← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

ကြည့်ရှုသူများမှာ သူတို့စခရင်ကို ငေးကြည့်မိသွားခဲ့ကြသည်။

လခွမ်းတွေ ဖြစ်နေတာလားဟ …

သူတို့တွေက ယုတ်မာအောက်တန်းကျတဲ့ လူနှစ်ယောက် အကြောင်းကို ပြောနေကြတာလေ …

ဘယ်ကနေ ဘယ်လိုဖြစ်ပြီး စကားလမ်းကြောင်းက မွေးမလာသေးတဲ့ ကလေးအကြောင်းကို ရောက်သွားခဲ့တာလဲ …

“ မင်းရဲ့ ကောင်လေးက မကောင်းတဲ့ကောင်ဆိုတာ အမှန်ပဲ ….” ချန်ယွီ့ မပြောင်းလဲသည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး …”

“ သူနဲ့မင်းက မင်းပြောခဲ့သလို အခြေအနေမျိုး မဟုတ်ဘူး …”

“ မင်းက ဒီတိုင်း မင်း လိုချင်တာကို ဖြည့်ဆည်းပေးမယ့် တစ်စုံတစ်ယောက်ကို ရှာဖွေချင်ရုံသပ်သပ်ပဲ ….”

“ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းကတော့ မင်းသူ့ကို ချစ်တာကြောင့် သူ့အချစ်ကို လက်ခံခဲ့တာလို့ ထင်တယ် … သူ မင်းကို တတ်နိုင်တဲ့ဘက်ကနေ အရာရာ ဖြည့်ဆည်းပေးခဲ့တယ် ….”

“ တက္ကသိုလ် တက်တဲ့ နှစ်တွေမှာ မင်း လက်မောင်းထဲ စာအုပ်တစ်အုပ်တောင် ပိုက်ခဲ့ရဖူးလား … သူပဲ မင်းကို အကုန်လုံး ကူသယ်ပေးခဲ့တာ မဟုတ်ဘူးလား …”

“ တစ်နေ့ သုံးနပ်စားဖို့ သူပဲ မင်းဆီ ကိုယ်တိုင်ကိုယ်ကျ ပို့ပေးခဲ့တာ မဟုတ်ဘူးလား …”

ချန်ယွီ့က ရေတစ်ကျိုက်သောက်ပြီး စခရင်ထက်ရှိ [ဝမ်းနည်းနေတဲ့ ကောင်မလေး] ကို သိရခက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။

“ မင်းက သူ့နှလုံးသားကို ဘယ်လို ကစားရမလဲဆိုတာ ကောင်းကောင်းသိတယ် … မင်းရဲ့ ကျိုးကြောင်း မဆီလျော်တဲ့ တောင်းဆိုမှုတွေ ငြင်းပယ်တာ ခံရတဲ့အခါတိုင်း မင်းက မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ ကိုင်ပေါက်တယ် …”

“ ကိုယ့်အစွမ်းအစနဲ့ကိုယ်ဆိုရင် မင်းက အစိုးရဝန်ထမ်း မဖြစ်နိုင်ဘူး …”

“ တိုက်ဆိုင်ချင်တော့ သူ့ရဲ့ မိသားစုမှာက အဆက်အသွယ်တွေ ရှိတယ် ….”

“ မင်းအတွက် အင်တာဗျူးလွယ်အောင်ဆိုပြီး မင်းသူ့ကို သူ့ရဲ့ မိသားစုဆီ အတင်း သွားတောင်းပန်ခိုင်းတယ် ….”

ချန်ယွီ့ စကားလုံးများက ကြမ်းတမ်းလွန်းလှသည်။ နားထောင်နေသည့် ကြည့်ရှုသူများမှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေမိကြ၏။

ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ သူတို့တွေ တကယ်ကို ထင်မှတ်မထားကြချေ။

အမျိုးသားတစ်ယောက်က အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးသားကို ကြိုးကိုင်ထိန်းချုပ်ပြီး ဆော့ကစားတာကိုပဲ ကြားခဲ့ဖူးသည်။

ပထမဆုံးအကြိမ် အဖြစ် အမျိုးသမီး တစ်ယောက်က အခြားအမျိုးသမီးတစ်ယောက်ကို အချစ်ဆိုသည့် အရာအား အသုံးပြု၍ ကြိုးကိုင်ထိန်းချုပ်ခြင်းကိုတော့ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်၏။

‘ အချစ် ‘ ဆိုသည့် အရာက အခြားသူတစ်ယောက်ကို ကျွန်တစ်ယောက်လို ၊ အခိုင်းအစေ တစ်ယောက်လို၊ လိုရာ စေခိုင်းနိုင်သည့် အကောင်းဆုံးသော ချွန်းတစ်ခုပင်။

“ ပေါက်ကရတွေ … ငါ ….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က မသိစိတ်အလျောက် ချေပချင်သည်။ သို့သော် လိုက်စထွင်းထဲရှိ ချန်ယွီ့၏ လွှမ်းမိုးမှုကို ပြန်အမှတ်ရသွားခဲ့၏။

အခြေအနေကို သူမ နားလည်သည်။

ဟူယွီ ပလတ်ဖောင်းတွင် ချန်ယွီ့၏ လိုက်စထွင်းက သူနှင့် သူ့ ပရိသတ်ကြားထဲတွင် ခြွင်းချက်မဲ့ ယုံကြည်မှုကို တည်ဆောက်ထား၏။

ချန်ယွီ့ ဘာပဲပြောပြော၊ သူ့ ပရိသတ်တွေက ကျိုးကြောင်းမသင့်လျှင်လည်း ယုံကြည်ကြမှာပဲ ဖြစ်သည်။

ယခင် လိုက်စထွင်းများတွင် ချန်ယွီ့ ပြသခဲ့သည့် အစွမ်းအစတို့က သူ့ကို အချိန်တိုအတွင်း အမာခံပရိသတ် အမြောက်အများ ရရှိလာစေဖို့ လုံလောက်လေသည်။

ဆန်းကြယ်သည့် မျက်လုံးတစ်စုံနှင့် … သူက အခြားသူများ၏ အတွင်း ကမ္ဘာကို ဖောက်ထွင်းပြီး မြင်နိုင်သည်။

“ ငါ သူ့ကို စေခိုင်းမိတာ ဝန်ခံတယ် … အင်တာဗျူးအောင်ဖို့အတွက် သူ့မိသားစုဆီ သွားပြီးတောင်းပန်ခိုင်းတာလည်း ဝန်ခံတယ် …”

“ ဒါပေမယ့် ငါသူ့ကို နာကျင်အောင် မလုပ်ခဲ့ဖူးဘူး …”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က သူမ၏ စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်၏။

“ ငါ့လိုပဲ …သူလည်း တက္ကသိုလ်တက်ပြီး စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်ဉာဏ်ရှိနေတာပဲဟာ …”

“ ငါတောင်းဆိုတာတွေကို သူ့ဘက်က ‘နိုး’ လို့ ပြောပြီး ငြင်းလို့ ရတာပဲလေ …”

“ သူ ငါ့ကို ကူညီပေးဖို့ ရွေးချယ်တယ်ဆိုတာက သူငါ့ကို သဘောကျလို့ပဲ …”

“ ငါတို့နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် ချစ်နေကြတယ် … စုံတွဲတွေ ကိုယ့်အချင်းချင်း အကူအညီတောင်းတယ်ဆိုတာ မှားနေလို့လား …”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ဦးတည်ရာလမ်းကြောင်းကို ထပ်မံပြောင်းလဲပြီး စကားပြောခန်းထဲရှိ ကြည့်ရှုသူများသို့ မေးမြန်းလိုက်သည်။

" စုံတွဲတွေ ကိုယ့်အချင်းချင်းကူညီတယ်ဆိုတာ ဖြစ်သင့်တဲ့ သဘာဝပဲ မဟုတ်လား "

“ ဒီမိန်းမက လျှာစောင်းအတော်ထက်တာပဲ … “

“ သူ ဘယ်တော့မှ မမှားဘူး … သူ့ကို မူတည်ပြီး လည်ပတ်နေတဲ့ ကမ္ဘာကြီးကပဲ မှားယွင်းနေတာ ….”

“ သူ ပြောသွားတာကလည်း အဓိပ္ပာယ် ရှိနေတာပဲ ….”

“ အဲ့တာ ဘယ်လိုလောဂျစ်ကြီးလဲ … ဒီကောင်မက တခြားလူတွေရဲ့ နှလုံးသားကို ကြိုးကိုင် ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်ရုံတင် မကသေးဘူး … စည်းချက်ကို ဘယ်လိုဦးဆောင်ပြီး အပြစ်ကင်းသယောင် ဟန်ဆောင်ရမလဲဆိုတာလည်း သိတယ် ….”

“ အဲ့တာတွေကို ဘေးချိတ်ထားလိုက်ရင် သူ့ အရင်ကောင်မလေးရဲ့ အမှားပဲ မဟုတ်လား ….”

“ အပေါ်က ကွန်းမန့် မန့်တဲ့ကောင် … နင့် ရှိတဲ့ဦးနှောက်ကို မသုံးချင်ဘူးဆိုလည်း တခြားလိုအပ်တဲ့လူတွေကို ပေးလိုက် …”

“ သူက သူ့ကိုယ်သူ မှားတယ်လို့ မထင်ရုံတင် မကဘူး … သူများကို ပြန်ယိုးစွပ်နေလိုက်သေးတယ် … ဖြတ်လမ်းနည်းနဲ့ အစိုးရဝန်ထမ်းဖြစ်လာဖို့ကို ဘယ်လိုတောင် စဉ်းစားမိပါလိမ့် ….”

“ အစောပိုင်းတုန်းက စကားပြောခန်းထဲမှာ ဒီကောင်မ မှန်တယ်ဆိုပြီး ထောက်ခံနေကြတဲ့လူတွေ ကျေးဇူးပြုပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ကြပါ … ပြီးရင် အနီးနားက ရဲစခန်းသွားပြီး ကိုယ့်အမှားကိုယ် ဝန်ခံလိုက်ကြပါ ….”

ကြည့်ရှုသူများမှာ အရှက်မဲ့သည့်လူများကို မြင်တွေ့ဖူးကြသည်။

သို့သော် [ဝမ်းနည်းနေတဲ့ ကောင်မလေး]ကဲ့သို့ ယုတ္တိမရှိသည့် အရာကို ယုတ္တိဖန်တီးနိုင်လောက်သည်အထိ အရှက်မဲ့သူမျိုးတော့ မမြင်ခဲ့ဖူးချေ။ သူမရဲ့ မျက်နှာအရေပြားက ထိုးဖောက်လို့ မရနိုင်တဲ့အထိကို ထူထဲနေပြီဖြစ်၏။

သူမ ဘယ်လိုအမှားမျိုး ကျူးလွန်ပါစေ ၊ သူမ မှားယွင်းခြင်း မရှိဘဲ အခြားသူများကသာ အမြဲတမ်းမှားသည်။

ဟုတ်တယ် ၊ သူတို့ပဲ အမြဲတမ်း မှားတာ၊ လောကကြီးကပဲ အမြဲတမ်း မှားနေတာ။

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ခွန်းတုံ့ပြန် ချေပတော့မည့် အချိန်မှာပဲ ချန်ယွီ့က သူမကို ကြားဖြတ်ပြောလာသည်။

“ မင်း သူနဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်တယ်ဆိုတာ သူက မင်းအတွက် ဘာတန်ဖိုးမှ မရှိတော့လို့ပဲ ….”

“ တစ်ချိန်တည်းမှာ သူက အတော်လေးလည်း စိတ်ရှုပ်ဖို့ ကောင်းတယ်လို့ မင်းထင်တယ် …”

“ အဆင့်အတန်းမြင့်တဲ့ အလုပ်လေးနဲ့ မင်းကိုယ်မင်း အောက်ခြေကို လုံးလုံးလွတ်သွားပြီ … မြေကြီးနဲ့ ခြေထောက်နဲ့တောင် မထိတော့အထိပဲ ….”

“ မင်းက ချမ်းသာတဲ့ ဘဲကြီးတွေနဲ့ ချိတ်နိုင်ဖို့ ဆိုပြီး ဘားတွေ ၊ ကလပ်တွေ ညတိုင်းသွားတယ် … မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းကတော့ မင်းကို လိုက်ရှာပြီး အိမ်ကို လုံလုံခြုံခြုံနဲ့ အမြဲပြန်ခေါ်လာတယ် ….”

“ မင်းက အစိုးရရုံးမှာ အလုပ်လုပ်တဲ့လူ … ဒါကြောင့်မို့ ကိုယ့်ဂုဏ်သတင်းကိုယ် မဖျက်စီးဖို့ သူ မင်းကို အကြံဉာဏ်ပေးတယ် ….”

“ တကယ်လို့ မင်းသာ ဓာတ်ပုံရိုက်ခံလိုက်ရရင် မင်းနဲ့ အနာဂတ်ပါ ထိခိုက်သွားနိုင်တယ် ….”

“ ဒီရဲ့ အကြံပေးချက်တွေက မင်းကို ဆရာကြီးလုပ်ခံရတယ်လို့ ခံစားရစေပြီး သိပ်ကို ဒေါသထွက်မိတယ် ….”

“ တစ်နေ့ … မင်း ဘားသွားတဲ့အချိန် ချမ်းသာတဲ့ သူဌေးသား တစ်ယောက်နဲ့ ဆုံတယ် … လက်ရှိ မင်းရဲ့ စေ့စပ်ထားတဲ့ အမျိုးသားပေါ့ …”

“ သိပ်မကြာခင်မှာပဲ သူနဲ့ ရေလိုက်ငါးလိုက် စကားတွေ ပြောရင်း မင်းကိုယ်မင်း ချမ်းသာတဲ့ မိသားစုထဲ ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရှိတယ်လို့ ခံစားမိတယ် …”

“ မင်းနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ဆက်ဆံရေးက သူဌေးကတော်ကြီး ဖြစ်မယ့် မင်းရဲ့ အနာဂတ် အစီအစဉ်ပလန်တွေကို ထိခိုက်မှာ စိုးရိမ်တယ် …”

“ ဒါကြောင့်မို့ မင်းသူ့ကို စွန့်ပစ်လိုက်တာပဲ ….”

ချန်ယွီ့ရဲ့ နောက်ဆက်တွဲ စကားလုံးများက ပူထူနေတဲ့ [ဝမ်းနည်းနေတဲ့ ကောင်မလေး]ရဲ့ ခေါင်းကို ရေခဲရေဖြင့် လောင်းချလိုက်သည့်နှယ်ပင်။

“ သူက ကိုယ်ကိုယ်ကို အဆုံးစီရင်ပြီး လမ်းမခွဲဖို့ တောင်းပန်တယ် …”

“ တစ်ဖက်မှာက သူမင်းကို ချစ်လို့ … တခြားတစ်ဖက်မှာကျ သူ မင်းကို ကာကွယ်ချင်လို့ …”

“ ငါ့ကို ကာကွယ်ဖို့ … ဟက် … လာနောက်မနေစမ်းပါနဲ့ …”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ပြက်ရယ်ပြုသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူ ကာကွယ်တဲ့ နည်းလမ်းက ငါ့ရဲ့ ခင်ပွန်းလောင်းကို အိပ်ရာထဲ ခေါ်အိပ်တာလား ဟုတ်လား ….”

“ ဟုတ်တယ် ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ အဲ့ဒါ သူမင်းကို ကာကွယ်တဲ့ပုံစံပဲ ….”

“ မင်း သူ့ကို လမ်းခွဲချင်တာက ယောက်ျားတစ်ယောက်ကြောင့်ဆိုတာကို သိတော့ မင်းစိတ်ပြောင်းလဲသွားအောင် တောင်းပန်တယ် … ဒါပေမယ့် ပြောင်းလဲလို့ မရနိုင်တဲ့ အဆုံးမှာ သူက မင်းအတွက် သူတတ်နိုင်တဲ့ နောက်ဆုံး ကိစ္စတစ်ခုကို ပြုလုပ်ပေးခဲ့တယ် …”

“ အဲ့လူက မင်း မှီခိုလို့ ထိုက်တန်ရဲ့လား စုံစမ်းတာပဲ …”

“ ဒါပေမယ့် သူ အတော်လေး စိတ်ပျက်သွားရတယ် …”

“ မင်းရဲ့ ခင်ပွန်းလောင်းက လုံးဝ ပလေးဘွိုင်းပဲ …”

“ ငွေပုံပေးပြီး မိန်းကလေးတွေကို ဆွဲဆောင်တာကို နေသားကျနေတဲ့လူ … မိန်းကလေးတွေကို သူ့ရဲ့ လက်ဖဝါးထဲမှာ ဆော့ကစားတတ်တဲ့လူ …”

ဤသည်ကို ကြားတော့ [ဝမ်းနည်းနေတဲ့ ကောင်မလေး]က ခေါင်းကို တွင်တွင်ခါယမ်းလိုက်သည်။

“ မဟုတ်ဘူး … တကယ်လို့ သူက ပလေးဘွိုင်းဆိုရင် ငါနဲ့ စေ့စပ်ဖို့ကို ဘာလို့ သဘောတူမှာလဲ ….”

“ စေ့စပ်တယ်ဆိုတာ လက်ထပ်တာ မဟုတ်ဘူးလေ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ စေ့စပ်လိုက်တာက ချမ်းသာတဲ့ အသိုင်းအဝိုင်းထဲကို ဝင်ဖို့ ခြေတစ်လှမ်းပဲ လိုတယ် ထင်ရပေမယ့် …”

“ အဲ့ဒီ ခြေတစ်လှမ်းရဲ့ အကွာအဝေးက မိုင်သောင်းချီတယ် ….”

[ဝမ်းနည်းနေတဲ့ ကောင်မလေး]မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့သည်။

သူမရဲ့ ခင်ပွန်းလောင်းက ထိုမိန်းမနှင့် အတူနေပြီးနောက်တွင် သူမကို တုံ့ဆိုင်းခြင်း မရှိ စွန့်ပစ်သွားခဲ့သည်မှာ မထူးဆန်းတော့ချေ။

သူမ တွေးထင်ခဲ့မိသည်က သူမရဲ့ သူငယ်ချင်းကောင်းက စုန်းအတတ်ဖြင့် ပြုစားပြီး မြှူဆွယ်ဖျားယောင်ခဲ့သည် ဟူ၍ပင်။

သို့ပေမယ့်လည်း … သူမရဲ့ ခင်ပွန်းလောင်းကိုက နှလုံးသား မရှိသည့် လူစားမျိုး ဖြစ်နေသည်။

“ မင်း အချစ်ဆုံး သူငယ်ချင်းရဲ့ မိသားစုကြောင့်သာ မဟုတ်ရင် သူတို့တွေလည်း မင်းရဲ့ ခင်ပွန်းလောင်းက ဒီလို လူစားမျိုးဆိုတာ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး …”

“ သူ့အကြောင်းတွေ မင်းမသိဘူးဆိုတာက မင်းရဲ့ ခင်ပွန်းလောင်းက လူသား သဘာဝကို နောကြေနေလို့ပဲ …”

“ သူ ပစ်မှတ်ထားတဲ့ မိန်းကလေးတိုင်းကို လက်ဆောင်တွေ ပုံပြီး ပေးတယ် …”

“ ဒီတော့ သူတို့နဲ့ လမ်းခွဲသွားတဲ့ အချိန်ကျရင်လည်း တစ်ယောက်ကိုတစ်ယောက် တွယ်ကပ်မနေကြတာ သဘာဝပဲလေ ….”

“ မင်းရဲ့ သံသယလွန်ကဲတဲ့ ရောဂါအကျင့်စရိုက်က ဒီလောက်ထိ ပြင်းထန်လိမ့်မယ်လို့ သူလည်း ထင်ထားခဲ့မှာ မဟုတ်ဘူး ..”

“ မင်းက သူ့ အချစ်ကို မရနိုင်တော့တာနဲ့ ဖျက်စီးဖို့ လုပ်တယ် …”

၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က ထပ်ဖြည့်ပြောလိုက်သည်။

“ မင်းရဲ့ ခင်ပွန်းလောင်းက အေးစက်ပြီး နှလုံးသားမဲ့တယ် …. ဒါပေမယ့် မင်းလည်း မရက်စက်လို့လား …”

“ ငါ့ရဲ့ လိုက်စထွင်းကို လာပြီး ငါ့ရဲ့ ကြည့်ရှုသူတွေကို အသုံးချဖို့ အပြင် မင်းမှာ နောက်အစီအစဉ် တစ်ခုလည်း ရှိသေးတယ် …”

“ မင်း အရင်က ရှာတွေ့ထားတဲ့ တခြား လူချမ်းသာတွေနဲ့ အတူအိပ်ပြီး မြန်နိုင်သမျှ မြန်မြန် ကိုယ်ဝန်ရအောင် လုပ်ဖို့ပဲ …”

“ မင်းက ကိုယ့်ကလေးကို အချိုးအကွေ့ တစ်ခုအနေနဲ့ အသုံးချချင်တယ် … မတရားဘူးဆိုပြီး မင်းရဲ့ အခု ခင်ပွန်းလောင်းကို အတင်းအကြပ် လက်ထပ်ခိုင်းဖို့ပေါ့ ….”

“ ကံဆိုးချင်တော့လည်း မင်းက ကလေးတော့ ရသွားပါရဲ့ … ဒါပေမယ့် ကလေးရဲ့ အသားအရောင်က မှားယွင်းနေတယ် ….”

All Chapters