စူပါမန်းတောင် အမျိုးသမီး၀ါဒီ တစ်ယောက်ရဲ့ ထိုးနှက်ချက်ကို ခံနိုင်မှာ မဟုတ်ဘူး
Vol. 13 Ch. 127
တဒင်္ဂမျှ ရှော့ခ်ရသွားခဲ့ပြီးနောက် ဧရာမ များပြားလှသည့် ကွန်းမန့်တို့ ဒလဟော တက်လာသည်။
“ ဒေါက်တာချန် … ကလေးရဲ့ အသားအရောင်က ဘယ်လိုဖြစ်နေတာလဲတဲ့ ….”
မစောင့်နိုင်တော့သည့် ပရိသတ်တစ်ယောက်က အထူးကွန်းမန့်တစ်ခု ပေးပို့ပြီး မေးလာသည်။
ချန်ယွီ့ စကားဖြင့် မပြောဘဲ သူ့ဘေးရှိ အမည်းရောင် မောက်စ်ကို ကောက်ကိုင်ပြလိုက်သည်။
“ ငါ မရယ်နိုင်တော့ဘူး … နတ်သမီးလို လှတဲ့ မိန်းကလေးနဲ့ ဧရာမ လူမည်းကြီး … တကယ့်ကို လိုက်ဖက်တဲ့ အတွဲပဲ …”
“ ဒီလိုနဲ့ပဲ သူ့နောင်မျိုးဆက်တွေအကုန် အမည်းတွေ ဖြစ်ကုန်တော့မယ် …”
“ သူ့ ဦးနှောက်ထဲ မူလီတွေ ဘာတွေများ ချောင်နေလားမသိဘူး … ငါ ဖွင့်ပြီးတောင် ကြည့်ချင်လာပြီ …”
“ ငါ့မှာ အိပ်မက်တစ်ခု ရှိတယ် …. အဲ့တာကတော့ ငါ့မျိုးစေ့တွေကို တစ်ကမ္ဘာလုံးအနှံ့ လိုက်ကျဲပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့ပေါ့ …”
“ ငါ သိချင်တာ ဘယ် ကပ္ပလီ ဘဲကြီးက ဈေးကြီးကြီးပေးပြီး ဒီ နတ်သမီးလေးကို အိမ်ခေါ်တာလဲလို့ ….”
“ ကမ္ဘာကြီးရဲ့ ပေါင်းစည်းညီညွှတ်မှု ၊ ငါတို့နိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်တွေ ပေါင်းစည်းမှု ၊ …. ဒါက ငါတို့ ဘိုးဘေးတွေကိုတောင် ဂုဏ်တက်စေမယ့် ပျော်ဖို့ကောင်းတဲ့ ဖြစ်ရပ်ပဲ ….”
“ သူ့ ဘိုးဘေးတွေရဲ့ အုတ်ဂူကတော့ မီးခိုးထွက်နေလောက်ပြီ ….”
ကြည့်ရှုသူများမှာ [ဝမ်းနည်းနေတဲ့ ကောင်မလေး]၏ ဉာဏ်ကောင်းလှသည့် ရွေ့ကွက်ကို ရယ်မောနေကြသည်။
သို့သော် ဝန်ခံရမည်ဆိုပါက [ဝမ်းနည်းနေတဲ့ ကောင်မလေး] ရက်စက်သည်မှာတော့ အမှန်ပင်။
သူမက ချန်ယွီ့ လိုက်စထွင်းထဲသို့ ပြေးလွှားရောက်လာပြီး နစ်နာသူ တစ်ဦးနှယ် ဟန်ဆောင်ကာ လူအများ သနားလာစေရန် ငိုပြ ၊ သနားကမားလေး လုပ်ပြသည်။
ကြည့်ရှုသူများကလည်း သူမ ဦးဆောင်သည့် စည်းချက်အတိုင်း လိုက်ပါ၍ များပြားလှသည့် အမျိုးသမီး ကြည့်ရှုသူ တော်တော်များများမှာ သူမအပေါ် ကိုယ်ချင်းစာပြီး သနားစိတ် ၀င်မိကြ၏။
သူမက ထိုလူများ အားလုံးကို စုစည်းပြီး ဘုံရန်သူဖြစ်သည့် ခင်ပွန်းလောင်း၏ ဂုဏ်သတင်းကို တိုက်ဖျက်ဖို့ လုပ်ချင်သည်။
လူချမ်းသာ စည်းစိမ်ကို ခံစားနိုင်ဖို့ရာအတွက် များပြားလှသည့် ‘ သူငယ်ချင်းများ’ ကိုပါ စုစည်းပြီး ပြောမကောင်းသည့် အရာများကို ပြုလုပ်ခဲ့သည်။
ထိုအထဲ ‘ နိုင်ငံခြားက သူငယ်ချင်းများ’ပင် ပါဝင်နေခဲ့သေး၏။
“ အဲ့တော့ နိုင်ငံခြားသားနဲ့ ကိုယ်ဝန်ရတော့ရော ဘာဖြစ်လဲ …”
“ ငါ့ကလေးကို အသုံးချပြီး အဲ့ အယုတ်တမာကို လက်စားချေဖို့ မစဉ်းစားဖူးဘူး …”
“ နင် ပြောသွားတာတွေကို သက်သေပြနိုင်တဲ့ အချက်အလက်လည်း နင့်မှာ မရှိဘူး ….”
[ဝမ်းနည်းနေတဲ့ ကောင်မလေး]မှာ သူမရဲ့ မူရင်းဟန်ပန်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပြီး ချန်ယွီ့ကို မာရည်ကြောရည်နိုင်စွာ ချေပလိုက်သည်။
သူမက စင်ဂယ်ဖြစ်ပြီ အခြားသော ယောက်ျားသားများနှင့် အတူအိပ်တာက ဥပဒေကို မဆန့်ကျင်ပေ။ မိမိခန္ဓာ ၊ မိမိရွေးချယ်မှုသာ ဖြစ်သည်။
သူမဘက်က မည်သည့် လူကျင့်ဝတ်စည်းမျဉ်းကိုမျှလည်း ထိပါးနေမိခြင်း မရှိ။
“ ချန်ယွီ့ … နင်က သိပ်ရွံဖို့ကောင်းတဲ့ အကောင်ပဲ …”
“ နင်က နင်တို့ ယောက်ျားတွေရဲ့ ညစ်ပတ်တဲ့ အတွေးတွေနဲ့ ငါတို့ မိန်းမတွေကို စော်ကားတယ် ….”
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ဟိန်းဟောက်လိုက်၏။
“ နင့်ရဲ့ အစွမ်းအစတွေကို အသုံးချပြီး တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကို ထုတ်ဖော်တယ် … ပြီးတာနဲ့ ကိုယ့်အမျိုးကိုယ် ကာကွယ်ပေးတယ် ….”
“ ငါ့ညီမတို့ … ငါ နင်တို့ကို အကြံဉာဏ်တစ်ခု ပေးလိုက်မယ် … ချန်ယွီ့ လိုက်စထွင်းကို မကြည့်ကြနဲ့ …”
“ ဒီလို လူစားမျိုးက ယုံကြည်ထိုက်တဲ့ လူစားမျိုး မဟုတ်ဘူး ….”
“ မင်းတို့ရဲ့ ယုံကြည်မှုကို အသုံးချပြီး ချောတဲ့ လှတဲ့ အမျိုးသမီး ပရိတ်သတ်တွေကို ဆွဲစားပစ်မယ့်အတန်းစားမျိုး …”
“ နင်ပြောတာ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ငါ့ခင်ပွန်းလောင်းကို လုယူသွားခဲ့တာက ငါ ကောင်းဖို့ အတွက်ဆိုပြီးတော့နော် …”
“ သူတို့ချင်း ပလူးနေတဲ့ ဓာတ်ပုံတွေ ငါ့ဆီ ပို့လာခဲ့တာကရော ငါကောင်းဖို့ အတွက်ပဲလား ….”
“ ဒါတွေက ယုတ္တိရှိတဲ့ လုပ်ရပ်တွေလို့ ထင်လား …”
“ သူပြောသွားတာက ယုံကြည်ထိုက်တယ်လို့ရော ထင်လား …”
" နင်တို့ ဒီစကားတွေ ဘယ်သူ့သွားပြောလို့ ယုံမှာလဲ ... "
ထိုသို့ ပြောပြီးနောက် [ဝမ်းနည်းနေတဲ့ ကောင်မလေး]က ချန်ယွီ့ကို စူးရဲစွာ ကြည့်လိုက်သည်။
ချန်ယွီ့ကို သေမတတ်မုန်းတီးနေသည့် အကြည့်မျိုးပင်။
“ မင်းက ဒီလောက် အများကြီး မေးလာတယ်ဆိုတော့ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ မင်းရဲ့ ခင်ပွန်းလောင်းအကြောင်းကို ငါတို့ ပြောကြတာပေါ့ ….” ချန်ယွီ့ အလျင်မလိုဘဲ ဖြည်းဖြည်းချင်း ပြောသည်။
“ မင်းက သူ(မ)နဲ့ ဇာတ်လမ်းပြတ်ဖို့ လုံးဝ စိတ်ပိုင်းဖြတ်ပြီးသား .. သူ မင်းကို တောင်းပန်လည်း အရာမထင်တဲ့ အဆုံးမှာ လမ်းခွဲပေးလိုက်တာက တစ်ခုတည်းသော နည်းလမ်းလို့ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းက ထင်တယ် … “
“ အဲ့နောက်မှာ သူ မင်းအတွက် လုပ်ပေးတဲ့ နောက်ဆုံး အကူအညီ တစ်ခုအနေနဲ့ မင်းရဲ့ ခင်ပွန်းလောင်းကို တိတ်တိတ်လေး စုံစမ်းခဲ့တယ် ….”
ဤတစ်ကြိမ်တွင်တော့ ချန်ယွီ့က ကြည့်ရှုသူများကို ဒွိဟဖြစ်အောင် မလုပ်တော့ချေ။
[ဝမ်းနည်းနေတဲ့ ကောင်မလေး]၏ အချစ်ဆုံး သူငယ်ချင်း သူမအတွက် တိတ်တိတ်လေး ပြုလုပ်ပေးခဲ့သည့် အရာများကို ကြည့်ရှုသူများထံသို့ ပြောပြလိုက်၏။
ကောင်လေးက စူပါ့စူပါ ပလေးဘိုင်းဆိုတာကို [ဝမ်းနည်းနေတဲ့ ကောင်မလေး]ရဲ့ အချစ်ဆုံး သူငယ်ချင်းက တွေ့ရှိသွားခဲ့သည်။
ဘယ်လိုမိန်းမမျိုးနဲ့ သူ တွဲပါစေ၊ ချစ်သူ သက်တမ်းက အမြဲတမ်း နှစ်ဝက် ၊ ရှစ်လပဲ ကြာသည်။
[ဝမ်းနည်းနေတဲ့ ကောင်မလေး]ရဲ့ အချစ်ဆုံးသူငယ်ချင်းက သူမနဲ့ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံပေးဖို့ တောင်းဆိုပြီး ထိုအမျိုးသားရဲ့ အရောင်ကာလာ အစစ်အမှန်ကို ရှင်းပြခဲ့သည်။
သို့ပေမယ့်လည်း [ဝမ်းနည်းနေတဲ့ ကောင်မလေး]က သူမကို လုံးဝ ယုံကြည်ခြင်း မရှိပေ။
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က သူမ ထိုသို့ ပြုလုပ်နေသည်မှာ ခင်ပွန်းလောင်း၏ နာမည်ကို ဖျက်စီးပြီး သူမကို ဆွဲထားချင်သောကြောင့်ဟု သေချာနေခဲ့၏။
သူမ ပြောသမျှ အသုံးမဝင်တာကို မြင်တော့ [ဝမ်းနည်းနေတဲ့ ကောင်မလေး]၏ အချစ်ဆုံး သူငယ်ချင်းက သူမ၏ ရွံရှာမှုကို ကြိတ်မှိတ်သည်းခံကာ ထိုပလေးဘွိုင်းကို မြှူဆွယ်ပြီး [ဝမ်းနည်းနေတဲ့ ကောင်မလေး] လက်လျှော့သွားအောင် လုပ်သည်။
“ မင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ၊ အင်း … မင်းရဲ့ အရင်ကောင်မလေးက မင်းရဲ့ စရိုက်ကို ကောင်းကောင်းနားလည်တယ် …”
“ မင်းမှာ ဂုဏ်ကို ခင်တဲ့ နှလုံသား ရှိတာကို သူ ကောင်းကောင်းသိတယ် …”
“ အဲ့ အမျိုးသား မင်းကို ဖန်တီးပေးတဲ့ ဇိမ်ခံဘဝကြီးကို ခံစားပြီးတော့ မင်း ပြန်လမ်းမရှိတဲ့ နွံထဲ နစ်သွားပြီ …. သာမန်လိုမျိုး ပြန်နေဖို့ ဆိုတာ မင်းအတွက် ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး ….”
“ နောက်ဆုံးမှာ ငွေအတွက် မင်းရဲ့ ခန္ဓာကိုယ်ကို ရောင်းချတာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် တခြား မသင့်လျော်တဲ့ အရာတွေကိုပဲဖြစ်ဖြစ် ပြုလုပ်လာမယ် …”
သက်ပြင်းချလျက် ချန်ယွီ့ စကားဆက်သည်။ “ မင်းကို ဒီနွံထဲနေ အချိန်မီ ဆွဲတင်ဖို့က သူ မင်းအတွက် နောက်ဆုံး လုပ်ပေးနိုင်တဲ့ အရာပဲ ….”
“ မင်းရဲ့ အိပ်မက်တွေထဲကနေ လန့်နိုးလာပြီး ချမ်းသာတဲ့ ဘဝကို ရဖို့က ထင်သလောက်မလွယ်ဘူး ဆိုတာ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် သိပါစေပေါ့ ….”
“ မင်းသူ့ကို မုန်းလည်း ကိစ္စ မရှိဘူး … သူ့ဘက်ကတော့ မင်းကို နှစ်နှစ်ကာကာ ချစ်ခဲ့တယ် …”
“ ကံဆိုးချင်တော့ မင်းက သူ့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ဂုဏ်မက်တဲ့ နှလုံးသားကြောင့် မမြင်နိုင်ခဲ့ရှာဘူး ….”
“ မဟုတ်ဘူး … ဒါတွေအကုန်လုံးက အလိမ်အညာတွေ … သူက အဲ့လောက်အထိ ကြင်နာတတ်တဲ့ လူစားမျိုး မဟုတ်ဘူး ..”
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ချန်ယွီ့ စကားကို တင်းမာစွာ ဖြတ်ပြောလိုက်သည်။
“ ငါ သူနဲ့ လမ်းခွဲပြီးတာတောင် ငါ့ကို မမုန်းတာကတင် အတော်လေး အံ့ဩဖို့ကောင်းလှပြီ …”
“ အဲ့တာကို သူက ငါ့ကို ဘာကိစ္စကူညီမှာလဲ ….”
“ သာမန်လူဆို ဒါမျိုး လုပ်မှာ မဟုတ်ဘူး ….”
ဤသည်ကို ကြားတော့ ချန်ယွီ့ခေါင်းယမ်းလိုက်သည်။
“ ချစ်နေတဲ့ လူတစ်ယောက်မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေဆိုတာ ရှိနိုင်ပါ့မလား ..”
“ မင်းအတွက်နဲ့ သူ့မိသားစုက ရေကန်အသင့် ကြာအသင့်လုပ်ထားပေးတဲ့ အလုပ်ကိုတောင် လက်လျှော့ခဲ့တယ် … သာမန်လူတစ်ယောက်သာဆိုရင် အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး ….”
“ သူ လုပ်ခဲ့တာက ချစ်တာကြောင့်ပဲ မဟုတ်လား ….”
[ဝမ်းနည်းနေတဲ့ ကောင်မလေး]၏ မျက်နှာကတစ်ဆင့် သူမရဲ့ အချစ်ဆုံး သူငယ်ချင်းက သူမအတွက် မည်မျှ ပေးဆပ်အနစ်နာခံခဲ့လဲဆိုတာကို ရှင်းလင်းစွာ မြင်နိုင်သည်။
သူ မနေနိုင်ဘဲ စိတ်ထဲ သက်ပြင်းချလိုက်မိ၏။
အချစ်ဆိုသည့် အရာက ကျရှုံးသွားသည်နှင့်တစ်ပြိုင်နက် ညှို့ယူဖမ်းစားသည့် မန္တာန်နှင့် ပြုစားခံရသည်ထက်ပင် ပို၍ ဆိုးရွားသေးသည်။
“ နင့်ဘာနင် ဘာပဲ ပြောပြော ငါမယုံဘူး …”
“ ယောက်ျားတွေ ဘယ်ယောက်ျားမှာ မကောင်ဘူး ….”
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က ထပ်မံ၍ စကားလမ်းကြောင်း လွှဲလိုက်ပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ အချည်းနှီးပင်။
“ ဒေါက်တာချန် … ဒီ မ-ဝါဒီသမားရဲ့ ပြစ်တင်မောင်းမဲတာကို ခံရတယ်ဆိုတာ မင်းအတွက် ဂုဏ်ယူစရာပဲ … (ခွေးခေါင်းပုံ) “
“ နင့်လို ယောက်ျားကြီးက မိန်းကလေးတစ်ယောက်ရဲ့ ပြောစကားကိုတောင် မခံနိုင်ဘူးလား … ငါက အားနည်းထိခိုက်လွယ်တဲ့ မိန်းမသားလေ … အခုဟာ နင်က ဘယ်လိုလူစားမျိုးလဲ ……”
“ အားနည်းထိခိုက်လွယ်တဲ့ နတ်သမီးရဲ့လက်သီးချက်ကို စူပါမန်းဆိုရင်တောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ..”
“ လိုး …..”
“ မျှော်လင့်ချက်တွေ ပျက်သုန်းပြီး ဝမ်းနည်းနေတဲ့ မိန်းကလေးမျိုးကပဲ ဒီလိုမျိုး အဆုတ်ကွဲမတက် အော်ဟစ်နေမှာ ဒေါက်တာချန် … ဒီနေ့ခေတ်မှာ တို့လို မိန်းမသားတွေကို အပျော် ကစားတတ်ကြတဲ့ မကောင်းတဲ့ကောင်တွေ သိပ်များလွန်းတယ် …”
“ ထက်မြက်တဲ့ မိန်းမသားတွေ လာနေပြီ ပြေးကြ ငါ့ကောင်တို့ ….”
“ ဒေါက်တာချန် … နင် မိန်းကလေးတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းတွေကို ဘယ်လိုတောင် ဖော်ထုတ်ဝံ့နေတာ … ပြန်တောင်းပန်စမ်း ….”
“ ဖို-မ ပြဿနာနဲ့ ဒီပလတ်ဖောင်းကြီးလည်း ဒေါင်းတော့မယ် …”
“ ဒီမိန်းမ မဟန်တော့ဘူး … ဆရာဝန်ပြဖို့ လိုနေပြီ ….”
“ အခုလည်း ဆရာဝန်ပြနေတာပဲ မဟုတ်လား ….”
စကားပြောခန်းထဲရှိ လေထုမှာ ရွှင်ပြသက်ဝင်နေသည်။
ကြည့်ရှုသူများက လူပြက်သရုပ်ဆောင်တာကို ကြည့်ရှုခံစားရင်း လှောင်ပြောင်သည့် ကွန်းမန့်များကို ဆက်တိုက်ပေးပို့နေကြသည်။
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က သူတို့ရဲ့ စာနာသနားပေးမှုနှင့် မတန်ပေ။
“ နင်တို့ … နင်တို့အားလုံး မကောင်းတဲ့ကောင်တွေချည်းပဲ …”
များပြားလှသည့် ကြည့်ရှုသူများက သူမကို လှောင်ပြောင်နေတာ မြင်တော့ [ဝမ်းနည်းနေတဲ့ ကောင်မလေး]က စတင်အော်ဟစ်တော့သည်။
ပြီးနောက် ချက်ချင်းပဲ စကားပြောဆိုမှုကို ဖြတ်တောက်သွားခဲ့တော့သည်။ ဘာကြောင့်ဆိုတော့ ဤကြည့်ရှုသူများကို သူမ ဆက်ပြီး အရူးလုပ်နိုင်စွမ်း မရှိတော့သောကြောင့်ပင်။
“ ဒေါက်တာချန် … ဒီ ကံဆိုးတဲ့ကောင်မ နောက်ဘာလှည့်ကွက်တွေ ဆက်ထုတ်လာဦးမလဲဆိုတာ ငါတို့ကို ပြောပြပါလား ….”
[ဝမ်းနည်းနေတဲ့ ကောင်မလေး] ရုတ်ချည်း လိုင်းဆင်းသွားတာက ကြည့်ရှုသူများရဲ့ စိတ်အခြေအနေကို အတော်လေး ထိခိုက်သွားစေသည်။
ကြည့်ရှုသူအများအပြားက မေးမြန်းသည့် ကွန်းမန့်များကို ဆက်တိုက် ပို့လာကြပြီး [ဝမ်းနည်းနေတဲ့ ကောင်မလေး]၊ နှစ်တစ်ရာမှာ တစ်ကြိမ်သာ တွေ့နိုင်သည့် မ-ဝါဒီ စစ်စစ် မိန်းကလေးက အနှီ ပလေးဘွိုင်းနှင့် သူ့အချစ်ဆုံး သူငယ်ချင်း (ဝါ) အရင်ရည်းစားကောင်မလေးကို လက်စားချေဖို့ မည်သို့သော နည်းလမ်းလှည့်ကွက်များ ပြုလုပ်လာမလဲဆိုတာ သိချင်နေကြသည်။
ထိုအချိန်၌ ချန်ယွီ့က အက်မင်တစ်ယောက်ထံကနေ သီးသန့်မက်ဆေ့ချ်ကို လက်ခံရရှိလိုက်သည်။
[ဝမ်းနည်းနေတဲ့ ကောင်မလေး]က သူ့ကို တိုင်ကြားထားတာ ဖြစ်၏။
အကယ်၍ သူတို့ ပလတ်ဖောင်းက ချန်ယွီ့ လိုက်စထွင်းကို မဘန်းပေးဘူးဆိုရင် မာတီမီဒီယာ ဗျူရိုကို တိုင်စာပို့မည်ဟုလည်း ခြိမ်းခြောက်လာသည်။
“ ဒေါက်တာချန် … ငါတို့ရဲ့ ဥက္ကဌက အဲ့မိန်းမကိစ္စကို ကိုယ်တိုင် ကူညီပေးလိုပါတယ်တဲ့ ….”
“ အရင်တုန်းက ငါတို့ဘက်ကနေပြီး ဒေါက်တာချန်ကို ရုံးချုပ်လာဖို့ ဖိတ်ခေါ်တော့ သေချာလေး ဂရုမစိုက်ခဲ့မိဘူး .. “
“ တကယ်လို့ အချိန်ရမယ်ဆိုရင် ငါတို့ဥက္ကဌက ဒေါက်တာချန်နဲ့ တွေ့ဖို့ ဟန်ကျိုးမြို့ဆီ လူလွှတ်ပေးနိုင်ပါတယ် … ဒေါက်တာချန် မလာလည်း ရပါတယ် ….”
အကယ်၍ ကြည့်ရှုသူများသာ အက်မင် ပို့လာသည့် စာကို မြင်တွေ့သွားခဲ့မည်ဆိုပါက သူတို့ မေးရိုးတွေ ပြုတ်ကျ၍ ပြန်ကောက်တပ်နေရလောက်ပြီ ဖြစ်သည်။
စထွင်မာ တစ်ယောက်ကို ကွန်ပလိန်းတက်သည့် ကိစ္စအား ဥက္ကဌကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးမည်ဆိုသည်က ဘယ်တုန်းကမျှ မဖြစ်ပျက်ခဲ့ဖူးသည့် အရာပင်။
ထို့ပြင် ပလတ်ဖောင်း အက်မင် ပေးပို့လာသည့် စာသားထဲတွင် သုံးနှုန်းထားသည့် နှိမ့်ချထားသည့် စာသားများနှင့် ရိုသေလေးစားမှုကိုလည်း မြင်တွေ့နေရသည်။
မည်သို့ပင် ကြည့်ကြည့် ဤသည်က အက်မင်တစ်ဦး သူ့ သူဌေးကို အစီရင်ခံသည်နှင့် တူညီနေသည်။