← Chapters

အခန်း (၄၈၄-၄၈၅)

Vol. 31 Ch. 484-485

အခန်း (၄၈၄-၄၈၅)

Vol. 31 Ch. 484-485

Chapter 484

မှိုဦးခေါင်းများ ၁

အနန္တရထားပေါ်တွင် လင်းရှန်သည် နန်ကျင်းကို ပြန်ပြောလိုက်လေသည်။

“၂၂ ကီလိုမီတာရှိတဲ့ ရထားလမ်း ဖောက်လုပ်ဖို့ဆိုတာ၊ အခြေခံ အကျဆုံး စံနှုန်းနဲ့တောင်မှ သေးငယ်တဲ့ စီမံကိန်းတစ်ခုမဟုတ်ဘူး”

“ဟုတ်တယ်” နန်ကျင်းက စဉ်းစားဟန်ဖြင့် ပြောသည်။

“ကျွန်မရဲ့ အင်ဂျင်နီယာအဖွဲ့က ဒရုန်းနဲ့ ကင်းထောက်ထားတဲ့ ဗီဒီယိုတွေကို ပြန်စစ်ဆေးပြီးပြီ။ မြေပြိုကျတာတွေ၊ ရေကြီးနေတဲ့ အပိုင်းတွေ၊ အတားအဆီးတွေ အများကြီးပဲ။ အဓိက ပြဿနာနှစ်ခုကတော့ ရထားလမ်းအတွက် ပစ္စည်းနဲ့ အချိန်နဲ့ ဘေးအန္တရာယ်တွေပဲ”

“ကမ္ဘာပျက်ကပ်ရထားတွေ ဒီလောက်များတာ၊ လူတိုင်းမှာ အရေးပေါ် ရထားလမ်း ပစ္စည်းတွေ ရှိမယ်လို့ ထင်တယ်”

ရှုချင်းက ဝင်ပြောသည်။

“ကျွန်မတို့ စာရင်း ပြုစုပြီးပြီ” နန်ကျင်းက ပြန်ဖြေသည်။

“လူတိုင်းမှာ အရေးပေါ် အရန်ပစ္စည်းတွေ—မီတာ ရာဂဏန်းလောက်ပဲ ရှိတယ်။ အားလုံးပေါင်းရင် သုံးလေးကီလိုမီတာလောက်ပဲ ဖောက်လုပ်နိုင်မယ်။ နောက်ပြီးတော့ ရှေ့က ပျက်စီးနေတဲ့လမ်းကို ဖာထေးဖို့အတွက် နောက်ဘက်က ရထားလမ်းပိုင်းတွေကို ဖြုတ်ယူတဲ့ နည်းလမ်းလည်း ရှိပေမဲ့၊ အချိန်အများကြီး ကုန်သွားနိုင်တယ်...”

ရထားတွဲ ၂ အတွင်း၌ လူတိုင်းသည် လင်းရှန်ကို မသိစိတ်ဖြင့် လှည့်ကြည့်မိလိုက်ကြသည်။

“ကျွန်တော်တို့ရဲ့ အရေးပေါ် ရထားလမ်းက မီတာသုံးရာပဲ ရှိတယ်” တာလို့က ပြောသည်။

“ဒါက လုံးဝ မလုံလောက်ဘူး”

“လင်းရှန် ကီလိုမီတာနှစ်ဆယ်ကျော်ဆိုတာ—ရှင် ထုတ်လုပ်ဖို့ ကြိုးစားရင်တောင် တော်တော်လေး ကြိုးစားရလိမ့်မယ်နော်”

ကီကီသည် သူမ၏ ကုလားထိုင်ကို လှည့်ကာ လင်းရှန်ကို ကြည့်လိုက်သည်။

လင်းရှန်က ခေါင်းခါပြသည်။

“ရထားလမ်း လုပ်တာက လွယ်တယ်။ အများကြီး အချိန်ယူမှာ မဟုတ်ဘူး။ ငါတို့ထဲမှာ စွမ်းအားရှင်တွေများတဲ့အတွက် အတားအဆီးတွေကို ရှင်းရတာက လွယ်တယ်။ နဂါးတောင် ၁ မှာ ရထားလမ်း ဖောက်စက်လည်း ရှိတယ်၊ ဒါကြောင့် ပြင်ဆင်ဖို့က မရှုပ်ထွေးဘူး။ တစ်ခုတည်းသော ပြဿနာက... ကုန်ကြမ်းပစ္စည်းတွေပဲ”

သူသည် ယူနစ် ၀၁ ကို ပြုပြင်သောအခါတွင် အာကာသထဲပျော်ဝင်ခြင်းရှိ ပစ္စည်းများ အားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်၏။ လက်ရှိတွင် ဝါးမျိုထားသော နာရီနှိုးစက်မှ သံ ၃၀ ဂရမ်သာ ကျန်ရှိတော့သည်။

“ဒါပေမဲ့ ရထားလမ်း ဖောက်လုပ်ဖို့ ရထားတွေအားလုံးကို စုစည်းလိုက်ရင် ဆူညံသွားနိုင်တယ်။ ဒီအခြေအနေမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” ချန်ဆီရွှမ်က ပြောသည်။

“နဂါးတောင် ၁ ရဲ့ မြေပြင်အမျိုးမျိုးသွား ယာဉ်ကို သုံးပြီး ၂၂ ကီလိုမီတာကို ဆွဲခေါ်သွားလို့ မရဘူးလား”

“၁၅ ကီလိုမီတာ ရှည်တဲ့ ရထားတွဲကြီးကို ဆွဲသွားမလို့လား” ကီကီက သက်ပြင်းချလိုက်၏။

“နဂါးတောင် ၁ ရဲ့ ဘီးတွေကို အမှုန့်ဖြစ်သွားအောင် အားကုန်ထုတ်ဆွဲတာတောင် လှုပ်မှာ မဟုတ်ဘူး။ ပြီးတော့ သံလမ်းချော်သွားရင်လည်း ရထားလမ်းပေါ် ပြန်တင်ဖို့က မလွယ်ဘူးနော်”

“သူမ ပြောတာ မှန်တယ်”

လင်းရှန်က ခေါင်းညိတ်လိုက်သည်။

“အကောင်းဆုံး ရွေးချယ်မှုက ရထားလမ်းတွေကို ဆက်သွယ်ဖို့ပဲ”

ခဏမျှ စဉ်းစားပြီးနောက် သူက ထပ်ဖြည့်လိုက်သည်။

“ကျုပ်တို့ အဖွဲ့လေးတစ်ခု ဖွဲ့ပြီး ပစ္စည်းတွေ စုဆောင်းဖို့ မြို့ထဲ သွားကြမယ်။ အဲဒီပစ္စည်းတွေနဲ့ တခြားရထားတွေရဲ့ အရေးပေါ် ရထားလမ်းတွေကို နဂါးတောင် ၁ ရဲ့ ရထားလမ်း ဖောက်စက်ဆီ တိုက်ရိုက်ပေးသွင်းမယ်။ ဒါက အထိရောက်ဆုံး နည်းလမ်း ဖြစ်လိမ့်မယ်”

“ဒီအစီအစဉ်ပဲ အလုပ်ဖြစ်မယ့်ပုံရှိတယ်”

ကီကီသည် သူမ၏ ကုလားထိုင်ပေါ်မှ လင်းရှန်ကို စနောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီတစ်ခါလည်း ကျွန်မတို့ရဲ့ ကယ်တင်ရှင်ပေါ်မှာပဲ မူတည်နေပြီထင်တယ်”

သူမ၏ မျက်လုံးအိမ်အတွင်း နက်ရှိုင်းသော နေရာ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ရှိနေသော်လည်း၊ သူမ၏ ပုံမှန်အမူယာဖြင့် ကောင်းမွန်စွာ ဖုံးကွယ်ထားလေ၏။

ထိုစကားကို ကြားလိုက်သောအခါ ချန်ဆီရွှမ်သည် လင်းရှန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

“ဒီမြို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားချက် ရှိနေတယ်။ ပြီးတော့ လေထုကလည်း...”

လင်းရှန်သည် ကီကီကို လှမ်းကြည့်လိုက်သည်။

“အရင်ဆုံး ဆင်းသွားပြီး ကြည့်ရအောင်”

“ကောင်းပြီလေ” ကီကီက ခေါင်းညိတ်လိုက်သည်။

ထို့နောက် လင်းရှန်သည် နန်ကျင်းနှင့် အခြားသူများနှင့် အစီအစဉ်ကို ဆွေးနွေးခဲ့သည်။ သူသည် ကီကီကို ခေါ်လာပြီး အပြင်ဘက် လေထုကို ပိုင်းခြားထားရန် စိတ်စွမ်းအင်ဒိုင်းကာကို ဖြန့်ကျက်ခိုင်းလိုက်ပြီး ဆင်းသက်ရန် ပြင်ဆင်လိုက်သည်။ ဘေးကင်းစေရန်အတွက် သူသည် ရထားတွဲကို လုံးဝ ပိတ်ဆို့ထားပြီး သူတို့နှစ်ဦးတည်းသာ တံခါးဖွင့်ရန် ပြင်ဆင်လိုက်၏။

“အားလုံးပဲ၊ သတိထားပါ။ ကျုပ်တို့ ရှေ့ကို ကင်းထောက်မယ်။ ယာဉ်တန်းတွေအားလုံး တိတ်ဆိတ်နေပြီး နောက်ထပ် အမိန့်ကို စောင့်ဆိုင်းပါ”

“နားလည်ပါပြီ၊ ကပ္ပတိန်လင်း”

နောက်ဘက်မှ ယာဉ်တန်းခေါင်းဆောင် ဆယ်ယောက်ကျော်၏ အသံများ ပဲ့တင်ထပ်လာသည်။ ဤလူငယ် ရထားခေါင်းဆောင်ကို မည်သူမျှ မေးခွန်းမထုတ်ကြပေ—အဘယ်ကြောင့်ဆိုသော် စီလန်မြို့၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် သူသည် အဓိကသော့ချက် ဖြစ်ခဲ့သည် မဟုတ်ပါလော။ နေမင်းယာဉ်တန်းမှ လော့ယန်ပင်လျှင် လင်းရှန်၏ သစ္စာရှိ နောက်လိုက်ဖြစ်လာ၏။

ရွီး—

ရထားတွဲ ၁ ၏ တံခါးပွင့်သွားသည်။ ကီကီသည် အပြင်ဘက်လေကို တားဆီးရန် စိတ်စွမ်းအင်ဒိုင်းကာကို အသက်သွင်းလိုက်ပြီး သူတို့နှစ်ဦးသည် အနန္တရထားမှ လွင့်မျောထွက်ခွာသွားကြ၏။

ရထားတွဲအပြင်ဘက်တွင် လေထုသည် အေးစက်စိုစွတ်နေ၏။ ကြည့်လိုက်သည့် နေရာတိုင်းတွင် အလင်းရောင်ထွက်နေသော မှိုများသည် အမှောင်ထဲ၌ တောက်ပနေသည်—မြေပြင်ပေါ်၊ နံရံများပေါ်၊ ရထားပေါ်၊ လူများပေါ်...

“ဒီအရာတွေက လူတွေပေါ်မှာသာ မပေါက်ဘူးဆိုရင်—တကယ်ကို လှပနေမှာပဲ”

ကီကီသည် တောက်ပနေသော မှိုခင်းများကို ကြည့်ရင်း ပြောသည်။

“ဝင်ရိုးစွန်းညမှာ ကြီးထွားလာတဲ့ ဘယ်အရာကိုမှ ငါတော့ သဘောမကျဘူး” လင်းရှန်က ပြန်ဖြေသည်။

“ကဲ၊ မင်း ဘယ်လိုထင်လဲ”

“သိပ်ပြီး ထူးဆန်းတယ်လို့ မခံစားရဘူး” ပြန်လည် အားပြည့်လာသော ကီကီသည် ပုန်းလျှိုးကာ တောက်ပနေသော မှိုတစ်လုံးကို ဆုပ်ကိုင်လိုက်သည်။ ခပ်ဖြည်းဖြည်း ညှစ်လိုက်သောအခါ—ဖတ်—၎င်းသည် ပေါက်ကွဲသွားပြီး အဝါရောင် မှိုအမှုန်အမွှားများ ထွက်လာကာ လေထဲ၌ ပျံ့နှံ့သွားသည်၊၊

ဤအရာကို မြင်သော် ကီကီသည် ၎င်းတို့ကို သူမ၏ စိတ်စွမ်းအားဖြင့် လျင်မြန်စွာ ပိတ်ဆို့ကာ ဖယ်ရှားလိုက်သည်။

“မှိုပွင့်အမှုန်တွေလား”

လင်းရှန်သည် အနီးရှိ မှိုလူသားများကို စကင်ဖတ်လိုက်သည်။ “ဒီမှိုအမျိုးအစားက လူတွေကို ကပ်ပါးလုပ်နိုင်ပုံရတယ်”

“နောက်ထပ် ကပ်ပါးကောင်... ဒါမှမဟုတ် အယောင်ဆောင်ကောင်လို့တော့ မပြောနဲ့နော်”

ကီကီသည် မျက်နှာရှုံ့မဲ့သွား၏။

“ရွံစရာကြီး”

သူမ၏ စွမ်းအားကို အနီးဆုံးရှိ မှိုလူသား—ထူထဲသော ဂျာကင်ကို ဝတ်ဆင်ထားဆဲ အရပ်ရှည်သော အမျိုးသားတစ်ဦးဆီသို့ ဖြန့်ကျက်လိုက်သည်။ သို့သော် မှို၏ အမျှင်များအောက်တွင် ၎င်းသည် လုံးဝ အရောင်ပြောင်းသွားပြီ ဖြစ်၏။ သူမ၏ စွမ်းအားက မှိုများနှင့် မှိုမျှင်များအပါဝင် ထိုသူ၏ ကိုယ်ခန္ဓာမှ၊ သူ၏ ခြောက်သွေ့နေသော အဝတ်အစားများမှ၊ ပြီးတော့... သူ၏ အရေပြားနှင့် အရိုးများမှပါ ဖယ်ရှားလိုက်သည်။

ကရက်... ကရက်... ကရက်... ထိတ်လန့်ဖွယ် ကောင်းသော ဆူညံသံများ ထွက်ပေါ်လာသည်။ ကီကီ ဆွဲထုတ်လေလေ၊ သူမ ပို၍ ပျို့အန်ချင်လေလေဖြစ်ပြီး သူမ၏ မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ချိုးသွား၏။

ကြက်ကြော်မှ အကြွပ်ဆုံး အရေပြားကို ခွာထုတ်လိုက်သလို ထိတ်လန့်ဖွယ် ခံစားရသည်။ မှိုအလွှာများအောက်၌ ပုပ်နေသော၊ စိုရွှဲနေသော ကိုယ်တွင်းအင်္ဂါများ တည်ရှိနေသည်။ သူမသည် အော့အန်ချင်လာ၏။

အေ့—

ကီကီသည် အန်ချင်သလို ဖြစ်သွားသော်လည်း၊ သူမ “ခွာထုတ်” နေစဉ်တွင် ထိုမှိုလူသား၏ မျက်လုံးများသည် နာကျင်မှုဖြင့် အရူးမူး တဆတ်ဆတ်လှုပ်နေသည်ကို လုံးဝ သတိမထားမိပေ။

လင်းရှန်သည် ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ဤမှိုသည် လူများကို တစ်နည်းတစ်ဖုံဖြင့် အပင်အဖြစ်သို့ ပြောင်းလဲနေပုံရသည်။ ၎င်းကို မည်သည့်ပုံစံအဖြစ် သတ်မှတ်ရမည်ကိုပင် သူ မသေချာပေ။ မတော်တဆ ကူးစက်ခံရပါက လုံးဝ ဒုက္ခရောက်ပေမည်။

Chapter 485

မှိုဦးခေါင်းများ ၂

“ပိုကောင်းတဲ့ မြင်ကွင်းရဖို့ အပေါ်တက်ရအောင်”

လင်းရှန်က ကောင်းကင်ကို လက်ညှိုးထိုးပြသည်။

“ကောင်းပြီ” ကီကီသည် သူမ၏ စွမ်းအားကို လွှတ်ချပြီး မှိုလူသားကို အဝေးသို့ ပစ်ထုတ်လိုက်သည်။ ခရက်__ ၎င်း၏ ဦးခေါင်းသည် ပုပ်နေသော သစ်သားကဲ့သို့ လည်ပင်းမှ ပြတ်သွားပြီး မှိုအမျှင်များနှင့် မှိုပွင့်များ ပေါက်နေသော ဦးခေါင်းသည် မြေပြင်ပေါ် လှိမ့်ဆင်းသွားသည်။

စိတ်စွမ်းအား လျှပ်တစ်ပြက် ထိုးတတ်လာမှုနှင့်အတူ၊ သူတို့နှစ်ဦးသည် အကာအကွယ် အလွှာဖြင့် ရစ်ပတ်ထားလျက် လေထဲသို့ ပျံတက်သွားကြသည်။

မကြာမီပင် သူတို့သည် မီတာရာပေါင်းများစွာ အမြင့်သို့ ရောက်ရှိသွားကြသည်။ ပြင်းထန်သော လေသည် မှိုအမှုန်အမွှားများကို သူတို့၏ ဓာတ်ငွေ့ကာမျက်နှာဖုံးများဆီသို့ တိုက်ခတ်လာသည်။ လင်းရှန်သည် သူ၏ မျက်နှာဖုံးကြိုးကို တင်းကျပ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။

တစ်ချိန်က အနောက်ပိုင်းရှိ ထိပ်တန်း ခရီးသွားဆွဲဆောင်ရာ နေရာဖြစ်ခဲ့သော ယိကျင်းမြို့ တစ်ခုလုံးသည် ထူးဆန်းသော မှိုပွင့်များဖြင့် ဖုံးလွှမ်းနေ၏။ အလင်းရောင်ထုတ်နိုင်သော မှိုမျှင်ကွန်ရက်များသည် မျက်နှာပြင်ပေါ်တွင် တောက်ပသော မြစ်များကဲ့သို့ ခုန်ပေါက်နေသည်။ မှိုအမှုန်အမွှားများက အဆောက်အအုံများကြားတွင် လွင့်မျောနေသည်။ လင်းရှန်သည် အံ့သြသွား၏။ ကြောက်မက်ဖွယ်ကောင်းသော မှိုလူသားများသာ မရှိခဲ့လျှင်၊ ထိုမြင်ကွင်းသည် တစ်မျိုးတစ်ဖုံ လှပသော—ကမ္ဘာပေါ်မှ မဟုတ်သော ရူခင်းအဖြစ်ပင် မှတ်ယူနိုင်ဖွယ် ရှိ၏၊၊

သို့သော် အနီးကပ် ကြည့်ရှုခြင်းသည် အမှားတစ်ခု ဖြစ်၏။ အညိုရောင်၊ ပင့်ကူအိမ်ကဲ့သို့ မှိုမျှင်များသည် အဆောက်အအုံများနှင့် မြေပြင်ကိုပါ တွယ်ကပ်နေပြီး ပိုးအိမ်ကဲ့သို့ ယက်လုပ်ထား၏။ သူ၏ မျက်နှာဖုံးအတွင်းမှ ငွေ့ရည်များသည် လည်ပင်းအတွင်းသို့ စီးကျလာပြီး လင်းရှန်ကို တုန်ယင်စေသည်။ တောက်ပနေသော မှိုများသည် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပြီး မြို့တစ်ခုလုံးသည် အသက်ရှူနေသော သားအိမ်တစ်ခုကဲ့သို့ ခုန်ပေါက်နေသည်—၎င်းသည် စိတ်ကို နက်ရှိုင်းစွာ ထိတ်လန့်စေလေ၏။

“ကမ္ဘာပျက်ကပ်နေ့ မတိုင်ခင်က ယိကျင်းက ထိပ်တန်းခရီးသွားလာရေး နေရာတစ်ခု ဖြစ်ခဲ့တာကို မှတ်မိသေးတယ်” ကီကီသည် အမှောင်ထဲသို့ စိုက်ကြည့်ရင်း ရေရွတ်သည်။

“လူတွေက တောပန်းပွဲတော်အတွက် ဒီကို လာကြတယ်၊ ရွံ့ညွှန်တောတွေနဲ့ ချောက်ကမ်းပါးတွေကို ဖြတ်ပြီး ရေနွေးငွေ့ရထားကို စီးကြတယ်... အော်၊ ကာစီနိုတွေလည်း အများကြီးပဲ။ ကျွန်မတို့ရဲ့ လပ်စ်ဗီးဂတ်စ်လိုမျိုးပေါ့။ သူတို့ရဲ့ သိုးသားတုတ်ထိုးနဲ့ နှင်းဆီပန်း ကိတ်မုန့်တွေက နာမည်ကြီးပဲ...”

သူမသည် ရုတ်တရက် လင်းရှန်ဘက်သို့ လှည့်လိုက်သည်။ “ဝင်ရိုးစွန်းညက ဒီမှိုတွေကို ကြီးထွားလာစေဖို့အတွက် ဒီမြို့တွေကို ကာကွယ်ထားတယ်လို့ ရှင် ထင်လား”

လင်းရှန်သည် စွမ်းအားမြှင့်ဝတ်စုံမှ ရေဒါနှင့် လေထုစစ်ဆေးရေး စနစ်များဖြင့် စကင်ဖတ်စစ်ဆေးပြီးနောက် ပြောသည်။

“ကောင်းပြီ၊ ပြန်လှည့်ကြစို့။ လေထုကတော့ အခုထိ အဆင်ပြေပေမဲ့ လေထဲမှာ လွင့်နေတဲ့ မှိုအမှုန်အမွှားတွေက တကယ့်ကို ခြိမ်းခြောက်မှုပဲ။ ဒါ့အပြင် ဝင်ရိုးစွန်းညရဲ့ အမှောင်ထုက မှိုတွေထက် ပိုအန္တရာယ်ရှိတာတွေကို ယူဆောင်လာနိုင်တယ်”

“ရှင် ပြောတာ မှန်တယ်”

အနန္တရထားဆီသို့ ပြန်ရောက်သောအခါ လင်းရှန်သည် ထူးဆန်းသော သတ္တဝါများ တိုက်ခိုက်မှု လုံးဝ မရှိကြောင်း သေချာစေရန် ထူးဆန်းသော ကုဗတုံးကို ချက်ချင်း စစ်ဆေးလိုက်ပြီးမှ စိတ်သက်သာရာ ရသွား၏။

“အားလုံး ရထားပေါ်မှာပဲ နေကြပါ။ ကျုပ်က ပစ္စည်းတွေ စုဆောင်းဖို့အတွက် ယာယီအဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်။ နဂါးတောင် ၁ ရဲ့ ရထားလမ်းဖောက်စက်ကို ပြင်ဆင်ထားကြပါ”

“ကျွန်မလည်း လိုက်မယ်—ပြီးတော့ ကျွန်မ အားဖေးကို ခေါ်ခဲ့မယ်” နန်ကျင်းသည် လင်းရှန်၏ အစီအစဉ်ကို ချက်ချင်း တုံ့ပြန်သည်။

“ကျွန်တော့်ကိုလည်း ထည့်ပါ”

လော့ယန်ကလည်း ဝင်ပြောသည်။

“ကပ္ပတိန်လင်း၊ ကျွန်တော့်ရဲ့ ညအမြင်စွမ်းအားက အကောင်းဆုံးပဲ။ ကျွန်တော့်ကို ကူညီခွင့်ပေးပါ”

လင်းရှန်သည် ခဏမျှ စဉ်းစားသည်။ “အားလုံး စွမ်းအားဝတ်စုံတွေ သေချာဝတ်ထားပါ… လုံးဝ မပိတ်ထားဘူးဆိုရင် ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ ဝတ်ပါ”

မိုးရေမြို့တွင် ဖြစ်ပျက်ခဲ့သည့်နောက်ပိုင်း လင်းရှန်သည် သူ့ဘေးတွင် အားကောင်းသော မဟာမိတ်အချို့ရှိနေခြင်းက ပညာရှိရာရောက်သည်ဟု ခံစားရ၏။ ၁၅ ကီလိုမီတာ ရှည်လျားသော ရထားသည် ရပ်နေသည်—အမှောင်ကြွက်များ၏ ခြိမ်းခြောက်မှု မရှိပေ။ အရံအကာအကွယ် ခေါ်သွားခြင်းက ပိုကောင်း၏။

ဟုတ်ပါသည်၊ ကီကီကတော့ လိုက်သွားမှာပဲ ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ မီးတောက်သည်လည်း လိုက်ချင်သည်၊၊

“စခန်းစောင့်ရတာကို နင်ကြိုက်တာ မဟုတာဘူးလား။ ဘာလို့ ဒီမစ်ရှင်ကို ဝင်ချင်ရတာလဲ”

ကီကီက လုရှင်းချန်ကို သိလိုစိတ်နှင့် မေးလိုက်သည်။

လုရှင်းချန်က ပြုံးပြသည်။

“ဝင်ရိုးစွန်းညမှာ မင်းက အမှောင်ထုကို ကြင်နာမှုနဲ့ ရင်ဆိုင်လို့ မရဘူး။ မင်းက မီးနဲ့ တိုက်ရမှာ”

လင်းရှန်သည် ပြန်ပြောစရာ စကား မရှိတော့ပေ။ စီလန်မြို့တွင် လုရှင်းချန်သည် ကြီးမားသောတိုက်ခိုက်မှုကို ခံခဲ့ရသည်ကို သူ သိထား၏။ ထိပ်တန်းစွမ်းအားရှင်တစ်ဦးဖြစ်သော၊ ရူးသွပ်သူအဆင့်ရှိသူသည် ဧရာမ ပိုးကောင်နှင့် ပင်လယ်ဖြူကောင်တို့၏ လိုက်ဖမ်းခြင်းကို ခံရပြီး အသေအလဲပျံသန်းခဲ့ရသည်။ သူ့ကိုယ်သူ မီးလျှံဧကရာဇ်ဟု ခေါ်ဆိုသူတစ်ဦးအတွက် ဒါက လက်ခံနိုင်စရာ မရှိပေ။ သူ၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန် အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်ဖို့ကြိုးစားခြင်းက အံ့သြစရာ မရှိပေ။

“ကောင်းပြီ၊ ကျုပ်တို့ ခြောက်ယောက်...”

“ကျွန်မကိုလည်း ထည့်ပါ”

ရုတ်တရက် တင်းကျန်းရီသည် သူမ၏ လက်များကို အိတ်ကပ်ထဲ ထည့်ကာ တည်ငြိမ်စွာဖြင့် ရှေ့သို့ တက်လာသည်။ လင်းရှန် စကားမပြောမီ သူမက ပြောလိုက်သည်။

“မှိုသက်ရှိပုံစံတွေက အပင်တွေနဲ့ အခြေခံအားဖြင့် ကွဲပြားတယ်။ ကလိုရိုပလတ် မရှိဘူး။ သူတို့က စွမ်းအင်အတွက် အော်ဂဲနစ်ဒြပ်—သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေကို စားသုံးခြင်းအပေါ် မှီခိုတယ်။ ဝင်ရိုးစွန်းညမှာ ရှင်သန်ကြီးထွားနိုက်တဲ့ ဒီမှိုတွေကို ကျွန်မ အတော်လေး စိတ်ဝင်စားတယ်။ ဒါ့အပြင် ကျွန်မက အမှောင်အမှတ်သားကို အခု ခံစားနိုင်ပြီ။ ကျွန်မကို မခေါ်ဖို့ အကြောင်းပြချက် မရှိဘူးနော်”

“... ငြင်းလို့ မရဘူးပဲ”

လင်းရှန် သက်ပြင်းချလိုက်သည်။ တင်းကျန်းရီသည် မည်မျှသင့်တော်သည်ကို သူ မေ့သွားခဲ့သည်ပင်။ သူမသည် အမှောင်ဒီရေ စွမ်းအင်ကိုပင် စုပ်ယူနိုင်ပြီး သန့်စင်သော စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်သည်—လမ်းလျှောက်နေသော ထူးခြားသောအရာ… ဤမှိုမြို့တော်ကို ခွဲခြမ်းစိတ်ဖြာရန်အတွက် သူမ၏ စွမ်းရည်များသည် အရေးကြီးပေလိမ့်မည်။

“ဆရာမချန် ရထားကို မင်းတို့ကို အပ်ထားခဲ့မယ်” လင်းရှန်သည် ချန်ဆီရွှမ်ဘက်သို့ လှည့်သည်။

“ဒီလောက် လူအများကြီး ငါနဲ့ လိုက်လာတာဆိုတော့… ငါတို့ ဘေးကင်းမှာပါ”

“ကောင်းပါပြီ” ချန်ဆီရွှမ်က ခေါင်းညိတ်သည်။

“ရှင်တို့အားလုံး သတိထားကြပါ”

မကြာမီပင် လင်းရှန်၊ ကီကီ၊ တင်းကျန်းရီ၊ မီးတောက်၊ နန်ကျင်း၊ အားဖေးနှင့် လော့ယန်တို့ ခုနစ်ယောက်အဖွဲ့အဖြစ် စုရုံးမိကြသည်။ သူတို့၏ မစ်ရှင်သည် ရှင်းလင်းသည်- ထွက်ပြေးရန်အတွက် လမ်းများကို ဝါးမျိုပြီး ထုတ်လုပ်ရန် မြို့ထဲသို့ ဝင်ရောက်ရာတွင် လင်းရှန်ကို ကူညီရန် ဖြစ်သည်။

ကျန် ယာဉ်တန်းများသည် စောင့်ကြပ်နေကြ၏။ နဂါးတောင် ၁ ရှိ အင်ဂျင်နီယာများသည် ယာယီ ရထားလမ်းများနှင့် ကရိန်းများကို အသုံးပြု၍ ရထားလမ်း ဖောက်လုပ်စက်ကို တပ်ဆင်ရန် စတင်လှုပ်ရှားနေကြပြီ။ ထိုလုပ်ငန်းအတွက် ခေါင်းတွဲတစ်လုံးကို ဖြုတ်လိုက်သည်။ အခြားယာဉ်တန်းများမှ စွမ်းအားဝတ်စုံများနှင့် ဓာတ်ငွေ့မျက်နှာဖုံးများ ဝတ်ဆင်ထားသူများ အားလုံး အင်အားဖြည့်တင်း ပို့ဆောင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အနန္တရထားမှ ရှီတိယွမ်၊ ချန်ဆီရွှမ်၊ မိုနီကာ၊ ချီလီနှင့် လီယီတို့သည် လုံခြုံရေးကို ကိုင်တွယ်ကြသည်။

အနန္တရထား၏ အပေါ်ဘက်ရှိ လျှပ်စစ်သံလိုက်အမြောက်သည် တိတ်ဆိတ်စွာ မြင့်တက်လာပြီး ရေဒါစောင့်ကြည့်မှုအောက်တွင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို စကင်ဖတ်နေ၏။

၁၇း၁၂ နာရီတွင် ယိကျင်းမြို့၌ ၁၅ ကီလိုမီတာ ရှည်လျားပြီး ရထားတွဲ ၅၀၀ ကျော်ရှိသော ကမ္ဘာပျက်ကပ်ရထားယာဥ်တန်းကြီးသည် တိတ်ဆိတ်စွာရှိနေ၏။ မီးများအားလုံး ပိတ်ထားသည်။ လိုက်ကာများကို ချထားကြသည်။ ညအမှောင်အောက်၌ အိပ်ပျော်နေသော သံမဏိသားရဲတစ်ကောင်နှင့် တူပေ၏။ အဖြူရောင် မြူခိုးများသည် ရထားတွဲ အဆစ်များမှ ပျံ့လွင့်နေပြီး ပတ်ပတ်လည်၌ မှိုလူသားများသည် တိတ်ဆိတ်စွာ ကြည့်နေကြသည်— ၎င်းတို့၏ မျက်ခွံများက ထိတ်လန့်ဖွယ်ရည်ရွယ်ချက်ရှိသလို တဆတ်ဆတ် လှုပ်ရှားနေ၏။

All Chapters