← Chapters

ပျောက်ဆုံးခြင်း...ချင်းယွမ်နတ်ဘုရားပလ္လင်....

Vol. 26 Ch. 383

ပျောက်ဆုံးခြင်း...ချင်းယွမ်နတ်ဘုရားပလ္လင်....

Vol. 26 Ch. 383

“စိတ်ပျက်အားငယ်ခြင်းကို ခံစားကြည့်လိုက်ကြ.....!”

ဤစကားများ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံက အလွန်ကျယ်လောင်ပြီး ထိတ်လန့်စရာကောင်းသည်။

သိုင်းပညာရှင်များ မျက်လုံးများ ပြူးကျယ်သွားကြကာ လီချန်ဟိုင်နှင့် သိုင်းပညာရှင်များအားလူံး ၎င်းတို့၏ အဆုံးစွန်သော သိုင်းပညာများကိုထုတ်သုံးဖို့ဟန်ပြင်နေစဉ် အလွန်ပြင်းထန်သော အလင်းရောင် ၎င်းတို့၏ မျက်နှာများပေါ်သို့ ထိုးကျလာသည်။

“ဒါက ဘာလဲ?”

ကြောက်ရွှံ့ရန်ပင် အချိန်မရလိုက်ဘဲ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့၏ အမြင်အာရုံတွင်၊ ကျန်းချန်ရှန်း ခြေတချက်ဆောင့်လိုက်သည်နှင့် ၎င်း၏ ကိုယ်ခန္ဓာမှ ပြင်းထန်သော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ ၎င်းတို့အား တုံ့ပြန်ရန် အချိန်မပေးဘဲ လွှမ်းမိုးသွားသည်။

ထိုအချိန်တွင်၊ လုရှန်ကျိုး ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် အချိန်မီ ထွက်ပြေးနိုင်ခြင်း မရှိပေ။

“သေစမ်း..….”

လုရှန်ကျိုး မျက်လုံး ပြူးကျယ်သွားပြီး မျက်နှာတွင် ထိတ်လန့်ခြင်း၊ ဒေါသနှင့် မလိုမုန်းထားမှုများ ပြည့်နှက်နေသည်။

အမှောင်ထု လေဟာနယ်ပင်လျှင် အရောင်ဖျော့သွားပြီး အခြားအရောင်များ အားလုံး ပျောက်ကွယ်သွားသည်။

အရာအားလုံး ပျောက်ဆုံးသွားချေပြီ ....

မည်မျှကြာသွားသည်ကို မည်သူမျှ မသိပေ။ ၎င်းသည် တစ်ခဏတာ ဖြစ်နိုင်သည်၊ သို့မဟုတ် နှစ်ပေါင်း ထောင်ချီကြာမြင့်သည်လည်းဖြစ်နိုင်ပေသည်။

အရောင်မျာ ပျောက်ကွယ်သွားပြီးနောက် အလွန်အမင်း နက်ရှိုင်းသော အမှောင်ထုကာတဖန် နေရာယူခဲ့ပြန်သည်။

လုရှန်ကျိုး ရုတ်တရက် မျက်လုံး ဖွင့်လိုက်တော့ အကြွင်းမဲ့ အမှောင်ထုထဲတွင် ရောက်ရှိနေသည်ကို တွေ့ရှိခဲ့သည်။

သူ လှည့်ကြည့်လိုက်သောအခါ တာအိုဘိုးဘေးကို တွေ့လိုက်ရသည်။ မသိစိတ်ကြောင့် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ရှေ့သို့ တိုးလှမ်းရန်ပင် ခွန်အား မရှိသည်ကို သဘောပေါက်လိုက်သည်။

“ခင်ဗျား… ဘာလုပ်ခဲ့တာလဲ?”

လုရှန်ကျိုး တုန်ရီသော အသံဖြင့် မေးလိုက်သည်။ ၎င်း၏ စကားသံတွင် ကြောက်ရွံ့မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။

သိုင်းပညာရှင် သန်းပေါင်းများစွာ အရိပ်အမြွက်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ချေပြီ....

ကျန်းချန်ရှန်းက.....

“ငါ ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ မင်းသိလား?”

လုရှန်ကျိုးက အံကြိတ်လိုက်ပြီး....

“ခင်ဗျား ကောင်းကင်သူတော်စင်ပုကို သတ်ခဲ့ပြီး ကောင်းကင်မြစ်ရဲ့ မူလအစကို ဖျက်ဆီးခဲ့တယ်.... ခင်ဗျားရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့ မရနိုင်ဘူး!”

“ဒါဆို ငါ ဘာလို့ ဒီလိုလုပ်ရတာလဲ?”

“ခင်ဗျား ဘာလို့ ဒီလိုလုပ်ခဲ့ရလဲဆိုတာ ကျုပ် ဘယ်လိုသိမှာလဲ!”

“မင်း ဘာမှ မသိဘူးထင်တယ်။ မင်းက ပိုကြီးမားတဲ့ စွမ်းအားကို လိုချင်ပြီး သိုင်းနတ်ဘုရားနယ်မြေကို အကျိုးပြုချင်တယ်... အမှန်တရားကို မေးမြန်းဖို့ အသိစိတ် မရှိဘူး....”

ကျန်းချန်ရှန်း၏ စကားများကို ကြားသောအခါ လုရှန်ကျိုး မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်မိသည်။

တကယ်တော့၊ သိုင်းနတ်ဘုရားနယ်မြေက မကောင်းမှုတွေအကြောင်း သူ ကောင်းကောင်းသိသည်။ ဒါပေမယ့် သူက ဒါကို ပုံမှန်လို့သာ ခံစားရသည်။ ဘယ်စွမ်းအားမျိုးမှာမဆို အဖြူနဲ့ အမည်း ရှိပြီး အပြစ်မဲ့သူတွေ စတေးခံရစမြဲပင်....

“မင်း အမှန်တရားကို သိချင်ရင်...ကိုယ့်ဘာသာ စုံစမ်းပါ။ ပိုသန်မာတဲ့ ခွန်အားကို လိုချင်ရင်၊ သိုင်းနတ်ဘုရားနယ်မြေကတောင် ဘာမှ မလုပ်နိုင်တဲ့ ငါ့လို တည်ရှိမှုကို စဉ်းစားပါ....”

ကျန်းချန်ရှန်း စကားပြောပြီးသည်နှင့် လုရှန်ကျိုးသ ရုတ်တရက် နိုးလာသည်။

သူ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ၊ သူသည် အောက်ဘုံသို့ ပြန်ရောက်နေပြီ။ သူ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် နောက်ထပ် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် လီချန်းဟိုင် ဖြစ်သည်။

လီချန်ဟိုင် မလှုပ်မယှက် ရပ်နေပြီး ထုံထိုင်းသေယ အမူအရာဖြင့် အချိန်အတော်ကြာအောင် သတိမရနိုင်သေးပေ။

လုရှန်ကျိုး အံ့အားသင့်သွားပြီး လီချန်းဟိုင် ဘယ်လို အသက်ရှင်သန်ခဲ့လဲဆိုတာ နားမလည်နိုင်ပေ။

တာအိုဘိုးဘေးက သူ့ရဲ့ ပါရမီကို သဘောကျလို့ သူ အသက်ရှင်ခဲ့တာကိုတော့ သူ သိသည်။ သူ ဒီလိုမျိုး တွေ့ကြုံခဲ့ဖူးပေသည်။

ဒါပေမယ့် ဒီလူက ဘယ်လိုဖြစ်ပြီး...?

လုရှန်ကျိုး၏ အမူအရာ ပြောင်းလဲသွားသည်။ သူ တစ်ခုခုကို ရှာတွေ့ပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ် အမူအရာပြောင်းသွားပြန်သည်။

ဘာမှ မကျန်တော့ဘူး!

လေဟာနယ်တောင် မရှိတော့ဘူး!

သူသည် အဆင့်မြင့် မူလစိတ်ဝိဉာဉ်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သောကြောင့် လေဟာနယ် စည်းမျဉ်းများကို အခြားသူများထက်ပို၍အာရုံခံနိုင်သည်။

သို့သော် ယခုအချိန်တွင် ၎င်းကို မခံစားနိုင်တော့ပေ။ ဆိုလိုသည်မှာ သူ၏ အဆင့်မြင့် မူလနတ်ဘုရားစွမ်းအားကို ဤနေရာတွင် ထုတ်လွှတ်၍ မရနိုင်တော့ပေ။

သူ ချက်ချင်း လီချန်းဟိုင်ထံ သွားပြီး မေးလိုက်သည်က....

“မင်း အဆင်ပြေရဲ့လား... ?”

ထိုအခါမှသာ လီချန်းဟိုင် သတိပြန်ဝင်လာပြီး.....

“ပြေပါတယ်...… သူတို့ကတော့…”

“သူတို့ အကုန်သေသွားပြီထင်တယ်..…”

လီချန်းဟိုင် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး ....

“မိုပုနီ…”

လုရှန်ကျိုးကတော့ သူ့ကို စိုက်ကြည့်နေပြီး သူ ဘယ်လို အသက်ရှင်သန်ခဲ့လဲဆိုတာကို တွေးနေတုန်းပင်။

မိုပုနီမှာ အိပ်မက်တစ်ခု ရှိခဲ့ဖူးသည်။ ကြီးမားသော တိုက်ပွဲတစ်ခုတွင် ပါဝင်တိုက်ခိုက်ချင်သောအိမ်မက်ပင်...သို့သော် ရန်သူက မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး သူ အလေးစားဆုံးဖြစ်သော လုရှန်ကျိုးပင် မခုခံနိုင်လောက်အောင် အစွမ်းထက်သည်။

ရန်သူ၏ တချက်တည်းသောတိုက်ခိုက်မှုကြောင့် မိုပုနီ သေဆုံးခဲ့ရချေပြီ....

သူ တစ်ယောက်တည်း သေဆုံးခဲ့ခြင်း မဟုတ်ပေ။ ကျန်သူများ အားလုံးလည်း သေဆုံးသွားလေပြီ....

....................

အချိန်မည်မျှကြာသည်ကို မသိလိုက်ရဘဲ၊ မိုပုနှ ရုတ်တရက် တုန်လှုပ်စွာ နိုးလာပြီး လေကို ရှိုက်သွင်းလိုက်သည်။

ရုတ်တရက် မသိစိတ်ကြောင့် ခေါင်းလှည့်လိုက်ပြီး သေလုနီးပါး ကြောက်လန့်သွားသည်။

သူ့ကို အပြာရောင် ပုံရိပ်တစ်ခုက သူ့ကို ပင့်မထားသည်။ သူ လွတ်မြောက်ရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။

“ မင်း မသေချင်ရင်မလှုပ်နဲ့.... စိတ်သိပ်ရှည်တာမဟုတ်ဘူး.....”

ကျန်းချန်ရှန်း၏ အသံ အပြာရောင် ပုံရိပ်မှ ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ တာအိုနှလုံးသားကိုယ်ပွား ဖြစ်သည်!

၎င်းသည် သူ၏ နတ်ဘုရားစွမ်းအားတခဖြစ်သော တာအိုနှလုံးသား နတ်ဘုရားအသွင်ပြောင်းခြင်းပင်ဖြစ်သည်။

သူ၏ စိတ်ဝိဉာဉ် ရှိနေသရွေ့၊ တာအိုနှလုံးသားကိုယ်ပွားကို တိုက်ရိုက် ပုံဖော်နိုင်သည်။ တာအိုနှလုံးသားကိုယ်ပွားသည်လည်း အခြားကိုယ်ပွားနှင့် အတူတူပင်။ သို့သော် တာအိုနှလုံးသားကိုယ်ပွားကို လူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူ၍ မရပေ။တာအိုနှလုံးသားကိုယ်ပွားက မှော်စွမ်းအားကိုသာမက၊ စိတ်ဝိဉာဉ် စွမ်းအင်ကိုပါ စားသုံးသည်။

ကိုယ်ပွားနှင့်လုရှန်ကျိုးတို့၏တိုက်ပွဲကို ကြည့်ရှုနေစဉ် လီချန်းဟိုင်ကို သတိထားမိခဲ့သည်။ လီချန်ဟိုင်နှင့် မိုပုနီတို့နှစ်ယောက်က အလွန်ရင်းနှီးပြီး ၎င်းတို့၏ ကံကြမ္မာဆက်နွယ်မှုများသည်လည်း အလွန်ခိုင်မာသည်။

ငရဲဘုံ၏ တည်ရှိမှုကြောင့် ကျန်းချန်ရှန်း၏ ကံကြမ္မာ ဥပဒေများတွင် ပါဝင်ပတ်သက်မှု ပိုမို နက်ရှိုင်းလာသည်။ ၎င်းတို့ နှစ်ဦး ရင်းနှီးသော ဆက်ဆံရေး ရှိမရှိကို တစ်ဦး၏ ကံကြမ္မာကို ကြည့်ခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။

သူသည် လီချန်းဟိုင်အပေါ် ကောင်းမွန်သော အထင်အမြင်ရှိခဲ့သောကြောင့် မိုပုနီကို ကယ်တင်ခဲ့သည်။

လီချန်းဟိုင်အတွက်မူ၊ သူသည် မဟာတာအိုအသွင်ပြောင်းခြင်း နတ်စွမ်းအားဖြင့် ပြောင်းလဲထားသော ၎င်း၏ ဆံပင်များကို အားကိုးပြီး အသက်ရှင်ခဲ့သည်။ ၎င်းကို အဆောင်စာရွက်ထဲတွင် ဝှက်ပေးထားခဲ့ခြင်းဖြစ်သည်။

ကောင်းကင်သူတော်စင်ကြီးငါးပါး အပါအဝင်၊ အားလုံး သေဆုံးကုန်ပြီ....

ကိုယ်ပွားက ကောင်းကင်မြေပြင် ဖျက်ဆီးခြင်းကို အသုံးပြုခဲ့ပြီး ကိုယ်ပွားတွင် ကျန်ရှိနေသော မှော်စွမ်းအားများကို ကုန်ဆုံးစေခဲ့သည်။ ၎င်းသည် နတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်ထားသော ကိုယ်ပွားကို ပေါက်ကွဲစေခြင်းနှင့် ဆင်တူသည်။ အစွမ်းထက်သော ကောင်းကင်သူတော်စင်ပင် သေဆုံးသွားလိမ့်မည်!

လုရှန်ကျိုး အသက်ရှင်သန်ခဲ့သည်မှာ ကျန်းချန်ရှန်း သူ့အတွက် ကြိုတင်၍ ထွက်ပေါက်တစ်ခု ထားခဲ့သောကြောင့် ဖြစ်သည်။ သူ ပစ်လွှတ်လိုက်သော ချီလက်ချောင်းက လုရှန်ကျိုးကို ကာကွယ်ရန် မှော်စွမ်းအား အချို့ကို ဖုံးကွယ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေ၊ ကောင်းကင်မြေပြင် ဖျက်ဆီးခြင်းကို ၎င်း၏ မှော်စွမ်းအားဖြင့် ပစ်လွှတ်ခဲ့သည်။

ကောင်းကင်မြေပြင် ဖျက်ဆီးခြင်းကို အသုံးပြုသည့် အချိန်တွင် လုရှန်ကျိုးနှင့် လီချန်ဟိုင်တို့၏ မှတ်ဉာဏ်များကို ရှုပ်ထွေးစေရန် မဟာတာအိုမျက်လုံးကိုလည်း အသုံးပြုခဲ့သည်။

ထို့နောက် တာအိုနှလုံးသားကိုယ်ပွားက မိုပုနီနှင့်အတူ အဆုံးမဲ့ လေဟာနယ်သို့ ထွက်ပြေးခဲ့သည်။

တာအိုနှလုံးသားကိုယ်ပွား ၎င်း၏ အရှိန်အပြည့်ကို ထုတ်ဖော်ခဲ့ပြီး ထွက်ပြေးခဲ့သော်လည်း မျှော်လင့်ထားသည့်အတိုင်း နက်နဲသော တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်!

ခွန်းလွန်လွင်ပြင်ထိခိုက်မည်ကို စိုးရိမ်သောကြောင့် မတူညီသော လမ်းကြောင်းများသို့ အလျင်စလို သွားခဲ့ရသည်။

“ဒီလူက ဘယ်နယ်ပယ်မှာလဲ?”

တာအိုနှလုံးသားကိုယ်ပွား လျှို့ဝှက်စွာ မေးခွန်းထုတ်နေမိသည်။ အရှိန်အပြည့်ဖြင့်သွားလာနေသော်လည်း တဖက်လူက သူ့ကို မဆုတ်မနစ် လိုက်လံ ဖမ်းဆီးနေပြီး အကွာအဝေးကလဲပို၍နီးကပ်လာသည်။

ကံကောင်းစွာဖြင့်၊ တာအိုနှလုံးသားကိုယ်ပွားက လုံလောက်အောင်မြန်ဆန်နေ၍သာ တော်ပေတော့သည်။

မိုပုနီ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူ သတိထား စောင့်ကြည့်ပြီးနောက် ဤ အပြာရောင် ပုံရိပ်က တစ်စုံတစ်ခုနှင့် ရင်းနှီးနေသည်ကို တွေ့ရှိခဲ့သည်။

ဒါ တာအိုဘိုးဘေး မဟုတ်ဘူးလား?

ထိုအချိန်တွင်၊ သူတို့ဘေးမှ နောက်ထပ် အပြာရောင် ပုံရိပ်တစ်ခု ဖြတ်သွားသည်ကို သူ မြင်လိုက်ရပြီး သူ အမြင်အာရုဏ် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်လိုက်သည်။

၎င်းသည် နောက်ထပ် တာအိုနှလုံးသားကိုယ်ပွားတခုပင် ဖြစ်သည်!

ကျန်းချန်ရှန်းက ဖမ်းမိမည်ကို စိုးရိမ်သောကြောင့် တဖက်လူကို ထိန်းချုပ်ရန် နောက်ထပ် တာအိုနှလုံးသားကိုယ်ပွားတခုကို ခွဲထုတ်ခဲ့ရသည်။

ဝုန်းးးးး

တာအိုနှလုံးသားကိုယ်ပွားနှင့် ကြယ်တာရာ ကောင်းကင်ယံရှိ ပုံရိပ်တစ်ခုနှင့် တိုက်မိသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိခိုက်မှုက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာများကို တုန်လှုပ်သွားစေသည်။

အဖြူရောင် ဝတ်ရုံဝတ်ထားသူ တစ်ဦးကို မြင်လိုက်ရကာ လူတကိုယ်စာရှည်လျားသော ထိုသူ၏ဆံပင်ရှည်များ လေထဲတွင် မျောလွင့်နေ၏။ ထိုသူက လက်ဖဝါးတဖက်ဖြင့် တာအိုနှလုံးသားကိုယ်ပွား၏ တိုက်ခိုက်မှုကို ပိတ်ဆို့ခဲ့သည်။

အဖြူရောင် ဝတ်ရုံဝတ်ထားသူက အမူအရာမဲ့စွာ တိုက်ခိုက်မှုကို စတင်ခဲ့သည်။

အခြားတစ်ဖက်တွင်၊ မိုပုနီနှင့်အတူရှိသော တာအိုနှလုံးသာကိုယ်ပွားကတော့ မြင့်မားသောအရှိန်ဖြင့် ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်ကျော်နေပြီး ရပ်တန့်ရန် မဝံ့ရဲပေ။

နောက်ဆုံးတွင် အောင်မြင်စွာ အဆုံးမဲ့ လေဟာနယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။

၎င်းတို့ ပျောက်ကွယ်သွားပြီး တခဏအကြာတွင် အဖြူရောင် ဝတ်ရုံဝတ်ထားသူ ပေါ်လာသည်။ အဆုံးမဲ့ လေဟာနယ်ကို ကြည့်ရင်း သူ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးတွင်၊ သူ လှည့်ထွက်သွားပြီး သူ၏ ပုံရိပ်သည် တဖြည်းဖြည်း သေးငယ်သွားကာ ကြယ်တာရာ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသည်။

ကျန်းချန်ရှန်း၏ တာအိုနှလုံးသားကိုယ်ပွားကတော့ အဆုံးမဲ့ လေဟာနယ်ကို အကြိမ်ကြိမ် ခရီးသွားခဲ့သည်။ သိုင်းပညာရှင်များတွင် စိတ်ဝိဉာဉ် မရှိသော်လည်း၊ ၎င်းတို့တွင် အခြား နည်းလမ်းများ ရှိနေနိုင်သည် မဟုတ်လား။

အချိန်အတော်ကြာပြီးနောက်။

အန္တရာယ်မရှိကြောင်း သေချာပြီးနောက်၊ တာအိုနှလုံးသားကိုယ်ပွားက ခွန်းလွန်လွင်ပြင်ဆီသို့ ပျံသန်းသွားသည်။

မိုပုနီကတော့ သတိလစ်နေပြီ ဖြစ်သည်။ အလွန်အလျင်စလို ထွက်ပြေးခဲ့သောကြောင့် မိုပုနီကို ကာကွယ်ပေးထားသော ကာကွယ်ရေး မှော်စွမ်းအားများ အားနည်းသွားခဲ့သည်။ ကောင်းကင်မူလအစ အဓိပတိနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သော်လည်း သူသည် ထိုသို့သော ခရီးကြမ်းမှုဒဏ်ကို မခံနိုင်ခဲ့ပေ။

တာအိုနှလုံးသားကိုယ်ပွားက ခွန်းလွန်လွင်ပြင်တွင် အလျင်အမြန် ဆင်းသက်ခဲ့ပြီး ချန်မျိုးနွယ်စုဝင်များပင် သူ့ကို သတိမထားမိခဲ့ကြပေ။

သူ မိုပုနီကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ဝုန်းးးး

မိုပုနီ တောင်များပေါ်သို့ ကျရောက်သွားပြီး မြေပြင် တုန်ခါကာ ဖုန်မှုန့်များ ပျံဝဲသွားသည်။

ခရမ်းရောင် တိမ်တိုက်နန်းတော်အတွင်း၌......

ကျန်းချန်ရှန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ တာအိုနှလုံးသားကိုယ်ပွား နတ်ဘုရားအသွင်ပြောင်းခြင်း၏စွမ်းအား သုံးစွဲမှုက အလွန် ကြီးမားသည်။ ဤ နတ်ဘုရားစွမ်းအားကို ဤမျှ ရှည်ကြာစွာ အသုံးပြုဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် ကိုယ်ပွားနှစ်ခုကို တစ်ချိန်တည်း ဖန်တီးခဲ့သောကြောင့် စွမ်းအား သုံးစွဲမှု ပို၍ပင် ကြီးမားသည်။ ၎င်းသည် ကောင်းကင်သူတော်စင်ပုနှင့် တိုက်ခိုက်ပြီး ကောင်းကင်မြစ်၏ မူလအစကို ဖျက်ဆီးခဲ့သည့် အချိန်ထက် များစွာ ပိုကြီးမားသည်။

“ဒီလူ ဘယ်နယ်ပယ်မှာလဲ? အံ့မခန်း အစွမ်းထက်တယ်.... ငါတို့ ထွက်ပြေးနေတုန်း သူက ထူးခြားတဲ့ အရှိန်ကို မပြသခဲ့တာ ကံကောင်းတာပဲ...”

ကျန်းချန်ရှန်း လျှို့ဝှက်စွာ အံ့အားသင့်သွားသည်။ အဖြူရောင် ဝတ်ရုံဝတ်ထားသူသည် သူ၏ တာအိုနှလုံးသားကိုယ်ပွား တစ်ခုကို အတင်းအဓမ္မ ဖျက်ဆီးခဲ့သည်။ တာအိုနှလုံးသားကိုယ်ပွား၏ သူ၏ အစွမ်းအပြည့် မဟုတ်သော်လည်း မည်သည့် မှော်လက်နက်၏ အထောက်အပံ့မှ မရှိသော်လည်း လုရှန်ကျိုးထက် များစွာ ပို၍ အစွမ်းထက်နေဆဲ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ရွှမ်ဟွမ် မဟာလောကတွင် ချောင်းနေသော ကျားများနှင့် ပုန်းနေသော နဂါးများဖြင့် ပြည့်နှက်နေသည်!

ကျန်းချန်ရှန်း စိတ်မပျက်ခဲ့ပေ။ အဲဒီအစား၊ သူ ရရှိမယ့် အသက်ရှင်သန်မှု ဆုလာဘ်ကိုသာ မျှော်လင့်နေခဲ့သည်။

သူ ရင်ဆိုင်ခဲ့ရသော တိုက်ပွဲအရဆို အလွန်တန်ဖိုးရှိသော ရှင်သန်မှု ဆုလာဘ်ကို ရရှိသင့်သည်!

“တင်းထျန်းခေတ် ၂၄၉ ခုနှစ်တွင်၊ သိုင်းနတ်ဘုရားနယ်မြေမှ လုရှန်ကျိုးက ကြီးမြတ်သော ကောင်းကင်သူတော်စင်ကြီးငါးပါးနှင့် သိုင်းပညာရှင် သန်းပေါင်းများစွာကို ခေါ်ဆောင်ကာ သင့်အား သတ်ရန် ရောက်လာခဲ့သည်။ သင်သည် ဤဘေးဆိုးမှ အောင်မြင်စွာ အသက်ရှင်ခဲ့ပြီး ရှင်သန်မှု ဆုလာဘ်အဖြစ်

ထိပ်တန်း ကျင့်ကြံခြင်း ဘဏ္ဍာတခုဖြစ်သော မူလမဟာတာအို နတ်ဘုရားပလ္လင် ( ချင်းယွမ်ပုလ္လင်) ကို ရရှိခဲ့သည်။”

သူ မျက်လုံးရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသည်။

သူ အနည်းငယ် စိတ်ပျက်သွားသည်။ အဖြူရောင် ဝတ်ရုံဝတ်ထားသူထံမှ တာအိုကိုယ်ပွား ထွက်ပြေးခြင်းက ဘေးဆိုးတစ်ခု မဟုတ်ခဲ့ပေ။

ထိပ်တန်း ကျင့်ကြံခြင်း ဘဏ္ဍာကလည်း ကောင်းသည်ဟု ထင်ရသည်!

ကျန်းချန်ရှန်း ချင်းယွမ်ပလ္လင်၏ အချက်အလက်များကို ချက်ချင်း ဆက်ခံခဲ့သည်။

မူလမဟာတာအို နတ်ဘုရားပလ္လင်သည် ကာကွယ်ရေး ဘဏ္ဍာတစ်ခု ဖြစ်ပြီး ကံကြမ္မာနှင့် ကံတရား တွက်ချက်မှုများကို ပိတ်ဆို့နိုင်သည်။ ၎င်းသည် အားလုံးသော ချောင်းမြောင်းကြည့်ရှုခြင်းများကို ပိတ်ဆို့နိုင်ပြီး အစွမ်းထက်သော ကာကွယ်ရေး ကန့်သတ်ချက်များစွာ ပါဝင်သည်။ နောက်ပိုင်းတွင် တိုက်ခိုက်ရေးအတွက် မူလမဟာတာအို နတ်ဘုရားဘီးအဖြစ်သို့ သိပ်သည်းသွားနိုင်သည်။ ၎င်းသည် ကာကွယ်ရေး ဘဏ္ဍာဖြစ်သော်လည်း အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိသည်။

မျှော်လင့်ထားသည့်အတိုင်း ထိပ်တန်း ဘဏ္ဍာတစ်ခုပင်!

ဤဘဏ္ဍာနှင့်အတူ၊ ရှင်သန်မှု ဆုလာဘ်များအတွက် သတ်မှတ်ချက် ပိုမို တိုးလာမည်လား.....

သို့သော် သူ ဂရုမစိုက်နိုင်သေးပေ။ ဘေးကင်းရေးကသာ အရေးအကြီးဆုံး ဖြစ်သည်!

ကျန်းချန်ရှန်း နတ်ဘုရားပလ္လင်ကို ထုတ်ယူလိုက်ချိန်တွင် ပိုင်ချီနှင့် ပိုင်လုံတို့ အိပ်ပျော်နေပြီး မူလင်းလော့ကတော့ ကျင့်ကြံမှုတွင် နစ်မြုပ်နေသည်။

တောက်ပသော ခုနစ်ရောင်ခြယ် အလင်းရောင်များ ကျန်းချန်ရှန်း၏ မျက်နှာပေါ်သို့ ထိုးကျလာသည်။

ချင်းယွမ်ပလ္လင်က ကြီးမားသော ကျောက်သား ပလ္လင်တစ်ခု ဖြစ်ပြီး ကျော့ရှင်းပြီး သေသပ်သော ပုံသဏ္ဌာန်ရှိကာ အပြာရင့်ရောင် ကျောက်တုံးအချို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ မျက်နှာပြင်တွင် မတူညီသော အရောင်များရှိသော ကျောက်မျက်ရတနာများစွာကို ထည့်သွင်းထားပြီး နက်နဲလှပသော ပုံစံများကို ဖြစ်ပေါ်စေသည်။ လက်တင်ခုံနှစ်ဖက်ကို နဂါးခေါင်းနှစ်ခုသဏ္ဍာန်ထုလုပ်ထားပြီး အသက်ဝင်သော နဂါးမျက်လုံးများ ပါရှိသည်။ ထိုင်ခုံ၏ အောက်ခြေကတော့ ဆယ်ပေ အချင်းရှိသော ကျောက်တုံး ပလက်ဖောင်းနှင့် ဆက်စပ်နေသည်။ ၎င်းကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက်၊ ကျောက်သား ပလက်ဖောင်း၏ အစွန်းတွင် တိမ်တိုက်များနှင့် မြူများ စတင် ဖြစ်ပေါ်လာပြီး ၎င်းကို လျင်မြန်စွာ ဝန်းရံသွားသည်။

မော့ကြည့်လိုက်သောအခါ၊ ထိုင်ခုံ၏ နောက်ကျောတွင် ပန်ကာပုံသဏ္ဌာန် ရွှေရောင် အကိုင်းအခက် ကိုးခု ရှိပြီး အစွန်းများကတော့ ချိတ်များကဲ့သို့ ကွေးညွတ်နေသည်။ အတွင်း၌ အလင်းဘောလုံး ကိုးလုံး ပျံဝဲနေပြီး နေလုံး ကိုးစင်းနှင့် ဆင်တူသည်။ အလင်းဘောလုံးများသည် ပုံသဏ္ဌာန် တူသော်လည်း ၎င်းတို့ ထုတ်လွှတ်သော အလင်းရောင်ကတော့ အနည်းငယ် ကွဲပြားသည်။

ကျန်းချန်ရှန်းသည် ချက်ချင်း အံ့အားသင့်သွားသည်။

ဘယ်လောက်တောင် အာဏာကြီးလိုက်တဲ့ ပလ္လင်လဲ!

ကျန်းချန်ရှန်း စိတ်ကောင်းဝင်နေသဖြင့် နတ်ဘုရားပလ္လင်၏ မွေးရာပါ ကန့်သတ်ချက်ကို စတင် ပြုပြင်ပြောင်းလဲခဲ့ပြီး သူ့ကို သခင်အဖြစ် အသိအမှတ်ပြုစေရန် လုပ်ဆောင်ခဲ့သည်။

ခဏအကြာတွင်၊ ပိုင်ချီ နိုးလာပြီး ကျန်းချန်ရှန်း၏ ရှေ့တွင်ရှိသော နတ်ဘုရားဆန်ပြီး အာဏာကြီးသော ပလ္လင်ကို မြင်လိုက်ရသည်နှင့် သူမ၏ ဝံပုလွေမျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေတော့သည်။

All Chapters