← Chapters

မင်းနဲ့ တိုက်ခိုက်ဖို့အတွက် ငါတို့ဒီမှာ စောင့်နေတယ်

Vol. 14 Ch. 208

မင်းနဲ့ တိုက်ခိုက်ဖို့အတွက် ငါတို့ဒီမှာ စောင့်နေတယ်

Vol. 14 Ch. 208

အကြီးအကဲကျိုး၏ စကားလုံးများ ပြီးဆုံးသွားသည့်နောက်တွင် လူတိုင်း ရုတ်တရုတ်သဲသဲ ဖြစ်သွားကြသည်။

တတိယအဆင့်အတွင်းက တိုက်ပွဲတွေကို သုံးပြီးတော့ နတ်သိုင်းဌာနဲ့ အစစ်အမှန် သိုင်းပညာဌာနကြားမှာရှိတဲ့ ရလဒ်ကို ဆုံးဖြတ်မှာလား?

ရွှေအိုရောင်ဆံပင်နှင့် အကြီးအကဲသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဒါက တော်တော်ကြီး မြန်လွန်းမနေဘူးလားဗျ? “

“ မမြန်ပါဘူး “ အကြီးအကဲကျိုးသည် ခေါင်းခါ၍ ပြောလာခဲ့သည် “ ငါတို့အားလုံးက အမြင့်ပိုင်းအဆင့်တွေအတွက် ပြိုင်ဘက်ကင်းတဲ့ လမ်းကြောင်းကို ရှာနေကြတာလေ၊ ငါတို့ရဲ့ အောက်ပိုင်းအဆင့်က လူငယ်လေးတွေဆီမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် မရှိဘူးဆိုရင်၊ အဲ့ဒီ အဆင့်တွေမှာ ပြိုင်ဘက်ကင်းဖို့ဆိုတာက လုံးဝမဖြစ်နိုင်တော့ဘူး “

“ နတ်သိုင်းဌာနက တတိယအဆင့်တွေအထိ လမ်းကြောင်းအသစ်တွေကို ရှာတွေ့ထားခဲ့ပြီးပြီ၊ ပထမအဆင့်တွေအတွက် ပထမအဆင့်နယ်ပယ်မှာ သွေးကြောမှတ် ၁၅၀ကျော် ဖွင့်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းကို ရှာတွေ့ထားခဲ့ပြီ၊ ပြီးတော့ ဒုတိယအဆင့်၊ တတိယအဆင့်တွေအတွက်လည်း သက်ဆိုင်ရာ လမ်းကြောင်းအသစ်တွေကို ရှာတွေ့ခဲ့ပြီ “

“ နတ်သိုင်းဌာနက အဲ့တာကို ပြိုင်ဘက်ကင်းလမ်းကြောင်းလို့ခေါ်တာကြောင့် အဲ့လမ်းကြောင်းကို လျှောက်နေတဲ့ လူတွေက အဆင့်တူ၊ နယ်ပယ်တူက လူတွေကို ဖြတ်ကျော်ထားနိုင်ရမယ်။ တကယ်လို့ သူတို့က အစစ်အမှန် သိုင်းပညာဌာနကို အနိုင်ယူနိုင်မယ်ဆိုရင်၊ အဲ့တာက နတ်သိုင်းဌာနရဲ့ လမ်းကြောင်းက မှန်ကန်ပြီးတော့ ဆက်ပြီးတော့လျှောက်လှမ်းသင့်တယ်ဆိုတာကို သက်သေပြထားပြီးသား ဖြစ်သွားလိမ့်မယ် “

“ တကယ်လို့ အဲ့လိုဖြစ်မနေခဲ့ဘူးဆိုရင်တော့၊ အစစ်အမှန် သိုင်းပညာဌာနက ငါတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သွားလိမ့်မယ် “

ရွေအိုရောင်ဆံသားနှင့် အကြီးအကဲသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

သူသည် ထိုကဲ့သို့သော ပြိုင်ဆိုင်မှုမျိုးကို မစိုးရိမ်ပေ။

နတ်သိုင်းဌာန၌ သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားသည့် ပါရမီရှင်များ များပြားလှပြီး၊ ပြိုင်ဘက်ကင်း လမ်းကြောင်းပေါ်တွင် ရှိနေသည့် ဒုတိယနှင့် တတိယအဆင့်လူတစ်ချို့လည်း ရှိနေသည်။

အကယ်၍ ထိုကဲ့သို့သော ပြိုင်ပွဲမျိုးကို ကျင်းပမည်ဆိုပါက နတ်သိုင်းဌာနသည် မည်သည့်ဖိအားကိုမှ ခံစားရလိမ့်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် အစစ်အမှန် သိုင်းပညာဌာနကမူ အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်လေသည်။

ယခုလက်ရှိ အစစ်အမှန် သိုင်းပညာဌာနသည် အမှန်တကယ် ကျဆုံးနေခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝှမ်းလုံးမှ ထိပ်တန်းပါရမီရှင်အများစုသည် နတ်သိုင်းဌာနဆီသို့သာ ရောက်လာခဲ့သောကြောင့် အစစ်အမှန် သိုင်းပညာဌာနမှ ၎င်းကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်လိမ့်မည်နည်း?

ရွှေအိုဆံသားရှိသော အကြီးအကဲသည် သိလိုစိတ်များဖြင့် လျူချင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

“ ဟမ်? “

မထင်မှတ်ထားစွာဖြင့် လျူချင်းယွမ်၏ အမူအရာသည် အလွန်အေးဆေးတည်ငြိမ်နေခဲ့သည်။

ထိုအချိန်တွင် လျူချင်းယွမ်မှ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ အကြီးအကဲကျိုးက ဘာကိုဆိုလိုတာလဲ၊ ဘယ်လို ပြိုင်ဆိုင်ကြမှာလဲ? “

“ မင်းအားလုံးက ဘယ်လိုထင်ကြလဲ? “ အကြီးအကဲကျိုးသည် လူတိုင်းကို ကြည့်လာခဲ့သည်။

ရွှေအိုရောင်ဆံသားဖြင့် အကြီးအကဲမှ အကြံပေးစကားပြောလာခဲ့သည် “ ကျွန်တော်ရဲ့ အမြင်အရတော့ ပြိုင်ပွဲတစ်ခုလို ပုံစံမျိုးလုပ်သင့်တယ်။ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနက ပထမအဆင့်ကနေ တတိယအဆင့်အထိ သူတို့ရဲ့ အားအကောင်းဆုံး ပါရမီရှင်တွေကို ရွေးချယ်ပြီးတော့ ကွင်းပြင်ထဲမှာ တိုက်ခိုင်းသင့်တယ် “

“ ပထမအဆင့် အချင်းချင်း၊ ဒုတိဘအဆင့်အချင်းချင်း၊ တတိယအဆင့်အချင်းချင်း တိုက်ခိုင်ပြီးတော့ ဘယ်သူက ပိုစွမ်းလဲဆိုတာကို ကြည့်ကြတာပေါ့ “

အကြီးအကဲကျိုးသည် မည်သည့်တုံ့ပြန်မှုမပေးဘဲ၊ တစ်ခြားလူများကိုသာ မေးမြန်းလိုက်သည် “ မင်းတို့တွေကရော? “

“ သဘောတူပါတယ် “

“ သဘောတူပါတယ် “

လူတိုင်း တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်လာကြပြီး၊ ရွှေအိုရောင်ဆံသားပိုင်ရှင် အကြီးအကဲ၏ အဆိုပြုချက်ကို လက်ခံလိုက်ကြသည်။

လျူချင်းယွမ်မှာလည်း ၎င်းကို မငြင်းပယ်လိုက်ပေ။ ထို့အစား သူသည် လေးနက်စွာ စကားပြောလာခဲ့သည် “ နောက်လအနည်းငယ်အတွင်းမှာ နိုင်ငံတော် ဒုတိယအဆင့် ပြိုင်ပွဲရှိတယ်၊ အဲ့တာကို ပယ်ဖျက်လိုက်ပြီးတော့ အဲ့နေရာမှာ ဒီပြိုင်ပွဲကို ဘာလို့မကျင်းပရမှာလဲ? “

အကြီးအကဲကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒါဆိုရင်လည်း အဲ့လိုပဲ သတ်မှတ်လိုက်ပြီ။ ပြိုင်ပွဲရဲ့ ပုံစံအရ၊ အဲ့တာကို ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်မှာ ကျင်းပမယ် “

“ တစ်နိုင်ငံလုံးက တက္ကသိုလ်တွေဆီမှာရှိတဲ့ ဌာနနှစ်ခုစလုံးရဲ့ ပထမအဆင့်ကနေ တတိယအဆင့်အတွင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေအကုန်လုံးက တိုက်ပွဲတွေအတွက် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်မှာ သုံးလအတွင်း စုစည်းရမယ် “

…

ကွမ်ဟန်ရှိ အစည်းအဝေးသည် လျင်မြန်စွာ နိဂုံးချုပ်သွားခဲ့သည်။

အစည်းအဝေးပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများသည် နိုင်ငံတစ်ဝှမ်းလုံးရှိ သိုင်းပညာ တက္ကသိုလ်များ၏ အဆင့်မြင့်အရာရှိများ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

အဆင့်မြင့် အရာရှိအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ဌာနနှစ်ခုစလုံးသည် နှစ်အတော်ကြာသည်အထိ ပြိုင်ဆိုင်လာခဲ့ကြပြီး အဆုံးတွင် အဖြေတစ်ခုကို မြင်တွေ့ရတော့မည် ဖြစ်သည်။

မည်သည့်လမ်းကြောင်းက ဆက်လက်၍ ရှင်သန်နိုင်မည်နည်း? အစစ်အမှန် သိုင်းပညာဌာန(သို့) နတ်သိုင်းဌာန?

အဖြေသည် သုံးလအကြာတွင် ပေါ်ပေါက်လာမည်ဖြစ်သည်။

…

ကွမ်ဟန် သိုင်းပညာတက္ကသိုလ်

များသောအားဖြင့် ငြိမ်သက်နေခဲ့သည့် ကျောင်းသည် ယနေ့တွင် ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေလျက်ရှိသည်။

ကျောင်းသူကျောင်းသားတော်တော်များများသည် အပူတပြင်း ဆွေးနွေးပြောဆိုနေကြသည်။

သူတို့ပြောဆိုနေကြသည့် အရာများသည် ဌာနနှစ်ခု၏ အဆုံးသတ်တိုက်ပွဲအကြောင်း မဟုတ်ဘဲ၊ ဆယ်ဦးတစ်ဦး စိန်ခေါ်ပွဲအကြောင်းသာ ဖြစ်နေခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနမှ လူသစ်ဘုရင်သည် နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားသည့် ပါရမီရှင်အားလုံးကို စိန်ခေါ်ထားခဲ့သည်။

ရှုကျိုးမှာ တိုက်ပွဲ ၁၀ခု တိုက်ခိုက်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သော အရာမျိုးသည် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။

အချိန်နီးကပ်လာသည်နှင့်အမျှ စိတ်လှုပ်ရှားမှုတို့မှာလည်း လိုက်ပါ၍ မြင့်တက်လာခဲ့သည်။

နတ်သိုင်းဌာန၏ ဂိတ်တံခါးပေါက်သည် ကျယ်ဝန်းစွာ ပွင့်ဟနေလျက်ရှိသည်၊ သူတို့သည် ရှုကျိုးကို စောင့်ဆိုင်းနေကြသည့်ပုံပင်။

ထိုအချိန်၌ စိန်ခေါ်စာတစ်ခုသည် မီးထဲသို့ လောင်စာထည့်ပေးလာခဲ့ပြီး၊ စိတ်လှုပ်ရှားမှုများကို မထင်မှတ်ထားခဲ့ဖူးသော အထွတ်အထိပ်တစ်နေရာအထိ ပို့ဆောင်ပေးလာတော့သည်။

“ ရှုကျိုး၊ ဆယ်ရက်တာ သဘောတူညီချက်က ပြည့်နေပြီ၊ မင်းက ဘယ်အချိန်မှ လာတိုက်မှာလဲ? “

ဝမ်လေ့သည် ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့သောကြောင့် စိန်ခေါ်စာတစ်ခု ထုတ်ပြန်ကြေညာလာခဲ့သည်။

အဆိုပါ သတင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည့် ကျောင်းတော်ကြီးကို လောင်မြိုက်သွားစေခဲ့သည်။

အလွန်များပြားလှသော လူများသည် စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြပြီဖြစ်သည်။

တစ်ချို့သော နည်းပြဆရာ၊ ဆရာမများကပင် ဤကိစ္စကို အတော်လေး အာရုံစိုက်နေခဲ့ကြသည်။

သို့သော် ရှုကျိုးကမူ မည်သို့မျှ မတုံ့ပြန်လာခဲ့ဘဲ လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

…

ကျန်းချွမ်၏ စံအိမ်၌

ကျန်းချွမ်သည် သူ့ဖုန်းထဲရှိ သတင်းကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ရှုကျိုးက စိန်ခေါ်မှုကို ဘာလို့ လက်မခံရသေးတာလဲဟ? “

ဝမ်လေ့မှ စိန်ခေါ်စာ ထုတ်ပြန်ထားသည်မှာ သုံးနာရီပင် ကျော်နေခဲ့ပြီဖြစ်သည်။

သို့သော် ရှုကျိုးကမူ သမုဒ္ဒရာထဲသို့ ကျောက်တုံးတစ်တုံး ကျဆင်းသွားသကဲ့သို့ မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။

နတ်သိုင်းဌာနရှိ လူတော်တော်များများသည် အတင်းအဖျင်းများ စတင်၍ ပြောဆိုလာကြပြီဖြစ်သည်။

တစ်ခြားလူများက ရှုကျိုးနှင့်ပတ်သက်၍ မည်ကဲ့သို့ပင် ပြောဆိုနေကြပါစေ၊ ကျန်းချွမ်သည် ၎င်းတို့ကို ဂရုမစိုက်ပေ။

ပြဿနာကား ယခင်က သူနှင့် ရှုကျိုးတို့၏ တိုက်ပွဲမှာ ကျဥ်းမြောင်းသော ရလဒ်ဖြင့် ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ရှုကျိုးကသာ ထိုအကြောင်းကို သွားပုတ်လေလွင့်ပြောဆိုမည်ဆိုပါက ကျန်းချွမ်သည် သူကလည်း အတင်းပြောခံနေရသည်ဟု ခံစားသွားရမည် ဖြစ်သည်။

“ အစ်ကို “ ဘေးနားရှိ လျူယောင်တုန်မှ အေးအေးဆေးဆေးပြောလာခဲ့သည် “ မင်းက ဒီနေ့မှာ ရှုကျိုးကို ထပ်ပြီးတော့ စိန်ခေါ်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား? သူ့အိမ်ကို သွားလိုက်လေ “

“ ပါးစပ်ပိတ်ထားစမ်း !!! “

ကျန်းချွမ်သည် သူ့ကိုစိုက်ကြည့်လိုက်သည်၊ ငါက အဲ့တာကို ပေါ့ပေါ့ပါးပါး ပြောခဲ့တာလေ၊ ဘာကိစ္စ ငါ့ကို ခဏခဏ သတိပေးနေရတာတုန်း?

သို့သော် ထိုအကြောင်းကို ပြောရင်းဖြင့် သူသည် ထပ်မံ၍ စိန်ခေါ်မည့် ကိစ္စနှင့် ပတ်သက်၍ အတွေးတစ်ချို့ ရှိနေခဲ့သည်။

ယခင်က တိုက်ပွဲက မည်ကဲ့သို့ပင် ဖြစ်ခဲ့ပါစေ ကျန်းချွမ်သည် ၎င်းကို စိတ်မကျေနပ်ခဲ့ပေ။

သူသည် ထိုမျှပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို မဆင်နွှဲဘဲ၊ ရှုကျိုးအား အလွယ်တကူ ချေမှုန်းနိုင်သင့်ပေသည်။

“ ဒီဆယ်ရက်အတွင်းမှာ ငါက သွေးကြောမှတ် နောက်နှစ်ခု ထပ်ဖွင့်ထားတယ် “

ကျန်းချွမ်သည် ယုံကြည်မှုအပြည့်ဖြင့် ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ငါ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကလည်း တိုးတက်လာခဲ့ပြီ။ တကယ်လို့ ရှုကျိုးကသာ ငါ့ကို ထပ်ပြီးတော့ စိန်ခေါ်မယ်ဆိုရင် ငါကသူ့ကို အလွယ်တကူ ချေမှုန်းနိုင်မှာ သေချာတယ် “

၎င်းကို တွေးမိသွားသောအခါတွင် သူသည် ဖုန်းကို ပြန်ဖွင့်ကာ ရှုကျိုးကို ဆက်သွယ်လိုက်သည်။

တီတီတီတီ ……….

မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

“ ဘာတွေ ဖြစ်နေတာလဲဟ? “ ကျန်းချွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

ဒီကောင်က ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရတာများလား?

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကျန်းချွမ်သည် သူ၏နေရာမှ ခုန်ထလာခဲ့သည်။

“ ဘယ်သွားမလို့လဲ? “ လျူယောင်တုန်မှ အမြန်မေးမြန်းလိုက်သည်။

“ ရှုကျိုးကို သွားရှာမလို့ “

ကျန်းချွမ်သည် ပြောရင်းဆိုရင်းဖြင့် တံခါးဝသို့ ရောက်ရှိသွားခဲ့သည်။

…

တစ်ခဏမျှအကြာတွင် လူနှစ်ဦးသည် ရှုကျိုး၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။

All Chapters