ပခုံးပုတ်ခြင်း
Vol. 7 Ch. 64
“အစ်ကိုဖန်၊ နည်းနည်းလောက် ဖြည်းဖြည်းသွားပါဦး...”
“ဟုတ်ပါတယ်။ အစ်ကိုဖန်၊ ခင်ဗျား ကလေးဘဝက လေ့ကျင့်ခဲ့ပေမဲ့ ကျွန်တော်တို့က မလေ့ကျင့်ခဲ့ဘူး...”
စုန့်ကျိချင်နှင့် ဝမ်ရီထောင်တို့က ချိုင်ရီဖန်ထက်ပင် အားနည်းကြသည်။ အစပိုင်းတွင် သူတို့က မနည်း လိုက်နေခဲ့ရသည်။ နောက်ပိုင်း သူတို့က နောက်ကျကျန်ခဲ့ပြီး ချန်ဟွိုက်အန်နှင့် အမျိုးသမီး ဧည့်သည် နှစ်ယောက်နောက်မှာပင် ကျန်ခဲ့သည်။ သို့သော် သူတို့က ဖန်သားပြင်ပေါ်မှ အချိန်ကို လက်လွတ် မခံချင်ကြ၍ အသက်ရှူ မရလောက်သည်အထိ အတင်းအကြပ် ပြေးနေကြရ၏။
တစ်ချိန်တည်းမှာပင် ချိုင်ရီဖန်လည်း ရုန်းကန်နေရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နဖူးမှ ချွေးတွေ စီးကျနေသည်။
သူ မောပန်းနေသော်လည်း ချန်ဟွိုက်အန်ကို ဖော်ထုတ်ရန် အားတင်းပြီး ဆက်သွားနေခဲ့သည်။
အချိန်တန်ပြီဟု မြင်လိုက်ချိန် နောက်ဆုံး၌ သူက ရပ်တန့်လိုက်ပြီး စုန့်ကျိချင်နှင့် ဝမ်ရီထောင်ကို လက်ညှိုးထိုးပြီး လှောင်ပြောင်လိုက်သည်။
“မင်းတို့ နှစ်ယောက် ဆက်ပြီး လိုက်နိုင်သေးရဲ့လား။ ချန်ဟွိုက်အန်ကို ကြည့်လိုက်ဦး။ သူက မသန်စွမ်း ဖြစ်နေပေမဲ့ မင်းတို့နှစ်ယောက်လုံးထက် တောင်တက်တာ ပိုအဆင်ပြေနေတယ်။ ပြီးတော့ သူက ချွေးတောင် မထွက်ဘူး...”
ရုတ်တရက်ဆိုလျှင် ၎င်းက ချီးမွမ်းသလို ဖြစ်နေသော်လည်း လက်တွေ့တွင် သူက သဘာဝမကျသော အရာတစ်ခုကို အာရုံစိုက်မိစေရန် ပြောနေခြင်း ဖြစ်သည်။
လူတိုင်း သတိထားမိသွားကြ၏။
စုန့်ကျိချင်နှင့် ဝမ်ရီထောင်တို့ ချန်ဟွိုက်အန်ကို စိုက်ကြည့်လိုက်ကြသည်။
အမှန်ပင်။
သူတို့က နာရီဝက်ကျော်ကြာ တောင်တက်နေခဲ့ကြပြီ ဖြစ်သည်။ လူတိုင်း မောဟိုက်ပြီး ချွေးများ ထွက်နေကြ၏။ ကျွမ်းကျင်သော တောင်တက်လမ်းပြပင် ချွေးတွေ စို့နေခဲ့သည်။ သို့သော်လည်း ချန်ဟွိုက်အန်က ချွေးတစ်စက်မှ မရှိပေ။ သူ၏ အသက်ရှူသံက ပုံမှန်ပင်။
ထိုအကြောင်းက အဖွဲ့ထဲ ပျံ့နှံ့သွားခဲ့သည်။
သူတို့ မျက်လုံးချင်း ဖလှယ်လိုက်ကြ၏။
တစ်ခုခု လွဲနေပြီ။
စုရှင်းချန် တစ်ယောက်တည်းသာ မသိနားမလည်ဘဲ ရှိနေပြီး ထိုအစား တောက်ပစွာ ပြုံးလိုက်သည်။
“အစ်ကိုဟွိုက်အန်...ရှင့်ရဲ့ သက်လုံက အံ့ဩစရာပဲ... ဒီလို စိတ်ဓာတ်ခွန်အားမျိုးက...”
ဒါရိုက်တာကျန်းက ချန်ဟွိုက်အန်၏ ဆေးစစ်ချက်အစီရင်ခံစာကို မြင်ဖူးသည်။ ချန်ဟွိုက်အန်၏ ကင်ဆာက အမှန်တကယ် ဖြစ်ကြောင်း သူ သိသည်။ သူ၏ အခြေအနေက နောက်ဆုံးအဆင့်အထိ ပိုဆိုးလာခဲ့သည်။
ပျောက်ကင်းရန် မျှော်လင့်ချက် ရှိမရှိကိုတော့ သူ မသိပေ။
ချန်ဟွိုက်အန်၏ ရောဂါက ပြင်းထန်ကြောင်းကိုသာ သူသိသည်။
သို့သော်လည်း ချန်ဟွိုက်အန် အေးအေးဆေးဆေး လိုက်နိုင်နေသည်ကို သူပင် အံ့ဩသွားခဲ့သည်။
ဒါရိုက်တာတစ်ယောက်အနေဖြင့် သူ၏ အလုပ်က အမှန်တရားကို စုံစမ်းရန် မဟုတ်ပေ။
ရှိုးပွဲကို ဆက်လက် လည်ပတ်နေရန်ပင်။
ထို့ကြောင့် တမင်တကာပင် သူက ရုတ်တရက် ဖြတ်ပြောလိုက်၏။
“ရှူး...”
သူက အလေးအနက်ဆုံး မျက်နှာကို ထားပြီး တိုးတိုးလေး ပြောလိုက်သည်။ “ကြားလိုက်လား...”
ကင်မရာသမားက အနီးကပ် ရိုက်ပြနေ၏။
လူတိုင်းရဲ့ အာရုံစိုက်မှု ချက်ချင်းပင် ပြောင်းသွားသည်။
ဒါရိုက်တာကျန်းက အသံကို ပို၍ လေးနက်အောင် ပြုလုပ်လိုက်သည်။ “အဲဒါက... ဝံပုလွေအူသံပဲ..”
ဝံပုလွေအူသံလား...
အမျိုးသမီး ဧည့်သည် နှစ်ယောက်က ချက်ချင်း တင်းမာသွားကြသည်။
ဒါက တောင်ပေါ်ဒေသပဲလေ။
ဖြစ်နိုင်တာပဲ။
ဝံပုလွေတွေက ဖြစ်နိုင်ခြေ ရှိသည်။
ထျန်းမင်တောင်ကို ခရီးသွား ဆွဲဆောင်ရာနေရာအဖြစ် ပြုလုပ်ထားသော်လည်း တောရိုင်း သဘာဝက မျက်နှာပြင်အောက်မှာ ဆက်လက် ရှိနေဆဲပင်။
သာမန် ခရီးသွားလမ်းကို သွားရင် ဝံပုလွေများနှင့်တွေ့ရန် မဖြစ်နိုင်။
သို့သော် သူတို့က ဘေးလမ်းကို သွားနေကြခြင်း ဖြစ်၏။
ထို့အပြင် ညအချိန်လည်း ဖြစ်နေသည်။
ဝန်ထမ်းများက ဒါရိုက်တာကျန်း အာရုံပြောင်းနေကြောင်း သိကြသည်။
သူတို့က ရယ်မောချင်စိတ်ကို ထိန်းထားလိုက်ကြသည်။
အမှန်တကယ် အတွေ့အကြုံရင့် ဒါရိုက်တာပင်...
ချက်ချင်း ဆုံးဖြတ်နိုင်၏။
ထို့အပြင် ဝံပုလွေ အမှန်တကယ် ပေါ်လာလျှင်ပင် သူတို့ ကြောက်စရာမလိုဘူးပေ။
သူတို့တွင် လူအများကြီး ရှိနေသည်။
ထို့ပြင် အခြေအနေ အမှန်တကယ် ဆိုးရွားလာလျှင်...
သူတို့က ဗန်ကားထဲ အတင်းတိုးဝင်ပြီး မောင်းပြေးလိုက်ရုံသာ။
ဝံပုလွေက ဗန်ကားထက် ပိုမြန်မြန် မပြေးနိုင်ပေ။
“ကျွန်တော်တော့ ဝံပုလွေအသံ မကြားမိဘူး...”
ချိုင်ရီဖန်က ဒီအကြောင်းကို လက်လွှတ်မခံပေ။
သူ ပြုံးစိစိလုပ်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ဝံပုလွေရှိရင်တောင် ကြောက်စရာ ဘာရှိလို့လဲ...”
“ကျွန်တော် ရှိနေတာပဲလေ... ကျွန်တော် လေ့ကျင့်ထားဖူးတယ်... ပြီးတော့ အဆိုးဆုံး အခြေအနေမှာ အစ်ကိုဟွိုက်အန်ရှိတယ်။ သူက လျှို့ဝှက်ပညာရှင် တစ်ယောက်တောင် ဖြစ်နိုင်တယ်...”
ဒါရိုက်တာကျန်း ရယ်လိုက်တယ်။
“မင်းလား...”
သူ ရယ်လိုက်ပြီးနောက် အသံကို နှိမ့်ကာ ကြက်သီးထဖွယ် ပြောလိုက်သည်။
“ငါ ပြောနေတာက သာမန် ဝံပုလွေအကြောင်း မဟုတ်ဘူး...”
သူ့အသံက ပိုပြီး နိမိတ်မကောင်း ဖြစ်လာသည်။
“ငါ ပြောနေတာက ထျန်းမင်တောင်ရဲ့ ပခုံးပုတ်တဲ့ ဝံပုလွေအကြောင်း...”
ပခုံးပုတ်တဲ့ ဝံပုလွေ။
နာမည်ဆိုးနှင့် ကျော်ကြားသော ဒဏ္ဍာရီတစ်ခုပင်။
ဒဏ္ဍာရီအရ ထိုဝံပုလွေများက အလွန် လိမ္မာပါးနပ်ကြသည်။
သူတို့ ညဘက်မှသာ အမဲလိုက်ကြသည်။
သူတို့ဟာ သားကောင်နောက်ကို တိတ်တဆိတ် ချဉ်းကပ်ပြီး...
ခြေနှစ်ချောင်းနဲ့ ထရပ်ကာ...
သားကောင်၏ ပခုံးကို အသာလေး ဖိလိုက်သည်။
သားကောင် လှည့်ကြည့်လိုက်သည့် ချက်ချင်းတွင်...
ခေါင်းကို ကိုက်ဖြတ်လိုက်ကြသည်။
အဖွဲ့သားတွေ သက်ပြင်းချလိုက်ကြတယ်။
“အိုး၊ ဒါက ပုံပြင်သက်သက်ပဲ...”
တစ်ယောက်က တီးတိုးပြောလိုက်သည်။
ဝမ်လူလူ မျက်လုံးလှန်ပြီး ပြောလိုက်၏။
“ဒါရိုက်တာ။ ရှင်က လူတွေကို လှည့်စားရတာ အရမ်း ကြိုက်တာပဲ”
သူက ကြီးမားတဲ့ ရင်ဘတ်ကို ပုတ်ရင်း ဆူလိုက်သည်။
စုရှင်းချန်လည်း စိတ်သက်သာရာ ရသွား၏။
သူက ဝံပုလွေတွေကို မုန်းသည်။
ဝံပုလွေတွေတင် မကပေ။ ခွေးနှင့် ကြောင်များကိုပါ ကြောက်သည်။
ထူးဆန်းသည်မှာ ပိုးဟပ် သို့မဟုတ် မြွေတွေကိုမူ သူ သိပ်မကြောက်ပေ။
ချိုင်ရီဖန်က လှောင်သလို ရယ်လိုက်သည်။
“ဒါရိုက်တာ၊ ကျွန်တော်ရဲ့ အရပ်က ၁.၉မီတာ ရှိတယ်။ ဘယ်လို ဝံပုလွေမျိုးက ကျွန်တော့်ရဲ့ ပခုံးကို မှီနိုင်မှာလဲ...”
အရပ်အမောင်းက သူ့၏ ဂုဏ်ယူစရာ အမြဲပင် ဖြစ်ခဲ့သည်။
အခွင့်အရေးရတိုင်း ကြွားလေ့ ရှိသည်။
“ဝံပုလွေတစ်ကောင်က ကျွန်တော့်ပခုံးကို ပုတ်နိုင်မယ်ဆိုရင် ၂.၅မီတာ ရှိမှပဲ ဖြစ်နိုင်လိမ့်မယ်။”
“ကမ္ဘာပေါ်မှာ အကြီးဆုံး ဝံပုလွေက အလွန်ဆုံး ၂မီတာပဲ...”
“ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာတောင် မရှိဘူး...”
ထိုအချိန်...
ရှည်လျားပြီး ကြောက်စရာကောင်းသော အူသံတစ်ခု တောင်တွေကြားမှ ပဲ့တင်ထပ်လာ၏။
ဝူး...
ညက တိတ်ဆိတ်သွားသည်။
ပိုးမွှားများနှင့် ငှက်များပင် အသံမပြုတော့ပေ။
အဖွဲ့သားများ ကြောက်ရွံ့မှုဖြင့် တန့်သွားကြသည်။။
ဒါရိုက်တာကျန်းက အံ့အားသင့်သွား၏။
သူ လုပ်ကြံပြောနေခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် အခုတော့ တကယ့် ဝံပုလွေက ပြန်ဖြေလိုက်လေပြီ။
ချိုင်ရီဖန်ရဲ့ လည်ပင်း တောင့်တင်းသွားပြီး ကျောရိုးတစ်လျှောက် အေးစက်သွား၏။
သူ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။
သို့သော် ဘာမှ မရှိဘူး။
အူသံက အဝေးကနေ လာခြင်း ဖြစ်သည်။
တိုက်ရိုက် ခြိမ်းခြောက်မှု မဟုတ်ပေ။
သူက နဖူးမှ ချွေးအေးတွေကို သုတ်ပြီး စိုးရိမ်နေရင်း ရယ်လိုက်၏။
“ဟဲ... ကိုယ့်ကိုယ်ကို ကြောက်အောင် လုပ်လိုက်မိပြီ...”
သူ ထိုကဲ့သို့ ပြောလိုက်သော အချိန်၌ ....
ပခုံးများ ရုတ်တရက် လေးလံလာခဲ့သည်။
တစ်ခုခုက သူ့ကို ဖိလိုက်သလိုမျိုးပင်။
ကြီးမားပြီး လေးလံသော လက်နှစ်ဖက်က သူ့ပခုံးပေါ် ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာပင် သစ်တော နက်နက်ထဲတွင်...
ပုံပန်းသွင်ပြင် သေးငယ်သူတစ်ဦးဟာ လျှပ်စီးသဖွယ် သစ်ပင်တွေကြားထဲ လျင်မြန်စွာ ပြေးလွှားနေ၏။
ထူထပ်သော ချုံနွယ်ပိတ်ပေါင်းတွေက သူ့ကို လုံးဝ မနှေးစေခဲ့။
သူက ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦးလို လှုပ်ရှားနေသည်။
...သို့သော်လည်း သူက အလယ်တန်းကျောင်းဝတ်စုံကို ဝတ်ထားနေ၏။
“အား...”
စူးရှသော အော်သံတစ်ခုက ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
မိန်းကလေး၏ မျက်နှာအမူအရာ မှောင်မိုက်သွားခဲ့၏။
သူ၏ တည်ငြိမ်သော ခြေလှမ်းများ အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။
“အာ...... ညဘက်ကြီး ဘေးလမ်းကနေ ဘယ်သူတွေက တောင်တက်နေတာလဲ...”
သူ့တွင် ရွေးစရာ မရှိတော့ပေ။
သူ ဝင်ရောက်ဖြေရှင်းရပေတော့မည်။
ထိုအရာက သူ၏ တာဝန်ပင်။
လွန်ခဲ့သော ဆယ်နှစ်က စတင်ပြီး စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်လည်နိုးထခဲ့ချိန်ကတည်းက...
အရပ်သား မိစ္ဆာနှိမ်နင်းသူ တစ်ဦးအနေဖြင့်...
ထိုအရာက သူ၏ တာဝန် ဖြစ်သည်။
အမဲလိုက်ခြင်း စတင်လေပြီ။