← Chapters

အခန်း (၁၆၅၆-၁၆၆၀)

Vol. 86 Ch. 1656-1660

အခန်း (၁၆၅၆-၁၆၆၀)

Vol. 86 Ch. 1656-1660

Chapter 1656

သို့သော် ထိုသို့ဆိုသည့်တိုင် လုယွီသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပေ၏။

ထိပ်သီးအင်မော်တယ်စွမ်းအားများသည် သူ၏နှလုံးနှင့်မရီးဒါန်းများကို ကာကွယ်ပေးထားသဖြင့် သူ မသေဆုံးခဲ့ချေ။သို့ရာတွင် သူ၏ဒဏ်ရာရရှိထားသောမရီးဒါန်းများ ပြန်လည်ကောင်းမွန်လာစေရန် အချိန်များစွာလိုအပ်သည်။

"ငါ့ရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်ပါးနေသေးတာပဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

သူ၏အမြင်အာရုံ ဝေဝါးလာပြီး သူ့ခေါင်း တဖြည်းဖြည်း မူးဝေလာသည်။

ဤသည်က သူ၏ဒဏ်ရာများ အလွန်ဆိုးရွားပြင်းထန်နေခြင်းကြောင့်ဖြစ်ကြောင်း လုယွီ ကောင်းစွာသိရှိသည်။

ဘုန်း...

နောက်ဆုံး၌ လုယွီသည် သူ၏ခေါင်းအတွင်းမှ ချာချာလည်မူးဝေနေမှုကို တောင့်မခံနိုင်တော့သဖြင့် သတိလစ်မေ့မျောသွားတော့သည်။

သူသတိလစ်မေ့မျောမသွားမီ လူတချို့ သူ့ထံလျှောက်လှမ်းလာသည်ကို သူ တွေ့မြင်လိုက်ရ၏။

"သခင်မလေး...ဒီနေရာမှာ လူတစ်ယောက်ရှိနေတယ်"

"သူက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာပဲ...ဒါပေမယ့် သူ့ကိုကြည့်ရတာ ကျင့်ကြံသူတစ်ယောက်နဲ့လည်းမတူဘူး...သူ ဘာလို့ ဒီလောက်ထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာပါလိမ့်"

အစေခံတစ်စုသည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြ၏။လုယွီသည် ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သဖြင့် သူတို့ ဘာဆက်လုပ်ရမည်ကို မသိကြတော့ချေ။

ထိုအချိန်မှာပင် နူးညံသိမ်မွေ့သောအသံတစ်သံက ထိုအစေခံများ၏နောက်မှ ထွက်ပေါ်လာသည်။

"သူက တောင်တန်းတွေကြားမှာနေတဲ့ သေမျိုးတစ်ယောက်ပဲဖြစ်မှာပါ...ရှောင်းရုံ သူ့ကို ကူညီပေးလိုက်ပါ...သူ့ကိုပြန်မပို့ခင် ပြန်ကောင်းလာတဲ့အချိန်အထိ အနောက်ဘက်ခြံဝန်းထဲကိုပို့ပြီး ကုသပေးထားလိုက်"

အမျိုးသမီးတစ်ယောက်က ပြောဆိုသည်။

ထိုစကားကိုကြားပြီးနောက် လုယွီ၏အသိစိတ် တစတစဝေဝါးလာကာ ပျောက်ကွယ်သွားတော့သည်။

မည်မျှထိ ကြာမြင့်သောအချိန်အတိုင်းအတာ ကုန်ဆုံးသွားပြီမှန်း မသိနိုင်ချေ။

လုယွီသည် ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်ရာ အခန်းမျက်နှာကြက်တစ်ခုကို တွေ့မြင်မိသည်။

သူ သတိလစ်မေ့မျောမသွားမီအချိန်တွင် သူကို တခြားသူများမှ ကယ်တင်ခဲ့ကြောင်း သူ သိရှိပေ၏။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အခြေအနေများကို အာရုံခံကြည့်ပြီးနောက် လုယွီက သူ၏ဒဏ်ရာများသည် အလွန်ဆိုးရွားသောအနေအထားသို့ရောက်ရှိနေသည်ကို တွေ့ရှိမိသည်။သူ ပြန်လည်ကောင်းမွန်လာရန်အတွက် အရင်းအမြစ်များစွာလိုအပ်ပေမည်။

သို့ရာတွင် လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အပိုဆေးပညာစွမ်းရည်သည် သူ၏ဒဏ်ရာများအား တဖြည်းဖြည်းပြန်လည်ကုသပေးနေသည်ကိုလည်း သတိပြုမိပေ၏။

ကျွီ....

လုယွီတွေးတောနေစဥ်မှာပင် ရုတ်တရက် အခန်းတံခါးပွင့်သွားခဲ့သည်။

အခန်းအတွင်းသို့ အစေခံဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ဝင်လာပြီး သူမ၏လက်အတွင်း၌ အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်ပန်းကန်လုံးတစ်ခုကို ကိုင်ဆောင်ထားသည်။

"နင် နိုးလာပြီလား...နင့်ရဲ့ခန္ဓာကိုယ်က မဆိုးဘူးပဲ...ပြန်ကောင်းလာတာ တော်တော်မြန်တယ်"

ထိုမိန်းကလေးသည် ဆန်ပြုတ်ပန်းပန်ကို လုယွီ၏နံဘေးရှိ စားပွဲပေါ်သို့တင်လိုက်သည်။

"ငါ ဘယ်နေရာကို ရောက်နေတာလဲ"

လုယွီက မေးမြန်းသည်။

မိန်းကလေးက လုယွီအား စောင်းငဲ့၍ကြည့်လေသည်။

"ဒီနေရာက ရွှေမိုးကြိုးဂိုဏ်းပဲ...နင်က သေမျိုးတစ်ယောက်ဖြစ်ပြီးတော့ ဒီနေရာကိုရောက်လာတာ ကံကောင်းတယ်...ငါတို့ရဲ့သခင်မလေးက ကြင်နာတက်တဲ့နှလုံးသားရှိလို့သာပေါ့...မဟုတ်ရင် နင် တောရိုင်းတွေထဲမှာ ဝံပုလွေတွေရဲ့အစာဖြစ်နေလောက်ပြီ"

ထို့နောက် သူမ၏အသံက အေးစက်တင်းမာသွားပြီး ဆက်လက်ပြောဆိုသည်။

"နင်မှာ တခြားအတွေးမျိုးမရှိရင် ပိုကောင်းလိမ့်မယ်...ငါတို့တွေနဲ့သေမျိုးတွေကြားမှာ ကွာခြားချက်အရမ်းကြီးမားတယ်...ဒါကို အိမ်မက်တစ်ခုလို့ပဲတွေးတောလိုက်...နင်ရဲ့ခန္ဓာကိုယ်အခြေအနေ ပြန်ကောင်းလာတာနဲ့ ချက်ချင်း ဒီနေရာကထွက်သွားပါ"

စကားဆုံးသည်နှင့် ထိုမိန်းကလေးက အခန်းအတွင်းမှ ထွက်ခွါသွားတော့သည်။

လုယွီက ထိုမိန်းကလေး၏ကျင့်ကြံဆင့်သည် စိတ်ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေကြောင်းကို မြင်တွေ့လိုက်ရသည်။

အောက်ဘုံများတွင် ဤကဲ့သို့ခွန်အားမျိုးသည် အလယ်အလတ်အင်အားစုတစ်ခုတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရန် လုံလောက်သော်လည်း ဤနေရာတွင်မူ သာမာန်အစေခံအဆင့်သာရှိပေ၏။

လုယွီ၏အကြည့်သည် ဆန်ပြုတ်ပူထည့်ထားသော ပန်းကန်လုံးပေါ်သို့ ကျရောက်သွားသည်။ထိုဆန်ပြုတ်သည် အငွေ့တထောင်းထောင်းထနေပြီး ပြန်လည်အားပြည့်စေသောပါဝင်ပစ္စည်းများ ထည့်သွင်းချက်ပြုတ်ထားကာ သူ့အတွက် သီးသန့်ပြင်ဆင်ပေးထားပုံရသည်။

လုယွီသည် ဖြည်းညှင်းစွာထထိုင်ပြီး သူ၏အသက်ရှုနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

အစောပိုင်းက သူ့အားကယ်တင်ခဲ့သူများသည် သူ့ကို သေမျိုးတစ်ယောက်ဟု ယူဆထားပုံရသည်။

ဤသည်က လုယွီ၏ကျင့်ကြံခြင်းအခြေခံ ကျစ်လျစ်သိပ်သည်းမှုကြောင့် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအင်လှိုင်းများ ယိုစိမ့်မနေခြင်းကြောင့်ပင်။

သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူ မဆိုထားနှင့် သူ့ထက်ကျင့်ကြံဆင့်ပို၍မြင့်မားသူများပင်လျှင် လုယွီ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်ရန် မလွယ်ကူချေ။

"ဒီအချိန်မှာတော့ ရှကွေ့ကျုံးက ငါ့ရဲ့လျှို့ဝှက်ချက်ကို မသိလောက်သေးဘူး...ဒါပေမယ့် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးကနေ ထွက်သွားတဲ့လူတွေက အရမ်းများတယ်...အထူးသဖြင့် လုဝူယာပဲ...သူက ငါ့ရဲ့လျှို့ဝှက်ချက်ကို နည်းနည်းလေးတောင် ထိန်းသိမ်းထားမယ့်ကောင်မျိုးမဟုတ်ဘူး"

"တကယ်လို့ ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်ကို ရသွားတယ်ဆိုတာသာ သူသိရင်...ငါ့နောက်ကို ချက်ချင်းလိုက်ဖမ်းမှာ သေချာတယ်"

Chapter 1657

"နယ်မြေသခင်တစ်ယောက်က ငါ့ကိုလိုက်ဖမ်းနေတာ...ကြည့်ရတာတော့ ငါ့ရဲ့ခွန်အားကို မြန်မြန်တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်"

လုယွီသည် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ပြီး သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

သို့ရာတွင် ထိုအရာများသည် နောက်ပိုင်းမှဆုံးဖြတ်ရမည့် ကိစ္စများဖြစ်သည်။သူ၏ဒဏ်ရာများကို အလျှင်အမြန် ပြန်လည်ကောင်းမွန်စေရန်ကသာ အရေးကြီးဆုံးကိစ္စ ဖြစ်ပေ၏။

ထိုအကြောင်းကိုတွေးတောမိသည်နှင့် လုယွီသည် စားပွဲပေါ်မှ ဆန်ပြုတ်ပန်းကန်ကိုယူ၍သောက်လိုက်ရာ တဖြည်းဖြည်း သူ၏ရုပ်ခွန်အားတချို့ ပြန်လည်ရရှိသွားသည်။

"ကြည့်ရတာတော့ ငါ ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခုထိ အနားယူရမယ့်ပုံပဲ"

လုယွီသည် ပလ္လင်ခွေထိုင်ပြီး စတင်၍ကျင့်ကြံကာ သူ၏ဒဏ်ရာများကို ကုသလိုက်သည်။

လုယွီနေထိုင်သော အိမ်သည် တခြားသူများ၏အာရုံစိုက်ခြင်း မခံရချေ။ရက်အနည်းငယ်အတွင်းတွင် သူသည် အခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေခဲ့သည်။

ကြည့်ရသည်မှာ သခင်မလေး၏အမိန့်ရှိနေဆဲဖြစ်ပုံရပြီး အစေခံတစ်ယောက်သည် လုယွီထံသို့ အစားအစာများ နေ့စဥ်လာရောက်ပို့ဆောင်သည်။ယခုလက်ရှိချိန်၌ လုယွီသည် ထိုအစားအစာများကို ငြင်းဆန်ခြင်းမရှိဘဲ ပျော်ရွှင်ဝမ်းမြောက်စွာပင် လက်ခံစားသောက်လေ၏။

ခုနစ်ရက်ကြာပြီးနောက် လုယွီ၏ခန္ဓာကိုယ်အခြေအနေ အနည်းငယ်ကောင်းမွန်လာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်သာအဆင့်သို့ ရောက်ရှိလာသည်။

"သိုလှောင်အိတ်ထဲမှာရှိနေတဲ့ဆေးတွေက အခုလက်ရှိ ငါ့ရဲ့ဒဏ်ရာတွေအတွက် အကူအညီမဖြစ်နိုင်ဘူး...ငါ ပိုပြီးအဆင့်မြင့်တဲ့ ဆေးလုံးတချို့ လိုအပ်တယ်"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တိတ်တဆိတ် တွေးတောလိုက်သည်။

ယခင်က သူ သန့်စင်ခဲ့သော ဆေးလုံးအများစုသည် တာအိုဒုတိယဆင့်အတွက်ပင်။

သို့ရာတွင် ယခုလက်ရှိ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် ယခင်နှင့် များစွာကွဲပြားခြားနားနေလေပြီ။

သူသည် ယခုချိန်၌ အင်မော်တယ်တစ်ယောက် ဖြစ်ပေ၏။

အင်မော်တယ်နယ်ပယ်နှင့် သေမျိုးနယ်ပယ်များအကြား ကွာဟချက်သည် အလွန်ကြီးမားသဖြင့် ယခင်က သူ သန့်စင်ခဲ့သော ဆေးလုံးများကို မှီဝှဲပါက အကျိုးသက်ရောက်မှု အနည်းငယ်သာရှိပေမည်။

"ငါရဲ့သိုလှောင်အိတ်ထဲမှာ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးနီးပါးရှိတယ်...လိုအပ်နေတဲ့ တစ်ခုတည်းသော ပါဝင်ပစ္စည်းက မိုးကောင်းကင်နတ်ဘုရားသစ်ရွက်ပဲ"

ကောင်းကင်ဘုံနယ်မြေ၌သာ မိုးကောင်းကင်နတ်ဘုရားသစ်ရွက်ကို ရရှိနိုင်ပေ၏။

ကျွီ...

လုယွီသည် အိမ်တံခါးကိုတွန်းဖွင့်ပြီး ပြင်ပသို့ထွက်လိုက်၏။

"အမ်...နင် လမ်းလျှောက်နိုင်ပြီလား"

အစေခံသည် အနည်းငယ်အံ့အားသင့်နေပုံဖြင့် လုယွီအား စူးစိုက်၍ကြည့်နေသည်။

သူမ လုယွီအား ဤနေရာသို့ပို့ဆောင်ခဲ့စဥ်တွင် သူသည် အလွန်ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် အပြည့်အဝပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်နေလေပြီ။

လုယွီသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်သည်။

"မင်းရဲ့ကူညီပေးခဲ့မှုတွေအတွက် ငါ ကျေးဇူးတင်ပါတယ်...ငါ မင်းကို အများကြီးတော့ ကျေးဇူးပြန်မဆပ်နိုင်ဘူး"

ထို့နောက် လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ မှော်ရတနာဆွဲကြိုးတစ်ခုကိုထုတ်ယူပြီး အစေခံ၏လက်အတွင်းသို့ ပေးလိုက်၏။

"ဒါက ငါရဲ့ကျေးဇူးတင်မှုကိုဖော်ပြတဲ့ လက်ဆောင်ငယ်လေးပါ"

လုယွီက ညင်သာသောလေသံဖြင့် ပြောဆိုသည်။

သူသည် အလွန်အဖိုးတန်သော မှော်ရတနာကို သူမအား ပေးဝံ့ခြင်းမရှိချေ။သူ၏သိုလှောင်အိတ်အတွင်း၌ အဖိုးတန်ရှားပါးသော မှော်ရတနာအမြောက်အများရှိနေသော်လည်း အကယ်၍ သူ ထုတ်ပေးသွားပါက တခြားသူများ၏အာရုံစိုက်ခြင်း ခံရပေမည်။

သို့သော် ထိုသို့ဆိုသည့်တိုင် အစေခံ၏မျက်လုံး တောက်ပသွားသည်။

"ငါ ကြည့်ကြည့်အုံးမယ်...ဝိုး...ဒါက စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာမဟုတ်လား"

အစေခံမလေးက အံ့အားသင့်ပျော်ရွှင်စွာဖြင့် ပြောဆိုသည်။

သူမအတွက် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာတစ်ခုရရှိရန်မှာ မလွယ်ကူလှချေ။သူမက လုယွီကိုကြည့်ပြီး မေးမြန်းလိုက်၏။

"ဒါဆို နင်က သေမျိုးတစ်ယောက် မဟုတ်ဘူးလား"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"ငါက ဆေးပညာရှင်တစ်ယောက်ရဲ့လက်ထောက်ပါ...ငါ တောတောင်တွေကြားမှာ ဆေးပင်တွေစုဆောင်းနေတုန်း နတ်ဆိုးသားရဲတွေရဲ့တိုက်ခိုက်တာကို ခံခဲ့ရတယ်...ဒါကြောင့် ငါ တောင်ကြားထဲကို ပြုတ်ကျလာခဲ့တာ"

ဤသို့ ဖြစ်ပျက်သွားခဲ့သလော။

အစေခံမလေးက ခေါင်းညိတ်ပြလိုက်သည်။ဤသည်က လက်ခံနိုင်ဖွယ် အကြောင်းပြချက်ပင်။

ယေဘုယျကျကျပြောဆိုရလျှင် ဆေးပညာရှင်တစ်ယောက်သည် တပည့်ရွေးချယ်ရာ၌ ထိုသူ၏ဆေးပညာအရည်အချင်းကိုသာကြည့်ရှုပြီး ကျင့်ကြံခြင်းနယ်ပယ်ကို ဂရုစိုက်ခြင်းမရှိချေ။

ဆေးပညာရှင်များသည် ချမ်းသာကြွယ်ဝသူများဖြစ်သဖြင့် မှော်ရတနာ တစ်ခု နှစ်ခုခန့် ထုတ်ပေးခြင်းသည် အလွန်သမားရိုးကျဆန်သောကိစ္စပင်။

"အနည်းဆုံးတော့ နင့်ဆီမှာ သိတက်မှုလေးတော့ရှိသားပဲ...ငါ နင့်အတွက် နေ့တိုင်းဆန်ပြုတ်ချက်ပေးခဲ့တာ အလဟဿမဖြစ်တော့ဘူး"

အစေခံက အပြုံးနှင့် ပြောဆိုသည်။

လုယွီသည် ဤနေရာနှင့်ပတ်သက်သည့် တချို့ကိစ္စများကို ထပ်မံ၍မေးမြန်းပြီးနောက် ထွက်ခွါသွားရန်ဆုံးဖြတ်လိုက်သည်။

ဤနေရာသည် ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်လုံးဖြစ်ပေ၏။

ထို့ပြင် ရွှေမိုးကြိုးဂိုဏ်းသည် ရှေးဟောင်းဖုန်မှုန့်ကြယ်၏ အဓိကဂိုဏ်းသုံးဂိုဏ်းအနက်မှ တစ်ဂိုဏ်းဖြစ်သည်။

ဂိုဏ်းချုပ်လီဟောင်ယန်းသည် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းပြီးဖြစ်ကာ လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။

သူ၏လက်အောက်၌ မြောက်မြားစွာသော လေလွင့်အင်မော်တယ်များရှိပြီး သာမာန်ထက်သာလွန်သော အင်အားစုတစ်ခုဟုဆိုနိုင်သည်။

ရွှေမိုးကြိုးဂိုဏ်း၏သခင်မလေးဖြစ်ပြီး လီဟောင်ယန်း၏သမီးလည်းဖြစ်သော လီဟူရှင်းသည် ပြင်ပသို့အလည်အပတ်ထွက်လာချိန်တွင် လုယွီအား မတော်တဆတွေ့ခဲ့ခြင်းဖြစ်သည်။

သူမသည် ကြင်နာသနားတက်သူဖြစ်၍ လုယွီအားခေါ်ဆောင်ပြီး ဂရုစိုက်စောင့်ရှောက်ပေးရန် သူမ၏နောက်လိုက်များအား အမိန့်ပေးခဲ့သည်။

"ဒါပေမယ့် သခင်မလေးက ခုလတ်တလောအချိန်မှာ လက်ထပ်ဖို့ကိစ္စနဲ့ အလုပ်များနေတယ်...နင် အရင်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"

အစေခံမလေး၏မျက်နှာထက်၌ ခါးသည်းမှုအရိပ်အယောင်တစွန်းတစထွက်ပေါ်လာသည်။

Chapter 1658

"လက်ထပ်ဖို့ကိစ္စအတွက် အလုပ်များနေတာလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

ဤကိစ္စမျိုးကိုမူ လုယွီ အမှန်တကယ်ကိုပင် စွက်ဖက်လိုခြင်းမရှိချေ။အစေခံမလေး၏မျက်နှာအမူအယာသည် အနည်းငယ်ဝမ်းနည်းနေသယောင်ဖြစ်နေသော်လည်း တစ်ဖက်လူ၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေသဖြင့် လုယွီ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်လှချေ။

"ဒီလိုဆိုမှတော့ ဒါက ငါ့ရဲ့လက်ဆောင်ငယ်လေးပါ...ကျေးဇူးပြုပြီး ဒါကို မင်းရဲ့သခင်မလေးဆီ ပေးပေးပါအုံး"

လုယွီက နောက်ထပ်မှော်ရတနာတစ်ခုကို ထုတ်ပေးလိုက်၏။

ထိုမှော်ရတနာသည်လည်း ယခင်ဆွဲကြိုးနှင့်တူညီစွာ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာနားဆွဲတစ်ခုဖြစ်သည်။

သို့ရာတွင် ဤစိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်မှော်ရတနာအတွင်း၌ တာအိုသခင်အဆင့်တိုက်ခိုက်မှုတစ်ခုကို ချိပ်ပိတ်ထားသည်။

ဤနားဆွဲအား ဝတ်ဆင်ထားသူသည် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက မှော်ရတနာ၏ခုခံကာကွယ်မှုစွမ်းရည်ကို နှိုးဆွသကဲ့သို့ဖြစ်ကာ ပြင်းထန်သောတိုက်ခိုက်မှုအားအသုံးပြု၍ တစ်ဖက်ရန်သူအား သတ်ဖြတ်နိုင်ပေမည်။

"ကောင်းပြီလေ...နင်က ကျေးဇူးသိတက်သားပဲ...ငါ ဒါ့ကို သခင်မလေးဆီပေးလိုက်မယ်"

အစေခံသည် များစွာတွေးတောနေခြင်းမရှိဘဲ မှော်ရတနာကို ယူဆောင်လိုက်၏။

လုယွီ ထွက်ခွါသွားသည်ကိုကြည့်ပြီး အစေခံသည် သခင်မလေးလီဟူရှင်း၏အခန်းသို့ ပြန်လာခဲ့သည်။

ယခုလက်ရှိချိန်၌ လီဟူရှင်းသည် မှန်တင်ခုံရှေ့၌ ထိုင်နေပေ၏။သူမသည် ကြေးမုံမှန်အတွင်းရှိ သူမ၏လှပချောမောသောမျက်နှာလေးကို အသက်မဲ့နေသောမျက်လုံးဖြင့် ငေးစိုက်၍ကြည့်နေသည်။

"သခင်မလေး...ကျွန်မတို့ ကယ်တင်လာခဲ့တဲ့သူ နိုးလာပြီ...သူက သေမျိုးတစ်ယောက်မဟုတ်ဘူး...သူက ဆေးပညာရှင်တစ်ယောက်ရဲ့လက်ထောက်ပဲ...သူက သခင်မလေးဆီကို ဒါလေးပေးပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်"

အစေခံသည် စိတ်လှုပ်ရှားစွာဖြင့် အခန်းအတွင်းသို့ဝင်လာပြီး နားဆွဲတစ်စုံအား လီဟူရှင်း၏နံဘေးရှိ ခုံတစ်လုံးပေါ်သို့တင်ကာ ပြောဆိုလေ၏။

လီဟူရှင်းက တည်ငြိမ်စွာပြောဆိုသည်။

"ကောင်းပြီလေ"

သူမ၏အမူအယာသည် အလွန်အမင်းအေးစက်နေပြီး မည်သည့်အရာမျိုးကမျှ သူမ၏စိတ်ကို လှုပ်ခတ်အောင် မလုပ်နိုင်သကဲ့သို့ပင်။

အစေခံသည် သူမ၏သခင်မလေး ထိုသို့ဖြစ်နေသည်ကိုကြည့်ပြီး ဒေါသတကြီး ပြောဆိုလေ၏။

"သခင်မလေး...မက်မွန်ပွင့်ဓားဂိုဏ်းရဲ့ဝမ်ခန်းက ငပွေငရှုပ်တစ်ယောက်ပဲ...သခင်ကြီးက သခင်မလေးကို တကယ်ပဲ အဲ့ဒီလိုလူစားမျိုးနဲ့ လက်ထပ်ပေးတော့မှာလား"

လီဟူရှင်းသည် ခပ်ဖျော့ဖျော့ပြုံးပြီး အစေခံမလေး၏နဖူးကို တောက်လိုက်သည်။

"နင် ဘာသိလို့လဲ....ဂိုဏ်းနှစ်ခုကြားမှာ မဟာမိတ်ဖွဲ့တယ်ဆိုတာ ငါတို့အတွက် ကောင်းတဲ့ကိစ္စပဲ...ပြီးတော့ လေဟာနယ်ဓားပြတွေက ပိုပြီးအတင့်ရဲလာပြီ...ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မဟာမိတ်တစ်ခု ဖွဲ့စည်းပြီးမှပဲ အဲ့ဒီဥပဒေမဲ့လူရမ်းကားတွေကို ပြန်ပြီးခြိမ်းခြောက်နိုင်မှာ"

အစေခံသည် သူမ၏နဖူးကိုပွတ်သပ်ပြီး ပြောဆိုသည်။

"ဒီလိုဆိုမှတော့...သခင်မလေး...အဲ့ဒီကိစ္စကို အချိန်ဆွဲထားလို့ရော မရဘူးလား"

လူဟူရှင်းသည် ရွှေမိုးကြိုးဂိုဏ်းချုပ်၏ အဖိုးတန်သမီးတစ်ယောက် ဖြစ်ရုံသာမက ပါရမီမြင့်မားသူလည်းဖြစ်သည်။

သူမသည် သူမချစ်နှစ်သက်သော မည်သူကိုမဆို လက်ထပ်နိုင်သည့် အရည်အချင်းရှိသူဖြစ်သော်လည်း ဂိုဏ်းနှစ်ခုကြား မဟာမိတ်ဖွဲ့မည့်ကိစ္စကြောင့် ရွံရှာစက်ဆုပ်ဖွယ်ဂုဏ်သတင်းရှိသူတစ်ယောက်နှင့်လက်ထပ်ရန် သူမအား ဖိအားပေးခံရသည်။

လုဟူရှင်းက ဖြူရော်နေသောမျက်နှာနှင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မရဘူး...ဒါက ငါ့အဖေရဲ့ဆန္ဒဖြစ်နေရုံတင်မက အကြီးအကဲအားလုံးရဲ့သဘောဆန္ဒတွေလည်းဖြစ်တယ်...ငါတို့ ရွှေမိုးကြိုးဂိုဏ်းမှာ လောကီအင်မော်တယ်တစ်ယောက်ပဲရှိတယ်...ဒါပေမယ့် မက်မွန်ပွင့်ဓားဂိုဏ်းမှာ လောကီအင်မော်တယ်ငါးယောက်တောင်ရှိတယ်"

"သူတို့ဂိုဏ်းနဲ့ ခိုင်မာတဲ့မဟာမိတ်တစ်ခုကို ဖွဲ့စည်းထားမှသာ ငါတို့ အဲ့ဒီလေဟာနယ်ဓားပြတွေကို ကြောက်စရာမလိုမှာ...မြွေဝိညာဥ်ကျွန်းရဲ့ကံကြမ္မာလိုမျိုး ငါတို့ဂိုဏ်း ကျရောက်သွားလို့မဖြစ်ဘူး"

မြွေဝိညာဥ်ကျွန်း ရွှေမိုးကြိုးဂိုဏ်းနှင့် မက်မွန်ပန်းပွင့်ဂိုဏ်းတို့သည် ရှေးဟောင်းဖုန်မှုန့်ကြယ်၏ ထိပ်သီးအင်အားစုသုံးခုဖြစ်ပေ၏။

သို့ရာတွင် လွန်ခဲ့သောရက်အနည်းအကြာက မြွေဝိညာဥ်ကျွန်း ရုတ်တရက် ပျက်စီးပြိုလဲသွားခဲ့သည်။

မြွေဝိညာဥ်ကျွန်းခေါင်းဆောင် သေဆုံးသွားရပြီး ဂိုဏ်းအတွင်းရှိ အကြီးအကဲနှင့်တပည့်များအားလုံး တုန်လှုပ်ချောက်ချားဖွယ်နည်းလမ်းများနှင့် သတ်ဖြတ်ခံခဲ့ရ၏။ထို့ပြင် မြွေဝိညာဥ်ကျွန်းအတွင်းရှိ ပိုင်ဆိုင်မှုများအားလုံးလည်း လုယက်ခံရသည်။

တခြားဂိုဏ်းနှစ်ဂိုဏ်းသည် လူများစေလွှက်၍ ထိုကိစ္စကို စုံစမ်းဖော်ထုတ်ခဲ့ကြသည်။သူတို့က ထိုကိစ္စသည် လတ်တလောအချိန်တွင် ကျော်ကြားနေသော လေဟာနယ်ဓားပြများ၏လက်ချက်ဟုသာ သိခဲ့ရပေ၏။

မက်မွန်ပွင့်ဓားဂိုဏ်း၏အခြေအနေသည် ကောင်းမွန်သော်လည်း ရွှေမိုးကြိုးဂိုဏ်း၏အင်အားသည် မြွေဝိညာဥ်ကျွန်းမျှပင် အားကောင်းခြင်းမရှိချေ။ရွှေမိုးကြိုးဂိုဏ်းချုပ်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏သမီးဖြစ်သူအား မက်မွန်ပွင့်ဓားဂိုဏ်းမှသူနှင့် လက်ဆက်ခြင်းဖြင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

"သခင်မလေး...ဒီရှေးဟောင်းဖုန်မှုန့်ကြယ်ကနေ ထွက်သွားကြရအောင်...ဒီမှာနေရတာ အရမ်းအန္တရာယ်များတယ်"

အစေခံမလေး၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျနေသည်။

လီဟူရှင်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"တကယ့်ကို ရူးသွပ်မိုက်မဲတဲ့ ကောင်မလေးပဲ...တစ်ယောက်ယောက်က ငါတို့ဂိုဏ်းအတွက် စတေးရလိမ့်မယ်...ရွှေမိုးကြိုးဂိုဏ်းရဲ့အကျိုးနဲ့စာရင် ငါက ဘာမလို့လဲ"

သူမသည် သာမာန်ကာလျှံကာလေသံမျိုးနှင့် ပြောဆိုသော်လည်း သူမ၏မျက်လုံးအတွင်း၌ ကြေကွဲဝမ်းနည်းမှုနှင့်စိတ်ဓာတ်ကျဆင်းနေသော အရိပ်အယောင်များရှိနေလေ၏။

လီဟူရှင်းသည် ပါရမီရှိပြီးဥာဏ်ကောင်းသူဖြစ်သော်လည်း သူမသည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။

လူငယ်မျိုးဆက်သစ်များကြားတွင်ပင် သူမသည် အထူးချွန်ဆုံးသူမဟုတ်သဖြင့် ဂိုဏ်းတစ်ခုလုံး၏ဆုံးဖြတ်ချက်ကို သူမ မည်သည့်နည်းနှင့်မျှ ငြင်းဆန်နိုင်မည်မဟုတ်ချေ။

Chapter 1659

ရွှေမိုးကြိုးဂိုဏ်း၏တောင်ခြေ၌.....

လုယွီသည် လီဟူရှင်း၏အတွေးများကိုမသိရှိသည့်အပြင် သူသည် ယခုလက်ရှိချိန်၌ တခြားကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိချေ။

သူ ဆေးသန့်စင်ရန်အတွက်လိုအပ်သော နတ်ဘုရားသစ်ရွက်သည် ရှားပါးသောအရာမျိုးမဟုတ်သဖြင့် သူ လွယ်လင့်တကူ ရှာဖွေနိုင်ပေမည်။

ထို့ကြောင့် လုယွီသည် စျေးတစ်စျေးသို့ ရောက်ရှိလာပေ၏။ဤသည်က ကျင့်ကြံသူများ၏စျေးဖြစ်သည်။စျေးအတွင်း၌ရောင်းချသော ပစ္စည်းအများစုမှာ ဆေးလုံးများ သိုင်းပညာကျင့်စဥ်များ မှော်လက်နက်များနှင့် စိတ်ဝိညာဥ်သားရဲများဖြစ်ပေ၏။

လုယွီသည် စျေးအတွင်းရှိ ဆိုင်တစ်ဆိုင်အား အလျှင်အမြန် ရှာဖွေတွေ့ရှိလိုက်သည်။

"ဆိုင်ရှင်...ခဏနေပါဦး...ငါ အဆင့်မြင့်အဆင့်နတ်ဘုရားသစ်ရွက်တချို့ ဝယ်ချင်လို့ပါ"

လုယွီက ပြောဆိုသည်။

ဆိုင်ရှင်သည် လုယွီအားတစ်ချက်ကြည့်ပြီး အသက်အလွန်ငယ်ရွယ်သည်ကိုမြင်ချိန်တွင် သူက မျက်လွှာအောက်ချ၍ ပြောဆိုလိုက်၏။

"အဲ့ဒါက ရောင်းပြီးလို့ ကုန်သွားပြီ"

ကုန်သွားပြီဟု ဆိုသလော။

လုယွီက အနည်းငယ်အံ့အားသင့်သွားပေ၏။နတ်ဘုရားသစ်ရွက်သည် အဖိုးတန်ရှားပါးသောအရာမျိုးမဟုတ်ပေ။မည်သည်ကြောင့် ရုတ်တရက် ကုန်သွားရသနည်း။

ထိုအချိန်မှာပင် ဆေးပညာအလုပ်သင်ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ယောက်က ဆိုင်အတွင်းသို့ အပြေးအလွှားဝင်ရောက်လာသည်။

"ဆိုင်ရှင်...နတ်ဘုရားသစ်ရွက်တွေအားလုံး ငါ့အတွက် ထုတ်ပိုးပေးပါ...မြန်မြန်လေး"

ထိုဆေးပညာအလုပ်သင်သည် ပျာသီးပျာယာလေသံဖြင့် ပြောဆိုလေ၏။

သို့ရာတွင် ဆိုင်ရှင်သည် ချက်ချင်းပင် မတ်တတ်ထရပ်ပြီး အပြုံးနှင့်ပြောဆိုသည်။

"မင်း ဒီလောက်အစောကြီးရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါက မဟာဆေးပညာရှင်နန့်ကုန်းအတွက် အဆင့်သင့်ပြင်ဆင်ပေးပြီးသားပါ"

စကားဆုံးသည်နှင့် ဆိုင်ရှင်သည် ကောင်တာမှနေ၍ နတ်ဘုရားသစ်ရွက်အမြောက်အများကိုထုတ်ယူပြီး ထုတ်ပိုးကာ ရိုသေလေးစားစွာဖြင့် ဆေးပညာအလုပ်သင်ထံပေးလိုက်၏။

ဆေးပညာအလုပ်သင်သည် ထိုနတ်ဘုရားသစ်ရွက်များကိုယူဆောင်ပြီး အထင်သေးသောအမူအယာနှင့်ပြောဆိုသည်။

"ငွေကတော့ အရင်ဆုံး အကြွေးမှတ်ထားလိုက်...ငါ နောက်တစ်ခေါက်လာမှပေးမယ်"

ဆိုင်ရှင်၏မျက်နှာပေါ်၌ မျက်နှာချိုသွေးသောအမူအယာမျိုးသာ ရှိနေသည်။

"မဟာဆေးပညာရှင်နန့်ကုန်းအတွက် ထောက်ပံပေးရတာကိုက ငါ့အတွက် ဂုဏ်ယူစရာဖြစ်နေပါပြီ...ငွေအကြောင်း ထည့်ပြောစရာမလိုပါဘူး"

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"နတ်ဘုရားသစ်ရွက်တွေအားလုံးကုန်သွားပြီလို့ မင်း အရင်က ပြောခဲ့တယ်မဟုတ်လား"

ဆိုင်ရှင်သည် လှောင်ပြောင်သရော်လိုသောအမူအယာဖြင့် လုယွီကို စောင်းငဲ့၍ကြည့်လိုက်၏။

"မဟာဆေးပညာရှင်နန့်ကုန်းက ခုလတ်တလောအချိန်မှာ နတ်ဘုရားအဆင့်ဆေးကို သန့်စင်နေတယ်ဆိုတာ မင်း မသိဘူးလား"

လုယွီက ခေါင်းခါပြလိုက်၏။သူသည် မဟာဆေးပညာရှင်နန့်ကုန်းဟူသော အမည်ကိုပင် ကြားဖူးခြင်းမရှိချေ။

"သူက ငါ့ဆရာသခင်ရဲ့နာမည်ကိုတောင် သိပုံမရဘူး...ကြည့်ရတာတော့ ရွာသားတစ်ယောက် ဖြစ်ပုံရတယ်...တော်တော်ရယ်ဖို့ကောင်းတာပဲ"

ဆေးပညာအလုပ်သင်က လှောင်ပြောင်သရော်လိုက်၏။

လုယွီသည် ထိုဆေးပညာအလုပ်သင်၏လက်အတွင်းရှိ နတ်ဘုရားသစ်ရွက်များကို တစ်ချက်ကြည့်လိုက်ရာ အရည်အသွေးညံဖျင်းသည်ကို တွေ့ရှိလိုက်မိသည်။

သူ သန့်စင်မည့်ဆေးဝါးအတွင်း၌ ဤကဲ့သို့အရည်အသွေးညံဖျင်းသည့် ပါဝင်ပစ္စည်းမျိုးကို တည့်သွင်းအသုံးပြုလိုခြင်းမရှိချေ။

"ကောင်းပြီလေ...ငါ ဒါကို မလိုချင်တော့ဘူး"

လုယွီသည် ထိုကိစ္စအတွင်း၌ ပါဝင်စွက်ဖက်လိုစိတ်မရှိသဖြင့် ချက်ချင်းပင် ပြောဆိုလိုက်၏။

မမျှော်လင့်ဘဲ လုယွီ၏လက်လျှော့လိုက်မှုသည် ထိုဆေးပညာအလုပ်သင်အား ပို၍ပင်စိတ်ကြီးဝင်မောက်မာသွားစေသည်။

"ဟား ဟား ဟား...မင်းမှာ ဆင်ခြင်တွေးတောနိုင်မှု နည်းနည်းတော့ ရှိသေးတာပဲ...မှတ်ထားစမ်း...မဟာဆေးပညာရှင်နန့်ကုန်းက မင်း ပြစ်မှားလို့ရတဲ့သူမျိုးမဟုတ်ဘူး"

ဆေးပညာအလုပ်သင်က မောက်မာရိုင်းစိုင်းစွာ ပြောဆိုသည်။

လုယွီက သူ၏မေးစေ့ကိုပွတ်သပ်ပြီး မေးမြန်းလိုက်သည်။

"အဲ့ဒီ မဟာဆေးပညာရှင်နန့်ကုန်းက အရမ်းကျော်ကြားလို့လား"

"မင်း မဟာဆေးပညာရှင်နန့်ကုန်းကို တကယ်မသိတာလား...မင်းက ဒီနေရာကကျင့်ကြံသူမဟုတ်ဘူးလား"

ဆိုင်ရှင်က အံ့အားသင့်သွားသည်။

လုယွီက ခေါင်းညိတ်ပြသည်။

"ငါက ဒီနေရာကို ခုမှရောက်လာတဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ"

"အံ့အားသင့်စရာမရှိတော့ဘူး...မဟာဆေးပညာရှင်နန့်ကုန်းက ရွှေမိုးကြိုးဂိုဏ်းကနေ အထူးဖိတ်ကြားထားတဲ့ ဆေးပညာရှင်တစ်ယောက်ပဲ...သူက ရွှေမိုးကြိုးဂိုဏ်းချုပ် အဆင့်ချိုးဖျက်ဖို့အတွက်လိုအပ်တဲ့ နတ်ဘုရားအမြူတေကို သန့်စင်ပေးဖို့အတွက် ဒီနေရာကိုရောက်နေခဲ့တာ"

ဆိုင်ရှင်က ဆက်လက်၍ လုယွီကို အကြံပေးစကားပြောဆိုသည်။

"မဟာဆေးပညာရှင်နန့်ကုန်းက ခုလတ်တလောအချိန်မှာ ဆေးလုံးတွေသန့်စင်နေတော့ နတ်ဘုရားသစ်ရွက်တွေ ပြတ်လပ်နေတယ်...သူက ဒီစျေးထဲမှာရှိတဲ့ နတ်ဘုရားသစ်ရွက်တွေအားလုံးနီးပါးကိုလည်း ဝယ်ယူပြီးသွားပြီ...တကယ်လို့ မင်း လိုချင်တယ်ဆိုရင် နောက်ထပ်ဆယ်ရက်ကျော်လောက်စောင့်ရလိမ့်မယ်"

ဆယ်ရက်ကျော်ဟု ဆိုသလော။

လုယွီ ဤမျှထိအချိန်ကြာမြင့်စွာ မစောင့်နိုင်ချေ။

"ဒီလောက်စျေးအကြီးကြီးမှာတောင် ဘာနတ်ဘုရားသစ်ရွက်မှ မရှိတော့ဘူးလား"

လုယွီက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

အကယ်၍ ထိုအရာသည် အဖိုးတန်ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းဖြစ်နေပါက ယခုကဲ့သို့ ရှာဖွေရန်ခက်ခဲခြင်းသည် လက်သင့်ခံနိုင်ဖွယ်ရာပင်။

သို့ရာတွင် နတ်ဘုရားသစ်ရွက်သည် အဖိုးတန်ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းမဟုတ်ချေ။ထိုအရာအား ကောင်းကင်ဘုံနယ်မြေရှိ မည်သည့်နေရာတွင်မဆို တွေ့မြင်နိုင်သည်။

ဆိုင်ရှင်သည် အချိန်တခဏကြာ တွန့်ဆုတ်နေပြီးမှ ပြောဆိုလေသည်။

"စျေးရဲ့အရှေ့ဘက်ခြမ်းမှာ လေလံရုံတစ်ခုရှိတယ်...အဲ့ဒီနေရာမှာ မင်း လိုချင်တဲ့ဟာရကောင်းရနိုင်တယ်...ဒါက အဖိုးတန်ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းမဟုတ်ပေမယ့် ဒီနေရာမှာတော့ အဆင့်မြင့်ကုန်စည်တစ်မျိုးပဲ"

Chapter 1660

ထိုစကားများသည် လုယွီ စိတ်အတွင်း၌ တွေးတောနေသည်နှင့် မတော်တဆတိုက်ဆိုင်သွားပေ၏။

အစောပိုင်းက လုယွီ မြင်တွေ့ခဲ့သော နတ်ဘုရားသစ်ရွက်များ၏အရည်အသွေးသည် အလွန်ညံဖျင်းပြီး သူ အလိုရှိသော အရည်အသွေးနှင့် လွန်စွာကွဲပြားခြားနားသည်။

စျေးအတွင်းရှိ လေလံရုံနေရာ၌...

လုယွီသည် အချိန်တခဏအတွင်းမှာပင် လေလံရုံသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာသော ကျင့်ကြသူများကို မြောက်များစွာသောအစောင့်များက ဆီးကြိုနေကြ၏။ထိုသူများ လေလံရုံအပေါက်ဝသို့ရောက်သည်နှင့် လေလံရုံရှိအစောင့်များက လှိုက်လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်ကြသည်။

"ဒီက တာအိုမိတ်ဆွေလေး...ကျေးဇူးပြု၍"

မွှေးရနံများဖြတ်သန်းသွားခြင်းနှင့်အတူ ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်က နူးညံညင်သာသောအပြုံးနှင့် လုယွီအား ဆီးကြိုလေ၏။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ထိုမိန်းကလေး၏နောက်သို့လိုက်၍ လေလံရုံအတွင်းသို့ ဝင်လိုက်သည်။

မိန်းကလေးက အပြုံးနှင့်ပြောဆိုသည်။

"တာအိုမိတ်ဆွေလေးကိုကြည့်ရတာ မျက်နှာစိမ်းဖြစ်ပုံရတယ်...ဒီနေရာကို မရောက်ဖူးဘူးမလား"

လုယွီက ခေါင်းညိမ့်ပြသည်။

မိန်းကလေး၏မျက်နှာထက်မှအပြုံး ပို၍ပီပြင်ထင်ရှားလာပေ၏။

အကယ်၍ သူမတို့သည် လူသစ်တစ်ယောက်အား ခေါ်ဆောင်လာနိုင်ပါက ပွဲခများရရှိနိုင်သည်။

မိန်းကလေးသည် ပထမထပ်ရှိ ပစ္စည်းများကို လုယွီအား စတင်၍ပြသလိုက်တော့သည်။

"တာအိုမိတ်ဆွေလေး...ဒီပစ္စည်းတွေအားလုံးက ကျွန်မတို့ဆီကို ခုလတ်တလောမှရောက်လာတဲ့ မှော်ရတနာတွေပဲ...ကျွန်မတို့လေလံရုံမှာ ဧကရာဇ်အဆင့် မှော်ရတနာတွေတောင်ရှိတယ်"

လုယွီက တစ်ချက်ကြည့်လိုက်၏။ထိုနေရာတွင် မှော်ရတနာအမြောက်အများရှိနေသော်လည်း သူထံ၌ရှိနေသော အရာများနှင့်နှိုင်းယှဥ်ပါက ထည့်သွင်းဖော်ပြရန်ပင်မထိုက်တန်ချေ။

ထို့ပြင် ထိုမှော်ရတနာပစ္စည်းများ၏ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ ကောင်းမွန်သော်လည်း အမှန်အားဖြင့် ထိုအရာများကို ရွှေများ ကျောက်စိမ်းများဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သည်။

လုယွီက ခေါင်းခါပြလိုက်၏။

"ထားလိုက်တော့"

မိန်းကလေးက နှုတ်ခမ်းစူပြီးနောက် သူမက တခစ်ခစ်ရယ်မောကာ ပြောဆိုလေသည်။

"ဒါဆို ဒီနေရာက ပစ္စည်းတွေက သခင်လေးလိုမြင့်မြတ်တဲ့သူရဲ့မျက်လုံးထဲမှာ မတိုးဘူးပေါ့နော်...ဒါဆိုလည်း အပေါ်ထပ်ကို သွားကြရအောင်"

မိန်းကလေး၏လေသံသည် ပို၍ပင်ညှို့ငင်အား ပြင်းထန်လာပေ၏။သူမသည် လုယွီအား ချမ်းသာကြွယ်ဝသောကျင့်ကြံသူတစ်ယောက်ဟု တွေးတောလိုက်ခြင်းမှာ သိသာထင်ရှားသည်။

လုယွီက ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"ဒီနေရာမှာ နတ်ဘုရားသစ်ရွက် မရှိဘူးလား"

ဘာ...နတ်ဘုရားသစ်ရွက်တဲ့လား...

မိန်းကလေးသည် အနည်းငယ်ကြက်သေသေသွားပြီး အချိန်တခဏအကြာမှ အသိပြန်ဝင်လာကာ သူမ၏မျက်လုံးအတွင်း၌ လှောင်ပြောင်သရော်လိုသောအရိပ်အယောင် တစွန်းတစဖြတ်ပြေးသွားသည်။

နတ်ဘုရားသစ်ရွက်ကဲ့သို့သောအရာမျိုးသည် ပြင်ပရှိဆိုင်များတွင်ပင် ဝယ်ယူရရှိနိုင်ပြီး အဆင့်နိမ့်ကုန်စည်တစ်ခုဟု ဆိုနိုင်ပေ၏။

သို့ရာတွင် ယခင်ရက်များအတွင်း၌ မဟာဆေးပညာရှင်နန့်ကုန်းသည် စျေးအတွင်းရှိ နတ်ဘုရားသစ်ရွက်အားလုံးကို ဝယ်ယူခဲ့သောသတင်းသည် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။

သူမ၏အမြင်အရ လုယွီသည် ဆေးပညာရှင်တစ်ယောက်၏လက်တိုလက်တောင်းတစ်ယောက်သာ ဖြစ်ပေမည်။

"နတ်ဘုရားသစ်ရွက်လား...အဲ့ဒီလိုပစ္စည်းအတွက်နဲ့တော့ နင် လေလံရုံကို လာစရာမလိုပါဘူး...နင် လိုချင်ရင် အပြင်ကစျေးထဲမှာ တိုက်ရိုက်ဝယ်လို့ရတယ်"

မိန်းကလေးက စိတ်မရှည်ပုံဖြင့် ဆက်လက်ပြောဆိုသည်။

"နင့်လိုမျိုး ဆင်းရဲတဲ့သူတောင်းစားက ဒီနေရာကို ရည်ရွယ်ချက်ကောင်းနဲ့လာတာ မဖြစ်နိုင်ဘူး...ငါ အချိန်တွေအများကြီး ဖြုန်းမိသွားပြီ"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ဖြစ်နိုင်တာတော့ မင်းတို့ လေလံရုံကို ပစ္စည်းလာဝယ်တာကလည်း အပြစ်တစ်ခုပဲလား"

မိန်းကလေး၏ဝန်ဆောင်မှုပေးသည့် အပြုအမူသည် အလွန်အမင်း သေးနုပ်ညံဖျင်းလှသည်။

မိန်းကလေးက ပြက်ရယ်ပြုရယ်မောပြီး ပြောဆိုသည်။

"နင့်ကိုယ်နင် အရင်ပြန်အကဲဖြတ်တာ ပိုကောင်းလိမ့်မယ်...ငါ့ရဲ့အဆင့်အတန်းက ဘာလဲဆိုတာ နင်သိလား...အထူးဧည့်သည်တွေပဲ ငါ့ရဲ့ဝန်ဆောင်မှုကိုရတာ...နင်မှာ အဲ့ဒီလိုမျိုးအရည်အချင်းမရှိဘူး...နင်က ဘာလို့ အထူးဧည့်သည်ဝင်ပေါက်ကနေ ဝင်လာတာလဲ"

အမ်...

လုယွီသည် ထိုကိစ္စအား အမှန်တကယ်ကိုပင် သတိမပြုမိချေ။

လုယွီ တုံ့ပြန်ပြောဆိုခြင်းမရှိသည်ကိုကြည့်ပြီး မိန်းကလေး၏မျက်လုံးအတွင်းမှ အထင်အမြင်သေးသောအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာပေ၏။

"ကောင်းပြီလေ...ငါ နင်နဲ့ စကားထပ်ပြောပြီး အချိန်မဖြုန်းနိုင်တော့ဘူး....နောက်ထပ်တစ်ယောက် နင့်ဆီလာပြီး ဝန်ဆောင်မှုပေးလိမ့်မယ်"

မိန်းကလေးက မကျေမချမ်းပြောဆိုပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။

သူမထွက်ခွါသွားသည်နှင့် မကြာမီမှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ရောက်ရှိလာသည်။

"ကြိုဆိုပါတယ် ဧည့်သည်တော်...ကျွန်မက ဆေးဖက်ဝင်ပစ္စည်းတွေရဲ့တာဝန်ခံ လင်းရှုလင်ပါ"

သူမက လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။

အစောပိုင်းက မိန်းကလေး၏ခမ်းနားထည်ဝါသော ဝတ်စုံနှင့်နှိုင်းယှဥ်ပါက ယခုမိန်းကလေး၏ဝတ်စုံသည် ရိုးရှင်းပြီးအကြမ်းထည်ဆန်ပေ၏။

လုယွီက သူ ဤနေရာသို့လာရသည့်ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

လင်းရှုလင်သည် လုယွီကို ဆေးပစ္စည်းများထားသည့်နေရာသို့ ခေါ်ဆောင်သွားပြီး နောက်ဆုံး၌ နတ်ဘုရားသစ်ရွက်တချို့ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။

ထိုအချိန်မှာပင် ကျယ်လောင်သောလက်ခုပ်တီးသံများ ပြင်ပမှထွက်ပေါ်လာသည်။

"ဒီနေ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဒီနေရာကို လာဖို့ရှိတယ်...အပြင်မှာ လူအရမ်း စည်ကားနေတယ်...နင် အနောက်ဘက်တံခါးကနေ ပြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"

လင်းရှုလင်းက လုယွီအား တီးတိုးပြောဆိုသည်။

All Chapters