← Chapters

အခန်း (၁၈၇)

Vol. 14 Ch. 187

အခန်း (၁၈၇)

Vol. 14 Ch. 187

လင်ပေ့ဖန်သည် ကြည့်ပြီး ကျေနပ်အားရနေသည်။

" ဆရာ ၊ ‌ဆရာက ဆရာတစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်တယ်.. နောက်ပြီး ဆရာက တစ်ဖက်လူရဲ့ မျက်နှာကိုကြည့်လိုက်ရုံနဲ့ တစ်ဖက်လူရဲ့ အကြောင်းကို သိပြီးတော့ တစ်ခြားလူတွေရဲ့ စိတ်သောကရောက်နေမှုတွေကို လမ်းပြကူညီပေးနိုင်တယ်..ဆရာ ၊ဆရာက သက်ရှိဘုရားတစ်ဆူတစ်ပါးပဲ..."

" မင်း ငါ့ကို မြှောက်ပြောလွန်းအားကြီးနေပြီ။ " လျူရှောင်ယောက်၏ ပါးစပ်ထောင့်က တွန့်ကွေးသွားခဲ့သည်။

လင်ပေ့ဖန်က သူ့ကို ' သက်ရှိဘုရားတစ်ဆူလို့ ' ချီးကျူးနေသော်လည်း သူသည် အမြဲတမ်းအဆင်မပြေသလို ခံစားခဲ့ရသည်။

သူသည် သူတွက်ပေးခဲ့သည့် ဗေဒင်သုံးခုစလုံးကို ထိုလူယုတ်မာက အချောင်သက်သက် အခွင့်ကောင်းဝင်ယူနေသည်ဟု ခံစားခဲ့ရသည်။

ထို့အပြင် သူ ဗေဒင်တွက်ပေးသည့် ပထမတစ်ကြိမ်နှင့် ဒုတိယတစ်ကြိမ်ကို လင်ပေ့ဖန် အခွင့်ကောင်းဝင်ယူတာကို သူလက်ခံနိုင်သေးသည်။သို့သော်လည်းပဲ နောက်ဆုံးတစ်ကြိမ်ကိုတော့ သူတကယ်လက်သင့်မခံနိုင်ပေ။အကြောင်းမူကား နောက်ဆုံးတော့ သူ မြင်မြင်ချင်း ချစ်မိခဲ့သည့် ကောင်မလေးကို ထိုငနဲက ဝင်လုသွားတာကြောင့်ဖြစ်သည်။

ငါ့ဘဝနှစ်ခုစလုံးမှာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိဖို့ ဆိုတာ လွယ်တယ်များ မင်း ထင်နေလား... ( TN/မျက်ရည်တစ်စက်)

မင်းက ငါ့လူတွေကို ခိုးယူဖို့များ ငါ့ဘေးနား လာနေ‌ေနတာလား...

မင်းက နည်းနည်းတော့များသွားပြီ....

မင်း ၊ငါ့ကို ခဏလောက် မလွှတ်ထားပေးနိုင်ဘူးလား...

" ဆရာ၊ ကျွန်တော် ဒီနေ့ တကယ်ပဲ အကျိုးအမြတ်အများကြီးရသွားတယ်..။ မနက်ဖြန်ရော ကျွန်တော် ဒီကိုလာလို့ရလား.. " လင်ပေ့ဖန်က အရှေ့ကိုကြည့်ပြီး ပြောလိုက်၏။

လျူရှောင်ယောက်၏ မျက်နှာက အနည်းငယ်ပြောင်းသွားခဲ့သည်။

မင်းက မနက်ဖြန်ပါ လာဦးမှာလား...

" မင်း ၊ မနက်ဖြန်မလာနဲ့တော့..။ ငါ ဉာဏ်လင်းတစ်ချို့ရထားလို့ မနက်ဖြန် ‌‌ေဟာခန်းပိတ်ပြီး အနားယူမလို့..။ " လျူရှောင်ယောက်က ပြောလိုက်သည်။

" ဒါဆို သန်ဘက်ခါရော ကျွန်တော် လာလို့ရလား.. " လင်ပေ့ဖန်က မေးလိုက်၏။

" သန်ဘက်ခါလည်း ‌ဟောခန်း ဖွင့်မှာမဟုတ်ဘူး။ "

" ဆရာ ၊ဒါဆို ဘယ်အချိန်မှ ဖွင့်မှာလဲ..။ " လင်ပေ့ဖန်က နောက်တစ်ခါ ထပ်မေးလိုက်၏။

" ဒါတော့ ငါလည်းမသိဘူး ၊ငါစိတ်ကူးပေါက်တဲ့အချိန် ဖွင့်ချင်ရင်ဖွင့်လိမ့်မယ်... "

" ဟုတ်ကဲ့ပါဆရာ " လင်ပေ့ဖန်က အလွန်နောင်တရစွာဖြင့် ပြောလိုက်သည်။

" ဒါဆိုရင် ကျွန်တော်အခု ဆရာ့ကို မနှောင့်ယှက်တော့ပါဘူး..။ နောက်နေ့တွေမှပဲ ကျွန်တော်ဆရာ့ကို လာတွေ့တော့မယ်...။ "

" ကောင်းပြီ။ " လျူရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် လင်ပေ့ဖန်က ပန်ရှန်းကျူကနေ ထွက်ခွာသွားခဲ့ပြီး ဝီချက်ဂရုထဲကို စာတစ်စောင်ပို့ခဲ့သည်။

လင်ပေ့ဖန် : ဆရာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဉာဏ်အလင်းရခဲ့လို့ ဟောခန်းကို မဖွင့်တော့ဘူးတဲ့..။ဘယ်အချိန်ပြန်ဖွင့်မလဲ‌ေတာ့ ကျွန်တော်လည်း မသိဘူး။ဒါကြောင့် အနာဂတ်မှာ ကျွန်တော်တို့ ပြဿနာတွေ ကြုံလာလို့ရှိရင် ၊အရင်ဆုံး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဂရုထဲမှာ တိုင်ပင်ဖြေရှင်းရမယ်..။အကယ်၍ ကျွန်တော်တို့မဖြေရှင်းနိုင်မှ ဆရာ့ကို သွားရှာရမယ်...။ ခင်ဗျားတို့ရော ဘယ်လို သဘောရကြလဲ..။

ဝမ်ကျင်ကျင်း : ကျွန်တော့်လည်း သဘောတူတယ်။

လျူကွမ်ရန် : မစ္စတာလင်ရဲ့ အဆိုပြုချက်က ကောင်းတယ်။

ရှုမေ့ဖုန်း : လက်နှစ်ဖက်နဲ့ ထောက်ခံပါတယ်။

အဖွဲ့ဝင်အားလုံးက သဘောတူခဲ့ကြသည်။

ဟုတ်ပေ၏။ဆရာလျူသည် ဗေဒင်ဟောသည့်အကြိမ်အရေအတွက်ကို တစ်နေ့လျှင် သုံးကြိမ်သာ ကန့်သတ်ထားတာကြောင့် လူတိုင်း အရွေးချယ်ခံရနိုင်ခြေက အတော်လေး နည်းသည်။ထို့အပြင် စောင့်နေရတာကလည်း အတော်လေး အချိန်ကုန်သည် ။ ထို့ကြောင့် အကူအညီ တောင်းရန် အဖွဲ့ထဲရှိ တစ်စုံတစ်ယောက်ကို ရှာခြင်းက ထိုမှာ စောင့်နေခြင်းထက်ပိုကောင်းသည်။

ပြီးနောက် အဖွဲ့ထဲရှိ လူတိုင်းကလည်း အရည်အချင်းရှိပြီး စကားပြောကောင်းတာကြောင့် ဤအဖွဲ့ထဲမှာ နေရတာကို ပိုကြိုက်ကြသည်။

ထိုသို့ဖြင့် အချိန်တစ်ရက်က ဘာသိဘာသာဖြင့် ကုန်ဆုံးသွားခဲ့သည်။

....

နောက်နေ့တွင် သူဌေးဖန်က ကောင်မလေးတစ်ယောက်နှင့် လင်ပေ့ဖန်ဆီ လာခဲ့သည်။

ထိုကောင်မလေးသည် အရပ်၁.၆၅မီတာလောက်ရှည်ပြီး ၊ခရမ်းရောင်နှင့်အနီရောင်ဆိုးထားသည် ဆံကေသာ၊သူမ၏ အသားအရေကလည်း ချောမွေ့ပြီး၊ သူမ၏ မျက်နှာလေးကလည်း နူးညံ့လှပနေသည်။

ထို့အပြင် သူမသည် ခေါင်းလေးကို အနည်းငယ်မော့ပြီး သူမအဖေကို မခန့်လေးစား လုပ်နေပုံရသည်။

" မစ္စတာလင် ၊ သူမက ကျွန်တော့်သမီးဖန်လင်အာပါ။ ကျွန်တော် သူမကို မင်းဆီ ခေါ်လာခဲ့တယ်...။ " သူဌေးဖန်က ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်သည်။

လင်ပေ့ဖန်သည်လည်း ခေါင်းညိတ်ပြီး ပြုံးပြခဲ့သည်။

သို့သော်လည်းပဲ ကောင်မလေးကတော့ အော်ပြောလိုက်သည်။

" လူအိုကြီး ၊ ရှင် လူများ မှားများမှားနေတာလား...။ သူက ရှင်ပြောတဲ့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ဥက္ကဌ လင်ပေ့ဖန်လား...။ သူက ကျွန်မထက် နှစ်အနည်းငယ်လောက်ပဲ ကြီးလောက်မယ်...။ လူအိုကြီး၊ ရှင် ကျွန်မကို လိမ်နေတာလား...။ "

သူဌေးဖန်သည် အေးစက်သောမျက်နှာဖြင့် အော်ပြောလိုက်သည်။

" နင် စကားကို ဘယ်လို ပြောနေတာလဲ..။ ယဉ်ယဉ်ကျေးကျေး ပြောရမယ်ဆိုတာ နင်နားမလည်ဘူးလား..။ ဒီနှစ်တွေထဲမှာ ငါ နင့်ကို ပညာသင်ပေးခဲ့တာ ‌ တွေက အလကားဖြစ်သွားပြီလား..။ "

ထို့နောက်သူသည် လင်ပေ့ဖန်ကို ပြုံးပြီး ပြောလိုက်သည်။

" မစ္စတာလင် ၊ ကျွန်တော် တောင်းပန်ပါတယ် ။ ကျွန်တော့်သမီးက နည်းနည်းရိုင်းတယ် ၊ ကျွန်တော် သူမကို အရင်ဆုံး သင်ခန်းစာပေးလိုက်ဦးမယ်။ ကျွန်တော့်ကို အရင်ဆုံး အချိန်ခဏလောက်ပေးပါဦး..။

လင်ပေ့ဖန်က အမူအရာမပြောင်းပဲနှင့် ခေါင်းညိတ်လိုက်သည်။

" ရပါတယ် .."

" ကျေးဇူးတင်ပါတယ် မစ္စတာလင်။ "

ထို့နောက် သူဌေးဖန်သည် သူ့သမီးကို ထောင့်တစ် နေရာသို့ ‌ဆွဲခေါ်သွားခဲ့သည်။

" အဖေ သမီးကို မလိမ်ဘူး ၊ သူက တကယ်ပဲ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ဥက္ကဌ လင်ပေ့ဖန်ပဲ..။ "

ကောင်မလေးဖန်လင်အာသည် သူမအဖေပြောတာကို မယုံကြည်သောအမူအရာအပြည့်ဖြင့် အထင်အမြင်သေးစွာပြောလိုက်သည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။ သူ့ကို ကြည့်လိုက် ၊သူ့အသက်က အရမ်းငယ်ငယ်လေးပဲရှိသေးတယ် ၊အလွန်ဆုံးရှိမှ သူ့အသက်က အသက် နှစ်ဆယ်လောက်ပဲရှိဦးမယ်။ သူက ကောလိပ်ကနေ ဘွဲ့မရသေးမှာတောင် ကျွန်မ‌ ကြောက်တယ်။ အဲ့ဒီလိုလူက ဘယ်လိုလုပ် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ဥက္ကဌဖြစ်နိုင်မှာလဲ..။ လူအိုကြီး ၊ ရှင်ကျွန်မကို လှည့်စားချင်ရင်၊ သူ့ထက် ပိုပြီးတော့ သင့်တော်တဲ့ သူကို အရင်ရှာလိုက်ဦး..။ သူ့နဲ့ဆို ကျွန်မကို လှည့်စားလို့ရမှာမဟုတ်ဘူး...."

သူဌေးဖန်သည် လေးနက်‌စွာဖြင့် ပြောလိုက်သည်။

" သူက တကယ်တော့ အရမ်းငယ်တယ်။လက်ရှိသူ့အသက်က ၂၀ပဲရှိသေးတယ်။သူက သမီးထက် ၂ နှစ်လောက်ပဲ ကြီးလိမ့်မယ်။ဒါပေမဲ့ မိသားစုနောက်ခံ နဲ့ အရည်အချင်းရှိတဲ့သူတွေက ဒီအ‌သက်အရွယ်‌လောက်မှာ ဥက္ကဌနေရာ ထိုင်နေတာက အဆန်းမဟုတ်ဘူးလေ။ "

ဖန်လင်အာသည် သူမ၏မျက်လုံးများကို လိမ့်ပြီး နှာမှုတ်လိုက်သည်။

" ဒါဆိုရင် သူ့မှာ ဘာနောက်ခံနဲ့ ဘာအရည်အချင်း တွေများ ရှိလဲဆိုတာကို သမီးကို ပြောပြ။ "

" သူက လင်အုပ်စု၊ ဥက္ကဌရဲ့ သားတစ်ယောက်ပဲ။လင်အုပ်စုက ကမ္ဘာတစ်ဝှမ်းလုံးမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အုပ်စုကြီး တစ်ခုဖြစ်ပြီးတော့ သူတို့မှာ ဝန်ထမ်းပေါင်း ၁၀၀၀၀၀ လောက် ရှိတယ်။ နောက်ပြီး သူတို့ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုကလည်း ယွမ်၃၀၀ဘီလီယံရှိပြီးတော့ မိုဟိုင်မြို့မှာ ထိပ်တန်းအုပ်စုတစ်ခုလည်း ဖြစ်တယ်ဆိုတာကို သမီးလည်း သိလိမ့်မယ်...။ "

ဖန်လင်အာ၏မျက်နှာက အံ့အားသင့်သောအမူအရာ ဖြစ်သွားသည်။

" တကယ်လား... "

" တကယ်ပေါ့ ၊အဖေက သမီးကို လိမ်ပါ့မလား။ဒါပေမဲ့ လင်ပေ့ဖန်ရဲ့ အကြီးအမားဆုံးစွမ်းအားက သူ့ရဲ့ နောက်ခံမဟုတ်ဘူး။သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းပဲ...။ "

သူဌေးဖန်သည် လေးစားသော အမူအရာအပြည့်ဖြင့် လိုက်သည်။

" လွန်ခဲ့တဲ့ သုံးလတုန်းက သူက စုစုပေါင်းယွမ်၁ဘီလီယံလောက် ပိုင်ဆိုင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီသေးသေးလေးတစ်ခုကို လွှဲပြောင်းယူပြီးတော့ သုံးလမပြည့်ခင်မှာပဲ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ၂ ဆကျော် တိုးလာအောင် လုပ်ပြခဲ့တယ်။ အနည်းဆုံး ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက ယွမ် ဘီလီယံ ဆယ်ဂဏန်းလောက်တိုးလာခဲ့တယ်။ "

ဖန်လင်အာသည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ပြောလိုက်၏။

" သုံးလမပြည့်ခင်မှာ ယွမ် ဘီလီယံ ဆယ်ဂဏန်းလောက် ရရှိခဲ့တယ်ပေါ့လေ။သူက လူရော ဟုတ်သေးရဲ့လား...။ "

သူမ၏ အဖေသည်လည်း လူချမ်းသာတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူမအဖေသည် ယွမ် သန်း၂၀၀၊၃၀၀ လောက် ပိုင်ဆိုင်ဖို့အတွက် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်းပဲ အခုတော့ လူတစ်ယောက်သည် သုံးလမပြည့်ခင် ယွမ် ဘီလီယံ ဆယ်ဂဏန်းရရှိအောင် ပြုလုပ်နိုင်ခဲ့သည်။

၎င်းက လုံးဝ အဓိပ္ပာယ်မရှိပေ။

" သူက လူတစ်ယောက်လို့ အဖေလည်း မထင်ဘူး။ဒါပေမဲ့ သူလုပ်ပြနိုင်ခဲ့တယ်။သမီးဘယ်လိုထင်လဲ.." သူဌေးဖန်က ခါးသီးစွာဖြင့် ပြုံးခဲ့သည်။

သူသည် သူ့၏မိသားစုစီးပွားရေးလုပ်ငန်း အောင်မြင်ဖို့အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာကို အလွန်ဂုဏ်ယူခဲ့သည်။သို့သော်လည်းပဲ ယခုတော့ လင်ပေ့ဖန်နှင့် နှိုင်းယှဉ်လိုက်ချိန်တွင် ဒီနှစ်တစ်လျှောက်လုံး သူ့ကိုယ်ကိုယ်သူ အချိန်ဖြုန်းနေသလိုမျိုး ခံစားခဲ့ရသည်။

ဖန်လင်အာက ထပ်မေးလိုက်၏။

" သူက တကယ်ပဲ ယွမ် ဘီလီယံဆယ်ဂဏန်းလောက်ရအောင်ပဲ လုပ်နိုင်ခဲ့တာလား... "

" မဟုတ်ဘူး ၊သူရှာခဲ့တာက ခန့်မှန်းချေ ယွမ်၃၀ဘီလီယံလောက်ရှိမယ်.."

" ယွမ် ၃၀ ဘီလီယံ......" ဖန်လင်အာ မူးဝေသွားခဲ့သည်။

" အရင်တုန်းက သူက မြေကွက်တစ်ခုဖွံ့ဖြိုးတိုးတက်‌ အောင်လုပ်ဖို့အတွက် လီချုံးအဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်။ နောက်ပြီး အဲ့ဒီမြေကွက်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက်လည်း ဒေါ်လာဆယ်ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်..။ "

" ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလည်း ဟန်တင်းဖျော်ရေးရဲ့ စတော့ရှယ်ယာတွေ သိသိသာသာ ကျဆင်းခဲ့လို့ သူက ဟန်တင်းဖျော်ဖြေရေးရဲ့ ရှယ်ယာတွေကို အခွင့်ကောင်းယူပြီးတော့ ဝယ်ယူဖို့အတွက် ယွမ် ၁၀ ဘီလီယံလောက်သုံးစွဲခဲ့တယ်...။ "

" အခု သူက ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စလုပ်နေပြီ။ ကုမ္ပဏီအများကြီးကလည်း သူဆီကနေ ငွေကြေးအထောက်အပံရဖို့အတွက် သူ့ကို ချဉ်းကပ်နေကြတယ်။ နောက်ပြီး လီချုံးအဖွဲ့တစ်ခုတည်းတင် သူ့ဆီကနေ ယွမ် ၇ ဘီလီယံ၊၈ ဘီလီယံလောက် ချေးထားခဲ့တယ်။ "

" သမီးပြောကြည့် ၊အကယ်၍ သူ့မှာသာ အရည်အချင်းမရှိဘူးဆိုရင် အမြတ်ဒီလောက်အများကြီးရအောင် လုပ်နိုင်ပါ့မလား...။ "

ဖန်လင်အာသည် ကြက်သေသေသော အမူအရာဖြင့် ခေါင်းညိတ်ခဲ့သည်။

နောက်ဆုံးမှာတော့ သူဌေးဖန်သည် သူ့ဖုန်းကို ယူထုတ်ပြီး ပြလိုက်သည် ။

" အဖေ ပြောတာကို သမီး မယုံသေးရင် လိုင်းပေါ်မှာ ရှာကြည့်လို့ရတယ်..။လွန်ခဲ့တဲ့ နှစ်ရက်တုန်းကမှ သူက ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌဖြစ်လာတာဆိုတော့ သူ့သတင်းက လိုင်းပေါ်မှာ ဟစ် ဖြစ်နေလောက်ဦးမယ်..။ "

ဖန်လင်အာသည် သူမဖုန်းကို ယူထုတ်ပြီး ရှာကြည့်လိုက်ချိန်တွင် ထိုသတင်းက အမှန်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် သူမခန္ဓာကိုယ်တစ်ခုလုံး ကြက်သေသေသွားခဲ့သည်။

သူကတော့ အသက်၂၀ထဲနှင့် ပိုင်ဆိုင်မှု ယွမ်ဘီလီယံ ဆယ်ဂဏန်းလောက်ကို ပိုင်ဆိုင်ပြီး ဖျော်ဖြေရေးနယ်ပယ်၏ သူဌေးကြီး‌တစ်ယောက် ဖြစ်နေချိန်တွင် သူမကတော့ အသက်၁၈နှစ်ရှိပြီဖြစ်သော်လည်း ၊ဘာမှ မသိမနားလည်သေးသည့်အပြင် ကျောင်းလည်းမတက်တော့ပေ။

ကွာခြားမှုကတော့ မိုးနှင့်မြေလိုပဲ ဖြစ်သည်။

ထို့အပြင် သူမသည် သူ့ကို စိတ်မကျေမနပ်ဖြစ်စေမိခဲ့သည်။

ထို့ကြောင့် သူမသည် စိုးရိမ်သောအမူအရာဖြင့် ပြောလိုက်သည်။

" လူအိုကြီး ၊ ခုနတုန်းက ကျွန်မ သူ့ကို စိတ်တိုအောင် လုပ်ခဲ့မိတယ်။ ကျွန်မ အခု ဘာလုပ်သင့်တယ်လို့ ရှင်ထင်လဲ...။သူက ကျွန်မကို ဖျော်ဖြေရေးနယ်ပယ်ထဲ မခေါ်သွားတော့ပဲနဲ့ ကျွန်မကို ဖျော်ဖြေရေး နယ်ပယ်ထဲ ဝင်လို့မရတော့အောင် လုပ်‌ေတာ့မှာလား...။ "

သူဌေးဖန်သည် အတော်လေး ဆွံ့အသွားသည်။

" နင့် စိတ်ထင် လူတွေက အရမ်းအားယားပြီးတော့ နင့်လို မိန်းမငယ်လေးတစ်ယောက်ကို မုန်းနေမယ်များ ထင်နေတာလား..။မစိုးရိမ်နဲ့၊ သူတို့အကုန်လုံးက အလုပ်ကြီး၊အကိုင်ကြီး လုပ်နေကျတဲ့သူတွေပဲ။ ဒီကိစ္စကို ခေါင်းထဲထည့်ထားမှာတောင် မဟုတ်ဘူး..။ "

"အဖေနဲ့ ၊ သူနဲ့က အဆက်အသွယ် အများကြီးမရှိပေမဲ့ မစ္စတာလင်က လူတွေကို ကောင်းကောင်း မွန်မွန်ဆက်ဆံ တတ်တယ်လို့ အဖေကြားဖူးတယ်။ သူက လူတိုင်းအပေါ်မှာ အလွန်ဖော်‌ရွေတယ် ၊‌ေနာက်ပြီး သူက သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ညီအစ်ကိုတွေကိုဆို ပိုပြီးတော့တောင် ဖော်ရွေသေးတယ်..။

" ဒါကြောင့် ခဏနေကျရင် သမီး သင့်တော်သလို သူ့ကို တောင်းပန်ပြီးတော့ ကောင်းကောင်းမွန်မွန်နေ။ "

ဖန်လင်အာက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။

" ကျွန်မ ခုမှပဲ စိတ်သက်ရာရတော့တယ်.. "

ထို့နောက် သူတို့နှစ်ယောက်သည် လင်ပေ့ဖန်ဆီ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။

All Chapters