အခန်း (၇၀)
Vol. 7 Ch. 70
"ခန္ဓာကိုယ်ကို ဖြောင့်တန်းထား"
"ဟုတ်တယ်၊ အဲဒီအတိုင်းပဲ"
မြားပစ်ကွင်းတွင်၊
ချန်ဆန်းရှီသည် စွန်ပုချီကို သေချာ ဂရုတစိုက် လေ့ကျင့်ပေးနေသည်။
ဤသခင်လေးသည် ရက်ရောရုံသာမက ကြိုတင်ငွေပါ ပေးထားသည်။
ငွေသား တန်နှစ်ရာတန် စာရွက်ကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"ရွှီး—"
ဆွန်ပုချီသည် ပစ်မှတ်ကို ချိန်ရွယ်ကာ ပေတစ်ရာ အကွာအဝေးရှိ ပစ်မှတ်သို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
သူက စတုတ္ထမြောက် ကွင်းဝိုင်းနားတွင် မှတ်တမ်းရရှိခဲ့ပုံရသည်။
စိတ်ကျေနပ်မှု မရှိဘဲ နောက်ထပ်မြှားတစ်စင်း ထပ်ပစ်လိုက်ရာ ဒုတိယမြောက် ကွင်းဝိုင်းတွင် ထိမှန်သွားသည်...
"..."
ချန်ဆန်းရှီက သူတတ်နိုင်သမျှ အားလုံးကို သင်ပေးခဲ့သည်။
သို့သော်လည်း နှစ်နာရီကြာသော်လည်း သခင်လေးမှာ လုံးဝ တိုးတက်မှု မရှိသေးပေ။
သူ၏ ကိုယ်ဟန်အနေအထား မှန်သော်လည်း ပစ်မှတ်ကို တိကျစွာ မထိနိုင်ခဲ့ပေ။
"ဆရာ"
စွန်ပုချီသည် သူ့ကို ဤသို့ ခေါ်ဝေါ်ရန် အတင်းအကျပ် တောင်းဆိုထားသည်။ "ဘယ်လိုလုပ်ရတာလဲ"
မြားပစ်ခြင်းနှင့် သိုင်းပညာသည် နီးကပ်စွာ ဆက်စပ်မှု မရှိပေ။
သိုင်းပညာ အဆင့်သည် များသောအားဖြင့် လေးကြိုးကို မည်မျှလေးလံစွာ ဆွဲနိုင်သည်ကိုသာ ဆုံးဖြတ်နိုင်သည်။
သို့သော် လေးကြိုး ပိုလေးလေ၊ ထိန်းချုပ်ရန် ပိုခက်လေ ဖြစ်သည်။
ပေတစ်ရာ ဖောက်ထွင်းခြင်းသည် မည်မျှ လွယ်ကူနိုင်မည်နည်း။
သို့သော် သူ၏ရှေ့မှ ထူးခြားသောလူသည် ပေတစ်ရာ ဖောက်ထွင်းခြင်းထက် ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ အကြောက်စရာအကောင်းဆုံးမှာ သူ၏ တိကျမှုဖြစ်ပြီး တစ်ကြိမ်မျှ ပစ်မှတ်ကို မလွဲခဲ့ပေ။
"ဘယ်လိုလုပ်ရတာလဲ?"
ချန်ဆန်းရှီက ခဏတာ စဉ်းစားပြီး နိဂုံးချုပ်လိုက်သည်"အများစုကတော့ ကြိုးစားမှုကြောင့်ပါပဲ 'ကောင်းကင်က လုံ့လရှိသူကို ဆုချသည်' လို့ပဲ ထင်ပါတယ်"
"တကယ် 'ကောင်းကင်က လုံ့လရှိသူကို ဆုချသည်' ပါပဲ"
ဆွန်ပုချီက ၎င်း၏ အနှစ်သာရကို နားလည်သွားပြီး အနာဂတ်အတွက် ယုံကြည်မှု အပြည့်ရှိသည်။
သိုင်းပညာနှင့် နှိုင်းယှဉ်ပါက သူသည် မြားပစ်ခြင်းကို ပို၍ စွဲလမ်းသည်။
မြင့်မားသော သိုင်းပညာ အဆင့်တွင်ပင် အသက်ရှင်သန်ရန် အနီးကပ် တိုက်ခိုက်ရဦးမည်။
သို့သော် မြားပစ်ခြင်းဖြင့် ပေတစ်ရာ အကွာအဝေးမှ အသက်တစ်ချောင်းကို ယူဆောင်နိုင်သည်။
သူသည် လေးကြိုးလေးကို ဆွဲနိုင်ရန်အတွက်သာ သိုင်းပညာကို လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
ဆွန်ပုချီက စိတ်အားထက်သန်မှု အပြည့်ဖြင့် လေးကြိုးကို ဆက်တိုက်ဆွဲကာ မြှားများကို ပစ်နေသည်။
"မင်းရဲ့ ဂုဏ်သရေရှိတဲ့ နာမည်က ဘယ်လိုခေါ်လဲ"
ချန်ဆန်းရှီက မေးလိုက်သည်။
တစ်ဖက်လူက သင်ယူရန် စိတ်အားထက်သန်နေသဖြင့် အခုမှ မေးခွင့်ရခြင်း ဖြစ်သည်။
ဆွန်ပုချီသည် မြားပစ်လေ့ကျင့်ရေးကို အာရုံစိုက်နေပြီး ခေါင်းလှည့်မကြည့်ဘဲ"ဆွန်ပုချီ ပါ"
"ဆွန်လား"
ချန်ဆန်းရှီက ပိုယန်ခရိုင်တွင် ဆွန် မျိုးနွယ်စုမှ ချမ်းသာသော သခင်လေးတစ်ဦးကို မကြားဖူးပေ။
သူကအနီရောင်ဝတ်ထားသော အမျိုးသမီးကို မတွေးဘဲ မနေနိုင် "ဆွန်လီ ကိုသိလား"
"သိတာပေါ့"
ဆွန်ပုချီကပြန်ဖြေသည် "သူက ကျွန်တော့် အစ်မလေ"
ချန်ဆန်းရှီ မတုံ့ပြန်နိုင်မီ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဆွန်ပုချီ"
ဆွန်လီသည် သူမ၏ အနီရောင် ဝတ်စုံဖြင့် ပေါ်လာပြီး သူမ၏ အသံတွင် ဒေါသများ ပြည့်နေသည်။
"အစ်မ၊ ကျွန်တော် အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်နေတယ်"
ဆွန်ပုချီက အလျင်အမြန် ရှောင်လိုက်သည် "ဒါက၊ ဒါက ကျွန်တော့်ရဲ့ မြားပစ်ဆရာပါ၊ ပေတစ်ရာ့ငါးဆယ်ကနေ ပစ်မှတ်ကို ဖောက်ထွင်းနိုင်တဲ့ ထူးခြားတဲ့လူပဲ"
"?"
ဆွန်လီက ခဏတာ ရပ်တန့်သွားသည် "မင်း သူ့ကို ဘယ်လို ခေါ်လိုက်တာလဲ"
"ဆရာပါ"
ဆွန်ပုချီက သူ့လက်များကို ဖြန့်ကာ "ပြဿနာရှိလို့လား"
"မောင်ငယ်လေး..."
ဆွန်လီက သူမ၏ နဖူးကို ညင်သာစွာ ထိကိုင်ရင်း "ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
"ကျွန်တော့်ကို အပြစ်မတင်ပါနဲ့၊ သူက အစ်ကိုကြီးဆိုတာ ကျွန်တော် မသိခဲ့ပါဘူး"
ချန်ဆန်းရှီက အနည်းငယ် ရှက်ရွံ့နေသည် "ဒါပေမယ့် ဆရာလို့ ခေါ်တာက ပျော်စရာအတွက်ပါ၊ အလေးအနက်ထားစရာ မလိုပါဘူး"
"မင်းက ချန်ဆန်းရှီလား"
ဆွန်ပုချီကအရင်ဆုံး အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောသည်"ထူးခြားလိုက်တာ နဂါးကိုးကောင်ခန္ဓာကိုယ်၊မြားပစ်အတတ်မှာပါ ကျွမ်းကျင်သူ ဒီနေ့ကစပြီး ကျွန်တော်က ဆရာလို့ ခေါ်မယ် ဆရာက ကျွန်တော့်ကို အစ်ကိုကြီးလို့ ခေါ်ပါ ကျွန်တော်တို့ တစ်ယောက်စီကတစ်
ယောက် ဆွေးနွေးကြတာပေါ့"
"ကျွန်တော်အမမှာ ဦးနှောက်ဆိုင်ရာ ပြဿနာ အချို့ ရှိပါတယ်"
ဆွန်လီက ဒေါသထွက်လုနီးပါး ဖြစ်နေသော်လည်း နောက်ဆုံးတွင် ခွင့်လွှတ်လိုက်သည် "ဖခင်က သူ့ကို ပုချီလို့ နာမည်ပေးခဲ့တာက မူလက 'လူကြီးလူကောင်းများက ဘက်စုံတော်ကြသည်' လို့ ဆိုလိုတာပါဒါပေမဲ့ အရည်အချင်းမရှိသူ ဖြစ်လာခဲ့တယ်..."
"အစ်မ စကားပြောတာ ကြမ်းတမ်းလွန်းပါတယ်"
ချန်ဆန်းရှီကက ပြောလိုက်သည် "အစ်ကိုပုချီနဲ့ ကျွန်တော်က အသက်အရွယ်တူတူပဲ၊ ဒါပေမယ့် သူ့ရဲ့ အဆင့်က ကျွန်တော့်ထက် ပိုမြင့်
တယ်၊ သူ့မှာ ထူးခြားတဲ့ အရည်အချင်းတစ်ခုခု ရှိမှာ သေချာတယ်"
"နှစ်လလောက် သိုင်းပညာ လေ့ကျင့်တာက သုံးနှစ်နဲ့ ယှဉ်လို့ ရမလား"
ဆွန်လီက ဆွန်ပုချီကို ခေါ်ဆောင်သွားပြီး "မောင်ငယ်လေး ငါတို့မှာ လုပ်စရာ ကိစ္စတွေ ရှိသေးတယ် အခုပဲ ထွက်ခွာရတော့မယ်"
"သူတို့က ဆက်ပြီး စုံစမ်းနေတုန်းပဲလား"
ချန်ဆန်းရှီက ဆွန် မိသားစု၏ သခင်လေးပင် လာလိမ့်မည်ဟု တကယ် မမျှော်လင့်ခဲ့ပေ။
သူမကြာသေးမီက အထူး စုံစမ်းခဲ့သည်။
ဆွန်ဒူရှီ တွင် မူလက ကလေး ငါးယောက် ရှိသော်လည်း ပထမ သုံးယောက်စလုံး စစ်ပွဲတွင် သေဆုံးခဲ့သည်။
သူတို့ထဲမှ သိုင်းပညာအတွက် အကောင်းဆုံး အရည်အချင်းရှိသော တတိယမြောက် ကလေးသည် ရွှမ်ဝူစခန်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။
ယခု၊ သားတစ်ယောက်နှင့် သမီးတစ်ယောက်သာ ကျန်တော့သည်။
သူတို့မှာ ဆွန်ပုချီနှင့် ဆွန်လီတို့ ဖြစ်သည်။
ကြီးကြပ်ရေးမှူးက သူရဲ့တစ်ဦးတည်းသော ကျန်ရှိသည့် ကလေးများကို ဤနေရာသို့ စေလွှတ်လိုက်ခြင်းမှာ တကယ်ကို ရင်ကွဲစရာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့က အရိုးဖွဲ့စည်းခြင်းအဆင့်ဖြစ်ပြီး ဒါပေမဲ့မတော်တဆမှုတွေ ဖြစ်လာနိုင်သေးသည်။
"ဒုန်း...."
ကောင်းကင်တွင် မိုးခြိမ်းသံ ထွက်ပေါ်လာပြီး မိုးသည်းထန်စွာ ရွာချလာသည်။
ချန်ဆန်းရှီက မိုးရေထဲကို ဖြတ်ကျော်ကာ ဆေးဆိုင်သို့ သွားပြီး မြေအိုး နှစ်လုံး သယ်လာလိုက်သည်။
အတွင်းမှာ သူ ကြိုတင်မှာထားသော ဆေးရေစိမ်ဖို့ဆေးဘက်ဝင်အပင်များဖြစ်သည်။
ဤ မြေအိုးနှစ်လုံးသည် တစ်ကြိမ် စိမ်ရန်အတွက် ငွေသား တေးငါးဆယ် ကုန်ကျသည်။
ဆွန်ပုချီက ရက်ရောခြင်းမရှိပါက သူ တကယ်ပဲ မတတ်နိုင်ပေ။
သူက ဆေးရည်တွေကို မြေအိုးများမှ သစ်သားစည်ပိုင်းထဲသို့ လောင်းထည့်ပြီး အနက်ရောင်ဆေးရည်ကို ရောမွှေရန် ရေအေး ထပ်ထည့်လိုက်သည်။
ချန်ဆန်းရှီက အဝတ်အစားများကို ချွတ်ပြီး ခုန်ဝင်လိုက်သည်။
"ဟင်း.."
ဆေးရည်နှင့် ရေသည် အေးနေသော်လည်း သူ့အသားအရေကို ထိမိသည်နှင့် ရေနွေးပူကဲ့သို့ ပူလာပြီး ငရုတ်သီးရေကဲ့သို့ ယားယံလာကာ သူ့အသားအရေ တစ်လက်မချင်းစီကို နာကျင်စွာ စူးရှလာသည်။
ပြင်းထန်သော ဆေးဖက်ဝင် အစွမ်းသည် သူ့၏ ချွေးပေါက်များကို ထိုးဖောက်ဝင်ရောက်ပြီး သူ့အသားထဲသို့ ဝင်ရောက်ကာ သူ၏ အရိုးများကို သန်မာစေသည်။
"အား..."
ဆေးဆရာ၏ ညွှန်ကြားချက်အရ ချန်ဆန်းရှီသည် သစ်သားစည်ပိုင်းထဲတွင် ခန္ဓာကိုယ်ကို ခွေယှက်ထိုင်ပြီး ဟောင်ရန် အသက်ရှူနည်း ကို အသုံးပြုလိုက်သည်။
သို့တိုင် သူကငါးမိနစ်ထက် ပိုမိုမခံနိုင်ဘဲ ခုန်ထွက်လာသည်။
သူ၏ အသားအရေသည် နီရဲနေပြီး တစ်ကိုယ်လုံး ဖူးယောင်နေသည်။ သူသည် ကျူရွက်လှံကို ဆွဲကိုင်ကာ လှံနည်းစနစ်ကို လေ့ကျင့်ရန် ခြံဝန်းထဲသို့ အလျင်အမြန်ပြေးသွားသည်၊ သွေးနှင့်ချီကို အသုံးပြု၍ ဆေးဖက်ဝင် အစွမ်းကို စုပ်ယူနေသည်။ ထိုအခါမှသာ နာကျင်သော ခံစားမှု လျော့ပါးလာသည်။
လုံးဝ ပျောက်ကွယ်သွားမှသာ သူကသစ်သားစည်ပိုင်းထဲသို့ ပြန်ခုန်ဝင်လိုက်သည်။
ဆေးရေစိမ်ဆေးရည်၏ အာနိသင်များ ကုန်ဆုံးသွားသည်အထိ သူက ဤဖြစ်စဉ်ကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်ရသည်။
တကယ်ကိုနာကျင်မှုလွန်းလှသည်။
သို့သော်လည်း ၎င်းသည် သူ၏ သိုင်းပညာ လေ့ကျင့်မှုအတွက် အလွန်အမင်း အထောက်အကူ ဖြစ်စေသည်။
သူက သုံးရက်တစ်ကြိမ် ဆေးဖက်ဝင်ဆေးရည်ဖြင့် ရေချိုးသည်။
ချန်ဆန်းရှီ၏ အိမ်ရှိ ငွေများသည် လျင်မြန်စွာ ကုန်လုနီးပါး ဖြစ်သွားသည်။
ကံကောင်းစွာဖြင့် သူ၏ သိုင်းပညာ လေ့ကျင့်မှုတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်။
[ကျင့်ကြံမှု - မသေနိုင်သော ရွှေမြွေလှံ(ပထမပိုင်း)(အခြေခံအဆင့်)]
[တိုးတက်မှု - ၅၈/၅၀၀]
[စွမ်းဆောင်ရည် - နဂါးဆင်သွေး ၊နဂါးကိုးကောင် အသက်သွေးကြော]
"အရှိန်က နှေးကွေးလာပြီ"
ချန်ဆန်းရှီကဤတိုးတက်မှုနှုန်းသည် သာမန်လူများထက် များစွာ သာလွန်ကြောင်း သိသော်လည်း အနည်းငယ် စိတ်မကျေနပ်သေးပေ။
ဘာပဲဖြစ်ဖြစ် စစ်ပွဲက နီးကပ်လာနေပြီဖြစ်ပြီး သိုင်းပညာ အဆင့် မြင့်မားလွန်းခြင်းကို မည်သူမျှ အပြစ်မတင်နိုင်ပေ။
"အချိန်ရောက်ပြီ"
အချိန်ကြာလာသည်နှင့်အမျှ ဆေးဝါးချိုင့်ဝှမ်း ဖြစ်ရပ်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ရက်ပေါင်းများစွာ စောင့်ကြည့်ပြီးနောက် ချန်ဆန်းရှီကမည်သူမျှ သူ့ကို သတိမထားမိကြောင်း အတည်ပြုခဲ့သည်။
သူ၏အိမ်တွင် ငွေကုန်ခါနီးအချိန် ဖြစ်သောကြောင့် နတ်ဘုရားရတနာကို မည်သို့အသုံးပြုရမည်ကို ရှာဖွေပြီး စစ်ပွဲမှ ရရှိသည့် အခြားသော ပစ္စည်းများကိုပါ အသုံးချရန် အချိန်ကောင်းဖြစ်သည်။
နေ့လယ်စာ စားပြီးနောက်
ချန်ဆန်းရှီက ယန်ဘင်းကျေးရွာသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး သစ်တောငယ်ပတ်လည် လှည့်ကာ နံရံကို ကျော်ခုန်၍ ခြံဝန်းထဲသို့ ဝင်ရောက်ကာ ဝှက်ထားသော ပစ္စည်းများကို ထုတ်လိုက်သည်။
ဆေးဖက်ဝင် ပစ္စည်းများ၊ ဝိညာဉ်အစေ့၊ ဆေးကြိတ်ဆုံ၊ ဆေးအိုးများ၊ ဆေးပညာစာအုပ်များ...
အခြေခံအားဖြင့်
သူသည် ထိုအချိန်က သယ်ဆောင်နိုင်သမျှ အရာအားလုံးကို ပိတ်စအိတ်ထဲသို့ ထည့်သွင်းခဲ့သည်။
"နတ်ဘုရားရတနာ..."
"ဝိညာဉ်အစေ့"
သူ၏ ဆင်ခြင်တုံတရားအရ နတ်ဘုရားရတနာမှ မီးလျှံသည် ဝိညာဉ်
အစေ့၏ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ၎င်း၏ အနှစ်သာရကို ထိန်းသိမ်းထားနိုင်ဖွယ် ရှိသည်။
သို့သော် ဆေးအိုး သို့မဟုတ် သံအိုးသည် နတ်ဘုရားရတနာမှ ထုတ်လုပ်သော မီးလျှံ၏ အပူချိန်ကို ခံနိုင်ရည်ရှိပါ့မလား။
ချန်ဆန်းရှီက ဝိညာဉ်အစေ့ကို အိုးထဲတွင် ထည့်ကာ ရေထည့်လိုက်သည်။
ထို့နောက် သူက မီးဖိုအောက်ခြေကို ထင်းများဖြင့် ထိုးသွင်းပြီး ထင်းပေါ်တွင် "ဆီမီး" အနည်းငယ်ကို သုတ်လိမ်းလိုက်သည်။
သူသည် မီးချောင်းဖြင့် မီးညှိလိုက်သည်။
"ဒုန်း—"
အနီရောင် မီးတောက်များ ထတက်လာပြီး အခန်းတွင်း အပူချိန်သည် ဆောင်းဦးနှောင်းပိုင်းမှ နွေရာသီ အပြင်းအထန်သို့ ချက်ချင်း ပြောင်းသွားသကဲ့သို့ မြင့်တက်လာသည်။
သံအိုးထဲရှိ ရေအေးသည် ချက်ချင်း ဆူပွက်လာသည်။
"ရှဲ ရှဲ ရှဲ ..."
သို့သော်လည်း သံအိုးသည် လျင်မြန်စွာ ပူလောင်သွားပြီး အရည်များ လုံးဝ အငွေ့ပျံသွားသည်။
ထင်းများ အလျင်အမြန် ကုန်ဆုံးပြီး မီးလျှံများ သေဆုံးသွားသည်အထိ အခန်းထဲတွင် ရုတ်တရက် ရေနွေးငွေ့များ ပြည့်လာသည်။
ချန်ဆန်းရှီခန့်မှန်းထားသည့်အတိုင်းပင်
သာမန် သံအိုးသည် ဆီမီးမှ ထွက်ပေါ်လာသော ထူးခြားသော မီး၏ အပူချိန်ကို မခံနိုင်ပေ။
ဆေးအိုးဖြင့် စမ်းသပ်ကြည့်ရန်ပင် မလိုအပ်ပါ၊ ၎င်းသည်လည်း ကြာကြာခံမည် မဟုတ်ပါ။
"ဝိညာဉ်အစေ့ကို တိုက်ရိုက် မီးရှို့လိုက်ရင်ရော"
"ထူးခြားတဲ့မီးနဲ့ အပူပေးခြင်းကလည်းအစွမ်းမြှင့်တင်ခြင်း တစ်မျိုးပဲ"
ဤသို့တွေးကာ သူက ချက်ချင်းပင် သူ၏ အကြံဉာဏ်များကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်း၏ ဖြစ်နိုင်ခြေကို စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။