← Chapters

နတ်သားရဲ သွေးမျိုးဆက် !!

Vol. 14 Ch. 203

နတ်သားရဲ သွေးမျိုးဆက် !!

Vol. 14 Ch. 203

ရှုကျိုးကမူ အပြင်ဘက်ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသည့် ကိစ္စများကို မသိပေ။

လျူယောင်တုန်မှ အကျိုးပြုအမှတ် ၁သောင်း လွှဲပေးလာခဲ့သည်နှင့်တစ်ပြိုင်နက် သူသည် ဝန်ဆောင်မှုခန်းမသို့ အပြေးအလွှား ရောက်ရှိသွားတော့သည်။

“ ဆရာ “

ထိုအချိန်၌ ရှုကျိုးသည် ကောင်တွင် ထိုင်နေသည့် ဝူဟွေ့ကိုကြည့်ကာ စကားပြောလိုက်သည် “ ကျွန်တော့်ကို ဉာဏ်အလင်းဆေး အလုံး ၅၀၀ပေးပါ “

“ ဘယ်လောက်? “

ဝူဟွေ့သည် သူက နားကြားမှားသွားသည်ဟု ထင်သွားခဲ့သည်။

ဉာဏ်အလင်းဆေး အလုံး ၅၀၀လား? မင်းက အရောင်းကိုယ်စားလှယ် လုပ်တော့မလို့လားဟ?

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဉာဏ်အလင်းဆေး အလုံး၅၀၀ပါ၊ ပစ္စည်းရှိသေးလားဗျ? “

“ အဲ့လောက် အများကြီး မရှိဘူး “

ဝူဟွေ့သည် သူ့ကိုကြည့်ကာ ပြောလာခဲ့သည် “ အလုံး ၄၀၀ကျော်လောက်ပဲ ရှိတော့တယ် “

“ မင်းမှာ အဲ့လောက်ငွေအများကြီး ရှိလို့လား? “

ဉာဏ်အလင်းဆေး အလုံး၅၀၀အတွက် အကျိုးပြုအမှတ် ၅၀၀၀ကုန်ကျမည် ဖြစ်သည်။

ဒုတိယနှစ် ကျောင်းသူကျောင်းသားတစ်ဦးအတွက်ဆိုလျှင်တောင်မှ ထိုမျှများပြားသော အကျိုးပြုအမှတ်များ ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးမှ အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည် “ ဆရာ၊ ကျွန်တော့်ရဲ့ လက်ကျန်ငွေကို စစ်ဆေးကြည့်လို့ရပါတယ် “

ဝူဟွေ့သည် မည်သည့်စကားမှ မပြောဘဲ ကွန်ပျူတာဖြင့် အလုပ်လုပ်နေတော့သည်။

“ ဟမ်? “

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ ခု၊ ဆယ်၊ ရာ၊ ထောင် …………. အကျိုးပြုအမှတ် ၁သောင်းလား? “

ဝူဟွေ့ အံ့ဩတကြီးဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ မင်းက ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်နေရာကနေ ရလာခဲ့တာလဲ? “

သူကပင် မနာလိုအားကျဖြစ်သွားခဲ့ရလေသည်။

ရှုကျိုးမှ အပြုံးဖြင့် ပြောပြလိုက်သည် “ ကျွန်တော်က လူတစ်ယောက်နဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့လို့ပါ “

ထိုကိစ္စသည် သူ့အတွက်လည်း အတော်လေး ထူးဆန်းနေခဲ့သည်။

လျူယောင်တုန်ဘက်တွင်ကား ဝူဟွေ့၏ စနစ်ကို ကျော်ဖြတ်၍ တစ်ခြားနည်းလမ်းတစ်ခုခုကို အသုံးပြုကာ ငွေလွှဲပေးခဲ့ခြင်းဖြစ်သည်။ အတွင်းလမ်းကြောင်းတစ်ခုခုပင် ဖြစ်နေမည် ဖြစ်သည်။

ဝူဟွေ့သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး၊ များများစားစား မေးမြန်းမနေတော့ဘဲ စကားဆက်ပြောလာခဲ့သည် “ ဉာဏ်အလင်းဆေး အလုံး၄၅၀ပဲ ကျန်တော့တယ်၊ မင်းယူမှာလား? “

“ အကုန်လုံး ယူပါမယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ဝူဟွေ့သည် မည်သည့် စကားမှ မပြောဘဲ ဂိုထောင်ထဲသို့ လှည့်ထွက်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူသည် ပုလင်းကြီးတစ်လုံးဖြင့် ပြန်ရောက်လာခဲ့သည်။

“ မင်းကို သတိပေးရဦးမယ်ဆေးတွေမှာက ဆေးအဆိပ်သုံးပိုင်း ပါတယ်နော်၊ ဆေးများများသောက်ရင် မင်းရဲ့ အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်သွားနိုင်တယ် “

ဝူဟွေ့သည် ရှုကျိုးကို တလေးတနက်ကြည့်၍ ပြောလာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် ကြက်သီးထသွားပြီး၊ ခေါင်းငြိမ့်ပြလိုက်သည် “ သိပါပြီ “

…

စံအိမ်အတွင်း၌ ရှုကျိုးသည် ဒဏ်ရာများကို ကုသရင်းဖြင့် ကျင့်ကြံနေလျက်ရှိသည်။

“ ဆေးတွေမှာက ဆေးအဆိပ် သုံးပိုင်းပါတာလား? “

ရှုကျိုးသည် ဉာဏ်အလင်းဆေးများကို ကြည့်ကာ အနည်းငယ် စိုးရိမ်သွားခဲ့သည်။

သားရဲအူတိုင်တွေ သုံးတာကလည်း ပြဿနာရှိတယ်၊ ဆေးတွေ အများကြီး သောက်တာကလည်း ပြဿနာရှိတယ်။

“ ငါ့ရဲ့ကိုယ်ပွား မရှိတာက နှမြောစရာပဲကွာ “

ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကိုယ်ပွားကို အကုန်ကျွေးလိုက်လို့ရတယ် “

သူ၏ကိုယ်ပွားသည် မည်သည့်အရာကိုမဆို စားသုံးနိုင်ပြီး၊ မူလကိုယ်အား ပြန်၍ အာဟာရဖြည့်ပေးနိုင်လေသည်။

အကယ်၍ ၎င်းကို ဉာဏ်အလင်းဆေးများသာ ကျွေးလိုက်မည်ဆိုပါက ၎င်းသည် သွေးကြောမှတ် ဖွင့်လှစ်ရာတွင် များစွာကူညီပေးလာနိုင်လေသည်။

“ ထားလိုက်ပါတော့၊ ဆက်ပြီးတော့ လေ့ကျင့်တာပေါ့ကွာ “

ရှုကျိုးသည် မျက်လုံးကို မှိတ်ကာ ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ကို တိတ်ဆိတ် အသက်သွင်းနေတော့သည်။

ဆယ်ရက်တာကုန်ဆုံးသွားသည့်နောက်တွင် ကြမ်းတမ်းသော တိုက်ပွဲများ တိုက်ခိုက်ရမည် ဖြစ်သောကြောင့် သူသည် ဤဆယ်ရက်ကို အကျိုးရှိရှိ အသုံးချရမည် ဖြစ်သည်။

…

ရှုကျိုး တိတ်တဆိတ် ကျင့်ကြံနေသည့် အချိန်တွင် …….

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၌ ရွှေတောင်ပံ T-Rexကြီးသည် တဖြည်းဖြည်း နိုးထလာခဲ့သည်။

“ ဝေါင်း ~~ “

ရွှေတောင်ပံ T-Rexကြီးမှ အကြောဆန့်လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော အားတစ်ခုကို ခံစားမိသွားခဲ့သည်။

“ တော်တော်ကြီးကို စွမ်းတာပဲ “

ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

၎င်းသည် ၎င်း၏ခွန်အားက ယခင်ကထပ် များစွာအားကောင်းလာသည်ဟု ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။

“ ဟမ်? “

ထိုအချိန်၌ ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အဆီများ ပျောက်ကွယ်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

တိတိကျကျပြောရမည်ဆိုပါက အဆိုပါ အဆီမျာသည် အပိုခုခံကာကွယ်ရေး အလွှာတစ်ခုအဖြစ် ဖွဲ့တည်သွားခဲ့သည်။

“ သားရဲပုံဆောင်ခဲ ခြင်ဆီရည်က ဒီလောက်တောင် အကျိုးသက်ရောက်မှု ရှိတာလား? “

ရှုကျိုးသည် အလွန်စိတ်ကျေနပ်သွားပြီး၊ တစ်ချိန်တည်းမှာပင် အလွန်အံ့အားသင့်နေခဲ့သည်။

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ကို သောက်သုံးကာ သတိမေ့သွားခဲ့ပြီးသည့်နောက်၌၊ ဤတစ်ကြိမ် ရရှိခဲ့သည့် တိုးတက်မှုသည် မျှော်မှန်းထားသည်ထပ် ပို၍ကောင်းမွန်နေခဲ့သည်။ ခွန်အားသာလျှင် မဟုတ်ဘဲ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်ပါ ပြောင်းလဲသွားခဲ့သည်။

ယခင်က ပထမအဆင့် သားရဲများကိုသာ အများအပြား စားသုံးနေခဲ့ရသောကြောင့် ဝဖိုင့်ဖိုင့်ဖြစ်သွားခဲ့သည်။

သို့သော် ယခု၌ ၎င်း၏ ခန္ဓာကိုယ်သည် ပြန်လည်တည်ဆောက်ခံလိုက်ရပြီဖြစ်ကာ ပို၍ကြံ့ခိုင်တောင့်တင်းသွားခဲ့သည်။

“ အရမ်းကောင်းတယ် “

ရွှေတောင်ပံ T-Rexကြီး ပျော်ရွှင်သွားတော့သည်။

“ ဟမ်? “

ထိုအချိန်၌ ၎င်းသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

၎င်းသည် ကျူးကျော်ဝင်ရောက်လာသူများကို အာရုံခံမိသွားခဲ့သည်။

ဝှစ် !!!

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် မြေပြင်ပေါ်မှ ထရပ်ကာ ၎င်း၏ ရွှေနက်ရောင် တောင်ပံများကို အကြမ်းပတမ်း ခတ်လိုက်ပြီး လေထုထဲသို့ တဟုန်ထိုး ပြေးတက်သွားတော့သည်။

ဝုန်းးး !!

ပြောင်းဝမှ ထွက်လာခဲ့သည့် ကျည်ဆံတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ လှစ်ခနဲ ရောက်ရှိသွားပြီး၊ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အပြာရောင် ကောင်းကင်ပြင်ကို ဖြတ်သန်းသွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် အောက်ဘက်သို့ ခုန်ဆင်းသွားခဲ့သည်။

မြေပြင်ပေါ်၌ ဒါဇင်နှင့်ချီသော ပထမအဆင့် အဆင့်၉ နွားခေါင်း ဗီဇပြောင်းသားရဲများသည် ၎င်း၏ ပိုင်နက်ထဲတွင် ဖြတ်သန်းသွားလာနေလျက်ရှိသည်။

“ ဝေါင်း ~~ ! “

ရုတ်တရက်ဆိုသလိုပင် နွားခေါင်းသားရဲ ခေါင်းဆောင်ကြီးတစ်စုံတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခေါင်းမော့လာခဲ့ပြီး၊ ကောင်းကင်ဘုံကို ကြည့်၍ တွန်မြည်လာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော အရိပ်ကြီးတစ်ခုသည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ မူးးးးး “

ချက်ချင်းဆိုသလို နွားခေါင်းသားရဲများ တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လာကြသည်။

သို့သော် ၎င်းတို့မှာ ဒေါသတကြီး ဟိန်းဟောက်နေကြခြင်း မဟုတ်ပေ၊ ထို့အစား လှောင်ပြောင်ဟိန်းဟောက်နေကြခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရွှေတောင်ပံ T-Rexကြီးက ပထမအဆင့် အဆင့်၇သာလျှင် ရှိနေသည်ကို ၎င်းတို့က သိသွားသောကြောင့် ဖြစ်သည်။

၎င်းတို့ထဲမှ အားအနည်းဆုံး အကောင်ကပင် ပထမအဆင့် အဆင့်၉သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ဝုန်းးးးး !!

ရွှေတောင်ပံ T-Rexကြီးမှ ရိုက်ချလိုက်လာခဲ့ရာ နွားခေါင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့သည်။

ဤတစ်ကြိမ်၌ ရွှေတောင်ပံ T-Rexကြီးသည် နာကျင်မှုတစ်ခုကို ခံစားသွားခဲ့ရသည်။

သွေးစွန်းနေသည့် အမွှေးအတောင်တစ်ချို့ ကျွတ်ထွက်သွားခဲ့သည်။

၎င်းသည် အလွန်အံ့အားသင့်သွားတော့သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေအတွင်း၌ ၎င်းဒဏ်ရာရရှိသွားအောင် အနည်းငယ်မျှသော ဗီဇပြောင်းသားရဲတို့ကသာလျှင် စွမ်းဆောင်နိုင်ကြသည်။

သို့သော် ဤတစ်ကြိမ်၌ ရွှေတောင်ပံ T-Rexကြီး ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော် နွားခေါင်းသားရဲများမှာ ၎င်းထပ်ပင် ပို၍အံ့ဩတုန်လှုပ်နေလျက်ရှိသည်။

ရွှေတောင်ပံ T-Rexကြီးနှင့် တိုက်မိသွားသည့် နွားခေါင်းသားရဲတစ်ကောင်၏ ဦးချိုသည် ပေါက်ထွက်ကွဲအက်သွားခဲ့သည်‌။

အဆင့် ၇ပဲရှိတဲ့ကောင်လေးက ငါ့ကို တကယ်ကြီး ဒဏ်ရာရသွားစေခဲ့တယ်ပေါ့ !!

“ မူးးးးး “ ၎င်းမှ ဟိန်းဟောက်လာခဲ့သည်။

ဗွီ !!

ခပ်မှိန်မှိန် အနီရောင် အလင်းတန်းတစ်ခုသည် ၎င်း၏ နောက်ချိုတစ်ခုထံမှ ပေါ်ထွက်လာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ အလင်းတန်းသည် ရွှေတောင်ပံ T-Rexကြီးကို ထိမှန်သွားခဲ့သည်။

ဘုန်းးး !!

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ရွှေတောင်ပံ T-Rexကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အရေခွံများသည် သေနတ်ဖြင့် အပစ်ခံလိုက်ရသကဲ့သို့ ပွင့်ထွက်ကာ သွေးများဖြင့် ဖုံးလွှမ်းလာခဲ့သည်။

“ ဒါက …… “

ရွှေတောင်ပံ T-Rexကြီးသည် အံ့ဩတုန်လှုပ်သွားသော ခံစားချက်များနှင့်အတူ ခေါင်းမော့၍ ကြည့်လိုက်သည်။

မွေးရာပါစွမ်းရည် !!

၎င်းမှာ လူသားတို့၏ Sအဆင့် စွမ်းရည်များကဲ့သို့ အလွန်ရှားပါးလွန်းလှသည့် သားရဲမျိုးနွယ်စု၏ အထူးစွမ်းရည်ဖြစ်သည်။

သားရဲမျိုးနွယ်စုအတွင်းရှိ အစွမ်းထက်မျိုးနွယ်စုများကသာလျှင် မွေးရာပါစွမ်းရည်များ ပိုင်ဆိုင်နိုင်ကြသည်။

တစ်နည်းဆိုရသော် နတ်သားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည့် သားရဲမျိုးနွယ်စုကသာလျှင် ၎င်းတို့ကို ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။

သို့သော် ဤနွားခေါင်းသားရဲများကမူ နတ်သားရဲတို့၏ တိုက်ရိုက်မျိုးဆက်များ မဟုတ်ဘဲ၊ နတ်သားရဲသွေးမျိုးဆက် အနည်းငယ်မျှ ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်၊ (သွေးနှောမျိုးဆက်ပေါ့ဗျာ) သို့သော် ၎င်းကပင် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်များကို အဆပေါင်းများစွာ သာလွန်သွားစေခဲ့သည်။

All Chapters