← Chapters

အခန်း (၁၉၆၁)

Vol. 137 Ch. 1961

အခန်း (၁၉၆၁)

Vol. 137 Ch. 1961

“သေခြင်းတရားကို ရှာဖွေနေတာပဲ”

ကျန်းချန်က သူ့ကို အရေးမစိုက်မှန်း မြင်လိုက်ရလျှင် အရှင်ရှောင်ယွဲ့က ဒေါသတကြီး အော်ဟစ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်နိုင်သော အရှိန်အဝါ ဖိအားသည် သက်ရောက်လာခဲ့သည်။

ဤကြောက်မက်ဖွယ် ဖိအားအောက်တွင် ကျင်းဟုန်တို့သည် စိတ်နှလုံး တုန်ယင်သွားခဲ့ပြီး ဒူးထောက် ကိုးကွယ်ချင်သလို ခံစားခဲ့ရသည်။

“ရှောင်ယွဲ့.. ဒီခွန်အားလောက်က ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”

ကျန်းချန်က ဖိအားကြောင့် သက်ရောက်မှု မရှိဘဲ ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

ကျန်းချန်၏ အမူအရာကို ကြည့်ကာ အရှင်ရှောင်ယွဲ့၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရား(ဝါ) မြေကြီးအရှင် တစ်ပါး ဖြစ်၍ သူ၏ ခွန်အားသည် သာမန် နယ်မြေနတ်ဘုရားများထက် များစွာ သာလွန်၏။

နယ်မြေနတ်ဘုရား ပုံရိပ်ယောင် ဖြစ်နေပင်လျှင် အဆင့်နိမ့် နယ်မြေနတ်ဘုရားများကို ဖိနှိပ်နိုင်စွမ်းရှိသည်။

သို့တိုင် သူ့ရှေ့မှ ကောင်လေးသည် မြေကြီးအရှင်၏ ပုံရိပ်ယောင် ခွန်အားကို လျစ်လျူရှုနိုင်ခဲ့သည်။

ထို့အပြင် ဤကောင်လေးသည် ယင်ယဲ့ကို သတ်ဖြတ်ကာ ယင်တျန်းဟွေ့ကို အနိုင်ယူခဲ့သည်။

ကြည့်ရသည်မှာ ထိုကောင်လေးသည် ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော ပါရမီရှင် ဖြစ်ဖို့များ၏။

သို့သော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု အရှင် ရှောင်ယွဲ့ မမျှော်လင့်ခဲ့ပေ။

စင်စစ် သူ၏ မြေကြီး အရှင် ပုံရိပ်ယောင် ခွန်အားကို လျစ်လျူရှုနိုင်ရန်မှာ မလွယ်ကူပေ။

မဟာကောင်းကင်နတ်ဘုရား အများစုပင် ထိုသို့ မလုပ်နိုင်ချေ။

ထိုကောင်လေးသည် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါးများ ဖြစ်နေပါသလော။

“မမျှော်လင့်ဘဲ မိိတ်ဆွေလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ခွန်အားမျိုးကို ပိုင်ဆိုင်ထားတာပဲ.. ဒီနတ်ဘုရား လေးစားပါတယ်”

“မိတ်ဆွေလေးက ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ အဖွဲ့ဝင် မဟုတ်ဘဲ သူတို့အတွက် ဘာလို့ အလုပ်လုပ်ပေးနေရတာလဲ"

အရှင်ရှောင်ယွဲ့က ကျန်းချန်ကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ငွေလ ဝံပုလွေမျိုးနွယ်ကို ကူညီပေးမလား မိတ်ဆွေလေး..ခရမ်းရောင် ကျားမျိုးနွယ်စုက ဘယ်လောက်ပဲ ပေးပါစေ.. ဒီနတ်ဘုရားက အဲဒီထက် နှစ်ဆ ပေးမယ်”

တခဏမျှ ရင်ဆိုင်မှုအတွင်း ထိုကောင်လေး၏ ကြောက်မက်ဖွယ် စွမ်းရည်ကို သူ ခံစားမိသည်။

ထို့ကြောင့် သူက ငွေလဝံပုလွေ မျိုးနွယ်စု အတွက် စည်းရုံးရန် မျှော်လင့်ခဲ့သည်။

ဤကောင်လေးသည် အထွတ်ထိပ် နတ်ဘုရားအဆင့် ဖြစ်လာရန် မဝေးတော့ပေ။

သူ၏ မူလခန္ဓာ ရောက်မလာသ၍ ထိုကောင်လေးကို မည်သူမျှ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

သို့သော် သူ၏ မူလခန္ဓာ ရောက်လာခဲ့လျှင် ကျင်းဟော်ကလည်း ချက်ချင်း ပေါ်လာပေလိမ့်မည်။

ယခုလို မျိုးနွယ်စု နှစ်ခုကြား တိုက်ပွဲ ဖြစ်ပွားချိန်တွင် ထိုကောင်လေးသည် ငွေလဝံပုလွေ မျိုးနွယ်စု အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဆိုလည်းမမှားပေ။

ထို့ကြောင့် အရှင်ရှောင်ယွဲ့သည် စိတ်ပြောင်းကာ ကျန်းချန်ကို သူ့ဘက်သို့ ဆွဲဆောင်ရန် ကြိုးစားခဲ့ခြင်းပင်။

အရှင်ရှောင်ယွဲ့က ကျန်းချန်အား စည်းရုံးနေသည်ကို မြင်လျှင် ကျင်းဟုန်၏ မျက်နှာ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က ကမ္ဘာ့စွမ်းအား ရှစ်မျိုးကို ပိုင်ဆိုင်ထားသည့်အပြင် တိုက်ခိုက်ရေး စွမ်းအားတွင်လည်း မျိုးနွယ်စုနှစ်ခု၏ ခေါင်းဆောင်များ နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ကျန်းချန်၏ တည်ရှိမှုသည် တိုက်ပွဲ၏ ရလဒ်ကို လုံးဝ ပြောင်းပြန်လှန်နိုင်သည်ဟု ဆို၍ရ၏။

အကယ်၍ ကျန်းချန်ကိုသာ ငွေလ ဝံပုလွေ မျိုးနွယ်စုက စည်းရုံးသွားခဲ့လျှင် သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုကို ဖျက်ဆီးခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

ကျင်းဟုန်က စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းခြုံသွားခဲ့သည်။

သူသာ အစက သိခဲ့လျှင် ခေါင်းဆောင်ကျင်းဟော်၏ ပုံရိပ်ယောင်ကို ထုတ်ဖော်နိုင်သည့် ရတနာအား ယူလာမည် ဖြစ်၏။

ယခုအခါတွင်မူ အရှင်ရှောင်ယွဲ့၏ စည်းရုံးခြင်းကို ကျန်းချန် လက်မခံစေရန် ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

ကျန်းချန်က အရှင်ရှောင်ယွဲ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။

“မင်းက ငါ့ကို သတ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး”

သူက ဆက်လက်၍ ပြောလိုက်သည်။

“ငါ အရှင်ကျင်းဟော်နဲ့ အပေးအယူ တစ်ခု လုပ်ခဲ့တယ်.. သူ့အတွက် နယ်မြေနတ်ဘုရား တစ်ဦးကို ငါသတ်ပေးရလိမ့်မယ်.. ယင်ပိုင်ကွေ့ကို ချန်ထားခဲ့ပါ.. ဒါဆိုရင် ငွေလ ဝံပုလွေမျိုးနွယ်စုက လူတွေကို ဆုတ်ခွာခွင့် ပေးမယ်”

အရှင်ရှောင်ယွဲ့၏ မျက်ဝန်းများက ရုတ်တရက် အေးစက် သွားခဲ့သည်။

“ဒီလောက်ထိ အလွန်အကျွံ အနိုင်မကျင့်စမ်းနဲ့”

ဤကောင်လေးသည် ယင်ယဲ့ကို သတ်ဖြတ်ပြီးပြီ ဖြစ်သည်။

ယခု ယင်ပိုင်ကွေ့ကိုပါ သတ်ခွင့်ပေးလိုက်လျှင် ငွေလ ဝံပုလွေမျိုးနွယ်စုသည် အကြီးအကျယ် ထိခိုက်နစ်နာသွားမည် ဖြစ်ပြီး ခရမ်းရောင် ကျားမျိုးနွယ်စု အပေါ်တွင် အားသာချက် လုံးဝ ရှိတော့မည် မဟုတ်ပေ။

ပို၍ ဆိုးရွားသည်မှာ သူ့လို မြေကြီးအရှင် တစ်ပါး၏ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်သွားပေလိမ့်မည်။

ရှေးဟောင်း ဧကရာဇ် ကောင်းကင်အရှင်၏ ကျင့်ကြံခဲ့သောနေရာကို အရှင်ရှောင်ယွဲ့သည် လက်လျှော့ရန် မလိုလားခဲ့ပေ။

ထို့အတူ ကျန်းချန်နှင့်လည်း ရန်သူ ဖြစ်ချင်စိတ် မရှိချေ။

သို့သော်လည်း ကျန်းချန်က အလွန်အကျွံ အတင်းအကျပ် တောင်းဆိုနေသဖြင့် သူ့တွင် ကျန်းချန်နှင့် တိုက်ခိုက်ရန် တစ်လမ်းသာ ရှိတော့သည်။

“မင်းက ငါ့အဆိုကို လက်မခံချင်ဘူးကိုး”

ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။

“ငါ ရွေးချယ်ဖို့ အခွင့်အရေး ပေးပြီးပြီ.. မင်း နောင်တမရဖို့ မျှော်လင့်ပါတယ်”

“ဟမ့်”

အရှင်ရှောင်ယွဲ့က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

“ဒီနတ်ဘုရားက မင်းကို မျက်နှာသာပေးနေတာ မင်းကို ကြောက်နေတယ်လို့များ ထင်နေလား.. ငါနဲ့ ရန်သူဖြစ်ချင်မှတော့ သွားသေလိုက်တော့”

အရှင်ရှောင်ယွဲ့၏ မျက်ဝန်းများက အေးစက်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဝုန်း"

အရှင်ရှောင်ယွဲ့က လက်သည်းကုတ်ချက်ကို ထုတ်ဖော်လိုက်ရာ လေထဲတွင် ငွေရောင်အလင်းများဖြင့် တောက်ပနေသည့် ဧရာမလက်သည်း ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန်ကို အလွန်အမင်း ဖိနှိပ်ရန် ရောက်ရှိလာခဲ့သည်။

“ပျက်စီးစမ်း"

ကျန်းချန်က ဧရာမလက်သည်းကို စူးစိုက်၍ ကြည့်လိုက်ပြီး အေးစက်စက် အော်ဟစ်လိုက်ရာ ကမ္ဘာ့စွမ်းအား ၈မျိုး၏ ကြောက်မက်ဖွယ် ခွန်အားများက အလျင်အမြန် ထွက်ပေါ်လာခဲ့ကာ သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

အဝေးမှကြည့်လျှင် အင်မော်တယ် အရှိန်အဝါ ထွက်ပေါ်နေသကဲ့သို့ပင်။

ကျန်းချန်က ကမ္ဘာ့စွမ်းအား ရှစ်မျိုးကို အစွမ်းကုန် လှုံ့ဆော်ပြီး လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာ အရှင်ရှောင်ယွဲ့၏ ဧရာမ လက်သည်းနှင့် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

ကျန်းချန်၏ လက်ဝါးရိုက်ချက်က ဧရာမ လက်သည်းနှင့် ထိပ်တိုက် ဆုံမိသောအခါ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော အဖျက်စွမ်းအင် မုန်တိုင်းက လှိုင်းထန်လာခဲ့၏။

အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်က နောက်ပြန် လွင့်စင်သွားခဲ့ပြီးသူ၏ ခန္ဓာကိုယ်မှ တောက်ပသော ငွေရောင် အလင်းသည်ပင် မှိန်ဖျော့သွားခဲ့သည်။

“ကမ္ဘာ့စွမ်အား ရှစ်မျိုး.. ဒီကောင်လေးက အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်နေတာလား"

သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော အရှင်ရှောင်ယွဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကမ္ဘာ့စွမ်အား ရှစ်မျိုးကို ပိုင်ဆိုင်သော အထွတ်အထိပ်ကောင်းကင်နတ်ဘုရားသည် မြေကြီးအရှင် နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

ဆိုရလျှင် သူ၏ ပုံရိပ်ယောင်သည် အထွတ်အထိပ်ကောင်းကင် နတ်ဘုရားကို ရင်ဆိုင်နိုင်စွမ်း မရှိပေ။

“အရှင်ရှောင်ယွဲ့... ခင်ဗျား ကိုယ်တိုင် ဆိုရင်တော့ ကျုပ် ရင်ဆိုင်ဖို့ အခက်တွေ့ကောင်း တွေ့နိုင်တယ်"

“ဒါပေမဲ့ ဒါက ခင်ဗျားက ပုံရိပ်ယောင်သက်သက်ပဲ.. ကျုပ် ဖျက်ဆီးချင်ရင် တစ်ကွက်ပဲ လိုအပ်တယ်”

ကျန်းချန်က ဖျပ်ခနဲ လက်သွားခဲ့ပြီး အရှင်ရှောင်ယွဲ့၏ ခေါင်းအထက်တွင် ပေါ်လာကာ သူ၏ ခြေထောက်ကို အောက်ဘက်သို့ အားပါးတရ ဆောင့်နင်းချလိုက်သည်။

“ဝုန်း”

လေထုက ပေါက်ကွဲသွားခဲ့သည်။

အရှင်ရှောင်ယွဲ့၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

သူ၏ တစ်ကိုယ်လုံးက ငွေရောင် အလင်းများဖြင့် ဖုံးအုပ်သွားခဲ့ပြီး ရေတွက်၍ မရသည့် ငွေရောင် မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်လာခဲ့ကာ လေထုတစ်ခုလုံးကို ငွေရောင် မိုးကြိုး ငရဲ အဖြစ် ပြောင်းလဲပစ်လိုက်သည်။

သို့သော် ကျန်းချန်၏ ခြေထောက်မှ ထွက်ပေါ်လာသော နတ်အလင်း ကျရောက်သွားသည်နှင့် ငွေရောင် မိုးကြိုး ငရဲသည် ဘာမှမကျန်ရှိတော့သည့် အဖြစ်သို့ ရောက်သွားခဲ့သည်။

ကျန်းချန်၏ ကန်ချက်က ငွေရောင် မိုးကြိုး ငရဲကို အလွယ်တကူပင် ဖြိုခွဲခဲ့သည်။

"ဝုန်း"

ထို့နောက်တွင် ကျယ်လောင်သော အသံနှင့်အတူ အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်သည် လေထုကနေ မြေပြင်သို့ အရှိန်ဖြင့် ကျဆင်းလာခဲ့ပြီး မြေပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်စေခဲ့သည်။

......................

ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ယင်တျန်းဟွေ့ နှင့် ယင်ပိုင်ကွေ့ တို့သည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေခဲ့ကြ၏။

သူတို့၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပေါ်ပေါက်နေခဲ့သည်။

သူတို့ ခေါင်းဆောင်၏ ပုံရိပ်ယောင်ကိုပင် ပြိုင်ဘက်က ဖိနှိပ်ခဲ့သည်။

ထိုသို့သော တည်ရှိမှုနှင့် သူတို့ မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေခဲ့သည်။

သူက မြေပြင်ထက်ရှိ အက်ကွဲကြောင်းထဲမှ ရှောင်ယွဲ့၏ ပုံရိပ်ယောင်ကို ကြည့်ရင်း ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

“ခွေးမသား.. မင်း.. မင်း ဒီနတ်ဘုရားရဲ့ ပုံရိပ်ယောင်ကိုတောင် ဖျက်ဆီးရဲတယ်”

“ငွေလ ဝံပုလွေမျိုးနွယ်စုက မင်းနဲ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး”

အရှင်ရှောင်ယွဲ့က အက်ကွဲကြောင်းကနေ ထွက်လာခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်း၌ တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

နယ်မြေနတ်ဘုရားများ၏ ပုံရိပ်ယောင်သည် စွမ်းအင် ခန္ဓာကိုယ် ဖြစ်သော်လည်း စစ်မှန်သော ခန္ဓာကိုယ်နှင့် ဆက်နွယ်မှု ရှိသည်။

ပုံရိပ်ယောင် ပျက်စီးသွားသည်နှင့် စစ်မှန်သော ခန္ဓာကိုယ်သည်လည်း ထိခိုက်မှု ခံစားရပေမည်။

ပုံရိပ်ယောင် ပို၍ အစွမ်းထက်လေ ခန္ဓာကိုယ် အပေါ် သက်ရောက်မှု ပို၍ ကြီးမားလေလေ ဖြစ်သည်။

အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်သည် အလွန်ပင် အစွမ်းထက်၍ ဤပုံရိပ်ယောင်ကိုသာ ကျန်းချန်က ဖျက်ဆီးလိုက်လျှင် သူ၏ စစ်မှန်သော ခန္ဓာကိုယ်သည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ခက်ခဲသွားပေတော့မည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

ကျန်းချန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့သည်။

သူ၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

“စိတ်မကောင်းပါဘူး.. ဒီလောကမှာ ဘယ်သူမှ ငါ့ကို ခြိမ်းခြောက်လို့ မရဘူး”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင် သူ၏ ဦးခေါင်း အထက်ရှိ ဟင်းလင်းပြင်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က ခုနစ်စဥ်ကြယ်၏ ခွန်အားကို တောက်ပသော ဧရာမ ကြယ်ဓား အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထိုဓားက အောက်ဘက်ရှိ အရှင်ရှောင်ယွဲ့ကို ချေမှုန်းရန် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော ခွန်အားဖြင့် သက်ဆင်းလာခဲ့သည်။

"ဝုန်း"

ဧရာမ ကြယ်ဓားက အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

အရှင်ရှောင်ယွဲ့က ခုခံရန် ခက်ခဲနေခဲ့သည်။

ကြယ်ဓား၏ ဖိအားအောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ဝက်သည် မြေကြီးထဲသို့ နစ်ဝင်သွားခဲ့သည်။

ကြယ်ဓားစွမ်းအင်သည် အရှင်ရှောင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ဆက်လက် သက်ရောက်နေခဲ့ပြီး အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်ကို ဆက်တိုက် ဖျက်ဆီးနေခဲ့သည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်သည် လုံးဝ အနိုင်ယူခံလိုက်ရပြီး အရှင်ရှောင်ယွဲ့၏ ဒေါသတကြီး ကြုံးဝါးသံ သာလျှင် ကောင်းကင်နှင့် မြေကြီး ကြားတွင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။

“ကောင်လေး.. မင်း ငါ့ကို စောင့်နေ.. ဒီနေ့ရဲ့ အရှက်ရမှု အတွက် ဒီနတ်ဘုရားက မင်းဆီကနေ ဆယ်ဆ ပြန်ယူမယ်”

ကျန်းချန်၏ အမူအရာက အေးဆေး တည်ငြိမ်နေသည်။

သူက အရှင်ရှောင်ယွဲ့၏ ကြုံးဝါးသံကို ဂရုမစိုက်ပေ။

သူ၏ အေးစက်သော မျက်ဝန်းများက ယင်တျန်းဟွေ့ နှင့် ယင်ပိုင်ကွေ့ တို့ကို ပစ်မှတ်ထားခဲ့သည်။

ယနေ့တွင် သူက ယင်ယဲ့ကို ဦးစွာ သတ်ဖြတ်ခဲ့၏။

ယင်းနောက် အရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်ကို ဖျက်ဆီးခဲ့သည်။

ဆိုရလျှင် သူက ငွေလ ဝံပုလွေမျိုးနွယ်စုနှင့် ရန်သူ ဖြစ်ရန် ကံပါနေခဲ့ချေပြီ။

ရန်သူများနှင့် ကြုံတွေ့ရလျှင် ကျန်းချန်သည် သဘောထားပျော့ပျောင်းခြင်း ဘယ်သောအခါမှ မရှိခဲ့ပေ။

ကျန်းချန်၏ အေးစက်စက် မျက်ဝန်းများကို ခံစားမိသည်နှင့်ယင်တျန်းဟွေ့ နှင့် ယင်ပိုင်ကွေ့ တို့သည် စိတ်ဝိညာဥ်များ အေးစက်သွားသလို ခံစားလိုက်ရသည်။

သူတို့၏ မျက်နှာများက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့၏။

အခန်း(၁၉၆၁) ပြီး၏

All Chapters