← Chapters

မင်းနဲ့ တိုက်ခိုက်ဖို့အတွက် ငါတို့ဒီမှာ စောင့်နေတယ် ၃

Vol. 14 Ch. 210

မင်းနဲ့ တိုက်ခိုက်ဖို့အတွက် ငါတို့ဒီမှာ စောင့်နေတယ် ၃

Vol. 14 Ch. 210

လျူယောင်တုန်မှ ရုတ်တရက် မေးမြန်းလာခဲ့သည် “ မင်းက ရှုကျိုးနဲ့ တိုက်ချင်နေတုန်းပဲလား? “

ကျန်းချွမ်သည် တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီး၊ ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ သူက အဲ့လူတွေကို စိန်ခေါ်ပြီးတဲ့အထိ စောင့်ကြတာပေါ့။ တကယ်လို့ သူ့ကိုအခု စိန်ခေါ်လိုက်မယ်ဆိုရင်၊ ငါက သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားအောင် ထပ်လုပ်မိသွားနိုင်တယ် “

လျူယောင်တုန်မှ တီးတိုးပြောဆိုနေတော့သည် “ ကောင်းပြီလေ၊ နောက်ဆုံးတစ်ခေါက်တုန်းကတော့ ရှုကျိုးက အဲ့လောက်ကြီးလည်း ဒဏ်ရာမရသွားပါဘူး၊ ဒါပင်မဲ့ မင်းကတော့ ………. “

“ ပါးစပ်ပိတ်ထားစမ်း “

ကျန်းချွမ်မှ ဒေါသတကြီး ပြန်လည်ချေပပြောဆိုလာခဲ့သည် “ နောက်ဆုံးတစ်ခေါက်က နောက်ဆုံးတစ်ခေါက်ပဲ၊ အတိတ်က အတိတ်ပဲ၊ အခုက အခုပဲ “

လျူယောင်တုန်သည် မည်သည့်စကားမှ ထပ်မပြောတော့ပေ၊ သူသည် သူ့ဝမ်းကွဲ၏ ခေါင်းမာမှုနှင့် ပတ်သက်၍ နေသားကျနေခဲ့ပြီဖြစ်သည်။

သို့ရာတွင် သူသည်လည်း အလွန်သိချင်နေခဲ့သည်၊ ရှုကျိုးက လင်းရွှယ်၊ ဝမ်လေ့တို့ အုပ်စုနဲ့ ဘယ်လိုရင်ဆိုင်မှာလဲ?

သူက ဘယ်နှကွက်လောက် တောင့်ခံနိုင်မှာလဲ?

…

နတ်သိုင်းဌာန

စံအိမ်တစ်ခုအတွင်း၌

လင်းရွှယ်သည် ခေါင်မိုးပေါ်တွင် ထိုင်နေလျက်ရှိသည်၊ သူမ၏ ခြေတံရှည်ရှည်လေးများသည် တံစက်မြိတ်ပေါ်တွင် ကွေးနေခဲ့ပြီး၊ ပိုးသားကဲ့သို့ ဖြူဖွေးနူးညံ့သည့် သူမ၏ခြေထောက်တစ်ဖက်သည် လေထုထဲတွင် တွဲလွဲကျနေခဲ့သည်။

သူမ၏အမူအရာသည် အေးစက်စက်ဖြစ်နေခဲ့ပြီး၊ အဝေးကို စူးစူးစိုက်စိုက်ကြည့်ရှုနေခဲ့ပြီး၊ သူမ၏မျက်လုံးလေးများသည် ရေခဲရေကဲ့သို့ အေးစက်၊ ကြည်လင်နေခဲ့သည်။

“ သူက စိန်ခေါ်မှုကို လက်မခံသေးဘူးလား? “

“ သူကြောက်နေတာလား၊ ဒါမှမဟုတ် တစ်ခြားအကြောင်းအရင်းတစ်ခုခု ရှိနေတာလား? “

လင်းရွှယ်၏ အမူအရာသည် အေးဆေးတည်ငြိမ်လျက်သာရှိနေခဲ့သည် “ မလာတာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ ဒါပင်မဲ့ တကယ်လို့ သူက သူ့ကတိကိုတောင် မထိန်းသိမ်းနိုင်ဘူးဆိုရင်၊ အဲ့လိုလူမျိုးက ငါ့ပြိုင်ဘက်ဖြစ်ဖို့အတွက် မထိုက်တန်ဘူး “

“ သူက အဲ့လိုမဖြစ်ပါစေနဲ့လို့ ငါမျှော်လင့်ပါတယ် “

…

နောက်ထပ်စံအိမ်တစ်ခုအတွင်း၌

ဝမ်လေ့သည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဒုတိယအထပ်တွင် လက်နောက်ပစ်၍ အဝေးသို့ ကြည့်နေခဲ့သည်။

သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ရေရွတ်ပြောဆိုနေခဲ့သည် “ စိန်ခေါ်မှုကို လက်မခံသေးဘူးလား၊ ရှုကျိုးက ဘာတွေလုပ်နေတာလဲ? “

“ ကိစ္စမရှိပါဘူးလေ၊ နေ့တစ်ဝက်တောင် ကျိုးနေပြီ၊ တကယ်လို့ သူက မလာဘူးဆိုရင်၊ ဒီတိုက်ပွဲရဲ့ အဓိပ္ပါယ်က ပျောက်ဆုံးသွားလိမ့်မယ် “

…

အချိန်များကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မှောင်ရိပ်သမ်းလာခဲ့သည်။

လူတော်တော်များများ၏ စိတ်အားထက်သန်မှုများ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

နတ်သိုင်းဌာနအတွင်းရှိ ကျောင်းသူကျောင်းသား အချို့သည် မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုလာကြပြီဖြစ်သည်။

ဒီနေ့မှာ ကတိပြုထားတဲ့ တိုက်ပွဲက ဘယ်မှာလဲ၊ လူက ဘယ်မှာလဲ?

သူက ဘာလို့မပေါ်လာရသေးတာလဲ၊ တကယ်ကြီးကို မလာရဲလို့များလား?

ထိုအချိန်၌ အစစ်အမှန် သိုင်းပညာဌာနအတွင်းမှာပင် လူတစ်ချို့သည် အနည်းငယ် စိုးရိမ်ပူပန်နေကြပြီဖြစ်သည်။

ရှုကျိုးသည် နတ်သိုင်းဌာနကို စစ်ကြေညာထားခဲ့ပြီး၊ အဆိုပါသတင်းမှာ တစ်ကျောင်းလုံးတွင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်၊ သို့သော် အချိန်ကျလာသောအခါတွင် ရှုကျိုးသည် မည်သို့မျှ ပေါ်မလာခဲ့ပေ၊ ၎င်းမှာ အစစ်အမှန် သိုင်းပညာဌာနမှ လူတစ်ချို့ကို ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားရစေခဲ့သည်။

လေ့ကျင့်ရေးအခန်းအတွင်း၌

ရှားဟောက်ချန်း၊ ကျန်းလန်နှင့် ရှားရှီယောက်တို့သည် အတူတကွ ထိုင်နေလျက်ရှိသည်။

“ အဲ့ကောင်က တော်တော်ကြီးကို မဆင်မခြင်လုပ်လွန်းတာပဲ “

ရှားဟောက်ချန်းမှ သက်ပြင်းချ၍ ပြောလာခဲ့သည် “ သူက သွေးကြောမှတ် ၁၅၀ကျော်တဲ့ ပါရမီရှင်တွေကို ဘာလို့ စစ်ကြေညာလိုက်ရတာလဲ? “

ကျန်းလန်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ၊ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည် “ ရှုကျိုး အစစ်အမှန် သိုင်းပညာဌာနအတွက် အောင်မြင်မှုကြီးတစ်ခု ယူပေးချင်နေတာ ဖြစ်နိုင်တယ် “

“ အစစ်အမှန် သိုင်းပညာဌာနအတွက် အောင်မြင်မှုကြီးတစ်ခုလား? “

ရှားဟောက်ချန်းမှ သူ၏ဦးခေါင်းကို ခါရမ်း၍ ပြောလာခဲ့သည် “ ငါတို့က ကျောင်းကိုရောက်လာခါစပဲ ရှိသေးတာလေ၊ ငါတို့က အဲ့လိုတာဝန်မျိုးကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ? “

ရှားရှီယောက်မှ လေသံတိုးတိုးလေးဖြင့် ဝင်ပြောလာခဲ့သည် “ အစ်ကို နင်မလုပ်နိုင်တာကြောင့်နဲ့၊ ရှုကျိုးက မလုပ်နိုင်ဘူးလို့ မဆို ………. “

ရှားဟောက်ချန်းမှ စိုက်ကြည့်လိုက်သည် “ ငါမလုပ်နိုင်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ? ငါက သွေးကြောမှတ် အခု၄၀ကျော်ဖွင့်ထားခဲ့ပြီးပြီလေ၊ နတ်သိုင်းဌာနက လူသစ်တွေကြားထဲမှာ ငါ့ထပ်ပိုဖွင့်နိုင်တဲ့လူ ရှိလို့လား? “

“ ဒါပင်မဲ့ ကျွန်မကြားတာကတော့ ရှုကျိုးက အခု၇၀ကျော် ဖွင့်ထားတယ်တဲ့ “ ရှားရှီယောက်သည် စကားပြောရင်းဖြင့် ခေါင်းလေးငုံ့သွားခဲ့သည်။

“ … “

ရှားဟောက်ချန်းသည် သူမကို စိတ်အားငယ်စွာဖြင့် ကြည့်နေတော့သည်၊ နင်က ငါ့ရဲ့ ညီမလေးလေ။

စိတ်ထိခိုက်ဖို့ကောင်းမဲ့ဟာတွေ မပြောလို့မရဘူးလား?

အနီးရှိ ကျန်းလန်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ရုတ်တရက် စကားထပ်ပြောလာခဲ့သည် “ နင်တို့ ဘယ်လိုထင်ကြလဲ၊ ရှုကျိုးက ဘာလို့ မပေါ်လာရသေးတာလဲ? “

ရှားဟောက်ချန်းမှ ခန့်မှန်းပြောဆိုလာခဲ့သည် “ သူမနိုင်နိုင်ဘူးဆိုတာကို နားလည်သွားလို့ မေ့ချင်ယောင်ဆောင်နေတာများလား? “

ကျန်းလန်မှ သူမ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ရှုကျိုးက အဲ့လိုမျိုးလုပ်မှာ မဟုတ်ဘူး။ စိန်ခေါ်လိုက်တယ်ဆိုကတည်းက သူ့ဆီမှာ ယုံကြည်ချက်ရှိနေမှာပဲ “

ထိုအချိန်တွင် ရှားရှီယောက်မှ ပျော်ရွှင်မှုများဖြင့် ရုတ်တရက် အော်ပြောလာခဲ့သည် “ ကြည့်၊ ရှုကျိုးပေါ်လာပြီ “

လူတိုင်း အံ့ဩသွားကာ သူတို့၏ ဖုန်းများကို အမြန်ကြည့်လိုက်သည်။

ရှုကျိုးသည် နတ်သိုင်းဌာနဘက်သို့ ဦးတည်သွားပြီဖြစ်သည် !!

ဝှစ် !!

ကျန်းလန်သည် ရုတ်တရက် ထရပ်လိုက်သည်။

“ နင်ကဘာလုပ်တာလဲ? “ ရှားဟောက်ချန်းမှ အော်ပြောလိုက်သည်။

“ နတ်သိုင်းဌာနကို သွားမလို့ “ ကျန်းလန်မှ ပြန်ဖြေလာခဲ့သည် “ ရှုကျိုးကို သွားအားပေးမယ် “

“ အားပေးတာလား? “ ရှားဟောက်ချန်းသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ ရုတ်တရက်ဆိုသလိုပင် ရှားရှီယောက်မှာလည်း ရုတ်တရက် ထရပ်ကာ သူမနောက်သို့ ပြေးလိုက်သွားတော့သည်။

“ ဟေး၊ ငါ့ကို စောင့်ကြဦး “ ရှားဟောက်ချန်းမှာလည်း ချိတုံချတုံဖြင့် မတ်တပ်ထရပ်ကာ သူမတို့အနောက်သို့ ပြေးလိုက်သွားတော့သည်။

…

နတ်သိုင်းဌာန၏ ဂိတ်တံခါးဝ၌

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် တစ်လှမ်းချင်း လမ်းလျှောက်လာခဲ့သည်။

ဂိတ်ပေါက်ဝရှိ နတ်သိုင်းဌာနမှ တစ်ချို့သော ကျောင်းသူကျောင်းသားများသည် သူ့ကို မှတ်မိသွားကာ အံ့ဩတုန်လှုပ်သွားကြသည်။

စကားများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး၊ တစ်ဦးမှ ဆယ်ဦး၊ ၁၀ယောက်မှ အယောက် ၁၀၀၊ တစ်ထောင်မှ တစ်သောင်း တဖြည်းဖြည်း တိုးပွားသွားခဲ့သည်။

အချိန်တိုအတွင်းမှာပင် နတ်သိုင်းဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရတော့သည်။

ဌာနအတွင်းပိုင်းမှ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းတို့မှာ အလည်ရောက်လာသူအား မင်းနဲ့ တိုက်ခိုက်ဖို့ ငါတို့ဒီမှာ စောင့်နေတယ်ဟု ကြေညာနေသကဲ့သို့ပင်။

လူငယ်လေးသည် သူ၏ခေါင်းကို အသာအယာ မော့လိုက်ပြီး၊ အစွမ်းထက်ရောင်ဝါများကို ခံစားကြည့်နေတော့သည်၊ သို့သော် သူ၏အမူအရာကမူ ယခင်ကကဲ့သို့ပင် အေးဆေးတည်ငြိမ်လျက်သာ ရှိနေခဲ့သည်။

သူရပ်တန့်မသွားခဲ့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ အရှေ့သို့ဆက်၍ လျှောက်လှမ်းနေခဲ့သည်။

အနောက်ဘက်သို့ တိုးဝင်နိမ့်ဆင်းသွားခဲ့သော နေမင်းကြီးမှာလည်း သွေးနီရောင်ကဲ့သို့ ဖြစ်ပေါ်နေလျက်ရှိပြီး၊ ကောင်းကင်ပေါ်တွင် လောင်ကျွမ်းနေသည့် မီးတောက်များကဲ့သို့ဖြစ်နေသော ၎င်း၏ တောက်ပမှုများကို အားကုန်သုံး၍ ထုတ်လွှတ်နေသေးသည်။

အဖြူဝတ်လူငယ်လေးသည် ဓားကဲ့သို့သော ရှည်လျားသည့် အရိပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး၊ ၎င်းဖြင့် နတ်သိုင်းဌာန၏ အတွင်းပိုင်းသို့ တည့်တည့်ချိန်ရွယ်ထားလိုက်သည်။

ဤနေ့ရက်သည် သမိုင်းတွင် မှတ်တမ်းအတင်ခံရအတွက် ကံပါလာခဲ့ပြီးသား ဖြစ်သည်။

All Chapters