နွမ်းပါးတဲ့ မိသားစုရဲ့ ချမ်းသာတဲ့ သူဌေးသား
Vol. 13 Ch. 129
“ ရပြီ ရပြီ … မင်းစောနက တင်ဆက်သွားတာနဲ့တင် အတော်လေး လုံလောက်နေပြီ … နောက်ထပ် ရွတ်ပြစရာ မလိုဘူး …”
ချန်ယွီ့ လူငယ်လေးကို အလျင်အမြန် တားလိုက်သည်။
သူကိုယ်၌ပင် စိတ်ညှင်းပန်းမှုနှင့် အမြင်ညစ်ညမ်းမှုကို တောင့်မခံနိုင်ပေ။
ချန်ယွီ့က သူ့ကို ဖျော်ဖြေတင်ဆက်ခွင့် မပြုတာကို မြင်တော့ ရွှီရိက အနည်းငယ် စိတ်ပျက်သွားသည်။
“ အဓိက အကြောင်းကို ပြန်သွားကြမယ် …”
ချန်ယွီ့က စကားလမ်းကြောင်းလွှဲလိုက်ပြီး ရွှီရိရဲ့ ရောဂါအခြေအနေကို စတင်ပြောပြသည်။
“ မင်းကိုယ်မင်း နေလို့ထိုင်လို့ ကောင်းတိုင်း တကယ်ပဲ ကျန်းမာနေတယ်လို့ မဆိုနိုင်ဘူးလေ …”
“ စိတ်ရောဂါဆိုတာ အင်မတန် ပုန်းလျှိုးကွယ်လျှိုး နေတတ်တဲ့ကောင် …”
“ မင်းငါ့လိုက်စထွင်းတွေ ကြည့်ဖြစ်တယ်ဆိုရင် ဒါတွေ နားလည်ပါတယ် …”
ရွှီရိ တီးတိုး ပြောလိုက်၏။ “ အဲ့ကြည့်ရှုသူတွေရဲ့ စိတ်ရောဂါက ဒေါက်တာချန် လုပ်လို့ ဖြစ်သွားတာ မဟုတ်ဘူးလား ….”
ချန်ယွီ့ ခေါင်းကိုက်သွားသည်။
ဘယ်လောက်တောင် လူရည်မလည်လိုက်တဲ့ စောက်ကလေးလဲ …
ဒေါက်တာချန်က အဲ့ဒီရောဂါတွေကို ဖြစ်အောင်လုပ်တယ်ဆိုတာက ဘာပြောချင်တာ …
“ ဟားဟား … ကြည့်စမ်း … ဒေါက်တာချန် မျက်နှာကြီး မည်းနေပြီကွ …”
“ ကလေးစကား ၊ အမှန်တရားပဲ ပြောတယ် ….”
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို လာတဲ့လူတိုင်းက အမြဲတမ်း စိတ်တက်ကြွမှု အပြည့်နဲ့ရောက်လာတယ် … သူတို့ကိုယ်သူတို့ ရောဂါမရှိဘူးလို့လည်း အမြဲပြောတယ် …. ဒါပေမယ့် နောက်ဆုံးကျတော့ သူတို့ကိုယ်သူတို့ စိတ်ရောဂါရနေတယ်ဆိုတာ သိသွားကြရတာပါပဲ ….”
“ ကောင်လေး … ငါ အကြံပေးတာကို နားထောင် … သီချင်းဆိုတာနဲ့ ကတာက မင်းနဲ့ မလိုက်ဘူး … မင်းလို ချမ်းသာတဲ့ သူဌေးသားလေး တစ်ယောက်က ဘာမှ မလုပ်ဘဲ ကြွားလုံးထုတ်နေတာလေးပဲ ကောင်းတယ် …”
“ သူ့လို့ကောင်တောင် ပွဲဦးထွက်နိုင်တယ်ဆိုရင် ငါလည်း ထွက်နိုင်တယ် … “
“ ငါရောပဲ …..”
“ သူသာ လူရွှင်တော် လုပ်မယ်ဆိုရင် သေချာပေါက် အောင်မြင်မယ်လို့ အာမခံတယ် …”
“ ရှီး … ဒါကြီးကတော့ လှောင်ပြောင်တာ ဖြစ်သွားပြီ …”
စကားပြောခန်းထဲတွင် ပျော်ရွှင်သည့် လေထုအငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်တွင် ကြည့်ရှုသူများက ရွှီရိကို ဖျော်ဖြေရေး နယ်ပယ်နှင့် မကိုက်ညီကြောင်း အကြံပေး၊ လှောင်ပြောင်ကြပြီး …. ကျန်တစ်ဖက်တွင်တော့ သူတို့တွေက ရွှီရိကို ကောင်းကောင်းမွန်မွန် ကျောင်းဆက်တက်ပြီး အိမ်ပြန်၍ မိဘအမွေ ဆက်ခံဖို့ ဖြောင်းဖြသည်။
အနှစ်ချုပ်ရလျှင် ကြည့်ရှုသူပရိသတ်များ ပြောချင်နေသည်က …
ကျန်တာ ဘာလုပ်လုပ် အဆင်ပြေတယ် …. ဖျော်ဖြေရေး နယ်ပယ်ထဲတော့ သေတောင် မဝင်နဲ့ ….
မင်းမသေရင် ကြည့်ရတဲ့ ငါတို့ သေသွားလိမ့်မယ် …
ကြည့်ရှုသူများမှာ ကျွမ်းကျင်သည့် ဒိုင်လူကြီးများ မဟုတ်သော်ငြား နားမျက်လုံး ကန်းနေသူ တစ်ဦးမျှ မပါချေ။
ရွှီရိ၏ rap ဖျော်ဖြေမှုက သူတို့ကို ကောင်းကင်ဘုံသို့ အရောက်ပို့လုနီးပါးပင်။
အကယ်၍ သူသာ talent show တစ်ခုခုသို့ သွားရောက်ခဲ့မည်ဆိုပါက စင်ပေါ်က ကန်ချမခံရလျှင်ပင် ကံကောင်းလွန်းလှပြီ ဖြစ်သည်။
“ ငါလည်း ကိုယ့်ရဲ့ အဆို ၊ အက နဲ့ rap skill ကို တိုးတက်အောင် လုပ်ဖို့ လိုနေတာ သိတယ် … စိတ်မပူကြပါနဲ့ … ငါ နောက်ထပ် တစ်နှစ်ခွဲလောက် ထရိန်နင် ဆင်းပြီးသွားရင် လူတိုင်း ငါ့ကို အမြင်အသစ်နဲ့ ကြည့်လာစေရမယ်လို့ အာမခံတယ် ….”
“ အိုင်ဒေါ တစ်ယောက် ဖြစ်လာဖို့က အဆိုနဲ့ အကအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး …”
“ တခြား အရည်အချင်းတွေလည်း ညီညီမျှမျှ ကောင်းဖို့ လိုအပ်သေးတယ် …”
“ နှစ်ဆက်ရှင်လောက် ထရိန်နီ ဆက်လုပ်ပြီးရင် ကုမ္ပဏီက ငါ့အပေါ်မှာ အရင်းအမြစ်တွေ အများကြီး သုံးပေးမှာ …”
“ ဒီရဲ့ အရင်းအမြစ်တွေရယ် … ငါ့ရဲ့ ကိုယ်ပိုင် အရည်အချင်းတွေရယ် ပေါင်းပြီး အဓိက နေရာမှာ ပွဲဦးထွက်လိုက်တာနဲ့ နာမည်ကြီးပြီး ကျော်ကြားတဲ့ အိုင်ဒေါ တစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျိန်းသေတယ် …”
ရွှီရိရဲ့ မျက်နှာထက်တွင် ယုံကြည်မှုတို့ ပြည့်နှက်နေသည်။
စတားတစ်ပွင့် ဖြစ်လာရန် အလို့ငှာ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးက အရေးပါသည်။ သို့ပေမယ့် ပုံမှန်အားဖြင့် ကုမ္ပဏီရဲ့ ပံ့ပိုးပေးမှုကပဲ အဆုံးအဖြတ် ပေးသွားတာ ဖြစ်သည်။
ရွှီရိ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ရောက်လာသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်မှ မန်နေဂျာအဆုံး ၊ အားလုံးက သူ့ရဲ့ ပါရမီပါမှုအပေါ် ချီးမွမ်းကြသည်။
“ ဒေါက်တာချန် … ငါ့ကိုမြန်မြန်လေး ပြောပြစမ်းပါဗျာ … ငါ ဘယ်လိုလုပ်ရင် အဖေ့ဆီက ပိုက်ဆံရနိုင်လောက်မလဲ …”
နာမည်ကျော်ကြားတော့မည့် အနာဂတ်ကို တွေးမိတော့ ရွှီရိလေသံထဲတွင် အလျင်လိုမှုတို့ ပြည့်နှက်လာသည်။
“ မင်း ဆက်ပြီး လေ့ကျင့်ဖို့အတွက် မင်းအဖေက ပိုက်ဆံ မပေးချင်တာ မဟုတ်ဘူး …” ချန်ယွီ့ ပြောပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ “ ဒီတိုင်း … သူ့မှာ ပိုက်ဆံပြတ်နေလို့ပဲ….”
“ မဖြစ်နိုင်တာ…”
ရွှီရိ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။
“ သူက စီးပွားရေးသမားပဲဟာ … စီးပွားရေးသမားက ပိုက်ဆံမရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
“ ဒေါက်တာချန် … ငါ ပေးတဲ့ ပိုက်ဆံက တအားနည်းနေလို့ မင်းငါ့ကို တမင် မကူညီပေးချင်တာလား …”
“ ဒီလိုဆိုရင်ကော … ငါ့ကို အရင်ဆုံး နည်းလမ်းပြောပြလိုက် …”
“ ဒီလိုက်စထွင်းပြီးသွားရင် ငါ့ ဖိနပ်တွေကို ရောင်းဖို့ နည်းလမ်းရှာပြီး ယွမ် တစ်သောင်းကို မင်းဆီ လွှဲပေးလိုက်မယ် ….”
ရွှီရိ ပြောလိုက်ပြီး “ သူ့မှာ ပိုက်ဆံ မရှိဘူးဆိုတာ ငါ လုံးဝ မယုံဘူး …”
“ မင်းပြောနေတဲ့ စီးပွားရေး လုပ်ငန်းက မင်းအဖေ ရပ်ကွက်ဝင်ပေါက်ဝမှာ ဖွင့်ထားတဲ့ သစ်သီးဆိုင်လေးကို ပြောချင်တာလား …” ချန်ယွီ့ မေးလိုက်သည်။
“ ဟုတ်တယ် ….”
“ သူ့ဆိုင်ကို နေ့တိုင်းနေ့ လာဝယ်နေကြတဲ့ ဖောက်သည်တွေ အများကြီးပဲ …” ရွှီရိ ပြောလိုက်ပြီး “ ငါ သွားကြည့်တဲ့ အချိန်တိုင်း သူ့ဆိုင်ရှေ့မှာ အမြဲတမ်း ဝယ်သူတွေ တန်းစီပြီး စောင့်နေတာ မြင်တယ် …”
“ စီးပွားရေးက ဒီလောက်ကောင်းတာကို ပိုက်ဆံ မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
ချန်ယွီ့ သူ့ကို တမင် မောင်းထုတ်နေခြင်း ဖြစ်ကြောင်း ရွှီရိ သေချာသည်။
ချန်ယွီ့ မေးခွန်းကို ဖြေရင်း သူ့ဖုန်းကို ထုတ်ကာ ချန်ယွီ့ရဲ့ တိုင်ပင်ဆွေးနွေးခ ယွမ်တစ်သောင်းကို ပေးဖို့ ဖိနပ်ဝယ်သူကို လိုက်ရှာနေတော့သည်။
“ မင်းအဖေရဲ့ သစ်သီးဆိုင်က တကယ်လည်း စီးပွားကောင်းတယ် … ဒါပေမယ့် ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ကြီးမားလွန်းတဲ့ မင်းရဲ့ လိုအပ်ချက်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ဘူး …”
ချန်ယွီ့ အသံက ဖြည်းဖြည်းချင်း အေးစက်လာသည်။
“ မင်း နှစ်သားအရွယ်မှာ မင်းရဲ့ အမေက ရောဂါနဲ့ ဆုံးသွားခဲ့တယ် …”
“ မင်းနဲ့ မင်းညီမလေး စားဝတ်နေရေး မပူပန်ရအောင် မင်းအဖေက နေ့တိုင်းနေ့ အရုဏ်မတက်ခင် အလုပ်သွားပြီး ကောင်းကင်မှာ လခပ်မြင့်မြင့် ချိတ်ဆွဲထားတဲ့ အချိန်ကျတော့မှ အိမ်ပြန်လာတယ် ….”
“ ဟုတ်တယ် ဟုတ်တယ် … အဲ့တာ အမှန်ပဲ …” ရွှီရိ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ ဒေါက်တာချန် … မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ … ငါ့မှာ ညီမတစ်ယောက် ရှိတာကို မင်း သိနေတယ် …”
ချန်ယွီ့ သူ့စကားကို မကြားသည့်နှယ် လျစ်လျူရှုကာ စကားဆက်သည်။ “ မင်း အသက်လေး ကြီးလာတော့ … တခြား လူငယ် အများစုလို စနိကာဖိနပ်တွေ စုဆောင်းရတာကို စွဲလမ်းလာတယ် …”
“ ဒီ ဝါသနာ တစ်ခုတည်းကတင် မင်း မိသားစုရဲ့ စုငွေ တစ်ဝက်လောက်ကို ဖြုန်းပြီးသား ဖြစ်နေပြီ ….”
“ မင်းပြောခဲ့သလိုပဲ … တစ်နေ့ မင်းလမ်းဘေးမှာ ဆယ်လ်ဖီရိုက်နေတုန်း အလားအလာရှိတဲ့ ပါရမီရှင်တွေကို လိုက်ရှာတဲ့ ကင်းထောက်သမ တစ်ယောက်က မင်းကို တွေ့သွားတယ် …”
“ အဲ့လူက မင်းကို ဆက်တိုက် ချီးမွမ်းတယ် … ပြီးတော့ မင်းရဲ့ အရည်အချင်းတွေကို ပြသဖို့အတွက် သူတို့ ကုမ္ပဏီမှာ သင်တန်းသားအဖြစ် နေဖို့ ဖိတ်ခေါ်တယ် ….”
“ သူတို့ရဲ့ ဆက်တိုက် ချီးမွမ်းမှုနဲ့ နာမည်ကြီး ဆယ်လီတစ်ယောက်ဖြစ်ဖို့ အတွက် မင်း အိပ်မက်မက်လာတယ် ….”
“ မင်းရဲ့ အဖေနား မရမက တွယ်ကယ်ပြီး မင်းရဲ့ ကနေဦး သင်တန်းကြေးအတွက် ယွမ် ၈၈,၀၀၀ ထုတ်ခိုင်းတယ် …”
“ မင်းရဲ့ အဖေက မင်းရဲ့ ထရိန်နင် နှစ်ဆက်ရှင်အတွက် ပေးဖို့ သူ့မှာ ရှိတဲ့ ငွေတွေ အကုန်လုံးကို သုံးပြီးသွားပြီ …”
“ တခြားမိဘတွေလိုပဲ မင်းအဖေကလည်း မင်းအောင်မြင်ကြီးပွားမှာကို လိုချင်ပြီး မင်း ဖြစ်ချင်တာကို ပံ့ပိုးပေးချင်တယ် …”
“ အခု … မင်းမိသားစုမှာ ယွမ် သောင်းဂဏန်း နည်းနည်းပဲ ကျန်တော့တယ် …”
“ သူ့လက်ရှိ အနေအထားက မင်းရဲ့ လေးခုမြောက် ထရိန်နင် ဆက်ရှင်အတွက် သင်တန်းကြေးပေးဖို့ မစွမ်းသာတော့ဘူး ….”
စကားကို ယာယီရပ်တန့်ထားပြီးနောက် ချန်ယွီ့က သူဖန်ခွက်ကို ကိုင်ပြီး ရေတစ်ကျိုက် သောက်လိုက်သည်။
“ မင်းအဖေက ခြေတစ်ဖက် မသန်ဘူး … ကတ်စတန်မာ တော်တော်များများက သနားလို့ ဝယ်ကြတာ ….”
“ ပြီးတော့ … မင်း အဖေရောင်းတဲ့ အသီးတွေကလည်း အရည်အသွေးကောင်းပြီး ဈေးပေါတယ် … အဲ့တာကြောင့်မို့ သူ့ဆိုင်ရှေ့မှာ နေ့တိုင်းနေ့ ဝယ်သူတွေ တန်းစီနေတာကို မင်းမြင်ရတာပဲ …”
ကြည့်ရှုသူများမှာ ရှော့ခ်ရသွားခဲ့ကြသည်။
ရွှီရိက နာမည်ကြီး ဘရန်းဒက် စနိကာနှင့် အကန့်အသတ်နှင့်သာ ထုတ်ထားသည့် တီရှပ်ကို ဝတ်ထားတာ မြင်တော့ ချမ်းသာတဲ့ သူဌေးသားလေး ဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်။
သူက သာမန်မိသားစုတွင် ပေါက်ဖွားလာသည့် ကလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ပါချေ။
“ နွမ်းပါးတဲ့ မိသားစုရဲ့ ချမ်းသာတဲ့ သူဌေးသားလေးပဲ …”
“ ဒီနေ့ခေတ် တစ်ချို့ မိဘတွေက သူတို့ကလေးတွေကို သူတို့ကိုယ်သူတို့ ချမ်းသာသလိုမျိုး ပျိုးထောင်ပေးတတ်ကြတယ် … သူတို့ မိသားစုရဲ့ အနေအထားက သာမန်ပဲ ဆိုရင်တောင်မှပေါ့ …”
“ ဒီ ကောင်စုတ်လေးက တကယ့် ဗန်ပိုင်းယားပဲ …”
“ ငါ တစ်ခါက ပန်းချီဆရာ ဖြစ်ချင်ဖူးတယ် … ငါ့အမေပြောတာ ပန်းချီဆရာဆိုတာ ကိုယ်သေသွားတော့မှ နာမည်ကြီးနိုင်တာတဲ့ … ဒါကြောင့်မို့ ငါ လက်လျှော့လိုက်တယ် ….”
“ ငါနောက်ဆုံးတော့ အဲ့ကုမ္ပဏီကလူတွေ ဘာလို့ သူ့ကို ဆက်တိုက် ချီးကျူးနေကြလဲ ဆိုတာ ငါသိသွားပြီ … ဘာလို့ဆို သူတို့လဲ ငါတို့လို သူ့ကို ချမ်းသာတဲ့ သူဌေးသားလေး အထင်ရောက်နေတာ ဖြစ်မယ် …”
ကြည့်ရှုသူများ၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ရတော့ ရွှီရိက အမူအရာမပျက် ပြန်ပြော၏။ “ ဆယ်လီတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ဘက်က ရင်းနှီးဖို့လည်း လိုတယ်လို့ နည်းပြကပြောတယ် …”
“ ဒါတွေက ကိုယ်မအောင်မြင်သေးခင် ဖြတ်သန်းရမယ့် အဆင့်တွေပဲ … “
“ နောင်ကျရင် အလယ်နေရာနဲ့ ပွဲဦးထွက်ပြီး နာမည်ကြီး အိုင်ဒေါ ဖြစ်လာတဲ့ အချိန်ကျရင် ငါ့ အဖေ ငါ့အပေါ် သုံးပေးခဲ့တဲ့ ပိုက်ဆံ နှစ်ဆလား ၊ ဆယ်ဆလား ၊ ဘုတ်ခနဲ ပြန်ပေးလိုက်လို့ရတယ် …”
ထို့နောက် ရွှီရိက စခရင်အနားသို့ တိုးကပ်လာပြီး မေး၏။ “ ဒေါက်တာချန် … မင်းပြောတာ ငါ့မိသားစုက စုထားတဲ့ပိုက်ဆံ ယွမ်သောင်းဂဏန်း ကျန်နေသေးတယ် ပြောတယ်နော်…”
“ တကယ်လို့ ကွာဟမှုက သိပ်မများရင် ငါ့ ကျန်တဲ့ စနိကာတွေကို ရောင်းပြီး လိုတာကို ကိုယ့်ဘာကိုယ်ပဲ ထပ်စိုက်လိုက်မယ် …”
“ မင်းအဖေလက်ထဲ ရှိတဲ့ ပိုက်ဆံက ယွမ် ၃၀,၀၀၀ မပြည့်ဘူး …”
ချန်ယွီ့ အေးစက်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ မင်းအဖေ ဒီငွေတွေ လက်ထဲ ချန်ထားတယ်ဆိုတာက မင်းညီမလေး အထက်တန်းကျောင်း တက်ရတော့မှာမို့လို့ပဲ … မင်း ဒီငွေတွေကို သုံးချင်တာ သေချာလား …”
“ ငါ့ညီမရဲ့ ကျောင်းစရိတ်ကိုတော့ ထိလို့ ဘယ်ဖြစ်မှာ …”
စိတ်ထဲ လွန်ဆွဲနေသည့် မျက်နှာအမူအရာဖြင့် ခေတ္တ တွေးတောပြီးနောက် ရွှီရိ ပြောလိုက်သည်။ “ အဲ့လိုသာဆိုရင်တော့ နေတဲ့အိမ် ရောင်းရုံ ကျန်တာပဲ …”