မင်းနဲ့ တိုက်ခိုက်ဖို့အတွက် ငါတို့ဒီမှာ စောင့်နေတယ် ၂
Vol. 14 Ch. 209
ဒေါက် ဒေါက် ဒေါက် !!!
ကျန်းချွမ်တံခါးခေါက်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း ၎င်းသည် လုံးဝမပွင့်လာသေးပေ။
“ ဘာတွေ ဖြစ်နေတာလဲဟ? “ ကျန်းချွမ် မျက်မှောင်ကြုတ်သွားတော့သည် “ အိမ်မှာ မရှိဘူးလား? “
ကျွီ !!
တံခါးပွင့်လာခဲ့သည်။
ရှုကျိုးသည် သူ့အရှေ့ရှိ လူနှစ်ဦးကို ကြည့်ကာ အံ့ဩသွားခဲ့သည် “ မင်းတို့က ဒီမှာ ဘာလုပ်နေတာလဲ? “
သူ့ကို မြင်လိုက်ရသောအခါတွင် ကျန်းချွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ မင်းပြောတော့ နတ်သိုင်းဌာနကို ဒီနေ့မှာ စိန်ခေါ်မှာဆို၊ ဘာလို့ ထွက်မလာရသေးတာလဲ? မင်းက ဘာတွေ လုပ်နေတာလဲ? “
“ လောဖို့ မလိုပါဘူး “
ရှုကျိုးမှ အသာအယာ ပြုံးပြလာခဲ့သည် “ ငါ့ရဲ့ တိုက်ခိုက်ရေး နည်းစနစ်က အရေးအကြီးဆုံး အခိုက်အတန့်ကို ရောက်နေပြီလို့ ခံစားနေလို့ပါ၊ ဒီအဆင့်ကို ထိုးဖောက်ပြီးမှ စိန်ခေါ်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး “
ကျန်းချွမ် သဘောပေါက်သွားတော့သည်။
“ ကြည့်ရတာတော့ သူက ဒီဆယ်ရက်အတွင်းမှာ တိုက်ခိုက်ရေးနည်းစနစ်တွေကို လေ့ကျင့်နေတဲ့ပုံပဲ “
ကျန်းချွမ်မှ တစ်ကိုယ်တည်း တွေးတောပြောဆိုနေတော့သည် “ ဟုတ်သားပဲ၊ သူက သွေးကြောမှတ် ၇၀ကျော်ပဲ ဖွင့်ထားရသေးတာလေ။ သူက အဲ့တာတွေကို ဘယ်လောက်ပဲ တိုးတက်အောင် လုပ်နေပါစေ၊ အဲ့လူတွေကို အမှီလိုက်နိုင်မှာ မဟုတ်ဘူးလေ။ တိုက်ခိုက်ရေး နည်းစနစ်တွေကို အဆင့်တက်အောင် လုပ်တာက ပိုကောင်းတဲ့နည်းလမ်းပဲ “
အဆုံးတွင် ကျန်းချွမ်သည် အပြည့်အဝ နားလည်သွားတော့သည်။
လာမဲ့ တိုက်ပွဲတွေကို ကိုင်တွယ်နိုင်ဖို့အတွက် သူက တိုက်ခိုက်ရေးနည်းစနစ်တွေ အဆင့်တက်သွားအောင် အတော်လေး ဂရုစိုက်နေတာကြောင့်ကိုး။
အဖြေကိုသိခဲ့ရပြီးသည့်နောက်တွင် ကျန်းချွမ်သည် ရှုကျိုးကို ချက်ချင်းကြည့်လိုက်သည် “ ဒါဆိုရင်လည်း ငါမင်းကို မနှောင့်ယှက်တော့ဘူး၊ အဆင့်တက်အောင် မြန်မြန်လုပ် “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် ကျန်းချွမ်သည် လျူယောင်တုန်နှင့်အတူ ထွက်သွားတော့သည်။
ရှုကျိုးသည် ထိုနှစ်ယောက်ကိုကြည့်ကာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
သူတို့က ဒီကိစ္စလေး ပြောဖို့အတွက် ရောက်လာကြတာလားဟ?
“ ပျင်းနေလို့လည်း ဖြစ်နိုင်ပါတယ်လေ “ ရှုကျိုးသည် ခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။
တံခါးကို ပိတ်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် ထန်ဓားကို ကိုင်ကာ ထပ်မံ၍ လွှဲရမ်းနေတော့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် သူတို့ကို အချိန်မရွေး စိန်ခေါ်နေနိုင်ပြီဖြစ်သည်၊ သို့သော် သူ့အတွက် ၎င်းမှာ လွယ်ကူသော အရာများ ဖြစ်သွားခဲ့ပြီဖြစ်သောကြောင့် သူသည် ထိုကိစ္စနှင့်ပတ်သက်၍ များစွာစိတ်မဝင်စားတော့ပေ။
ယနေ့နံနက် နိုးလာခဲ့သည့် အချိန်တွင် သူသည် သူ၏ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းက အဆင့်တက်တော့မည်ဟု ခံစားမိနေခဲ့သည်။
ထို့ကြောင့်သာလျှင် သူသည် သူ၏စိတ်ကို ရှင်းကာ ဆေဘာသိုင်းကို စတင်၍ လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။
အကယ်၍ ထိုအတွက်သာမဟုတ်ဘူးဆိုပါက သူသည် နတ်သိုင်းဌာနကို သွားရောက်စိန်ခေါ်နေသည်မှာ ကြာနေခဲ့ပြီဖြစ်သည်။
“ ဒါပင်မဲ့ ငါက နတ်သိုင်းဌာကို သွားပြီးတော့ စိန်မခေါ်ခင် အချိန်မှာ ဌာနမှူကို သတင်းပို့ထားသင့်တယ် “ ရှုကျိုးမှ တွေးတောချင့်ချိန်နေတော့သည်။
သိုင်းပညာ တက္ကသိုလ်များတွင် အဆင့်မြင့်သူများက အဆင့်နိမ့်သူများကို တိုက်ခိုက်ခွင့်မရှိဘူးဆိုသည့် စည်းမျဥ်းစည်းကမ်းရှိနေခဲ့သော်လည်း၊ နတ်သိုင်းဌာနဘက်၌ သေခြင်းရှင်ခြင်းတိုက်ပွဲကိုပင် ဝင်ရောက်စွက်ဖက်ခဲ့သည့် လျူတျန်မုကဲ့သို့သော လူရှိနေသောကြောင့် နတ်သိုင်းဌာနဘက်မှ လူများက မည်သည့်အရာများ ပြုလုပ်လာကြမလဲဆိုသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူသည် ထိုလူများ၏ အသိုက်ထဲသို့ သွားမည်ဖြစ်သောကြောင့် ပို၍ သတိထားရမည်ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ဌာနမှူးရှန့်ဝမ်ချန်းဆီသို့ စာပို့လိုက်သည်။
လျူချင်းယွမ် ခရီးထွက်သွားသည့်နောက်တွင် သူသည် ရှန့်ဝမ်ချန်းကို ဆက်သွယ်နိုင်မည့် အချက်အလက်များကို ရှုကျိုးထံသို့ ပေးထားခဲ့သည်။
တီ ….
ရှန့်ဝမ်ချန်းဆီမှ ပြန်စာကို မြင်လိုက်ရပြီးသည့်နောက်မှပင် ရှုကျိုးသည် စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။
ထို့နောက်၌ သူသည် ထိုကိစ္စကို ဆက်တွေးမနေတော့ဘဲ ထန်ဓားကို ကိုင်ကာ လေ့ကျင့်မှုကိုသာ ဆက်လုပ်နေတော့သည်။
ဝှစ် !!
ဝှစ် !!
ရှုကျိုးသည် ဆေဘာကိုကိုင်ကာ မြန်ဆန်စွာ လွှဲရမ်းနေခဲ့ပြီး၊ ခုတ်ချက်(သို့) လွှဲချက်တစ်ခုချင်းစီတိုင်းတွင် အဖြူရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။
“ တောင်ဖြိုခွဲ ဆေဘာသိုင်းရဲ့ အခြေခံအုတ်မြစ်ကို အခြေခံလိုက်မယ်ဆိုရင် “ ရှုကျိုးမှ တွေးတောနေလျက်ရှိသည် “ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းရဲ့ ပထမအဆင့်ကို လေ့ကျင့်တဲ့ ငါ့ရဲ့ အမြန်နှုန်းက တော်တော်လေးကို မြန်တယ်၊ ဒါပင်မဲ့ တတိယအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာတော့ တိုးတက်မှုဖြစ်စဥ်က တော်တော်လေးကို နှေးကျသွားတယ် “
၎င်းမှာ သူ၏ အခြေခံအုတ်မြစ်က လျော့တိလျော့ရဲ ဖြစ်နေသောကြောင့်မဟုတ်ပေ။
ရှားမိသားစု၏ ထိပ်တန်းတိုက်ခိုက်ရေး နည်းစနစ်ဖြစ်သည့် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းမှာ တိုက်ခိုက်ရေး နည်းစနစ်သပ်သပ် မဟုတ်ဘဲ သေချာသဘောပေါက် နားလည်ရန် လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာ နည်းစနစ်တစ်ခုပါ ဖြစ်နေသောကြောင့် ဖြစ်သည်။
ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို မခွဲခြမ်းနိုင်ပေ။ ထို့အစား ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဆက်သွယ်ပေးသည့် တံတားတစ်စင်း တည်ဆောက်ပေးလေသည်။
လွှဲရမ်းချက်တစ်ချက်သည် လောကရှိ အရာအားလုံးနှင့် ပဲ့တင်ထပ်နေခဲ့ကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်ကို ဖွင့်လှစ်ခြင်း၏ ပုံရိပ်ယောင်များ ဖန်ဆင်းပေးသည်။
စိတ်ပိုင်းဆိုင်ရာ နည်းစနစ်ဘက်တွင် တိုးတက်မှုမရှိဘူးဆိုပါက လူတစ်ဦးသည် ကောင်းကင်နှင့် ကမ္ဘာမြေတို့ကို ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်သာလျှင် ရှုကျိုးသည် တတိယအဆင့်တွင်သာ ပိတ်မိနေခဲ့ပြီး အဆင့်မတက်နိုင် ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။
“ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းရဲ့ တကယ့်အနှစ်သာရက စိတ်ဝတ္ထုအခြေအနေကနေ ရုပ်ဝတ္ထုအခြေအနေအဖြစ် ပြောင်းလဲသွားတာပဲ “
ရှုကျိုး၏ စိတ်အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည် “ စိတ်အခြေအနေ မြင့်တက်လာမှာ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းလည်း တိုးတက်လာမှာ “
ခလမ်း !!
ခလမ်း !!
ရှုကျိုးမှ ဆေဘာကို လွှဲရမ်းလိုက်ရာ လေထုကို ထိုးဖောက်သွားသည့် အသံများ ဖြစ်ပေါ်လာခဲ့သည်။
ဤအခြေအနေတွင် ရှုကျိုးသည် လေတိုးသံများကို နားထောင်နေခဲ့ပြီး၊ ကမ္ဘာမြေပြင်၏ သွေးခုန်နှုန်းကို ခံစားမိနေခဲ့သည်၊ သူ၏အရှေ့တွင် မှော်ဆန်သော ပန်းချီကားတစ်ချပ်ကဲ့သို့သော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ နီးနေပြီ၊ တတိယအဆင့် အထွတ်အထိပ်ရဲ့ ငါ့အရှေ့မှာ ရှိနေပြီ “
…
တစ်ခြားတစ်ဖက်၌ ကျန်းချွမ်သည် ခေါင်းတခါခါဖြင့် လမ်းလျှောက်ရင်း သက်ပြင်းချနေခဲ့သည်။
“ တိုက်ခိုက်ရေး နည်းစနစ်ကို အဆင့်တက်အောင် လုပ်ဖို့ဆိုတာက လွယ်ကူတဲ့အရာ မဟုတ်ဘူး။ သူက ကောက်ရိုးမျှင်တွေကို ဆုပ်ကိုင်နေတာပဲ၊ တိုးတက်ဖို့ဆိုတာက တော်တော်ခက်တယ် “
လျူယောင်တုန်မှ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ရှုကျိုးက စိန်ခေါ်ပွဲမှာ အနိုင်ရသွားလိမ့်မယ်လို့ ထင်လား? “
“ ခက်ခဲလိမ့်မယ်လို့ ငါထင်တယ် “
ကျန်းချွမ်မှ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ပထမအဆင့်နယ်ပယ်မှာ ရှိတဲ့အဲ့လူတွေ အကုန်လုံးက သွေးကြောမှတ် ၁၅၅ခုထပ်ပိုဖွင့်ထားပြီး၊ အကုန်လုံးက ငါ့ထပ်ပိုသန်မာကြတယ်၊ အထူးသဖြင့် လင်းရွှယ်ပဲ၊ သူမက သွေးကြောမှတ် ၁၅၉ခုအထိ ဖွင့်ထားတယ်လို့ ပြောကြတယ်၊ သွေးကြောမှတ် ၁၆၀အကန့်အသတ်နဲ့ ခြေတစ်လှမ်းပဲ ကွာတော့တယ် “
“ သွေးကြောမှတ် ၁၅၉ခုလား? “ လျူယောင်တုန်သည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းမိသွားခဲ့သည်။
တော်တော်ကြီးကို စွမ်းတာပဲဟ !!
သွေးကြောမှတ် ၁၅၅ခုအထိ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သွေးကြောမှတ် တစ်ခုချင်းစီတိုင်း၏ ကွာခြားချက်သည် ချောက်ကမ်းပါးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီဖြစ်သည်။
သွေးကြောမှတ် ၁၅၉ခုဆိုသည်မှာ ပထမအဆင့် နယ်ပယ်၏ အထွတ်အထိပ်နှင့် နီးကပ်လုနီးပါးပင် ဖြစ်သည်။
“ လင်းရွှယ် …… “ လျူယောင်တုန်သည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပုံရပြီး၊ မျက်လုံး ပြူးကျယ်သွားခဲ့သည် “ သူမက ပေကျင်းလင်းမိသားစုရဲ့ မျိုးဆက်ခွဲက အဲ့ဒီပါရမီရှင်လား? “
လင်းရွှယ်သည် လင်းမိသားစုမှ ဆင်းသက်လာသည့် သမီးပျိုတစ်ဦးဖြစ်သည်။
လင်းမိသားစုသည် အရှေ့ပိုင်းပြည်နယ်ရှိ လျူမိသားစု၊ တျန်းကျိုး ကျန်းမိသားစုများကဲ့သို့ပင် စူပါမိသားစုကြီးတစ်ခုဖြစ်သည်။
သို့သော် သူမသည် တိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ မျိုးဆက်ခွဲ အဖွဲ့ဝင်တစ်ဦးသာဖြစ်သည်။
အမျိုးသားများကြီးစိုးသည့် ပေကျင်း၏ ယဥ်ကျေးမှုအရ လင်းမိသားစုထဲရှိ သက်တူရွယ်တူအားလုံးကို ဖိနှိပ်ကာ အမျိုးသမီးများ၏ အရည်အချင်းက အမျိုးသားများထပ် မနိမ့်ကျဆိုသည့် စကားပုံအတိုင်း သူမ၏ ဘဝကို ထုဆစ်ပုံဖော်ခဲ့သည်။
ထိုမျှသာလျှင် မဟုတ်ဘဲ သူမ၏ ပြင်ပတိုက်ပွဲအောင်မြင်မှုများမှာလည်း ထပ်တူထပ်မျှ အံ့ဖွယ်ကောင်းနေခဲ့သည်။
သူမသည် အဆင့်မရှိသေးသည့် အခြေအနေဖြင့် ပေကျင်းရှိ တားမြစ်နယ်မြေတစ်ခုထဲတွင် ပထမအဆင့် သိုင်းပညာရှင် ဆယ်ဦးကျော်ကို သတ်ဖြတ်ကာ နိုင်ငံတစ်ဝှမ်းလုံးတွင် နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့သည်။
ကျောင်းသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူမသည် တုန်လှုပ်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် ထင်ရှားလာခဲ့ကာ၊ အစစ်အမှန် သိုင်းပညာဌာနဘက်မှ တူညီသော မျိုးဆက်များကို လွှမ်းမိုးဖိနှိပ်ထားနိုင်ခဲ့သည်။
ယခုတွင် သူမသည် ဒုတိယနှစ် ကျောင်းသူတစ်ဦးဖြစ်နေခဲ့ပြီဖြစ်ပြီး၊ သူမသည် သွေးကြောမှတ် ၁၆၀ဆိုသည့် အကန့်အသတ်သို့ တက်လှမ်းသွားရန် ကြိုးစားနေခြင်း ဖြစ်နိုင်လေသည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူမက ဒုတိယအဆင့် သိုင်းပညာရှင်ဖြစ်သွားသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။
“ အဲ့ဒီလင်းရွှယ်က တော်ဝင် သိုင်းပညာတက္ကသိုလ်က အဲ့ပါရမီရှင်တွေနဲ့ ယှဥ်နိုင်လုနီးပါးပဲ “
လျူယောင်တုန်သည် ရေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ ရှုကျိုးက သူမနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ အနိုင်ရတာထပ် ရှုံးမဲ့ရာခိုင်နှုန်းက ပိုများနေမှာ “
ကျန်းချွမ်သည် သူ၏ဦးခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည် “ လင်းရွှယ်ကို မေ့ထားလိုက်၊ သွေးကြောမှတ် ၁၅၇ခု ဖွင့်ထားတဲ့ ဝမ်လေ့နဲ့ ချန်းခယ်အာတို့ကလည်း ကိုင်တွယ်ရလွယ်ကူတဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး “
“ သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတောင်မှ သူတို့ကို အသာစီးတိုက်နိုင်ဖို့အတွက် တော်တော်ခက်တယ် “