သိုင်းတာအို တစ်ခုတည်းသာ....နတ်ဘုရားသိုင်းသူတော်စင် တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာခြင်း......
Vol. 26 Ch. 381
ကျန်းချန်ရှန်း၏ အသိစိတ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာခဲ့သည်။ လက်ရှိတွင် သိုင်းကမ္ဘာ၂၆ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အချို့တွင် ရှေးဟောင်းဂိုဏ်းများမှ ဖြစ်နိုင်သည်ဟု သံသယရှိရသော လျှို့ဝှက်ဆန်းကြယ်သော အော်ရာများ ပါဝင်သည်။ သို့သော် ဤကမ္ဘာများက တစ်ခုနှင့်တစ်ခု အနှောင့်အယှက်မပေးသောကြောင့် သတိပြုမိအောင် မလုပ်ခဲ့ပေ။
ခွန်းလွန်လွင်ပြင်နှင့် အနီးဆုံး သိုင်းကမ္ဘာပင်လျှင် အလွန်ဝေးကွာလှသည်။ အကယ်၍ သိုင်းဧကရာဇ်တစ်ဦး အရှိန်အပြည့်ဖြင့် သွားလာပါက ထောင်ပေါင်းများစွာသော နှစ်များ ကြာမြင့်နိုင်သည်။
ယေဘုယျအားဖြင့်၊ ခွန်းလွန်လွင်ပြင် ခေတ္တခဏ လုံခြုံနေသည်ဟုဆိုနိုင်သည်။
"သိုင်းတာအိုက တကယ်ကို ကျယ်ပြန့်တယ်....၃,၀၀၀သော မဟာတာအိုတွေက နားလည်ဖို့ ခက်ခဲတယ်"ဟု.ကျန်းချန်ရှန်း တိတ်တဆိတ် တွေးလိုက်သည်။
သိုင်းတာအို မည်သို့ ပေါ်ပေါက်လာသည်ကို သူ အံ့သြနေမိချေပြီ....
ပြောရလျှင်၊ ယခင်ဘဝက တရုတ်နိုင်ငံတွင် သိုင်းပညာများ ရှိခဲ့သည်။ ၎င်းတို့က အသေးအမွှားများဖြစ်သော်လည်း ရှေးဟောင်းသိုင်းပညာများအဖြစ် တည်ရှိခဲ့သည်။ အချို့သော ကျွမ်းကျင်သူများက တရုတ်နိုင်ငံတွင် အင်မော်တယ်ကျင့်ကြံမှုနှင့် သိုင်းပညာ၏ အမွေအနှစ်များကို ချန်ထားခဲ့ခြင်း ဖြစ်နိုင်ပါသလား...
သို့သော် အင်မော်တယ်တာအိုနှင့် သိုင်းတာအို၏ အစစ်အမှန် အစိတ်အပိုင်းများ ထိုနေရာတွင် မရှိတော့ပေ။ ကျန်ရှိနေသည်မှာ ၎င်း၏ လှုပ်ရှားမှုများနှင့် အချက်အလက်အချို့သာ ဖြစ်သည်။ အနှစ်သာရမရှိသောကြောင့် ရသလောက်အချက်အလက်အချို့ကိုလေ့လာပြီး ကျင့်ကြံသူများက စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံသော ဘုန်းတော်ကြီးများနှင့် သက်သတ်လွတ်စားပြီး သိုင်းပညာကိုလေ့ကျင့်ကြသူများဖြစ်ကုန်ကြသည်။
ကျန်းချန်ရှန်းကတော့ ကျင့်ကြံခြင်းက တစ်ခါတစ်ရံ ငြီးငွေ့ဖွယ်ကောင်းသောကြောင့် ဤမေးခွန်းများကို တွေးတောရခြင်းကို နှစ်သက်သလိုပင်ခံစားနေမိတော့သည်။
မကြာမီ အနာဂတ်တွင် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ မည်သည့် သိုင်းကမ္ဘာ ပြိုင်ဆိုင်မှုမှ မရှိတော့ဘဲ သိုင်းနတ်ဘုရားနယ်မြေ၏ ခြိမ်းခြောက်မှုလည်း သူ့ခေါင်းပေါ်တွင် မကျရောက်တော့ပေ။
သူ လုပ်ဆောင်လိုသည်မှာ ခွန်းလွန်လွင်ပြင်ကို သီးခြားလောကတစ်ခုအဖြစ် ပုံဖော်ပြီး နံသာတိုင်အမှတ်များ တတ်နိုင်သမျှ များများရရှိရန် ဖြစ်သည်။
နတ်ဘုရားစွမ်းရည်များကိုပြသခြင်းဖြင့် နံ့သာတိုင်အမှတ်များ ချက်ချင်းရရှိနိုင်သော်လည်း သာမန်ပြည်သူများက သူ၏ တည်ရှိမှုကို အသားကျလာပြီး အနာဂတ်တွင် ပို၍သာ အသားကျလာမည်ဖြစ်သည်။
ကောင်းကင်တရားရုံးက သူ၏ တည်ရှိမှုကို မြှင့်တင်ပေးရုံနှင့် လုံလောက်မည်။
ပြင်ပခြိမ်းခြောက်မှုများ မရှိလျှင် ပြည်တွင်းပြဿနာများ ပေါ်ပေါက်လာလိမ့်မည်။ ထို့ကြောင့် သတ္တဝါအားလုံးနှင့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားရမည်။ မဟုတ်ပါက သူ မည်သူ့ကို ကူညီမည်ကို ပြောရန် ခက်ခဲသည်။ သူ မမျှတပါက ဟန်ချက်ပျက်ရန် လွယ်ကူသည်။
"မြင့်မားတဲ့ တံတိုင်းတစ်ခု တည်ဆောက်ပြီး စပါးတွေ စုဆောင်းပါ.... ဖြည်းဖြည်းချင်းလုပ်ဆောင်ရမယ်....... ရှေးဟောင်းတရုတ်လူမျိုးတွေရဲ့ ဉာဏ်ပညာကို ယုံကြည်ရမယ်..."
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး ခွေးခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။
မဟုတ်သေးဘူး.... ဝံပုလွေခေါင်းဆိုပိုမှနိမယ်.....
ကျန်းချန်ရှန်းက သူမ၏ ခေါင်းကို ပွတ်သပ်သောအခါ ပိုင်ချီကတော့ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် နစ်မြုပ်နေသည်။ ကျန်းချန်ရှန်း သူမဉီးခေါင်းကိုပွတ်သတ်ပေးသောအခါ ပိုင်ချီက ခြေလက်လေးဖက်မိုးပေါ်ထောင်၍ ပျော်မြူးနေလေသည်။
ဒီအပြုအမူကိုမြင်တော့ ကျန်းချန်ရှန်း မရယ်ဘဲ မနေနိုင်တော့ပေ.....
...
ကျန်းချန်မြို့ရှိ.... ဝိညာဉ်တောင်တွင်....
မီးတောက်အရှင်က ကျန်းဇီယု၏ ဘေးတွင် ရပ်နေပြီး သူတို့ရှေ့က တရားထိုင်နေသော လူဆယ်ဦးကို ကြည့်နေကြသည်။ ဤလူဆယ်ဦးသည် စစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက် ရွေးချယ်ထားသော အရည်အချင်းအရှိဆုံး လူများဖြစ်သည်။
"သူတို့က အရမ်းငယ်သေးတယ်။ သူတို့ သိုင်းဧကရာဇ်တွေ ဖြစ်လာဖို့ အချိန်ယူရလိမ့်မယ်၊ ဒါပေမယ့် သူတို့ အောင်မြင်မှာ သေချာပါတယ်...."
မီးတောက်အရှင်က ပြုံးလိုက်ပြီး သူ့အကြည့်ထဲတွင် ကြီးမားသော မျှော်လင့်ချက်များကို ဖော်ပြနေသည်။
ယခု သိုင်းကမ္ဘာများစွာကို ပေါင်းစည်းထားပြီဖြစ်ရာ သူသည် မြေကြောများကို ထပ်မံစုပ်ယူရန် မဝံ့ရဲတော့ပေ။ ထို့ကြောင့် ထျန်းကျင်းအတွက် ငြိမ်းချမ်းစွာ အလုပ်လုပ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ထျန်းကျင်းအပေါ်သံယောဇဉ်တွယ်လာပြီး အနာဂတ်ကိုပင် မျှော်လင့်နေခဲ့သည်။
သူ ဤနေရာသို့ ရောက်လာစဉ်က သူ့ထက် အားကောင်းသူ မရှိခဲ့ပေ။ ထို့ကြောင့် ထျန်းကျင်း ပိုမိုအားကောင်းလာသည်ကို မြင်ပြီးနောက် ဖခင်တစ်ဦး၏ ခံစားချက်မျိုး သူ့တွင် ရှိလာခဲ့သည်။
ကျန်းဇီယုက ပြုံးလိုက်ပြီး “မစိုးရိမ်ပါနဲ့.... အချိန်တွေ အများကြီးရှိပါသေးတယ်.....ငါကလည်း တခြား ဧကရာဇ်တွေလို စောစော သေမှာ မဟုတ်ပါဘူး” ဟု ပြောလိုက်တော့ မီးတောက်အရှင်က ခေါင်းညိတ်လိုက်သည်။
ဤကိစ္စက သူ့ကိုလည်း အံ့အားသင့်စေခဲ့သည်။
ကျန်းချန်၏ ကံကြမ္မာက အခြား ကံကြမ္မာမင်းဆက်များနှင့် လုံးဝကွဲပြားပြီး ရွှမ်ဟွမ် မဟာလောကရှိ မင်းဆက်များ၏ ကံကြမ္မာနှင့်လည်း ကွဲပြားသည်။ သို့သော် ထျန်းကျင်းက သိုင်းတာအိုတွင် အမြစ်တွယ်နေဆဲဖြစ်သောကြောင့် သူသည် ၎င်းနှင့်ပတ်သက်၍ များများစားစား မတွေးခဲ့ပေ။
“ဒါနဲ့၊ အရှင်မင်းကြီး၊ ကျွန်တော်တို့ ထျန်းကျင်းတောင်မှာရှိတဲ့ ယဲ့ကျန်းကို စည်းရုံးနိုင်ပါတယ်။ နှစ် ၅၀၀ က ကျွန်တော်တို့အတွက် အချိန်အကြာကြီး မဟုတ်ပေမယ့် သူ့ခင်မျာ နှစ် ၁၀၀ ကျော် အဖိနှိပ်ခံခဲ့ရတာပါ”
မီးတောက်အရှင်က ထိုသို့ သတိပေးသည်။ သူသည်လည်း ယဲ့ကလန် အကြောင်းကို ကြားဖူးသည်။ ယခုအခါ သိုင်းနတ်ဘုရားနယ်မြေ၏ ခြိမ်းခြောက်မှု မရှိတော့ပေ။ ခွန်းလွန်လွင်ပြင်၏ လက်ရှိ အခြေအနေအရ ယဲ့ကျန်းကို စည်းရုံးခြင်းက ထျန်းကျင်းအတွက် အကျိုးရှိပေလိမ့်မည်။
ကျန်းဇီယုက .... “ဟုတ်တယ်.... သူ့ကို ငါ မမေ့ပါဘူး။ စိတ်ချပါ၊ ငါ သူ့ကို စည်းရုံးပြီးပြီ”
မီးတောက်အရှင်သည် အံ့အားသင့်စွာ မေးသည်က....
“ လူလွှတ်ပြီး သူ့ကို ရှာခိုင်းလိုက်တာလား?”
ကျန်းဇီယုက ပြုံးသော်လည်း ဘာမှမပြောခဲ့ပေ။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ၏ တည်ရှိမှုကို ပြင်ပလူများအား ထုတ်ဖော်၍ မရပေ။ မီးတောက်အရှင် ထိုနယ်မြေသို့ ဝင်ရောက်ပြီးသည်နှင့် သူ့အလိုလို သိလာလိမ့်မည်။
ယဲ့ကျန်းက ဖိနှိပ်ခံနေရသော်လည်း ထိုနေရာတွင် တက်ကြွစွာ လှုပ်ရှားနေခဲ့ပြီး အနည်းငယ်မျှပင် ဒုက္ခဆင်းရဲ မခံစားခဲ့ရပေ။ ဤလူသည်လည်း အလွန် ရက်ရောသည်။ သူသည် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် ယဲ့ကလန်အတွက် နေရာတစ်ခုကို ထွင်းထုပေးခဲ့ပြီး သူသိသော သိုင်းပညာနည်းစနစ်များကို လူတိုင်းမြင်နိုင်ရန် ကျောက်နံရံများတွင် ထွင်းထုထားခဲ့သည်။
ယဲ့ကျန်းက ထိုသို့သော အရာမျိုးကို ပထမဆုံး လုပ်ဆောင်သူ မဟုတ်ပေ။ သူတို့အားလုံး တာအိုဘိုးဘေးကို အတုယူနေကြခြင်း ဖြစ်သည်။ သို့သော် လူတိုင်း ထိုသို့ပြုလုပ်ရန် အရည်အချင်းပြည့်မီခြင်း သို့မဟုတ် ဆုံးဖြတ်ချက် ခိုင်မာခြင်း မရှိပေ။ ထိုသို့ပြုလုပ်သူတိုင်း ကြီးမားသော နာမည်ကောင်းကို ရရှိခဲ့သည်။
မီးတောက်အရှင် ကျန်းဇီယု၏ အမူအရာကို ကြည့်ပြီး ပို၍ပင် ဇဝေဇဝါဖြစ်လာခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် ထျန်းကျင်းတွင် ပိုမိုကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသည်ဟု ခံစားခဲ့ရသည်။ ထိုသို့သော အပြုံးမျိုးကို တရားရုံးတစ်ခုလုံးတွင် သူ တစ်ကြိမ်ထက်မက မြင်ဖူးခဲ့သည်။
...........
ကျယ်ပြောလှသော ကြယ်တာရာများထဲ တွင် နယ်မြေကိုးခု ကောင်းကင်လှေကြီး တိတ်ဆိတ်စွာ ပျံဝဲနေသည်။
လီချန်းဟိုင်က ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် ရပ်နေပြီး ကောင်းကင်မြစ်အစီအရင်ကို အဝေးမှ ကြည့်နေသည်။
ကောင်းကင်မြစ်အစီအရင်ကို ကျောက်တိုင်ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ ဤကျောက်တိုင်ရှစ်ခုကို မတူညီသော ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး အမျိုးမျိုးသော ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည်။ တစ်ခုချင်းစီတိုင်းက ကြီးမားလှပြီး ကျောက်တိုင်များကို ဝန်းရံထားသော သစ်သားသင်္ဘောများပင် ပုရွက်ဆိတ်များသဖွယ် သေးငယ်နေပြီး ကျောက်တိုင်ရှစ်ခု၏ ထိပ်တွင် မြင့်မားသော ပလ္လင်တစ်ခုပင် ရှိနေသည်။
အစိမ်းရောင်ဝတ်စုံ လေထဲတွင် လွင့်နေပြီး လီချန်းဟိုင်၏ အကြည့်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“ဟေး....နာမည်ကြီး ဓားတာအိုပါရမီရှင် လီချန်းဟိုင်တယောက် အချစ်အကြောင်း စဉ်းစားနေတာလား”
နောက်ပြောင်လိုသော ရယ်မောသံ ထွက်ပေါ်လာပြီး ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ပျံသန်းလာပြီး သူ့ဘေးတွင် ဆင်းသက်လာသည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားက ရုပ်ရည်ချောမောပြီး လီချန်းဟိုင်ထက် ပိုမိုငယ်ရွယ်ပုံရသည်။ သူ၏ ဆံပင်ရှည်များကို ပေါ့ပေါ့ပါးပါး စုစည်းထားပြီး သူ့ခန္ဓာကိုယ်တွင် လက်နက်မပါရှိပေ။ကောက်ရိုးဦးထုပ်ကို ကျောတွင် လွယ်ထားပုံက သိုင်းဝတ္ထုတစ်ပုဒ်မှ သူရဲကောင်းတစ်ဦးကဲ့သို့ပင် ထင်ရစေသည်။
လီချန်းဟိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသထွက်နေဟန်ဖြင့် ....
“သိုင်းနတ်ဘုရားနယ်မြေက ဒီနေရာမှာ ပုံမမှန်တာတစ်ခုကို ဖိနှိပ်နေတယ်.... မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ? မိုမိသားစုက ပြဿနာဖြစ်မှာကို မကြောက်ဘူးလား” ဟု ခပ်ဆတ်ဆတ်မေးလိုက်သည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသား၏ နာမည်မှာ မိုပုနီဖြစ်သည်။ ထိုသူ ခါးထောက်ပြီး ခမ်းနားထည်ဝါသော ကောင်းကင်မြစ်အစီအရင်ကို ကြည့်ကာ....
“မိုမိသားစုကတော့ ကြောက်ကြတာပေါ့... ဒါပေမယ့် ငါကတော့ မကြောက်ဘူး.... ဒဏ္ဍာရီလာ လုရှန်ကျိုး တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာတော့မယ်လို့ ကြားတယ်.... သိုင်းပညာ လေ့ကျင့်ဖို့အတွက် သူက ငါရဲ့ ပန်းတိုင်ပဲ... ဒါကြောင့် သူတိုက်ခိုက်တာကို ကြည့်ဖို့ လက်လွတ်ခံလို့မဖြစ်ဘူး.... ဒါ့အပြင် သိုင်းနတ်ဘုရားနယ်မြေက ပတ်ဝန်းကျင်က သိုင်းပညာရှင်တွေကို ခေါ်ယူနေတယ်....ငါသာ ွ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ရင် လုရှန်ကျိုးအတွက် အလုပ်လုပ်ချင် လုပ်ပေးနိုင်မှာ...” ဟု ပြောလိုက်သည်။
လီချန်ဟိုင်က နှာခေါင်းရှုံ့ပြီး ......“မင်းရဲ့ အင်အားနဲ့ဆို လုရှန်ကျိုး မင်းကို သဘောကျမှာ မဟုတ်ဘူးထင်တယ်..... မင်း သူ့လက်အောက်ငယ်သားဖြစ်ဖို့ ကြိုးစားရင်တောင် အောင်မြင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။
“မင်းရဲ့ စကားတွေက တကယ်ကို ဆိုးဝါးလိုက်တာ။ မင်းက ငါ့ထက် နည်းနည်းလေး ပိုအားကောင်းရုံပဲ မဟုတ်လား? အရင်တုန်းက မင်း ကြယ်တာရာတွေထဲ လှည့်လည်တုန်းကဆို သူခိုးတွေ မင်းကို ဓားစာခံအဖြစ် ဖမ်းထားတုန်းက ငါပဲ ကယ်ခဲ့တာလေ.... အဲဒီတုန်းက မင်း ငါ့ကို အစ်ကိုမိုလို့ ခေါ်နေခဲ့တာ.... အခုတော့ မင်း ငါ့ကို အထင်သေးနေပြီပေါ့....”
မိုပုနီက မကျေမနပ်ဖြစ်သော အမူအရာဖြင့် ငယ်ကျိုးငယ်နာဖော်လောတော့ လီချန်းဟိုင် ပြုံးလိုက်မိသည်။
သူတို့နှစ်ဦးသည် ဆက်လက် အချေအတင် ပြောဆိုကြပြီး လီချန်းဟိုင်၏ စိတ်တင်းကြပ်မှုများ တဖြည်းဖြည်း လျော့ကျသွားသည်။
အချိန်အတော်ကြာပြီးနောက်......
သူတို့နှစ်ဦး တိတ်ဆိတ်သွားကြကာ ရယ်မောခြင်းမရှိတော့ပေ။ ယင်းအစား၊ မိုပုနီက လီချန်ဟိုင်ကို ကြည့်ပြီး အလေးအနက်ထားသော လေသံဖြင့်.....
“မင်း သေချာစဉ်းစားပြီးပြီလား? ဒီခရီးက ပြန်လမ်းမရှိဘူးနော်.... သူမ အသက်ရှင်နေသေးရင်တောင် သိုင်းနတ်ဘုရားနယ်မြေက အပြစ်ပေးမှာမို့ ပြန်လာဖို့ ခက်ခဲလိမ့်မယ်....ချန်မျိုးနွယ်စု တစ်စုလုံး ထွက်ခွာသွားတာဟာ သိုင်းနတ်ဘုရားနယ်မြေကို အတိအလင်း သစ္စာဖောက်လိုက်တာပဲ...”
ထိုစကားကြားတော့ လီချန်းဟိုင်၏အကြည့်များ အေးစက်ပြီး ပြင်းထန်နေသည်။
“မဟုတ်ဘူး၊ ချန်မျိုးနွယ်စုမှာ အပြစ်မရှိဘူး.... သူတို့တွေက နှစ်သိန်းပေါင်းများစွာ တည်တံ့ခဲ့ကြပြီး ရှေးဟောင်းဂိုဏ်းတွေ ဒါမှမဟုတ် ပုံမှန်မဟုတ်တာတွေနဲ့ ဘယ်တော့မှ ဆက်စပ်မှု မရှိခဲ့ဘူး.... နားလည်မှုလွဲမှားတာ ရှိရမယ်.... ဒါ့အပြင်၊ အစ်မစီက ငါ့ကို နှုတ်ဆက်စကားမပြောဘဲ ထွက်သွားမှာ မဟုတ်ဘူး....ချန်မျိုးနွယ်စုတခုလုံး အကျပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတာ သေချာတယ်”
မိုပုနီက ခေါင်းခါပြီး.... “ဒီကိစ္စက မရိုးရှင်းဘူး..... မဟာကောင်းကင်သူတော်စင်တစ်ပါး၊ နန်းတော်သခင်တစ်ပါးနဲ့ နတ်ဘုရားတစ်ပါး သေဆုံးခဲ့တယ်လို့ ကြားတယ်.... ယဲ့ကလန်ရဲ့ အဆက်အနွယ်တွေနဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ရဲ့ အဆက်အနွယ်တွေလည်း အဲဒီကို သွားခဲ့ကြတယ်။ သူတို့ သေပြီလား ရှင်ပြီလားတော့ မသိဘူး။ အင်း၊ ဒီကိစ္စက ဘေးဥပဒ်ရဲ့ အကြောင်းရင်း ဖြစ်လာမလား မသိဘူး... နောက်ဆုံးအကြိမ်တုန်းက ကောင်းကင်မြစ်ရဲ့ မူလအရင်းမြစ် ပျက်စီးသွားတော့ ရှေးဟောင်းဂိုဏ်းတစ်ခု ပေါ်လာတယ်။ ဒီတစ်ခါရော...”
သူ စကားကို ဆုံးအောင် မပြောခဲ့ပေ။
လီချန်းဟိုင်က အဆောင်စာရွက်တစ်ခုကို ထုတ်ယူပြီး..... “ဒါဟာ ငါ ကယ်ခဲ့တဲ့ လူတစ်ယောက်ဆီက လက်ဆောင်ပဲ.... ဒီအဆောင်က ငါ့ကိုကာကွယ်ပေးနိုင်တယ်လို့ သူပြောခဲ့တယ်..... မယုံကြည်ပေမယ့် သူရဲ့ ကျေးဇူးတင်စိတ်ကိုတော့ ခံစားနိုင်တယ်...ငါတို့ သိုင်းပညာ လေ့ကျင့်တာဟာ သိုင်းတာအိုနဲ့ သာမန်ပြည်သူတွေကို ကာကွယ်ဖို့ပဲလေ... ဒါဟာ ဘေးဥပဒ်ရဲ့ လက္ခဏာဖြစ်ရင် ငါတို့ အသက်ကို စွန့်ပြီး ကာကွယ်သင့်ပါတယ်... ငါကတကောင်ကြွက်ပါ ငါ့ကို မှီခိုမယ့်သူ ဘယ်သူမှ မရှိဘူး...ငါသေရင်လည်း ဝမ်းနည်းနေမယ့်သူမရှိဘူး...မင်းပြန်တော့.....မင်းရဲ့ ရည်မှန်းချက်တွေကို ငါသိတယ်။ မင်းက ငါလိုမျိုး သာမန်ပြည်သူတွေအတွက် အသက်ပေးမယ့်သူမဟုတ်ဘူး.... လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြတာမို့ မင်းရဲ့ ရည်မှန်းချက်တွေကို ငါ လေးစားပါတယ်.... မင်း ငါနဲ့အတူ ခေါင်းမာနေရင် တန်ဖိုးရှိမှာ မဟုတ်ဘူး”
လီချန်းဟိုင်က မိုပုနီကို ရိုးသားစွာ ကြည့်လိုက်သည်။
သူ့တွင် မိတ်ဆွေကောင်းများစွာ မရှိခဲ့ဘဲ အကောင်းဆုံးမိတ်ဆွေကတော့ သူ့ရှေ့က တစ်ယောက်ဖြစ်သည်။
မိုပုနီက ခေါင်းမော့လ်ုက်ပြီး “ ငါ့အဖေက နာခံတတ်တဲ့ စကားလုံးနဲ့ ငါ့ကို နာမည်ပေးခဲ့ပေမယ့် ငါက ပုန်ကန်တတ်သူကွ.....ငါ့ အရိုးတွေထဲမှာ တိုက်ခိုက်လိုစိတ်တွေ ပြည့်နေတယ်..... မင်းက ငါ့ကို ဝင်မပါစေချင်ဘူး.... ဒါပေမယ့် ငါကတော့ ပါဝင်ဖို့ အတင်းအကျပ် တောင်းဆိုမယ်....ငါက မင်းရဲ့ ကျော်ကြားမှုကို ခိုးယူချင်ရုံပဲ!”
“တော်ပါတော့.... ဒီစစ်ပွဲမှာ ငါတို့နှစ်ယောက်စလုံး ကျော်ကြားမှုကို ခိုးယူနိုင်မှာ မဟုတ်ဘူး။ ကျွမ်းကျင်သူတွေကြားက တိုက်ပွဲမှာ အသက်ရှင်နေရင်တောင် အတော်ကံကောင်းနေပြီ....”
“ရှူး....ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ငါ မူလကောင်းကင်အဓိပတိနယ်ပယ်မှာ ရှိနေတုန်းက တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်ကို ကျော်လွန်တဲ့ ငါ့ရဲ့ အင်အားကို မင်းကို ပြသပြီး ခေတ်သစ်ပါရမီရှင်ဆိုတာ ဘာလဲဆိုတာကို ပြန်လည်သတ်မှတ်ပေးမယ်....ငါ ဟန်ဆောင်တာကို ရပ်လိုက်တော့မယ်.... အမှန်တကယ်တော့ ငါဟာ နောက်ထပ် လုရှန်ကျိုးအသစ်တယောက်ပဲ... မဟုတ်သေးဘူး... နောက်ထပ် ခွန်းလွန်နတ်ဘုရားအသစ် ပဲ!”
“တော်ပါတော့၊ မင်းက အရမ်းအားနည်းတယ်။ မင်း အဆင့်တူတစ်ယောက်ကို အနိုင်ယူတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး... ဒါပေမယ့် ကိုယ်ဖော့သိုင်းတော့အတော်ကျွမ်းတယ်.... ဒါကြောင့် မင်း မြန်မြန်ပြေးနိုင်တာ...”
“ဟားဟား၊ သေမျိုးတစ်ယောက်က နတ်ဘုရားခန္ဓာကို ဘယ်သတိပြုမိနိုင်မလဲ.. !”
သူတို့နှစ်ဦး ထပ်မံ အချေအတင် ပြောဆိုကြပြီး သေခြင်းနှင့်ရှင်ခြင်းကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုကို လျော့ချခဲ့ကြသည်။
သူတို့နှစ်ဦးတည်းသာမက ကောင်းကင်လှေပေါ်ရှိ နေရာတိုင်း၌ လူများသည်လည်း ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မည်သည့်အရာကို ရင်ဆိုင်နေရသည်ကို မသိကြပေ။
...
နှစ်နှစ်အကြာတွင် ကျယ်ပြန့်သော ကြယ်တာရာ၏ ထိပ်တွင် အဆုံးမဲ့အမှောင်ထုထဲမှ ပြင်းထန်သောအလင်းရောင် ရုတ်တရက် ဆင်းသက်လာပြီး ကောင်းကင်မြစ်အစီအရင်၏ ကျောက်တိုင်တစ်ခုပေါ်သို့ လျင်မြန်စွာ ကျရောက်ခဲ့သည်။ အရှိန်အဟုန်ပြင်းလွန်းသဖြင့် ကောင်းကင်လှေပေါ်ရှိ ကျွမ်းကျင်သူများစွာကို ထိတ်လန့်စေခဲ့သည်။
ချက်ချင်းပင် လူရိပ်ခုနစ်ခု အလင်းတိုင်၏ ဘေးသို့ ရောက်ရှိလာပြီး လျင်မြန်စွာ ဆင်းသက်လာသော လူစိမ်းကို မတူညီသော အမူအရာများဖြင့် ကြည့်ရှုခဲ့ကြသည်။
ထိုလူစိမ်းက အလွန်လျင်မြန်သောအရှိန်ဖြင့် ကျောက်တိုင်၏ ထိပ်ရှိ မြင့်မားသော ပလ္လင်ပေါ်သို့ ဆင်းသက်ခဲ့ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သောအလင်းရောင် ပျောက်ကွယ်သွားသည်။
ထိုသူ၏ အနက်ရောင်ဝတ်စုံကး လေထဲတွင် လွင့်နေပြီး သွေးရောင်နတ်ဆိုးပုံစံများ သူ့ခန္ဓာကိုယ်ပေါ်တွင် စွဲထင်နေပြီး အသက်ဝင်နေသည်။ ထိုသူသည် အရပ်မြင့်မားပြီးမျက်နှာထားကတော့ အေးစက်နေသည်။ သူ၏ ဆံပင်ရှည်များကို သွေးကျောက်စိမ်းသရဖူဖြင့်သေသပ်စွာထုံးဖွဲ့ထားပြီး ရဲရင့်ပြီး အားကောင်းသော ပုံစံရှိသည်။ထိုသူက ဂရုမစိုက်ဟန်ဖြင့် သာမန်ပြည်သူများကို ငုံ့ကြည့်နေသည်။
လုရှန်ကျိုး!
ထိုသူ ပေါ်လာသည့်အခိုက်အတန့်တွင် ကြီးမားသော ဖိအားများ ကြယ်တာရာတစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ ကောင်းကင်လှေပေါ်ရှိ သိုင်းပညာရှင်များပင် ခံစားနိုင်ခဲ့ကြသည်။
" သူတော်စင်လု..တိုးတက်လာပြီလား...."
မဟာကောင်းကင်သူတော်စင်တစ်ပါးက ပြုံးလျက် မေးပြီး လုရှန်ကျိုးကို အကဲခတ်စစ်ဆေးပြီးနောက် တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။
လုရှန်ကျိုးသည် သူတို့ကို မျက်လုံးထောင့်ကနေသာ ကြည့်ပြီး လျစ်လျူရှုသော လေသံဖြင့်.... “တိုးတက်လာတာက အရေးမကြီးပါဘူး...ကျုပ်က ကျွမ်းကျင်မှုအသစ်အချို့ကို တီထွင်ခဲ့ရုံပါပဲ..... တိုက်တိုက်ဆိုင်ဆိုင်ပဲ သိုင်းနတ်ဘုရားနယ်မြေမှာ ပြဿနာရှိတယ်လို့ ကြားတယ်....ဒါကြောင့် ဒါကို ဖြေရှင်းဖို့နဲ့ တစ်ချိန်တည်းမှာ ကျုပ်ရဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့ လာခဲ့တာ....”
နောက်ထပ် မဟာကောင်းကင်သူတော်စင်တစ်ပါးက မနှစ်မြို့ဖွယ် ပြုံးကာ....
“ သူတော်စင်လုရဲ့ ကျွမ်းကျင်မှုတွေက ထူးခြားမှာ သေချာပါတယ်...အထွတ်အထိပ််ဆယ်ပါးရဲ့ ရာထူးကို စိန်ခေါ်ဖို့ အရည်အချင်းတွေ ရှိနေပြီထင်ပါ့....”
လုရှန်ကျိုးသည် သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း မဖြေခဲ့ပေ။
ကောင်းကင်သူတော်စင်တစ်ပါးအဘိုးအိုတယောက်က ရှေ့သို့ တက်လာပြီး....
“သူတော်စင်လု... ကျုပ့တို့ ဘယ်အချိန်မှာ စကျမလဲ..” ဟု မေးတော့ လုရှန်ကျိုးက...
“ကျွန်တော်တို့ အခု စတင်နိုင်ပြီ.... အသင့်ပြင်ထားကြ”