← Chapters

အခန်း (၄၉၂-၄၉၃)

Vol. 31 Ch. 492-493

အခန်း (၄၉၂-၄၉၃)

Vol. 31 Ch. 492-493

Chapter 492

အနီရောင်ဆေးဖက်ဆိုင်ရာ ကုမ္ပဏီ ၂

လင်းရှန်သည် ရှေ့သို့ ဆက်တိုးသွားသည်။ မြေပုံအရ အပေါ်ထပ်များသည် အများအားဖြင့် စီမံခန့်ခွဲရေးနှင့် စီးပွားရေးဇုန်များဖြစ်သည်—အမှန်တကယ် လိုအပ်သော အရာမှာ အလယ်ဓါတ်လှေကားမှတစ်ဆင့် ဆင်းသက်နိုင်သော မြေအောက် အအေးခန်း ဓာတ်ခွဲခန်းများ ဖြစ်သည်။

“ရှေ့တည့်တည့်မှာပဲ။ ကီကီ အကာကွယ်လုပ်ထား… တခြား ဘာကိုမှဂရုမစိုက်နဲ့”

သို့သော် ထူးဆန်းမှုမှာ ပို၍ မြင့်တက်လာသည်— သူတို့ ဧည့်ခန်းမကြီးသို့ ပို၍ နီးကပ်လာလေ၊ မှိုအမျှင်များသည် တစ်စုံတစ်ရာဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ပို၍ ပါးလွှာလာသည်။

မီးလုံးများ သူ့အလိုလို လင်းလာသည်။ တစ်ချိန်က ညစ်ပတ်နေသော ကြမ်းပြင်များနှင့် နံရံများသည် ညစ်ညမ်းမှု ကင်းစင်လာသည်။

ရုတ်တရက်၊ သူတို့သည် သပ်ရပ်သန့်ရှင်းပြီး ခမ်းနားသော ဆေးဝါးကုမ္ပဏီ အဆောက်အအုံတစ်ခုကို ဖြတ်လျှောက်နေကြသကဲ့သို့ ဖြစ်နေသည်။ ဟိုလိုဂရမ် ဖန်သားပြင်များတွင် အနီရောင်ဆေးကုမ္ပဏီ၏ တံဆိပ်ကို ပြသထားသည်။

ဝတ်စုံနှင့် စမတ်မျက်မှန် ဝတ်ဆင်ထားသော နဖူးပြောင်နေသည့် အမျိုးသားတစ်ဦးက ဖန်သားပြင်မှ ပြုံးပြနေသည်-

“အနီရောင်ဆေးကုမ္ပဏီရဲ့ မျိုးဗီဇတည်းဖြတ်ခြင်းကနေတစ်ဆင့် ဘဝကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ AI-ထိန်းချုပ်စနစ်ကို သုံးပြီး ကွမ်တမ် နျူကလီယိုတိုက် ခေါက်ချိုးခြင်းနဲ့အတူ၊ ကျွန်တော်တို့က မျိုးရိုးဗီဇတွေကို တည်းဖြတ်ရုံတင်မကပါဘူး—ပြုပြင်ပေးပါတယ်…”

ထို့နောက် ဖက်ဒရယ် ဇီဝ-ခေါင်းဆောင်ဖြစ်သူ ပါမောက္ခဝါရန်း၏ ကိုးကားချက်တစ်ခု ပေါ်လာသည်-

“လူသားမျိုးနွယ်ဟာ သဘာဝရဲ့ အဓိက ပုံစံခွက်ပါ။ ရောဂါနဲ့ ကပ်ဘေးတွေဟာ ဆင့်ကဲဖြစ်စဉ်ရဲ့ ဘေးထွက်ပစ္စည်းတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကုထုံးက မိခင်တစ်ယောက်ကို သူ့သမီး ပြေးတာကို ပထမဆုံးအကြိမ် ကြည့်ခွင့်ရစေတယ်ဆိုရင်… ဒါက မတရားတာလား။ ဒါမှမဟုတ် ထူးချွန်ပြောင်မြောက်မှုလား”

လင်းရှန်သည် ဧည့်ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ၎င်းသည် နည်းပညာမြင့် ကော်ပိုရိတ်ဧည့်ခန်းမတစ်ခုလို ဖြစ်နေသည်။

အပေါ်တွင် ဒရုန်းများက ပျံဝဲနေသည်။

ဗဟိုဖန် ဓါတ်လှေကားရှေ့တွင် ယူနီဖောင်းဝတ် အမျိုးသမီးတစ်ဦး ရပ်နေသည်—လှပစွာ ပြုံးနေသည်၊ ဧည့်ကြိုခန်းမှ မန်နေဂျာတစ်ဦးကဲ့သို့ ထင်ရသည်။

သူမသည် သူ့ကို တည့်တည့်ကြည့်လိုက်သည်။

“မင်္ဂလာပါ”

သို့သော် အနားတွင် မည်သူမှ မရှိတော့ပေ။ လင်းရှန် လှည့်ကြည့်လိုက်သည်။ သူ၏ အဖွဲ့သားအားလုံး ပျောက်ကွယ်သွားသည်။

ကလပ် ကလပ် ကလပ်—

သူ၏ မျက်လုံးများ ထက်မြက်လာသည်။ ယန္တရားနှလုံးသားသည် ၎င်း၏ အာရုံခံကိရိယာများကို ဖြန့်ကျက်လိုက်သည်။

“ရှင် မောပန်းနေပြီ မဟုတ်လား”

ထိုအမျိုးသမီးက ညင်သာစွာ ပြောသည်။

“ပြေးလွှားရတာတွေ၊ အန္တရာယ်တွေ၊ သေဆုံးမှုတွေ အရမ်းများခဲ့ပြီ။ အခု ရှင်က သန့်ရှင်းတဲ့၊ လင်းထိန်တဲ့ ခေတ်မီတဲ့ နေရာတစ်ခုမှာ ရှိနေတယ်။ ဒါဟာ အမြင်မှားတာလို့ ခံစားရနိုင်တယ်”

ကလပ်။ ကလပ်။

သူ၏ စွမ်းရည်များသည် အပြင်ဘက်သို့ ကျယ်ပြန့်လာသည်။

“ဒါပေမဲ့ ရှင့်ရဲ့ သေဆုံးခြင်းဆိုင်ရာ အယူအဆက မှားနေရင်ရော”

သူမက ဆက်ပြောသည်။

“ရှင် ခံစားရတဲ့ အရာအားလုံးဟာ ကမ္ဘာပျက်ကပ်ကနေ ဝေးကွာနေမယ်ဆိုရင်… အသက်ရှင်ခြင်းဆိုတာ ဘာလဲ”

ရုတ်တရက်၊ ခြေသံများ ပဲ့တင်ထပ်လာသည်။ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်နှင့် အဝတ်မပါသော အမျိုးသား၊ အမျိုးသမီးပုံရိပ် ဒါဇင်များစွာသည် အရပ်မျက်နှာ အားလုံးမှ ထွက်ပေါ်လာသည်။

ထို့နောက် အမျိုးသားများသည် မှိန်ဖျော့သွားကာ အမျိုးသမီးများသာ ကျန်ရစ်သည်— ရာပေါင်းများစွာသော အမျိုးသမီးများ။ သူတို့၏ မျက်နှာများသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်… ချန်ဆီရွှမ်၊ ကီကီ၊ တင်းကျန်းရီ၊ မိုနီကာတို့၏ မျက်နှာများနှင့် ဖြစ်လာသည်။

သူတို့သည် သူ့ကို ဝန်းရံထားကြသည်၊ သွေးဆောင်မှု ရှိပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုဖြင့် တောက်ပနေကြသည်။ အချို့က အကောင်းဆုံး ဟင်းလျာများ၊ အချို့က ဝိုင်၊ မုန့်ချိုများ ကိုင်ထားကြပြီး အချို့က နာခံတတ်သောအမူယာဖြင့် ရပ်နေကြသည်။

ပို၍ များသော အမျိုးသားများက အပြင်ဘက်တွင် ပေါ်လာပြီး ဒူးထောက်ကာ ကြည်ညိုလေးစားမှု အပြည့်ရှိသော မျက်နှာများဖြင့် ရှိနေကြသည်။

ထိုအမြင်အာရုံများသည် ဆန္ဒ၏ လှည့်စားမှုတစ်ခုပင်—လွန်ကဲသောအာရုံခံစားမှုကို လှုံ့ဆော်ပေးနေခြင်းသာ….

ကလပ်။

လင်းရှန်၏ ယန္တရားနှလုံးသားသည် နောက်ဆုံးတွင် တစ်စုံတစ်ရာကို ဖမ်းဆုပ်မိသွားသည်။ သူသည် လက်ကို မြှောက်ကာ AT ဒိုင်းကာတစ်ခုကို ဆင့်ခေါ်လိုက်ပြီး ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်—

ဝုန်း

မျက်လှည့်ဆန်ဆန်မြင်ကွင်းသည် ကွဲအက်သွားသည်။ အမျိုးသမီး၏ မျက်နှာသည် တွန့်လိမ်သွားသည်။ ပတ်ပတ်လည်ရှိ အမျိုးသမီးများ၏ ခြေလက်များသည် နောက်ဘက်သို့ ကွေးသွားကာ၊ AI ချို့ယွင်းချက်တစ်ခုကဲ့သို့ ပုံပျက်သွားသည်။ အချို့တွင် လက်အပိုများ ပေါက်လာသည်၊ လိင်အင်္ဂါများ ပြောင်းလဲသွားသည်—အသားငရဲဘုံများ ဖြစ်ကုန်သည်။

“ထာဝရ အသက်ရှင်ခြင်း… ဘဝရဲ့ မျိုးပွားခြင်းအတွက် နောက်ဆုံးအဖြေပဲ။ ကျွန်မ နားလည်ပါတယ်… ရှင် ပင်ပန်းနေတယ်… မကြောက်ပါနဲ့…”

ထိုအမျိုးသမီးက နားမလည်နိုင်သော စကားများ ရေရွတ်လိုက်သည်။

ဘစ်ဇ်

ဓါတ်လှေကားသည် လင်းရှန်၏ စွမ်းအားအောက်တွင် အသံမြည်လာသည်။ ၎င်းသည် တစ်စုံတစ်ခုက ဆုတ်ဖြဲနေသကဲ့သို့ ဖြည်းဖြည်းချင်း ပွင့်လာသည်။

လှည့်စားမှုများ ပျောက်ကွယ်သွားသည်။

လက်တွေ့ကမ္ဘာသည် မှိုနံ့များ ပြင်းထန်နေသည်၊၊ သူ၏ ဒရုန်းများသည် ရွံရှာဖွယ် မှိုစိုင်တစ်ခုပေါ်တွင် ပျက်ကျနေသည်။ ဓါတ်လှေကားကို လှုပ်ရှားနေသော အသားနှင့်တူသော မှိုများဖြင့် ရစ်ပတ်ထားသည်။

အဖြူရောင်အမျှင်များသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တက်လာနေသည်။ သူ၏ TRP ဝတ်စုံမှ သတိပေးသံထွက်လာသည်-

[ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း တွေ့ရှိ]

[မှားယွင်းသော အာရုံကြောအချက်ပြမှု တွေ့ရှိ]

“ဒါ အမြင်မှားစေတဲ့ အရာပဲ… ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေက အသုံးမဝင်ဘူး”

ဖတ် ဖတ်

တင်းကျန်းရီက ပြေးလာပြီး သူ၏ ကိုယ်ပေါ်မှ အမျှင်များကို ဆွဲဖြုတ်လိုက်သည်။

“ရှင် နိုးလာပြီလား”

“ဘယ်လောက်ကြာသွားတာလဲ”

“နှစ်နာရီ”

“ဘယ်လို… ငါစိတ်ထဲမှာ ငါးမိနစ်လောက်ပဲ ခံစားရတယ်”

“ရှင့်ရဲ့ ဦးနှောက်က ၂၀ဝ ရာခိုင်နှုန်း ဝန်အားနဲ့ လည်ပတ်နေတာ။ ရှင့်ရဲ့ ဒိုပါမင်းနဲ့ အာရုံတွေ အားလုံးကို အပိုင်စီးသွားတာပဲ။ စွမ်းအားဝတ်စုံရဲ့ အသက်လက္ခဏာအချက်အလက်တွေက ပြနေတယ်”

“ဒါကို ဘယ်လို သိတာလဲ”

“Black Hawk ဝတ်စုံရဲ့ အာရုံခံကိရိယာတွေက သတိပေးတာလေ… ခေါင်းမူးတယ်—ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဆီးသွားမိတယ်လို့ ခံစားရရင်—ဒါ ပုံမှန်ပဲ။ အခု ဘောင်းဘီအသစ် လဲဖို့ အချိန်မရှိဘူး”

သူမသည် လှည့်ကာ ကျန်သူများကို ပြန်နိုးရန် စတင်လုပ်ရှားလိုက်သည်။ သူတို့အားလုံးသည် မျက်လုံးများမှိတ်နေကာ မှိုများ တွယ်တက်နေသည့် အခြေအနေဖြင့် မူးဝေထိုင်းမှိုင်းစွာ ရပ်နေကြသည်။

လင်းရှန်သည် ကီကီ၏ ကိုယ်ပေါ်မှ အမျှင်များကို ဦးစွာ ဆွဲဖယ်လိုက်သည်။ သူမသည် ထိခိုက်မှု မရှိပေ။ သူမ၏ ပါးစပ်လှုပ်နေသောကြောင့် သူ အနားကပ်လိုက်သည်-

“ကျွန်မ ရှေ့မှာ ဒူးထောက်ပြီး ရှင်မှားတယ်လို့ ပြောစမ်း”

“ကျွန်မကို သီချင်းတစ်ပုဒ် ဆိုပြပါ၊ လင်းရှန်”

“ကျွန်မကို ကလေးမလို့ မခေါ်နဲ့… မင်းသမီးလေးလို့ ခေါ်စမ်း”

“ချန်က ဒီမှာ မရှိဘူး—နမ်းပါဦး”

“ရှင့် ဘောင်းဘီကို ချွတ်လိုက်ပါ၊ ရှင့်ရဲ့ မင်းသမီးအတွက်—”

“ထစမ်း… ဒီကလေးမကတော့”

သူသည် သူမ၏ နှာခေါင်းကို ညှစ်လိုက်သည်။

ကီကီသည် အသံပြုကာ မျက်လုံးများ ပြူးသွားသည်။

“ဘာ—ကျွန်မတို့ ရထားဆီ ပြန်ရောက်ပြီလို့ ထင်နေတာ”

“အဆင်ပြေရဲ့လား”

“အင်း—အင်း…”

သူမ ရှက်ရွံ့နေစဉ် အခြားသူများသည် ညည်းညူသံများဖြင့် သတိပြန်ဝင်လာကြသည်။ မီးတောက်သည် အထူးသဖြင့် နောင်တရနေဟန် တူသည်။

“အမြင်မှားတာက… ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားဖြစ်သွားတယ်လို့ ထင်ခဲ့တာပဲ… အား… ငါ့ရဲ့ စွဲလမ်းမှုက ငါ့ကို ထပ်ပြီး လှည့်စားသွားတယ်…”

“အားလုံးပဲ၊ အာရုံစိုက်ပါ။ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေက အထောက်အကူ မဖြစ်ဘူး။ သတိအပြည့်ထားကြ” လင်းရှန်က သတိပေးသည်။

“ဒီအရာက အသက်ရှင်နေတာလား” ကီကီသည် မှိုအူတိုင်ကြီးကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ၎င်းကို သူမ၏ စိတ်စွမ်းအားဖြင့် ဆုတ်ဖြဲလိုက်သည်—

ဂလောက် ဂလောက် ဂလောက်—

မှိုဦးခေါင်းများ လှိမ့်လာကြသည်။ အမြစ်များသည် တရွတ်တိုက် တိုးလာသည်။

Chapter 493

အနီရောင်ဆေးဖက်ဆိုင်ရာ ကုမ္ပဏီ ၃

“သွား… မှိုအူတိုင်ကို သတ်လိုက်ရင် ပိုများများ ထွက်လာလိမ့်မယ်”

“ကီကီ၊ ကြမ်းပြင်ကို ဆုတ်ဖြဲပစ်လိုက်”

သူမ လှုပ်ရှားလိုက်သည်။ မှိုအမှုန့်များ လေထဲသို့ ပေါက်ထွက်သွားသည်။

တစ်ချိန်တည်းမှာပင် လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားကို အသုံးပြု၍ ဓါတ်လှေကားကို ဆွဲဖွင့်လိုက်သည်။

“အထဲဝင်ကြ”

အဖွဲ့သည် ဓါတ်လှေကားထဲသို့ စုပြုံတိုးဝင်လိုက်သည်။

အပြင်ဘက်တွင် မှိုဦးခေါင်းဒီရေလှိုင်းကြီးသည် နီမြန်းသော အလင်းတန်းများ ၎င်းတို့၏ အလယ်ဗဟိုတွင် တဖျပ်ဖျပ်ခုန်နေသည့် အနေအထားဖြင့် တရှိန်ထိုးတိုးဝင်လာသည်။

ဒုန်း

ဓာတ်လှေကားတံခါးများ ပိတ်လိုက်သည့်အချိန်တွင် ဓာတ်လှေကားတစ်ခုလုံး အကြီးအကျယ် တုန်ခါသွားလေသည်။

လင်းရှန်သည် သူ့၏ ယန္တရားစွမ်းရည်ကို အသုံးပြု၍ ပိတ်ဆို့နေသော ဓာတ်လှေကားကို အတင်းအကျပ် လည်ပတ်စေကာ လျင်မြန်စွာ ဆင်းသက်စေခဲ့သည်။ နက်ရှိုင်းသော ပုပ်သိုးနံ့နှင့် မှိုနံ့တို့သည် အောက်ဘက်မှ အပေါ်သို့ လှိုင်းလုံးများပမာ တက်လာ၏။

“ခုနက ဘာကြီးလဲ။ ကျနော်တို့အားလုံး အဲလို ပုံရိပ်ယောင်ထဲကို ဘယ်လိုများ ကျသွားတာလဲ”

လော့ယန်သည် ကြောက်ရွံ့မှု မပြေနိုင်ဘဲ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ ၎င်းတို့အားလုံးသည် အနည်းဆုံး ရူးသွပ်သူအဆင့်ရှိ စွမ်းအားရှင်များ ဖြစ်ကြသော်လည်း မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိဘဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရသည်၊၊

ခဏတာမျှသာ ကြာမြင့်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် နှစ်နာရီကျော် ကြာမြင့်ခဲ့သည်။ ထိုအချိန်အတွင်း မှိုဦးခေါင်းများ သို့မဟုတ် ဖုတ်ကောင်များသာ တိုက်ခိုက်ခဲ့ပါက သူတို့အားလုံး ဖျက်ဆီးခံရလိမ့်မည်။

“ခုနက မှိုတွေရဲ့ အဓိက ဗဟိုချက်နေရာပဲ… ဒီမှိုမျှင်တွေက သတ်ဖြတ်ဖို့အတွက် တည်ဆောက်ထားတာ မဟုတ်ဘူး၊ ကပ်ပါးလုပ်ဖို့ပဲ” တင်းကျန်းရီက အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

“ပြီးတော့ စက်ယန္တရားစွမ်းအင်ထက် သက်ရှိတွေအပေါ် ပိုပြီး စိတ်ဝင်စားပုံရတယ်”

လင်းရှန်၏ မျက်နှာထားက တင်းမာသွားသည်။

“မင်းရဲ့ ကိုယ်လုံးအပြည့် စွမ်းအားဝတ်စုံနဲ့တောင် ထင်ယောင်ထင်မှားဖြစ်တာတွေကို မတားဆီးနိုင်ခဲ့ဘူးဆိုရင် အဲဒီ ကပ်ပါးမှိုအမှုန်အမွှားတွေကနေ ဘယ်လို ကာကွယ်ရမလဲ”

“အညို-အဝါရောင် မှိုမျိုးစေ့တွေကို ကျွန်မ ခွဲခြမ်းစိတ်ဖြာပြီးပါပြီ”

တင်းကျန်းရီက ပြန်ဖြေသည်။

“သူတို့ရဲ့ အမှုန်အရွယ်အစားက ၂ ကနေ ၅ မိုက်ခရွန်ကြားမှာ ရှိတယ်။ ကျွန်မတို့ရဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေက ဒါကို ထိန်းချုပ်နိုင်တယ်။ လက်ရှိ ဖက်ဒရေးရှင်း စံနှုန်းမီရထားတွဲတွေ အားလုံးမှာ ၀.၃ မိုက်ခရွန်အထိ ပိတ်ဆို့နိုင်တဲ့ လေစစ်စနစ်တွေ ပါရှိတယ်။ စနစ်ပျက်စီးတာ ဒါမှမဟုတ် ရထားတွဲ ပေါက်ကွဲတာ မဖြစ်ဘူးဆိုရင် သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး”

နန်ကျင်းက ဘေးမှ ခေါင်းညိတ်သည်။

“ရထားအများစုကို အမှောင်ဒီရေတွေနဲ့ ရင်ဆိုင်ဖို့ ပြန်လည်ပြင်ဆင်ထားကြတယ်။ ကျွန်မတို့ ရထားလည်း ပါတယ်။ ဒါပေမဲ့ ပေါက်ကွဲမှု ဖြစ်လာခဲ့ရင်တော့ ဘာမှ အာမခံနိုင်မှာ မဟုတ်ဘူး”

လော့ယန်က စိုးရိမ်သော မျက်နှာဖြင့် ကြည့်သည်။ ၎င်းတို့သည် ရထားယဉ်တန်းကို ပထမဆုံးအကြိမ် မောင်းနှင်ခြင်းဖြစ်ပြီး စီလန်မြို့ စစ်ပွဲမှ ထွက်လာခဲ့ပြီးနောက် အန္တရာယ်များကို ရင်ဆိုင်ရန် ခက်ခဲနေသလို ခံစားရသည်။

“ဟုတ်တယ်၊ ဒီလိုအရာတွေကို ဘယ်လို ကာကွယ်ရမလဲ”

ကီကီက မျက်မှောင်ကြုတ်ပြီး ချန်ဆီရွှမ်နှင့် အခြားသူများအတွက် စိတ်ပူနေပုံရသည်။

“စိတ်ပူနေလို့ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး” လင်းရှန်က ပြတ်ပြတ်သားသား ပြောသည်။

“အနီရောင်ကမ္ဘာမှာ ဖြေရှင်းနည်း တစ်ခုခုရှိမယ်လို့ပဲ မျှော်လင့်ရမယ်။ မဟုတ်ရင်တော့ ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ရထားတန်းယာဥ်တစ်ခုလုံးကို လှည့်ပြီး စီလန်မြို့ကို ဆုတ်ခွာဖို့ပဲ”

သို့သော် သူ ပြောလိုက်သော်လည်း ထိုသို့ဖြစ်နိုင်ခြေမရှိမှန်း သူသိပေသည်။ စီလန်မြို့ရှိ အမှတ်အသားများကို ရှင်းလင်းရန် ကြိုးစားအားထုတ်ခဲ့ပြီးနောက် နောက်ပြန်လှည့်ခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းပင် ဖြစ်လိမ့်မည်။

လေးလံသော အရာတစ်ခုက လင်းရှန်၏ ရင်ထဲတွင် ခဲဆွဲထားသလို ဖြစ်လာ၏၊၊

ကမ္ဘာပျက်ကပ် ရထားစနစ်၏ အားနည်းချက်များက ထင်ရှားလာသည်။ သူတို့သည် ယာဉ်များကို အသုံးပြုနေပါက လမ်းကြောင်းပြောင်းနိုင်ပေမည်။ သို့သော် ယခုမူ စုစုပေါင်း ၂၂ တွဲပေါ်ပါ လူ ၄၀၀၀ ကျော်သည် မှိုအမှုန်အမွှားမြူခိုးများထဲတွင် ပိတ်မိကာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေသို့ ရောက်ရှိကာ ချောင်ပိတ်မိနေသည်၊၊

ဝှူးးးး~

ဓာတ်လှေကားသည် အောက်သို့ ထိုးဆင်းသွားသည်။ လင်းရှန်သည် ဓာတ်လှေကားခန်းက ထူထဲသော မှိုအမြစ်များကို အကြိမ်ကြိမ် ဖြတ်သန်းသွားခြင်းကို ခံစားရပြီး တစ်ခါတစ်ရံ ဝမ်းဗိုက်ထဲက ကျသွားသလို ထိတ်လန့်ဖွယ်ရာ အသံဖြင့် ရုတ်တရက် တုန်ခါသွားသည်။

နောက်ဆုံးတွင် ၎င်းတို့သည် အောက်ထပ် ၅: အဓိက စမ်းသပ်ဧရိယာသို့ ရောက်ရှိခဲ့သည်။

ဒင်—

တံခါးများ ပွင့်လာသည်။ မှောင်မိုက်နေ၏။ လင်းရှန်သည် မောင်းသူမဲ့ဒရုန်းမီးလုံးများကို ချက်ချင်း ဖွင့်လိုက်သည်။

၎င်းတို့ မြင်တွေ့လိုက်ရသည်မှာ မှိုနွယ်များ လုံးဝဖုံးလွှမ်းသွားသော စင်္ကြန်လမ်းတစ်ခု ဖြစ်သည်။ ကြမ်းပြင်၊ နံရံများ—အရာအားလုံး ဖုံးလွှမ်းနေသည်။ စင်္ကြန်လမ်း၏ မှိန်ဖျော့သော ပုံသဏ္ဌာန် မရှိပါက ၎င်းတို့သည် သတ္တဝါတစ်ကောင်၏ အစာချေလမ်းကြောင်းအတွင်း ရောက်နေသည်ဟု ထင်ရပေမည်။

“ဒီအောက်က ဘာဖြစ်လို့ ပိုဆိုးနေရတာလဲ”

ကီကီက တီးတိုးရေရွတ်သည်။

“လူတစ်ယောက်မှ မရှိဘူး။ ဒီ‌ဧရိယာတစ်ခုလုံး လုံးဝ ဖုံးလွှမ်းခံထားရပြီ”

လော့ယန်က အတည်ပြုလိုက်သည်။

လင်းရှန်သည် ဆင်းသက်နေစဉ်အတွင်း ယန္တရားနှလုံးသားကို အသုံးပြု၍ အဆောက်အအုံ၏ ဖွဲ့စည်းပုံကို စကင်ဖတ်ခဲ့ပြီးဖြစ်သည်။ အနီရောင်ကမ္ဘာ၏ အဖွဲ့ဝင်များ ဤအောက်တွင် ပုန်းအောင်းနေမည်ဟု မျှော်လင့်ခဲ့သော်လည်း သက်ရှိလက္ခဏာ တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ ဖွင့်ထားသော ဓာတ်လှေကားတံခါးများသည် သူ၏ သံသယကိုသာ အတည်ပြုပေးခဲ့သည်။

“ကျနော်တို့ လမ်းမှားလာတာလား”

“မဖြစ်နိုင်ဘူး” လင်းရှန်က ပြန်ဖြေသည်။

“ညလေညင်းယာဉ်တန်းရဲ့ ဒုတိယခေါင်းဆောင်က မြေအောက်မှာ အနီရောင်ကမ္ဘာနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောခဲ့တယ်။ အာ့ဒါက ဒီနေရာ ဖြစ်သင့်တယ်။ ငါတို့ နောက်ကျသွားတာပဲ—မှိုတွေက အရာအားလုံးကို ဖုံးလွှမ်းသွားပြီ”

“ဒါဆို ဘာဆက်လုပ်မလဲ”

စင်္ကြန်လမ်းရှိ မှိုမျှင်များသည် ဒရုန်းမီးများအောက်တွင် တဆတ်ဆတ်လှုပ်နေ၏။ လင်းရှန်၏ မျက်နှာက မှောင်မိုက်သွားသည်။

“ကီကီ၊ ပတ်ဝန်းကျင်ကို ရှင်းထုတ်လိုက်။ အသုံးဝင်တဲ့ အရာမှန်သမျှကို ရှာပြီး ဒီကနေ ထွက်ကြစို့”

“အိုကေ… အားလုံး လူမကွဲစေနဲ့”

သူမသည် အဖွဲ့ကို စိတ်စွမ်းအားဖြင့် မြေပြင်မှ မြှောက်တင်ပြီး စင်္ကြန်လမ်းအတိုင်း လျင်မြန်စွာ ပျံသန်းသွားသည်။

အဓိက ဓာတ်ခွဲခန်းတစ်ခုလုံး မှိုမျှင်များ ဖုံးလွှမ်းနေသည်—ကြမ်းပြင်၊ နံရံများ၊ မျက်နှာကျက်အထိ တွားသွားနေသည်။ ဖောင်းကြွနေသော မျိုးစေ့အိတ်များနှင့် မှိုအဖုအကျိတ်များသည် ကြိုးများသဖွယ် တွဲလောင်းကျနေ၏။

ဆိုးရွားသော မြင်ကွင်းရှိသော်လည်း သူတို့သည် ရှေ့သို့ ဆက်တိုးခဲ့ကြသည်။ ဓာတ်ခွဲခန်းသည် နံရံများတွင် ကပ်နေသော မှိုလူသားပေါင်းစပ်မှုများမှလွဲ၍ ဗလာနတ္တိ ဖြစ်နေသည်။

နောက်ဆုံးတွင် ၎င်းတို့သည် တစ်နေရာရာသို့ ဦးတည်နေသကဲ့သို့ ရှည်လျားဖြောင့်တန်းသော အထူးစင်္ကြန်လမ်းတစ်ခုသို့ ရောက်ရှိခဲ့သည်။

“ဒီမှာ တိုက်ပွဲကြီး ဖြစ်ခဲ့တယ်”

တင်းကျန်းရီက သတိပြုမိသည်။ သူမ၏ Black Hawk စွမ်းအားဝတ်စုံသည် မှိုအလွှာအောက်တွင် မြုပ်နေသည့် စွန့်ပစ်ထားသော လက်နက်များစွာကို တွေ့ရှိခဲ့သည်။

လင်းရှန်သည် ထိုနေရာကို စကင်ဖတ်ပြီး သူ၏ စက်ယန္တရားစွမ်းရည်ဖြင့် လက်နက်တစ်ဒါဇင်ကျော်ကို စုပ်ယူလိုက်သည်။

“ဒါတွေက အဖွဲ့အစည်းတစ်ခုက မဟုတ်ဘူး၊ အသက်ရှင်ကျန်ရစ်သူတွေဆီက ဖြစ်တယ်။ အသက်ရှင်ကျန်ရစ်သူ အဖွဲ့တစ်ဖွဲ့က ဒီနေရာမှာ သူတို့ရဲ့ နောက်ဆုံး ခုခံမှုကို လုပ်ခဲ့ပုံရတယ်”

၎င်းတို့သည် စင်္ကြန်လမ်းထဲသို့ ပိုမို နက်ရှိုင်းစွာ ရွေ့လျားသွားသည်။ အဆုံးတွင် ဒရုန်းမီးများဖြင့် လင်းနေသော ကြီးမားသော ဓာတ်ရောင်ခြည်ဒိုင်းကာ သတ္တုစပ်တံခါးကြီးတစ်ခုကို တွေ့ရပြီး မှိုများဖြင့် ထူထပ်စွာ ဖုံးအုပ်ထားသည်။

[လျှို့ဝှက်ဧရိယာ - ဝင်ရောက်ခြင်းမပြုရ]

ကီကီက မှိုအလွှာကို ဆွဲခွာလိုက်သည်။ ၎င်းအောက်တွင် ဇီဝအန္တရာယ်သတိပေး သင်္ကေတတစ်ခု ရှိသည်။

“ကပ္ပတိန်လင်း”

သူ ရှေ့သို့ တိုးလိုက်စဉ် နန်ကျင်းက သူ့လက်မောင်းကို ဆွဲလိုက်သည်။

“ဒီနေရာက ထောင်ချောက်တစ်ခုပဲ။ အသက်ရှင်ကျန်ရစ်သူ အဖွဲ့က ဒီမှာ ပိတ်မိသွားပုံရတယ်။ ကျွန်မတို့ သတိထားသင့်တယ်”

“ငါ နားလည်ပြီ”

လင်းရှန်သည် သူ၏ AT Field ဒိုင်းကာကို ဆင့်ခေါ်ပြီး ယန္တရားနှလုံးသားကို ဖွင့်လိုက်သည်။ တစ်မိနစ်ပင် မကြာမီတွင် ရှုပ်ထွေးသော ယန္တရား သော့ခလောက်များက အလုပ်မလုပ်တော့ပေ။ ပေါက်ကွဲမှုဒဏ်ခံ တံခါးကြီးသည် တကျွီကျွီအသံဖြင့် ပွင့်လာသည်။

All Chapters