အချိန်နှင့်ဒီရေသည် လူကို မစောင့် ၃
Vol. 14 Ch. 207
ထို့အပြင် အစစ်အမှန် သိုင်းပညာဌာနသည် အမြင့်ပိုင်း အဆင့်များသို့ ရောက်ရှိနိုင်သည့် လမ်းကြောင်းကို မရှာဖွေနိုင်သေးပေ၊ ယခုမျိုးဆက်မှ လူများကပင် အမြင့်ပိုင်း အဆင့်များသို့ မရောက်ကြသေးပေ။
“ ပြိုင်ဘက်ကင်းတာလား? “
လျူချင်းယွမ်မှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ ဒီလောက် နှစ်တွေ အကြာကြီးမှာ တတိယအဆင့်အောက်က ပြိုင်ဘက်ကင်းကို လမ်းကြောင်းကိုပဲ နတ်သိုင်းဌာနက ရှာနိုင်ခဲ့တာပါ “
“ တတိယအဆင့်အထက်အတွက်တော့ နတ်သိုင်းဌာနက ဘာမှကို ရှာမတွေ့သေးပါဘူး “
“ နတ်သိုင်းဌာနနဲ့ ယှဥ်လိုက်မယ်ဆိုရင် အစစ်အမှန် သိုင်းပညာဌာနက ဘက်ပေါင်းစုံမှာ လွှမ်းမိုးနေနိုင်တုန်းပါပဲ။ နတ်သိုင်းဌာနဆီမှာက အစစ်အမှန် သိုင်းပညာဌာနကို အစားထိုးနိုင်မဲ့ ဘာတွေရှိနေလို့လဲ? “
ရွှေအိုရောင် ဆံပင်နှင့် အကြီးအကဲမှ မျက်မှောင်ကြုတ်၍ ထပ်ပြောလာခဲ့သည် “ နတ်သိုင်းဌာနရဲ့ အောက်ပိုင်းသုံးဆင့်ကတင် အစစ်အမှန် သိုင်းပညာဌာနကို လွှမ်းမိုးဖို့ လုံလောက်တယ် “
လျူချင်းယွမ်မှ ခိုင်ခိုင်မာမာ ပြန်ပြောလိုက်သည် “ အဲ့တာက ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ထိပ်တန်းအဆင့် ပါရမီရှင်တွေအားလုံးက နတ်သိုင်းဌာနကို ရောက်သွားလို့ပါ။ အစစ်အမှန် သိုင်းပညာဌာနမှာကတော့ Sအဆင့် စွမ်းရည်ပိုင်ရှင် အနည်းစုပဲရှိတယ်၊ ကျန်တဲ့လူတော်တော်များများက Aအဆင့် စွမ်းရည်ပိုင်ရှင်တွေချည်းပဲ “
“ အဲ့လိုဖြစ်နေခဲ့တာတောင်မှ အစစ်အမှန် သိုင်းပညာဌာနရဲ့ အောက်ပိုင်းသုံးဆင့်က နတ်သိုင်းဌာနရဲ့ အမြင့်ပိုင်း အဆင့်တွေနဲ့တောင် ယှဥ်နိုင်သေးတယ် “
ရွှေအိုရောင် ဆံပင်နှင့် အဘိုးအိုမှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ နတ်သိုင်းဌာနက သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားတဲ့ ပါရမီရှင်တွေက အစစ်အမှန် သိုင်းပညာဌာနက လူတွေထပ် ဘာမှနိမ့်ကျမနေဘူး၊ ပထမအဆင့်တွေထပ် ပိုပြီးတော့တောင် အစွမ်းထက်နေသးတယ်၊ အဲ့တာကိုလည်း အကြိမ်ကြိမ်အခါခါ သက်သေပြထားခဲ့ပြီးပြီ “
လျူချင်းယွမ်သည် သူနှင့် ထပ်မံ၍ ငြင်းခုန်မနေတော့ပေ။
သူသည် အကြီးအကဲကျိုးကို လှမ်းကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည် “ အကြီးအကဲကျိုး၊ အကြီးအကဲက လမ်းကြောင်းတစ်ခုကို ဖျက်သိမ်းဖို့ ရည်ရွယ်ထားတာလား? “
ရွှေအိုရောင် ဆံပင်နှင့် အကြီးအကဲမှာလည်း သတိပြန်ဝင်လာခဲ့ကာ အဆိုပြုပြောကြားလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနကို ဖျက်သိမ်းမှာလားဗျ? “
တစ်ခြားလူတစ်ဦးမှ ခေါင်းခါ၍ ပြောလာခဲ့သည် “ နတ်သိုင်းဌာနရဲ့ သားရဲအူတိုင်တွေဆီမှာ ပြဿနာတွေ ရှိနေနိုင်တယ်။ တကယ်လို့ အစစ်အမှန် သိုင်းပညာဌာနကို ဖျက်သိမ်းလိုက်မယ်ဆိုရင် လူသားတွေ လျှောက်လှမ်းရမဲ့ လမ်းကြောင်း ပျောက်သွားလိမ့်မယ် “
တစ်ခြားလူများမှာလည်း အသာအယာ ခေါင်းငြိမ့်ပြလာကြသည်။
ရန်သူ့ဘက်တွင် ပေါ်လာခဲ့သည့် နတ်သိုင်းဌာနမှအဆင့်မြင့် လူသားပညာရှင်တစ်ဦး၏ အရေးကိစ္စမှာလည်း လူတိုင်းကို သတိတကြီး ဖြစ်သွားစေခဲ့သည်။
အကယ်၍ နတ်သိုင်းဌာန၏ အခြေခံအုတ်မြစ်တွင် ပြဿနာများ အမှန်တကယ် တည်ရှိနေမည်ဆိုပါက အစစ်အမှန် သိုင်းပညာဌာန၏ မျိုးစေ့များကို ထိန်းသိမ်းထားရမည် ဖြစ်သည်။
ရွှေအိုရောင် ဆံပင်နှင့် အကြီးအကဲမှ မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ သားရဲအူတိုင်တွေမှာ ပြဿနာရှိ၊ မရှိဆိုတာက မသေချာသေးပါဘူး။ တကယ်လို့ ပြဿနာရှိနေမယ်ဆိုရင်တောင်မှ အဲ့တာက သေသွားပြီးမှ ဖြစ်လာခဲ့တဲ့ ကိစ္စတစ်ခုပါ၊ ဒါပင်မဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ နတ်သိုင်းဌာနရဲ့ ကျဆုံးသွားတဲ့ အဆင့်မြင့် ပညာရှင်တွေက တော်တော်ကြီးကိုနည်းတယ် “
လျူချင်းယွမ်သည် သူတို့၏ ငြင်းခုန်မှုကို လစ်လျူရှု၍ ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနပဲဖြစ်ဖြစ်၊ နတ်သိုင်းဌာနပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးရဲ့ အမွေအနှစ် မျိုးစေ့တွေကို ချန်ထားသင့်တယ်၊ လုံးဝမဖျက်ဆီးလိုက်သင့်ဘူး “
သူ၏ အဆိုပြုချက်သည် လူတော်တော်များများ၏ အတွေးစိတ်ကူးများကို ကိုယ်စားပြုနေခဲ့သည်။
အစစ်အမှန်သိုင်းပညာဌာနပင်ဖြစ်စေ၊ နတ်သိုင်းဌာနပင်ဖြစ်စေ၊ ၎င်းတို့နှစ်ခုစလုံးသည် လူသားတို့အတွက် လမ်းကြောင်းများ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကိုမှ လုံးဝမစွန့်ပစ်လိုက်သင့်ပေ။
အကြီးအကဲကျိုးသည် လူတိုင်း တိတ်တိတ်နေကြရန် လက်မြှောက်၍ အချက်ပြလာခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ မင်းတို့အားလုံးလည်း သတိထားမိကြမှာပါ၊ ကျင့်ကြံရေး အရင်းအမြစ်တွေက ပိုပိုပြီးတော့ နည်းပါးလာပြီ၊ ဝေးလံခေါင်းပါးတဲ့ နေရာတွေမှာဆိုရင် သားရဲအူတိုင်တွေကိုတောင် မထောက်ပံ့ပေးနိုင်တော့ဘူး “
အားလုံး၏ အမူအရာများ တင်းကြပ်သွားတော့သည်။
ကျင့်ကြံရေး အရင်းအမြစ်များ ရှားပါးလာပြီ ဖြစ်သည်။
ထို့ကြောင့်ပင် သိုင်းပညာရှင်များက ပြိုင်ဆိုင်ရမည်ဟု လူတော်တော်များများက ညွှန်းဆိုနေခဲ့ခြင်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် တိုက်ကိုတိုက်ရမည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့ကသာ မယှဥ်ပြိုင်ကြဘူးဆိုပါက ကျင့်ကြံရေး အရင်းအမြစ်များ ထပ်ရတော့မည် မဟုတ်ပေ။
“ အရင်တုန်းက ငါနဲ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေက သားရဲမျိုးနွယ်ဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်၊ ပြီးတော့ လူသားတွေအပေါ်မှာရှိတဲ့ အဲ့ဒီနဂါးနက်ကြီးရဲ့ သဘောထားက တော်တော်လေးကို ကြမ်းတမ်းနေတယ် “
အကြီးအကဲကျိုးမှ လေးနက်စွာ ပြောလာခဲ့သည် “ နောက်ဆိုရင်၊ သားရဲအူတိုင်တွေနဲ့ သားရဲပုံဆောင်ခဲ ခြင်ဆီရည်လို အရာမျိုးတွေကို အရင်ကလို အလွယ်တကူ ရနိုင်တော့မှာ မဟုတ်ဘူး “
ထိုစကားလုံးများ ကြားလိုက်ရသောအခါတွင် တစ်စုံတစ်ဦးမှ မကျေမနပ်ဖြင့် ဝင်ပြောလာခဲ့သည် “ သားရဲမျိုးနွယ်စုက လူသားတွေရဲ့ လက်အောက်ခံလေးတွေပဲလေ၊ သူတို့က ပုန်ကန်ချင်နေကြတာလား? “
“ လက်အောက်ခံတွေလား? “ အကြီးအကဲကျိုးသည် သူ၏ဦးခေါင်းကို ခါယမ်းကာ အပြုံးဖြင့် ပြောလာခဲ့သည်။
“ အဲ့ဒီအချိန်တုန်းက၊ လူသားတွေနဲ့ သားရဲတွေရဲ့ စစ်ပွဲကာလမှာ ငါတို့က နည်းနည်းအသာစီးရပြီးတော့ နိုင်သွားခဲ့တာ၊ လူသားတွေက သားရဲတွေထပ် ပိုပြီးတော့ အစွမ်းထက်နေခဲ့တာကြောင့် မဟုတ်ဘူး “
“ သားရဲမျိုးနွယ်စုတွေက မစည်းလုံးကြလို့ပဲ၊ အဲ့တာကပဲ လူသားတွေရဲ့ အခွင့်အရေးဖြစ်ခဲ့တာ “
အကြီးအကဲကျိုးမှ အတွေးယာဥ်ကြောထဲ မျောပါသွားခဲ့သည် “ အဲ့ဒီအချိန်တုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ သားရဲမျိုးနွယ်စုတွေက သားရဲအူတိုင်တွေလို ကျင့်ကြံရေး အရင်းအမြစ်တွေကို ထောက်ပံ့ပေးခဲ့ရပြီးတော့၊ လှိုဏ်ခေါင်းရဲ့ တစ်ခြားတစ်ဖက်က ဖမ်းမိခဲ့တဲ့ လူသားတွေကိုတော့ သူတို့ရဲ့ အစာအဖြစ် ပေးခဲ့ရတယ် “
“ ဒါပင်မဲ့ အခုကတော့ နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်မှာ လူသားတွေက သားရဲတော်တော်များများကို သတ်ခဲ့ကြတယ်၊ ပြီးတော့ ကွမ်ဟန်ဘက်မှာလည်း ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေတွေ ဖြစ်နေတာကြောင့် သားရဲမျိုးနွယ်စုကို အစာလုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်တော့ဘူး “
“ သားရဲမျိုးနွယ်အတွင်းမှာက အနက်ရောင် ချီလင်နဲ့ နတ်ဖီးနစ်တို့လို သားရဲဧကရာဇ်တွေက ဦးဆောင်နေပြီးတော့ စာချုပ်ကို ဖျက်သိမ်းဖို့ စီစဥ်နေကြတယ် “
ထိုအချိန်၌ လူတိုင်းတိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူသားမျိုးနွယ်စု၏ ကျင့်ကြံရေး အရင်းအမြစ်များသည် အခြေခံအားဖြင့် သားရဲမျိုးနွယ်စုများနှင့် ဆက်စပ်သက်ဆိုင်နေခဲ့သည်။
အကယ်၍ သားရဲမျိုးနွယ်စုကသာ မည်သည့်အရာကိုမှ ထောက်ပံ့မပေးတော့ဘူးဆိုပါက လူသားမျိုးနွယ်စု၏ အဓိကကျင့်ကြံရေး လမ်းကြောင်းများ ပြတ်တောက်သွားမည်ဖြစ်သည်။
ယခုလက်ရှိ အချိန်တွင် လူသားတို့က သားရဲများကို သတ်နေနိုင်ခြင်းမှာ ယခင်ကချုပ်ဆိုထားခဲ့သော စာချုပ်ကြောင့်ဖြစ်သည်။ နတ်သားရဲများကိုသာမထိသရွေ့၊ သားရဲမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက လူသားတို့၏ လုပ်ရပ်များကို မသိကျိုးကြွံပြုထားမည်ဖြစ်သည်။
သို့သော် ယခု၌ သားရဲမျိုးနွယ်စုဘက်မှ စာချုပ်ကို ဖျက်စီးချင်လာခဲ့ပြီးဖြစ်သောကြောင့် လူသားတို့သည် သားရဲများကို ယခင်ကလိုမျိုး အမဲလိုက်နိုင်တော့မည် မဟုတ်ပေ။
သားရဲမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက ကြားဝင်စွက်ဖက်လာနိုင်ပြီး၊ လူသားတို့ကို စစ်ပင်ကြေညာလာနိုင်သည်။
အကြီးအကဲကျိုးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ အရင်းအမြစ်တွေက နည်းနေပြီဖြစ်တဲ့အတွက်၊ အရင်တုန်းကလိုမျိုး နှစ်ဖက်စလုံးကို ထောက်ပံ့ပေးဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး “
“ အခုဆိုရင် ပြဿနာပေါင်းစံ စုပြုံလာနေပြီ၊ အဲ့တာကြောင့် လူသားတွေဆီမှာ အတွင်းပိုင်းပြိုင်ဆိုင်မှုကို ထပ်မလုပ်သင့်တော့ဘူး ”
“ ဆိုတော့ ဘယ်လမ်းကြောင်းကို ဆက်ပြီးတော့ ထိန်းသိမ်းထားရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခု ချကိုချရမယ် “
ဤတစ်ကြိမ်၌ အားလုံးသည် အကြီးအကဲကျိုး၏ ဆိုလိုရင်းကို နားလည်သွားကြသည်။
နတ်သိုင်းဌာနဖြစ်စေ၊ အစစ်အမှန် သိုင်းပညာဌာနဖြစ်စေ၊ နှစ်ဖက်စလုံးသည် သားရဲမျိုးနွယ်စုမှ ထောက်ပံ့ပေးသည့် ကျင့်ကြံရေး အရင်းအမြစ်များကို လိုအပ်ကြသည်။
အကယ်၍ သားရဲမျိုးနွယ်စုကသာ ထောက်ပံ့ပေးမည့် အရင်းအမြစ်များကို လျှော့ချလိုက်မည်ဆိုပါက လမ်းကြောင်းနှစ်ခုစလုံးသည် ရှေ့ဆက်လျှောက်ရန် ခက်ခဲသွားကြမည် ဖြစ်သည်။
အရင်းအမြစ် အားလုံးကို လမ်းကြောင်းတစ်ခုတည်းအပေါ်တွင်သာ ပုံအော၍ လူသားမျိုးနွယ်စုတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုမှသာလျှင် တစ်စုံတစ်ရာ အောင်မြင်သွားမည် ဖြစ်သည်။
လျူချင်းယွမ်မှ မျက်မှောင်ကြုတ်၍ စကားပြောလာခဲ့သည် “ ဆိုတော့ ကျွန်တော်တို့က လမ်းတစ်လမ်းကိုပဲ ရွေးကို ရွေးရမယ်ပေါ့? “
အကြီးအကဲကျိုးမှ ခေါင်းငြိမ့်၍ ပြောပြလိုက်သည် “ ဟုတ်တယ်၊ ငါတို့က လမ်းကြောင်းတစ်ခုကိုပဲ ရွေးချယ်ရမယ် “
“ အစကတော့ ငါက နတ်သိုင်းဌာနကို ရွေးဖို့ စဥ်းစားထားခဲ့တာ၊ ဒါပင်မဲ့ သားရဲအူတိုင်တွေရဲ့ ကိစ္စကို ဘေးချိတ်ထားလိုက်မယ်ဆိုရင်တောင်မှ နတ်သိုင်းဌာနရဲ့ အဆင့်မြင့် ပညာရှင်တွေက တော်တော်လေးကို အားနည်းတယ်၊ တတိယအဆင့်အောက်မှာ ပြိုင်ဘက်ကင်းတဲ့ လမ်းကြောင်းကို တီထွင်နိုင်ခဲ့တယ်ဆိုရင်တောင်မှ၊ တတိယအဆင့် အထက်ကရော? “
“ မင်းတို့က နှစ်တော်တော်ကြာလေ့လာခဲ့ကြပြီးပြီ၊ တတိယအဆင့်အထက် ပြိုင်ဘက်ကင်းလမ်းကြောင်းက ဘယ်မှာလဲ? ပြီးတော့ သတ္တမအဆင့်အထက် ပြိုင်ဘက်ကင်း လမ်းကြောင်းကရော? “
“ အစစ်အမှန် သိုင်းပညာဌာနအတွက်ကတော့၊ သူတို့ရဲ့ အကြီးမားဆုံး ပြဿနာက သတ္တအဆင့်ကို တစ်ယောက်မှ ရောက်မလာကြတာပဲ “
“ မင်းရဲ့ အရင်ဌာနမှူး ချန်က အဌမအဆင့်ကို ရောက်ခဲ့ပင်မဲ့လည်း၊ သူ့ရဲ့ လမ်းကြောင်းကို တုပလို့မရဘူး၊ မင်းတို့ထဲက ဘယ်သူကမှ အဲ့အဆင့်ကို မရောက်ခဲ့ကြဘူး “
“ ဆို့တော့ ငါတို့က ဘယ်လို ရွေးချယ်ကြမှာလဲ? ငါလည်း တော်တော်လေး ဇဝေဇဝါဖြစ်နေပြီ “
“ ရဲဘော်တို့၊ စစ်သည်တော်တို့ ဆုံးဖြတ်ချက် မြန်မြန်ချကြပါ၊ လူသားမျိုးနွယ်စုမှာ အချိန်သိပ်မကျန်တော့ဘူး “
အကြီးအကဲကျိုး၏ စကားလုံးများသည် လူတိုင်း၏ နှလုံးသားကို ထိုးနှက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အစည်းအဝေးခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ယခင်က စွာကျယ် စွာကျယ်လုပ်နေခဲ့သည့် ရွှေအိုရောင်ဆံပင်နှင့် အဘိုးအိုကပင် မည်သည့်စကားမှ မပြောလာတော့ပေ။
အကြီးအကဲကျိုး ပြောခဲ့သည့်အတိုင်းပင် နတ်သိုင်းဌာန၏ အဆင့်မြင့် ပညာရှင်များသည် တော်တော်လေးအားနည်းလျက်ရှိသည်။
သူတို့သည် ဆယ်ယောက်တစ်ယောက်အထိပင် တိုက်ခိုက်ခဲ့သော်လည်း ရန်သူ့ကို မဖိနှိပ်နိုင်ခဲ့ပေ။
နှစ်များများစွာကြာခဲ့ပြီးသည့်နောက်၌ ရန်သူတို့သည် အစွမ်းထက် တိုက်ခိုက်ရေး သမားများကို ပိုပို၍ စုဆောင်းလာနိုင်ခဲ့သည်။
ယခုလက်ရှိ အချိန်တွင် ခံစားနေရသည့် ငြိမ်းချမ်းရေးမှာလည်း ရန်သူ့ဘက်မှ အကြီးစား ထိုးစစ်များကို မဆင်နွှဲလာသေးသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့ကသာ ထိုကဲ့သို့ ပြုလုပ်လာခဲ့မည်ဆိုပါက၊ ၎င်းမှာ သူတို့က လူသားမျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်နိုင်သည့် အပြီးသတ်တိုက်ပွဲအတွက် အသင့်ဖြစ်နေပြီဟု ကြေညာလာခြင်းပင် ဖြစ်နေလိမ့်မည် ဖြစ်သည်။
လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ထိုအချိန်တွင် အကြီးအကဲကျိုးမှ စကားပြောလာခဲ့သည် “ ဘယ်သူကမှ စကားမပြောတာကြောင့် ငါ့ရဲ့အတွေးကို ပြောပြမယ် “
“ ဒီကိစ္စရဲ့ အဓိက အချက်ကတော့ အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနနှစ်ခုထဲမှာ ဘယ်တစ်ခုက ပိုပြီးတော့ အစွမ်းထက်လဲဆိုတာပဲ “
“ အဲ့တာအတွက်တော့ အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနနှစ်ခုလုံး ပြိုင်ရမယ်၊ တတိယအဆင့်အတွင်းမှာ ရှိတဲ့ ကျောင်းသူကျောင်းသားတိုင်းကို စမ်းသပ်ပြီးတော့ ဘယ်ဘက်က ပိုစွမ်းလဲဆိုတာကို ကြည့်မယ် “
“ ဒါနဲ့ နတ်သိုင်းဌာနရဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်းကလည်း ရှင်သန်နိုင်ခြေ ရှိမရှိဆိုတာကို ကြည့်ကြတာပေါ့ “
“ တကယ်လို့ အဲ့လိုဖြ်နေမယ်ဆိုရင်တော့ အစစ်အမှန် သိုင်းပညာဌာနကို စွန့်ပစ်လိုက်ပြီး၊ နတ်သိုင်းဌာနကိုပဲ ပုံအောရင်းနှီးတော့မယ် “
“ တကယ်လို့ အဲ့လိုမဖြစ်ခဲ့ဘူးဆိုရင်တော့ အစစ်အမှန် သိုင်းပညာဌာနက တတိယအဆင့်အောက်မှာရှိတဲ့ လူတိုင်းကို ထောက်ပံ့ပေးမယ်၊ တကယ်လို့ အဲ့တာက လူသားမျိုးနွယ်စုအတွက် လမ်းကြောင်းတစ်ခုနဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ အမြင့်ပိုင်းအဆင့်တွေကို သွားနိုင်မဲ့ လမ်းကြောင်းကို အမှန်တကယ်ရှာတွေ့မယ်ဆိုရင် အဲ့ဒီပါရမီရှင်တွေကို ဖျက်စီးရမယ်ဆိုရင်တောင် အဲ့တာကို လုပ်မယ် “