← Chapters

မဟာကံတရား... အနာဂတ်ကို ပြောင်းပြန်လှန်ခြင်း.....

Vol. 26 Ch. 377

မဟာကံတရား... အနာဂတ်ကို ပြောင်းပြန်လှန်ခြင်း.....

Vol. 26 Ch. 377

ယဲ့ဘိုးဘေးသည် တာအိုဘိုးဘေးကို တစ်ခါမျှ လျှော့မတွက်ခဲ့ပေ။ အခုတော့ အတိတ်ကာလက မောက်မာခဲ့ဖူးသော သူ၏ မာန်မာနများကိုပင် ဆုံးရှုံးလိုက်ရသလို ခံစားခဲ့ရသည်။ သို့သော် ယနေ့ ယဲ့ကျန်း ပြောသည်ကို ကြားပြီးနောက် သူသည် တာအိုဘိုးဘေးကို လျှော့တွက်မိနေဆဲဟု ခံစားခဲ့ရသည်။

ဤမျှများပြားသော သိုင်းလောကများကို စကြဝဠာတစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ရန် မည်မျှစွမ်းအားကြီးရမည်နည်း....

ထို့အပြင်၊ သူသည် ကောင်းကင်နှင့် မြေပြင်၏ စည်းမျဉ်းများ ပြောင်းလဲသွားသည်ကိုပင် အာရုံမခံမိခဲ့ပေ။ ၎င်းမှာ လက်တွေ့တွင် မဖြစ်နိုင်သည့် အရာပင်!

ကောင်းကင်သူတော်စင်ပုနှင့် ပတ်သက်၍ သူသည် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်မှ အစွမ်းထက်သော ကျွမ်းကျင်သူဖြစ်သော်လည်း မြားသုံးချောင်းဖြင့် အသတ်ခံခဲ့ရသည်။

သိုင်းပညာလမ်းကြောင်းတွင် နယ်ပယ်မြင့်လေလေ သတ်ဖြတ်ရန် ခက်ခဲလေလေဖြစ်သည်။ သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်မှ ကျွမ်းကျင်သူကို သတ်ရန် ခက်ခဲလိမ့်မည်။ အကယ်၍ သူသည် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်မှ ကျွမ်းကျင်သူကို လေဟာနယ်အသွင်ပြောင်းခြင်းအား အသုံးမပြုနိုင်အောင် တားဆီးရန် အစီအရင်ကို အသုံးမပြုပါက သတ်ဖြတ်ရန် ခက်ခဲလိမ့်မည်။

တာအိုဘိုးဘေးက ဘာလုပ်ချင်တာလဲ... သိုင်းနတ်ဘုရားနယ်မြေရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချချင်တာလား....

ယဲ့ကလန်ဘိုးဘေး၏ နှလုံးခုန်နှုန်း မြန်ဆန်နေသည်။ သူသည် ထိတ်လန့်ခဲ့သော်လည်း မျှော်လင့်ချက် ကြီးမားလာသည်ကို မတားဆီးနိုင်ခဲ့ပေ။

ဤအခြေအနေတွင် ယဲ့ကလန်အတွက် အခြေအနေကို ပြောင်းပြန်လှန်ရန် ခက်ခဲသည်။ သိုင်းနတ်ဘုရားနယ်မြေကို စော်ကားမိခဲ့ပြီး ယဲ့ကလန်တွင် ရန်သူများစွာ ရှိသည်။ အကယ်၍ သူတို့ ပြန်လည် ထူထောင်နိုင်ခဲ့လျှင်ပင် သိုင်းနတ်ဘုရားနယ်မြေက သူတို့ကို ဆက်လက် အနှောင့်အယှက်ပေးနေလိမ့်မည်။

ယဲ့ကျန်းသာ သိုင်းနတ်ဘုရားကို ဖြုတ်ချရန် တာအိုဘိုးဘေးကိုကူညီပါက ယဲ့ကလန် ထွန်းကားလာပြီး မကြုံစဖူးသော အဆင့်အတန်းကို ရရှိလိမ့်မည်။

ယဲ့ဘိုးဘေးက မရပ်မနား ဆက်ပြောနေသော ယဲ့ကျန်းကို ကြည့်လိုက်ရင်း မျက်လုံးများ တောက်ပလာသည်။

ဒီကလေးဟာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာတောင် ဒီလိုအခွင့်အရေးမျိုးကို တွေ့ကြုံရနိုင်တာပဲ...

သူသည် ယဲ့ရှန်ခုံးထက် ပို၍ပင် တောက်ပသည့် အရာတစ်ခုကို ယဲ့ကျန်းထံတွင် မြင်ခဲ့ရသည်။

၎င်းမှာ မဟာကံထူးခြင်းဖြစ်သည်။

ယဲ့ကျန်းကတော့ ပြောလေလေ စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး လျှို့ဝှက်ချက်များကို ထုတ်ဖော်မိလုနီးပါးဖြစ်သော်လည်း ကံကောင်းစွာဖြင့် အချိန်မီ ရပ်တန့်နိုင်ခဲ့သည်။

ယဲ့ဘိုးဘေး သူ့ကို တပြုံးပြုံးဖြင့် ကြည့်နေသည်ကို မြင်သောအခါ ယဲ့ကျန်းကအရှက်ပြေ ချောင်းဟန့်ကာ အတိုချုပ်ပြောရရင် တာအိုဘိုးဘေးက တကယ်ကို မယုံနိုင်လောက်အောင် စွမ်းအားကြီးပါတယ်... သူက အင်မော်တယ်နတ်ဘုရားအားလုံးရဲ့ ဘိုးဘေး ပြန်လည်ဝင်စားလာသူဖြစ်ပြီး သတ္တဝါအားလုံးကို ကောင်းချီးပေးနေတယ်.... ခေါင်းမာပြီး အဆင်ခြင်မဲ့တဲ့ သိုင်းနတ်ဘုရားနယ်မြေ ဖြုတ်ချပြီး သတ္တဝါအားလုံးအတွက် တန်းတူညီမျှမှုရှိတဲ့ ကောင်းကင်ဥပဒေကို ပြဌာန်းပေးလိမ့်မယ်....

တာအိုဘိုးဘေး၏ အယူအဆနှင့်အလေ့အခများကို စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ မရေမတွက်နိုင်သော သက်ဝင်ယုံကြည်သူများထံမှ သင်ယူခဲ့ပြီးဖြစ်သည်။ ဤအခြေအနေတွင် သူသိကျွမ်းသော ရွှမ်းဟွမ်မဟာကမ္ဘာကြီးရှိ လူအရေအတွက်မှာ စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ သူသိကျွမ်းသော လူအရေအတွက်ထက် နည်းနေသည်။ သူသည် ထိုနေရာမှ လူများအားလုံး ကောင်းမွန်စွာ ပြောဆိုကြပြီး မည်သည့် အတားအဆီးမှ မရှိဘဲ လွတ်လပ်စွာ ပြောဆိုနိုင်သောကြောင့် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေကို အလွန်နှစ်သက်သည်။

ဒါဆို မင်းကောင်းကောင်း လေ့ကျင့်ရမယ်၊ တာအိုဘိုးဘေးကို စိတ်မပျက်စေနဲ့...အရငျကဆျု ချန်ကလန်က ယဲ့ကလန်နဲ့ နှိုင်းယှဉ်လို့မရပေမယ့် ဒီနှစ်တစ်သိန်းအတွင်း ချန်ကလန်မှာ ပါရမီရှင်များစွာ ပေါ်ထွက်ခဲ့တယ်... အနည်းဆုံးတော့ သူတို့ဟာ ကျယ်ပြန့်တဲ့ လောကမှာ နာမည်ကောင်းရှိပြီး လျှော့တွက်လို့ မရဘူး။ဟူ၍ ယဲ့ဘိုးဘေးက မှာကြားလိုက်သည်။

ယဲ့ကျန်း ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် တောင့်တမှုများ ပြည့်နှက်နေသည်။

တစ်ဖက်တွင်မူ.....

ကမ္ဘာတစ်ဝှမ်းရှိ တာအိုဘိုးဘေးကို ယုံကြည်သူများ ရှိရာ အရပ်တိုင်းတွင် ဤကိစ္စကို ဆွေးနွေးနေကြပြီး ငရဲဘုံ၌ပင်ထိုအကြောင်းကိုတခမ်းတနားဆွေးနွေးနေကြ၏။

ကျန်းစယ်နှင့် ကျန်းရွှမ်နျန်တို့ အပြစ်ပေးအကြီးအကဲ၏ရှေ့တွင် ရပ်နေကြပြီး ၎င်းတို့သုံးဦးသား ကျန်းချန်ရှန်း၏ ထူးခြားသော စွမ်းရည်များအကြောင်း စကားပြောဆိုနေကြပြီး အပြစ်ပေးအကြီးအကဲကတော့ အတည်ငြိမ်ဆုံးဖြစ်သည်။

တာအိုဘိုးဘေးက ခွန်းလွန်လွင်ပြင်ကို ဖန်တီးပြီး ငရဲကို အားကောင်းစေဖို့ ပိုကြီးမားတဲ့ အခြေခံအုတ်မြစ်ကို ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပေါ့ဆလို့ မရဘူး။

ကောင်းကင်တရားရုံးမှာ ကောင်းကင်စစ်သည်တော်နဲ့ စစ်သူကြီးတွေ ရှိသလို နဂါးနန်းတော်မှာ နတ်ဆိုးစစ်သည်တော်နဲ့ စစ်သူကြီးတွေ ရှိတယ်..... ငရဲမှာ ကိုယ်ပိုင်အင်အားစု မရှိလို့ မဖြစ်ဘူး..."

ကျန်းစယ်နှင့် ကျန်းရွှမ်နျန်တို့ ခေါင်းညိတ်လိုက်ကြသည်။ ယခုအချိန်တွင် ငရဲ၏ အတိုင်းအတာ အလွန်ကြီးမားနေပြီး အဝါရောင်စမ်းရေ ဖုံးလွှမ်းထားသော ဧရိယာကလည်း ယခင် နဂါးသွေးကြောတိုက်ကြီးထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းသည် လွတ်လပ်သော နေရာတစ်ခုကို ဖန်တီးနေသည်။ ပို၍ အစွမ်းထက်သော ဝိညာဉ်များနှင့် နတ်ဆိုးများ ရောက်ရှိလာပြီး ပရမ်းပတာ ဖြစ်စေကာ ရှေ့ဆက်တွင် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်မှာ သေချာသည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ငရဲ၏ ကာကွယ်ရေး အင်အားစုများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

အပြစ်ပေးအကြီးအကဲက အမိန့်များ ပေးပြီး ကျန်းစယ်နှင့် ကျန်းရွှမ်နျန်တို့က အာရုံစိုက် နားထောင်ခဲ့ကြသည်။

ခွန်းလွန်လွင်ပြင်ကို ဖန်တီးခြင်းကြောင့် ဖြစ်ပေါ်လာသော ဆူပူမှုများ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည်။ မဟာကန္တာရမင်းဆက်သည် ခွန်းလွန်လွင်ပြင်ရှိ သေးငယ်သော နေရာတစ်ခုသာဖြစ်သော်လည်း တစ်စုံတစ်ဦးကတော့ သတင်းများကို အဆက်မပြတ် ဖြန့်ဝေနိုင်ခဲ့သည်။

ကျန်းချန်ရှန်း၏ နံ့သာတိုင်အမှတ်များ အဆမတန် မြင့်တက်လာသဖြင့် စိတ်ကောင်းဝင်နေသည်။

ချန်ယွဲ့ချန်နှင့် နတ်ဘုရားဇီဟွမ်းတို့သည်လည်း နတ်ဘုရားခန့်အပ်ခြင်းစာလွှာ၌ တရားဝင်နတ်ဘုရားများအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၎င်းတို့သည် အစွမ်းအထက်ဆုံး ချန်မျိုးနွယ်ဝင်များကို ရွေးချယ်ပြီး နတ်ဘုရားခန့်အပ်ခြင်းစာလွှာကို ဖြတ်ကျော်ကာ ကောင်းကင်တရားရုံး၏ ကံကြမ္မာကို ရယူခဲ့သည်။ စုစုပေါင်း လူတစ်သိန်းခန့်ရှိသည်။

ရုတ်တရက်ဆိုသလို ၎င်းတို့သည် ကောင်းကင်တရားရုံး၏ အစွမ်းအထက်ဆုံး အင်အားစု ဖြစ်လာပြီး ခွန်းလွန်လွင်ပြင်၏ အပြင်ဘက်အနားသတ်ကို စောင့်ရှောက်ရန် တာဝန်ယူခဲ့ကြသည်။

ကျန်းချန်ရှန်း၏ကိုယ်ပွားက ပြင်ပလောကမှ ချန်မျိုးနွယ်ဝင်များကို ပို၍ပို၍ ခေါ်ဆောင်လာခဲ့ပြီး ချန်မျိုးနွယ်ဝင်ဦးရေ တိုးလာစေခဲ့သည်။

လက်ရှိအချိန်တွင် ချန်မျိုးနွယ်ဝင်များက လေ့ကျင့်ရန်အတွက် ကောင်းကင် ၃၃လွှာသို့ဝင်ရောက်နိုင်ခြင်းမရှိသေးပေ။

ဤအကြောင်းနှင့် ပတ်သက်၍ ချန်ကလန်သည် မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး စွမ်းဆောင်မှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်။ ထို့အပြင် ၎င်းတို့သည် ကောင်းကင်၃၃လွှာ၏ ထူးခြားမှုကို မသိရှိခဲ့ကြပေ။

ချန်ယွဲ့ချန်နှင့် နတ်ဘုရားဇီဟွမ်းတို့သာ ကောင်းကင်တရားရုံးသို့ ရောက်ခဲ့ဖူးပြီး သိုင်းပညာဝိညာဉ်စွမ်းအင် ထူထပ်မှုကိုသာ အာရုံခံနိုင်ခဲ့ကြသည်။ သို့သော် ဤမျှလောက်က သူတို့၏ ကလန်နယ်မြေရှိ ကျန်းဟွမ်းမဟာလောကနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

ထို့အပြင် ချန်ယောင်လင်းနှင့် ချန်ကလန်မှ ကောင်းကင်စစ်သည်တော်များကလည်း ကောင်းကင်တရားရုံး၏ လျှို့ဝှက်ချက်များကို သူတို့အား ထုတ်ဖော်မပြခဲ့ကြပေ။ ထို့ကြောင့် အသစ်လောက်လာသောချန်ကလန်သားများ လုံးဝ မသိနားမလည် ဖြစ်နေကြသည်။

အရာအားလုံး အပြီးသတ်သွားသောအခါ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ကျန်းချန်ရှန်းသည်လည်း နောက်တစ်ကြိမ် တံခါးပိတ် လေ့ကျင့်နေပြန်တော့သည်။

နှစ်အနည်းငယ်ကြာပြီးနောက်......

လေဟာနယ်ထဲတွင် သင့်လျော်သောနေရာကို ရှာဖွေရန် ထွက်သွားသော ကိုယ်ပွား ပြန်လာပြီး ကျန်းချန်ရှန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။

ကျန်းချန်ရှန်း ဒါတွေကို ချက်ချင်း အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေါ ဖြစ်နိုင်ပါက သူသည် ရွှမ်းဟွမ်းကမ္ဘာကြီး၏ လေဟာနယ်သို့ နောက်မှ သွားရောက်မည်ဖြစ်သည်။ သူ့အတွက်တော့ လေဟာနယ်တွင် ပုန်းအောင်းနေလျှင်ပင် အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် ပိုမို အစွမ်းထက်လာစေရန် အချိန်ယူရမည်ဖြစ်သည်။

ကျယ်ပြန့်သော လောက၌ တောင်ပေါ်တွင် ကြီးမားသော အနက်ရောင်ဘောလုံးကြီးတစ်ခု ရေပေါ်မျောနေသည်။ အဝေးရှိ ချောက်ကမ်းပါးပေါ်တွင် လူနှစ်ယောက် လက်သီးသိုင်း လေ့ကျင့်နေကြသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ကျိကန်းဖြစ်သည်။

၎င်းတို့နှစ်ဉီးမှာ ဤနေရာကို နှစ်တစ်ရာနီးပါး စောင့်ကြည့်နေခဲ့ကြပြီး လေဟာနယ်ဖြင့် ဖွဲ့စည်းထားသော အနက်ရောင်ဘောလုံးကတော့ အနည်းငယ် ကျုံ့သွားခဲ့သည်။ သို့သော် မူလအရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ထိုအရာ လုံးဝ ပျောက်ကွယ်သွားရန် မည်မျှကြာမည်ကို ဘုရားသခင်သာ သိပေမည်။ သို့သော် ကျိကန်းကတော့ ဤနေရာကို စောင့်ကြပ်နေရသည်မှာ အသားကျနေခဲ့ချေပြီ.....

သူ့ဘေးတွင် ရပ်နေသော လူငယ်က သူ့နှင့်အတူ လက်သီးပညာများကို လေ့ကျင့်နေသော ရှောင်ဝူ ဖြစ်သည်။

လွန်ခဲ့သော ခြောက်နှစ်က ရှောင်ဝူနှင့် မိဘနှစ်ပါးတို့ ဤနေရာကို ဖြတ်သွားခဲ့သည်။ သို့သော် သူတို့ရှေ့ရှိ လေဟာနယ်ကို စပ်စုမိသောကြောင့် ထိုထဲသို့ အလျင်အမြန် ဝင်ရောက်ခဲ့ကြပြီး သူတို့ ထွက်မလာနိုင်ကြတော့ပေ။

ကျိကန်း သူတို့ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့နှစ်ဦးက သူ သတိမထားမိချိန်တွင် ခိုးဝင်သွားခဲ့ပြီး သူတို့၏ ကလေးကို ချန်ထားခဲ့သောကြောင့် သူသည် ကလေးကို ပြုစုစောင့်ရှောက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ဆရာ.. ကျွန်တော်တို့ ဘာလို့ လက်သီးသိုင်းကိုပဲ လေ့ကျင့်ပြီး အတွင်းအားကို မလေ့ကျင့်တာလဲ....."ဟု ရှောင်ဝူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူ့တကိုယ်လုံး ချွေးများ စိုရွှဲနေသောကြောင့် ထိုးလိုက်တိုင်း လက်သီးချက်တိုင်း လေးလံနေပုံရပြီး သူ၏ လက်မောင်းများ တုန်ရီနေသည်။

ကျိကန်းက ရှေ့တည့်တည့်ကို ကြည့်ပြီး အမူရာမဲ့စွာဖြင့်....

" ဒါဟာ ငါဖန်တီးထားတဲ့ ခန္ဓာကိုယ်အားဖြည့် လက်သီးသိုင်းပဲ... အတွင်းအား လေ့ကျင့်ဖို့ မလိုအပ်ဘူးဘဲခန္ဓာကိုယ် သန်မာဖို့ပဲ လိုတယ်....အတွင်းအားနဲ့ အားဖြည့်ပေးမယ်ဆို သိုင်းပညာနယ်ပယ်နဲ့ သက်တမ်းကိုလည်း တိုးစေလိမ့်မယ်....လောကမှာ အတွင်းအားနဲ့ ပြင်ပအား နှစ်မျိုးလုံးကို ကျင့်ကြံတဲ့ လူများစွာရှိတယ်... ကျွန်တော်တို့ လက်သီးသ်ိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် တခြားသူတွေထက် အတွင်းအား ပိုများမှာ မဟုတ်နိုင်တော့ဘူး..."ဟု ရှောင်ဝူက ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

" ဒါပေမဲ့ ဒီရိုးရိုးလက်သီးချက်တွေကို လက်သီးသိုင်းလို့ တကယ်ပဲ သတ်မှတ်နိုင်လို့လား... ဒီလိုမျိုး ရှေ့နောက် လက်သီးထိုးရုံနဲ့ ဘယ်လောက်များ အစွမ်းထက်နိုင်မှာလဲ...."

ထိုအခါ ကျိကန်း ပြန်ဖြေသည်က....

" လှုပ်ရှားမှုတစ်ခုတည်းဖြစ်ရင်တောင်မှ လက်သီးချက်အရေအတွက် အတိုင်းအတာတစ်ခုအထိ ထိုးလိုက်တဲ့အခါ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ရှိလာလိမ့်မယ်....မင်းသာ ဒီလောကမှာ လူဦးရေရှိသလောက် လက်သီးချက်တွေ ထိုးနိုင်မယ်ဆိုရင် မင်း လောကတစ်ခုလုံးကို ဖြတ်ကျော်နိုင်လိမ့်မယ်...."

ရှောင်ဝူက မျက်တောင်ခတ်လိုက်ပြီး....

" ဒါဆို ဒီလောကမှာ လူဘယ်နှစ်ယောက်ရှိလဲ ကျွန်တော်မသိဘူး....ဆရာ...ဘာလို့ ဒီမှာ စောင့်နေတာလဲ... အဲ့ဒီ အနက်ရောင်ဘောလုံးထဲမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ..."

"ဒါက တာအိုဘိုးဘေး ငါ့ကိုပေးထားတဲ့ တာဝန်ပဲ.... ဒါကြီးပျောက်ကွယ်မသွားမချင်း အဲ့ထဲကိုတခြားသူတွေ မဝင်နိုင်အောင် ဒီနေရာကို စောင့်ခိုင်းထားတာ...."

" ဒါဆို ကျွန်တော့် မိဘတွေ ဘယ်ရောက်သွားလဲဆိုတာ တာအိုဘိုးဘေးသိမှာပေါ့နော်...."

"...ဖြစ်နိုင်တယ်...."

ဒီအဖြေကို ကြားတော့ ရှောင်ဝူရဲ့ မျက်လုံးတွေထဲမှာ တိုက်ခိုက်လိုစိတ်တွေ တောက်လောင်လာပြီး လက်သီးချက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ထိုးလိုက်လေတော့သည်။

ထူးဆန်းသောဆရာတပည့်နှစ်ယောက် ချောက်ကမ်းပါးပေါ်မှာ လေ့ကျင့်နေကြ၏.... လောကကြီးဟာ ကျယ်ပြောလှပြီး သူတို့ဟာ ဖုန်မှုန့်လေးတွေလိုပဲ၊ သေးငယ်လွန်းလှပေသည်.....

နှစ်ကာလများကုန်ဆုံးသွားသည်မှာ မြင်းဖြူတစ်ကောင် ဒုန်းဆိုင်းပြေးလွှားသွားသည့်နှယ်.......

ထျန်းကျင်းတွက် နှစ် ၂၀၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပြီး အချိန်ကြာမြင့်စွာ ဆွဲဆန့်ခဲ့သော စစ်ပွဲကို အဆုံးသတ်ကာ ပြင်ဆင်မှု အသစ်တစ်ခုအတွက် ပြင်ဆင်နေသည်။

ယခုအခါတွင် တင်းထျန်းခေတ်၏ ၂၀၁ နှစ်မြောက် နှစ်ဖြစ်သည်။

ဧပြီလ အစောပိုင်းတွင် မီးတောက်အရှင် ကျန်းချန်မြို့သို့ ရောက်လာခဲ့သည်။

သူ့ရှေ့တွင် ရှိသော တက်ကြွပြီး ခမ်းနားထည်ဝါသော မြို့ကို ကြည့်ရင်း မီးတောက်အရှင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

သိုင်းလောကများ ပေါင်းစည်းမှုအကြောင်း သိရှိပြီးနောက် တာအိုဘိုးဘေးကို သူ ရှာဖွေခဲ့သည်။ ထျန်းကျင်းသည် တာအိုဘိုးဘေး စတင်ကျော်ကြားရာ နေရာဖြစ်သောကြောင့် ဤနေရာသို့ လာရောက်ကြည့်ရှုခြင်းဖြစ်သည်။

ထျန်းကျင်းက သူထင်ထားသည်ထက် ပို၍ စည်ကားလှသည်။ ကျန်းချန်မြို့အနီးတွင် လူမျိုးပေါင်းစုံ၏ ပုံရိပ်များရှိပြီး ကောင်းကင်တွင် သိုင်းပညာရှင်များနှင့် နိုင်ငံခြားသားမျိုးနွယ်များ အချင်းချင်း တိုက်ခိုက်နေသည့် မြင်ကွင်းများကိုလည်းမြင်ရသည်။

ထျန်းကျင်းက အထက်ဘုံနဲ့အတော်တူတာပဲ......

မီးတောက်အရှင် စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသည်။ ရွှမ်းဟွမ်ကမ္ဘာကြီးတွင် မရေမတွက်နိုင်သော မင်းဆက်များရှိပြီး ၎င်းတို့ထဲမှ အချို့က အတိတ်က နတ်ဆိုးကြီးများထက်ပင် ပိုမို အစွမ်းထက်သည်။ မင်းဆက် ပိုမို အားကောင်းလေလေ၊ သိုင်းပညာထွန်းကားမှု ပိုမို အားကောင်းလေလေဖြစ်သည့်အပြင် အခြားသော မျိုးနွယ်များကိုလည်း နိုင်လိုမင်းထက်ပြုနိုင်ကြသည်။

မီးတောက်အရှင် မြို့ထဲသို့ ခြေချလိုက်သည်။ နောက်တစ်လတွင် သူသည် ကျန်းချန်မြို့၏ ထောင့်တိုင်းကို လှည့်လည်ကြည့်ရှုပြီး လုံချီဘုရားကျောင်းသို့ သွားရောက်ခဲ့သည်။

ကျန်းချန်မြို့ရှိ သိုင်းပညာရှင်များအားလုံး တာအိုဘိုးဘေးကို အနက်ရှိုင်းဆုံး နားလည်ကြသည်။ သူသွားခဲ့သော မည်သည့် ဧည့်ဂေဟာတွင်မဆို တာအိုဘိုးဘေး၏ ဒဏ္ဍာရီများကို မေးမြန်းနိုင်သည်။

ထိုဒဏ္ဍာရီများက မီးတောက်အရှင်၏ စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့သည်။

တနေ့သ၌... နန်းတွင်းစာကြည့်တိုက်တွင်.....

ကျန်းဇီယုက မီးတောက်အရှင်ကို အကဲဖြတ်ပြီး တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။

မီးတောက်အရှင်က တိတ်ဆိတ်မှုကို သည်းမခံနိုင်တော့တာကြောင့် ...

" မဟာကန္တရလူတွေနဲ့နှိုင်းယှဉ်ရင် ထျန်းကျင်းက အစွမ်းထက်တယ်ဆိုပေမဲ့ ခွန်းလွန်လွင်ပြင်တစ်ခုလုံးကို ကြည့်မယ်ဆိုရင် ထျန်းကျင်းက ကမ္ဘာပေါ်က လူသားအားလုံးကို စုစည်းဖို့ အချိန်အများကြီး ယူရဦးမယ်.... ကျုပ်က အထက်ဘုံက လာတာဖြစ်ပြီး လက်ရှိမှာ တခြားရွေးချယ်စရာ မရှိသေးပေမယ့် အရှင်မင်းကြီးအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်.... ကျုပ်လက်အောက်မှာ ကျွမ်းကျင်သူများစွာ ရှိပါတယ်... အရှင်မင်းကြီး သဘောတူမယ်ဆိုရင် သူတို့ကို ထျန်းကျင်းအတွက် အလုပ်လုပ်ပေးဖို့ အချိန်မရွေး ခေါ်ယူနိုင်ပါတယ်" ဟု လျှောက်တင်လိုက်သည်။

ကျန်းဇီယုက..." မင်း ဘယ်လောက် အစွမ်းထက်လဲ..." ဟု မေးလိုက်တော့

မီးတောက်အရှင်က..." မူလကောင်းကင်အဓိပတိနယ်ပယ် အထွတ်အထိပ်" ဟု ပြန်ဖြေသည်။

သူ့ မျက်ဝန်းအစုံတွင် မာန်မာနအရိပ်အယောင်တစ်ခု လျှပ်တပြက်လင်းလက်သော်လည်း ဒါကို ထုတ်ဖော်မပြခဲ့ပေ။

ထျန်းကျင်းတွင် သိုင်းဧကရာဇ်ပင် မရှိသေးသောကြောင့် မီးတောက်အရှင်ဂုဏ်ယူနိုင်သည်မှာ သေချာသည်။

ကျန်းဇီယု ထိုအဖြေကို ကြားပြီးနောက် အနည်းငယ် ခေါင်းညိတ်ကာ ...

"ငါသဘောတူတယ်.... ဒါပေမဲ့ မင်းကို တခြားအရာတွေ အရင်လုပ်ခိုင်းဖို့ လိုတယ်..." ဟု ပြောလိုက်သည်။

" ထျန်းကျင်းမှာ သိုင်းဧကရာဇ် ဆယ်ယောက် ပေါ်ပေါက်လာအောင် ကူညီပေးပါ... ငါ နောင်တချိန် အထက်ကိုတက်လှမ်းတဲ့အခါ မင်းကို ငါနဲ့အတူ ခေါ်သွားပေးမယ်.... အဲ့ဒီအခါကျမှ ယန်ကလန်လည်း ခွန်းလွန်လွင်ပြင်မှာ ခြေချနိုင်လိမ့်မယ်...."

ထိုစကားကိုကြားတော့ မီးတောက်အရှင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

လူသားတွေကို သိုင်းပညာ သင်ကြားပေးခိုင်းနေတာလား...."

သို့သော် သူ့အဖို့ငြင်းဆိုရန် ခက်ခဲလှသည်။ သူသည် ကောင်းကင်တရားရုံးသို့ ဝင်ရောက်လိုသောကြောင့် ထျန်းကျင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သူသာ ကောင်းကင်တရားရုံးသို့ ဝင်ရောက်ပါက တာအိုဘိုးဘေးနှင့် အဆက်အသွယ်ရရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

မီးတောက်အရှင်က တာအိုဘိုးဘေးနှင့် ဧကရာဇ်တို့၏ ဆက်ဆံရေးအကြောင်း တွေးလိုက်သောအခါ လက်ခံရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

"ကောင်းပါပြီ... အရှင်မင်းကြီးရဲ့ တန်ဖိုးထားမှုကို ကျေးဇူးတင်ပါတယ်" ဟု ပြန်ဖြေလိုက်သည်။

"ဟားဟားဟား၊ ဝန်ကြီးယန်...ကိုယ်တော်တို့တွေ တဖွဲ့တည်းဖြစ်သွားပြီဆိုတော့ စကားစမြည်ပြောကြရအောင်...."

ကျန်းဇီယု ပြုံးလိုက်ပြီး မီးတောက်အရှင်ကို ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။ မီးတောက်အရှင်ကလည်း ငြင်းဆိုခြင်းမရှိပေ။ သူ ထိုင်လိုက်ပြီးနောက် ရွှမ်းဟွမ်းကမ္ဘာကြီး

အကြောင်း စတင်ပြောဆိုဆွေးနွေးခဲ့ကြသည်။

ငါ့ရဲ့ ခွန်အားကို သိတာတောင် သူ ဘယ်လိုမှ ထိတ်လန့်မသွားဘူး။ သူ့မှာ ကြောက်ရွံ့စရာမလိုတဲ့ အကြောင်းရင်းများရှိနေလို့လား... သူ့နောက်မှာ တာအိုဘိုးဘေး ရှိနေရင်တောင် သူ ငါ့ကို မသိဘဲနဲ့ ဘာလို့ တရင်းတနီးဆက်ဆံနေတာလဲ...'

မီးတောက်အရှင် စိတ်ထဲကနေတွေးရင်း အံ့သြသွားသည်။ ကျန်းဇီယု ပေါ့ဆသည်လား သို့မဟုတ် ယုံကြည်မှုရှိသည်လားဆိုတာကို သူ မနားလည်နိုင်ပေ။

ကံကောင်းထောက်မစွာ၊ သူသည် ပြဿနာရှာရန် ဤနေရာသို့ ရောက်လာခြင်းမဟုတ်သောကြောင့် ဤအကြောင်းကို အာရုံမစိုက်တော့ပေ။

ကျန်းဇီယု၏ ဆံပင်တစ်ချောင်းကနေ ပုံမှန်မဟုတ်သော အရောင်တောက်ပမှု ထွက်ပေါ်နေသည်ကိုတော့ သူ သတိမထားမိခဲ့ပေ။

ကောင်းကင် ၃၃လွှာရှိ ခရမ်းရောင်တိမ်တိုက်နန်းတော်တွင်.....

ကျန်းချန်ရှန်းနှင့် မူလင်းလော့ထံသို့ညကျန်းထျန်းမင် အမြန်ရောက်လာပြီး ဒူးထောက်လိုက်သည်။

" ဘိုးဘိုးကြီး၊ မကြာသေးခင်က ကျွန်တော် နောက်ထပ် အန္တရာယ်ရှိတဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်..."ဟု

ကျန်းထျန်းမင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သဖြင့် အိပ်နေသော ပိုင်ချီ မျက်လုံးဖွင့်ကြည့်လိုက်ကာ ဒေါသတကြီးဖြင့် .....

"နင့်ရဲ့ အရင်ကအိပ်မက်နှစ်ခုက မမှန်ဘူးလေ...ဒါတောင် နင်က အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ယုံကြည်နေတာလား..."

ကျန်းထျန်းမင်က နှာခေါင်းရှုံ့လိုက်ပြီး...

" မမှန်ဘူးဆိုတာ ခင်ဗျား ဘယ်လိုသိလဲ ...ထျန်းကျင်းမှာ ပြသာနာတကယ်တက်ခဲ့ပြီး ကောင်းကင်မြစ်ကြီးပြိုကျလာတယ်.... ဘိုးဘိုးကြီးက အနာဂတ်ကို ပြောင်းပြန်လှန်နိုင်လောက်အောင် အစွမ်းထက်တယ်..." ဟု ပြောလိုက်လေတော့သည်။

All Chapters