← Chapters

နတ်ဘုရားစွမ်းအား ထပ်မံပေါ်လာခြင်း၊ အဆုံးမဲ့လေဟာနယ်ရှိ လောကများ.....

Vol. 26 Ch. 380

နတ်ဘုရားစွမ်းအား ထပ်မံပေါ်လာခြင်း၊ အဆုံးမဲ့လေဟာနယ်ရှိ လောကများ.....

Vol. 26 Ch. 380

ချန်ယွဲ့ချန်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် ကျန်းချန်ရှန်း၏ ပုံသဏ္ဍာန် ပို၍ကြီးမားလာပြီး ကောင်းကင်မြစ်နှင့် ကြယ်တာရာတစ်ခုလုံးကို လျင်မြန်စွာ ကျော်လွန်သွားသည်။ သူ မည်မျှကြီးမားသည်ကို ဖော်ပြရန် ခက်ခဲလှသည်။

ဤသည်မှာ ကျန်းချန်ရှန်း သိုင်းလောကများကို ပေါင်းစည်းခဲ့သည့်အချိန်ထက်ပင် ပိုမိုအံ့အားသင့်စရာကောင်းသည်။

သူတစ်ဦးတည်းသာမက၊ ခွန်းလွန်လွင်ပြင်၏ အပြင်ဘက်အစွန်းကို စောင့်ကြပ်နေသော ချန်မျိုးနွယ်စုမှ သိုင်းပညာရှင်များသည်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

ကံကောင်းစွာဖြင့် သူတို့အားလုံး တာအိုဘိုးဘေး၏ ပုံသဏ္ဍာန်ကို မှတ်မိကြသည်။ တောက်ပသော တုနှိုင်းမဲ့ယန်အလင်းတန်းက တာအိုဘိုးဘေး၏ ထင်ရှားသော ဝိသေသလက္ခဏာဖြစ်သောကြောင့် သူတို့ မကြောက်လန့်ကြပေ။

“မထိတ်လန့်ကြနဲ့.... ငါ ခွန်းလွန်လွင်ပြင်ကို ကြီးမားတဲ့ ကောင်းချီးမင်္ဂလာ ပေးနေတာပါ”

ကျန်းချန်ရှန်း၏ အသံ သူတို့၏ နားထဲသို့ ရောက်ရှိလာသောအခါ၊ သူတို့၏ စိတ်နှလုံးသားများ ချက်ချင်း ငြိမ်သက်သွားသည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်ရှန်း ပျောက်ကွယ်သွားပြီး ခွန်းလွန်လွင်ပြင်၏ အပြင်ဘက် လေဟာနယ်ကို မှောင်မိုက်ခြင်းများ ဖုံးလွှမ်းသွားသည်။

အမှန်စင်စစ် ကျန်းချန်ရှန်းက ခွန်းလွန်လွင်ပြင်ကို သူ၏ ညာလက်ဖြင့် ကိုင်ဆောင်ထားပြီး သူ၏ ညာလက်ကို အင်္ကျီလက်အတွင်း ဝှက်ထားခဲ့ခြင်းဖြစ်သည်။

ကျန်းချန်ရှန်းက ကိုယ်ပွားတစ်ခုကို ခွဲထုတ်ပြီး သူ့ပုံစံအတိုင်း ပြောင်းလဲခဲ့သည်။ သူ၏ မှော်ပစ္စည်းများပင်လျှင် ကိုယ်ပွားများဖြစ်ကြသော်လည်း ၎င်းတို့တွင် အမှန်တကယ် စွမ်းဆောင်ချက်များ မရှိပေ။

သူသည် လုရှန်ကျိုးနှင့် သိုင်းနတ်ဘုရားနယ်မြေ၏ အင်အားကို စမ်းသပ်ရန် ဤကိုယ်ပွားကို ချန်ထားခဲ့လိုပြီး လမ်းတစ်လျှောက်တွင် ကြီးမားသော ရှင်သန်မှု ဆုလာဘ်ကို ရယူလိုသည်။

ပြုလုပ်စရာရှိသည်များကို ပြုလုပ်ပြီးနောက် ကျန်းချန်ရှန်းက မြေပြင်မှ ၇၂သွယ်နတ်ဆိုးအသွင်ပြောင်းခြင်းကို အသုံးပြုကာ တိုင်ရှီးကလန်မှ သာမန်အဖွဲ့ဝင်တစ်ဦး၏ ပုံသဏ္ဍာန်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက် လေဟာနယ်မှ ခုန်ထွက်ခဲ့ပြီး ရွှမ်ဟွမ် မဟာလောကထဲတွင် စိတ်ရှိတိုင်း ရသွားလာရန် ဒြပ်စင်ငါးပါးအသွင်ပြောင်းခြင်းကိုလည်း အသုံးပြုခဲ့သည်။

ဒြပ်စင်ငါးပါးအသွင်ပြောင်းခြင်းက ဒြပ်စင်ငါးပါးကိုသာ ဖြတ်သန်းနိုင်စေသော်လည်း သူ၏ မှော်စွမ်းအားများ အစွမ်းထက်သောကြောင့် အာကာသကိုပင် ဖြတ်သန်းရန် မခက်ခဲပေ။

မကြာမီတွင် ရွှမ်ဟွမ် မဟာလောကသို့ ဆင်းသက်ခဲ့ပြီး သူ ဆုံးဖြတ်ထားသည့် ဦးတည်ရာသို့ အလျင်အမြန် သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ချောင်းမြောင်းကြည့်ရှုနေသော မျက်လုံးများကို မခံစားခဲ့ရပေ။ တာအိုပညာရပ်က သူ၏ ကိုယ်ပိုင်အော်ရာကို ဘာမှမရှိသလောက် လျှော့ချနိုင်သည်။ အကယ်၍ သိုင်းနတိဘုရားနယ်မြှေ ကျွမ်းကျင်သူများ အာကာသကို အလွယ်တကူ ဖြတ်ကျော်နိုင်ပြီး သူ၏ အော်ရာကို အာရုံခံနိုင်ပါက သူတို့ သူ့ကို အရင်ကတည်းက တိုက်ခိုက်ခဲ့ပြီး ဖြစ်လိမ့်မည်။

ကျန်းချန်ရှန်း အလွန်လျင်မြန်စွာ မပျံသန်းခဲ့ဘဲ ပျံသန်းနေစဉ် လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ခံစားခဲ့သည်။

ရွှမ်ဟွမ် မဟာလောကတွင် သိုင်းပညာဝိညာဉ်စွမ်းအင်သည် အလွန်ပေါများသည်။ လက်ရှိ ထျန်းကျင်းနှင့် ကောင်းကင်တရားရုံးတို့သည်ပင် ၎င်းနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ကွာခြားချက်မှာ ကောင်းကင်နှင့်မြေပြင်လိုပင်.....

ဤနေရာတွင် အလွန်အားကောင်းသည့် သတ္တဝါများစွာ မွေးဖွားလာနိုင်ခြင်းမှာ အံ့သြစရာမရှိပေ။

ဤနေရာတွင် သိုင်းပညာဝိညာဉ်စွမ်းအင် ဤမျှပေါများပါက ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်သည်လည်း အတူတူပင် ဖြစ်လိမ့်မည်။

အင်မော်တယ်တာအိုမှတစ်ဆင့် စုပ်ယူသော ဝိညာဉ်စွမ်းအင်သည် အခြေခံအကျဆုံးနှင့် အရှုပ်ထွေးဆုံး ဝိညာဉ်စွမ်းအင်ဖြစ်သည်။ အင်မော်တယ်တာအို၏မူလအစကိုလေ့လာဖို့ သဘာဝကို နားလည်ရန် လိုအပ်သည်၊ ၎င်းသည် လောက၏ နည်းဥပဒေများကို နားလည်ခြင်းနှင့် ညီမျှသည်။

ကျင့်ကြံမှုအတွက်အဆင့်သတ်မှတ်ချက်များ ရှိသော်လည်း သိုင်းပညာအတွက်ကတော့ အဆင့်သတ်မှတ်ချက်များ များစွာနိမ့်ကျသည်။ ကွာခြားချက်မှာ စိတ်ဝိညာဉ်အရင်းမြစ်များ တည်ရှိခြင်းပင် ဖြစ်နိုင်သည်။

ယခုအချိန်အထိ သူ မည်သည့်နယ်ပယ်တွင် ရှိနေသည်ကို ကျန်းချန်ရှန်း မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဦးတည်းသော အင်မော်တယ်ကျင့်ကြံသူ ဖြစ်နေသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် တာအိုကျင့်စဉ်၏ မည်သည့်အဆင့်များကို ကျော်ဖြတ်ပြီးသည်ကိုသာ သိရှိသည်။

သူတယောက်တည်းသာ အင်မော်တယ်ကျင့်ကြံသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ အနာဂတ်တွင် အင်မော်တယ်တာအိုကို တည်ထောင်သောအခါ ကျင့်ကြံမှုနယ်ပယ်ကို သူ ကိုယ်တိုင် ဆုံးဖြတ်ပေးလိမ့်မည်။

ကျန်းချန်ရှန်း ရှေ့သို့ ရွေ့လျားနေစဉ် ထိုအရာများကို စဉ်းစားနေခြင်းဖြစ်သည်။

လမ်းတစ်လျှောက်တွင် သူ့ဘေးမှ ဖြတ်သွားသော သိုင်းပညာရှင်များအားလုံး အလျင်လိုနေကြသည်။ သူတို့အားလုံး ရပ်တန့်ခြင်း သို့မဟုတ် သူ့ထံ ချဉ်းကပ်ခြင်း မပြုလုပ်ကြပေ။ နေရာတိုင်းတွင် အတူတူပင် ဖြစ်ပုံရသည်။ အကယ်၍ သူတို့သာ ရင်းနှီးမှုမရှိပါက အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားမည်ဖြစ်သည်။

သိုင်းနတ်ဘုရားနယ်မြေက အုပ်ချုပ်နေသဖြင့် ရွှမ်ဟွမ် မဟာလောကကြီး ငြိမ်းချမ်းနေပုံရသော်လည်း အမှန်တကယ်တွင်မူ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

နာရီပေါင်းများစွာကြာပြီးနောက်....

ကျန်းချန်ရှန်း အခက်အခဲနှင့် ကြုံခဲ့ရသည်။

“ကောင်လေး၊ မင်းရဲ့ သိုလှောင်ရတနာကို ချန်ထားခဲ့ရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်!”

လှောင်ပြောင် ရယ်မောသံ ထွက်ပေါ်လာသည်။ သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့က ဓားများစီးနင်း၍ သူ့ထံ ရောက်လာကြသည်။ သူတို့အားလုံးက ဓားသမားနှင့် ဓားသမားများ၏အော်ရာမျိုး မရှိကြပေ။ ယင်းအစား၊ သူတို့အားလုံးက ဓားပြများနှင့် ပို၍တူသည်။

ဦးဆောင်သူမှာ ကိုယ်ခန္ဓာတောင့်တင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ ထိပ်ပြောင်သော ဦးခေါင်းတွင် ကင်းခြေများကဲ့သို့ အမာရွတ်များ ပြည့်နေသည်။ သူ ယခင်က မည်သည့်အရာနှင့် ကြုံတွေ့ခဲ့ရသည်ကို စိတ်ကူးကြည့်ရန် ခက်ခဲသည်။

ထိုသူက ဓားတစ်ချောင်းပေါ်တွင် ရပ်နေပြီး ဓားတလက်ကို လက်ထဲတွင် ကိုင်ဆောင်ထားကာ ကြမ်းတမ်းသော အမူအရာဖြင့် ကျန်းချန်ရှန်းကို စိုက်ကြည့်နေသည်။

တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ်...

ကျန်သူများမှာ သိုင်းဧကရာဇ်များသာ ဖြစ်ကြသည်။

ရွှမ်ဟွမ် မဟာလောကတွင် သိုင်းဧကရာဇ်နယ်ပယ်အောက်ရှိ လူများ မရေမတွက်နိုင်အောင် ရှိကြသည်။ သို့သော် ၎င်းတို့အများစုသည် သိုင်းကမ္ဘာများစွာတွင် ရှိနေကြသည်။ သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးသူများသာ ကျယ်ပြောလှသော ကြယ်တာရာများတွင် လှည့်လည်သွားလာဝံ့ကြသည်။

ဤသူများသည် စကြဝဠာရှိ အဆင့်နိမ့်ဆုံး ဓားပြများဖြစ်သည်။ ကျန်းချန်ရှန်းက တစ်ယောက်တည်းဖြစ်ပြီး အန္တရာယ်ရှိသော အော်ရာ မထုတ်လွှတ်သည်ကို တွေ့သောအခါ သူ့ကို ပစ်မှတ်ထားခဲ့ကြသည်။

ကျန်းချန်ရှန်း စိတ်ထဲကနေ ညည်းတွားလိုက်မိသည်။ ယခင်ကသာ သူ တောင်ပေါ်မှ ဆင်းခဲ့ပါက သူသည်လည်း ထိုအရာမျိုးကို ကြုံတွေ့ခဲ့ရနိုင်သည်။

မဟုတ်ဘူး၊ သူ တောင်ပေါ်မှ ဆင်းခဲ့ပါက ကျန်းချန်ရှိ လူဆိုးများက သူ့ကို သတ်ပစ်ကြလိမ့်မည်။ ဤအဖြစ်အပျက်က လုယက်ခြင်းကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။

ကျန်းချန်ရှန်း ဘာမှမပြောခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော အော်ရာတခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သောကြောင့်ပင်....

ဝှစ်ခနဲ လေတိုးသံနှင့်အတူ ရှေးဟောင်းကြေးဝါဓားတစ်ချောင်းက ကြယ်တာရာ၏ အနက်ရှိုင်းဆုံးနေရာမှ အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းလာပြီး ထိပ်ပြောင်သူ၏ လည်ချောင်းကို ထိုးဖောက်သွားခဲ့သည်။ ကြယ်တာရာထဲတွင် သွေးများ ပျံ့ကျဲသွားပြီး ဓားပြငါးဦး၏ ခန္ဓာကိုယ်ကို ထပ်မံထိုးဖောက်သွားခဲ့သည်။ ကျန်သူများကတော့ ကြောက်လန့်တကြား ပြေးကုန်ကြပြီ....

ထိပ်ပြောင်ပြောင်အမျိုးသားကတော့ မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကာ ခေါင်းနဲ့ကိုယ် အိုးစားကွဲချေပြီ....

ကျန်းချန်ရှန်း ဒါတွေကို ဂရုမစိုက်ဘဲ သူ့ လမ်းကို ဆက်သွားခဲ့သည်။

သူ ယခင်အရှိန်ကို ထိန်းထားဆဲပင်.... အလွန်လျင်မြန်စွာ ပျံသန်းပါက မသင်္ကာဖွယ်ဖြစ်နေလိမ့်မည်။ အကယ်၍ သိုင်းနတ်ဘူရားနယ်မြေက လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါတစ်ဦးသာ ရွှမ်ဟွမ် မဟာလောကကို စူးစမ်းထောက်လှမ်းနေပါက ပြသာနာတက်သွားပေလိမ့်မည်....

ခဏအကြာတွင် နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“နောင်ကြီး.... ခဏစောင့်ပါဦး။”

ကျန်းချန်ရှန်းသည် နောက်လှည့်ကြည့်လိုက်ရာ ခါးတွင် ဓားနှစ်လက် ချိတ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ရှေးဟောင်းကြေးဝါဓားကို ကိုင်ဆောင်ထားရင်း ပျံသန်းလာသည်ကို တွေ့ရသည်။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားက သူ့ထံသို့ ရောက်လာပြီး သူ့နှင့် သင့်လျော်သော အကွာအဝေးကို ထိန်းထားသည်။

“နောင်ကြီး.. မထိတ်လန့်ပါနဲ့... ကျွန်တော်က အဲဒီဓားပြတွေလို လူမျိုးမဟုတ်ပါဘူး.... ခင်ဗျားကို ကယ်တင်ဖို့က ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ..ဒါကြောင့် နောင်ကြီး ကျေးဇူးတင်စရာ မလိုပါဘူး”

ကျန်းချန်ရှန်း ရယ်ချင်စိတ်ပေါက်သွားသည်။ သို့သော် တဖက်လူက သူ့ကို ကူညီရန် စေတနာကောင်းရှိခဲ့ပေသည်။ထိုသူ ဘာလုပ်နေလဲဆိုတာကို သူ သိချင်မိသည်။

ထိုသူသည် မူလကောင်းကင်အဓိပတိနယ်ပယ်တွင် ရှိပြီး အော်ရာကလည်း မီးတောက်အရှင်ထက် မနိမ့်ပေ။ သူသည် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ် သို့ မကြာမီ ရောက်ရှိနိုင်တော့မည်ဟု ယူဆနိုင်သည်။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားက လက်နှစ်ဖက်ကို ယှက်ကာ ပြုံးလျက်....

“ကျွန်တော်က လီချန်းဟိုင် (Li Canghai) ပါ.... နောင်ကြီးက ကောင်းကင်မြစ်ရဲ့မူလအရင်းမြစ်ငကို ပြန်လည်ပြုပြင်နေတဲ့ နေရာကနေ လာခဲ့တာကို တွေ့လိုက်လို့ပါ.... အဲဒီက အခြေအနေကို သိသလား..."

ကျန်းချန်ရှန်းက ခေါင်းခါပြီး “မသိပါဘူး.... အဲဒီဦးတည်ရာကလာခဲ့တာတော့ ဟုတ်ပါတယ်....ဒါပေမယ့် ကျုပ်လာခဲ့တုန်းက ခင်ဗျားပြောတဲ့ နေရာကိုကြည့်ဖို့ ဝေးလွန်းတယ်....”

လီချန်းဟိုင် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားသော်လည်း ပြုံးလိုက်ပြီး....

“နားလည်ပါပြီ။ ဒီလိုဆိုရင် ကျွန်တော် ခင်ဗျားကို ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး” ဟု ပြောကာ လက်နှစ်ဖက်ကို ယှက်၍နှုတ်ဆက်ကာ ထွက်ခွာရန် လှည့်လိုက်သည်။

သူ ထိုသို့ ထွက်ခွာသွားသည်ကို မြင်သောအခါ ကျန်းချန်ရှန်းက..... “ဘယ်လိုပဲဖြစ်ဖြစ်၊ မင်း ငါ့ကို ကယ်ခဲ့တာပဲ....မင်းကို မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အဆောင်တခု ပေးခဲ့မယ်....ဒါကို ကိုယ်နဲ့မကွာဆောင်ထားဖို့မမေ့နဲ့...”

ကျန်းချန်ရှန်း ပြောပြောဆိုဆိုနှင့် ဘယ်ဘက်လက်ကို မြှောက်ပြီး အဆောင်တခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။ လီချန်းဟိုင်က အဆောင်ကို ဖမ်းလိုက်ပြီး လှန်ကြည့်လိုက်ရာ အဝါရောင် အဆောင်စာရွက်ခေါက်လေး ဖြစ်နေသည်ကိုမြင်တော့ ပြုံးလိုက်ပြီး ဝတ်ရုံထဲထည့်သိမ်းပြီးနောက် ထွက်ခွာရန် လှည့်လိုက်သည်။

သူတို့နှစ်ဦး ဆန့်ကျင်ဘက် ဦးတည်ရာသို့ ပျံသန်းသွားကြပြီး နောက်လှည့်မကြည့်ကြပေ။

ထိုအဖြစ်အပျက်ပြီးနောက် ကျန်းချန်ရှန်း အရှိန်ကို စတင်မြှင့်တင်ခဲ့သည်။ နယ်မြေကိုးခု ကောင်းကင်လှေမှ ဝေးလေလေ သူ့အတွက် ပိုမိုလုံခြုံလေလေပင်....

အနည်းဆုံးတော့ သိုင်းနတ်ဘုရားနယ်မြေ၏ အာရုံစိုက်မှုက ကောင်းကင်လှေပေါ်တွင်သာ ရှိနေသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ဤကာလအတွင်း အခါအားလျော်စွာ အတားအဆီးများနှင့် ကြုံတွေ့ရသော်လည်း လီချန်းဟိုင်လို ဖြောင့်မတ်သူများကို ထပ်မံမတွေ့ရပေ။ အခက်အခဲများကို ကျန်းချန်ရှန်းကိုယ်တိုင်ဖြေရှင်းခဲ့သည်။

နတ်ဘုရားစွမ်းအား စကြဝဠာလက်ဝါးပညာရပ်ကိုသုံးခြင်းက သူ၏ မှော်စွမ်းအားများစွာကို ကုန်ဆုံးစေသည်။ ကံကောင်းထောက်မစွာဖြင့် တာအိုကမ္ဘာက သူ့အား အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များကို ထောက်ပံ့ပေးခဲ့ပြီး ၎င်းကို မှော်စွမ်းအားအဖြစ် ပြောင်းလဲခဲ့သည်။

မကြာမီတွင် ကျန်းချန်ရှန်းတယောက် ရွှမ်ဟွမ် မဟာလောက၏ အစွန်းသို့ ရောက်ရှိလာခဲ့သည်။ သူ့ရှေ့တွင် လုံးဝမှောင်မိုက်နေပြီး ကြယ်များမှ အလင်းရောင်များလည်းမရှိပေ။

မှောင်မိုက်နေသည်မှာ စကြဝဠာ၏ အဆုံးကဲ့သို့ပင်....

ဤနေရာကို အဆုံးမဲ့လေဟာနယ်ဟု ခေါ်သည်။ တိုင်ရှီးချန်၏ မှတ်ဉာဏ်တွင် အဆုံးမဲ့လေဟာနယ်သည် ရွှမ်ဟွမ် မဟာလောက၏ ကန့်သတ်နယ်မြေဖြစ်သည်။ ရန်သူများက လိုက်လံဖမ်းဆီးခံရပြီး သိုင်းနတ်ဘုရားနယ်မြေက အလိုရှိနေသော ဝရမ်းပြေးများစွာ အဆုံးမဲ့လေဟာနယ်အတွင်းသို့ ထွက်ပြေးကြသည်။ ရှေးဟောင်းဂိုဏ်းများသည်ပင် အဆုံးမဲ့လေဟာနယ်တွင် ပုန်းအောင်းနေလိုကြသည်။

အဆုံးမဲ့လေဟာနယ်က ကြီးမားလွန်းသဖြင့် သာမန်သိုင်းပညာရှင်များ အတွင်းသို့ ဝင်ရောက်သောအခါ ဦးတည်ရာကို ခွဲခြားရန် ခက်ခဲလိမ့်မည်။

ထို့အပြင် အထဲသို့ ဝင်ရောက်ပြီးသည်နှင့် ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

ကျန်းချန်ရှန်း စိတ်ဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။ သူ့ကို မည်သူမျှ အာရုံမစိုက်ကြောင်း သေချာပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ လေဟာနယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

အဆုံးမဲ့လေဟာနယ်အတွင်းသို့ ဝင်ရောက်သည့်အခိုက်အတန့်တွင် ထူးဆန်းသော နည်းဥပဒေစွမ်းအားကို ခံစားခဲ့ရသည်။ ဤနည်းဥပဒေစွမ်းအားများက အဘယ်အရာဖြစ်သည်ကို ရှင်းပြနိုင်ခြင်းမရှိသော်လည်း ဤနေရာတွင် ဦးတည်ချက် အလွယ်တကူ ပျောက်ဆုံးနိုင်သည်ကတော့ သေချာသည်။

ကျန်းချန်ရှန်း အရှိန်အပြည့်ဖြင့် ရှေ့သို့ စတင်ပျံသန်းနေစဉ် အစွမ်းထက်သော သတ္တဝါများနှင့် မတွေ့ဆုံစေရန် စိတ်ဝိညာဉ်စွမ်းအားကို ပတ်ဝန်းကျင်နေရာတစ်လျှောက် အဆက်မပြတ် ဖြန့်ကျက်ခဲ့သည်။

ယုတ္တိကျစွာပြောရလျှင် အဆုံးမဲ့လေဟာနယ်တွင် သိုင်းနတ်ဘုရားနယ်မြေထက် ပိုမိုအားကောင်းသည့် အင်အားစုများ ရှိသင့်သည်။ မဟုတ်ပါက သိုင်းနတ်ဘုရားနယ်မြေက လွန်ခဲ့သည့် အချိန်အကြာကြီးကတည်းက ထိုသူတို့ကို သုတ်သင်နိုင်ခဲ့ကြပြီး ဖြစ်လိမ့်မည်။

သိုင်းနတ်ဘုရားနယ်မြေ၏ မျက်စိအောက်တွင် နေထိုင်ခြင်းထက် ဤနေရာသို့ လာခြင်းက ပိုမိုလုံခြုံသည်။

ကျန်းချန်ရှန်း လပေါင်းများစွာ ပျံသန်းပြီးမှသာ ရပ်တန့်ခဲ့သည်။ ယခုအခါ ရွှမ်ဟွမ် မဟာလောကနှင့် အလွန်ဝေးကွာနေပြီဖြစ်သော်လည်း ရှေ့သို့ ဆက်လက်သွားနိုင်သေးသည်။ သို့သော် ရှေ့ဆက်သွားပါက အခက်အခဲအချို့နှင့် ကြုံတွေ့ရနိုင်သည်။

ကျန်းချန်ရှန်း ခွန်းလွန်လွင်ပြင်ကို ထုတ်လွှတ်လိုက်ပြီး ကျယ်ပြန့်သော ခွန်းလွန်လွင်ပြင်ကြီးသည်လည်း မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူသည် စကြဝဠာဓား ၃၆ ချောင်းကို ထုတ်ယူပြီး ခွန်းလွန်လွင်ပြင်ကို ဝန်းရံထားခဲ့သည်။

ထို့အပြင် ခွန်းလွန်လွင်ပြင်၏ တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် အစီအရင်တစ်ခုကို ပုံဖော်ခဲ့ပြီး ၎င်းကို မှောင်မိုက်မှုအတွင်း ပျောက်ကွယ်သွားစေခဲ့သည်။

ကျင့်ကြံနေစဉ် တာအိုကို နားလည်ပြီး သူ့ကိုယ်တိုင် အစီအရင်များကို လေ့လာခဲ့သည်။ အာကာသဆိုင်ရာ နည်းဥပဒေများအပေါ် သူ၏ ထိုးထွင်းသိမြင်မှုများကို နေနှင့်လ စကြဝဠာဓားအစီအရင်တွင် ပေါင်းစည်းခဲ့သည်။ ခွန်းလွန်လွင်ပြင်၏ တည်ရှိမှုကို ဖုံးကွယ်ရန် မခက်ခဲသော်လည်း မမြင်နိုင်ရုံသာ ဖြစ်သည်။

အစွမ်းထက်သော သတ္တဝါတစ်ဦး ချဉ်းကပ်လာပါက ခွန်းလွန်လွင်ပြင်၏ ကျယ်ပြန့်သော အော်ရာကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ကျန်းချန်ရှန်း၏ အသံ ချန်မျိုးနွယ်စုဝင်များ၏ နားထဲတွင် ပဲ့တင်ထပ်ခဲ့သည်။

“ငါ ခွန်းလွန်လွင်ပြင်ကို အဆုံးမဲ့လေဟာနယ်ကို ရွှေ့လိုက်ပြီ.... အပြင်ဘက်အစွန်းမှာရှိတဲ့ ဒီဓားတွေဟာ ငါ့ရဲ့ဓားတွေပဲ.... ဓားအစီအရင် နယ်နိမိတ်အပြင်ဘက်ကို မပျံသန်းပါနဲ့။ အပြင်ဘက်က အရမ်းအန္တရာယ်များတယ်....”

ကျန်းချန်ရှန်း၏ စကားလုံးများက ချန်မျိုးနွယ်စုဝင်အားလုံးကို တုန်လှုပ်စေခဲ့သည်။

အဆုံးမဲ့လေဟာနယ်?

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

အောက်လောကတွင် စကြဝဠာတစ်ခုထက်မက ရှိသော်လည်း ၎င်းတို့အားလုံး အဆုံးမဲ့လေဟာနယ်မှ အလွန်ဝေးကွာသော ရွှမ်ဟွမ် မဟာလောကတွင် စုစည်းနေကြသည်။ တာအိုဘိုးဘေးက သူတို့မသိဘဲ သူတို့ကို အဆုံးမဲ့လေဟာနယ်သို့ မည်သို့ ခေါ်ဆောင်လာခဲ့သနည်း။

ချန်ယွဲ့ချန်သည်လည်း ထိုမေးခွန်းကို စဉ်းစားရင်း မှင်တက်သွားခဲ့သည်။

ထို့နောက်သူ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလေတော့သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က တာအိုဘိုးဘေး ရုတ်တရက် အရွယ်အစား အလွန်ကြီးမားလာခဲ့သည်။ ဒါဟာ ခွန်းလွန်လွင်ပြင်ကို အဆုံးမဲ့လေဟာနယ်သို့ သယ်ဆောင်သွားခြင်း ဖြစ်နိုင်ပါသလား....

ဒါပေမယ့် ဒီလိုကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ သူ ဘယ်လိုလုပ်ခဲ့တာလဲ.....

ထို့အပြင် သိုင်းနတ်ဘုရားနယ်မြေက အဘယ်ကြောင့် သတိမထားမိသနည်း။

ခဏလေး!

တာအိုဘိုးဘေး အရွယ်အစား ပိုကြီးလာတာ မဟုတ်ဘဲ သူတို့ ပိုသေးသွားတာ မဟုတ်ဘူးလား.....

ဒီလိုတွေးလိုက်တော့ ချန်ယွဲ့ချန် ချွေးအေးများ ထွက်လာသည်။ ဤမှန်းဆချက်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။

သို့သော် သူ ဆက်လက်မတွေးဘဲ မနေနိုင်ခဲ့ပေ။ တာအိုဘိုးဘေး၏ အရွယ်အစား မည်မျှကြီးမားသည်ကို ပြန်တွေးကြည့်ရင်း ခွန်းလွန်လွင်ပြင်သည် မည်မျှသေးငယ်သွားခဲ့သလဲကိုပါတွေးနေမိတော့သည်။

ကျန်းချန်ရှန်းကတော့ သက်ပြင်းချကာ မျက်လုံးများကို မှိတ်ပြီး ကျင့်ကြံခဲ့သည်။

ပိုင်ချီနှင့် မူလင်းလော့တို့က သူ ဘာလုပ်ခဲ့လဲဆိုတာကို မမေးကြပေ။ သူတို့ မကူညီနိုင်သရွေ့ ဒုက္ခမပေးဘဲ နေခြင်းက ပိုကောင်းသည်မဟုတ်ပေလော....

ကျန်းချန်ရှန်း၏ မှော်စွမ်းအားများ ပြန်လည်ပြည့်ဝလာသောအခါ အသိစိတ် လွင့်မျောသွားပြီး ခွန်းလွန်လွင်ပြင်မှ ခုန်ထွက်သွားသည်။ သူသည် ဤပတ်ဝန်းကျင်တွင် ရန်သူများ ရှိမရှိ စစ်ဆေးလိုခဲ့သည်။

ခဏအကြာတွင်...

ကျန်းချန်ရှန်းသည် ရုတ်တရက် စကားမပြောနိုင်ဖြစ်သွားသည်။

ထိုသို့သော အတွေးများရှိသူသည် သူတစ်ဦးတည်းသာ မဟုတ်ကြောင်း သိလိုက်ရချေပြီ..... အခြားလောကများစွာသည်လည်း ထိုသို့သော အတွေးများ ရှိခဲ့ကြသည်။

သူ သိုင်းကမ္ဘာ ဆယ်ခုထက်မနည်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ခွန်းလွန်လွင်ပြင်ထက် အဆတစ်ရာ ပိုကြီးသော လောကများပင် ရှိသည်။ ၎င်းတို့အားလုံး အမှောင်ထဲတွင် ပုန်းအောင်းနေကြပြီး တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာနေကြသည်။

သိုင်းပညာရှင်များ၏ အော်ရာများအပြင်

အခြားအော်ရာများကိုလည်း အာရုံခံမိခဲ့သည်။

အလွန်ထူးဆန်းသောအော်ရာများက ကျင့်ကြံမှုတာအို သို့မဟုတ် သိုင်းပညာတာအိုနှင့် မသက်ဆိုင်ပေ။ဤအချက်က ရှေးဟောင်းဂိုဏ်းကို သတိရစေခဲ့သည်။

ဤလူများသည်လည်း ကြီးမားသောလောကတစ်ခုတွင် ပုန်းအောင်းနေကြသော်လည်း သူတို့ပိုင်ဆိုင်သည့် လူအရေအတွက်က အခြားကြီးမားသောလောကများနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးသည်။

အဆုံးမဲ့လေဟာနယ်တွင် အမှန်တကယ်ပင် လူများ ပြည့်နှက်နေပါသလား......

All Chapters