← Chapters

ခွန်းလွန်လွင်ပြင်၊ ကောင်းကင်နှင့်မြေပြင် တုန်လှုပ်ချေပြီ...!

Vol. 26 Ch. 376

ခွန်းလွန်လွင်ပြင်၊ ကောင်းကင်နှင့်မြေပြင် တုန်လှုပ်ချေပြီ...!

Vol. 26 Ch. 376

တာအိုဘိုးဘေး ကောင်းကင်ယံရှိ ကြယ်တာရာများနှင့် ကျယ်ပြောလှသော သိုင်းလောကကို အလွယ်တကူ ထိန်းချုပ်နေသည်ကို မြင်ရသောအခါ ချန်မျိုးနွယ်ဝင်များ၊ နတ်ဘုရားများနှင့် ၎င်းတို့၏ လက်အောက်ငယ်သားများပါ အံ့သြမှင်တက်သွားကြသည်။

ကျန်းချန်ရှန်းက သူ၏ အစစ်အမှန် ခွန်အားကို ထုတ်ပြခြင်းမရှိသေးသော်လည်း ယခုလို ပြုလုပ်လိုက်ခြင်းကပင် အလွန်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။

“ဒါ ဘယ်လို စွမ်းအားမျိုးလဲ!”

“ငါ သိုင်းပညာရဲ့ စွမ်းအားကို လုံးဝ မခံစားရဘူး!”

“ဒါ အရမ်း အံ့သြစရာကောင်းနေပြီ.... ဒါက နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားပဲ!”

“သူက ကျုပ်တို့ ယုံကြည်ကိုးကွယ်ဖို့ လုံလောက်အောင် သန်မာတယ်!”

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ... နတ်ဘုရားသိုင်းပညာနယ်ပယ်ကို အထင်သေးရဲတာ အံ့သြစရာ မဟုတ်တော့ဘူး... နတ်ဘုရားသိုင်းပညာနယ်ပယ်အဆင့်က လျှို့ဝှက်ဆန်းကြယ်တဲ့ကျွမ်းကျင်သူတွေတောင် ဒီလို ခွန်အားမျိုး ရှိဖို့ ခက်ခဲလိမ့်မယ်..”

အခြားသူများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း ကျန်းချန်ရှန်း အတွင်းထဲမှ ညည်းတွားလိုက်မိသည်။

အပြင်ပန်းတွင် စိတ်တည်ငြိမ်ပြီး အေးဆေးပုံဟန် ဆောင်နေသော်လည်း အမှန်တကယ်တွင် မှော်စွမ်းအား သုံးစွဲမှုများအလွန်များပြားလှသည်။ထို့အပြင် မှော်စွမ်းအားသာမကဘဲ ဝိညာဉ်စွမ်းအားကိုပါ သုံးစွဲနေရသည်။ သိုင်းလောကတိုင်းရှိ ကောင်းကင်နှင့်မြေပြင် နိယာမများ မတုန်လှုပ်စေရန်နှင့် ထိုလောကရှိ သတ္တဝါများ ဘေးကင်းစေရန် အာမခံရန်အတွက် ပေါင်းစပ်လုပ်ငန်းစဉ်သည် ထင်ထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးခဲ့သည်။

၎င်းသည် ကောင်းကင်သူတော်စင်ပုနှင့် တိုက်ခိုက်ပြီး ကောင်းကင်မြစ်၏ မူလအစကို ဖျက်ဆီးခြင်းထက်ပင် ပိုမိုခက်ခဲလေသည်။

ဒါက နှိုင်းယှဉ်ချက်အရသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က မှော်စွမ်းအားကို ဤမျှလောက် မသုံးစွဲခဲ့ဖူးသောကြောင့်ပင် ဖြစ်သည်။ ပင်ပန်းနွမ်းနယ်နေသော်လည်း ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ ပြဿနာမရှိခဲ့ပေ။

ကျန်းချန်ရှန်း ကောင်းကင်မြစ်ကို တချက် ကြည့်လိုက်သည်။ ထိုသို့သော ကောင်းကျိုးချမ်းသာကို တိုက်ရိုက် ပျံ့ကျဲသွားခြင်းမှာ ဝမ်းနည်းစရာပင်။

နတ်ဘုရားသိုင်းပညာနယ်ပယ်အဆင့်ရောက်နေသူအဖို့ ကောင်းကင်မြစ်ကို အသုံးပြုမှုမှာ အတော်လေး ကောင်းမွန်သည်။ ယခင်က ကောင်းကင်မြစ်၏ ကောင်းချီးပေးမှုကြောင့် မဟာသိုင်းလောက၏ သိုင်းပညာ စိတ်ဝိဉာဉ်စွမ်းအင်များ သိသိသာသာ တိုးလာပြီး အဆင့်တက်ရန် ပိုမိုလွယ်ကူလာသည်။ ဤအဖြစ်အပျက်ကို ကောင်းကင်တရားရုံးမှ ကောင်းချီးအဖြစ်သို့ ပြောင်းလဲလိုက်ပါက လူတိုင်း ကောင်းကင်တရားရုံးကို ပိုမိုကျေးဇူးတင်လာမည်မှာ သေချာသည်။

ကျန်းချန်ရှန်းသည် ၎င်း၏ ဝိညာဉ်ဆန္ဒကို ချက်ချင်းအသုံးပြု၍ ကောင်းကင်မြစ်ကို ဖုံးအုပ်လိုက်သည်။ နှိုင်းယှဉ်၍မရအောင် ခမ်းနားထည်ဝါသော ကောင်းကင်မြစ်က သိုင်းကမ္ဘာတိုက်ကြီးဆီသို့ စတင်ချဉ်းကပ်လာပြီး ဤမြင်ကွင်းက ကြည့်ရှုသူအားလုံးကို သတိကြီးစွာဖြင့် စောင့်ကြည့်စေခဲ့သည်။

တာအိုဘိုးဘေး ဘာလုပ်ချင်တာလဲ....

“ဒီနေ့ကစပြီး ကောင်းကင်မြစ်ဟာ ကောင်းကင်တရားရုံးနဲ့ သက်ဆိုင်ပြီး သတ္တဝါအားလုံးကို အကျိုးပြုနေမှာပါ!”

ကျန်းချန်ရှန်း၏ အသံထွက်ပေါ်လာပြီး လူတိုင်းကို ကောင်းကင်တရားရုံးအကြောင်း သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

ကောင်းကင်မြစ်ကြီး သိုင်းကမ္ဘာတိုက်ကြီးဆီသို့ လျင်မြန်စွာ စီးဆင်းသွားပြီး နောက်ဆုံးတွင် ကျယ်ပြောလှသော ကောင်းကင်ယံတွင် တည်ရှိနေသည်။

သိုင်းလောကအသီးသီးမှ နေမင်းများသ ပေါင်းစည်းသွားပြီး တိုက်ကြီးပေါ်တွင် မြင့်မားစွာ ဆက်လက်တည်ရှိနေသည်။

ကျန်းချန်ရှန်းက ကောင်းကင်မြစ်အောက်တွင် နေ့နှင့်ည လည်ပတ်မှုကို နေမင်းကြယ်အရှင် (ရွှေကျီးကန်း) အား လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။

သိုင်းကမ္ဘာတိုက်ကြီး၏ ဂေဟစနစ်ကို ကံကြမ္မာနှင့် နိယာမများ၏ စွမ်းအားဖြင့် ထိန်းချုပ်ထားပြီး နေမင်းသည် အချိန်နှင့် ဦးတည်ရာကို အုပ်စိုးသူ ဖြစ်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက်...

အရာအားလုံး ပြီးမြောက်သွားသောအခါ ကြည့်ရှုနေသူတိုင်း မှိုင်တွေသွားကြသည်။

ဘယ်လောက်ကြာသွားပြီလဲ....တစ်နာရီလား....

အောက်ဘုံ၏ စကြဝဠာကို တာအိုဘိုးဘေး ပေါင်းစည်းလိုက်သည်မှာ မယုံနိုင်စရာပင်။

“ဒီနယ်မြေကို ဒီနေ့ကစပြီး ခွန်းလွန်လွင်ပြင်လို့ ခေါ်တွင်မယ်... ချန်မျိုးနွယ်စုက ခွန်းလွန်လွင်ပြင်ရဲ့ ဟင်းလင်းပြင်ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်... သိုင်းပညာ ဆက်လက် လေ့ကျင့်လိုသူတွေ ခွန်းလွန်လွင်ပြင်မှာ နေနိုင်တယ်!”

ကျန်းချန်ရှန်း ထိုသို့ပြောပြီးနောက် ပျောက်ကွယ်သွားသည်။ ချန်ယွဲ့ချီနှင့် နတ်ဘုရားဇီဟွမ်းတို့က သူ့ထံမှ အသံလှိုင်း ပေးပို့မှုကို ကြားရပြီး လက်အောက်ငယ်သားများကို ဦးစွာ နေရာချထားရန်နှင့် ထို့နောက်မှ သူ့ကို ရှာရန် ပြောကြားခဲ့သည်။

နတ်ဘုရားဇီဟွမ်းကတော့ မဟာသိုင်းလောကထက် အဆတစ်ထောင် ပိုကြီးသော ခွန်းလွန်လွင်ပြင်ကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ခဲ့ချေ။

ခွန်းလွန်လွင်ပြင်သည် သိုင်းလောက ရာပေါင်းများစွာ ပေါင်းစည်းထားပြီး အချို့မှာ မဟာသိုင်းလောကထက် အဆပေါင်း ဒါဇင်များစွာ ပိုကြီးသည်။

ယခုမှစ၍ ဤသိုင်းလောကများတွင် စုစည်းထားသော အမည်တစ်ခု ရှိလာမည်ဖြစ်သည်။

ခွန်းလွန်လွင်ပြင်!

ကောင်းကင်ကို မည်းမှောင်သော တိမ်များ ဖုံးလွှမ်းနေပြီး မြေပြကယင်ကို ငရဲဘုံကဲ့သို့ ထင်မှတ်စေသော မီးတောင်ချော်ရည်များဖြင့် ပြည့်နှက်နေသည်။

မီးတောက်အရှင်သည် ကောင်းကင်ယံတွင် ထိုင်နေရာကနေ အံ့အားသင့်နေသော အမူအရာဖြင့် ကောင်းကင်ကို စူးစိုက်ကြည့်နေသည်။ သိုင်းပညာရှင်များတွင် ဝိညာဉ်ဆန္ဒ မရှိသောကြောင့် ကောင်းကင်ပြင်ပတွင် ဘာဖြစ်ပျက်နေသည်ကို မသိနိုင်ချေ။ သို့သော် လောက၌ဖြစ်ပေါ်နေသော ကြီးမားသော ပြောင်းလဲမှုကို ခံစားမိနိုင်သည်။

“သိုင်းလောကပြိုင်ပွဲ စောစော ပြီးဆုံးသွားတာလား..”

မီးတောက်အရှင်သည် တိတ်တဆိတ် တုန်လှုပ်သွားသည်။ ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရပ်တန့်သွားပြီးနောက် သူသည် တိမ်ပင်လယ်ကို ချက်ချင်းဖြတ်ကျော်ကာ ကောင်းကင်ဆီသို့ ပျံသန်းသွားသည်။

မကြာမီတွင် သူသည် ကောင်းကင်မြစ်၏ စွမ်းအားများ ပျောက်ကွယ်သွားကြောင်းကို ထိတ်လန့်စွာ တွေ့ရှိခဲ့သည်။ ယခု သူသည် သိုင်းလောကမှ လွတ်လပ်စွာ ပျံသန်းနိုင်နေပြီဖြစ်သည်။

သူ မြေပြင်နှင့် ဝေးကွာလာသည်နှင့်အမျှ သူ၏ အမူအရာ ပို၍ ပို၍ ထိတ်လန့်လာသည်။ သူ ဘာမြင်နေရတာလဲ....

သိုင်းလောကကြီး အဘယ်ကြောင့် ဤမျှ ကြီးမားလာရသနည်း။

ထို့အပြင် ဟင်းလင်းပြင်တွင် ကြယ်တာရာများ အဘယ်ကြောင့် များစွာ ရှိနေရသနည်း....

ထိုအခိုက်အတန့်တွင် မီးတောက်အရှင်သည် ခြေသုံးချောင်းရှိသော ရွှေကျီးကန်းတစ်ကောင်သည် နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားသော နေမင်းဆီသို့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပျံသန်းနေသည်ကို မြင်လိုက်ရသည်။

ထိုကျီးကန်းကို လိုက်ဖမ်းချင်သော်လည်း သူ့ရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။

ထိုသူသည် အဖြူရောင် ဝတ်စုံဝတ်ထားသော ချောမောသူဖြစ်သော်လည်း အမူအရာကတော့ အေးစက်နေသည်။

ထိုသူက မီးတောက်အရှင်ကိုမြင်သည်နှင့် ဓားကို မြှောက်ကာ “ဒီအတောအတွင်း ခွန်းလွန်လွင်ပြင်ထဲကို လွတ်လပ်စွာ ဝင်ထွက်ခွင့် မရှိဘူး!” ဟု ပြောလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ်ထားသူသည် ချန်မျိုးနွယ်မှ သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ထိုသူ၏ သိုင်းခွန်အားသည် မူလကောင်းကင်အဓိပတိနယ်ပယ် ကျွမ်းကျင်သူများထဲတွင် အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်သည်။

မီးတောက်အရှင် မျက်မှောင်ကြုတ်ကာ

“ခွန်းလွန်လွင်ပြင်…မင်း ဘာကို ဆိုလိုတာလဲ..ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”

သူ့ပတ်ဝန်းကျင်က သိုင်းပညာရှင်တွေမှာ အချိန်နဲ့နေရာကိုဖြတ်ကျော်ပြီး ခရီးသွားလာတဲ့ ဒဏ္ဍာရီတွေ ရှိခဲ့ဖူးသည်။ သူ့ရဲ့ လက်ရှိ အခြေအနေကို ရှင်းပြဖို့ ဒီလို ဒဏ္ဍာရီတွေကိုသာ တွေးတောနိုင်ပေမည်။

“ငါ့မှာ ပြောစရာ မရှိဘူး...ထွက်သွား!”

အဖြူရောင်ဝတ်စုံဝတ်ထားသူက အေးစက်စွာ အော်ပြောလိုက်သည်။ မီးတောက်အရှင်၏ခွန်အားက သူ့ထက် မနိမ့်ကျကြောင်း သိသော်လည်း လုံးဝ မကြောက်ခဲ့ချေ။

မီးတောက်အရှင်သည် ထိုသူ၏ သဘောထားကြောင့် ဒေါသထွက်သော်လည်း အခြေအနေကို နားမလည်သောကြောင့် အလျင်စလို မလုပ်ဆောင်ရဲခဲ့ချေ။

“နေဦး!”

တုန်လှုပ်နေသောအသံဖြင့် အသံတစ်သံ ထွက်ပေါ်လာသည်။

အဘိုးအိုတစ်ဦး လျင်မြန်စွာ ပျံသန်းလာပြီး အဖြူရောင်ဝတ်စုံဝတ်ထားသူရှေ့သို့ ရောက်လာသည်။ ထိုအဘိုးအိုက မီးတောက်အရှင်ကို အရိုအသေပေးဦးညွှတ်ပြီး....

“ကျွန်တော်က သူ့ရဲ့ အကြီးအကဲပါ.

.... သူက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက်ပါ..ဒါ့ကြောင့် အနာဂတ်မှာ ခွန်းလွန်လွင်ပြင်ကို အကျိုးပြုမှာ သေချာပါတယ်!”အဖြူရောင်ဝတ်စုံဝတ်ထားသူသည် ထိုစကားကို ကြားသောအခါ မျက်နှာထားတင်းမာမှု လျော့ပါးသွားသည်။

အဘိုးအိုသည် ဒီကို ရောက်လာပြီး တာအိုဘိုးဘေးရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးနောက် ချန်ယွဲ့ချီကလည်း သူ့မျိုးနွယ်စုဝင်များကို အလုပ်အချို့ ပေးခဲ့သည်။ ယခုမှစ၍ ချန်မျိုးနွယ်စုသည် တာအိုဘိုးဘေး၏ ဦးဆောင်မှုကို လိုက်နာမည်ဖြစ်သည်။

အဘိုးအိုက မီးတောက်အရှင်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ...“လူလေး...ဆင်းသွားပါ... ကောင်းကင်မြစ်ရဲ့ မူလအစကို တာအိုဘိုးဘေးက ဖျက်ဆီးလိုက်ပြီ...ဒီနေ့ကစပြီး ငါတို့တွေက ရွှမ်းဟွမ်းမဟာလောကနဲ့ မပတ်သက်တော့ဘဲ ခွန်းလွန်လွင်ပြင်နဲ့ပဲ သက်ဆိုင်တော့တယ်... ခွန်းလွန်လွင်ပြင်မှာ ယန်မျိုးနွယ်စုကို ဘယ်လို ပြန်တည်ထောင်ရမလဲဆိုတာ စဉ်းစားပါ.... ခွန်းလွန်လွင်ပြင်ကို တာအိုဘိုးဘေးက အမြင့်ဆုံး နတ်ဘုရားစွမ်းအားနဲ့ ဖန်တီးခဲ့ပြီး သိုင်းလောကအားလုံးကို ပေါင်းစည်းထားတယ်.. တာအိုဘိုးဘေးရဲ့ခွင့်ပြုချက်မရှိဘဲ အပြင်ကို မထွက်ရဘူး.. ဟင်းလင်းပြင်ကို ချန်မျိုးနွယ်စုက စောင့်ရှောက်ထားတာမို့ သူတို့ကို ဒုက္ခမပေးပါနဲ့!” ပြောလိုက်သည်။

မီးတောက်အရှင် ထိုစကားကို ကြားသောအခါ သူ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

တုန်လှုပ်ခြောက်ခြားခြင်း!

ကြောက်ရွံ့ခြင်း!

ရှုပ်ထွေးခြင်း!

အစရှိသောခံစားချက်အမျိုးမျိုး သူ့ရင်ထဲမှာ ရောယှက်နေသည်။ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်သော်လည်း သူ၏ အကြီးအကဲကတော့ လိမ်ညာမည်မဟုတ်ကြောင်း ယုံကြည်သည်။ ဟင်းလင်းပြင်ရှိ ကြီးမားသော ပြောင်းလဲမှုသည် တာအိုဘိုးဘေးကြောင့် ဖြစ်သည်...

ခွန်းလွန်လွင်ပြင်မှာ ယန်မျိုးနွယ်စုကို ပြန်တည်ထောင်ဖို့ဆိုတာ ဘယ်လိုဟာသမျိုးလဲ....

နတ်ဘုရားသိုင်းပညာနယ်ပယ်အဆင့်က သူ့ကို မကယ်တင်နိုင်တော့ဘူးလား။

မီးတောက်အရှင်သည် သူ၏အကြီးအကဲ၏ မျက်နှာပေါ်ရှိ လေးစားမှုနှင့်အကြည့်များကို သတိပြုမိလိုက်သည်။ သူ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ နားမလည်နိုင်ခဲ့ချေ။

သူ သစ္စာဖောက်ခံရတာလား....

ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်ရောက်ပြီးနောက် ကျန်းချန်ရှန်းက အင်မော်တယ်နတ်ဘုရားအားလုံးကို ကောင်းကင်ပြင်ပရှိ အခြေအနေကို အသိပေးရန် အသံလှိုင်းပို့ပြီး ချန်မျိုးနွယ်စုနှင့် ဆွေးနွေးရန် သုံးပါးသော ကောင်းကင်အရှင်များကို တောင်းဆိုခဲ့သည်။

သတင်းကြားပြီးသည်နှင့် ကောင်းကင်တရားရုံးရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

သိုင်းလောကအားလုံး ပေါင်းစည်းပြီး ခွန်းလွန်လွင်ပြင်အဖြစ် ပြောင်းလဲခဲ့ပြီလား....

ချန်မျိုးနွယ်စုကရော ကောင်းကင်တရားရုံးဆီမှာ တကယ်ပဲ အညံ့ခံခဲ့ပြီလား...

ချန်ယောင်လင်းနှင့် ချန်မျိုးနွယ်စုမှ ကောင်းကင်စစ်သည်တော်အချို့ အလွန်စိတ်လှုပ်ရှားနေကြသည်။ တစ်ဦးပြီးတစ်ဦး၊ အခြား အင်မော်တယ်နတ်ဘုရားများထံသို့ ချန်မျိုးနွယ်စု၏ ခွန်အားကို အကြောင်းကိုမေးမြန်းနေကြသည်။

တိုင်ရှီးချန်သည်လည်း စိတ်လှုပ်ရှားနေသည်။ သူသည် ချက်ချင်းပင် ကျန်းချန်ရှန်းအား ဂါရဝပြုရန် သွားရောက်ပြီး ၎င်း၏ တိုင်ရှီးကလန်ကို ခွန်းလွန်လွင်ပြင်ထဲသို့ ခေါ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ကောင်းကင်တရားရုံးတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် သူသည် ကောင်းကင်တရားရုံးက မဟာရွှမ်းဟွမ်လောကကြီးအပေါ် နတ်ဘုရားသိုင်းပညာနယ်ပယ်၏ အုပ်ချုပ်မှုကို အချိန်မရွေး ဖြုတ်ချမည်ဟု ယုံကြည်ခဲ့သည်။ သူသာ ယခု ကောင်းကင်တရားရုံးသို့ ဝင်ရောက်ခဲ့ပါက ၎င်းတို့၏ မျိုးနွယ်စုသည်လည်း ခေတ်သစ်၏ အင်မော်တယ်နတ်ဘုရားများ ဖြစ်လာမည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် တိုင်ရှီးချန် အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်။ ကျန်းချန်ရှန်းက သူ့အား ကောင်းစွာ လေ့ကျင့်ရန်နှင့် သူ့မျိုးနွယ်စု ပြောင်းရွှေ့ခြင်းကို အနာဂတ်တွင် ဆွေးနွေးနိုင်ကြောင်းသာ ပြောခဲ့သည်။

ကျန်းချန်ရှန်းအနေဖြင့် စွမ်းအားအများအပြား သုံးစွဲခဲ့ရသောကြောင့် ကောင်းစွာ ပြန်လည်နာလန်ထူရန် လိုအပ်သည်။ သူ့အဖို့တော့ စွမ်းအား ပြည့်ဝလာသည်အထိ လုံခြုံသည်ဟု မခံစားရသေးပေ။

မကြာမီတွင် အင်မော်တယ်နတ်ဘုရားများက ခွန်းလွန်လွင်ပြင်ကို ကြည့်ရှုရန်နှင့် တာအိုဘိုးဘေး၏ ခွန်အားကို ချီးမွမ်းရန် ပြင်ပလောကသို့ တစ်ဦးပြီးတစ်ဦး ပျံသန်းသွားကြသည်။ ဤသတင်းကို လူတိုင်းအား ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မကြာမီတွင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တစ်လျှောက် ပျံ့နှံ့သွားသည်။ အင်မော်တယ်နတ်ဘုရားများ၏ တမင်ရည်ရွယ်သော ဝါဒဖြန့်မှုအောက်တွင် ယုံကြည်သူအားလုံး စိတ်လှုပ်ရှားနေကြပြီး ထိုသတင်းသည် လူ့လောကသို့ ပျံ့နှံ့သွားခဲ့သည်။

လအနည်းငယ်ကြာပြီးနောက်....

ကျန်းချန်ရှန်းသည် ကောင်းကင် ၃၃လွှာကို ထုတ်သုံးပြီး လွှကောင်းကင်တရားရုံးတစ်ခုလုံးကို ၎င်းထဲသို့ ထည့်သွင်းလိုက်သည်။ အင်မော်တယ်နတ်ဘုရားများ စိတ်ရှုပ်ထွေးခြင်းမဖြစ်စေရန် ပထမ ကိုးလွှာကို ဖော်ပြခဲ့သည်။ အင်မော်တယ်နတ်ဘုရားအားလုံးတွင် ကိုယ်ပိုင်ကံကြမ္မာရှိသောကြောင့် ကန့်သတ်ချက်များမှ အတားအဆီးတစ်စုံတစ်ရာကို မခံစားရဘဲ ကောင်းကင် ၃၃လွာသို့ လွတ်လပ်စွာ ဝင်ရောက်နိုင်ခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံး နှစ်စက္ကန့်သာ ကြာမြင့်ခဲ့သည်။ အင်မော်တယ်နတ်ဘုရားအချို့က တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိသော်လည်း တာအိုဘိုးဘေးကြောင့် ဖြစ်နိုင်သည်ဟု တွေးလိုက်သောအခါ စိုးရိမ်ခြင်းမရှိခဲ့ချေ။

ခွန်းလွန်လွင်ပြင်ကို တည်ထောင်ခြင်း

ကြောင့် ကောင်းကင်သည်လည်း ပိုမိုမြင့်မားလာသည်။ ကျန်းချန်ရှန်းသည် ခရမ်းရောင်တိမ်တိုက်နန်းတော်ကို ကောင်းကင် ၃၃ အလွှာသို့ ရွှေ့လိုက်သောအခါ ခွန်းလွန်လွင်ပြင်တစ်ခုလုံးကို ကြည့်နိုင်သည်။ ကောင်းကင် ၃၃လွှာ၏ နေရာကန့်သတ်ချက်ကို မဖုံးကွယ်ထားဘဲ ခွန်းလွန်လွင်ပြင်၏ အထက်တွင် ရပ်နေခြင်းနှင့် ညီမျှသည်။ သို့သော် ပထမ ကိုးလွှာမှလူများနှင့် ပြင်ပလူများ မမြင်နိုင်ပေ။

၎င်းတို့ ကောင်းကင် ၃၃လွှာသို့ ချဉ်းကပ်လာပါက ကန့်သတ်ချက်ကြောင့် ရှုပ်ထွေးသွားမည်ဖြစ်သည်။

ပိုင်ချီနှင့် ပိုင်လုံတို့ ခရမ်းရောင်တိမ်တိုက်နန်းတော်မှ ထွက်လာပြီး ခွန်းလွန်လွင်ပြင်ကို ချီးကျူးကာ ၎င်းတို့သခင်၏ ထူးခြားသော စွမ်းရည်များကြောင့် သက်ပြင်းချလိုက်မိသည်။

ကျန်းချန်ရှန်းသည် ၎င်းတို့၏ နားလည်မှုကို အကြိမ်ကြိမ် ပြန်လည် ဆန်းသစ်စေနိုင်သည်။ မူလင်းလော့ ထျန်းကျင်းမှ ပြန်လာသောအခါ ကျန်းချန်ရှန်းက ပိုင်ချီအား သူမကို ခေါ်ဆောင်လာရန်နှင့် ကောင်းကင်၃၃လွှာနှင့် ခွန်းလွန်လွင်ပြင် တည်ထောင်ခြင်းအကြောင်း သူမအား မိတ်ဆက်ပေးရန် တောင်းဆိုခဲ့သည်။

ကျန်းချန်ရှန်းနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း အကြောင်းစုံကြားပြီးသည်နှင့် မူလင်းလော့ တုန်လှုပ်သွားခဲ့သည်။

ထျန်းကျင်းရှိ ဧကရာဇ်စာကြည့်တိုက်တွင်.....

“ခွန်းလွန်လွင်ပြင်လား”

အိမ်ရှေ့မင်းသားကျန်းရှု လှုပ်ရှားသွားပြီး မယုံကြည်နိုင်သော အမူအရာကို ပြသခဲ့သည်။

ကျန်းဇီယုကတော့ သဲစားပွဲရှေ့တွင် ခါးထောက်လျက် ရပ်နေသည်။

“ဟုတ်တယ်... ဒီနေ့ကစပြီး သိုင်းလောက မရှိတော့ဘူး... ခွန်းလွန်လွင်ပြင်သာ ရှိတော့မယ်...ထျန်းကျင်းရဲ့ ပန်းတိုင်က ပိုကြီးလာပြီ၊ ဘာလို့လဲဆိုတော့ လောကကြီးက အဆတစ်ထောင်ကျော် ပိုကြီးလာလို့ပဲ! မင်း အဆင်သင့်ဖြစ်ပြီလား”.....

သူ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေမှာ ဤအကြောင်းကို သိလိုက်ရတော့ ပထမဆုံး အံ့အားသင့်သွားပြီး နောက်တော့ ပိုမို စိတ်လှုပ်ရှားမိခဲ့သည်။

သူ၏ အကြီးမားဆုံး စိတ်ဝင်စားမှုမှာ မင်းဆက်နယ်မြေကို ချဲ့ထွင်ရန် ဖြစ်သည်။လက်ရှိတွင် ထျန်းကျင်းသည် ရှည်ကြာသော စစ်ပွဲတွင် ရင်ဆိုင်နေရသော်လည်း ထိုစစ်ပွဲက အနာဂတ်ကို မျှော်လင့်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။

ကျန်းရှု မှိုင်တွေသွားသည်။ သူ၏ အဘိုးက အင်မော်တယ်နတ်ဘုရားတစ်ပါးဖြစ်သည်ကို သိသော်လည်း ၎င်းတို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် သူ့အပေါ် ယုံကြည်မှု နက်နဲခြင်း မရှိခဲ့ချေ။ သူသည် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေသို့ပင် မဝင်ခဲ့ဘဲ အရာအားလုံးသည် ဖြစ်သင့်သည့်အတိုင်း ဖြစ်သည်ဟုသာ တွေးခဲ့သည်။ ဤသည်မှာ သူ အရွယ်ရောက်လာကတည်းက ကြုံတွေ့ခဲ့ရဖူးသမျှထဲတွင် အထိတ်လန့်ဆုံး အရာဖြစ်သည်။

ယခုမူ သူ၏ ကံကြမ္မာ အမှန်တကယ် ကောင်းမွန်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ သူသည် ထျန်းကျင်းတွင် မွေးဖွားလာပြီး လောကကို ပေါင်းစည်းကာ လောက၏ ထူးခြားသော ဧကရာဇ်တစ်ပါး ဖြစ်လာရန် ရည်မှန်းထားသည်။

“မင်းအဘိုးရဲ့ အကာအကွယ် ရှိပေမယ့် လောကကို ပေါင်းစည်းဖို့ဆိုရင် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တယ်... မဟုတ်ရင် ဘယ်သူ လောကကို ပေါင်းစည်းသည်ဖြစ်စေ မင်းအဘိုးအတွက် အရေးမကြီးဘူး....”

ကျန်းဇီယုက ကျန်းရှု၏ စိတ်ဓာတ် မှားယွင်းသွားမည်ကို စိုးရိမ်သောကြောင့် သတိပေးခဲ့သည်။

ကျန်းရှုကတော့ ပုံမှန်မဟုတ်သော ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

ကျန်းဇီယုက သူ့သား စိတ်နဲ့ကိုယ်မကပ်သေးကြောင်း မြင်သောအခါ မနေနိုင်ဘဲ ရယ်မောလိုက်သည်။ သူ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေမှာတုန်းကလည်း ဒီလိုပါပဲ...

အခြားတစ်ဖက်တွင်.....

အဆုံးမဲ့ သမုဒ္ဒရာအတွင်းရှိ ထျန်းဂျန်တောင်ပေါ်၌........

“ခွန်းလွန်လွင်ပြင်လား.. မဖြစ်နိုင်ဘူး...”

ယဲ့ကလန်သား ယဲ့ဘိုးဘေး၏ မျက်လုံးများ ပြူးကျယ်လာပြီး မယုံကြည်နိုင် ဖြစ်နေသည်။

ကျန်းချန်ရှန်းကလည်း ခွန်းလွန်လွင်ပြင်အကြောင်း သတင်းကို တမင်တကာ ပေါက်ကြားစေခဲ့သည်။ သုံးပါးသော ကောင်းကင်အရှင်များ၏ ခွင့်ပြုချက်ဖြင့်သာ ယုံကြည်သူများက ထိုသတင်းကို ဖြန့်ဝေရဲခဲ့ကြပြီး ထိုအခါမှသာ ယဲ့ကျန်းကလည်း ယဲ့ဘိုးဘေးအား ပြောပြရဲခဲ့သည်။

မျက်စိနှင့် နားများ နေရာတိုင်းတွင် ရှိသည်မဟုတ်လော... တာအိုဘိုးဘေးက သဘောမတူသော မည်သည့်အရာကိုမျှ ပေါက်ကြားရဲသူ မရှိခဲ့ချေ။ တာအိုဘိုးဘေးက ၎င်းတို့၏ အတွေးများကို မြင်နိုင်သည်ဟု ဆိုကြသည်။

စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် ချန်မျိုးနွယ်ဝင်များ တိုးများလာသည်နှင့်အမျှ ယဲ့ကျန်းသည်လည်း အဓိက အဖြစ်အပျက်များစွာကို သိရှိလာခဲ့သည်။ ကောင်းကင်တရားရုံးက ဤကိစ္စကို လူသိရှင်ကြား ကြော်ငြာရန် သဘောတူသောကြောင့် သူသည် သူ၏ ဘိုးဘေးအား အရာအားလုံးကို ပြောပြခဲ့သည်။

ကောင်းကင်သူတော်စင်ကို မြှားသုံးချောင်းနဲ့ သတ်ပစ်ခဲ့တယ်...!

မြှားတစ်စင်းနဲ့ ကောင်းကင်မြစ်၏ မူလအစကို ဖျက်ဆီးတယ်..!

သိုင်းလောကပေါင်းများစွာကို ပေါင်းစည်းပြီး ခွန်းလွန်လွင်ပြင်ကို ဖန်တီးတယ်...!

ယဲ့ကျန်း ပြောလေလေ၊ ပို၍ စိတ်လှုပ်ရှားပြီး ဂုဏ်ယူလာလေလေ ဖြစ်သည်။ ယဲ့ကလန်၏ ဘိုးဘေးကတော့ နားထောင်ရင်း မှင်သက်နေလေတော့သည်။

All Chapters