← Chapters

ချန်ယွီ့နောက် လိုက်တာက ကံကောင်းခြင်းပဲ

Vol. 13 Ch. 122

ချန်ယွီ့နောက် လိုက်တာက ကံကောင်းခြင်းပဲ

Vol. 13 Ch. 122

ကျောက်ချန်းခွန်မှာ ရှော့ခ်ရလွန်း၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပင် တဆတ်ဆတ် တုန်ယင်နေသည်။

ချန်ယွီ့က နတ်ဘုရားဆန်လွန်း မနေဘူးလား …

သူ့စကားဆုံးတာနဲ့ ဖုန်းက ချက်ချင်း ဝင်လာတယ် …

ပြီးတော့ အဲ့တာကလည်း ပြန်ပေးဆွဲသမားဆီက ခြိမ်းခြောက်လာတဲ့ ဖုန်း‌ကောဖြစ်ဖို့ များတယ် …

လီချန်ကျွင်းမှာ ပျော်ရွှင်သည့် အမူအရာကို လှစ်ဟာပြလာသည်။ ချန်ယွီ့က သူ့ကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။

“ ဥက္ကဌကျောက် … ကျေးဇူးပြုပြီး ဖုန်းကို ချက်ချင်း ကိုင်လိုက်ပါ …. စပီကာ ဖွင့်ထားဖို့လည်း မမေ့နဲ့ ….”

“ အို .. အိုကေ ….”

အသိစိတ် ပြန်ကပ်လာစေရန်အတွက် ကျောက်ချန်းခွန် သူ့မျက်နှာသူ နှစ်ချက်ခန့်မျှ ခပ်ဆတ်ဆတ် ရိုက်နှက်ပြီး ဖုန်းစပီကာကို ဂရုတစိုက်နှင့် နှိပ်လိုက်၏။

နောက်တစ်စက္ကန့်နှင့် ဩရှသံ အက်အက်က ဖုန်းထဲမှ ထွက်လာသည်။

“ အခုပြောနေတာ သူဌေးကျောက်လား ….”

“ ငါပဲ … မင်းက ဘယ်သူတုန်း ….”

ကျောက်ချန်းခွန် မေးလိုက်သည်။

“ ကျုပ်တို့ချင်း တစ်ခါမှတော့ မဆုံဖူးပါဘူး … ဒါပေမယ့် ခင်များရဲ့ကြီးမြတ်လှတဲ့ နာမည်ကိုတော့ ကျုပ် ကြားဖူးနားဝရှိတယ် ဘော့စ်ကျောက် ….”

“ ခင်များက ဟန်ကျိုးမြို့ရဲ့ စွမ်းအင်သစ်ကား နယ်ပယ်မှာ အကောင် ခပ်ကြီးကြီးပဲ ….”

“ ကျုပ်တို့လို နိမ့်ကျတဲ့ လူတွေအတွက် အသက်မွေးဝမ်းကျောင်းပြုဖို့ဆိုတာ လွယ်တာမဟုတ်ဘူး … ဒါကြောင့်မို့ အသက်ရှင်ဖို့အတွက် ဘော့စ်ကျောက်ဆီကနေ ပိုက်ဆံနည်းနည်းလောက် ချေးချင်လို့ပါ ….”

တခဏမျှ ကြာပြီးနောက် တစ်ဖက်လူက ဖုန်းချသွားခဲ့သည်။

လီချန်ကျွင်း ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်၏။

အသံနားထောင်ကြည့်ရသလောက် အမာရွတ်ဓား’ချန်’ဆိုသည်မှာ သေချာသည်။

ဤ ဓားပြက ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်နေဆဲပင်။ ကျောက်ချန်းခွန်ကို ပြန်ရွေးငွေ ယွမ် သန်း ၁၀၀ ပင် တောင်းလာခဲ့၏။

“ ဒေါက်တာချန် … ၊ ပြန်ပေးသမားက အမာရွတ်ဓား’ချန်’ ဟုတ်တယ် …”

လီချန်ကျွင်းက အမာရွတ်ဓား’ချန်’ ကလေးတွေကို မည်သည့်နေရာမှာ ဝှက်ထားလဲဆိုတာ အရေးတကြီး မေးလာသည်။

သူက ကလေးတွေ ပုန်းဖို့ ငှားထားသည့် အနှီအိမ်မှာပဲလော။

ခေါင်းခါယမ်းရင်း ချန်ယွီ့ ပြန်ဖြေလိုက်သည်။ “ ရာဇဝတ်မှုခင်း စိတ်ပညာအပေါ် အခြေခံပြီး သုံးသပ်ကြည့်ရင် ပြန်ပေးသမားတွေက ဓားစာခံကို ဖမ်းပြီးတာနဲ့ ချက်ချင်း နေရာပြောင်းသွားမှာပဲ …”

“ လွန်ခဲ့တဲ့ တစ်နာရီတုန်းကတည်းက တခြားနေရာတစ်ခုကို ရွှေ့ပြောင်းသွားပြီ ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က စာရွက်နှင့် ဖောင်တိန်တစ်ချောင်းထုတ်ပြီး လိပ်စာတစ်ခုကို လီချန်ကျွင်းအတွက် ရေးပေးလိုက်သည်။

“ ဒီကောင်တွေကို ရှာလို့ မတွေ့တာ မထူးဆန်းတော့ပါဘူး ... ဒီခွေးသူတောင်းစားတွေက တကယ့်နေရာမှာမှ သွားပုန်းနေကြတာကိုး …”

“ ဘိုးဘွားရိပ်သာ …”

ကျောက်ချန်းခွန်က အနီးကပ်တစ်ချက်ကြည့်လိုက်ရာ လိပ်စာတည်နေရာကို မြင်တော့ မနေနိုင်ဘဲ နှုတ်က လွှတ်ခနဲ ပြောထွက်မိသွားခဲ့၏။

အမာရွတ်ဓား’ချန်’၏ ဂိုဏ်းက ဟန်ကျိုးမြို့ထဲတွင် တစ်နှစ်ပတ်လုံး ဒုစရိုက်မှု မျိုးစုံကို လက်ရဲဇက်ရဲ ကျူးလွန်နေကြပြီး ပတ်ဝန်းကျင်အတွက် အလွန် အန္တရာယ်များသည့် ရာဇဝတ်ကောင်များ ဖြစ်လာသည်။ တရားမျှတမှု ဖော်ဆောင်ရန်အတွက် လီချန်ကျွင်းသည် ကြီးမားသည့် ဖမ်းဆီးမှု စစ်ဆင်ရေး များစွာကို လုပ်ဆောင်ခဲ့သည်။

သူတို့တွေ ... ငှားရမ်းထားသည့် လူနေအိမ်များအားလုံး ၊ ဟိုတယ်များ ၊ ဘားများ ၊ KTV များ၊ အင်တာနက်ဆိုင်များနှင့် မြို့ထဲရှိ အခြားနေရာများသို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ဖူး၏။

သို့တိုင် မည်သည့် အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။

ဤ ရာဇဝတ်သား အုပ်စုက ဘိုးဘွားရိပ်သာတွင် ပုန်းအောင်းနေမည်လို့ကော မည်သူက အတွေးဝင်မိလိမ့်မည်နည်း။

“ ဥက္ကဌကျောက် … ခင်များ အိမ်ပြန်ပြီး ကျုပ်ဆီက သတင်းကောင်း စောင့်နေလိုက် … ကျုပ် အသင်းကို လူစုပြီး ကလေးတွေ ကယ်ဖို့ ဘိုးဘွားရိပ်သာကို အခုချက်ချင်းပဲ ကျုပ်သွားမယ် ….”

လီချန်ကျွင်းက ရိုးရှင်းသည့် ညွှန်ကြားမှုပေးပြီးနောက် လူစုစည်းရန်အတွက် ဖုန်းထုတ်လိုက်သည်။

ဘိုးဘွားရိပ်သာ အနီးနားရှိ ရဲအရာရှိတိုင်းကို လူစုထားဖို့ ပြောလိုက်ပြီး ရာဇဝတ်မှု စုံစမ်းရေးတပ်ဖွဲ့ ရောက်လာသည့် အချိန်မှသာ ဖမ်းဆီးကြမည် ဖြစ်သည်။

“ နေဦး ….”

ချန်ယွီ့က လီချန်ကျွင်းကို ကြားဖြတ်ပြောလိုက်၏။

“ ပြန်ပေးဆွဲသမားတွေ ဒီရဲ့ ဘိုးဘွားရိပ်သာကို ဆောက်လုပ်ထားတယ်ဆိုတာက သူတို့တွေ ပုန်းဖို့နေရာလုပ်ဖို့ … ပြီးတော့ ဓားစာခံတွေ ထိန်းသိမ်းဖို့ နေရာဆိုလည်း ဟုတ်တယ် …”

“ တကယ်လို့ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် ဘိုးဘွားရိပ်သာ အနီးနားဝန်းကျင်မှာ စောင့်ကြည့်ရေး ကင်မရာတွေ အများကြီး တပ်ထားတယ် …. ရဲတွေ သူတို့ရဲ့ အလုံခြုံဆုံး လျှို့ဝှက်စခန်းကို ရှာတွေ့သွားတာကနေ ကာကွယ်ဖို့ပေါ့ ….”

“ ဟစ် ….”

လီချန်ကျွင်း အသက်ပြင်းပြင်း ရှိုက်မိသွား၏။

အမာရွတ်ဓား’ချန်’က သူ့ကို ဖမ်းဖို့လုပ်တိုင်း ထွက်ပြေးလွတ်မြောက်သွားတာက မထူးဆန်းတော့ချေ။ သူက တကယ့်ကို ကောက်ကျစ်သည့် မြေခွေးအိုကြီး ဖြစ်၏။

“ ဒါဆိုရင် ငါတို့က ဓားစာခံတွေကို ဘယ်လိုမျိုး ကယ်တင်ရမှာလဲ …” လီချန်ကျွင်း မေးလိုက်သည်။

“ အဲ့ကိစ္စ ကျုပ်ကို မေးရမှာ မဟုတ်ဘူး ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်ပြီး “ ဓားစာခံတွေကို ဘယ်လိုကယ်တင်ရမလဲနဲ့ ရာဇဝတ်သားတွေ ဖမ်းဆီးဖို့က ရဲကိစ္စလေ …”

“ ဒါပေမယ့် မနက်ဖြန် မနက်ခင်းကျရင်တော့ အမာရွတ်ဓား’ချန်’က သူ့ရဲ့ ငယ်သား အများစုကို မြို့ပြင် ခေါ်သွားပြီး လက်နက်ဝယ်ဖို့ ကိစ္စ ဆွေးနွေးဖို့ရှိတယ် …”

“ လက်နက်တွေ ဝယ်မယ် ဟုတ်လား ….”

လီချန်ကျွင်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ရှစ်ဂဏန်း ပုံစံ လက်ဟန်ကို ပြုလုပ်လိုက်သည်။

( တရုတ် ရှစ်ဂဏန်းလက်ဟန်က လက်သီးဆုပ်ပြီး လက်မနဲ့ လက်ညှိုးပဲ ဆန့်လိုက်ပါ။ သေနတ်လက်ဟန်ပါပဲ)

ခေါင်းညိတ်လျက် ချန်ယွီ့ ပြောလိုက်သည်။ “ ဟန်ကျိုးဘဏ် …”

လီချန်ကျွင်းရဲ့ ဦးခေါင်းက ပေါက်ကွဲထွက်သွားတော့မည့်နှယ် ခံစားလိုက်ရသည်။

အမာရွတ်ဓား’ချန်’နှင့် သူ့လူတစ်စု၏ ရူးမိုက်မှုက အင်မတန် အစွန်းရောက်သွားပြီ ဖြစ်၏။

ရဲအရာရှိများက သူတို့ရဲ့ ပြန်ပေးဆွဲမှု ၊ ခြိမ်းခြောက်ငွေညှစ်မှုနှင့် လူသတ်မှုများအတွက် စာရင်းမရှင်းရသေးချေ။ သို့တိုင် ထိုငနဲများကတော့ ဘဏ်ကိုပင် ဓားပြတိုက် ဝင်စီးဖို့ စီစဉ်နေကြ၏။

ချန်ယွီ့ ထပ်ပြီး ဖြည့်စွက်ပြောလာသည်။ “ အဲ့ဒီအချိန်ကျရင် သူတို့ရဲ့ စခန်းမှာ လူနှစ်ယောက်ပဲ ကျန်နေလိမ့်မယ် ….”

“ ငါ အခု ဘာလုပ်ရမလဲ သိသွားပြီ ဒေါက်တာချန် ….”

လီချန်ကျွင်း နောက်ဆုံးတော့ ချန်ယွီ့ရဲ့ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားခဲ့သည်။

ဘိုးဘွားရိပ်သာထဲသို့ အကြမ်းပတမ်း ဝင်စီး၍ ဓားစာခံ ကယ်တင်ဖို့ဆိုသည်မှာ ကျိန်းသေပေါက် မဖြစ်နိုင်ပေ။

အပြင်ဘက်ရှိ စောင့်ကြည့်ရေး ကင်မရာများကို မဆိုထားသေးနှင့်၊ ရဲများ အပြင်ဘက်တွင် သူတို့ကို ဝိုင်းရံထားပြီးဖြစ်ကြောင်း တွေ့ရှိသွားချိန်တွင် အမာရွတ်ဓား’ချန်’က ဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အိုများကို ချက်ချင်း ဓားစာခံ ပြုလုပ်လိုက်လိမ့်မည်။

အကောင်းဆုံး အခွင့်အရေးက မနက်ဖြန် လှုပ်ရှားဖို့ ဖြစ်၏။

အမာရွတ်ဓား’ချန်’က သူ့လူအများစုကို သူနှင့် အတူ အပြင်သို့‌ ခေါ်ဆောင်သွားသည်နှင့် ကျန်ရှိသည့် လူမိုက်နှစ်ဦးတည်းနှင့် ဘာမျှ လုပ်ရမှာ မဟုတ်ချေ။

သူတို့ဘက်က အရင်ဦးဆုံး လျှပ်စစ်မီးများ ဖြတ်တောက်ပြီး တိုက်ခိုက်ရေး အသင်းကို အရင်ဦးဆုံး စေလွှတ်လိုက်မည်။

နောက်ဆုံးတွင် လက်နက် အရောင်းအဝယ်ပြုလုပ်မည့် မြို့ပြင်သို့ နောက်အသင်းတစ်သင်းကို ထပ်မံစေလွှတ်၍ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ရမည် ဖြစ်၏။

ထိုအခါမှပဲ အုပ်စုနှစ်စုကို တစ်ချီတည်းနှင့် အပြတ်ဖြတ်နိုင်ပေမည်။

အတော်လေး ဖြောင်းဖြပြီးနောက် လီချန်ကျွင်းလည်း‌ နောက်ဆုံး၌ ကျောက်ချန်းခွန်ကို အိမ်သို့ ပြန်လွှတ်လိုက်နိုင်သည်။ သူ ထွက်သွားတော့မည့် အချိန်မှာပဲ လီချန်ကျွင်းက ရုတ်ချည်းရပ်တန့်၍ နောက်လှည့်မေးလာသည်။

“ ဒေါက်တာချန် … ကျုပ် အစီအစဉ်မှာ ဘာပြဿနာမှ မရှိဘူးမလား ….”

“ မရှိဘူး … စိတ်မပူနဲ့ … အဲ့ဒီအတိုင်းသာလုပ် ….”

ဤစကားလုံးများကြားတေ့ လီချန်ကျွင်းရဲ့ စိတ်လည်း နောက်ဆုံး၌ တည်ငြိမ်သွားခဲ့သည်။

ဆေးခန်းထဲက ထွက်သွားခဲ့ပြီးနောက် လီချန်ကျွင်းက သူ့အထက်အကြီးအကဲများထံ တင်ပြကာ အထူးအထောက်အပံ့များ တောင်းခံလိုက်သည်။

“ ထင်မှတ်မထားတာတွေ ဖြစ်မလာဘူးဆိုရင်တော့ မနက်ဖြန် မွန်းလွဲလောက်ကျရင် ကုသိုလ်နဲ့ ကံကောင်းမှုတွေ အများကြီး ရလာလောက်တယ် …”

အားရကျေနပ်စွာဖြင့် … ချန်ယွီ့ သွားတိုက်ပြီး အနားယူရန်အတွက် အိပ်ရာသို့ ပြန်လိုက်သည်။

ကိုယ်တိုင် ဖန်တီးသည့် ပြန်ပေးဆွဲမှု တစ်ခုက ရာဇဝတ်မှုများစွာကို ကျူးလွန်ထားသည့် ဂိုဏ်းအုပ်စုတစ်စုကို ဖမ်းဆီးရသည့် စစ်ဆင်ရေးသို့ ကူးပြောင်းသွားသည်။

ယင်းက များစွာသော ရာဇဝတ်မှုများ ဖြစ်ပွားမှာကို ကြိုတင်ကာကွယ်ထားနိုင်ပြီး မရေမတွက်နိုင်သည့် အပြစ်ကင်းသူများ၏ အသက်ကို ကယ်တင်ရာလည်း ရောက်သည်။

ထို့ကြောင့် …. သူ့ရဲ့ ကာကွယ်ပေးမှုက ဧရာမ များပြားသည့် ကုသိုလ်နှင့် ကံကောင်းမှုတို့ ပေးအပ်လာသင့်လေသည်။

ဥက္ကဌကျောက်အတွက်ကတော့ …. ချန်ယွီ့မျက်နှာထက်တွင် ခန့်မှန်းရခက်ခဲသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။

သူတို့ နောက်တစ်ကြိမ် ထပ်ပြီး ပြန်ဆုံကြရဦးမှာ ဖြစ်၏။

နောက်တစ်ကြိမ် ပြန်ဆုံသည့် အချိန်၌ အခွင့်အရေး နောက်တစ်ခုကလည်း ထွက်ပေါ်လာနိုင်သည်။

နောက်တစ်နေ့ ညနေ တစ်နာရီ ဝန်းကျင်တွင် … ချန်ယွီ့ ဆေးခန်းထဲ ပျင်းရိစွာ လဲလျောင်းလျက် ဖုန်းဆော့နေသည်။

ဖုန်းခေါ်ဆိုလာသည့် အသိပေးမှုတစ်ခုက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့၏။

“ သူတို့တွေ အကုန် ဖမ်းမိလိုက်ပြီ … တစ်ယောက်မှ လွတ်မသွားဘူး ….”

အမာရွတ်ဓား’ချန်’ အပါအဝင် ၊ ဂိုဏ်းသားစုစုပေါင်း ခုနစ်ယောက် ရှိသည်။

ဤခုနစ်ယောက်လုံး မည်သူကမျှ ထွက်ပြေးမလွတ်မြောက်နိုင်ဘဲ ရဲအရာရှိများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။

ယခု သူတို့ကို အချုပ်ထဲတွင် ထိန်းသိမ်း စောင့်ကြည့်ထားလေသည်။

ခေတ္တအကြာတွင် လီချန်ကျွင်းက သူတို့ကို စစ်ဆေးမေးမြန်းတော့မှာ ဖြစ်သည်။

ရွှီနာ့နာ့နှင့် ကျောက်၀န်ချန်းတို့ကိုလည်း‌ အောင်အောင်မြင်မြင်နှင့် ကယ်တင်လိုက်နိုင်သည်။

အနည်းငယ် ကြောက်ရွံ့နေသည်ကလွဲ၍ အခြားသော ပြဿနာများလည်း မမြင်တွေ့ရချေ။

ဤအရာများအပြင် လီချန်ကျွင်းထံ၌ ချန်ယွီ့ကို ပြောပြဖို့ နောက်ထပ် သတင်းကောင်းတစ်ခုလည်း ရှိနေသည်။

အမာရွတ်ဓား’ချန်’ကို ဖမ်းဆီးစဉ်အတွင်း လက်နက်ပွဲစားကနေ တစ်ဆင့် လက်နက်မြောက်များစွာကိုလည်း သိမ်းဆည်းရမိသွားသည်။

ထိုအကြောများနောက် မီးခိုးကြွက်လျှောက် လိုက်ပါသွားရင်း လက်နက်မှောင်ခိုပြုနေသည့် ဂိုဏ်းကိုလည်း ဖမ်းဆီးနိုင်တော့မည်မှာ အနှေးနှင့်အမြန်ပင်။

ဖုန်းချပြီးနောက် ချန်ယွီ့ ပျင်းရိစွာ သမ်းဝေလိုက်သည်။

လီချန်ကျွင်း ပြောဆိုချင်သည့် နောက်စကားတစ်ခွန်းလည်း ရှိသေး၏။ သို့သော် သူ မပြောဖြစ်လိုက်ပေ။ အကြောင်းအရာကတော့ ချန်ယွီ့နောက် လိုက်ပါသည်က တကယ့်ကို ကောင်းချီးခံစားရခြင်းပင်။

စစ်ဆင်ရေး‌ အောင်မြင်သည့် ကိစ္စကို ချန်ယွီ့ ကြိုသိထားပြီး ဖြစ်၏။ လီချန်ကျွင်း ဖုန်းမခေါ်လာမီ တစ်နာရီအလိုကတည်းကပင် များပြားလှသည့် ကုသိုလ်နှင့် ကံကောင်းမှုတို့က ချန်ယွီ့ကိုယ်ထဲ စီးဝင်လာသည်။

“ ကောင်းကင်တာအိုက ငါ့ကို တကယ်ပဲ ကောင်းချီးပေးနေတာပဲ …. အိမ်မှာ ဒီတိုင်း နေရင်းထိုင်ရင်းနဲ့ကို ကုသိုလ်နဲ့ ကံကောင်းမှုတွေက တံခါးဝကို ခြေထောက်ပေါက်ပြီး ရောက်လာနေတယ် ….”

ကျေနပ်အားရစွာဖြင့် … ချန်ယွီ့ ခန္ဓာကိုယ် အညောင်းဆန့်လိုက်ပြီး ဖုန်းကို အောက်သို့ချကာ မျက်လုံးများ ပွတ်သပ်လိုက်သည်။

“ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ်ဆိုတော့ အင်တာနက်က သူငယ်ချင်းလေးတွေနဲ့ စကားပြောရမယ် ….”

ထိုသို့ ပြောပြီးနာက် ချန်ယွီ့ သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။

ချန်ယွီ့ သူ့ချန်နယ်ထဲ ဝင်တော့ … စူပါ အက်မင်တစ်ယောက်ထံကနေပြီး အီးမေးလ်စာတစ်စောင်ဝင်နေသည်။

စာပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ချန်ယွီ့ နှုတ်ခမ်းကိုက်ပြီး ဖျက်မည် ဆိုသည့် ခလုတ်အပေါ် နှိပ်လိုက်သည်။

အခြားတစ်ဖက်ရှိ ဟူယွီ ပလတ်ဖောင်း၏ စီအီးအို ရုံးခန်းတွင်တော့။

“ ဥက္ကဌ … ကျွန်တော် ချန်ယွီ့ကို မက်ဆေ့ချ်သုံးစောင် ပို့ထားပါတယ် … ဒါပေမယ့် သူ တစ်ခုမှ အကြောင်းမပြန်လာပါဘူး ….”

ဝန်ထမ်းတစ်ဦးက ရှုပ်ထွေးနေသည့် လေသံဖြင့် သူ့ဘော့စ်ကို အစီရင်ခံနေသည်။

သူ့ဘော့စ်က ဝှီးချဲပေါ်ထိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး လက်မောင်းတွင် ကျောက်ပတ်တီးနှင့် ခေါင်းတွင်လည်း ပတ်တီးအထူကြီး စည်းထားရသည်။ သူ့ ကြည့်ရသည်မှာ ပြဿနာကြီးကြီးမားမား တက်နေပုံပင်။

“ ဒါမှမဟုတ် … ကျွန်တော် ဆရာဝန် အရင်ခေါ်ပေးရမလား …” ဝန်ထမ်းက ဂရုတစိုက်နှင့် မေးလိုက်သည်။

All Chapters