← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း ၂၅ - ကျန်းဟူ၏ကလေးများ

တစ်ချက်ကြည့်လိုက်ရုံနှင့် ပညာရှင်သည် အတတ်ကို သိသည်ဆိုတဲ့စကားအတိုင်း...

တံခါးဝရှိ ရှန်မို၏မြင့်မားရှည်လျား‌သောပုံစံသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။

ချပ်ကပ်နေသည့် အနက်ရောင်အင်္ကျီ၊ နက်မှောင်‌နေသည့်လေ့ကျင့်ရေးဘောင်းဘီ၊ ခြေထောက်တွင် စစ်ဘက်သုံးဖိနပ်များနဲ့ သေသေချာချာရပ်နေသည့်သူထံမှ ခြိမ်းခြောက်မှုများက သူ့အလိုလိုပျံ့နှံ့နေသည်။

အစ်ကိုဟွာ၏ညီအစ်ကိုနှစ်ယောက်က သူ့ကိုတားဖို့ကြိုးစားသည်။ သို့သော် ရှမ်မို၏မျက်နှာတွင် ကြောက်စိတ်မရှိပေ။ သူသည် လက်သီးနှင့်ထိုး၊ လက်နှင့်ဆွဲပြီးနောက် လည်ပင်းကိုဖမ်းချုပ်ကာ ဘေးကိုဆွဲသွားပြီး တံတောင်နှင့်ဖိချလိုက်သည်။ သူ့လှုပ်ရှားမှုတွေသည် ရေစီးသကဲ့သို့ ချောမွေ့နေသည်။ ဒီလိုနှင့် လူဆိုးနှစ်ယောက်လည်း အော်ဟစ်ပြီး လဲကျသွားသည်။

တန်ရှောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်နှာပေါ်က ဖိနပ်ရာကိုပင် မေ့သွားပြီး ပြောလိုက်သည်။ “အိုး... တကယ့်ကို ကျွမ်းကျင်သူပါလား...”

ထို့နောက် သူ့မျက်နှာသည်ပြန်လည်သက်သာလာပြီး သူ့ကိုနင်းထားသည့်သူကို ရှန်မိုက ကောက်ကိုင်ကာလေထဲကိုပစ်လိုက်သည်။

တကယ်ကို လွင့်သွားလေသည်။

အစ်ကိုဟွာသည် ပိန်သော်လည်း ကိုယ်အလေးချိန် ပေါင် ၁၃၀-၁၄၀ကြား ရှိသည်။ ဒီလောက်လေးသည့်သူကို ပစ်ပေါက်ဖို့အတွက်ဆိုလျှင် ဘယ်လောက်အားကောင်းရမည်နည်း။

တန်ရှောင်သည် မြန်မြန်ထပြီး ပိုင်ယို့ဝေ၏ရှေ့တွင် ကာကွယ်ပေးသည့်ပုံစံနှင့်ရပ်လိုက်သည်။ “ငါဘယ်လောက်အားကောင်းတယ်ဆိုတာ မင်းသိလား။ ထပ်လာရဲရင်လာကြည့်စမ်း” သူက အော်လိုက်သည်။ သူ့မျက်နှာပေါ်က ဖိနပ်ရာများကို လျစ်လျူရှုလိုက်လျှင် အခုအချိန်မှာ သူဟာ အတော်လေး ကြောက်စရာကောင်းနေသည်။

လူဆိုးသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကူညီပြီး ထလာကြပြီး တစ်ယောက်ထပ်တစ်ယောက် ပို၍ရှက်စရာကောင်းနေကြသည်။ သူတို့ဟာ အခုတော့ တကယ်သန်မာသည့်လူကိုမှ ရန်စမိပြီဆိုတာ သိသွားကြသည်။

အစ်ကိုဟွာသည် ရှန်မိုနှင့် တန်ရှောင်ကို မကျေမချမ်းကြည့်ကာ “ဒီမိန်းမက ခြေထောက်မသန်စွမ်းတဲ့သူ၊ မိန်းမတောင်မဟုတ်တာကို မင်းတို့ဒီလိုကာကွယ်နေကြတာလား။ မင်းတို့ကြိုက်ရင် ငါပေးလိုက်မယ်! ဒီလိုအရာတွေက အပျော်အတွက်ပဲ။ မင်းတို ငါ့ကိုတကယ်ပေးမယ်ဆိုရင်တောင် ငါရွံတယ်”

ပိုင်ယို့ဝေ၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ သူမ၏မျက်လုံးထဲတွင် ကြမ်းတမ်းသည့်အရိပ်အယောင်တစ်ခု ဖြတ်သွားသည်။

“ဆက်ပြောပါဦး၊ အဓိပ္ပာယ်မရှိတဲ့စကားတွေ” တန်ရှောင်က ခြိမ်းခြောက်ပြီး လက်သီးကို ဝှေ့ယမ်းပြလိုက်သည်။

အစ်ကိုဟွာ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်ခု ဖြတ်‌ပြေးသွားသည်။ သူသည် အံကြိတ်ပြီး သူ့အဖော်များနှင့်အတူ ဆိုင်ထဲမှ ထွက်ခွာထွက်သွားတော့သည်။

လူတွေအားလုံး ထွက်သွားပြီးနောက် တန်ရှောင်သည် ရှန်မိုဆီချဉ်းကပ်သွားပြီး သူနှင့်ရင်းရင်းနှီးနှီးဖြစ်ရန် ကြိုးစားသည်။ “ညီအစ်ကို မင်းက တကယ်ကို အရမ်းတော်တာပဲ။ ဒီလောက်ကောင်းတဲ့တိုက်ကွက်တွေရှိပြီး ဘာလို့နောက်ဆုံးအချိန်အထိ မတိုက်တာလဲ”

သူသည် ရှန်မို၏ပခုံးပေါ်တွင် လက်တင်ပြီး ပြုံးရယ်ကာ ပြောလိုက်သည်။ “နောက်ဆုံးအချိန်မှပဲ အင်အားပြရမယ်လို့ မင်းထင်တာလား။ စိတ်မပူနဲ့၊ ငါနားလည်တယ်!”

ရှန်မိုသည် သူ့လက်ကို အေးစက်စက်နှင့်တွန်းလိုက်ပြီး ပိုင်ယို့ဝေဆီသွားကာ သူမကိုကောက်ချီပြီး ပြန်ထွက်သွားသည်။

“မိုက်တယ်ဟ~” တန်ရှောင်သည် လေချွန်ပြီး ရှန်မို၏ တံခါးအပြင်ဘက်မှာ ကျနေသည့် အင်္ကျီကိုကောက်ယူကာ လိုက်ပြေးသည်။ “ညီအစ်ကို၊ နာမည်ဘယ်လိုခေါ်လဲ။ ငါ့နာမည်က တန်ရှောင်၊ တန်ရှောင်လို့ခေါ်တယ်၊ နာမည်ဘယ်လိုခေါ်လဲ...”

SUV ကားအထိ တစ်လမ်းလုံး လိုက်လာပြီး အင်္ကျီကို ရှန်မိုဆီပေးလိုက်သည်။ “ဒါမင်းဟာမဟုတ်လား။ တံခါးအပြင်ဘက်မှာ ကျန်ခဲ့တာတွေ့လို့... ဒီလိုပူတဲ့နေ့ကြီးမှာ အပေါ်အင်္ကျီဘာလို့ဝတ်တာလဲ။ ..အိုး၊ ညဘက်မှာ ညီမလေးအေးမှာစိုးလို့ ကားထဲကနေ အင်္ကျီယူပြီးခြုံပေးဖို့လာတာလား”

သူသည် တစ်ယောက်တည်း စကားပြောနေသည်။ ဘယ်သူမှ သူ့ကိုဂရုမစိုက်ပေ။

ရှန်မိုသည် အေးစက်သည့်အမူအရာနှင့် လူတွေနှင့် အကွာအဝေးကိုထိန်းထားသည်။ ပိုင်ယို့ဝေကလည်း တစ်ချိန်လုံး မျက်နှာညှိုးနေပြီး ဘာတွေးနေမှန်း ဘယ်သူမှမသိနိုင်ပေ။

တန်ရှောင်သည် နှာခေါင်းပွတ်ကိုပြီး ဒီမောင်နှမဟာ ထူးဆန်းသည်ဟု ခံစားမိသည်။

သူ စိတ်ပျက်နေတုန်းမှာပဲ ရှန်မိုက သူ့ဆီကနေ အင်္ကျီကိုယူပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”

သူ စိတ်အားတက်သွားသည်။

သူသည် အခြားသူတွေကို အသုံးချရတာ ကျင့်သားရနေပြီဖြစ်ကာ ချက်ချင်းပြန်ပြုံးလိုက်သည်။ “ကျေးဇူးမတင်ပါနဲ့။ ငါတို့က မြစ် နဲ့ ကန်တွေရဲ့ သားသမီးတွေပဲ။ တရားမမျှတမှုတွေ့ရင် ကူညီရမယ်။ အပြင်ထွက်ရင် ညီအစ်ကိုတွေအပေါ်မှီခိုရတယ်။ ဒီနေ့ငါမင်းကိုကူညီတယ်။ နက်ဖြန်မင်းငါ့ကိုကူညီမယ်။ ဒါဟာ သစ္စာရှိမှုပဲ။ နောက်ပိုင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကိုလာရှာပါ အစ်ကိုတန်ရှောင်က တာဝန်ယူပေးမယ်”

သူသည် မရပ်မနား စကားပြောနေသည်။

ကားထဲက ပိုင်ယို့ဝေသည် နှုတ်ခမ်းလှုပ်ပြီး ပြောလိုက်သည်။”နားညီးလိုက်တာ”

ရှန်မိုသည် မျက်လုံးပင့်ပြီး သူမကိုကြည့်လိုက်သည်။

တန်ရှောင်က ဒါကိုမသိပေ။ သူသည် ရှန်မိုကို ဘေးကိုဆွဲပြီး မေးလိုက်သည်။ “တကယ်ကျေးဇူးတင်ချင်ရင်၊ ငါက အသိအမှတ်ပြုရတော့မှာပဲ။ ငါ့ကိုအကွက်လေးတွေ သင်ပေးနိုင်မလား”

သူသည် လေထဲမှာ လက်သီးလက်မောင်းတွေ ဝှေ့ယမ်းပြပြီး သူ့လှုပ်ရှားမှုများကို ပြသလိုက်သည်။

“မင်းအခုလုပ်ပြခဲ့တဲ့လှုပ်ရှားမှုတွေလိုမျိုး။ အရမ်းကိုမိုက်တယ်။ ဘယ်လိုလုပ်ခဲ့တာလဲ...အား...ရား.ရား!...ငါ့အနေအထားက အဆင်ပြေလား”

ရှန်မိုက စကားမပြောချင်ပေ။

………….

အခန်း (၂၆) ပိတ်မိနေခြင်း

ရှန်မိုအ‌ပေါ် တန်ရှောင်သည် အပြည့်အဝ စွဲလမ်းနေပြီဖြစ်သည်။

ညအချိန်တွင် တန်ရှောင်သည် သူတို့အတွက် အစောင့်လုပ်ပေးရန် ဇွဲနပဲဖြင့် ပြောဆိုနေခဲ့သည်။ ထိုလူစုပြန်လာပြီး ထိခိုက်စေရန် လုပ်လာသည်ကို တားဆီးနိုင်ရန်ဟုဆိုသည်။ မထိခိုက်စေဘူးဆိုလျှင်တောင် တာယာထဲ လျှို့ဝှက်စွာ ဓာတ်ဆီထည့်ခြင်း သို့မဟုတ် တာယာဖောက်ခြင်းမျိုးဖြင့် စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်စေရန်ဟုလည်းဆိုသည်။

ရှန်မိုကမူ ထိုလူများ၏ ဒဏ်ရာအခြေအနေအရ အနည်းဆုံး တစ်ညအနားယူပြီးမှသာ လက်စားချေမည်ဟု ထင်သော်လည်း တန်ရှောင်၏ စကားများသည့် အသံကို သည်းမခံနိုင်သဖြင့် သူ့အား လွှတ်လိုက်သည်။

မနက်ခင်းတွင် အားလုံးအတူတကွ ထွက်ခွာကြသည်။

တန်ရှောင်သည် တစ်ညလုံး မအိပ်ဘဲ နေခဲ့သော်လည်း အားအင်ပြည့်ဝနေဆဲဖြစ်သည်။

သူသည် ဆရာချန်းကို အခြားသူ၏ကားမှ ဆွဲထုတ်ကာ မော်တော်ဆိုင်ကယ်ပေါ်တွင် ထိုင်စေရန် ဇွတ်အတင်းတိုက်တွန်းသည်။

သူ၏မော်တော်ဆိုင်ကယ်သည် လမ်းသရဲစတိုင်မျိုးဖြစ်ပြီး ရှေ့ဘက်တွင် ကျနေသော အဆင်တန်ဆာများနှင့် နောက်ဘက်တွင်လည်း ဦးခေါင်းခွံပုံဆွဲထားကာ ကိုယ်ထည်နှစ်ဖက်စလုံးတွင် သတ္တုများဖြင့် အလှဆင်ထားသည်။

ဆရာချန်းသည် မသက်မသာဖြင့် လက်ခါပြကာ တန်ရှောင်မည်သို့ပင် ဖျောင်းဖျပြောဆိုသော်လည်း လက်မခံချေ။

ပိုင်ယို့ဝေသည် အေးစက်စွာဖြင့် ဝေးဝေးမှ ကြည့်နေသည်။

ထိုအချိုးမကျသော လူငယ်လေးသည် စေတနာကောင်းပြီး ဆရာကြီးအား မော်တော်ဆိုင်ကယ်ပေါ်တွင် တင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သော်လည်း ဆရာကြီးသည် ထိုပျက်စီးနေသော မော်တော်ဆိုင်ကယ်ပေါ်တွင် တုန်ခါခံရမည်ကို မတွေးမိခြင်းကို သူမသိသည်။

သူမသည် ရှန်မို၏ နှုတ်ခမ်းထောင့်တွင် မထင်မရှား ပြုံးရယ်နေမှုကို မြင်လိုက်သည်။

ပိုင်ယို့ဝေသည် မျက်ခုံးကျုံ့ကာ မနှစ်မြို့ဖွယ်အသံဖြင့် ပြောသည်။ “ဘာတွေရယ်နေတာလဲ”

ရှန်မိုသည် စတီယာရင်ကိုင်၍ ဂရုမစိုက်ဘဲ ခေါင်းညိတ်ကာ “ဘာမှမဟုတ်ပါဘူး”

ခဏအကြာတွင် သူထပ်ပြောသည်။ “ငါတွေးမိတာက... ဒီကမ္ဘာပေါ်မှာ ကောင်းတဲ့လူတွေနဲ့ မကောင်းတဲ့လူတွေ ဘယ်သူ ပိုများများ ရှိသလဲ...”

ကောင်းတဲ့လူတွေက အများကြီးရှိသည်။ ပိုင်ယို့ဝေ မနေ့ညက ဒုက္ခရောက်နေစဉ် အနားမှ လူသုံးဆယ်ကျော်က အိပ်ပျော်ဟန်ဆောင်နေခဲ့ကြသည်။

မကောင်းသည့်လူများအကြောင်းပြောလျှင်လည်း အားနည်းပြီး ပိန်လှီနေသည့် သက်ကြီးရွယ်အိုတွေနှင့် ပညာနည်းသည့် လူဆိုးများလည်းရှိသည်။

ပိုင်ယို့ဝေသည် နှာခေါင်းရှုံ့ကာ ပြက်ရယ်ပြုလိုက်သည်။ “အသက်ဘယ်လောက်ရှိပြီလဲ၊ ဒီလိုကလေးဆန်တဲ့ မေးခွန်းတွေကို ဘာလို့တွေးနေသေးတာလဲ”

ရှန်မိုသည် ရယ်ကာ အေးဆေးစွာဖြင့် ပြောသည်။ “စစ်သားတွေအားလုံးမှာ စိတ်ကူးယဉ်တတ်တဲ့ သဘောထားရှိတတ်ကြတယ်”

ပိုင်ယို့ဝေသည် မျက်ခုံးကျုံ့ကာ စိတ်မရှည်ဖြစ်လာပြီး အဝေးမှ ဆရာကြီးနှင့် လူငယ်လေးကို ဆက်ကြည့်နေသည်။ ရှေးရိုးစွဲဆန်သည့် ဆရာကြီးနှင့် လူ့ဘောင်အပြင်က လူငယ်လေး။ တကယ့်ကို ထူးဆန်းတဲ့ စုံတွဲတစ်တွဲပါပဲ။

ဒီကမ္ဘာပေါ်မှာ ကောင်းတဲ့လူတွေက မကောင်းတဲ့လူတွေထက် ပိုများသလား။

မဟုတ်ပါဘူး။ နှစ်မျိုးလုံးက မများပါဘူး။

သာမန်လူအများစုအတွက်ဆိုလျှင် ကောင်းမှုနှင့် မကောင်းမှုဟာ တစ်စက္ကန့်အတွင်း ပြောင်းလဲနိုင်သည်။ ကောင်းတာလည်း အကောင်းကြီးမဟုတ် ဆိုးတာလည်း အပြည့်အဝမဟုတ်ပေ။

“ဆရာကြီးကို ကျွန်မတို့ကားနဲ့ ခေါ်သွားကြရအောင်” ပိုင်ယို့ဝေက ပြောသည်။

ရှန်မိုက သူမကိုကြည့်ပြီး အနည်းငယ်ခေါင်းညိတ်ကာ “ဟုတ်တယ်၊ အသက်အန္တရာယ် မဖြစ်ဘူးပေါ့”

သူသည် ကားမှဆင်းကာ ဆရာချန်းကို ဖိတ်ခေါ်လိုက်သည်။

မနေ့ညက ဆရာကြီးက သူ့အတွက် စကားကူပြောပေးခဲ့သည်ကို ကျေးဇူးတင်တဲ့အနေနှင့် လုပ်တာဖြစ်သော်လည်း တန်ရှောင်ကတော့ သူ့ကို “ညီအစ်ကိုရင်း” ဆိုသည့် စိတ်နှင့် လုပ်သည်ဟု ထင်နေသည်။

တန်ရှောင်က ရှန်မိုကို အလွန်အားတက်သရော ပြောသည်။ “ညီအစ်ကိုက အရမ်းသစ္စာရှိတာပဲ။ စိတ်မပူနဲ့၊ ငါက ခဏနေရင် ဒီလူတွေကို လမ်းမှာ ကြည့်နေမယ်။ သူတို့ လှည့်ကွက်ဆင်လို့ မရစေရဘူး”

ရှန်မိုမှာ သူ့ကို ပြောစရာစကား ဘာမှမရှိတော့ဘဲ အေးဆေးစွာ ခေါင်းညိတ်ပြီး ဆရာချန်းကို ကားပေါ်ပြန်တင်လိုက်သည်။

ဆရာချန်းသည် နူးညံ့သိမ်မွေ့သော သက်ကြီးရွယ်အိုဖြစ်ပြီး လူအများကို ကြင်နာတတ်သော စိတ်ထားနှင့် စကားပြောဆိုရာတွင် ပညာတတ်တစ်ဦး၏ ရိုးသားမှုနှင့် ကျင့်ဝတ်ကို ထင်ဟပ်စေသည်။ ကားပေါ်တက်ပြီးနောက် ရှန်မိုနှင့် ပိုင်ယို့ဝေတို့အား ကျေးဇူးတင်စကား ယဉ်ကျေးစွာပြောကာ မိမိကိုယ်ကို မိတ်ဆက်သည်။ “...ဆရာက နန်ကျင်း အထက်တန်းကျောင်း အမှတ်(၁၃) က ဆရာပါ။ နာမည်က ချန်းဝေခိုင်ပါ။ ကျောင်းက ယာယီရပ်နားထားတော့ ယန်ကျိုးက မိဘအိုတွေဆီ သွားဖို့ စီစဉ်ထားတယ်။ သူတို့က ကျန်းယန်အလယ်လမ်းမှာနေတယ်။ မင်းတို့က ဘယ်ကိုသွားမှာလဲ မသိဘူး။ လမ်းမတူရင် အနီးအနားမှာ ချပေးလိုက်ပါ...”

ရှန်မိုက ရှေ့က လမ်းကို ကြည့်ရှုကာ အေးဆေးစွာဖြင့် ပြောသည်။ “ယန်းကျီမြစ်တောင်ပိုင်းလမ်း ကို သွားမှာပါ”

“အရမ်းကောင်းတယ်” ဆရာချန်းက ဝမ်းသာစွာဖြင့် ပြောသည်။ “ကျန်းယန်အလယ်လမ်းက အဲဒီကနေ သိပ်မဝေးဘူး၊ ဒါဆို လမ်းအတူတူပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်”

နောက်ခန်းမှာ ထိုင်နေသည့် ပိုင်ယို့ဝေက နှာခေါင်းတရှုံ့ရှုံ့နှင့် ရယ်လိုက်သည်။

စိတ်ထဲမှာတော့ ဒီဆရာကြီးဟာ စိတ်ကူးယဉ်တတ်သည့်သူတစ်ယောက်တင် မကဘဲ ကောင်းသည့်အလုပ်တွေကိုလည်း လုပ်ချင်ပြီး သူများစိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သည် စိတ်ထားမျိုးရှိသည်။ တကယ့်ကို စေတနာကောင်းသည့်သူပဲလို့ တွေးမိသည်။

သူတို့တွေ ယန်းကျီမြစ်တောင်ပိုင်းလမ်းကို သွားဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။

သို့သော် အခုလို ပရမ်းပတာဖြစ်နေသည့်အချိန်မှာတော့ သူမအတွက် ဘယ်သွားသွား ဘာမှထူးခြားမှာ မဟုတ်တော့ပေ။

…

……………

အခန်း (၂၇) နောက်ထပ် အရုပ်များ

ကားတစ်စီးပြီးတစ်စီးသည် နားနေစခန်းမှ ထွက်ခွာကာ အဝေးပြေးလမ်းပေါ်သို့ ရောက်လာသည်။

တန်ရှောင်နှင့် ဟွာကိုးတို့ ဦးဆောင်သော လမ်းပြအဖွဲ့သည် ကားတန်းရှေ့ဆုံးမှ မောင်းနှင်နေသည်။

တန်ရှောင်သည် သူ့၏အချစ်တော် မော်တော်ဆိုင်ကယ်ကို ကားများကြားတွင် ကျွမ်းကျင်စွာ မောင်းနှင်နေသည်။ သူသည် အားအင်ပြည့်ဝနေပြီး ရှေ့လမ်းအခြေအနေကို စောင့်ကြည့်ရင်း မနေ့က လူဆိုးများကိုလည်း သတိထားနေသည်။

သူ၏ စောင့်ကြည့်မှုကြောင့်လား ဒါမှမဟုတ် ထိုလူများသည် ရှန်မို၏ ရိုက်နှက်မှုကြောင့် ကြောက်နေကြလားဆိုတာ မသိသော်လည်း သူတို့သည် တကယ်ပင် အေးအေးဆေးဆေး နေခဲ့ကြပြီး လမ်းတစ်လျှောက် ဘာတစ်ခုမျှ မဖြစ်ခဲ့ပေ။

ယာဉ်သည် တစ်နာရီခန့် မောင်းနှင်ပြီးနောက် ရှန်းကျန်းမြို့အနီးသို့ ရောက်ရှိလာသောအခါ လမ်းပေါ်တွင် လူအုပ်စုတစ်စု ကိုတွေ့ရသည်။

ဟွာကိုး၏ ကားသည် ရှေ့ဆုံးတွင်ရှိသောကြောင့် သူကပထမဆုံး မြင်သည်။

“...အရုပ်တစ်ရုပ်နဲ့ တူတယ်။”

“အစားအစာစက်ရုံက လူတွေ ထပ်လုပ်ထားတာလား။ တစ်ပုံစံထဲပဲ ထပ်လုပ်နေကြတယ်။ သူတို့မှာ ဘာမှ လုပ်စရာမရှိဘူးထင်တယ်”

“သူတို့ အစားအစာတွေကို ငါတို့ ခိုးခဲ့တော့၊ သူတို့က ငါတို့ကို မကျေမနပ်ဖြစ်နေမှာပေါ့။”

“ဘာမှမဖြစ်ပါဘူး၊ မောင်းသွားလိုက်ပါ”

“ပြဿနာ တစ်ခုခု ရှိမလားမသိဘူး...”

“ဟင့်အင်း! ဒီလမ်းကပဲ သွားရမှာ။ တစ်ခုခုဖြစ်ရင်တောင် ဖြတ်သွားရမယ်။ ဘာမှမကြောက်နဲ့။ နောက်မှာ လူတစ်အုပ်လုံးရှိတယ်။ အကာအကွယ်ပေးမှာပါ!”

ရိုးရှင်းသော စကားများ အနည်းငယ်ပြောဆိုပြီးနောက် ကား၏ အရှိန်သည် နှေးရမည့် အစား ပိုမိုမြန်ဆန်လာခဲ့သည်။

လမ်းပေါ်ရှိ လူပုံစံအရုပ်များသည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး၊ လေထဲတွင်လိမ့်ကာ ရှုပ်ပွသွားခဲ့သည်။

ရှန်မိုသည် တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိပြီး အရှိန်လျှော့ကာ အနီးအနားရှိ မော်တော်ဆိုင်ကယ်ဆီသို့ လက်ယမ်းပြပြီး မေးလိုက်သည်။”ဘာတွေဖြစ်နေတာလဲ”

အသံသည် လေသံနှင့် ရောပြီး ပျောက်ကွယ်သွားခဲ့သည်။

တန်ရှောင်သည် အရှိန်လျှော့ကာ SUV နှင့် ဘေးချင်းယှဉ်မောင်းပြီး ရှန်မိုအား အော်ပြောလိုက်သည်။ “အရုပ်တွေထပ်ရှိနေပြန်ပြီ။ အစားအစာ စက်ရုံက လူတွေ လုပ်တာပဲ။ စက်ရုံက ဒီအနီးမှာပဲ”

ရှန်မိုသည် မျက်ခုံးကျုံ့ကာ လမ်းဘေးတွင် လဲကျနေသော အရုပ်ကို ကြည့်ပြီး စိတ်ထဲတွင် ဖော်ပြနိုင်ခြင်းမရှိသော မသက်မသာဖြစ်မှုကို ခံစားရသည်။

ထိုအရုပ်များ၏ လှုပ်ရှားမှုနှင့် အမူအရာများသည် အလွန်ထူးဆန်းပြီး၊ တစ်စုံတစ်ခုက လွှမ်းမိုနေသည်ဟု ထင်ရသည်။

နောက်ခန်းမှ ထိုင်နေသော ပိုင်ယို့ဝေလည်း မြင်ရသည်။

သူမသည် မျက်မှောင်သာကျုံ့ကာ ဘာမျှမပြောခဲ့ပေ။

ထိုအချိန်တွင် တန်ရှောင်သည် ရုတ်တရက် ကျိန်ဆဲလိုက်သည်။

“ချီးပဲ”

မော်တော်ဆိုင်ကယ်သည် ရုတ်တရက် အရှိန်မြင့်ကာ အဖြူရောင် အေပရွန် ဝတ်ထားသော အရုပ်တစ်ရုပ်ဆီသို့ ဦးတည်မောင်းနှင်သွားခဲ့သည်။

“ဒီအမျိုးသမီးကို ငါသိတယ်။ မနေ့က သူတို့ရဲ့ ဝက်အူချောင်းတွေကို ငါခိုးတုန်းက သူက ငါ့ကို ဆူပူခဲ့သေးတာ။ သူဘယ်လိုအရုပ်ဖြစ်သွားတာလဲ။”

တန်ရှောင်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အခြားအရုပ်များကို စစ်ဆေးကာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ဆန့်ကျင်ဘက်လမ်းကြောင်းသို့ အရှိန်မြှင့်ကာ မောင်းသွားခဲ့သည်။

“အစားအစာ စက်ရုံက လူတိုင်း အရုပ်တွေဖြစ်သွားပြီ! ရှေ့ဆက်မသွားနဲ့။ ရပ်ကြ။ ရပ်”

ကားများသည် တစ်စီးပြီးတစ်စီး ရပ်တန့်သွားပြီး လူများ၏ မျက်နှာများတွင် ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

“ဘာတွေဖြစ်နေတာလဲ”

“...ရှေ့မှာ အရုပ်တွေပေါ်နေတယ်လို့ ကြားတယ်။”

“ဒါဆို ဘာလုပ်ရမလဲ။ ... နောက်ပြန်မောင်းရမလား”

နောက်ပြန်လား။

ဘယ်ကိုပြန်သွားရမှာလဲ။

သူတို့မှာ သွားစရာနေရာ မရှိပေ။

နောက်ဆုံးယာဉ်သို့ အကြောင်းကြားပြီးနောက် တန်ရှောင်သည် သူ၏ မော်တော်ဆိုင်ကယ်ကို ရပ်ကာ ကားတန်းရှေ့ဆုံးကို ပြန်လှည့်ကြည့်ပြီး ယာဉ်များကို ခွဲပြီး မောင်းကြရန် စီစဉ်ရမည်ဟု တွေးမိသည်။ မဟုတ်ပါဘဲ အားလုံးစုပြုံနေပါက တစ်ခုခုဖြစ်နိုင်ခြေ အလွန်များပါသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ ဤအကြိမ်တွင် အချိန်မီ သတိထားမိခဲ့သည်။ အကယ်၍ ရှေ့ဆက်မောင်းခဲ့ပါက အကျိုးဆက်များသည် ဆိုးရွားလှပါသည်။

သူသည် ကံကောင်းသည်ဟု ခံစားနေရသည့် အခိုက်အတန့်တွင် နောက်တစ်စက္ကန့်၌ ထူးဆန်းသောအသံတစ်ခုက သူ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။

“ဒင်! အရုပ်ကစားပွဲမှ ကြိုဆိုပါတယ်။ ယခုကစားပွဲ၏ ခေါင်းစဉ်မှာ ‘ဖား၏ ရွှေဘောလုံး’ ဖြစ်ပါတယ်။ စည်းမျဉ်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ကစားပွဲအတွင်း အရုပ်အဖြစ် မပြောင်းလဲအောင်နေပါ။

၂။ ကစားပွဲရှုံးနိမ့်ပါက အရုပ်အဖြစ် ပြောင်းလဲသွားမည်။

၃။ ကစားပွဲ၏ ဆုလာဘ်မှာ အရုပ်များဖြစ်သည်။...”

“ဘာလဲဟ” တန်ရှောင်သည် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ “ဒီအသံက ဘယ်ကလာတာလဲ”

ဤရင်းနှီးသော ဇာတ်ကြောင်းပြောသံသည် ပိုင်ယို့ဝေနှင့် ရှန်မိုတို့၏ နားထဲတွင်လည်း မြည်လာခဲ့သည်။

မျက်စိကျိန်းစေသည့် တောက်ပသည့် အဖြူရောင် အလင်းမြူများသည် လူများကို သေချာပေါက် မျက်လုံးမှိတ်သွားစေပြီး မျက်လုံးပြန်ဖွင့်သောအခါ ကမ္ဘာကြီးသည် နောက်တစ်မျိုး ပြောင်းလဲသွားပြန်သည်။

ယခုအကြိမ်တွင် သူတို့ကို ကြိုဆိုသောအရာမှာ မှောင်မိုက်သော ဂူတစ်ခု၊ အနံ့ဆိုးသော ရွှံ့နွံများနှင့် အလွန်စိုထိုင်းသော လေထုဖြစ်သည်။

“ချီး ချီး ချီး ချီး!...” တန်ရှောင်သည် ကျိန်ဆဲသံတစ်သီတစ်တန်းကြီးဖြင့် ရွှံ့ထဲမှ ခုန်တက်လာကာ ဒေါသကြီးနေသည်။ “ဒါက ဘယ်လိုထောင်ချောက်လဲ”

“ဒါက ကစားပွဲပါ။ ထောင်ချောက်မဟုတ်ဘူး” မျက်မှန်တပ်ထားသောလူသည် ရွှံ့ထဲတွင် ထိုင်နေပြီး စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။ “ဒါက... အရုပ်ကစားပွဲဆိုတာ.....မသိဘူးလား”

All Chapters