← Chapters

အခန်း (၁၈၄)

Vol. 14 Ch. 184

အခန်း (၁၈၄)

Vol. 14 Ch. 184

ထို့နောက် လျူရှောင်ယောက်သည် အချက်များစွာကို ဆက်တိုက် ဟောပြောထောက်ပြခဲ့သည်။ထို့ပြင် သူထောက်ပြသည့် အချက်များကလည်း တစ်ခုမှ မမှားပဲနှင့် မှန်နေခဲ့သည်။

ဗေဒင်လာမေးသည့် သူဌေးသည် ရိုသေသောအမူအရာအပြည့်ဖြင့် အနည်းငယ် ဦးညွှတ်ပြီး လေးလေးစားစား ပြောလိုက်သည်။

" ဆရာ .... ဆရာက အမှန်တကယ်ကို ဆရာစစ်စစ်တစ်ယောက်ပဲ..... "

လျူရှောင်ယောက်၏ မျက်နှာက မပြောင်းလဲပဲနှင့် ပုံမှန်အတိုင်းပဲ ဆက်ရှိနေသည်။သို့သော်လည်းပဲ သူသည် လင်ပေ့ဖန်ကို တိတ်တိတ်ကလေးခိုးကြည့်လိုက်ပြီး လင်ပေ့ဖန်၏ မျက်လုံးများထဲ၌ အံ့အားသင့်နေသော အကြည့်တစ်ချက်ကို မြင်လိုက်ရသည်။

ထို့ကြောင့် သူသည် ၎င်းက အမှန်တကယ် အကျိုးသက်ရောက်မှုအချို့ရှိတာကြောင့် တိတ်တိတ်ကလေး ပျော်ရွှင်သွားပြီး ဆက်ဟောလိုက်သည်။

" မင်း ဒီတစ်ခါ၊ဒီကိုလာတာက မင်းရဲ့ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အခက်အခဲအကျပ်အတည်းတစ်ခုနဲ့ကြုံပြီးတော့ ကုန်ပစ္စည်းတွေ ရောင်းမထွက်လို့ ဘဏ္ဍာရေးပြဿနာဖြစ်နေတာလို့ လာတာမလား... နောက်ပြီး ငါ့ရဲ့အမြင်အရတော့ မင်းဒီပြဿနာကို နှစ်လအတွင်း အချိန်မှီ မဖြေရှင်းနိုင်ရင် ဒေဝါလီခံရတော့မှာ ...ငါပြောတာ မှန်တယ်မလား... "

" ဆရာ ...ဆရာပြောတာမှန်တယ်... "

ထိုသူဌေးသည် ခါးသီးသောအမူအရာဖြင့် ပြောလိုက်သည်။

" ယေဘုယျ ပတ်ဝန်းကျင်အခြေအနေကြောင့် ကျွန်တော့်ကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချလို့မရနိုင်ဘူး...ဒါပေမဲ့ ကျွန်တော့်မှာ ပေးစရာအကြွေးတွေ အများကြီးရှိသေးတယ်...အခုဆိုရင် ဝန်ထမ်းလခ ထုတ်ပေးဖို့တောင် အခက်အခဲဖြစ်နေပြီ...အကယ်၍ နှစ်လအတွင်း ဘဏ္ဍာရေးပြသနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော် ဒေဝါလီခံသွားရပြီးတော့ ကျွန်တော့်ကုမ္ပဏီကို ပိတ်သိမ်းရတော့မှာ....ဒါကြောင့် ကျွန်တော် ဆရာ့ဆီကို ဗေဒင်လာမေးဖို့ ရောက်လာတာပါ...ဆရာ ကျွန်တော့်ရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို လမ်းညွှန်ပြသပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... "

" ငါ မင်းရဲ့ အခြေအနေကို သိပြီးသွားပြီ... "

လျူရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

" မင်းက တာဝန်ယူတတ်တဲ့ ယောင်္ကျားတစ်ယောက်ပဲ... နောက်ပြီး မင်းက စီးပွားရေးလုပ်တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ အရမ်းကြိုးစားပြီးတော့ စည်းကမ်းရှိခဲ့လို့ မင်းကို နတ်ဘုရားတွေက မစပေးလိမ့်မယ်...ဒါကြောင့် ငါမင်းကို အကြံပေးလိုက်မယ်.. ဒီပြဿနာကို အရမ်းကြီး စိုးရိမ်နေစရာမလိုဘူး...မင်း ဒီလိုမျိုးပဲ တစ်ပတ်လောက်ကြိုးစားပြီးတဲ့နောက်မှာ မင်းကို မြင့်မြတ် ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့ဆုံရလိမ့်မယ်...အဲ့ဒီပုဂ္ဂိုလ်က မင်းကို ကူညီပေးလိမ့်မယ်... မင်း အခု ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်း ပြီးသွားတဲ့နောက်မှာ မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေက တစ်ဖန်ပြန်လည်ပြီးတော့ အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်.... "

" တကယ်ပဲလား..ဆရာ... တစ်ပတ်ကြာပြီးတဲ့နောက်မှာ ကျွန်တော် ဒီအခက်အခဲကနေ လွတ်မြောက်နိုင်မှာလား... " တစ်ဖက်လူက မယုံကြည်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။ ( တစ်ဖက်လူက ဗေဒင်မေတဲ့သူဌေးနော် ၊ဒီလိုပဲ ရေးထားလို့အဲ့လိုပဲ ပြန်လိုက်တော့မယ် )

" ငါ‌ပြောသလိုမဟုတ်ခဲ့ရင် မင်း ငါ့ဆီလာလို့ရတယ်... " လျူရှောင်ယောက်သည် ယုံကြည်မှုရှိသော လေသံဖြင့် အခိုင်အမာဆိုလိုက်၏။

တစ်ဖက်လူက ဝမ်းသာသွားသည်။

" ဆရာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်ဆရာ... ဆရာ ...ဒီပိုက်ဆံက ဉာဏ်ပူဇော်ခပါ.... "

‌ဘေးမှာ ကြည့်နေ‌သည့် လင်ပေ့ဖန်သည် ထိုလူထွက်သွားတော့မှာကို မြင်ပြီး စကားပြောလိုက်သည်။

" သူဌေးဝမ် ၊ခဏနေပါဦး... ခင်ဗျား ခုနတုန်းကဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေတယ်လို့ ပြောခဲ့တယ်မလား... "

" ဟုတ်ပါတယ် ဥက္ကဌလင် ၊ ဘာဖြစ်လို့လဲ‌ဗျ.... " တစ်ဖက်လူက နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

လင်ပေ့ဖန်သည် အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။

" ကျွန်တော်က ကျန်းနန်မှာ လီချုံးအဖွဲ့နဲ့ပူးပေါင်းပြီးတော့ မြေယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို လုပ်ဆောင်‌နေတယ်... နောက်ပြီး အဲ့ဒီလုပ်ငန်းအတွက် ဆောက်လုပ်ရေးပစ္စည်းတွေ အများကြီးလိုအပ်နေတယ်...ခင်ဗျားက ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ပတ်သက်တဲ့ စီပွားရေးလုပ်ငန်းကို လုပ်ကိုင်နေတယ်ဆိုတော့ ခင်ဗျား ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး‌ တော့ အဲ့ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ စိတ်ဝင်စားလားမသိဘူး... "

တစ်ဖက်လူသည်မတုံ့ဆိုင်းပဲနှင့် ပြန်ဖြေလိုက်သည်။

" ကျွန်တော်စိတ်ဝင်စားတယ်... ကျွန်တော်အရမ်းစိတ်ဝင်စားတာပေါ့... ဒီလို အခွင့်အရေးတစ်ရပ်ကို ဘယ်သူက စိတ်မဝင်စားပဲနဲ့ နေမှာလား..? ဒါပေမဲ့ လီချုံးအဖွဲ့မှာ သူတို့နဲ့ အလုပ်တွဲလုပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ‌တွေရှိတယ်မလား.... "

" မင်း အဲ့ဒါအတွက်စိုးရိမ်စရာမလိုဘူး... မင်းရဲ့ ဆောက်‌လုပ်ရေး ပစ္စည်းတွေက အရည်အသွေးကောင်းပြီးတော့ ဈေးနှုန်းမှန်သ၍ ငါ သူတို့ကို မင်းနဲ့ ပူးပေါင်းဖို့ပြောပေးမယ်... "

တစ်ဖက်လူက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

" မစ္စတာလင် ကျွန်တော် ခင်ဗျားကို ‌‌ ပြောပြမယ်...ကျွန်‌ေတာ့်ကုမ္ပဏီက အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကိုပဲ သုံးပြီးတော့ ထုတ်တာ... နောက်ပြီးကျွန်တော့်ကုမ္ပဏီရဲ့ ပစ္စည်းတွေကလည်း ကုမ္ပဏီကြီးတွေရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလောက် အရည်အသွေးမနိမ့်ပါဘူး....ဒါပေမဲ့ ကျွန်တော်က မိတ်ဆွေနည်းပြီးတော့ အရင်းအနှီးလည်း မရှိလို့ ကျွန်တော့်ကုမ္ပဏီက အဲ့ဒီကုမ္ပဏီကြီးတွေကိုတော့ မယှဉ်နိုင်ပါဘူး... ဒါ့အပြင် ကျွန်တော်က အသေးစားထုတ်လုပ်တဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်လို့ ကျွန်တော့်ကုမ္ပဏီရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကတော့ ကြီးပါတယ်...."

" ဈေးကြီးတာက အဆင်ပြေတယ်...ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းစဥ်က အရှိန်မြင့်နေလို့ ဆောက်လုပ်ရေးပစ္စည်းတွေ မလုံလောက်တော့ဘူး...ဒါကြောင့် ခင်ဗျားကို ဆက်သွယ်လို့ရမယ့် အချက်အလက်လေးတွေ ကျွန်တော့်ကို ပေးခဲ့...နောက်မှ တစ်ယောက်ယောက်ကို ကျွန်တော် ဆက်သွယ်ခိုင်းလိုက်မယ်...ခင်ဗျားရဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက အခွန်ဆောင်ပြီးသွားရင် ပြဿနာမရှိဘူး..." လင်ပေ့ဖန်က သူ့ဖုန်းကို ယူထုတ်လိုက်သည်။

တစ်ဖက်လူသည် ထိုစကားကို ကြားလိုက်ရပြီးဝမ်းသာသွားသည်။

" ဟုတ်ကဲ့ ဥက္ကဌလင် ... ကျွန်တော် ခင်ဗျားကို ပေးလိုက်မယ်.. "

" သူဌေးဝမ် ၊ ခင်ဗျား အဖွဲ့ထဲ မဝင်ရသေးဘူးမလား... "

" ဘာအဖွဲ့လဲ... "

" ဆရာလျူကို ယုံကြည်သူများအဖွဲ့ လေ... ဒီအဖွဲ့ကို ကျွန်တော်တို့ သူဌေးတွေ စုပေါင်းပြီးတော့ တည်ထောင်ထားတာ...နောက်ပြီး အဖွဲ့ဝင်တိုင်းက အသားတင်ပိုင်ဆိုင်မှု သန်းပေါင်းများစွာပိုင်ဆိုင်တဲ့ သူဌေးတွေနဲ့ ရာထူးမြင့်တဲ့သူတွေကြီးပဲ...ဒီအဖွဲ့မှာ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးပြီးတော့ စီးပွားရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်လို့ရတယ်...ဒါနဲ့ စကားမစပ်...ကျွန်တော်က အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ... "

" လခွမ်း.... အဲ့လို အရမ်းကောင်းတဲ့ အဖွဲ့တစ်ခုလည်း ရှိတာလား... ကျွန်တော်ရော အဲ့ဒီအဖွဲ့ထဲကို ဝင်လို့ရလား..."

" ရတာပေါ့... ကျွန်တော် ခင်ဗျားကို အဖွဲ့ထဲ ထည့်‌‌ ပေးလိုက်မယ်.... "

ဘေးနားမှာရှိ‌‌နေသည့် လျူရှောင်ယောက်သည် လင်ပေ့ဖန်ကို အံ့အားသင့်သောအကြည့်ဖြင့် ကြည့်ပြီး မေးလိုက်သည်။

" မင်း....မင်းဘာလုပ်နေတာလဲ... အဖွဲ့ထဲဝင် ဟုတ်လား... ဘာအဖွဲ့လဲ... "

လင်ပေ့ဖန်က ဖုန်းသုံးရင်း ပြောလိုက်သည်။

" ဆရာ...ဒါက ဆရာ့ကို အဓိကရည်ရွယ်ပြီးတော့ ထောင်ထားတဲ့ ဝီချက်အဖွဲ့တစ်ခုပဲ...ကျွန်တော် မနေ့ညကမှ ဒီအဖွဲ့ကို ထောင်ခဲ့တာ...အခုဆိုရင် အဖွဲ့ဝင်က တစ်ရာကျော်နေပြီ...နောက်ပြီး အဖွဲ့ဝင်တွေအားလုံးကလည်း ဆရာ့ကို ရိုသေလေးစားပြီးတော့ သစ္စာရှိကြတဲ့ ပရိသတ်တွေကြီးပဲ... "

အားလုံးက ငါ့ကို သစ္စာရှိတဲ့ ပရိသတ်တွေလား...

လျူရှောင်ယောက်သည် စိတ်ထဲ၌ တိတ်တဆိတ်ဝမ်းသာသွားသည်။

" ဒါ....ဆိုရင်...ငါရော အဲ့အဖွဲ့ထဲ ဝင်လို့ရလား... "

" ဆရာ... ဆရာ့လို ကမ္ဘာကျော်ဗေဒင်ဆရာတစ်ယောက်က ဒီလိုမျိုးလောကီကိစ္စတွေကို ဘယ်လိုလုပ် ပါဝင်ပတ်သက်လို့ သင့်တော်ပါ့မလဲ... "

လျူရှောင်ယောက် " ... "

" ဒီလိုလောကီကိစ္စတွေကို ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပြု... ဆရာကတော့ ဘဝကို အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ‌ဗျ... " လင်ပေ့ဖန်က ရယ်မောလိုက်သည်။

လျူရှောင်ယောက်က သူ့ကို ခါးသီးသောအကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

" ကောင်းပြီ....."

ထို့ကြောင့် လင်ပေ့ဖန်သည် သူဌေးဝမ်ကို လျူရှောင်ယောက်မပါပဲနှင့် ' ဆရာလျူကို ယုံကြည်သူများ ' အဖွဲ့ထဲသို့ ထည့်လိုက်သည်။

အဖွဲ့ထဲဝင်ပြီးနောက် သူဌေးဝမ်သည် မယုံကြည်နိုင်သေးသောအမူအရာဖြင့် ပြောလိုက်သည်။

" ကျွန်တော် စိုးရိမ်ခဲ့တဲ့ ကိစ္စတွေကို ဒီလိုမျိုး အရမ်းလွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်ခဲ့တာလား...ဥက္ကဌလင် .. မင်း ဘာလို့ ကျွန်တော့်ကို ကူညီတာလဲ ... "

လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" မင်းက ရိုးသားပြီးတော့ တာဝန်ယူတတ်တဲ့ စီးပွားရေးသမားတစ်ယောက်လို့ ဆရာလျူက ပြောခဲ့တယ်လေ...နောက်ပြီး မင်းက စီးပွားရေးလုပ်ရာမှာ အရမ်းလည်း သမာသမတ်ကျပြီးတော့ စည်းကမ်းရှိတဲ့ စီးပွားရေးသမားတစ်ယောက်လို့ ဆရာလျူက ပြောခဲ့တယ်မလား... ဆရာလျူပြောတာကို ငါ အရမ်းယုံကြည်တယ်... ဆရာလျူတောင် အာမခံထားတဲ့ဟာကို ငါက ဘာကို ကြောက်ရမှာလဲ ...နောက်ပြီး လူတိုင်းမှာ စီးပွားရေးကျဆင်းတဲ့အချိန် အနည်းဆုံး တစ်ကြိမ် တော့ရှိတာပဲလေ...ဒါကြောင့် ကျွန်တော်က ခင်ဗျားကို ကူညီပေးတာပါ...ဟားဟား..... "

သူဌေးဝမ်သည် တုန်လှုပ်သွားသည်။

" ဒါဆို မစ္စတာလင်က ...ကျွန်တော့်ရဲ့ မြင့်မြတ်ပုဂ္ဂိုလ်ပေါ့... "

" ဒီ‌အကြောင်းမပြောပါနဲ့တော့...ကျွန်တော်က ကျွန်တော်တတ်နိုင်တဲ့အရာကို လုပ်ပေးခဲ့ရုံပါပဲ.. "

လင်ပေ့ဖန်က ရယ်မောလိုက်သည်။

" မစ္စတာလင် ၊ ခင်ဗျားလုပ်ပေးခဲ့တာက ကျွန်တော့်အသက်ကို ကယ်တင်ခဲ့သလိုပဲ... အရမ်းကျေးဇူးကြီးလွန်းတယ်.... ဒီလိုလူမျိုးက မြင့်မြတ်ပုဂ္ဂိုလ်မဟုတ်ရင် ဘယ်သူက မြင့်မြတ်ပုဂ္ဂိုလ်ဖြစ်နိုင်မှာလဲ... "

သူဌေးဝမ်က ကျေးဇူးတင်‌စွာဖြင့် ပြောလိုက်သည်။

" မစ္စတာလင် ၊ ကျွန်တော် ခင်ဗျားကို တကယ်ပဲ ကျေးဇူးအများကြီးတင်ပါတယ်...ခင်ဗျားရဲ့ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ပါတယ်... အနာဂတ်မှာ ကျွန်တော့်ရဲ့ အကူအညီ ခင်ဗျားလိုလာလို့ရှိရင် ကျွန်တော့်ကို တစ်ခွန်းတည်းပဲ ပြောလိုက်...ကျွန်တော် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရရင်တောင် သေချာပေါက် ခင်ဗျားကို ပြန်ကူညီပေးပါ့မယ်... "

ဘေးနားမှာ ရှိနေသည့် လျူရှောင်ယောက်သည် အနည်းငယ်ချဉ်ပြီး အနည်းငယ်ရူးသွပ်သော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။

ဒီကောင် လေသံက ခုနတုန်းက ငါ့ကို ပြောတာထက်တောင် ပိုပြီးတော့ လင်ပေ့ဖန်ကို ရိုသေလေးစားတဲ့ လေသံပေါက်နေတယ်...

မင်းကို တကယ်ကူညီပေးခဲ့တဲ့ သူက ငါပါဟ...မင်းဘိုးရေကြီး လင်ပေ့ဖန်မဟုတ်ဘူး...

မင်းက ဘာလို့ လင်ပေ့ဖန်ကို လက်ကုန် ကျေးဇူးတွေ တင်နေရတာလဲ...

" ခင်ဗျား ကျေးဇူးတင်ချင်ရင် ဆရာလျူကို ကျေးဇူးတင်... " လင်ပေ့ဖန်က အလွန်ကျိုးနွံသော အမူအရာဖြင့် ပြောလိုက်သည်။

" ဆရာကိုရော ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ဥက္ကဌလင်ကိုလည်း ကျေးဇူးတင်ချင်ပါတယ်.. ခင်ဗျားက ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲ... " တစ်ဖက်လူက ကျေးဇူးတင်ပြီး ဦးညွှတ်လိုက်သည်။သို့သော်လည်းပဲ သူ့ဦးညွှတ်လိုက်သည့် ဦးတည်ချက်က လင်ပေ့ဖန်ဘက်ကို ပိုပြီးတော့ ရောက်နေသည်။

လျူရှောင်ယောက် "..."

" ကျေးဇူးတင်ပါတယ်ဆရာ ... ကျေးဇူးတင်ပါတယ် မစ္စတာလင် ... ကျွန်တော် အရင်သွားလိုက်ပါဦးမယ်... " တစ်ဖက်လူက ဦးညွှတ်ပြီး နောက်ပြန်လှည့်သွားသည်။

လင်ပေ့ဖန်က လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။

" နောက်မှ ပြန်ဆက်သွယ်ကြတာပေါ့..."

တစ်ဖက်လူထွက်သွားပြီးနောက် လင်ပေ့ဖန်သည် လျူရှောင်ယောက်ကို လက်မထောင်ပြပြီး လေးစားသောအမူအရာဖြင့် ပြောလိုက်သည်။

" ဆရာ ၊ ခုနတုန်းက ဆရာတွက်တာက အရမ်းမှန်တာပဲ... သူ့ရဲ့ ပြဿနာကို ဖြေရှင်းနိုင်ရုံသာမကဘူး...သူက ကျွန်တော့်ကိုလည်း ကူညီသွားသေးတယ်..ကျေးဇူးတင်ပါတယ်ဆရာ... "

" ကောင်းပြီ...ဒါက ငါ့အတွက်‌တော့ ‌ဘာမှမဟုတ်ဘူး..." လျူရှောင်ယောက်က အေးစက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

လင်ပေ့ဖန်၏ လေးစားအားကျနေသောအသွင်အပြင်ကို မြင်ပြီး သူ့စိတ်ထဲ၌ နောက်ဆုံးမှာတော့အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း အနည်းငယ် အဆင်မပြေ ဖြစ်နေတုန်းပဲ ဖြစ်သည်။

သူ့၏ အမာခံပရိတ်သတ်တွေက အချင်းချင်း ဆက်သွယ်လို့ရမည့် အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ထားသော်လည်း သူကတော့ ထိုအဖွဲ့ထဲတွင် မပါဝင်နိုင်ပေ။

ထို့ပြင် သူက တစ်ဖက်လူကို ထောက်ပြလမ်းညွှန်ပေးသည့်သူ ဖြစ်သော်လည်း တစ်ဖက်လူက လင်ပေ့ဖန်ကို သူ့ထက်တောင်မှ ပိုပြီးတော့ ကျေးဇူးတင်သွားခဲ့သည်။

ဘာတွေဖြစ်ကုန်တာလဲ ...ဝူးရှူးဝါးတွေဖြစ်ကုန်တာလား....

ထိုအချိန်တွင် ဒုတိယလူတစ်ယောက် ဝင်လာခဲ့သည်။

All Chapters