← Chapters

ထပ်ရှိသေးတယ်

Vol. 7 Ch. 67

ထပ်ရှိသေးတယ်

Vol. 7 Ch. 67

လင်းလင်လင်က မိုးကြိုးပစ်ချရာ လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။

နောက်ဆုံးတွင် ငါးမီတာ ကျယ်သော ချိုင့်ခွက်တစ်ခုထဲ၌ ဝံပုလွေမိစ္ဆာ၏ လောင်ကျွမ်းနေသော အလောင်းကို တွေ့လိုက်ရ၏။

“မေးရိုး ကျိုးသွားနတယ်... အရိုးကျိုးတဲ့ပုံစံကို ကြည့်ရတာ တုံးတဲ့လက်နက်နဲ့ ထိမှန်တာ ဖြစ်မယ်။ ဆိုလိုတာကတော့ ဒီစွမ်းအားရှင်ရဲ့ လက်နက်က တူ ဒါမှမဟုတ် တောင်ဝှေး ဖြစ်နိုင်တယ်...”

စွမ်းအားရှင်ကြီးတစ်ဦးက အခြေအနေကို ဖြေရှင်းပြီးသား ဖြစ်သည့်အတွက် လူသားသွေးနံ့ မရတော့လျှင် ပျောက်ဆုံးနေသူ သုံးဦး ဘေးကင်းသည်ဟု ဆိုလိုသည်။

ထို့ကြောင့် ကိုယ်ချင်းစာစိတ်ကို ဘေးဖယ်ထားပြီး လင်းလင်လင်က ထိုင်ချကာ ဝံပုလွေအလောင်းကို စတင် လေ့လာလိုက်သည်။

သူက လက်လှမ်းပြီး ဝံပုလွေအရိုးတစ်ခုကို ကောက်ယူကာ ညင်သာစွာ ဆုပ်နယ်လိုက်၏။

၎င်းက ဖုန်မှုန့်များအဖြစ် ပြိုကျသွားခဲ့သည်။

သူ၏ မျက်လုံးအိမ် ကျုံ့သွားခဲ့၏။

“မိုးကြိုးအခြေခံ တိုက်ခိုက်မှု...

ပြီးတော့ ဒီလိုအားအင်နဲ့...

ဒါက...

ဗိုလ်ချုပ်အဆင့် နှိမ်နင်းသူများလား...”

သို့သော် ကမ္ဘာပေါ်၌ ဗိုလ်ချုပ်အဆင့် အနည်းငယ်သာ ရှိသည်။

လင်းလင်လင်က သူ၏ ကောက်ချက်ကြောင့် ထိတ်လန့်သွားခဲ့သည်။

လက်ရှိတွင်တော့ မိစ္ဆာနှိမ်နင်းသူများကို အဆင့်လေးဆင့် ခွဲခြားထား၏။

အဖြူ၊ ပညာရှင်၊ စစ်သည်နှင့် ဗိုလ်ချုပ်အဆင့် ဟူ၍ပင်။

သူက အဖြူအဆင့်တွင်သာ ရှိသေးသည်။

ဆိုလိုသည်မှာ သူက အရပ်သား မိစ္ဆာနှိမ်နင်းသူ ဖြစ်သည်။

အရပ်သားများက မစ်ရှင်များ ယူနိုင်သော်လည်း တရားဝင် အလုပ်ခန့်ထားခြင်း မရှိချေ။

၎င်းက ဆုငွေလိုက်ရှာသူကဲ့သို့ ဖြစ်သည်။ အတင်းအကျပ် တာဝန်ပေးအပ်ခြင်း မရှိပေ။ အလုပ်က စေတနာအလျောက်ဖြစ်ပြီး အမြတ်အစွန်းအတွက် မိစ္ဆာများကို သတ်ဖြတ်ခြင်းက တရားမျှတသည်။

သို့သော်လည်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး အသတ်ခံရလျှင်... ကံဆိုးခြင်းပင်။

မည်သူမှ အလောင်းကို လာကောက်ပေးမည် မဟုတ်ပေ။

လင်းလင်လင်က မိစ္ဆာများ သတ်ဖြတ်ပြီး ရသောပိုက်ဆံဖြင့် ကျောင်းစရိတ်ကို ပေးနေခဲ့ခြင်းပင်။

မဟုတ်လျှင် သူ အခု ဘယ်ရောက်နေမလဲ မည်သူသိနိုင်မည်နည်း။ တရားမဝင် စက်ရုံတစ်နေရာ၌ ဝက်အူရစ်များကို လှည့်နေရခြင်း ဖြစ်နိုင်၏။

သူ၏ အဓိက ရည်မှန်းချက်မှာ တရားဝင် အသိအမှတ်ပြုထားသော မိစ္ဆာနှိမ်နင်းသူ ဖြစ်လာရန်ပင်။ ထိုအခါမှသာ သူက ဤကမ္ဘာ၏ တကယ့် လျှို့ဝှက်ချက်များကို ရယူနိုင်ပေမည်။

“ဟမ်... ဒါ ဘာကြီးလဲ။”

သူ ခါးကို ကုန်းလိုက်ပြီး အဝါရောင် စက္ကူအပိုင်းအစ တစ်ခုကို ကောက်ယူလိုက်သည်။

၎င်းက ဝံပုလွေအလောင်းနှင့် သုံးမီတာအကွာ၌ ရှိနေ၏။

အနီရောင် သင်္ကေတများက ထိုအပေါ်၌ ရှုပ်ထွေးစွာ ရေးဆွဲထားသည်။ မိုးကြိုးစွမ်းအင်များ တုန်ခါနေသော မှော်စာများပင်။

သူ မည်သည်ကို ကိုင်ထားကြောင့် သိလိုက်သည့် အခိုက်တွင် သူ၏ လက်ချောင်းများ တုန်ယင်သွားခဲ့၏။

သူ့တွင် မိစ္ဆာစွမ်းအင် ရှိနေခဲ့လျှင် ချက်ချင်းပင် မီးလောင်ကျွမ်းသွားလောက်သည်။

“ဒါဆို ခုနက မိုးကြိုးက... ဒီ အဆောင်ကနေ လာတာပေါ့...”

လင်းလင်လင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

အကယ်၍ ထိုစွမ်းအားရှင်က အဆောင်တစ်ခုကို အသုံးပြုရုံဖြင့် ထိုအဆင့် ဖျက်ဆီးမှုကို ထုတ်လွှတ်နိုင်ခဲ့လျှင်...

ဒါက မကြားဖူးသော အရာပင်။

ဟွာရှား၌ အစွမ်းထက်ဆုံး မိစ္ဆာနှိမ်နင်းသူပင် ထိုသို့ လုပ်နိုင်မည် မဟုတ်ချေ။

ထိုလူက မည်သူနည်း...

သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ခြေရာများကို ဆက်လိုက်သွားခဲ့သည်။

နောက်ဆုံး၌ ဝံပုလွေအလောင်းနားတွင် စွန့်ပစ်ထားသော သစ်တောထိန်း အိမ်လေးတစ်လုံးကို တွေ့လိုက်ရ၏။

အိမ်လေးထဲ၌...

“ဝံပုလွေက ဘာလို့ မပေါ်လာသေးတာလဲ...”

“အစ်ကိုဟွိုက်အန်။ ဘယ်လိုလုပ် အဲဒီလို ပြောရတာလဲ...” စုရှင်းချန် ဖြူဖျော့သွားခဲ့သည်။

ကင်မရာသမားက စကားမပြောနိုင်ဖြစ်သွား၏။ “ဘာလဲ။ မင်းက သူကို မျှော်လင့်နေတာလား...”

“မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ချက်ညီတဲ့ အန္တရာယ်ဥပဒေအရဆိုရင်တော့ ငါတို့ လုံခြုံနေရင် တခြားအဖွဲ့က ပြဿနာရှိနေလောက်ပြီ...”

ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အဲဒီ ဝံပုလွေနှစ်ကောင်က အကောင်ကြီးတယ်။ ဒါရိုက်တာကျန်းနဲ့ တခြားသူတွေ ဗန်ကားထဲ ပုန်းနေရုံနဲ့ အသက်ရှင်နိုင်မယ်လို့ မင်းတို့ တကယ်ထင်တာလား...”

သူ၏စကားကြောင့် စုရှင်းချန်နှင့် ကင်မရာသမားတို့၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့၏။

မှန်ပေသည်...

ဗန်ကားအဖွဲ့ သေသွားလျှင် သူတို့က နောက်တစ်သုတ် ဖြစ်လာမည် မဟုတ်ပါလား...

တောင်ပေါ် တောနက်ထဲ၌ ထိုသားရဲများကို သူတို့ မည်သို့ ကျော်ဖြတ်ပြီး ပြေးနိုင်မည်နည်း...

ထိုအချိန်မှာပင်...

ကျွီ..

တဲအိမ်တံခါး ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

လရောင်က အထဲသို့ ဝင်လာပြီး နံရံပေါ် ကြီးမားသော အရိပ်ကို ကျရောက်စေနေသည်။

သို့သော် ထိုအရာက ဝံပုလွေ မဟုတ်ချေ။

မိန်းကလေးတစ်ယောက်ပင်။

လင်းလင်လင်က တံခါးဝ၌ ရပ်နေပြီး လရောင်အောက်မှာ အထဲက လူသုံးယောက်ကို စစ်ဆေးလိုက်သည်။

အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်။

ထိပ်ပြောင်သော အမျိုးသားတစ်ယောက်၊ အပြစ်ကင်းသော မိန်းကလေးတစ်ယောက်၊ ပြီးနောက် ကြွက်သားတောင့်တင်းသော ကင်မရာသမားတစ်ယောက်။

သူတို့ထဲမှ မည်သူမျှ စွမ်းအားရှင်နှင့် မတူချေ။

သူတို့၌ အတွင်းအား အရှိန်အဝါလည်း မရှိနေ။

ဒါဆို စွမ်းအားရှင်ကြီးက ဒီမှာ မရှိနေတာလား...

သူ၏ မျက်လုံးများ သံသယများဖြင့် တောက်ပသွားခဲ့သည်။

စွမ်းအားရှင်ကြီး ထွက်သွားပြီလား...

ဗိုလ်ချုပ်အဆင့် မိစ္ဆာနှိမ်နင်းသူ ဆိုသည့်အတိုင်းပင်။

ခြေရာလက်ရာမရှိ လာရောက်ပြီး ထွက်ခွာသွား၏။

သူလို အတွေ့အကြုံမရှိသူက ထောက်လှမ်းလို့ မရနိုင်ချေ။

“ညီမလေး။ အပြင်မှာ ဝံပုလွေတွေ ရှိတယ်။ အထဲကို မြန်မြန် ဝင်ပြီး ပုန်းနေ...”

ချစ်စရာကောင်းသော ကျောင်းသူလေးကို မြင်ရာတွင် စုရှင်းချန် သက်ပြင်းချလိုက်သည်။

ဒါပေမဲ့... ဘာလို့ သူက ကျောပေါ်မှာ လှံရှည်ကြီး သယ်လာတာလဲ...

ကော့စ်ပလေးလား...

ဘာပဲဖြစ်ဖြစ်ပါ။ သူ ဝံပုလွေ မဟုတ်ရင် ရပါပြီ။

“ဝံပုလွေတွေ သေသွားပြီ။”

လင်းလင်လင်၏ လှံက သွေးများ စီးကျနေဆဲပင်။ သို့သော် သူ၏ မျက်နှာက ခံစားချက်မရှိဘဲ တုန်ယင်၊ ကြောက်လန့်နေသော လေသံနှင့် ပြောလိုက်သည်။

“အိုး....ကျွန်မ တောင်တက်နေရင်း ဝံပုလွေအလောင်းကို တွေ့လိုက်ရတာ... အဲဒါနဲ့ လန့်သွားပြီး ဒီကို ပြေးဝင်လာတာ... ကျွန်မ အရမ်းကြောက်တာပဲ...”

စုရှင်းချန် - “...”

ထိုကောင်မလေးက အလွန် သံသယဖြစ်စရာ ကောင်းလှသည်။

တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်က သူ့ကို စိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးများက ကောင်မလေးကို အပေါ်အောက် စစ်ဆေးပြီး လက်ကို ရပ်လိုက်သည်။

ထို့နောက် သူက မျက်တောင်ခတ်လိုက်သည်။

“ညီမလေး။ အဲဒီအဆောင်ကို မင်း ဘယ်မှာ ရှာတွေ့ခဲ့တာလဲ...”

လင်းလင်လင် ရပ်တန့်သွားခဲ့၏။

သူက ချန်ဟွိုက်အန်ကို ကြည့်လိုက်သည်။

ထို့နောက် သူ ထပ်ကြည့်လိုက်သည်။

ထို့နောက် ထပ်ကြည့်....

သူ အတင်းအကြပ် စိုက်ကြည့်မိသည်အထိပင်။

သူက... သူက တကယ်ကို အရမ်းချောတာပဲ။

သူ အထဲကို စဝင်လာစဉ်က သတိမထားမိခဲ့ပေ။

ယခု ပို၍ နီးနီးကပ်ကပ် ကြည့်လိုက်သောအခါ... သူ၏မျက်နှာပေါ်မှာ မျက်လုံးကို ကော်နှင့် ကပ်ထားချင်နေမိသည်။

သို့သော် သူက ဂုဏ်သိက္ခာရှိသော မိစ္ဆာနှိမ်နင်းသူ တစ်ယောက်ပင်။

သူက အတွင်းစိတ်က ပရိသတ် ပေါက်ကွဲမှုကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး နှစ်ကြိမ် ချောင်းဟန့်ကာ မျက်နှာတည်နှင့် ပြန်ဖြေလိုက်သည်။

“ဘာအဆောင်ကို ပြောတာလဲ မသိဘူး။ အဲဒါက... ကျွန်မရဲ့ သော့ချိတ်ပါ...”

မိစ္ဆာနှိမ်နင်းသူများက တချို့အချိန်များ၌ လူအများရှေ့ ဖော်ထုတ်ခံရတတ်သည်။

ယခင် မိစ္ဆာများ ရှားပါးစဉ်က သူတို့သည် သရုပ်မှန်ကို လုံးဝ ဖုံးကွယ်ထားရပြီး အရပ်သားများကို လျှို့ဝှက်သဘောတူညီချက်များ လက်မှတ်ထိုးခိုင်းရသည်။

နောက်ပိုင်း အာဏာပိုင်များက မှတ်ဉာဏ်ဖျက်ဆေးများကိုပင် တီထွင်ခဲ့သည်။

သို့သော် ယနေ့ခေတ်တွင်တော့ မိစ္ဆာများ နေရာတိုင်း၌ ရှိနေကြသည်။

လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့။ ထို့ပြင် ထိုဆေးများက သကြားလုံးကဲ့သို့ ဝေပေးရန်အတွက် စျေးကြီးလွန်းလှသည်။

ထို့ကြောင့် မိစ္ဆာက လုံးဝသဘာဝမကျသောပုံမျိုး မပေါက်လျှင် တရားဝင် အကြောင်းပြချက်က ရိုးရှင်းပေသည်။

“ပင်လယ်ရေသောက်လို့ ဗီဇပြောင်းသွားတာ...”

မိစ္ဆာနှိမ်နင်းသူများကမူ...

သူတို့က “အရည်အချင်းမြင့်ကိုယ်ခံပညာရှင်များ”သာ ဖြစ်သည်။

တချို့အချိန်များ၌ သူတို့က လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ အလုပ်လုပ်ပြီး အထူးစစ်ဆင်ရေး အေးဂျင့်များဟူ၍ ခေါ်ကြသည်။

အနှစ်ချုပ်ကမူ အများပြည်သူက အမှန်တရားကို လုံးဝျ သိခွင့် မရနိုင်ချေ။

ထို့ကြောင့် သဘာဝကျကျပင် သူ၏ ပထမဆုံး တုံ့ပြန်မှုက အရာအားလုံးကို ငြင်းဆိုရန်ပင်။

ကံဆိုးစွာပင်...

“...ဒါပေမဲ့ ဒီအဆောင်က ငါ့ဟာ မဟုတ်ဘူးလား...”

သက်သေပြရန်အတွက် ချန်ဟွိုက်အန်က သူ၏ဂျာကင် အိတ်ကပ်ထဲကို လက်လှမ်းလိုက်သည်။

ပြီးနောက် တွန့်ကြေနေသော မိုးကြိုးမီးအဆောင်တစ်ခုကို ဆွဲထုတ်လိုက်၏။

လဗြွတ်ကို သော့ချိတ်...

ထိုကျောင်းသူလေးက ဖြူစင်ပြီး အပြစ်ကင်းသည်ဟု ထင်ရသော်လည်း သူက လုံးဝ လူလိမ် ဖြစ်နေသည်။

လင်းလင်လင် - “....”

“ကြည့်။ ငါ့မှာ ထပ်ရှိသေးတယ်...”

ချန်ဟွိုက်အန်က ပေါ့ပေါ့ပါးပါးပင် အဆောင်၅ခုကို ထပ်ဆွဲထုတ်လိုက်သည်။

လင်းလင်လင် - “.....”

...

...

All Chapters