← Chapters

အခန်း (၁၈၆)

Vol. 14 Ch. 186

အခန်း (၁၈၆)

Vol. 14 Ch. 186

တစ်ဖက်လူသည် သူ့မိသားစုပြဿနာများကို ပြောပြခဲ့သည် ။

ဟုတ်ပေ၏။ တစ်ဖက်လူတွင် သာယာပျော်ရွှင်စရာကောင်းသည့် မိသားစုတစ်စုရှိခဲ့သည်။ ယောင်္ကျားက သူ့၏စီးပွားရေးကို အာရုံစိုက်ထားပြီး မိန်းမက အိမ်မှုကိစ္စကို စီမံသည့် အိမ်ရှင်မတစ်ယောက်ဖြစ်သည်။ထို့အပြင် သူတို့တွင် ချစ်စရာကောင်းပြီး ထက်မြက်သည့် သမီးလေးတစ်ယောက်လည်း ရှိ သေးသည်။

သို့သော်လည်းပဲ သူ့စီးပွားရေးအောင်မြင်လာသည့်အချိန်တွင် သူသည် အပြင်၌ မိန်းမတစ်ယောက်နှင့် ခြေရှုပ်မိခဲ့သည်။ ( TN/ အိတ်ဖောင်းတာနဲ့ စိတ်မပြောင်းနေကျနဲ့ ညိုကီတို့ )

ထိုကဲ့သို့ ဆက်ဆံရေးကို သူသည် နှစ်‌နှစ်ကြာအောင် ဖုံးကွယ်ထားပြီးနောက် နောက်ဆုံးမှာတော့ သူ့မိန်းမက သိရှိသွားခဲ့ပြီး မေ့လဲ၍ ဆေးရုံတင်လိုက်ရသည်။ထို့အပြင် ဆေးစစ်ချက်တွေအရ သူမမှာ ကင်ဆာရှိနေတာကိုလည်း သိရှိခဲ့ရသည်။သူသည် သူ့မိန်းမ၏ ကင်ဆာရောဂါကို အရှင်းပျောက်အောင် ကုသလို့မရတာကြောင့် ဆေးဖြင့် အချိန်ဆွဲနိုင်ရုံသာတတ်နိုင်ခဲ့သည် ။နောက်ဆုံးမှာတော့ သူ့မိန်းမက ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။

ထို့ကြောင့် သူသည် အမှန်တကယ်နောင်တရပြီး သူဖောက်ပြန်ခဲ့သည့် ကောင်မလေးနှင့် ဆက်ဆံရေးကို ဖြတ်တောက်ပြီး၊ သူ့သမီးကို စိတ်ရောကိုယ်ပါ စောင့်ရှောက်ပေးခဲ့သော်လည်း သူ့သမီးက သူ့ကို အပြစ်တင်ပြီး၊ သူ့အမေဆုံးခဲ့တာက သူ့အပြင်မှာ ဖောက်ပြန်ခဲ့တာကြောင့်ဟု သူ့သမီးက ထင်နေခဲ့သည်။

( TN / မိဘတွေရှိတုန်း တန်ဖိုးထားကြနော် ၊မဆိုင်ပေနဲ့ သတိပေးတာပါဗျ ၊ သေမှာ နောင်တရနေလို့ ဘာမှမထူးဘူး.. )

ရလဒ်အနေဖြင့် အဖေနှင့် သမီးကြား ဆက်ဆံရေးက အလွန်တင်းမာသွားခဲ့သည်။ထို့အပြင် သူ့သမီးက အမြဲတမ်းအတိုက်အခံပြုလုပ်ပြီး သူ သဘောမတူသည့် ကိစ္စများကိုပဲ ဇွတ်အတင်းလုပ်တာကြောင့် ပြဿနာပေါင်း၊သောင်းခြောက်ထောင် ဖြစ်ပေါ်စေခဲ့သည်။

အခု‌လည်း သူ့သမီးက အရွယ်ရောက်လာပြီဖြစ်တာကြောင့် သူ့ရဲ့ အုပ်ထိန်းမှုအောက်တွင် မနေချင်တော့သည့်အတွက် သူမက ကျောင်းဆက်မတက်ဘဲနှင့် ဖျော်ဖြေရေး နယ်ပယ်ထဲသို့ ဝင်ရောက်ဖို့ စီစဉ်နေခဲ့သည်။

သူကတော့ ထိုအစီအစဉ်ကို သဘောမတူခဲ့ပေ။အကြောင်းမူကား ဖျော်ဖြေရေးနယ်ပယ်သည် ရှုပ်ထွေးပွေလီလွန်းသည့် နယ်ပယ်တစ်ခုဖြစ်ပြီး ယောင်္ကျား၊မိန်းမဆက်ဆံရေးကလည်း အလွန်ဗရမ်းဗတာနိုင်သည့် နေရာတစ်ခုဖြစ်သည်ဟု သူ သိနားလည်ထားတာကြောင့် ဖြစ်သည်။

ထို့ကြောင့်သူသည် သူ့သမီးကို ထိုကဲ့သို့ နေရာမျိုးကို မဝင်ရောက်စေချင်ပေ။ထိုကိစ္စကြောင့်ပဲ သူ့သမီးနှင့် ရန်ဖြစ်ပြီး သူ့သမီးက အိမ်ပေါ်က ဆင်းသွားခဲ့သည်။ အခုချိန်ထိ သူ့သမီးဆီက ဘာသတင်းမှ မရသေးပေ။

" အမှန်အတိုင်းပြောရရင် ၊ ဒါကို ကျွန်တော်တကယ်နောင်တရတယ်... "

တစ်ဖက်လူက အလွန်နောင်တရစွာဖြင့် ပြောလိုက်သည်။

" အာမေ့ဆုံးသွားတာကို ကျွန်တော်အခုချိန်ထိ ဝမ်းနည်းနေတုန်းပဲ... သူမဆုံးသွားတာ ဆယ်နှစ်ရှိတာတောင် ကျွန်တော်ဒီဖြစ်ရပ်ကနေ ရုန်းမထွက်နိုင်သေးဘူး... နောက်ပြီးအာမေ့ဆုံးသွားတာက ကျွန်တော့်သမီးကို အရမ်းစိတ်ထိခိုက်စေမယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်... "

" အခု ကျွန်တော် သူမကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး... ကျွန်တော်မျှော်လင့်တာက သူမ ကျန်းမာပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေတာကိုပဲ ကျွန်တော်မြင်ရရင် ကျေနပ်ပါပြီ...ဆရာ၊ကျွန်တော့်ကို ကူညီပေးနိုင်မလား.. ဆရာ၊ကျွန်တော့်ကိုကူညီပြီးတော့ ကျွန်တော့်သမီးလေးကို ကူရှာပေးနိုင်မလား.. "

တစ်ဖက်လူသည် သူ့၏နောက်ဆုံးမျှော်လင့်ချက်ကို ဆရာလျူရှောင်ယောက်အပေါ်မှာ ထားခဲ့သည်။

လျူရှောင်ယောက်သည် လင်ပေ့ဖန်ကို ခိုးကြည့်လိုက်ချိန်တွင် လင်ပေ့ဖန်က သူ့နှင့်ဘာမှ မဆိုင်သလိုမျိုး လက်ဖက်ရည်ကို တိတ်တဆိတ်သောက်နေတာကို မြင်လိုက်ရတာကြောင့် သူသည် သူ့ကိုယ်ကိုယ်သူ ဂုဏ်ယူသွားခဲ့သည်။

' ဒီတစ်ကြိမ်တော့ မင်း ဘာမှမလုပ်နိုင်တော့ဘူးမလား.... '

' မင်းက လူတွေရဲ့ စီးပွားရေးအလုပ်အကိုင်တွေကိုကျတော့ ကူညီနိုင်ပြီးတော့ မိသားစုပြဿနာကိုကျတော့ မင်း မဖြေရှင်းနိုင်တော့ဘူးမလား... '

' နောက်ဆုံးတော့ ငါပဲ ဖြေရှင်းပေးရတာပေါ့ကွာ..ဟားဟား... "

လျူရှောင်ယောက်က ထိုအကြောင်းကိုစဉ်းစားပြီး လန်းဆန်းတက်ကြွသွားခဲ့သည်။

" ရိုးရိုးသားသားပြောရရင် ၊ ငါတို့လိုဆရာတွေ အနေနဲ့တောင် အိမ်တွင်းရေးကိစ္စတွေကို ဖြေရှင်းပေးရတာခက်ခဲတယ်... နောက်ပြီး မင်းတို့ရဲ့ မိသားစုပြဿနာတွေအားလုံးကလည်း မင်းကြောင့်ပဲ ဖြစ်လာခဲ့တာဆိုတော့ ငါတို့လို အပြင်လူတွေက ဝင်ရောက်ဖြေရှင်းပေးဖို့ အရမ်းမသင့်တော်ဘူး..."

တစ်ဖက်လူသည် ခါးသီး‌စွာဖြင့် ပြောလိုက်သည်။

" ဆရာ၊ ကျွန်တော်လည်း သိတယ်..ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ဘူး... "

" ဒါပေမဲ့ ငါမင်းကို သနားလို့ ‌ ဖြေရှင်းပေးလိုက်မယ်.." လျူရှောင်ယောက်က ပြောခဲ့သည်။

" ကျေးဇူးတင်ပါတယ်ဆရာ " တစ်ဖက်လူက အလွန်ဝမ်းသာသွားခဲ့သည်။

" မင်း ၊သမီးရဲ့ဓာတ်ပုံတစ်ပုံ မင်းမှာ ရှိလား..."

လျူရှောင်ယောက်က ခေါင်းယမ်းပြီး ပြောလိုက်သည်။

" မင်းရဲ့အခြေအနေက အတော်လေးရှုပ်ထွေးတယ် ..ငါမဟောခင် မင်းတို့နှစ်ယောက်ရဲ့မျက်နှာကို အရင်ဆုံးကြည့်ရမယ်.. "

" ဟုတ်ကဲ့.. ဆရာ ၊ကျွန်တော် သမီးဓာတ်ပုံယူလာပါတယ်။ " တစ်ဖက်လူက စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ပုံကို ယူထုတ်လိုက်သည်။

ဖြူစင်ချောမောလှပပြီး ‌အကြောတင်းပုံရသည့် ကောင်မလေးတစ်ယောက်၏ ဓာတ်ပုံက သူတို့ရှေ့၌ပေါ်လာခဲ့သည်။

" ဆရာ၊ဒါက ကျွန်တော့်သမီး ဖန်လင်အာပါ...။ဒီဓာတ်ပုံက သူမအသက်၁၇နှစ်လောက်‌တုန်းက ဓာတ်ပုံပါဗျ... "

" ဆရာ၊ကျွန်တော့်သမီးက အရမ်းလှတယ်မလား..သူမက အာမေ့ရဲ့ ရုပ်ရည်ကို အမွေဆက်ခံထားတာလေ၊ သူမက အာမေ့ငယ်ငယ်တုန်းကနဲ့ ချွတ်ဆွတ်တူတယ်..နောက်ပြီးသူမက အရမ်းယဉ်ကျေးပြီးတော့ ကြင်နာတတ်တယ်..အထူးသဖြင့် သူမက ကျွန်တော့်ကို ချွဲရတာ ကြိုက်တယ်..ဟူးစ်...ဒါပေမဲ့ ကံဆိုးချင်တော့.... "

လူတိုင်းက အလှအပကို ချစ်မြတ်နိုးတာကြောင့် လျူရှောင်ယောက်သည်လည်း ထိုဓာတ်ပုံကို မြင်ပြီး ကြက်သေသေသွားခဲ့သည်။

" မစ္စတာဖန်၊ခင်ဗျား ဒီဓာတ်ပုံထဲကမျက်နှာကို လှအောင်ပြင်ထားတာလား... "

တစ်ဖက်လူက အမြန်ပြန်ပြောလိုက်၏။

" မဟုတ်ပါဘူး၊ကျွန်တော်က အဲ့လိုအရာတွေကို မလုပ်ပါဘူး။ဘာဖြစ်လို့ ဆရာက ကျွန်တော့်ကို မေးတာလဲ.."

" အဟွတ်...အဟွတ်.. အကယ်၍ ခင်ဗျား၊ ဒီဓာတ်ပုံထဲက မျက်နှာကို ပြင်ထားရင် ငါ ကြည့်ရတာ ခက်လိမ့်မယ်.. "

" ဒါဆိုဒီလိုပေါ့... " တစ်ဖက်လူက လျူရှောင်ယောက်‌ ပြောတာကို သံသယဝင်သွားခဲ့သည်။

.......

ထိုအချိန်တွင် လျူရှောင်ယောက်၏ စိတ်ထဲမှာတော့ ယောင်္ကျားလေးတွေအချင်းချင်းသာ သိနိုင်သည့် အတွေးတွေ ပေါ်လာခဲ့သည်။

" မစ္စတာဖန် ၊ ငါ ၊မင်းကိုအခု လမ်းညွှန်ပေးတော့မယ်။ ခင်ဗျား ..သမီးက အခုချိန်မှာ ‌အရှေ့တောင်အရပ် ၁၀ကီလိုမီတာဝန်းကျင်လောက်မှာရှိတယ်... အဲ့ဒီနေရာက ဝမ်ဟယ်ရင်ပြင်ဖြစ်နိုင်တယ်..ခင်ဗျား မနက်ကိုးနာရီခွဲလောက်မှာ အဖြူရောင်ဝတ်စုံဝတ်ပြီးတော့ ဝမ်ဟယ်ရင်ပြင်ကို သွားမယ်ဆိုရင်၊ခင်ဗျားသမီးကို တွေ့ဖို့ အခွင့်အရေးတစ်ခုရှိတယ်.. "

" ဆရာရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်..ဆရာ။ " သူဌေးဖန်က အလွန်ဝမ်းသာသွားခဲ့ပေမဲ့လည်း ချက်ချင်းပဲ နောက်တစ်ဖန် ဝမ်းနည်းလာပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ကျွန်တော် သူမကို ရှာတွေ့ရင် ဘယ်လိုလုပ်ရမလဲ..။သူမ နောက်တစ်ခါ အိမ်ပေါ်ကထပ်‌ထွက်ပြေးသေးနိုင်တယ်။ နောက်ပြီး ကျွန်တော်သူမကို တစ်သက်လုံး အိမ်ထဲမှာပဲ ပိတ်လှောင်ထားလို့မရဘူးလေ.."

" ဟုတ်တယ် ၊ခင်ဗျား ပြောတာလည်း မှန်တာပဲ..ဒါဆို ခင်‌ဗျား၊သူမကို ရှာတွေ့ပြီးရင် သူမကို ဒီကို ခေါ်လာခဲ့လိုက်.. " ပြောပြီး လျူရှောင်ယောက်က နည်းနည်း ရှက်သွားခဲ့သည်။

သူဌေးဖန်သည် ကြက်သေသေသွားခဲ့သည်။

" ဒီကိုခေါ်လာခဲ့ရမယ်..ဘာလို့ခေါ်လာရမှာလဲ.. "

" ဘာလို့လဲဆိုတော့..."

ထိုအချိန်တွင် သူတို့ဘေးနားမှာ အချိန်အကြာကြီး တိတ်တိတ်ကလေးနေနေသည့် လင်ပေ့ဖန်က ကြားဖြတ်ဝင်ပြောလိုက်သည်။

" သူဌေးဖန် ၊ ခင်ဗျား နားမလည်သေးဘူးလား...။ဆရာ ခင်ဗျားသမီးကို ဒီခေါ်လာခိုင်းတာက ကျွန်တော့်ကို လာတွေ့ခိုင်းတာလေ.."

သူဌေးဖန် နှင့် လျူရှောင်ယောက်တို့သည် ကြက်သေသေသွားခဲ့သည်။

" မင်းကိုလာတွေ့ခိုင်းတာလား.."

လင်ပေ့ဖန်က ပြုံးပြီး ခေါင်းညိတ်လိုက်၏။

" သူမကို ကျွန်တော့်ဆီ လာတွေ့ခိုင်းလိုက်.. "

သူဌေးဖန်က မေးလိုက်သည်။

" ဘာလို့လဲ... "

" ဘာလို့လဲဆိုတော့... " လင်ပေ့ဖန်က ခေါင်းမော့ပြီးပြောလိုက်သည်။

" ကျွန်တော်က ဖျော်ဖြေရေးနယ်ပယ်မှာ နံပါတ်တစ်ကုမ္ပဏီဖြစ်တဲ့ ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌဖြစ်လို့ပဲ... "

" အမ်..ဒါက ကျွန်တော့်သမီးနဲ့ ဘာဆိုင်လို့လဲ.. " သူဌေးဖန်သည် နားမလည်နိုင်ပဲ ဖြစ်နေသေးသည်။

လင်ပေ့ဖန်က ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

" သူဌေးဖန် ၊ခင်ဗျားသမီးက ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ချင်တယ်လို့ ခင်ဗျားကို မပြောခဲ့ဘူးလား...ကျွန်တော်က ဖျော်ဖြေရေးနယ်ပယ်မှာ သူဌေးကြီးတစ်ယောက်ဖြစ်ပြီးတော့ ဝိတ်နည်းနည်းရှိတဲ့ လူတစ်ယောက်ပဲ...ခင်ဗျားပြောကြည့်၊ ကျွန်တော် ဒီမှာရှိတယ်ဆိုတာကို ခင်ဗျားသမီးသိသွားရင် သူမ စိတ်မလှုပ်ရှားဘဲနဲ့ နေမှာလား.. "

" ဘယ်နေမလဲ... " သူဌေးဖန်က ခေါင်းညိတ်လိုက်သည်။

" ကျွန်တော် ဒီမှာ ရှိတယ်ဆိုတာ သူမသိရင် ၊သူမဒီကို အမြန်လာမှာလား... "

" သေချာပေါက် လာမှာပေါ့.. " သူဌေးဖန်က ခေါင်းထပ်ညိတ်လိုက်သည်။

" ဒါ‌ပဲလေ... "

လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" ခင်ဗျား သူမကို ကျွန်တော့်ဆီ ခေါ်လာပေး ၊ ကျွန်တော်က သူမကို ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်လို့ရအောင်လုပ်ပေးမယ်..သူမ ဖျော်ဖြေရေးနယ်ပယ်ထဲ တရားဝင် မဝင်ရောက်ခင်မှာ သူမ အရင်ဆုံး လေ့ကျင့်ရဦးမယ်မလား...သူမ လေ့ကျင့်နေတဲ့အချိန်ကျရင် အပြင်လျှောက်သွားလို့မရတော့ဘူး။နောက်ပြီး ခင်‌ဗျားလည်း သူမကို တွေ့ချင်တဲ့အချိန်တိုင်း လာတွေ့လို့ရတာပေါ့။ "

" ဒါ့အပြင် သူမက တတယ်ကြိုးစားပြီးတော့ ဒီနယ်ပယ်မှာ အရည်အချင်းရှိတယ်ဆိုရင် ၊ကျွန်တော်လည်း သူမကို ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်လို့ရအောင် လုပ်ပြီးတော့ သူမဆန္ဒကို ဖြည့်ဆည်းပေးလို့ရတာပေါ့...။ နောက်ပြီး ကျွန်တော် ကိုယ်တိုင် သူမရဲ့နောက်မှာ ရှိနေတာဆိုတာတော့ ခင်ဗျားသမီး ထိခိုက်မှာကို ခင်ဗျား ဘာလို့ စိတ်ပူစရာလိုတော့မှာလဲ .. "

" ဟုတ်တယ် ၊မင်းပြောတာမှန်တယ်..။ ငါဘာလို့ ဒါကို မစဉ်းစားမိတာလဲ ..။ " သူဌေးဖန်က သူ့ပေါင်ကို ရိုက်ပြီး အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လျူရှောင်ယောက်သည်လည်း အလွန်စိတ်လှုပ်ရှားပြီး သူ့စိတ်ထဲ၌ လင်ပေ့ဖန်ကို ဆုတောင်းမေတ္တာပို့သနေခဲ့သည်။

' လဗြွတ်ကောင် ၊ မအေမွေး လင်ပေ့ဖန် မင်းက ငါစော်တစ်ယောက်ရမှာကို ကြားကနေ ဖြတ်ခုတ်သွားတာပဲ... "

" ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်စလုံးက သာမန်လူတွေပဲ။ ကျွန်တော်တို့က ဒီလောက် အဝေးကြီးကို ဘယ်လိုစဥ်းစားနိုင်မှာလဲ..အကယ်၍ ဆရာလျူရဲ့ သတိပေးချက်သာမရှိရင် ကျွန်တော် ဒါကို စဉ်းစားနိုင်မှာမဟုတ်လောက်ဘူး။ "

လင်ပေ့ဖန်က လေးစားသောအကြည့်တစ်ခုဖြင့် သူ့ဘေးမှာထိုင်နေသည့် လျူရှောင်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဆရာ ၊ ကျွန်တော်ပြောတာ မှန်တယ်မလား... "

လျူရှောင်ယောက် : "..."

အစတုန်းက သူပြောချင်တာက ဖန်လင်အာကို သူ့ဘေးနားမှာ ခေါ်ထား၍ သူကပဲ သူမကို နားဝင်အောင်ပြောပြီး သူမကို သူ့အပေါ်စိတ်ဝင်စားအောင် ဆွဲဆောင်ချင်တာပဲဖြစ်သည်။

ထို့နောက် အချိန်အတော်ကြာ သူမနဲ့ ရင်းနှီးပြီးနောက် သူမနဲ့ ဒန့်တန့်တန့်နိုင်သည်။

ဟီးဟီး....

သို့သော်လည်းပဲ အခုတော့ လင်ပေ့ဖန် ပြောထားသည့် နည်းလမ်းနဲ့ ယှဉ်ရင် သူ့၏ ကိုယ်ပိုင်နည်းလမ်းက မကောင်းတဲ့အပြင် နည်းနည်းရိုင်းစိုင်းသလိုတောင်ဖြစ်တာကြောင့် သူသည် ထိုနည်းလမ်းပို ပြောပြဖို့ အလွန်ရှက်ရွံ့နေခဲ့သည်။

ထို့ကြောင့် သူသည် အံကြိတ်ရုံသာတတ်နိုင်သည်။

" ဒါအမှန်ပဲ...မင်းပြောတာမှန်တယ်.. "

" ကျွန်တော်ပြောတယ်လေ ၊ကျွန်တော် ဆရာ့ကို နားလည်ပါတယ်လို့.. ဟားဟား... " လင်ပေ့ဖန်က ရယ်မောပြီး ဝင့်ကြွားစွာ ပြောလိုက်သည်။

လျူရှောင်ယောက်သည် အလွန်ဒေါသထွက်သွားနေခဲ့သည်။

" ဒါဆိုရင် ၊ ကျွန်တော်...မစ္စတာလင်ကို ကျေးဇူးတင်ပါတယ် "သူဌေးဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ရပါတယ် ၊ကျွန်တော်တို့က တစ်ဖွဲ့တည်းပဲဟာကို ၊အဲ့လောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး.. "

" မစ္စတာလင် ၊ကျွန်တော့် သမီးကို ရှာတွေ့ပြီးရင် ဒီကို ခေါ်လာခဲ့ဖို့ လိုသေးလား... " သူဌေးဖန်းက ထပ်မေးလိုက်သည်။

လင်ပေ့ဖန်က စာနာထောက်ထားစွာဖြင့် ပြောလိုက်သည်။

" ဆရာက တိတ်ဆိတ်တာကို ကြိုက်တယ်..အကယ်၍ ခင်ဗျားသမီးကို ဒီခေါ်လာခဲ့ရင် ၊ဒါက ဆရာ့ကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မယ်..ဒါကြောင့် ခင်ဗျားသမီးကို ကျွန်တော်အိမ်ကို တိုက်ရိုက်ခေါ်လာခဲ့လိုက်...။ "

" ကောင်းပြီ ၊ မစ္စတာလင် ပြောလိုက်တာက ‌ကျွန်တော် ပြောချင်ချင်တဲ့စကား အတိအကျပဲ... "

လျူရှောင်ယောက် : " ... “

All Chapters