← Chapters

အခန်း (၁၈၉)

Vol. 14 Ch. 189

အခန်း (၁၈၉)

Vol. 14 Ch. 189

ထို့နောက် လင်ပေ့ဖန်သည် ဖန်လင်အာကို ဤနေရာမှာရှိသည့် အလုပ်ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ခေါ်ဆောင်သွားခဲ့သည်။

ထိုအချိန်တွင် ဟဲရွှီဝမ်ကသူ့ကို ဖုန်းခေါ်လာခဲ့သည်။

ဖုန်းကို ကိုင်လိုက်တာနှင့် တစ်ဖက်က ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

" ဥက္ကဌ ၊ မင်း သတန်းသူတစ်‌ေယာက်ကို ထရိန်နီလုပ်ပေးဖို့အတွက် စီစဉ်နေတယ်လို့ ငါကြားတယ်။နောက်ပြီး သူမ အရမ်းလှတယ်တဲ့ ၊ မင်း သူမအပေါ်မှာ မဟုတ်မဟက်အတွေးတွေများရှိနေတာလား..။ကျွန်တော် သူမကို အထူး ဂရုစိုက်ပေးဖို့များ လိုသေးလား.."

လင်ပေ့ဖန်က မှင်တက်စွာဖြင့် ပြောလိုက်သည်။

" မင်းက အတော်လေး သတင်းစုံတဲ့သူပဲ။ ငါ အခုလေးတင် လူတစ်ယောက်ကို ထရိန်နီလုပ်ပေးဖို့ စီစဉ်နေတယ်ဆိုတာကိုလည်း မင်းသိနေပြီ။ "

ဟဲရွှီဝမ်က ဆက်လက်ပြီး ရယ်မော၍ ပြောလိုက်သည်။

" ဒါက လိုအပ်တာပေါ့ဟ။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ ခေါင်းဆောင်လေ။ အကယ်၍ ငါက မင်းကို မျက်စိထောင့်ထောက်ကြည့်ပြီး မင်းကို အချိန်တိုင်း မျက်နှာချိုမသွေးနေရင် ၊တစ်နေ့ မင်း ငါ့ဖင်ကို ရိုက်ပြီးတော့ ငါ့ကို ထွက်သွာခိုင်းလိုက်မယ်။ "

" သူမက ငါ့မိတ်ဆွေတစ်ယောက်ရဲ့ သမီးပဲ။ ဒါကြောင့် သူမက အထူးဂရုစိုက်ပေးဖို့ မလိုဘူး။ စည်းကမ်းအတိုင်းပဲထားလိုက်။ သူမကို အဲ့ဒီရှုပ်ထွေးပွေလီတဲ့ အရာတွေနဲ့ ထိတွေ့ ဆက်‌သွယ်ခွင့်မပြုနဲ့..။ "

" ကောင်းပြီ ၊ ဒါက ကိစ္စသေးသေးလေးတစ်ခုပဲ။ ဒါပေမဲ့ ငါ့ဆီမှာ မင်း ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် ကိစ္စကြီးတစ်ခုရှိနေတယ်..။ "

" မင်း ကိုင်တွယ်လို့မရတဲ့ကိစ္စလည်း ရှိသေးတာလား..။ "

ဟဲရွှီဝမ်က ခါးခါးသီးသီးပြုံးပြီး " ဒီကိစ္စက တကယ်တော့ နည်းနည်းရှုပ်ထွေးတယ် ၊ငါ အခု အဲ့ကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မသိဘူး။ ငါမင်းကိုပြောပြမယ် ၊ မနေ့တုန်းက နာမည်ကြီးအဆိုတော် လန်ချင်းရွဲ့က ငါ့ဆီလာပြီးတော့ ငါတို့ ကုမ္ပဏီကို ဝင်ချင်တယ်လို့ သူမက ပြောသွားခဲ့တယ်..။ "

လင်ပေ့ဖန် : သောက်ကျိုးနည်း...

" ဒါပေမဲ့ ငါ ဘယ်လိုလုပ် သူမကို လက်ခံလို့ရဲမှာလဲဟ..။ သူမရဲ့ နောက်ခံက အရမ်းတောင့်တင်းပြီးတော့ သူမရဲ့ ဩဇာတိက္ကမကလည်း အံ့မခန်းလို့ ငါ ကြားတယ်။ ငါ သူမကို မကျေမနပ်ဖြစ်အောင် မလုပ်ရဲဘူး။ အကယ်၍ သူမလို ဩဇာအာဏရှိတဲ့ တစ်ယောက်ယောက်ကို ငါတို့ကုမ္ပဏီထဲ ခေါ်သွင်းနိုင်ရင် ငါတို့အတွက် တော်တော်အကျိူးရှိလိမ့်မယ်။ ဒါကြောင့် မင်း သေသေချာချာစီစဉ်ပေးရမယ်။ "

" နောက်ပြီး ငါတို့ကို လူတွေအများကြီးက ထောက်ပံ့ပေးထားတာဆိုတော့ သူမကို တိုက်ရိုက်ငြင်းလိုက်ရင်လည်း မကောင်းဘူး။ ပြီးတော့ သူမက ငါ့ကို ပြောတယ် ၊သူမက မင်းရဲ့သူငယ်ချင်းတဲ့။ မင်းက သူမကို ငါတို့ကုမ္ပဏီထဲ ဝင်စေချင်လို့ သူမက လာဝင်တာတဲ့။ ဒါကြောင့် ဒီကိစ္စကို မင်းပဲ ကိုင်တွယ်ရမယ်။ မင်းလက်ခံရင် ငါ သူမကို သဘောတူလိုက်မယ်။ မင်း လက်မခံရင် ငါ ငြင်းလိုက်မယ်။ "

လင်ပေ့ဖန်သည် ခဏကြာစဉ်းစားပြီးမှ ပြောလိုက်သည်။

" ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ်။ "

ထို့နောက် လင်ပေ့ဖန်သည် လန်ချင်းရွဲ့ကို ဝီချက်ကနေ ဆက်သွယ်လိုက်၏။

လင်ပေ့ဖန် : ဟဲရွှီဝမ်ပြောတာတော့ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ စီစဉ်နေတယ်ဆို၊အဲ့ဒါဟုတ်လား..။

တစ်ဖက်က အမြန်ပဲ အကြောင်းပြန်လာသည်။

လန်ချင်းရွဲ့ : ရှင်၊အခုဘယ်မှာလဲ.."

လင်ပေ့ဖန် : ငါအခု မိုဟိုင်မြို့ ဟန်တင်းဖျော်ဖြေရေးရဲ့ ဌာနခွဲမှာရှိတယ်။ မင်းဘာလို့ ဒါကို မေးတာလဲ။

လန်ချင်းရွဲ့ : ကျွန်မရှင့်ကို မမြင်ရတာ ကြာတော့ ကျွန်မ ရှင့်ကို နည်းနည်းလွမ်းနေတာ..။ ကျွန်မတို့ မျက်နှာချင်းဆိုင်ပြီး စကားပြောကြရအောင်။

တစ်နာရီကြာပြီးနောက် လန်ချင်းရွဲ့သည် ဟန်တင်းဖျော်ဖြေရေး၏ ဌာနခွဲကို ရောက်လာခဲ့သည်။

သူမသည် အရောင်ဖျော့ဖျော့ တရုတ်ရိုးရာဟန်ဖူဝတ်စုံကို ဝတ်ဆင်ထားပြီး ၊သူမ၏ ဆံပင်ကိုလည်း တစ်ဝက်ဆံထုံး ထုံး၍ တစ်ဝက်ကို ချထားသည်။ထို့အပြင် သူမ၏ နူးညံ့လှပသောမျက်နှာလေးကိုလည်း မိတ်ကပ်ခပ်ပါးပါးလေး လိမ်းထားတာကြောင့် သူမ၏ပုံစံက ကွမ်ဟန်နန်းတော်က ချန်အယ့်နှင့် တူနေခဲ့သည်။

ထိုအမျိုးသမီး၏ အင်မော်တစ်ယောက်လို ဟန်ပန်အမူအရာက တရုတ်ရိုးရာဟန်ဖူဝတ်စုံနှင့် တကယ့်ကို မှ လိုက်ဖက်သည်။ထို့အပြင် သူမသည် အသက်နှစ်‌ဆယ်ကျော်နေပြီ ဖြစ်သော်လည်း ထိုဟန်ဖူဝတ်စုံကို ဝတ်ဆင်လိုက်သောအခါတွင် သူမ၏ အသက်က နှစ်အနည်းငယ်လောက် ပြန်ငယ်သွားသလို ဖြစ်သွားခဲ့သည်။

သူမသည် လင်ပေ့ဖန်ရှေ့ ရောက်သောအခါတွင် သူမကိုယ်ကိုယ် တစ်ပတ်လည်ပြလိုက်ပြီး မျှော်လင့်နေသောအမူအဖြင့် မေးလိုက်သည်။

" ကျွန်မရဲ့ ဝတ်စုံက ဘယ်လိုလဲ..။ "

" အရမ်းလှတယ်..။ " လင်ပေ့ဖန်က ချီးကျူးလိုက်သည် ။

" သိပ်ပြီး မရိုးသားသေးဘူး..။ "

" မင်း လှည့်ကြည့်ပြီး ပြုံးလိုက်တဲ့အချိန်မှာ အရမ်းပဲလှလွန်းတယ်၊ မင်းရဲ့ အပြုံးကြောင့် ကောင်းကင်ပေါ်က နေလုံးကြီးတောင် အရောင်မှိန်သွားသလို ကိုယ်ခံစားလိုက်ရတယ်။ "

လန်ချင်းရွဲ့သည် အလွန်ပျော်ရွှင်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပြီးပြုံးလိုက်သည်။

" ရှင်က တော်တော်စကားတတ်တာပဲ။ "

" ငါ့ကို ပြော ၊ မင်း ဘာလို့ ငါ့ကုမ္ပဏီကို ရုတ်တရက် ဝင်ချင်ရတာလဲ.. " လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် မေးလိုက်၏။

" ရှင့်ရဲ့ ဖျော်ဖြေရေးလုပ်ငန်းက ခုမှ စရုံပဲ ရှိသေးတာလေ။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ကျွန်မက ရှင့်ကို ဝိုင်းဝန်းကူညီပေးချင်တာ ၊ ပေးချင်လို့မရဘူးလား..။ "

လန်ချင်းရွဲ့က ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

" ကျွန်မက စူပါစတားတစ်ယောက်မဟုတ်ပေမယ့် ၊ကျွန်မက နာမည်ကြီး အဆိုတော်တစ်ယောက်ပဲ ၊ နောက်ပြီး ကျွန်မက လူကြိုက်လည်း အရမ်းများတယ်။ အကယ်၍ ကျွန်မသာ ဒီအချိန်မှာ ရှင်တို့ကုမ္ပဏီထဲကို ဝင်လာမယ်ဆိုရင် ရှင်တို့ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေက အနည်းဆုံး ရာခိုင်နှုန်းအနည်း‌ငယ်တော့ မြှင့်တက်သွားနိုင်တယ်..။ "

လင်ပေ့ဖန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" ဒါက တကယ် မလိုအပ်ဘူး..။ "

" မြန်မြန်မငြင်းလိုက်နဲ့..။ " လန်ချင်းရွဲ့က ကြင်နာစွာဖြင့် ပြောလိုက်သည်။

" ရှင် ကျွန်မရဲ့ နောက်ခံကို စိုးရိမ်နေတာမလား၊နောက်ပြီး ကျွန်မနဲ့ အတူတူလက်တွဲရတာ မလွယ်လောက်ဘူးလို့ ရှင်ထင်နေတာမလား...။ ဒါပေမဲ့ ရှင် သေသေချာချာစဉ်းစားကြည့်လိုက် ၊ ကျွန်မ ရှင်တို့ကကုမ္ပဏီမှာ ရှိနေရင် ကိစ္စအများကြီးက ပိုပြီးတော့ အဆင်ပြေချောမွေ့သွားမှာမဟုတ်ဘူးလား၊ ကျွန်‌မပြောတာ မှန်တယ်မလား...။ "

ဟုတ်ပေ၏။ အကယ်၍ လန်ချင်းရွဲ့သာ ဟန်တင်းဖျော်ဖြေရေးသို့ ဝင်လာခဲ့လျှင် လျှို့ဝှက်မိသားစုတစ်စုဖြစ်သည့် လန်မိသားစုသည် သူမကို ဟန်တင်းဖျော်ဖြေရေးမှာအဆင်ပြေအောင် ပိုပြီးတော့ ဂရုစိုက်ပေးလိမ့်မည်မဟုတ်ပါလော..။

ထိုနည်းဖြင့် ဟန်တင်းဖျော်ဖြေရေး၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း အများကြီး ပိုပြီးတော့ အ‌ဆင်ပြေချောမွေ့လာလိမ့်မည်ဖြစ်သည်။

သို့သော်လည်းပဲ လင်‌ပေ့ဖန်သည် သူမကို သူတို့ကုမ္ပဏီထဲသို့ ဝင်ခွင့် မပြုနိုင်သေးပေ။

အကယ်၍ လူမိုပိုင်သာ ဤအကြောင်းကို သိသွားခဲ့လျှင် သူ ဒေါသထွက်ပြီးပေါက်ကွဲသွားနိုင်သည် မဟုတ်ပါလော...။

မဟုတ်ဘူး ၊ ငါ သူ့ကို ဒီလိုမြန်မြန်ပေါက်ကွဲခွင့် ပြုလို့မဖြစ်ဘူး...။ငါ သူ့ဆီက ညှစ်ထုတ်တာ မလုံလောက်သေးဘူး...။

" ရပါတယ် ၊ငါတကယ် မလိုအပ်ဘူး ...ဘာပဲဖြစ်ဖြစ် မင်းရဲ့စေတနာကိုတော့ ငါ အသိအမှတ်ပြုပါတယ်...။ " လင်ပေ့ဖန်က ပြောလိုက်၏။

" ရှင်က မလိုအပ်ဘူးလို့ ပြောနေတော့လည်း ၊‌ထားလိုက်တော့...။ " လန်ချင်းရွဲ့သည် နည်းနည်း စိတ်ပျက်သွားခဲ့သည်။

သူမ၏ စိတ်ပျက်သွားတဲ့ပုံစံကို ကြည့်ပြီး လင်ပေ့ဖန်သည် သူ့အရင်ဘဝကို အမှတ်ရသွားခဲ့သည်။

သူ့အရင်ဘဝတုန်းက သူမသည် အမြဲတမ်း သူ့ကို တိတ်တဆိတ်နဲ့ လျှို့ဝှက်ပြီး ကူညီပေးခဲ့သည်။

နောက်ဆုံးအချိန်မှာတောင် သူမသည် သူမမိသားစု၏ ကန့်ကွက်မှုတွေကြားထဲကနေ သူ့ဆီလာပြီး အချိန်အကြာကြီး သူ့နှင့် အတူတူနေပေးခဲ့သည်။

လင်ပေ့ဖန်သည် သူမ၏ ခေါင်းလေးကို ထိပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" အများကြီးမတွေးနေနဲ့ ၊ ငါ့ကုမ္ပဏီရဲ့ ကိစ္စတွေက ပြဿနာသေးသေးလေးတွေပဲ။ မင်းလာတာ အချိန်ကိုက်ပဲ ၊ ငါ့မှာ မင်းအတွက် သီချင်းတစ်ပုဒ်ရှိတယ် ၊ အဲ့သီချင်းကို မင်းကြိုက်သွားလိမ့်မယ်။ "

" ဘာသီချင်းလဲ .. " လန်ချင်းရွဲ့က ခေါင်းမော့ပြီး မေးလိုက်သည်။

" ငါ အခု မင်းအတွက် ရေးပေးမယ်..။ " ပြောပြီး လင်ပေ့ဖန်သည် သီချင်းတစ်ပုဒ်ကို အမြန်ချရေးခဲ့သည်။

လန်ချင်းရွဲ့သည် စာရွက်ကို ကောက်ကိုင်ပြီး ဖတ်လိုက်သည်။

[ တောက်ပတဲ့လမင်းကြီးက ဘယ်အချိန် ထွက်ပေါ်လာမှာလဲဆိုတာကို ၊ ဝိုင်ခွက်ကို ကိုင်ပြီး ကောင်းကင်ပြာကြီးကို မေးလိုက်မိတယ်၊ ဒီညနေခင်းက ကောင်းကင်နန်းတော်မှာ ဘယ်နှစ်နှစ်ရှိနေပြီလဲဆိုတာကို ငါတော့ မသိဘူး‌ကွယ် .... ။ ]

ဒါက ကဗျာတစ်ပုဒ် ၊အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ...

ထိုစာကို ဖတ်ပြီးနောက် သူမ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

" ဒီကဗျာကို ရေးထားတာ အရမ်းကောင်းလွန်းလို့ ကျွန်မဝမ်းနည်းနေတာတောင် လုံးဝပျောက်သွားတယ်။ "

" ဒါပေမဲ့က ဒါက တကယ့်ကို သီချင်းတစ်ပုဒ်ပဲ..။ "

" ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..။ ကဗျာတစ်ပုဒ်ဆိုတာ အသိအသာကြီး..။ " လန်ချင်းရွဲ့က ပြောလိုက်သည်။

" ဒါက တကယ် သီချင်းတစ်ပုဒ်ပဲ ၊ ငါမင်းကို ဆိုပြမယ်..။ " လင်ပေ့ဖန်က ပြောလိုက်သည်။

တူရိယာမပါပဲနှင့် လင်ပေ့ဖန် သီချင်းဆိုပြလိုက်ချိန်တွင် လန်ချင်းရွဲ့သည် လုံးဝ အံ့ဩမှင်တက်သွားခဲ့သည်။

လှပသည့် စကားလုံးလေးတွေ နှင့် လှပသည် သီချင်းလေးတွေကို ပေါင်းစပ်ပြီး ဆိုလိုက်ချိန်တွင် လုံးဝ အပြစ်ဆိုစရာမရှိအောင် ပြည့်စုံသွားသည်။

သူမသည် ဤသီချင်းက သူမကို ရည်ရွယ်ပြီး ရေးထားသလိုပင် ခံစားခဲ့ရသည်။

ဘာလို့လဲဆိုတော့ သူမသည် ရှေးဟောင်းကဗျာတွေကို ကြိုက်သည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဤသီချင်းကိုလည်း ရှေးဟောင်းကဗျာပုံစံတွေအတိုင်း လုံးဝဖော်ကျူးရေးဖွဲ့ထားတာကြောင့်ဖြစ်သည်။

ထို့အပြင် ဤသီချင်း၏ အဓိက အကြောင်းအရာကလည်း " လ "ဖြစ်ပြီး သူမ၏ နာမည်မှာလည်း" လ "ပါတာကြောင့် ဖြစ်သည်။ ( 月" (Yuè) ရွဲ့-လ ၊ လန်ချင်းရွဲ့ )

ထို့ကြောင့် သူမ ဤသီချင်းကို အရမ်းကြိုက်သည်။

" ဒီသီချင်း...က ကျွန်မကို တကယ်ပေးတာလား..။ "

လန်ချင်းရွဲ့သည် စိတ်မပါ့တပါဖြင့် ပြောလိုက်သည်။

" ရှင်သာ ဒီသီချင်းကို ရှင့်ကုမ္ပဏီရဲ့ အဆိုတော်တစ်ယောက်ယောက်ကို သီဆိုခိုင်းလိုက်ရင် ၊ဒီသီချင်းက ချက်ချင်းနာမည်ကြီးသွားလိမ့်မယ်..။ "

" ငါတို့က သူငယ်ချင်းတွေလေ ၊ဘာလို့ သူစိမ်းလို ခွဲခြားဆက်ဆံနေရမှာလဲ..။ မင်းလည်းအတူတူပဲလေ ၊ ငါ အခက်အခဲကြုံတော့ ချက်ချင်းပဲ ငါ့ကို လာကူညီတာ မဟုတ်ဘူးလား..။ ငါအခု မင်းကို ဒီသီချင်းတစ်ပုဒ်ပြန်ပေးတာ ဘာများမှားသွားလို့လဲ...။ နောက်ပြီး ဒီသီချင်းကို သီဆိုဖို့က မင်းတစ်ယောက်တည်းပဲ သင့်တော်တယ်..။ " လင်ပေ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။

လန်ချင်းရွဲ့သည် ထိုစကားကို ကြားပြီး အလွန်လွန်ပျော်ရွှင်သွားခဲ့သည်။

" ကောင်းပြီ ၊ကျွန်မ ဒီသီချင်းကို ယူသွားလိုက်မယ်။ ပြန်ရောက်တာနဲ့ ဒီသီချင်းကို ကျွန်မချက်ချင်းပဲ သီဆိုလိုက်မယ်..။ "

ထို့နောက် သူမသည် အပြင်ကို ပြေးထွက်သွားပြီးမှ ပြန်ပြေးလာပြီး လင်ပေ့ဖန်ကို ဖက်က်လိုက်သည်။

" ဟွန့် ၊ကျွန်မ ကျေးဇူးတင်တဲ့အနေနဲ့ ရှင့်ကို ဖက်တာနော် ၊ အများကြီးမတွေးနေနဲ့..။ "

" ဒါပေမဲ့ ငါ မင်းကို ပိုဖက်ချင်သေးတယ်..။ " ပြောပြီး လင်‌ပေ့ဖန်သည် သူမကို ခပ်တင်းတင်းဖက်ခဲ့သည်။

( TN \ စော်မရှိတဲ့ဘာသာပြန်သူကိုလည်း အားနာပါဦးဟ ၊ပါးစပ်က ပြုံးစိစိ ဖြစ်နေပြီ။ )

သုံးမိနစ်ကြာပြီးနောက် လန်ချင်းရွဲ့သည် ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားခဲ့သည်။

သူမ ပြေးပြီး ထွက်သွားသည့်ပုံကို ကြည့်ပြီး လင်ပေ့ဖန်သည် ပြုံး၍ ပြောလိုက်သည်။

" ခရက်လေးလိုလှည့်စားတတ်တဲ့ အမျိုးသမီးလေးပဲ.."

ထို့နောက် သူသည် အနောက်ဘက်ကို ကြည့်ပြီး တွေးလိုက်သည်။

ဒီသီချင်း ထွက်လာတဲ့ အချိန်ကျရင် တစ်ယောက်ယောက်တော့ အလွန်စိတ်လှုပ်ရှားနေလောက်မယ်...ဟားဟား...။

ရှောင်ပိုင်လေး နောက်တစ်ခါ ဖျော်ဖြေဖို့ အချိန်ရောက်လာပြီ...။

All Chapters