှိနန်းတော်ကြီးသည် နက်ပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေပြီး ခေါင်မိုးအစွန်းများအောက်တွင် အနီရောင်မီးပုံးများ ချိတ်ဆွဲထားသည်။

All Chapters