← Chapters

Rap နဲ့ အက

Vol. 13 Ch. 128

Rap နဲ့ အက

Vol. 13 Ch. 128

ခေတ္တ စဉ်းစားပြီးနောက် ချန်ယွီ့ စာကို ခပ်တိုတိုပဲ ရီပလိုင်း ပြန်လိုက်သည်။

“ ဒေါက်တာချန် … မင်း ဘာတွေ အလုပ်များနေတာ … လိုက်စထွင်း ဆက်လွှင့်ဦးမယ် မဟုတ်ဘူးလား …”

ဤကွန်းမန့်ကို မြင်တော့ ချန်ယွီ့ သူ့ မောက်စ်ကို ကလစ်နှိပ်ပြီး စာပြန်လိုက်သည်။

“ ဒါပေါ့ … လိုက်စထွင်းက ဆက်လုပ်ဦးမှာ …”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့ သူ ထိုင်သည့် ပုံစံကို ပြောင်းလဲပြီး ပြုံးလျက် ဆိုလိုက်၏။ “ စောနက စကားကို ပြီးအောင်ပြောရမယ်ဆိုရင် လူတိုင်းရဲ့ အချိန်ကို နည်းနည်း ထပ်ယူရမယ် …”

“ နောက်ပိုင်းမှာ သူ့ရဲ့ ခင်ပွန်းလောင်းကိုပဲ ဖြစ်ဖြစ် ၊ အချစ်ဆုံး သူငယ်ချင်းကိုပဲ ဖြစ်ဖြစ် လက်စားချေဖို့ သူ့မှာ အချိန်မရှိတော့ဘူး …”

“ ချက်ချင်းပဲ သူနဲ့ အတူအိပ်ခဲ့တဲ့ နိုင်ငံခြားသားကို လိုက်ရှာပြီး တာဝန်ယူဖို့ ပြောတယ် …”

“ မဟုတ်လည်း ကိုယ်ဝန်ဖျက်ချဖို့ သူ့ကို ပိုက်ဆံတွေ ပုံပေးပေါ့ …”

[ဝမ်းနည်းနေတဲ့ ကောင်မလေး] က ဂုဏ်မက်ပြီး ခြေတစ်လှမ်းနှင့် ကောင်းကင်ကို တက်လှမ်းနိုင်ဖို့အတွက် အမြဲတမ်း အိပ်မက်မက်နေခဲ့သည်။

သူမနှင့် ပွေလီရှုပ်ထွေးသည့် ဆက်ဆံရေးရှိသူများက ချမ်းသာသည့် သူဌေးသားများ မဟုတ်ရင် နိုင်ငံခြားသားတွေပဲ ဖြစ်၏။

[ဝမ်းနည်းနေတဲ့ ကောင်မလေး] နဲ့ အတူ အိပ်ခဲ့သည့် နိုင်ငံခြားသားက လူ အယောက် တစ်သောင်းလောက်ရှိသည့် မျိုးနွယ်စုခေါင်းဆောင်၏ သားပင်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းကပဲ နိုင်ငံခြားကို ပညာသင်ဖို့ စကောလားရှစ် ရခဲ့တာ ဖြစ်၏။

အကယ်၍ သူသာ တာဝန်ယူဖို့ ငြင်းဆန်မည်ဆိုပါက [ဝမ်းနည်းနေတဲ့ ကောင်မလေး] မှာ သူ့ရဲ့ တက္ကသိုလ်ကျောင်းသို့ သွားပြီး တရားစွဲကာ နိုင်ငံခြားသား အမှိုက်ကောင် ဖြစ်အောင် လုပ်ပစ်လိမ့်မည်။

“ တစ်ဖက်လူကလည်း လိုလိုလားလားနဲ့ တာဝန်ယူဖို့ ဆန္ဒရှိတယ် …” ချန်ယွီ့ စကားဆက်ပြော၏။ “ ကလေးကို မဖျက်ချခိုင်းရုံတင် မကဘူး … ဒီနိုင်ငံကနေ ထွက်သွားဖို့ လိုအပ်တဲ့ အရာမှန်သမျှကိုလည်း သူ့ဘက်က စီစဉ်ပေးတယ် ….”

“ အာဖရိကကို သွားပြီး ကိုယ်ဝန် ကိစ္စအတွက် ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရမှာ ဆိုပေမယ့် [ဝမ်းနည်းနေတဲ့ ကောင်မလေး] က နောင်ကျရင် မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဇနီး ဖြစ်လာမှာဆိုတော့ လိုလိုလားလားပဲ လက်ခံသဘောတူတယ် ….”

“ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်ကကျတော့ လူနာ စိတ်ကူးထားတာနဲ့ မတူဘူး ဖြစ်နေတယ် ….”

ကြည့်ရှုသူများ၏ မျက်လုံးတို့ အရောင်လင်းလက်လာသည်။ အထိတ်အထိပ် အခြေအနေက ရောက်တော့မယ်ဆိုတာကို သူတို့တွေ သိနေကြသည်။

ချန်ယွီ့ရဲ့ အဖြေကလည်း သူတို့ကို စိတ်ပျက်သွားစေခြင်း မရှိခဲ့။

အထွတ်အထိပ်က တကယ်လည်း ရောက်လာခဲ့သည်။

“ မျိုးနွယ်စုခေါင်းဆောင်ရဲ့သားက အသက် ၂၆ နှစ်ပဲ ရှိသေးတယ်ဆိုပေမယ့် ကလေး ကိုးယောက် အဖေ ဖြစ်နေပြီ …”

“ သူ့ မိန်းမ အရေအတွက်ကတော့ …. “

“ တရားဝင် ဦးရေကို ၁၁ ယောက်ရှိတယ် …” ချန်ယွီ့ သူ့လက်ချောင်းများကို ပွတ်သပ်ပြီး ပြောလိုက်သည်။

“ ငါ ရယ်သေနေပြီ … အဲ့ကောင်မက အာဖရိက မျိုးနွယ်စုခေါင်းဆောင်ရဲ့ မိန်းမ ဖြစ်လာမယ်လို့ ထင်ကို ထင်မထားဘူး ….”

“ မင်းမှားနေပြီ … ဆယ့်နှစ်ယောက်မြောက် ဇနီး ဖြစ်လာတာ …”

“ ငါလေးက မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဇနီး ဖြစ်ချင်ရုံပါပဲ … ဒါပေမယ့် ငါသိလိုက်ရတာ သူ့မှာ တရားဝင် ဇနီး သုံးယောက်နဲ့ ကိုယ်လုပ်တော်က လေးယောက် ရှိနေတယ် ….”

“ light novel ကို ပေးလို့ကောင်းတဲ့ ခေါင်းစဉ်ပဲ …”

“ တရား၀င် မိန်းမက ဆယ့်တစ်ယောက်တောင် … အားပါးပါး ငါ့ကောင်တို့… အားကျနေကြပြီမလား ….”

“ ညီမတို့ … အခုရော ဘယ်လိုထင်သေးလဲ …”

“ ငါ့ရဲ့ လူမည်းညီလေးကို ကျေးဇူးတင်တယ် … ငါတို့လို ရိုးသားတဲ့ ကောင်လေးတွေအတွက် ဒီလို ချိန်ကိုက်ဗုံးကြီးကို နိုင်ငံထဲက သယ်သွားပေးလို့ …”

“ ဒီ တစ်ခါ ငါရေးမယ့် စာအုပ် ခေါင်းစဉ် နာမည်က ‘ ငါ့ကလေးက မင်းအတွက် လက်ဆောင်’ ဆိုပြီး ဖြစ်လိမ့်မယ်….”

“ မင်း ရေးတဲ့စာအုပ်တွေ ဘယ်မှာ ဝယ်လို့ရလဲ … ငါ့ တစ်မိသားစုလုံး ဖတ်ဖို့ ကော်ပီ ဆယ်အုပ်လောက် လိုချင်လို့ ….”

“ စောက်ကျိုးနည်းလို့ ပြောရုံကလွဲပြီး ငါ ကျန်တဲ့ စကားလုံးတွေ ရှာမရတော့ဘူး ….”

နိုင်ငံအနှံ့အပြားရှိ ကြည့်ရှုသူ ပရိသတ်များမှာ အူလှိမ့်အောင် ရယ်မောနေကြသည်။ တစ်ချို့ဆို အရယ်သန်လွန်း၍ ဆေးရုံ ပို့လိုက်သည်များပင် ရှိလေသည်။

“ ကောင်းပြီ … ဒီကိစ္စ ဒီမှာတင် ပြီးပြီ … နောက် လူနာတစ်ယောက်ကို ဆက်ပြီး ဖိတ်ခေါ်လိုက်ကြရအောင် …”

ချန်ယွီ့လည်း ရယ်မောချင်နေသည်။ သို့သော် ပရော်ဖက်ရှင်နယ် ဆန်သည်ဟူသော သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့ကလည်း လိုအပ်သေး၏။

နောက် တစ်စက္ကန့်၌ အနည်းငယ် ခန့်ညားချောမောသည့် ပိန်ပိန်ပါးပါး ကောင်လေး တစ်ယောက်က လျော့တိလျော့ရဲ တီရှပ်ကို ဝတ်ဆင်လျက် စခရင်ထက်တွင် ထွက်ပေါ်လာသည်။ လူနှင့်အတူ နောက်ခံ သီချင်းကိုလည်း ကြားနေရသည်။

“ ဟယ်လို … အားလုံးပဲ မင်္ဂလာပါခင်မျာ … ကျွန်တော့်နာမည်က ရွှီရိပါ … center position နဲ့ ပွဲဦးထွက်ဖို့ လေ့ကျင့်နေတာ တစ်နှစ်ခွဲ ရှိပါပြီဗျ …”

“ အားလုံးပဲ support ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်….”

“ အခု … ချစ်ပေးကြတဲ့ ပရိသတ်ကြီးအတွက် rap သီချင် တစ်ပုဒ် ဆိုပြပါမယ်ဗျာ …”

ကြည့်ရှုသူများမှာတော့ ငေးကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

ဒါက ဘာကြီးလဲ …

သူ့ကိုယ်သူ ပေါ်လာတာနဲ့ အိုင်ဒေါဂရုရဲ့ အဓိက နေရာမှာ ပွဲဦးထွက်ရမယ်ဆိုပြီး ပြောလာနေတယ် ..

ပြီးတော့ ဘာတဲ့ … ပံ့ပိုးပေးကြတဲ့အတွက် ကျေးဇူးပါဆိုပဲ …

ဒီက သူ့နာမည် ဘာကောင်မှန်းတောင် မသိတာ လခွမ်းလို ပံ့ပိုးရမှာလား ….

“ ငါ အသက်ရှင်လာတာ နှစ် ၃၀ ကျော်ကြာပြီ … တစ်စုံတစ်ယောက်က ဒီလို ထူးထူးဆန်းဆန်း ကတာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ …”

“ ကယ်ကြပါဦး … ဒီကောင်က အကနဲ့ ငါ့ကို သတ်နေတာဟ … ငါ သေချင်လာပြီ …”

“ ဒီကောင် ဝတ်ထားတာက ဖက်ရှင်ကျကျနဲ့ပါပဲ … ကြည့်ရတာ ဦးနှောက်ထိထားတဲ့ကောင်နဲ့လည်း မတူပါဘူး ….”

“ တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ငါ အာရုံတွေ ရနေတယ် …”

“ ဘက်စကက်ဘော …”

“ ဒီလူငယ်လေးရဲ့ အသံကလည် ထူးဆန်းလိုက်တာ …”

“ ငါတစ်ယောက်တည်းပဲ သူ့ ခြေထောက်က AJ5 ကို အာရုံကျနေမိတာများလား ….”

“ အဲ့ အနီရောင် Jorden 5 တွေက ဈေးပေါတဲ့ထဲ မပါဘူး …”

“ အဲ့ တီရှပ်လည်း ဈေးမပေါဘူးဟ …. ဒါ နိုင်ငံခြားက နာမည်ကြီး တစ်ယောက်နဲ့ ကော်လဘရေးရှင်း လုပ်ပြီး ဒီဇိုင်းလုပ်ထားတာ …”

“ ဆိုတော့ သူက ချမ်းသာတဲ့ သူဌေးသားပေါ့ … ဒီလောက်ထိ ဟာသလုပ်နေတာ မဆန်းတော့ပါဘူး …”

ရွှီရိရဲ့ rap က သုံးမိနစ်ကျော်ကြာမြင့်ခဲ့ပြီး သုံးမိနစ်လုံးလည်း ကွန်းမန့်ထဲတွင် ကြည့်ရှုသူများ၏ ရပ်ပါတော့ ၊ တော်ပါတော့ ၊ နားမုဒိန်းမကျင့်ပါနဲ့တော့ ဟူသည့် ကွန်းမန့်များကို ဆက်တိုက် မြင်တွေ့နေရသည်။

သူ့သီချင်းသံ နားထောင်ရသည်ထက် လင်းတကျီးထိုးသံကမှ နားဝင်ပီယံ ရှိမည်ဟု ထင်သည်။ ပြီးတော့ အဆိုးဆုံးက ကြည့်ရှုသူများ၏ မျက်လုံး ညစ်ညမ်းသွားခြင်းပင်။

အကယ်၍ သူက သီချင်းဆိုပြီး ကချင်သည်ဆိုလည်း က၊ အဆင်ပြေသည်။

ဆိုးဆိုးရွားရွား ကနေလျှင်ပင် အဆင်ပြေသေးသည်။

ယခုတော့ … ခုန်နေရင်း တန်းလန်း မနက်စာ မစားရသေးသည့်နှယ် နှစ်ခါသုံးခါလောက်ကို ခလုတ်တိုက်နေတော့သည်။

“ လက်ခုပ်သံတွေ အတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ …”

ရွှီရိက သူ့ကိုယ်ပိုင် ကမ္ဘာလေးထဲ အင်မတန် နစ်မြောနေပြီး ကင်မရာသို့ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“ ဒီရဲ့လူနာ … ငါတို့ အခုစလို့ရပြီ …”

သုံးမိနစ်လုံးလုံး ချန်ယွီ့မှာ နဖူးပေါ် လက်တင်ထားမိသည်။

Rap ရွတ်ပြီးတော့မှပဲ မျက်လုံးပြန်ဖွင့်ဝံ့လေသည်။

“ ဒေါက်တာချန် … ငါ့နာမည်က ရွှီရိပါ … ငါက ….”

“ ရပြီ ဒီရဲ့လူနာ … အနောက်မှာ လူနာ နောက်တစ်ယောက်ကလည်း စောင့်နေသေးတယ် … ဆိုတော့ မြန်မြန် စကြလိုက်ရအောင် ဟုတ်ပြီလား …”

ရွှီရိ သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် အရည်အချင်း ပြချင်လွန်းအားကြီးပြီး နောက်တစ်ကြိမ် rap ရွတ်လာမှာကို စိုးရိမ်သည်။ ထို့ကြောင့် သူ့လက်ကို ဆန့်တန်း၍ အလျင်အမြန် ဟန့်တားလိုက်ရသည်။

ရွှီရိ ဘာကြောင့် သူ့ထံသို့ ရောက်လာသလဲဆိုတာ မေးလိုက်၏။

ရွှီရိ၏ အမူအရာက အနည်းငယ် လေးနက်သွားပြီး “ ဒေါက်တာချန် … မင်းက တခြားလူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ နေရာမှာ အတော်ဆုံးလို့ လူတိုင်းက ပြောကြတယ် … ငါအခု ပြဿနာ တက်နေလို့ ကျေးဇူးပြုပြီး အကြံဉာဏ် နည်းနည်းပါးပါးလောက် ပေးစမ်းပါ …”

“ အင်း … ပြောလေ …”

ချန်ယွီ့ သူ့စိတ်ခံစားချက်များကို ထိန်းညှိပြီး လက်ဟန်ပြလိုက်၏။

“ ငါက ငယ်ငယ်လေးကတည်းက အဆိုနဲ့ အကကို ဝါသနာပါတယ် … တစ်နေ့ ဆယ်လီ အိုင်ဒေါဖြစ်လာဖို့ဆိုတာ ငါ့အိပ်မက်ပဲ …”

“ အရင်တစ်နှစ်လောက်တုန်းက ငါ လမ်းဘေးမှာ ဆယ်လ်ဖီရိုက်နေတဲ့အချိန် ပါရမီရှင်တွေ လိုက်ရှာတဲ့ ကင်းထောက် အစ်မကြီးတစ်ယောက်က ငါ့ကို မျက်စိကျသွားတယ် ….”

“ အဲ့အစ်မကြီးက ငါ့မှာ rap ရွတ်တာ ကျွမ်းကျင်တဲ့ ပါရမီရှိတယ်လို့ ပြောတယ် …”

“ နောင်ကျရင် ကျိန်းသေပေါက် ကျော်ကြားလာပြီး နာမည်ကြီး အိုင်ဒေါတစ်ယောက် ဖြစ်လာနိုင်တယ်တဲ့ …”

“ ဖျော်ဖြေရေး အေဂျင်စီရဲ့ နည်းပြတွေအကုန်လုံးကလည်း ငါ့ကို ပါရမီကောင်းတဲ့လူလို့ ချီးမွမ်းကြတယ် … ထရိနင်လေး နည်းနည်းဆင်းပြီးတာနဲ့ အဓိက နေရာကနေပြီး ပွဲဦးထွက်လို့ရပြီ …”

“ ဒီလိုနဲ့ ငါ ထရိန်နီ သင်တန်းသား တစ်ယောက် ဖြစ်လာတယ် ….”

“ အခု ဒီနှစ်ဝက်အတွက် သင်တန်းခပေးဖို့ ငါ့လက်ထဲ ပိုက်ဆံလိုနေတယ် … ဒါပေမယ့် ငါဘယ်လိုပဲတောင်းတောင်း ငါ့အဖေက ငါ့ကို မပေးဘူး ….”

ရွှီရိက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“ ငါ့အဖေ ငါ့ကို ပိုက်ဆံပို့ပေးလာအောင် ဘာလုပ်ရမလဲ ဒေါက်တာချန် …”

“ ကုမ္ပဏီကပြောတာ ဒီနှစ်ဝက်ကျရင် သူတို့က ထုတ်လုပ်ရေး အသင်းတစ်ခုနဲ့ ချိတ်ဆက်ပေးပြီး ငါ့ကို ကူညီပေးမယ်လို့ ပြောထားတယ် …”

“ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ထရိန်နင်ကို ရပ်လိုက်မယ်ဆိုရင် ငါ့အရင် ကြိုးစားထားတာတွေ အကုန် သဲထဲ ရေသွန် ဖြစ်ကုန်တော့မှာ ….”

“ အဲ့ဒီ အခွင့်အလမ်းကောင်းလည်း သူများ လက်ထဲ ရောက်သွားတော့မှာ ….”

ရွှီရိက ယခုနှစ်တွင် အသက် ၁၇ နှစ် အရွယ်ဖြစ်၏။ သူ့အဖေကသာ ပိုက်ဆံ ထပ်မပို့ပေးဘူးဆိုပါက ရွှီရိ အချိန်ပိုင်း အလုပ်လုပ်လို့ မည်သူကမျှ အလုပ်ခန့်ရဲကြမှာ မဟုတ်ချေ။

အခြား ရွေးချယ်စရာ မရှိတော့သည့်အခါ၌ ချန်ယွီ့ထံသို့ ရောက်လာပြီး အကြံဉာဏ်တောင်းဖို့သာ တတ်နိုင်တော့သည်။

ထိုအချိန် ရွှီရိက တစ်စုံတစ်ရာကို တွေးတောမိသွားပြီး တောင်းပန်တိုးလျှိုးစွာ ပြောလာသည်။ “ ဒေါက်တာချန် … မင်းရဲ့ လိုက်စထွင်း စည်းကမ်းတွေကို ငါ သိပါတယ် …”

“ ငါ့ဘက်က အကူအညီ တောင်းချင်ရင် ယွမ် တစ်သောင်းပေးဖို့ လိုမယ်မလား ….”

“ ဒီငွေကို တခြားတန်ဖိုးချင်းကိုက်တဲ့ ပစ္စည်းနဲ့ရော ပေးလို့ ရတယ်မလား ….”

ရွှီရိက သူ့ခြေထောက်ကို ပင့်ပြ၍ သူ့ စနိကာကို ညွှန်ပြလိုက်သည်။

“ အိမ်မှာ ဒါမျိုး အကန့်အသတ်နဲ့ ထုတ်ထားတဲ့ စနိကာ နှစ်ရံ ရှိသေးတယ် … နှစ်ခုပေါင်းလိုက်ရင် ယွမ် တစ်သောင်း လောက်ပါတယ် …”

“ မင်းသာ သဘောတူမယ်ဆိုရင် ငါ့ကို လိပ်စာပို့ပေးလိုက် … ဖိနပ်တွေကို ချက်ချင်းပဲ အမြန်ချောပို့နဲ့ ပို့ပေးမယ် …”

“ မင်း ဖိနပ်တွေ မင်းဘာမင်းပဲ သိမ်းထားစမ်းပါ …” ချန်ယွီ့ ငိုရအခက် ၊ ရယ်ရအခက် မျက်နှာမျိုး ဖြစ်သွားသည်။ “ မင်းက ငယ်သေးတယ် … ဒီတော့ လူကြီးတွေအပေါ် ချမှတ်ထားတဲ့ စည်းကမ်းက မင်းအပေါ် သက်ရောက်မှု မရှိဘူး ….”

“ မင်းငါ့ကို တစ်ယွမ်ပဲ ပေးရင် ရပြီ …”

“ တကယ်လား … ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”

ရွှီရိက ပျော်ရွှင်စွာ ပြုံးလျက် တစ်ယွမ် ပေးလိုက်သည်။

“ ဆိုတော့ ဒေါက်တာချန် … ငါ့အဖေ ဆက်ပြီး ငါ့ထရိန်နင်ဖိုးအတွက် ပိုက်ဆံ ပို့ပေးလာအောင်လို့ ငါ ဘာလုပ်သင့်လဲ …”

“ မင်းအဖေကို ပိုက်ဆံပို့ပေးလာအောင်လို့တော့ ငါလည်း ဖြောင်းဖြပေးလို့ မတတ်နိုင်ဘူး …” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ဒါပေမယ့် သူများကို အပြစ်တင်ရှုတ်ချတဲ့ စိတ်ကျရောဂါကို ကုသပေးဖို့ နည်းလမ်းတော့ ငါ့မှာ ရှိတယ် …”

ရွှီရိ ကြက်သေသေသွားခဲ့သည်။ သို့သော် သူပြုံးပြီး ပြောလိုက်၏။ “ ဒေါက်တာချန် … မင်း ဟာသမလုပ်စမ်းပါနဲ့ဗျာ … ငါက နေမင်းကြီးလို တောက်ပပြီး ပျော်ပျော်နေတတ်တဲ့ ခွေးပေါက်လေးလိုပဲ … ဘယ်လိုလုပ်ပြီး စိတ်ကျရောဂါ ရှိလာနိုင်မှာ …”

“ မင်း မယုံဘူးဆိုရင် စိတ်အားတက်ကြွသွားအောင် rap တစ်ပုဒ်လောက် ရွတ်ပြရမလား ….”

All Chapters