← Chapters

အကြောက်အရွံ့ ကင်းမဲ့စွာ မွေးဖွားလာခဲ့တာ၊ အဆုံးထိတိုက်မယ် !!! ၂

Vol. 14 Ch. 196

အကြောက်အရွံ့ ကင်းမဲ့စွာ မွေးဖွားလာခဲ့တာ၊ အဆုံးထိတိုက်မယ် !!! ၂

Vol. 14 Ch. 196

ခြေခုနစ်လှမ်း နဂါးလှံ !!

၎င်းမှာ ကျန်းမိသားစု၏ ထိပ်တန်းတိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်ပြီး၊ လေ့ကျင့်ရ အလွန်ခက်ခဲလှပေသည်။

ကျန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်များကြားမှာပင် အဆိုပါ လှံနည်းစနစ်ကို နားလည်တတ်ကျွမ်းသည့်လူက လူဆယ်ဦးလျှင် လူတစ်ဦးပင် မရှိဘူးဟု ဆိုကြသည်။

အဆိုပါ လှံနည်းစနစ်အား အဆင့်ခုနစ်ဆင့်အဖြစ် ခွဲခြားထားခဲ့သည်၊ လူတစ်ဦးက ၎င်းကို သတ္တမအဆင့်အထိ လေ့ကျင့်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏သတ္တမအဆင့် စွမ်းအားကို ထုတ်သုံးနိုင်မည် ဖြစ်သည်။

ပထမအဆင့် နယ်ပယ်တွင်သာ ရှိနေသေးသည့် ကျန်းချွမ်က ၎င်းကို ပထမအဆင့် အထွတ်အထိပ်အထိ လေ့ကျင့်ထားနိုင်သည်မှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။

သူ့ဘေးနားရှိ ဟွမ်ရိချန်း၏ မျက်လုံးတို့မှာလည်း လေးနက်သွားခဲ့သည် “ ခြေခုနစ်လှမ်း နဂါးလှံကို ထုတ်သုံးရတဲ့အထိ ကျန်းချွမ်ကို ဖိအားပေးနိုင်ခဲ့တယ်ဆိုတော့ ရှုကျိုးက သူ့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ “

“ ဒါပင်မဲ့ တကယ်လို့ တန်ပြန်တိုက်ခိုက်မဲ့ ဝှက်ဖဲသာ သူ့ဆီမှာ မရှိဘူးဆိုရင်တော့ ဒီတိုက်ပွဲက ဒီနေရာမှာပဲ အဆုံးသတ်သွားသင့်နေပြီ “

…

တိုက်ပွဲကွင်းပြင်အတွင်း၌ ကျန်းချွမ်သည် ခြေခုနစ်လှမ်း နဂါးလှံကို ထုတ်သုံးလိုက်ရာ သူ၏လှံရှည်သည် နဂါးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ပေါ်ရှိ လှံတံသည် ကောင်းကင်ဘုံ နဂါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများကို ထုတ်လွှတ်ကာ ရှုကျိုးကို လွှမ်းခြုံလာခဲ့သည်။

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး၊ သူ၏ပုံရိပ်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။

“ ဝုန်းးးးး !!! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လှံသည် သူရှိနေခဲ့သည့်နေရာကိုထိမှန်သွားခဲ့ပြီး၊ မြေပြင်ကို ကွဲအက်သွားစေခဲ့သည်။

ကျန်းချွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး၊ လှံကို ဆက်၍ လွှဲရမ်းနေတော့သည်။

ရှုကျိုး၏ ပုံရိပ်ပျောက်ကွယ်သွားခဲ့ကာ ထပ်မံ၍ ရှောင်ရှားနေတော့သည်။

“ မင်းပြေးလို့မလွတ်ဘူး “

ကျန်းချွမ်သည် အေးစက်စွာ အော်ပြောလာခဲ့ပြီး၊ လှံနှင့်အတူ ထပ်မံ၍ ပြေးတက်လာပြန်သည် “ ရှောင်နေတာက မင်းဆီမှာ ရှိနေတဲ့ တစ်ခုတည်းသော နည်းဗျူဟာလား? “

ဝုန်းးးး !!!

လှံဆင်းသက်လာသည်နှင့်အမျှ ၎င်းသည် တစ္ဆေများအဖြစ် ပြောင်းလဲသွားပြီး၊ ရှုကျိုး၏ ပြေးပေါက်များကို ပိတ်ဆို့လာခဲ့သည်။

ရှုကျိုးထံတွင်‌ ခြေလှမ်းသိုင်းရှိသကဲ့သို့ သူ့ထံတွင် ခြေလှမ်းသိုင်းရှိနေခဲ့သည်။

ထိုအချိန်၌ သူ၏လှံသိုင်းနှင့်အတူ တွဲစပ်၍ အသုံးပြုလိုက်ရာ ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ချိတ်ပိတ်ထားလိုက်သကဲ့သို့ ရှုကျိုး၏ ပြေးပေါက်များကို ပိတ်ဆို့လာခဲ့သည်။

သို့သော် ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ဆိုရိုးစကားတစ်ခုကို မင်းမကြားဖူးဘူးလား? အရှိန်အဝါကို တစ်ခါတည်ဆောက်ပြီးသွားရင်၊ အဲ့တာက အားကောင်းတယ်။ နှစ်ခါဆိုရင်တော့ အားလျော့သွားလိမ့်မယ်။ သုံးခါဆိုရင်တော့ ကုန်သလောက်နီးပါး ဖြစ်သွားလိမ့်မယ် “

ကျန်းချွမ်သည် လှံသိုင်းတိုက်ခိုက်မှုနှစ်ခုကို ယခုလေးတင် ဆက်တိုက် ထုတ်သုံးထားခဲ့ပြီးပြီ ဖြစ်ကာ၊ ယခုတစ်ကြိမ်နှင့်သာဆိုပါက သုံးကြိမ်မြောက်အထိ ရှိနေခဲ့ပြီဖြစ်သည်။

ဤတစ်ကြိမ်၌ ရှုကျိုးသည် ထပ်မံ၍ မရှောင်ရှားခဲ့ပေ။

သူသည် ရုတ်တရက် ရှေ့တက်လာခဲ့သည်။

သွေးကြောမှတ်များမှ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များအဖြစ် အသွင်ပြောင်းသွားပြီး၊ ဆေဘာရှည်ထဲသို့ တိုးဝင်သွားခဲ့သည်။

“ ဝှစ် !! “

လေပြင်းများ တိုက်ခတ်လာခဲ့သည်။

ရှုကျိုး၏ လှုပ်ရှားမှုများက နှေးနေပုံပေါက်နေသော်လည်း အမှန်တကယ်တမ်းတွင် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်နေခဲ့ပြီး၊ ဖော်ပြ၍ မရနိုင်လောက်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားခဲ့သည်။

ရှုကျိုးမှ သူ၏လက်ကို အကြမ်းပတမ်း လွှဲရမ်းလိုက်ရာ၊ ဆေဘာရှည်သည် ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ လေဟာနယ်ကို ခုတ်ပိုင်းသွားခဲ့သည်။

“ ဝရောာ !!! “

ချက်ချင်းဆိုသလိုပင် ပတ်ပတ်လည်ရှိ လေထုများ ပြိုကျပျက်စီးသွားခဲ့သည်၊ သာမန်မျက်လုံးများဖြင့် မြင်နိုင်သည်အထိ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခဲ့သည်။

ဖျော့တော့သော အဖြူရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံတွင် ပေါ်လာခဲ့ပြီး၊ ကောင်းကင်ဘုံကို ဆွဲဖြဲလိုက်သကဲ့သို့ ရုတ်တရက် ပြန့်ကားလာခဲ့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၊ တတိယအဆင့် !!

ကောင်းကင်ဘုံ ဖန်တီးခြင်း !!

ထိုအချိန်၌ မြေပြင်သည် ၎င်း၏ ကြီးမားသော စွမ်းအားကို တောင့်မခံနိုင်သည့်ပုံရကာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

ရှေးဦး ကမ္ဘာမြေဖန်တီးခြင်း အလင်းတန်းကဲ့သို့ သန့်စင်သည့် အဖြူရောင် အလင်းတန်းများ ပြိုကျလာခဲ့ပြီး၊ ကျန်းချွမ်ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

“ ဝုန်းးးးး “

ကြောက်မက်ဖွယ်ကောင်းသည့် ပွတ်တိုက်မှု အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ပုံရိပ်တစ်ခုသည် အဖြူရောင် အလင်းတန်းထဲမှ သွေးသံတရဲရဲဖြင့် ခုန်ထွက်လာခဲ့သည်။

၎င်းမှာ ကျန်းချွမ်ပင် ဖြစ်သည် !!

…

“ မဖြစ်နိုင်ဘူး !! “

ထိုအခိုက်အတန့်တွင် နေရာအနှံ့အပြားတွင် ပုန်းကွယ်နေသည့် ပုံရိပ်များထံမှ အံ့ဩတကြီးအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချွမ်သည် ကျန်းမိသား၏ ထိပ်တန်းတိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်သည့် ခြေခုနစ်လှမ်း နဂါးလှံကို ထုတ်သုံးလိုက်သော်လည်း ရှုကျိုးကို အနိုင်မယူနိုင်ခဲ့ပေ၊ ထို့အစားသူကသာလျှင် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။

ကျောက်ယွင်ဖေးကပင် သူ၏ အဆိုပါ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

သို့သော် အခြေအနေသည် အားလုံး၏ အတွေးစိတ်ကူးများထပ် ကျော်လွန်နေခဲ့သည်။

“ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းရဲ့ တတိယအဆင့်လား? “

တောင်ထိပ်ပေါ်ရှိ ဝမ်ယုသည် ၎င်းကို မှတ်မိသွားခဲ့ပြီး၊ အံ့ဩတကြီးဖြင့် အော်ဟစ်မိသွားခဲ့ကာ သူမ၏ ပါးစပ်ကို အမြန်ဖုံးအုပ်ထားလိုက်သည်။

၎င်းမှာ ရှားမိသားစု၏ ထိပ်တန်းတိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်သည်။

ကောင်းကင်ဖြိုခွင့် ဆေဘာသိုင်းက ခြေခုနစ်လှမ်း နဂါးလှံထပ် အနည်းငယ် နိမ့်ကျနေခဲ့သော်လည်း၊ လေ့ကျင့်ရခက်သည်ဆိုသည့် ဂုဏ်သတင်းဖြင့် အလွန်ကျော်ကြားလှပေသည်။

ရှုကျိုးက အဲ့တာကို တတိယအဆင့်အထိတောင် လေ့ကျင့်ပြီးသွားပြီလားဟ?

သူမဘေးနားရှိ လျူတျန်မုမှာလည်း မယုံကြည်နိုင်ဖြစ်နေလျက်ရှိသည်။

သို့သော် သူသည် ရွေးချယ်စရာမရှိဘဲ ၎င်းကိုသာ ယုံကြည်လိုက်ရသည်။

အကယ်၍ ၎င်းက ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ တတိယအဆင့်သာ မဟုတ်ဘူးဆိုပါက၊ ရှုကျိုးသည် ခြေခုနစ်လှမ်း နဂါးလှံကို ချေဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

“ အဲ့ကလေးက ……… “ လျူတျန်မုသည် တိုက်ပွဲကွင်းပြင်ထဲရှိ ရှုကျိုးကို စိုက်ကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားတော့သည်။

ရှုကျိုး၏ စွမ်းအားသည် သူမျှော်မှန်းထားသည် (သို့) သူတွေးထင်ထားသည်ထပ် အဆပေါင်းများစွာ ပို၍သာလွန်နေခဲ့သည်။

…

ချိုင့်ဝှမ်းအတွင်း၌

ကျန်းချွမ်၏ ပုံရိပ်သည် လည်ထွက်နေရင်းဖြင့် သစ်ပင်ကြီးတစ်ပင်ကို တိုက်မိသွားခဲ့ပြီး၊ ထို့နောက်တွင် မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာခဲ့သည်။

ဆွစ်ရှ် !!

သူသည် လှံကို မြေပြင်ထဲသို့ ထိုးစိုက်လိုက်ပြီး၊ ဒူးတစ်ဘက် ထောက်လျက်သားဖြစ်နေသော ကိုယ်ဟန်မျိုးဖြင့် ခေါင်းမော့လာခဲ့ကာ ပါးစပ်အပြည့် သွေးအန်နေရတော့သည်၊ ဆုတ်ပြဲနေသည့် သူ၏ အဝတ်အစားမှာလည်း သွေးများဖြင့် ညစ်ထေးနေခဲ့ပြီဖြစ်သည်။

သို့သော် ကျန်းချွမ်သည် ၎င်းတို့အားလုံးကို ဂရုမစိုက်ပေ။

သူသည် အဝေးရှိ ရှုကျိုးအား အံ့အားသင့်ခြင်းနှင့် ဒေါသများ ရောထွေးနေသည့် အကြည့်မျိုးဖြင့် ကြည့်နေခဲ့သည်။

သူသည် တျန်းကျိုးရှိ ကျန်းမိသားစုထဲတွင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။

အထက်တန်းကျောင်း သုံးနှစ်စတက်သည့် အချိန်ကတည်းက သူသည် သူ၏ရွယ်တူများကြားတွင် ထိပ်ဆုံးသို့ အမြဲလိုလို ရောက်ခဲ့သည်။

ကလေးဘဝကတည်းက သူသည် သူက ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းပြီး၊ အဆင့်ကျော်တိုက်ခိုက်နိုင်သည်ဟု ယုံကြည်နေခဲ့သည်။

သို့သော် ယနေ့၌ အဆိုပါ ယုံကြည်မှုက လှုပ်ခါခံနေခဲ့ရပြီ ဖြစ်သည်။

ရှုကျိုး၏ အစွမ်းသည် သူ၏တွေးထင်ထားသည်ထပ် ကျော်လွန်နေခဲ့သည်။

ထို့အပြင် သူသည် သွေးကြောမှတ် ၇၂ခုသာ ဖွင့်ထားရသေးသည့် လူတစ်ဦးဖြစ်သည်။

ကျောင်း၏ ရှုထောင့်မှကြည့်မည်ဆိုပါက ဒုတိယအဆင့် အောက်တွင် ရှိနေသရွေ့ အဆင့်တူဟုသာ သတ်မှတ်လေ့ရှိတတ်သည်။

သို့သော် ကျန်းချွမ်အတွက် ရှုကျိုးမှာ သူ၏ အဆင့်မဟုတ်ပေ။

ဤတိုက်ပွဲသည် တစ်ဖက်သတ်တိုက်ပွဲဖြစ်နေသင့်ပြီး၊ သူသည် ရှုကျိုးကို အလွယ်တကယ် ဖိနှိပ်နိုင်သင့်ပေသည်၊ သို့သော် ရလဒ်ကမူ သူကသာလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။

“ ဆက်တိုက်ဖို့အတွက် အားနည်းသွားပြီလား? “ ရှုကျိုးသည် တည်ငြိမ်နေသော မျက်လုံးများဖြင့် လမ်းလျှောက်လာခဲ့သည် “ မင်း အရှုံးပေးလို့ရတယ် “

“ အရှုံးပေးရမှာလား? “

ဒူးတစ်ဘက်ထောက်ကျနေသည့် ကျန်းချွမ်သည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်း၍ ပြောလာခဲ့သည် “ ငါက အလွယ်တကူ အရှုံးပေးလိမ့်မယ်လို့ မင်းထင်နေတာလား? “

“ မင်းက သန်မာပါတယ်၊ ငါထင်ထားတာထပ်ကို ပိုစွမ်းတယ် “

“ ဒါပင်မဲ့ ……….. ငါ့ကို အနိုင်ယူနိုင်ဖို့က ဒီလောက် မလွယ်ဘူး “

ကျန်းချွမ်မှ သူ့လက်ထဲရှိ လှံကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်ရာ သွေးများသည် သူ၏လက်မှ စီးကျဆင်းသက်လာခဲ့သည်။

“ တစ်ခါတုန်းက ငါ့အဘိုးက ငါ့ကို ပြောပြခဲ့ဖူးတယ်၊ သိုင်းပညာရှင်တစ်ယောက်က မတ်တပ်ရပ်ပြီး သေသွားလို့ရတယ်၊ ဒါပင်မဲ့ လုံးဝ ဒူးထောက်အရှုံးပေးလို့မရဘူးတဲ့ “

“ ငါတို့လို သိုင်းပညာရှင်တွေက အကြောက်အလန့် ကင်းမဲ့စွာ မွေးဖွားလာတဲ့ လူတွေချည်းပဲ၊ အဆုံးထိ တိုက်ခိုက်ရမယ်။ အရှုံးဆိုတဲ့ စကားလုံးက ငါတို့ အဘိဓာန်မှာ မရှိဘူး “

ကျန်းချွမ်သည် လှံကို ဆုပ်ကိုင်၍ ဖြည်းညှင်းစွာ ထရပ်လာခဲ့သည်၊ အိပ်ပျော်နေသည့် သတ္တဝါကြီးတစ်ကောင် နိုးထလာသကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူတည့်တည့်မတ်မတ် ရပ်လာနိုင်သည်နှင့်အမျှ သူ၏အရှိန်အဝါမှာလည်း လိုက်ပါ၍ မြင့်တက်လာခဲ့သည်။

အရှိန်အဝါသည် ဒေါသတကြီး ရွေ့လျားနေသည့် လှိုင်းလုံးကြီးများကဲ့သို့ ဘက်ပေါင်းစုံကို ကြမ်းကြမ်းတမ်းတမ်း လွှမ်းခြုံသွားခဲ့သည်။

ကျန်းချွမ်သည် ခေါင်းကိုမော့၍ လှံကို ဆွဲထုတ်ကာ သွေးများစွန်းထင်းနေသည့် သွားများကို ပြသပြီး၊ လေသံတိုးတိုးလေးဖြင့် အော်ပြောလာခဲ့သည် “ ဒီတိုက်ပွဲကို ငါနိုင်ရမယ်၊ ငါနိုင်ကိုနိုင်ရမယ် “

ဝုန်းးးး !!

ထိုအချိန်၌ သူ၏အရှိန်အဝါသည် တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသော အထွတ်အထိပ်အဆင့်အထိ မြင့်တက်လာခဲ့သည်။

All Chapters