← Chapters

အခန်း (၁၉၆၇)

Vol. 137 Ch. 1967

အခန်း (၁၉၆၇)

Vol. 137 Ch. 1967

“လျိုဟယ်.. အခု ဘာတွေ ဖြစ်နေတာလဲ.. မင်းရဲ့ မူလခန္ဓာကိုယ်ကို ဘယ်သူ သတ်ပစ်လိုက်တာလဲ”

အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုက အသက်ခပ်ပြင်းပြင်း ရှူရှိုက်၍ မေးလိုက်သည်။

သူ၏ မျက်လုံးများတွင် လေးနက်သော အမူအရာတစ်ခု ရှိနေခဲ့သည်။

နယ်မြေနတ်ဘုရား အဆင့်သည် သူတို့ဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအား ဖြစ်၍ နယ်မြေနတ်ဘုရား တစ်ပါး ကျဆုံးခြင်းသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

နယ်မြေနတ်ဘုရား နှစ်ပါး မရှေးမနှောင်း ဆက်တိုက် ကျဆုံးခဲ့ခြင်းသည် သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ သမိုင်းတွင် လုံးဝ မဖြစ်ဖူးခဲ့ပေ။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကောင်းကင်အရှင်တစ်ပါး ဦးစီးသော ထိပ်တန်းဂိုဏ်း ဖြစ်၍ ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် သူတို့ကို ယှဉ်နိုင်သော အင်အားစုများမှာ လက်တစ်ဖက်စာသာ ရှိသည်။

သာမန် မြေကြီးအရှင်များပင် ဂိုဏ်းကို စော်ကားပြီး ဂိုဏ်းမှ နယ်မြေနတ်ဘုရားကို သတ်ပစ်ရန် မဝံ့ရဲပေ။

ဤကိစ္စသည် ပြိုင်ဘက် အင်အားစုတစ်ခုနှင့် ဆက်စပ်နေသည်ဟု သူ ထင်ခဲ့သည်။

လျိုဟယ်က သွားများကို အံကြိတ်၍ ပြောလိုက်သည်။

“အစ်ကိုကြီး.. ငါ့ မူလခန္ဓာကိုယ်ကို သတ်လိုက်တဲ့သူက ကျန်းချန်လို့ အမည်ရတဲ့ လူငယ်လေး တစ်ယောက်ပါ”

“မင်း.. မင်း ဘာပြောလိုက်တာလဲ”

အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုသည် မယုံကြည်နိုင်သော အမူအရာဖြင့် လျိုဟယ်ကို ကြည့်လိုက်သည်။

သူက နားကြားမှားသည်ဟုပင် သံသယ ရှိခဲ့သည်။

လျိုဟယ်က အားမနည်း၍ မဟာ ကောင်းကင် နတ်ဘုရား အချို့ပင် သူ့ကို သတ်ပစ်ရန် မလွယ်ကူပေ။

ထိုကျန်းချန်ဟု အမည်ရှိသော လူငယ်လေးက လျိုဟယ်အား အမှန်တကယ် သတ်ပစ်ခဲ့ခြင်းကို သူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထိုကဲ့သို့သော လူငယ် ပါရမီရှင်သည် ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် အလွန် ရှားပါးသော်လည်း ကျန်းချန် ဟူသော အမည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

လျိုဟယ်က ခရမ်းရောင် ကျားမျိုးနွယ်စုသို့ သွားရောက်သည့် ကိစ္စကို ပြောပြခဲ့သည်။

“လျိုဟယ်.. ဒီကိစ္စမှာ မင်းအရမ်း မဆင်မခြင် လုပ်လွန်းတယ်”

အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုက ခေါင်းခါယမ်းလိုက်သည်။

“ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က နာမည်ကျော် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူပဲ.. ဒီကောင်လေးက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ရဲ့ အဆက်အနွှယ်မှန်း သိရက်နဲ့ မင်း စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခဲ့သင့်ဘူး”

ကျန်းဝူ ကောင်းကင် နယ်မြေတွင် ကောင်းကင်အရှင် အဆင့်သည် အထွတ်အထိပ် တည်ရှိမှု ဖြစ်သည်။

နတ်ဘုရင် အဆင့် မပေါ်ထွက်လာသရွေ့ ကောင်းကင်အရှင် အဆင့်သည် ပြိုင်ဘက်ကင်းဟု ဆို၍ရ၏။

မည်သည့် ကောင်းကင်အရှင် မဆို ကျန်းဝူ ကောင်းကင် နယ်မြေမှ ဂိုဏ်းများကို ဖိအားပေးရန် လုံလောက်သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းပင် ကောင်းကင်အရှင် အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ စော်ကားရဲမည် မဟုတ်ပေ။

လျိုဟယ်က တကယ်ကို စိတ်အလို လိုက်လွန်းခဲ့သည်။

အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်မှာ ကျန်းချန်၏ ကြောက်မက်ဖွယ် ခွန်အားပင်။

ထိုကောင်လေးသည် လျိုဟယ်၏ မူလခန္ဓာကိုယ်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ခဲ့သည်။

ဤသည်မှာ မဟာကောင်းကင် နတ်ဘုရား အဆင့် အထက်ရှိ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများသာလျှင် လုပ်ဆောင်ရန် ဖြစ်နိုင်သည်။

ထိုကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် နတ်ဆိုးသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် ကျန်းဝူနတ်ဂိုဏ်း တွင်သာ ရှိ၏။

“အစ်ကိုကြီး.. ကျန်းချန်က ငါ့ရဲ့ မူလခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တယ်.. ငါ လက်စားမချေဘူး ဆိုရင် နောင်ဘဝကျရင် လူ မဖြစ်ဖို့ ကျိန်ဆိုတယ်.. ဒါ့အပြင် ညီလေးကျိုးရှ ကျဆုံးသွားတာကလည်း ဒီကောင့် ပယောဂ မကင်းဘူး”

အရှင်လျိုဟယ်က ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ပြောလိုက်သည်။

“သူ့ကို ဖမ်းဆီးပေးဖို့ အစ်ကိုကြီးကို တောင်းဆိုပါတယ်”

အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုက မျက်မှောင်ကြုတ်သွားခဲ့သည်။

“ကျိုးရှ ကျဆုံးတာက ကျန်းချန်နဲ့ ပတ်သက်နေတယ်လို့ ဆိုလိုချင်တာလား”

“အဲဒီ ကောင်လေးက စကားတစ်ခွန်း ပြောခဲ့တယ်”

အရှင်လျိုဟယ်၏ မျက်လုံးများက မှောင်မိုက်နေခဲ့သည်။

“သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက နယ်မြေနတ်ဘုရားကို မသတ်ဖူးတာလည်း မဟုတ်ဘူးလို့ ပြောခဲ့တယ်"

လျှိုဟယ်၏ စကားကိုကြားလျှင် အဖြူရောင် ဝတ်ရုံဝတ် အဖိုးအို၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

မကြာသေးမီက သူတို့ဂိုဏ်း၏ နယ်မြေနတ်ဘုရားများ ထဲမှ တစ်ပါး ဖြစ်သော ကျိုးရှသည် အကြောင်းရင်း မယ်မယ်ရရ မသိရဘဲ ရုတ်တရက် ကျဆုံးသွားခဲ့သည်။

ကျန်းချန်က လျိုဟယ် နှင့် မတွေ့ဆုံမီ သူတို့ဂိုဏ်းမှ နယ်မြေနတ်ဘုရား တစ်ပါးကို တကယ်ပဲ သတ်ပစ်ခဲ့လျှင် ကျိုးရှကို သတ်ဖြတ်ခဲ့သူမှာ ကျန်းချန်မှန်း သေချာသွားခဲ့ပြီ မဟုတ်ပါလား။

“လျိုဟယ်.. စိတ်မပူပါနဲ့.. ငါတို့ဂိုဏ်းက ဒီကိစ္စကို လျစ်လျူရှုထားမှာ မဟုတ်ဘူး.. ဒါပေမဲ့ အချိန်ယူဖို့တော့ လိုအပ်တယ်”

အဖြူရောင်ဝတ်ရုံဝတ် အဖိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူ ကောင်းကင်နယ်မြေရှိ ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရား အင်အားစု အနည်းငယ်ထဲမှ တစ်ခု ဖြစ်သဖြင့် ဂိုဏ်း၏ ဂုဏ်သိက္ခာကို စိန်ခေါ်ရဲသူ အနည်းငယ်မျှသာ ရှိသည်။

ယခုအခါတွင်မူ ဂိုဏ်း၏ နယ်မြေနတ်ဘုရား နှစ်ပါး ဆက်တိုက် ကျဆုံးခဲ့ရသည်။

ထိုကိစ္စကို အရေးမယူလျှင် သူတို့ ဂိုဏ်းသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် ရပ်တည်ရန် မျက်နှာ ရှိတော့မည် မဟုတ်ပေ။

သို့သော် လူသတ်သမားသည် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်ပြီး နောက်ကွယ်တွင်လည်း ကောင်းကင်အဆင့် ကျင့်ကြံသူ ရှိနိုင်ခြေ များ၏။

ဆိုရလျှင် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် ကုဟွမ်တောင်ကနေ လုံးဝ ထွက်ခွာသွားသည်ဟု မည်သူမျှ အာမ မခံနိုင်ပေ။

သူတို့ အတွက် ယခု အရေးကြီးဆုံး အရာမှာ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က ကျန်းဝူ ကောင်းကင် နယ်မြေကနေ အမှန်တကယ် ထွက်ခွာသွားခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ရန် ဖြစ်သည်။

ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် မရှိတော့လျှင် ဂိုဏ်း၏ ခွန်အားဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ရှိနေခဲ့လျှင် သူတို့၏ ဘိုးဘေးကို အကူအညီ တောင်းဆိုရပေမည်။

-------------

ကုဟွမ်တောင်တွင် အရှင်လျိုဟယ်ကို သတ်ပြီးနောက် ကျန်းချန်က ကျင့်ကြံရန် ရှေးဟောင်းခန်းမသို့ ပြန်သွားခဲ့သည်။

အရှင်လျိုဟယ် အသတ်ခံလိုက်ရခြင်းကြောင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် လက်လျှော့မည် မဟုတ်ပေ။

၎င်းတို့က သူ့ထံ မကြာမီ ရောက်လာနိုင်ဖွယ် ရှိ၏။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ထိပ်တန်းအဆင့် ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ပြီး ကောင်းကင်အရှင် အဆင့် ဘိုးဘေး တစ်ဦးအပြင် မြေကြီးအရှင် အဆင့် ကျင့်ကြံသူ သုံးဦး ရှိသည်။

ဆိုရလျှင် သူ၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ခွန်အားဖြင့် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန် မလုံလောက်ပေ။

ထို့ကြောင့် သူက အချိန်လမ်းစဥ်ကို အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်ရပေတော့မည်။

အချိန်လမ်းစဥ်ကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်နိုင်သ၍ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ထက် မြင့်မားသည့် သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်သည် မဟုတ်ပါလား။

ထိုအချိန်သို့ ရောက်လျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ကောင်းကင်အရှင် အဆင့်ရှိ ဘိုးဘေးကိုပင် သူက ကြောက်နေစရာ မလိုတော့ပေ။

“ဒင်.. သင်က ပဉ္စမအဆင့် ကောင်းကင် ဆေးလုံးဖြစ်တဲ့ အချိန်ဆေးလုံးကို သန့်စင်လိုက်ပါပြီ”

“ဒင်.. သင်က အချိန်ဆေးလုံးကို မျိုချလိုက်ပြီး အချိန်လမ်းစဥ် အတွေ့အကြံရမှတ် ၅၀၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

“ဒင်.. သင်က ပဉ္စမအဆင့် ကောင်းကင် ဆေးလုံးဖြစ်တဲ့ အချိန်ဆေးလုံးကို သန့်စင်လိုက်ပါပြီ”

“ဒင်.. သင်က အချိန်ဆေးလုံးကို မျိုချလိုက်ပြီး အချိန်လမ်းစဥ် အတွေ့အကြံရမှတ် ၅၀၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

“............”

"ဒင်.. သင့်ရဲ့ အချိန်လမ်းစဥ်က ပြီးပြည့်စုံတဲ့ အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"

ကျန်းချန်က အချိန်ဆေးလုံးကို ဆက်တိုက် သန့်စင်ပြီး မျိုချခဲ့သည်။

ရက်ပေါင်း ၂၀ ကျော်ကြာ ဆက်လက် လုပ်ဆောင်ပြီးနောက်တွင် သူ၏ အချိန်လမ်းစဥ်သည် နောက်ဆုံးတွင် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အချိန်လမ်းစဥ် ပြီးပြည့်စုံခြင်းသည် လမ်းစဥ် ကိုးခု၏ စွမ်းအားကို စုဆောင်းပြီး သူတော်စင် ကောင်းကင် နတ်ဘုရားအဖြစ်သို့ တိုးမြှင့်နိုင်သည့် အဓိပ္ပါယ်လည်း ဖြစ်သည်။

[ငါ စနစ်ရဲ့ စွမ်းအားကို အသုံးပြုပြီး လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့ စွမ်းအားကို ပိုင်ဆိုင်နိုင်မလား မသိဘူး]

ကျန်းချန်က မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ဖျပ်ခနဲ လက်သွားခဲ့သည်။

နတ်ဘုရား နယ်မြေတွင် လမ်းစဉ်ကိုးပါး၏ စွမ်းအားကို ပိုင်ဆိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရားသည် ကောင်းကင်နတ်ဘုရားအဆင့်၏ အကန့်အသတ် ဖြစ်သည်။

ရှေးခေတ်ကာလကနေ လက်ရှိ ခေတ်ကာလအထိ နတ်ဘုရားနယ်မြေတွင် လမ်းစဉ်ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်သောကျင့်ကြံသူ မပေါ်ထွက်ခဲ့ဖူးပေ။

ကောင်းကင်နတ်ဘုရား အဆင့်တွင် အဆင့်တက်ရန်မှာ တကယ်တမ်း မလွယ်ကူချေ။

ကျန်းချန်တွင် ကောင်းကင်ကို ဆန့်ကျင်သော စနစ်ရှိ၍ ဒသမမြောက် လမ်းစဥ်ကို နားလည် သဘောပေါက်ရန် ကြိုးစားကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော တည်ရှိမှု တစ်ခု ဖြစ်လာနိုင်သော်လည်း ကျန်းချန်က ယင်းအတွက် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

သူ၏ စနစ်က ကောင်းကင်ကို ဆန့်ကျင်နေသော်လည်း အကန့်အသတ် မရှိသည်တော့ မဖြစ်နိုင်ပေ။

သူသာ လမ်းစဥ် အားလုံးကို နားလည် သဘောပေါက်နိုင်မည်ဆိုလျှင် လမ်းစဉ် သုံးထောင်လုံးကို အလုံးစုံ နားလည်သဘောပေါက်နိုင်မည် ဖြစ်ပြီး ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပါလား။

ကျန်းချန် အတွေးနက်နေစဥ်တွင် နေရာလွတ် လှုပ်ရှားမှု တစ်ခုသည် ခန်းမအပြင်ဘက်၌ ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားခဲ့သည်။

သူ၏ အကြည့်က ဆေးဥယျာဉ် အထက်သို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့၏။

ဦးဆောင်လာသူမှာ ငွေလ ဝံပုလွေ မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် မြေကြီးအရှင် ရှောင်ယွဲ့ ဖြစ်သည်။

“ရှောင်ယွဲ့.. မင်းက ကုဟွမ်တောင်ကို တိုက်ခိုက်ဖို့ ဦးဆောင်လာမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး.. ဒါက ငါ့ကို နည်းနည်းတော့ အံ့အားသင့်စေတယ်”

အရှင်ရှောင်ယွဲ့ ရောက်ရှိလာသည်နှင့် အရှင်ကျင်းဟော်ကလည်း လျှပ်တစ်ပြက် ရောက်ရှိလာခဲ့သည်။

“ကျင်းဟော်.. ဒီတစ်ကြိမ် ငါ ရောက်လာတာ မင်းနဲ့ ယှဥ်ပြိုင်ဖို့ မဟုတ်ဘူး”

အရှင်ရှောင်ယွဲ့က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ငါက ကျန်းချန် တစ်ယောက်တည်း အတွက် ရောက်လာတာပဲ.. မင်းသာ ကျန်းချန်ကို ငါ့လက်ထဲ အပ်လိုက်မယ်ဆိုရင် ငါကုဟွမ်တောင်ကနေ ချက်ချင်း ထွက်သွားမယ်”

ငွေလ ဝံပုလွေ မျိုးနွယ်စုသည် နယ်မြေနတ်ဘုရား တစ်ပါး နှင့် မဟာကောင်းကင် နတ်ဘုရား နှစ်ပါး ဆုံးရှုံးခဲ့ရသဖြင့် ကြီးကြီးမားမား ထိခိုက်သွားခဲ့သည်။

သူတို့က ခရမ်းရောင်ကျား မျိုးနွယ်စုကို ဆန့်ကျင်ရန် အားသာချက် မရှိတော့ပေ။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ကျန်းချန် တစ်ဦးတည်းကိုပင် ငွေလဝံပုလွေ မျိုးနွယ်စုသည် စိုးရိမ်နေရ၏။

မူလက အရှင်ရှောင်ယွဲ့သည် လက်စားမချေတော့ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် မကြာသေးမီက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းချန်ကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီ ပေးလိုကြောင်း ပြောဆိုခဲ့သည်။

ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ထောက်ပံ့မှုဖြင့် အရှင်ရှောင်ယွဲ့သည် တွန့်ဆုတ် မနေတော့ဘဲ သူ၏ လူများကို ဦးဆောင်ကာ ကုဟွမ်တောင်သို့ ချီတက်ခဲ့ခြင်းပင်။

“ရှောင်ယွဲ့.. ကျန်းချန်က ငါတို့ မျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ ဧည့်သည်ပဲ.. မင်း သူ့ကို ရန်ပြုချင်တယ် ဆိုရင် ငါ သဘောတူမတူ အရင် မေးရလိမ့်မယ်”

အရှင်ကျင်းဟော်က အေးစက်စက် ပြုံးလိုက်သည်။

သူက ကျန်းချန်နှင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းတို့ကြားတွင် ဝင်ရောက် စွက်ဖက်ရန် သတ္တိမရှိသော်လည်း ငွေလဝံပုလွေ မျိုးနွယ်စုကိုမူ အရေးမစိုက်ချေ။

“တကယ်လား”

အရှင်ရှောင်ယွဲ့၏ နှုတ်ခမ်းထောင့်က ကွေးညွတ်သွားခဲ့သည်။

“ကျင်းဟော်.. ဒီနေ့ ငါရောက်လာတာက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အမိန့်နဲ့ ကျန်းချန်ကို ဖမ်းဆီးဖို့ ရောက်လာခဲ့တာပဲ.. မင်း ငါ့အလုပ်ကို ဝင်စွက်ဖက်မှာ သေချာရဲ့လား”

အခန်း(၁၉၆၇) ပြီး၏။

All Chapters