← Chapters

အခန်း (၁၆၆၁-၁၆၆၅)

Vol. 86 Ch. 1661-1665

အခန်း (၁၆၆၁-၁၆၆၅)

Vol. 86 Ch. 1661-1665

Chapter 1661

လုယွီက တုံ့ပြန်ပြောဆိုသည်။

"ကောင်းပြီလေ"

သူ ပြင်ပသို့ မည်သည့်တံခါးပေါက်မှထွက်ရပါစေ ကိစ္စမရှိချေ။နတ်ဘုရားသစ်ရွက်များကို သူ ရရှိသည်နှင့် သူ၏ရည်မှန်းချက် အောင်မြင်လေပြီ။

လုယွီသည် နတ်ဘုရားသစ်ရွက်များကို အနည်းငယ်စစ်ဆေးပြီးနောက် ဤသစ်ရွက်များ၏အရည်အသွေးသည် အလွန်ကောင်းမွန်ပြီး ပြင်ပတွင်ရောင်းချသည့်အရာများထက် အဆများစွာသာကြောင်း သူ တွေ့ရှိလိုက်ရ၏။

"ငါ ဒါတွေအားလုံးကိုယူမယ်...တကယ်လို့ မင်းဆီမှာ နတ်ဘုရားသစ်ရွက်ရဲ့မျိုးစေ့တွေရှိရင်လည်း ငါ ဝယ်မယ်"

လုယွီက ပြောဆိုသည်။

အကယ်၍ သူ့ထံ၌မျိုးစေ့များရှိနေပါက ထိုအရာများကို သူ၏ကမ္ဘာငယ်လေးအတွင်း၌ စိုက်ပျိုးနိုင်သည်ဖြစ်ရာ သူ နတ်ဘုရားသစ်ရွက်များကိုဝယ်ယူရန်အတွက် အချိန်များစွာဖြုန်းနေရန် မလိုအပ်တော့ချေ။

"ဟုတ်ကဲ့ပါ ဧည့်သည်...ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး"

လင်းရှုလင်က မျိုးစေ့များကို အလျှင်အမြန်ရှာဖွေ၍ လုယွီထံပေးလေသည်။

လေလံရုံ၏လုပ်ဆောင်နိုင်စွမ်းသည် အလွန်ကောင်းမွန်ပေ၏။အချိန်တိုအတွင်းမှာပင် လုယွီဝယ်ယူသော ဆေးပင်များနှင့်မျိုးစေ့များအားလုံးကို ထုတ်ပိုးပြီးလေပြီ။

လုယွီသည် သူ၏သိုလှောင်အိတ်အတွင်းမှ စိတ်ဝိညာဥ်ကျောက်တုံးတချို့ကို ထုတ်ပေးလိုက်၏။

"ဧည့်သည်...အင်မော်တယ်ကျောက်တုံး၇၀၀၀ ကျသင့်ပါတယ်...ကျွန်မတို့က တခြားနေရာက စိတ်ဝိညာဥ်ကျောက်တုံးတွေကို လက်မခံပါဘူး"

လင်းရှုလင်က နူးညံသိမ်မွေ့သောအသံဖြင့် ပြောဆိုသည်။

"အင်မော်တယ်ကျောက်တုံးလား"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

အတိတ်ဘဝမှစ၍ ယခုချိန်ထိတိုင် သူသည် အင်မော်တယ်ကျောက်များ၏တည်ရှိမှုအကြောင်းကို မကြားဖူးခဲ့ချေ။

"ဒါက ခုလတ်တလောနှစ်တွေကမှ အင်ပါယာနန်းတော်က တရားဝင်ပြဋ္ဌာန်းလိုက်တဲ့ ငွေကြေးအသစ်ပါ"

လင်းရှုလင်က ရှင်းပြသည်။

စကားဆုံးသည်နှင့် သူမ၏အင်္ကျီလက်မောင်းကြားမှ အင်မော်တယ်ကျောက်တုံးတစ်ခုကိုထုတ်ယူ၍ လုယွီထံ လက်ကမ်းပေးလိုက်၏။

ထိုအင်မော်တယ်ကျောက်တုံးသည် စိတ်ဝိညာဥ်ကျောက်တုံးထက် ပို၍အရည်အသွေးကောင်းမွန်ပြီး ထိုအရာပေါ်၌ တာယွီအင်ပါယာ၏စည်းတံဆိပ်ကို ထွင်းထုထားသည်။

လုယွီသည် ထိုအင်မော်တယ်ကျောက်တုံးမှနေ၍ ဝင်္ကပါစွမ်းအင်လှုပ်ခတ်မှုအနည်းငယ်ရှိနေခြင်းကို အာရုံခံမိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအင်မော်တယ်ကျောက်တုံးအား အတုပြုလုပ်လိုပါက လွယ်ကူမည့်ကိစ္စရပ်မဟုတ်ချေ။

လုယွီသည် ထိုကျောက်တုံးပေါ်၌ ကြိုးရာအမှတ်အသားတစ်ခုကိုပင် တွေ့မြင်မိသည်။ထိုအမှတ်အသားသည် တစ်စုံတစ်ခုနှင့် ဆက်စပ်နေပုံရသည်။အကယ်၍ တစ်စုံတစ်ယောက်သည် အင်မော်တယ်ကျောက်တုံးအတုအား သွန်းလုပ်ခဲ့ပါက ချက်ချင်းသိရှိနိုင်ပေမည်။

'ရှန်းလင်းလုံးရဲ့ရည်မှန်းချက်က မနိမ့်ဘူးပဲ'

လုယွီ၏စိတ်နှလုံးသား လေးလံသွားပေ၏။

တာယွီအင်ပါယာအတွင်း၌ မြောက်မြားစွာသောကြယ်နယ်မြေများ သန်းရာနှင့်ချီသောသက်ရှိမျိုးနွယ်များရှိသည်။တရားဝင်ငွေကြေးကို ပြဋ္ဌာန်းရန်ဟူသည်မှာ လွယ်ကူသောကိစ္စရပ်မဟုတ်ချေ။

သို့ရာတွင် အကယ်၍ ထိုကိစ္စကိုသာ အောင်မြင်အောင်လုပ်ဆောင်နိုင်ပါက တာယွီအင်ပါယာ၏အခွင့်အာဏာကို မည်သူကမျှ မေးခွန်းထုတ်ဝံ့တော့မည်မဟုတ်ပေ။

တာယွီအင်ပါယာအတွင်းရှိ မရေမတွက်နိုင်သော ကြယ်နယ်မြေများနှင့်အင်အားစုများတွင် စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းများ မည်မျှပင်ရှိနေပါစေ နောက်ဆုံး၌ ငွေကြေးစီးဆင်းမှုအားလုံးအားလုံးအား အင်ပါယာနန်းတော်မှသာ အကြွင်းမဲ့ထိန်းချုပ်ထားနိုင်ပေမည်။

လုယွီက ပြောဆိုသည်။

"ငါ့မှာ အင်ပါယာကျောက်တုံးမရှိဘူး"

လင်းရှုလင်က စိတ်ရှည်လက်ရှည် တုံ့ပြန်ပြောဆိုလေ၏။

"တကယ်လို့ နင့်ဆီမှာ အင်မော်တယ်ကျောက်တုံးတွေမရှိဘူးဆိုရင် ငွေလဲလှယ်ခန်းမတွေကိုသွားပြီး လဲလို့ရတယ်...ယေဘုယျအနေနဲ့ပြောရရင် လဲလှယ်နှုန်းက အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး၂တုံးကို အင်မော်တယ်ကျောက်တုံးတစ်တုံးရမယ်"

လုယွီက အချိန်တခဏကြာ စဥ်းစားတွေးတောလိုက်၏။

"ငါ ဒီနေရာမှာ တခြားပစ္စည်းတွေကိုရော လဲလှယ်လို့ရလား"

ပထမဆုံးအနေဖြင့် ယခုလက်ရှိချိန်တွင် သူသည် လေလံရုံအတွင်း၌ရောက်နေသည်။အကယ်၍ သူ ငွေလဲလှယ်ခန်းမသို့သွား၍ လဲလှယ်နေပါက မလွဲမသွေ အချိန်တချို့ ထပ်မံဖြုန်းတီးရပေမည်။

ဒုတိယအချက်အနေဖြင့် သူ ယူဆောင်လာသော စိတ်ဝိညာဥ်ကျောက်တုံးများတွင် အောက်ဘုံ၏အငွေ့အသက်များ ပါဝင်နေသည်။အကယ်၍ သူ စိတ်ဝိညာဥ်ကျောက်တုံးအမြောက်အများကိုသာ ထုတ်ယူလဲလှယ်လိုက်ပါက တခြားသူများ၏စိတ်အာရုံကို ဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေမည်။

လင်းရှုလင်က ခေါင်းညိမ့်ပြသည်။

"အဲ့ဒါက အဖိုးတန်တဲ့ရတနာဖြစ်နေသရွေ့ ငါတို့လေလံရုံက လက်ခံပါတယ်"

ထို့နောက် သူမက လုယွီကို သိချင်စိတ်ပြင်းပြသော အကြည့်ဖြင့်ကြည့်ပြီး ဆက်လက်ပြောဆိုလေ၏။

"ဒါပေမယ့် ငါတို့လေလံရုံရဲ့ ပစ္စည်းတွေကိုယူဆောင်တဲ့ လိုအပ်ချက်တွေက အရမ်းမြင့်မားတယ်...တကယ်လို့ အထူးအဖိုးတန်ရှားပါးတဲ့ပစ္စည်းမျိုးမဟုတ်ရင် ငါတို့က ယူမှာမဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါက ပြဿနာမရှိပါဘူး...ငါ ထုတ်ပေးမှာက ဆေးဆုံးတစ်လုံးပါ"

လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ ထိပ်တန်းအဆင့် တော်ဝင်တာအိုဆေးလုံးကိုထုတ်ယူ၍ လင်းရှုလင်၏ရှေ့သို့ ချထားလိုက်သည်။

"ကျေးဇူးပြုပြီး ဒီဆေးလုံးကို အကဲဖြတ်ပေးပါအုံး"

လုယွီက ပြောဆိုသည်။

"နင်မှာ တကယ်ကြီး ဆေးလုံးတွေရှိနေတာလား"

လင်းရှုလင်သည် ကျောက်စိမ်းသေတ္တာကို ဂရုတစိုက်ဖွင့်လိုက်ရာ ချက်ချင်းဆိုသလိုပင် လန်းဆန်းတက်ကြွစေသော ဆေးရနံ့များ သင်းပျံ့လာသည်ကို ခံစားမိပေ၏။

သူမ၏မျက်လုံးအတွင်း၌ အနည်းငယ်အံ့အားသင့်သွားသော အရိပ်အယောင်များထင်ဟပ်သွားပြီး သူမက လုယွီကို တဖန်ထပ်၍ စူးစိုက်ကြည့်လိုက်သည်။

"ကျွန်မ ဒီဆေးလုံးကို အကဲဖြတ်မပေးနိုင်ဘူး...ဒါပေမယ့် ဒီနေ့ ဆရာသခင်ကျန်းက လေလံရုံကိုလာလိမ့်မယ်...သူက ဒီဆေးလုံးရဲ့တန်ဖိုးကို အကဲဖြတ်ပေးနိုင်လိမ့်မယ်"

Chapter 1662

လုယွီက ခေါင်းညိတ်ပြပြီး သဘောတူညီလိုက်၏။

လင်းရှုလင်သည် ရာဖြတ်ကိုရှာဖွေရန်အတွက် ကောင်တာအနောက်သို့ ပြန်သွားခဲ့သည်။

"အဲ့ဒီဟာ ငါ့ကိုပြစမ်းပါ"

အဆီပြန်နေသောမျက်နှာနှင့် ဝဖိုင့်ဖိုင့်လူတစ်ယောက်က ပြောဆိုသည်။

ထိုလူဝကြီးကိုမြင်သည်နှင့် လင်းရှုလင်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူမက ရိုသေလေးစားစွာ နှုတ်ဆက်လိုက်၏။

"သခင်လေး ချင်"

ထို့နောက် လင်းရှုလင်သည် ကျောက်စိမ်းသေတ္တာအား လူဝကြီး၏လက်အတွင်းသို့ထည့်၍ လုယွီဘက်သို့လှည့်ကာ ပြောဆိုလေသည်။

"ဒါက သခင်လေးချင်ပါ...သူရဲ့ဆရာက ဆရာသခင်ကျန်းပဲ...သခင်လေးချင်က ဆေးလုံးတွေရဲ့အဆင့်အတန်းကို အကဲဖြတ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်"

သခင်လေးချင်က ကျောက်စိမ်းသေတ္တာကိုဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အားကောင်းသောဆေးရနံ့များက သူ၏နှာခေါင်းအတွင်းသို့ တိုးဝင်လာသည်ကို ခံစားမိပေ၏။

သူ၏မျက်လုံးများ တောက်ပသွားသည်။

"မင်းက ဘယ်သူလဲ...ဒီဆေးရဲ့အာနိသင်က ဘယ်လိုရှိလဲ"

သခင်လေးချင်က မေးမြန်းသည်။

သူသည် ဆေးလုံးပေါင်းများစွာအကြောင်းကို ဖတ်ရှုလေ့လာဖူးသဖြင့် ဤတစ်ကြိမ် သူ မြင်တွေ့လိုက်ရသော ဆေးလုံးသည် သာမာန်ထက်ထူးကဲနေသည်ကို အတပ်ပြောနိုင်ပေ၏။

လုယွီက ပြောဆိုသည်။

"ဒီဆေးလုံးက ထိပ်တန်းအဆင့် တော်ဝင်တာအိုဆေးလုံးပဲ...သိုင်းသူတော်စင်နယ်ပယ်အောက်က ဘယ်ကျင့်ကြံဆင့်နယ်ပယ်ကိုမဆို တစ်ဆင့်မြှင့်ပေးနိုင်တယ်"

ဘာ...

သခင်လေးချင်၏လက်များ ရုတ်တရက် တုန်ရီသွားသည်။သူ ဤကဲ့သို့ဆေးလုံးအကြောင်းကို တစ်ကြိမ်တစ်ခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။

တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကို တိုးမြှင့်ပေးနိုင်သည့် ဆေးလုံးအမျိုးအစားတချို့ရှိသော်လည်း အများစုမှာ ထောက်ပံပေးနိုင်ရုံအဆင့်သာဖြစ်သည်။

ဆေးလုံးတစ်လုံးဖြင့် အဆင့်ကြီးတစ်ဆင့်အား တည်ငြိမ်စွာ ချိုးဖျက်နိုင်သည်ဟု တစ်စုံတစ်ယောက်မှ ယုံကြည်ချက်အခိုင်အမာရှိပုံဖြင့် ပြောဆိုလာသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။

"ငါ ဒီဆေးလုံးအကြောင်းကို တစ်ခါမှမကြားခဲ့ဖူးဘူး...မင်း ဒါကို ဘယ်နေရာကရတာလဲ"

သခင်လေးချင်က မေးမြန်းသည်။

လုယွီက တုံ့ပြန်ပြောဆိုလေ၏။

"ဒါက ငါ သန့်စင်ထားတဲ့ ဆေးလုံးပဲ"

ဤအချိန်တွင် ဆေးကောင်တာနေရာ၌ လူတချို့ရှိနေသည်။လုယွီ၏စကားများကိုကြားချိန်တွင် သူတို့အားလုံး၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်လာသည်။

လင်းရှုလင်က အံ့အားတသင့် ပြောဆိုသည်။

"ဧည့်သည်...နင်က ဆေးပညာရှင်တစ်ယောက်လား"

သူမ၏မျက်လုံးအတွင်း၌ ရိုသေလေးစားသော အရိပ်အယောင်မျိုးဖြင့် ပြည့်နှက်နေပေ၏။သာမာန်ကျင့်ကြံသူများအတွက် ဆေးပညာရှင်များသည် အဆင့်အတန်းမြင့်မားသော တည်ရှိမှုကြီးများဖြစ်သည်။သာမာန်ဆေးပညာအလုပ်သင် တစ်ယောက်ပင်လျှင် သူမတို့ မော့ကြည့်ရန်လိုအပ်သော တည်ရှိမှုကြီးဖြစ်ပေ၏။

"ဟား ဟား ဟား....ရယ်ဖို့ကောင်းလိုက်တာ..မင်းက ဒီနေရာကို အပြင်ဘက်မှာရှိတဲ့စျေးဆိုင်တွေနဲ့အတူတူလို့ ထင်နေတာလား"

ရုတ်တရက် သခင်လေးချင်ထံမှ အူလှိုက်သည်းလှိုက်ရယ်မောသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

"မင်းရဲ့ သောက်ရေးမပါတဲ့ဆေးလုံးကိုယူပြီး ဒီနေရာကထွက်သွားစမ်း"

ဘုန်း...

ကျောက်စိမ်းသေတ္တာသည် ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ထောင့်တစ်နေရာ ကျိုးပဲ့သွားသည်။

လင်းရှုလင်သည် ထိုကျောက်စိမ်းသေတ္တာကို အလျှင်အမြန်ကောက်ယူပြီး တောင်းပန်စကားပြောဆိုလေသည်။

"ဧည့်သည်...ငါ တောင်းပန်ပါတယ်"

"မင်းက သူ့ကို တောင်းပန်နေတာလား...သူက လူလိမ်တစ်ယောက်လေ....သူက ငါ့ကိုတောင် လှည့်စားဝံ့တယ်...ရယ်ဖို့ကောင်းလိုက်တာ"

သခင်လေးချင်၏နှာခေါင်းသည် အထက်သို့ချွန်တက်နေပြီး သူ၏မျက်နှာတွင်လည်း စိတ်ကြီးဝင်မောက်မာသောအမူအယာမျိုးရှိနေသည်။

လင်းရှုလင်၏မျက်လုံးတစ်စုံအတွင်း၌ မျက်ရည်များဖြင့်ပြည့်နှက်နေပြီး သူမက စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။

"သခင်လေးချင်...စကားကို ဘယ်လိုမျိုး ပြောလိုက်တာလဲ...သူက ကျွန်မတို့ လေလံရုံရဲ့ဧည့်သည်ပါ"

ဘုန်း...

သခင်လေးချင်သည် သူ့ရှေ့ရှိကောင်တာခုံကို သူ၏လက်ဝါးဖြင့်ရိုက်နှက်ပြီး စိတ်မရှည်သောအသံဖြင့် ပြောဆိုသည်။

"နိမ့်ကျတဲ့အစေခံမကများ...ငါ စကားပြောနေတာကို နှောက်ယှက်ဝံ့တယ်ပေါ့လေ...ထွက်သွားစမ်း"

လင်းရှုလင်းက ဆက်လက်၍ ငြင်းဆန်ပြောဆိုလေ၏။

"ဒီဧည့်သည်က လူလိမ်တစ်ယောက်လို့ ငါ မထင်ဘူး"

"မင်းက ငါ့ကို ပြန်ခံပြောနေတာလား"

သခင်လေးချင်သည် ဒေါသတကြီးအော်ဟစ်ပြီး လင်းရှုလင်၏ပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် သူ၏လက်အား လေထု၏အလယ်မှာပင် လုယွီ၏ဖမ်းဆွဲထားခြင်း ခံလိုက်ရ၏။

"မင်းကို ငါ နည်းနည်းလေးတောင် သောက်ဂရုမစိုက်ဘူး...ဒါတောင် မင်းလိုလူလိမ်က ငါ့ရဲ့ကိစ္စကို ကြားကို ဝင်စွက်ဖက်ဝံ့တယ်ပေါ့လေ...ဒီနေ့ ငါ မင်းကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲပစ်မယ်"

သခင်လေးချင်သည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးပြီး လုယွီအားရိုက်နှက်ရန် ပြေးဝင်လာသည်။

ခရက်....

ထို့နောက် အက်ကွဲသံတစ်သံ ထွက်ပေါ်လာပေ၏။

လုယွီ၏လိမ်ချိုးမှုကြောင့် သခင်လေးချင်၏လက်ကောက်ဝတ်သည် ထူးဆန်းသောအနေအထားမျိုးဖြင့် ကွေးကောက်သွားသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သခင်လေးချင်အား ကန်ထုတ်လိုက်ရာ နောက်မှကောင်တာပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားတော့သည်။

ဘုန်း...

ကောင်တာခုံကြီး ပြင်းထန်စွာ တုန်ခါသွားပေ၏။

သခင်လေးချင်၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူက အော်ဟစ်ကြုံးဝါးလေသည်။

"မင်း သေပြီသာမှတ်...မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ"

လုယွီ၏မျက်လုံးများက ရေခဲတမျှအေးစက်တင်းမာနေပြီး သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။

"တကယ်လို့ ငါ မင်းကို သတ်ပစ်မယ်ဆိုရင်တောင် မင်း ဘာတက်နိုင်မှာလဲ...မင်းရဲ့ဆရာသခင်ကို ထွက်လာပြီး ငါ့ကိုလာတွေ့ခိုင်းစမ်း"

Chapter 1663

"လူလိမ်ကောင်ကများ...မင်းက ငါ့ရဲ့ဆရာကိုတွေ့ဖို့ ထိုက်တန်လို့လား"

သခင်လေးချင်၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူက လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီး သရော်တော်တော် ဆက်လက်ပြောဆိုသည်။

"မင်းကိုကြည့်ရတာ ငမွဲတစ်ကောင်လိုပဲ...မင်းက လေလံရုံရဲ့အထူးဧည့်သည်လည်း ဖြစ်ပုံမရဘူး...ဒါတောင်မှ မင်းက ငါ့ရဲ့ဆရာသခင်ကို တွေ့ချင်သေးတယ်...မင်းနဲ့ ထိုက်တန်လို့လား"

ကျွီ...

သခင်လေးချင်၏စကား အဆုံးသတ်သွားသောအချိန်မှာပင် သူ့နောက်ရှိတံခါး ရုတ်တရက်ပွင့်လာပေ၏။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က အခန်းအတွင်းမှ ဖြည်းညှင်းစွာထွက်လာသည်။

ထိုအဖိုးအို၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောဆေးနံများ ထွက်ပေါ်နေပြီး သူ၏ဝတ်စုံပေါ်၌ တံဆိပ်တစ်ခုရှိနေသည်။

ထိုတံဆိပ်၏မျက်နှာပြင်ပေါ်၌ 'နက်နဲသိမ်မွေ့' ဟူသောစာလုံးကို ရေးထွင်းထားပေ၏။

ပတ်ဝန်းကျင်ရှိလူများသည် ထိုနက်နဲသိမ်မွေ့ဟု ရေးထွင်းထားသောတံဆိပ်ကိုမြင်တွေ့ချိန်တွင် အံ့အားတသင့်ကြည့်ရှုနေကြသည်။

ဤသည်က ဆေးပညာရှင်များအားလုံးအတွက် တော်ဝင်ဆေးပညာအစည်းအရုံးမှ ထုတ်ပေးသော အသိအမှတ်ပြုတံဆိပ်ပြားပင်။

ဆေးပညာရှင်များကို ကောင်းကင် မြေကမ္ဘာ နက်နဲသိမ်မွေ့နှင့်အဝါရောင်ဟူ၍ လေးမျိုးခွဲခြားထားသည်။ထိုအဆင့်များအပေါ် အသေးစိတ်ခွဲခြားထားခြင်းမျိုးမရှိသောကြောင့် အဆင့်တစ်ဆင့်နှင့်တစ်ဆင့်ကြား ကွာခြားချက်အလွန်ကြီးမားသည်။

နက်နဲသိမ်မွေ့အဆင့်ဆေးပညာရှင်တစ်ယောက် ဖြစ်သူသည် ဆေးပညာရှင်များအနက် အစွမ်းထက်သူဖြစ်ပေ၏။ရှေးဟောင်းဖုန့်မှုန့်ကြယ်ရှိ ထိပ်သီးအင်အားစုသုံးစုမှ ခေါင်းဆောင်များပင်လျှင် နက်နဲသိမ်မွေ့အဆင့်ဆေးပညာရှင်ကို ရိုသေလေးစားစွာဆက်ဆံရပေမည်။

"ဒါက ဆရာသခင်ကျန်း မဟုတ်လား"

"အမှန်ပဲ...သူက မဟာဆေးပညာရှင်နန့်ကုန်းနဲ့ ထပ်တူနီးပါး နာမည်ကျော်ကြားတယ်"

"ဒီနေ့ ခုလိုအဆင့်အတန်းမြင့်မားတဲ့ပုဂ္ဂိုလ်မျိုးကို မြင်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက ငါ့အတွက် ဂုဏ်ယူစရာပဲ"

ပတ်ဝန်းကျင်ရှိလူများသည် တီးတိုးပြောဆိုနေကြသော်လည်း ဆရာသခင်ကျန်းကိုကြည့်သော သူတို့၏မျက်လုံးအကြည့်များအတွင်း၌ ရိုသေလေးစားမှုများ ပြည့်နှက်နေပေ၏။

"ဘာဖြစ်နေကြတာလဲ...အပြင်မှာ ဆူညံနေတာပဲ"

ဆရာသခင်ကျန်းက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

သူ ဆေးသန့်စင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်ကို လိုအပ်သည်။အကယ်၍ ဤလေလံရုံကိုဖွင့်ထားသော သူ၏မြေးမဖြစ်သူအတွက်ကြောင့်သာ မဟုတ်ပါက ဆရာသခင်ကျန်းသည် ဤနေရာသို့ ခြေဦးပင်လှည့်မည်မဟုတ်ချေ။

သခင်လေးချင်သည် ကယ်တင်ရှင် တွေ့သွားသကဲ့သို့ လုယွီအား လက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။

"ဆရာသခင်...ကျွန်တော်ကို ဒဏ်ရာရရှိစေပြီးတော့ ဆရာသခင်ကိုလည်း အနှောက်အယှက်ဖြစ်စေတာ သူပါ"

အမ်...

ဆရာသခင်ကျန်းက သုန်မှုန်နေသောမျက်နှာဖြင့် လုယွီအား ကြည့်လိုက်၏။

"မင်းက ဒီနေရာမှာ ပြဿနာလာရှာနေတာလား"

သူ၏ကျင့်ကြံဆင့်သည် မြင့်မားခြင်းမရှိသော်လည်း သူ ဒေါသထွက်နေစဥ်တွင် ခမ်းနားကြီးကျယ်သော ဖိအားအရှိန်အဝါကို ထုတ်လွှက်ပေးနေသည်။

ဤကဲ့သို့အရှိန်အဝါမျိုးသည် အလွန်အဆင့်အတန်းမြင့်မားသောနေရာ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူများသာ ထုတ်လွှက်နိုင်သည့်အရာမျိုးဖြစ်ပြီး အတုအယောင်လုပ်ရန် အကြွင်းမဲ့မဖြစ်နိုင်ချေ။

ဤကဲ့သို့ဖိအားအရှိန်အဝါမျိုး၏အောက်၌ ရောက်ရှိနေသော်လည်း လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိပေ။

"ခင်ဗျားက သူ့ရဲ့ဆရာဖြစ်မယ်...ကြည့်ရတာတော့ ခင်ဗျား တပည့်တွေကိုသင်ကြားပေးတဲ့နည်းလမ်းက တကယ့်ကိုဆိုးရွားပုံရတယ်"

ဘာ...

လုယွီ ထိုသို့ပြောဆိုလိုက်သည်ကိုကြားသည်နှင့် လူတိုင်း၏စိတ်နှလုံးသားများ မွန်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုကောင်လေး ရူးများရူးနေသလော။

ထိပ်သီးဂိုဏ်းသုံးဂိုဏ်း၏ခေါင်းဆောင်၃ယောက်ပင်လျှင် ဆရာသခင်ကျန်းအား ဤကဲ့သို့ပုံစံဖြင့် စကားမပြောဆိုဝံ့ချေ။

ဆရာသခင်ကျန်း၏မျက်နှာပေါ်တွင်လည်း စိတ်မကြည်သာသော အရိပ်အယောင်များရှိနေသည်။

"ငါ့ရဲ့တပည့်တွေကို ငါဘယ်လိုပဲသင်ကြားနေပါစေ...မင်းနဲ့ဘာဆိုင်လို့လဲ"

လုယွီသည် အဓိပ္ပါယ်မရှိသောစကားများပြော၍ ထပ်မံအချိန်ဖြုန်းလိုစိတ်မရှိပေ။သူက ဆေးလုံးထည့်ထားသော ကျောက်စိမ်းသေတ္တာကိုကိုင်၍ တည်ငြိမ်စွာပြောဆိုသည်။

"ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်...တကယ်လို့ ခင်ဗျား ဒီဆေးလုံးရဲ့အဆင့်ကို မမြင်နိုင်ဘူးဆိုရင် ကျုပ် တခြားတစ်ယောက်ကို သွားရှာတော့မယ်"

လုယွီပိုင်ဆိုင်ထားသော ဆေးညွှန်းများအနက် တော်ဝင်တာအိုဆေးလုံးသည် အခြေခံအကျဆုံးဆေးလုံးဖြစ်သည်။

ဆရာသခင်ကျန်းက ကျောက်စိမ်းသေတ္တာကိုယူ၍ ဖွင့်ကြည့်လေ၏။ရုတ်တရက် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"ဒီဆေးလုံးက ဆေးအာနိသင်ရဲ့သက်ရောက်မှုကို ရာနှုန်းပြည့် ထိန်းသိမ်းထားနိုင်တယ် ပြီးတော့....ငါက ဒီလို တီထွင်ဆန်းသစ်ထားတဲ့ ဆေးလုံးမျိုး ဘယ်တုန်းကမှ မမြင်တွေ့ဖူးခဲ့ဘူး"

ဆရာသခင်ကျန်း၏အသက်ရှုနှုန်း မြန်ဆန်လာသည်။

"ဆရာသခင်...ကျွန်တော ပြောတာမှန်တယ်မလား...အဲ့ဒီကောင်က လူတွေကို လှည့်ဖျားနေတာ...သူက ဘယ်လိုလုပ်ပြီး ဆေးပညာရှင်တစ်ယောက် ဖြစ်နိုင်မှာလဲ...အယောင်ဆောင်ထားတဲ့ ငမွဲတစ်ယောက်ပဲနေမှာ"

သခင်လေးချင်က နံဘေးဘက်မှနေ၍ အော်ဟစ်ပြောဆိုသည်။

"ဒူးထောက်စမ်း"

ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောအော်ငေါက်သံကြီးက သခင်လေးချင်၏နားအတွင်းသို့ ဝင်ရောက်လာလေ၏။

သခင်လေးချင်က အနည်းငယ် ကြက်သေသေသွားသည်။ထို့နောက် သူ၏ဆရာသခင်သည် သူ့အား အော်ငေါက်လိုက်ခြင်းဖြစ်သည်ကို သိနားလည်သွားပေ၏။

"ဆရာသခင်...ကျွန်တော်ကို ပြောတာလား"

သခင်လေးချင်က အံ့အားတသင့် ပြောဆိုသည်။

"ဒူးထောက်စမ်း...ခွေးမသား...ငါ့ရဲ့ဂုဏ်သတင်းကတော့ မင်းကြောင့် ပျက်စီးရတော့မယ်"

ဆရာသခင်ကျန်းက သခင်လေးချင်အား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်၏။

Chapter 1664

ဖြောင်း...ဖြောင်း...

ဆရာသခင်ကျန်းသည် နောက်တွန့်ခြင်းမရှိဘဲ သူ၏လက်ကို လွှဲယမ်း၍ သူ့တပည့်အား ဘယ်ပြန်ညာပြန် ပါးဖြတ်ရိုက်လေသည်။

အချိန်တခဏအတွင်းမှာပင် သခင်လေးချင်၏မျက်နှာသည် ဝက်ခေါင်းကဲ့သို့ဖူးယောင်လာပြီး သူ၏ပါးပြင်များ ခရမ်းရင့်ရောင်သန်းလာသည်။

"ဆရာသခင်...လူမှားပြီးများ ရိုက်နေတာလား...ဆရာသခင့်ကို ရိုင်းရိုင်းပျပျဆက်ဆံတာ ဟိုကောင်လေးလေ...သူ့ကိုရိုက်သင့်တာ မဟုတ်ဘူးလား"

သခင်လေးချင်သည် သူရိုက်နှက်ခံရမှုကို မလိုလားဟန်ဖြင့် ပြောဆိုလေ၏။

"မင်းက ပြန်ပြောရဲသေးတာလား"

ဆရာသခင်ကျန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ထိပ်တန်းအဆင့်ဆေးလုံး....ငါတောင်မှ အဲ့ဒီလိုအဆင့်ဆေးလုံးမျိုးကို သန့်စင်နိုင်ဖို့ ယုံကြည်ချက်မရှိဘူး...ဒီဆေးလုံးက မင်းကြောင့် ပျက်စီးသွားလုနီးပါးပဲ...ငါ မင်းကိုရိုက်တာကတောင် မင်းရဲ့အပြစ်ဒဏ်က ပေါ့နေသေးတယ်"

ဘာ...

ယခုလက်ရှိနေရာရှိ လူများအားလုံး၏မျက်လုံးအကြည့်များက ဆရာသခင်ကျန်း၏လက်အတွင်းရှိ ဆေးလုံးပေါ်သို့ စူးစိုက်၍ကျရောာက်လာသည်။

ဆရာသခင်ကျန်းက သူပင်လျှင် ဤဆေးလုံးအားသန့်စင်နိုင်ခြင်းမရှိဟု ထုတ်ဖော်ဝန်ခံခဲ့သည်။

ဤသည်က မည်ကဲ့သို့ဆေးလုံးမျိုး ဖြစ်သနည်း။

သခင်လေးချင်က မယုံကြည်နိုင်ဟန်ဖြင့် ပြောဆိုသည်။

"ဒါက မဖြစ်နိုင်ဘူး...သူ့အသက်က ငယ်ငယ်လေးရှိသေးတယ်...ဘယ်လိုလုပ်ပြီး ဒီဆေးလုံးမျိုးကို သန့်စင်နိုင်မှာလဲ...ဆရာသခင် အဲ့ဒါကို သေသေချာချာထပ်စစ်ဆေးရင် ပိုကောင်းလိမ့်မယ်...သူ လှည့်စားတာကို မခံသင့်ဘူး"

သူသည် လုယွီ၏ဆေးလုံးအား ဂရုတစိုက်စစ်ဆေးခဲ့ခြင်းမရှိချေ။

အကြောင်းအရင်းမှာ လုယွီ၏အသက်သည် အလွန်ငယ်ရွယ်နေပြီး အထူးဧည့်သည်တစ်ယောက်လည်းမဟုတ်ပေ။ထို့ကြောင့် လုယွီသည် ဆေးလုံးအတုအယောင်ဖြင့် လှည့်စားနေခြင်းဟုသာ ယူဆခဲ့သည်။

ဆရာသခင်ကျန်း၏မျက်နှာက အေးစက်တင်းမာနေပေ၏။

"အတုလား...မင်း ဒီနေ့ကနေစပြီး ငါ့ရဲ့တပည့်မဟုတ်တော့ဘူး...အခု မင်း ထွက်သွားနိုင်ပြီ"

သခင်လေးချင်သည် အံ့အားသင့်နေပြီး ဤကိစ္စအား မလိုလားဟန်ဖြင့် ဆက်လက်၍ငြင်းဆန်နေဆဲပင်။

"ဆရာသခင်...ဘာ အကြောင်းပြချက်ကြောင့်လဲ...ကျွန်တော် အမှားတစ်ခုခုလုပ်မိတယ်လို့ ကျွန်တော်ကတော့မထင်ဘူး"

ဆရာသခင်ကျန်း၏တပည့်ဖြစ်လာစေရန်အလို့ငှါ သူ၏မိသားစုသည် သူ့အတွက် ငွေကြေးအမြောက်အများ ကုန်ဆုံးခဲ့ရ၏။အကယ်၍ သူ ယခုကဲ့သို့သာ မောင်းထုတ်ခံရပါက သူ၏မိသားစုသည် သူ့အား ခွင့်လွှက်မည်မဟုတ်ချေ။

ဆရာသခင်ကျန်းသည် သခင်လေးချင်အား ထပ်မံ၍အာရုံစူးစိုက်ခြင်း မရှိတော့ပေ။ထိုအစား သူက လုယွီဘက်သို့လှည့်၍ ရိုသေလေးစားသောအသံဖြင့် ပြောဆိုသည်။

"တာအိုမိတ်ဆွေလေး....ငါက ငါ့ရဲ့တပည့်ကို သေသေချာချာမသင်ပေးခဲ့မိဘူး...ဒါက မင်းကို ရယ်စရာဖြစ်စေမိပြီ"

လုယွီက လက်ဝှေ့ယမ်းပြလေသည်။

"ဒါက ပြဿနာမရှိပါဘူး"

သူသည် နတ်ဘုရားသစ်ရွက်များကိုဝယ်ယူနိုင်ရန် လုံလောက်သည့်အင်မော်တယ်ကျောက်တုံးများ ရရှိရန်ကိုသာ အလေးစိုက်ပေ၏။

"တာအိုမိတ်ဆွေလေးက ဒီဆေးလုံးကို ရောင်းချင်တာလား...ငါ့ကို ခွင့်လွှက်ပေးပါ...ဒါပေမယ့် ငါက ဒီဆေးလုံးရဲ့အကျိုးအာနိသင်တွေကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိဘူး"

ဆရာသခင်ကျန်းက သူ့ကိုယ်သူ နှိမ့်ချသောအပြုအမူမျိုးဖြင့် မေးမြန်းသည်။

လုယွီ တုံ့ပြန်ပြောဆိုမည်ကိုမစောင့်ဘဲ သခင်လေးချင်က ကျယ်လောင်စွာအော်ဟစ်လေ၏။

"ဆရာသခင်...အဲ့ဒီဆေးလုံးက သိုင်းသူတော်စင်နယ်ပယ်အောက်က ဘယ်ကျင့်ကြံဆင့်နယ်ပယ်ကိုမဆို အဆင့်ကြီးတစ်ခုတိုးစေတယ်လို့ အဲ့ဒီကောင်လေးကပြောတယ်...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်ရှိလူများထံမှ မကျေမနပ်ပြောဆိုသံများ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။သူတို့သည် ကျင့်ကြံဆင့်ချိုးဖျက်ရာ၌ ကူညီထောက်ပံပေးနိုင်သော ဆေးလုံးများအကြောင်းကြားဖူးသော်လည်း သောက်သုံးသူကို အဆင့်ကြီးတစ်ဆင့်မြှင့်တင်ပေးနိုင်သည့် ဆေးလုံးမျိုးအား မကြားခဲ့ဖူးချေ။

ဆရာသခင်ကျန်းသည်လည်း မျက်မှောင်ကြုတ်လိုက်၏။သူသည် အတွေ့အကြုံကြွယ်ဝသူဖြစ်သည့်တိုင် ဤကဲ့သို့ဆေးလုံးအမျိုးအစားအကြောင်းကို ကြားသိဖူးခြင်းမရှိချေ။

သို့ရာတွင် သူကအားယူ၍ မေးမြန်းလိုက်သည်။

"ငါ တစ်ခုမေးလို့ရမလား...ဒီဆေးလုံးက မင်းကိုယ်တိုင် သန့်စင်ထားတာလား"

"အမှန်ပဲ...စျေးနှုန်းပြောပါ"

လုယွီက တုံ့ပြန်ပြောဆိုသည်။

ဆရာသခင်ကျန်းသည် ဆေးလုံးအား အချိန်အတော်ကြာ စူးစိုကိကြည့်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ငါ ဒီဆေးလုံးကို အင်မော်တယ်ကျောက်တုံးတစ်သန်းနဲ့ဝယ်မယ်"

အင်မော်တယ်ကျောက်တုံးတစ်သန်း....

ကျင့်ကြံသူအများစုအတွက် ဤသည်က နည်းပါးသောငွေကြေးပမာဏမဟုတ်ချေ။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"ဒါက အဆင်ပြေပါတယ်"

အင်မော်တယ်ကျောက်တုံးတစ်သန်းဟူသော အဖိုးအခသည် သူ၏တော်ဝင်တာအိုဆေးလုံးအတွက် နည်းပါးပေ၏။သို့ရာတွင် လုယွီက ထိုကိစ္စအား ဂရုမစိုက်ချေ။ယခုလက်ရှိ သူ၏ဆေးပညာအဆင့်ဖြင့် တော်ဝင်တာအိုဆေးလုံးအား အလိုရှိသလောက် သန့်စင်နိုင်သည်။

မကြာခင်မှာပင် အင်မော်တယ်ကျောက်တုံးတစ်သန်းဟုရေးထားသော ငွေလဲလှယ်စာရွက်သည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။

ထိုငွေလဲလှယ်စာရွက်ဖြင့် သူသည် တာယွီအင်ပါယာအတွင်းရှိ မည်သည့်ငွေလဲလှယ်ခန်းမမှမဆို အင်မော်တယ်ကျောက်တုံးများ လဲလှယ်နိုင်သည်။

"ငါ့မှာ အကျင့်တစ်ခုရှိတယ်...အဲ့ဒါက ငါ ရရှိထားတဲ့ဆေးလုံးတွေကို ငါကိုယ်တိုင် မြည်းစမ်းကြည့်တာပဲ"

ဆရာသခင်ကျန်းသည် ကျောက်စိမ်းသေတ္တာအတွင်းရှိ တော်ဝင်တာအိုဆေးလုံးကိုဆုပ်ကိုင်၍ သူ၏ပါးစပ်အတွင်းသို့ပစ်သွင်းကာ ဝါးမျိုလိုက်တော့သည်။

လုယွီက ဟန့်တားလိုသော်လည်း အလွန်နောက်ကျသွားလေပြီ။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ဆရာသခင်ကျန်း၏ခန္ဓာကိုယ်တုန်ရီသွားပြီး သူ၏မျက်လုံးများပြူးကျယ်နေကာ သူ့မျက်နှာထက်၌ မယုံကြည်နိုင်သောအမူအယာမျိုး ထင်ဟပ်နေပေ၏။

"ဒါက...."

ဆရာသခင်ကျန်း၏ခန္ဓာကိုယ် ရုတ်တရက် ထပ်မံ၍တုန်ခါသွားပြီး သတိလစ်မေ့မျောကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

Chapter 1665

အရာအားလုံး အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားလေ၏။

"ဘာလို့ အရမ်းကြီး စိတ်စောနေတာလဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။ဆရာသခင်ကျန်းသည် စိတ်ပုံထွင်းနယ်ပယ်အထွတ်အထိပ်အဆင့်၌ တစ်ဆို့နေပြီး သိုင်းသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အခွင့်အရေးမရှိသည်ကို သူ မြင်တွေ့ပြီးဖြစ်သည်။

ထို့ကြောင့် ဆရာသခင်ကျန်းသည် ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန် နည်းလမ်းများစွာကို အသုံးပြုခဲ့ပုံရပေ၏။

ဤသည်ကြောင့် သူ၏ခန္ဓာကိုယ်အတွင်း၌ ဆေးစွမ်းအင်များစုပုံနေပြီး သူ၏ပုံမှန်အဆင့်ချိုးဖျက်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။

ဆရာသခင်ကျန်းသည် သူ့ခန္ဓာကိုယ်ရှိဆေးစွမ်းအားများအား ချေဖျက်ခြင်းမပြုနိုင်သေးမီမှာပင် အစွမ်းထက်သော တော်ဝင်တာအိုဆေးလုံးကို ထပ်မံ၍ သောက်သုံးခဲ့သည်။သူသည် ဆေးစွမ်းအားများ ထကြွလာမှုအောက်တွင် ချက်ချင်းပင် သတိလစ်မေ့မျောသွားပေ၏။

"အဲ့ဒီကောင်လေးက တကယ်ကို ယုတ်မာကောက်ကျစ်သူဆိုတာ မင်းတို့ အားလုံးမြင်ကြပြီမလား...သူ ယူဆောင်လာတဲ့ဆေးလုံးက အဆိပ်ပဲနေမှာ"

သခင်လေးချင်သည် တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိသွားသကဲ့သို့ လုယွီဘက်သို့လှည့်ကာ စွပ်စွဲပြောဆိုလေ၏။

ရုတ်ချည်းဆိုသလိုပင် အစောင့်များတရကြမ်းပြေးဝင်လာပြီး လုယွီအား စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။

သခင်လေးချင်၏မျက်လုံးအကြည့်က လုယွီထံ၌သာ အခိုင်အမာကျရောက်နေသည်။

"ပြောစမ်း...မင်း ဒီကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ"

သခင်လေးချင်သည် အလွန်အမင်း ပျော်ရွှင်နေပေ၏။လုယွီ ယူဆောင်လာသောဆေးလုံးသည် အဖိုးတန်ရှားပါးသောအရာ ဖြစ်နေမည်ကို မူလက သူ အမှန်တကယ်ကို စိုးရိမ်ပူပန်နေမိသည်။

အကယ်၍ ထိုကဲ့သို့ကိစ္စမျိုးသာ ဖြစ်ပျက်လာပါက ယခင်က သူ ဆေးလုံးကို မှားယွင်း၍အကဲခတ်ခဲ့မှုကြောင့် ဆရာသခင်ကျန်းသည် သူ့အား တပည့်အဖြစ်မှ ထုတ်ပယ်ပေလိမ့်မည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။

ဆရာသခင်ကျန်းသည် ထိုကောင်လေး ယူဆောင်လာသော ဆေးလုံးကိုသောက်သုံးပြီးနောက် သတိလစ်မေ့မျောသွားခဲ့သည်။လူများစွာ၏စောင့်ကြည့်မှုအောက်တွင် ဖြစ်ပျက်သွားခြင်းကြောင့် ထိုကောင်လေးသည် အပြစ်အားငြင်းဆန်နိုင်မည်မဟုတ်ချေ။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ဒါက သူ့ဟာသူ စိတ်ဆန္ဒစောပြီးဖြစ်သွားတာ...သူက ဆေးလုံးကိုဝါးမျိုပြီးတော့ ဆေးစွမ်းအားကို အပြည့်အဝချေဖျက်နိုင်စွမ်းမရှိသေးဘူး...ဒါက ဘာအံ့အားသင့်စရာရှိလို့လဲ"

သခင်လေးချင်က လှောင်ပြောင်သရော်လိုက်၏။

"ငါ လက်မခံနိုင်ဘူး...တကယ်လို့ ငါ့ရဲ့ဆရာသခင်သာ ဒီနေ့တစ်ခုခုဖြစ်သွားမယ်ဆိုရင် မင်း အသက်ရှင်ရက် ထွက်သွားလို့မရစေရဘူး"

ထိုအချိန်မှာပင် အဝေးမှလျှောက်လှမ်းလာသော ခြေလှမ်းသံများနှင့်အတူ လှပတင့်တယ်သောအမျိုးသမီးတစ်ယောက် ရုတ်တရက်ရောက်ရှိလာသည်။

ထိုအမျိုးသမီးရောက်လာသည်ကိုမြင်သည်နှင့် ပတ်ဝန်းကျင်ရှိလူများအားလုံး ရိုသေလေးစားစွာ ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

"ပိုင်ရှင်ကျန်း"

ထိုအမျိုးသမီးသည် လေလံရုံ၏ပိုင်ရှင်ကျန်းပင်း ဖြစ်ပေ၏။

ကျန်းပင်းသည် ဆရာသခင်ကျန်း၏မြေးမဖြစ်နေသဖြင့် ဤကဲ့သို့ကျင့်ကြံခြင်းစျေး၌ လေလံရုံဖွင့်ထားသည့်တိုင် သူမအား မည်သူမျှ မနှောက်ယှက်ဝံ့ချေ။

မည်သည့်ဆေးပညာရှင်မဆို အဆက်အသွယ်ကျယ်ပြန့်ပေ၏။အကယ်၍လိုအပ်ခြင်းသာမရှိပါက မည်သူတစ်ဦးတစ်ယောက်ကမျှ ဆေးပညာရှင်များအား ရန်စလိုခြင်းမရှိချေ။

ကျန်းပင်းသည် သူမ၏အဖိုး သတိလစ်မေ့မျောနေသည်ကိုမြင်သည်နှင့် အလျှင်စလိုပြေးဝင်လာခဲ့သည်။ရုတ်ချည်းဆိုသလိုပင် သူမ၏မျက်ခုံး ပင့်တက်သွားပေ၏။

"ဘာတွေဖြစ်နေတာလဲ...ဘယ်သူလုပ်တာလဲ"

သူမသည် လေလံရုံအား နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်လာခဲ့သူဖြစ်၍ သူမ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များရှိမနေဘဲ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည်။

ဤအချိန်အခိုက်အတန့်တွင် မူလက ပွက်လောရိုက်အောင် ပြောဆိုနေကြသော ပတ်ဝန်းကျင်ရှိလူများအားလုံး ငြိမ်အတိကျသွားပေ၏။မည်သူကမျှ စကားမဆိုဝံ့ကြချေ။

သခင်လေးချင်တစ်ယောက်တည်းကသာ လုယွီအား လက်ညှိုးညွှန်၍ အလျင်စလိုပြောဆိုလိုက်သည်။

"သခင်မလေး...ဒီကောင်လေးက ဘယ်နေရာကရမှန်းမသိတဲ့ ဆေးလုံးတစ်လုံးကိုယူလာတယ်...ဆရာသခင်က အဲ့ဒီဆေးလုံးကိုသောက်ပြီးတာနဲ့ ဒီလိုမျိုးဖြစ်သွားတာလဲ"

"ဘာ..."

ကျန်းပင်းက အေးစက်တင်းမာသောအကြည့်ဖြင့် လုယွီအား ကြည့်လေ၏။

"နင်က ဘယ်သူလဲ...နင် ဘာလို့ ကြုံရာကျပန်းဆေးတစ်လုံးကိုယူလာပြီး ငါ့အဖိုးကို သောက်ခိုင်းရတာလဲ"

ထို့နောက် သူမက သူမနောက်ရှိငယ်သားတစ်ယောက်ကို လက်ညှိုးညွှန်ပြီး ပြောဆိုသည်။

"မြန်မြန်...သမားတော်တစ်ယောက် ပင့်လာစမ်း"

သူမ၏အဖိုးသည် ဆေးပညာရှင်တစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိချိန်၌ သူ့ကိုယ်သူ ပြန်လည်ကုသနိုင်ခြင်းမရှိချေ။ထို့ကြောင့် သူမက သမားတော်အား ပင့်ဆောင်၍ အကူအညီတောင်းခံရပေမည်။

မကြာမီမှာပင် သမားတော်တစ်ယောက် ရောက်ရှိလာပေ၏။

သမားတော်သည် ဆရာသခင်ကျန်းအား ရိုးရှင်းစွာစစ်ဆေးစမ်းသပ်ပြီးနောက် အလေးအနက်ထားသောလေသံဖြင့်ပြောဆိုသည်။

"ဆရာသခင်ကျန်းက မစားသင့်တဲ့အရာတစ်ခုကို စားမိသွားတာပါ...သူ စားခဲ့တဲ့အရာကို ပြန်အန်ထုတ်နိုင်ဖို့အတွက် ကျွန်တော်က ဆေးတချို့ပြင်ဆင်ပေးပါ့မယ်"

ကျန်းပင်းက ပြောဆိုသည်။

"ဒါဆိုလည်း ရှင့်ကို အခက်တွေ့စေမိပြီ"

"ခဏနေဦး"

ထိုအချိန်မှာပင် လုယွီက ရုတ်တရက် စကားပြောဆိုလိုက်၏။

"တကယ်လို့ မင်းတို့ သူ့ကို မသေစေချင်ဘူးဆိုရင် သူ့ကို ဘာဆေးမှထပ်မတိုက်နဲ့"

လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ယခုလက်ရှိချိန်တွင် ဆရာသခင်ကျန်းသည် သူ၏ခန္ဓာကိုယ်အတွင်း၌ စုပုံနေသောဆေးစွမ်းများကို တဖြည်းဖြည်းစုပ်ယူချေဖျက်နေဆဲဖြစ်သည်။အကယ်၍ သူ့အား ဆေးထပ်မံတိုက်ကျွေးလိုက်ပါက သူ၏ပြန်လည်ကောင်းမွန်လာစေရန် မည်သည့်အကျိုးသက်ရောက်မှုကောင်းမှ ရရှိမည်မဟုတ်ချေ။

Thank For Reading.

All Chapters