အခန်း (၁၆၆၆-၁၆၇၀)
Vol. 87 Ch. 1666-1670
Chapter 1666
သခင်လေးချင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ကောင်စုတ်လေး...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...မင်း အရင်ပေးဆပ်ရမယ့်အပြစ်ကိုတောင် ခုထိ မရှင်းရသေးဘူး"
ထို့နောက် သူက ကျန်းပင်းဘက်သို့လှည့်၍ ပြောဆိုလေသည်။
"သခင်မလေး...ကျွန်တော်တို့က ဒီကောင်လေးကိုဖမ်းဆီးပြီး အကျဥ်းထောင်ထဲကို အရင်ဆုံးထည့်ထားသင့်တယ်...သူက ဒီနေရာကို ပြောင်ပြောင်တင်းတင်းဝင်လာရဲမှာတော့ သူ့မှာ အပေါင်းအဖော်တွေလည်းရှိနေနိုင်တယ်...ကျွန်တော်တို့ သူ့ကို အလွတ်မပေးသင့်ဘူး"
ကျန်းပင်းကလည်း ဒေါသထွက်နေသဖြင့် ခေါင်းညိမ့်ပြလိုက်၏။
"ကောင်းပြီလေ"
ကျန်းပင်း၏ခွင့်ပြုချက်ကိုရသည်နှင့် သခင်လေးချင်၏မျက်နှာပေါ်၌ အောင်နိုင်သူတစ်ယောက်၏အပြုံးမျိုး ထွက်ပေါ်လာသည်။
"ကောင်လေး...မင်း ကိုယ့်နေရာကိုယ်မသိတာကိုပဲ အပြစ်တင်ပေတော့...ငါ မင်းကို ထွက်သွားခိုင်းကတည်းက မင်း ထွက်သွားရမှာ"
ထို့နောက် သူက အစောင့်များဘက်သို့လှည့်၍ လက်ဝှေ့ယမ်းပြလိုက်၏။
"ဒီကောင်လေးကို ဖမ်းလိုက်ကြစမ်း"
ပတ်ဝန်းကျင်ရှိအစောင့်များအားလုံး လုယွီထံ တဟုန်ထိုး ပြေးဝင်လာကြသည်။
လုယွီက မျက်မှောင်ကြုတ်ပြီးနောက် သူ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"မင်းတို့ ငါ့ကို ရန်မစသင့်ဘူး"
ဘုန်း...
လုယွီထံမှ မှော်စွမ်းအင်လှိုင်းများ ပွင့်အံထွက်လာပြီးနောက် သူ့ထံတိုးဝင်လာသော အစောင့်များအားလုံး ချက်ချင်းပင် လွင့်ထွက်သွားပေ၏။
အစောင့်များအားလုံး နောက်သို့လွင့်ထွက်ပြီး နံရံများနှင့် ပြင်းပြင်းထန်ထန် ဆောင့်မိတော့သည်။
"အမ်...သူ ဘယ်လိုလုပ်လိုက်တာလဲ"
"သူ ဘယ်လိုတိုက်ခိုက်လိုက်တယ်ဆိုတာ ငါ မြင်တောင်မမြင်လိုက်ရဘူး"
"သူက ဒီလောက်ထိ ယုံကြည်ချက်ရှိနေတာ အံ့အားသင့်စရာမရှိတော့ဘူး...သူ့ရဲ့စွမ်းအားက တော်တော်ကောင်းနေတာကိုး"
ပတ်ဝန်းကျင်ရှိလူများအားလုံး တီးတိုးပြောဆိုနေကြပြီး သူတို့က အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီအား စူးစိုက်၍ကြည့်နေကြသည်။
သို့ရာတွင် လုယွီ၏မျက်ခုံးနှစ်ဖက် အနည်းငယ်စုကျုံနေပေ၏။
ဤသည်က သာမာန်ရိုက်ချက်တစ်ချက်သာဖြစ်သော်လည်း သူ၏နောက်ဆုံးလက်ကျန် မှော်စွမ်းအားများကို ကုန်ခမ်းသွားစေသည်။
အကယ်၍ သူ ပြဿနာတစ်စုံတစ်ခုနှင့် ထပ်မံကြုံတွေ့ရပါက ထပ်မံတိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ချေ။
"နင် ဘာလို့ ဒီနေရာကို ပြဿနာလာရှာရတာလဲ...ငါ့ကိုပြောစမ်း"
ကျန်းပင်းက ခက်ထန်တင်းမာသောအသံဖြင့် ပြောဆိုသည်။
သူမသည် အကြောက်အလန့်ကင်းမဲ့စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကယ်၍ လုယွီ ထပ်မံတိုက်ခိုက်လာလျှင်ပင် သူ တစ်ယောက်တည်းသာဖြစ်ပြီး ကျန်းပင်း၏နောက်တွင် ကျင့်ကြံသူအစောင့်အမြောက်အများရှိနေသည်။
လုယွီက လေသံတိုးတိုးဖြင့်ပြောဆိုသည်။
"လမ်းဖယ်ပေးကြစမ်း"
ကျန်းပင်း လမ်းဖယ်မပေးသည်ကိုကြည့်ပြီး လုယွီက ရှေ့သို့တိုးကာနောက်ရှိ ဆရာသခင်ကျန်းထံသို့ တိုက်ရိုက်ရောက်သွားခဲ့သည်။
"အတင့်ရဲလိုက်တာ...မင်းက ဆရာသခင်ကိုအသုံးပြုပြီး ခြိမ်းခြောက်ချင်တာလား"
သခင်လေးချင်က တဟုန်ထိုးပြေးဝင်လာသော်လည်း လုယွီ၏ကန်ထုတ်ခြင်း ခံလိုက်ရ၏။
ကျန်းပင်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"နင်က အရမ်းသန်မာအားကောင်းပါတယ်...ဒါပေမယ့် နင် အရမ်းမောက်မာမလာနဲ့...တကယ်လို့ နင် ငါတို့ကို ဒေါသထွက်အောင်လုပ်ရင် ဒီနေရာကနေ နင် အသက်ရှင်ရက်ထွက်သွားနိုင်မှာမဟုတ်ဘူး"
လုယွီက သူမအားလျစ်လျှူရှုထားပြီး ဆရာသခင်ကျန်း၏ခန္ဓာကိုယ်ရှိ တချို့နေရာများအား သူ၏လက်ညှိုးဖြင့် အကြိမ်အနည်းငယ်ထိတွေ့လိုက်၏။
မူလက သတိလစ်မေ့မျောနေသော ဆရာသခင်ကျန်း၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီလာသည်။
ထို့နောက် သူ၏မျက်လုံးများ တဖြည်းဖြည်းပွင့်လာပေ၏။
"ငါ...."
ဆရာသခင်ကျန်းထံမှ ညည်းတွားသံသဲ့သဲ့ ထွက်ပေါ်လာသည်။ရုတ်တရက် သူ၏ခန္ဓာကိုယ်အတွင်းမှစွမ်းအားများ တလိမ့်လိမ့်လှိုင်းထနေသည်ကို ဆရာသခင်ကျန်းက ခံစားမိပေ၏။
"စိတ်နှလုံးသားကို ကြည်ကြည်လင်လင်ထား...ခင်ဗျား အခု အဆင့်ချိုးဖျက်တော့မှာ"
စကားဆုံးသည်နှင့် လုယွီက ဆရာသခင်ကျန်း၏ကျောပေါ်သို့ သူ၏လက်ဖြင့် ဖိကပ်လိုက်၏။
ဆရာသခင်ကျန်း၏ခန္ဓာကိုယ်အတွင်းမှ တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားပြီး မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်အဘက်ဘက်သို့ပျံ့နှံ့သွားသည်။
သူသည် လုယွီ၏စွမ်းအားလှိုင်း အကူအညီဖြင့် သိုင်းသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။
သိုင်းသူတော်စင်နယ်ပယ်သို့ရောက်ရှိသူအား ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဟု ယူဆနိုင်ပေ၏။
ဆရာသခင်ကျန်းက သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်...."
ဆရာသခင်ကျန်းက လုယွီအား ကျေးဇူးတင်စကားပြောဆိုသည်။
ဤကဲ့သို့ သူ အဆင့်ချိုးဖျက်နိုင်ခြင်းသည် လုယွီ၏ဆေးလုံးကြောင့်သာဖြစ်ပေ၏။
ထိုအချိန်မှာပင် သခင်လေးချင်၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
"ဆရာသခင်...အဲ့ဒီကောင်က လေလံရုံကအစောင့်တွေကို ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့တယ်...ပြီးတော့ ဆရာသခင်ကိုအသုံးပြုပြီးတော့ ခြိမ်းခြောက်ဖို့ရည်ရွယ်ခဲ့တာ ..ကံကောင်းထောက်မပြီး ကျွန်တော် အချိန်မီဟန့်တားနိုင်လို့သာပေါ့...ဆရာသခင် သူ့ကို အလွတ်မပေးသင့်ဘူး"
"မင်း ဘာစကားပြောတာလဲ"
ဆရာသခင်ကျန်းသည် သတ်ဖြတ်ချင်သောစိတ်ဆန္ဒများပြည့်နှက်နေသောအကြည့်ဖြင့် သခင်လေးချင်အား စူးစိုက်၍ကြည့်လိုက်၏။
"ယုတ်ညံတဲ့ကောင်...ဒီနေရာကထွက်သွားစမ်း"
သခင်လေးချင် ဖြေရှင်းစကားမပြောနိုင်သေးမီမှာပင် ဆရာသခင်ကျန်းက ခြေတစ်ဖက်မြှောက်၍ သူ့အားကန်ထုတ်လိုက်သည်။
"သူက ငါ့ရဲ့တပည့်မဟုတ်တော့ဘူး...လာကြစမ်း...သူ့ကို အဝေးကိုမောင်းထုတ်လိုက်"
ဆရာသခင်ကျန်းသည် သခင်လေးချင်ကို လက်ညှိုးညွှန်ပြီး အေးစက်တင်းမာသောလေသံဖြင့် အမိန့်ပေးလေသည်။
Chapter 1667
သခင်လေးချင်က မကျေမချမ်းပြောဆိုလေ၏။
"ကျွန်တော် ဘာအမှားလုပ်မိလို့လဲ...ဘာလို့ ဆရာသခင်က အဲ့ဒီဆင်းရဲမွဲတေနေတဲ့ သူတောင်းစားဘက်ကို မျက်နှာလိုက်နေတာလဲ"
သူ မည်သို့မျှ နားမလည်နိုင်ချေ။
လုယွီသည် ဇစ်မြစ်မရှင်းလင်းသော ဆေးလုံးတစ်လုံးကို ယူဆောင်လာခြင်းမှာ သိသာထင်ရှားသည်။မည်သည်ကြောင့် သူ သင်ခန်းစာပေးခံရသနည်း။
"ငါ မင်းရဲ့အပြုအမူအတွက် တကယ်ကိုစိတ်ပျက်မိတယ်...ငါ့မင်းကိုလက်ခံခဲ့တာက မင်းတို့မိသားစုခေါင်းဆောင်ကြောင့်ပဲ...ငါ မင်းကို နှစ်တွေအကြာကြီး သင်ကြားပေးခဲ့ပြီးပြီ...မင်း အခု ထွက်သွားတော့"
ဆရာသခင်ကျန်း၏မျက်လုံးအတွင်း၌ စိတ်ပျက်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သခင်လေးချင်က ကပျာကယာ ပြောဆိုလေ၏။
"ဒါက အဲ့ဒီ ဆိုးဝါးတဲ့ဆေးလုံးကြောင့်လား...ခုလောက်ထိလုပ်ဖို့ လိုအပ်လို့လား"
"ဆိုးရွားတဲ့ဆေးလုံးလား..."
ဆရာသခင်ကျန်းသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှမှော်စွမ်းအားများကို ထုတ်လွှက်လိုက်၏။
ဘုန်း...
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိလေဟာနယ် စတင်၍တုန်ခါလာသည်။ထို့နောက် သိပ်သည်းသောမှော်စွမ်းအားလှိုင်းတစ်လှိုင်းက အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
"ဒါက သိုင်းသူတော်စင်နယ်ပယ်မဟုတ်လား"
"ဆရာသခင်ကျန်းက တကယ့်ကို သိုင်းသူတော်စင်တစ်ယောက်ဖြစ်သွားပြီပဲ...နတ်ဘုရားများ...ခုဏလေးကတင် သူ စိတ်ပုံထွင်းနယ်ပယ်ပဲရှိသေးတာ မဟုတ်ဘူးလား"
ပတ်ဝန်းကျင်ရှိလူအများထံမှ အံ့အားတသင့်ရေရွတ်လိုက်သည်။
ဤသည်က အချိန်မည်မျှ ကြာမြင့်သေးသနည်း။အချိန်တစ်နာရီမပြည့်သေးမီမှာပင် ဆရာသခင်ကျန်းသည် သိုင်းသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားလေ၏။
ဆရာသခင်၏မျက်နှာထက်တွင် ရှက်ရွံမှုအရိပ်အယောင်များပြည့်နှက်နေပြီး သူက ပြောဆိုလိုက်သည်။
"ငါ အလျင်စလိုလုပ်မိသွားတယ်...တကယ်လို့ ငါက ဆေးလုံးကိုဝါးမျိုပြီး ဖြည်းဖြည်းချင်းစုပ်ယူမယ်ဆိုရင် ဒီဆေးလုံးရဲ့အာနိသင်ကို အပြည့်အဝအသုံးပြုနိုင်လိမ့်မယ်"
တစ်စုံတစ်ယောက်က စိတ်အားထက်သန်စွာဖြင့် မေးမြန်းသည်။
"ဆရာသခင်ကျန်းက တကယ့်ကိုပဲ ဒီဆေးလုံးကြောင့် သိုင်းသူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာလား"
"အမှန်ပဲ"
ဆရာသခင်ကျန်းသည် ကျေးဇူးတင်သည့်အကြည့်ဖြင့် လုယွီကိုကြည့်ပြီး အခိုင်အမာပြောဆိုလိုက်၏။
"ဒီတာအိုမိတ်ဆွေလေးက လူလိမ်မဟုတ်ဘူးဆိုတာ ငါ အတပ်ပြောနိုင်တယ်...ဒီဆေးက တကယ့်ကိုပဲ သိုင်းသူတော်စင်နယ်ပယ်အောက်က ဘယ်ကျင့်ကြံဆင့်နယ်ပယ်ကိုမဆို အဆင့်ကြီးတစ်ဆင့်မြှင့်ပေးနိုင်တယ်"
"တကယ်လို့ ငါက ဆေးအာနိသင်တွေကိုသာ ဖြည်းဖြည်းချင်း စုပ်ယူလိုက်မယ်ဆိုရင်...သိုင်းသူတော်စင်နယ်ပယ် အလယ်အလတ်ဆင့်ကိုတောင် ချိုးဖျက်ဝင်ရောက်နိုင်မယ်လို့ ခံစားမိတယ်"
ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူအများစု၏အသက်ရှုနှုန်းများ ပြင်းထန်လာသည်။
မည်သည့်ဂိုဏ်းတွင်မဆို သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများသည် ဂိုဏ်း၏အဓိကထောက်တိုင်ကြီးများဖြစ်ပေ၏။
ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် အလယ်အလတ်တန်းစားဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့်အကြီးအကဲများသည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများဖြစ်ကြသည်။
ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းမှ အကြီးအကဲအများစုပင်လျှင် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများဖြစ်ပေ၏။
အကယ်၍ ဆရာသခင်ကျန်းသည် ဆေးပညာရှင်တစ်ယောက်မဟုတ်လျှင်ပင် သူ၏သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူဟူသော အဆင့်အတန်းဖြင့် ရှေးဟောင်းဖုန်မှုန့်ကြယ်၏ အင်အားအကောင်းဆုံးလူများအနက်မှတစ်ယောက်အဖြစ် ရပ်တည်နိုင်ပေမည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သခင်လေးချင်သည် သူ၏စိတ်နှလုံးသား ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး လေလံရုံပြင်ပသို့ ပြေးထွက်သွားတော့သည်။
သူသည် မူလက ဆေးပညာရှင်ကျန်း၏တပည့်ဖြစ်သဖြင့် လူအများ မော့ကြည့်ရသောသူဖြစ်ခဲ့သည်။သို့ရာတွင် သူ မဆင်မခြင်ပြုလုပ်ခဲ့မှုကြောင့် သူပိုင်ဆိုင်ထားသောအဆင့်အတန်းကို ဆုံးရှုံးလိုက်ရလေပြီ။
အမှန်အားဖြင့် မည်သူကမျှ သူ့ကို အာရုံစူးစိုက်ခြင်းမရှိကြတော့ချေ။
"ဆရာသခင်...ကျွန်တော် အဲ့ဒီဆေးကို အင်မော်တယ်ကျောက်တုံးဆယ်သန်းနဲ့ ဝယ်ချင်ပါတယ်"
"ကျွန်တော်က ထိုက်ရှင်းကုန်သွယ်ရေးအဖွဲ့ရဲ့အုပ်ချုပ်ရေးမှူးပါ...ဆရာသခင်ကသာ ဆေးလုံးတွေကိုရောင်းချဖို့ ဆန္ဒရှိတယ်ဆိုရင် ဆရာသခင် ချမ်းသာလာစေရမယ်လို့ ကျွန်တော်အာမခံတယ်"
လူတိုင်း ရူးသွပ်လုမခမ်း တောင်းဆိုနေကြ၏။
အကယ်၍ သူတို့ထံ၌သာ ဤကဲ့သို့မှော်ဆန်သည့်ဆေးလုံးမျိုး အမြောက်အများရှိနေပါက သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ အမြောက်အများပါဝင်သော စွမ်းအားစုတစ်စုကို မွေးထုတ်ပေးနိုင်မည်မှာ သေချာပေသည်။
လုယွီက ခေါင်းခါယမ်းပြလေသည်။
"ငါ့ဆီမှာ ဒီဆေးလုံးမျိုး ဆယ်လုံးပဲကျန်တော့တယ်"
အမှန်အားဖြင့် လုယွီသည် တော်ဝင်တာအိုဆေးကဲ့သို့ ဆေးလုံးမျိုးကို ဆန္ဒရှိသလောက် သန့်စင်နိုင်ပေ၏။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ့အား လူများစွာ၏ အာရုံစူးစိုက်မှုကိုမခံရစေရန် ဂရုစိုက်ရပေမည်။တော်ဝင်တာအိုဆေးလုံးဆယ်လုံးဖြင့်ပင် သူ့အတွက် လုံလောက်သောအင်မော်တယ်ကျောက်တုံးပမာဏကို ရရှိနိုင်သည်။
ကျန်းပင်းက လုယွီကို ဦးညွှတ်၍ ပြောဆိုလေသည်။
"ခုဏကဖြစ်ခဲ့တဲ့ကိစ္စမှာ ကျွန်မ အလျင်စလိုလုပ်လိုက်မိတယ်...ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှက်ပေးပါ...ကျွန်မတို့ ကျန်းမိသားစုလေလံရုံက ဆရာသခင်ရဲ့ဆေးလုံးတွေကို လေလံပွဲတစ်ခုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်...ရသမျှငွေကြေးအားလုံး ဆရာသခင်ကို ပေးအပ်မှာပါ"
ယခုလက်ရှိအချိန်တွင် ကျန်းပင်းသည် သူမ၏ ယခင်အပြုအမူကိုပြောင်းလဲပြီး လုယွီအား ရိုသေလေးစားစွာ ဆက်ဆံနေပေ၏။
သူမသည် စီးပွါးရေးလုပ်ငန်းတစ်ခုအား ဦးဆောင်လုပ်ကိုင်နေသူဖြစ်သဖြင့် ထိုဆေးလုံးများ၏အရေးပါပုံကို အလိုအလျောက်သိရှိသည်။
အကယ်၍ လုယွီသည် ဆေးလုံးအားသန့်စင်သူမဟုတ်ပင်လျှင် ဆေးသန့်စင်သူနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေပေမည်။ဤကဲ့သို့လူစားမျိုးနှင့် မိတ်ဆွေဖွဲ့ခြင်းသည် ကျန်းမိသားစုအတွက် မည်သည့်ထိခိုက်နစ်နာမှုမျှမရှိနိုင်ချေ။
Chapter 1668
လုယွီက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ကောင်းပြီလေ...ဒီဆေးလုံးတွေကို လေလံပွဲလုပ်ဖို့ မင်းဆီကိုအပ်လိုက်မယ်...စကားမစပ်...မင်း ငါ့အတွက် ဆေးသန့်စင်ခန်းတစ်ခန်း ပြင်ဆင်ပေးလို့ရမလား"
ကျန်းပင်းက အပျော်လွန်းသွားသည်။ဤဆေးလုံးများဖြင့်ဆိုပါက သူမတို့လေလံရုံ၏ဂုဏ်သတင်းသည် ပို၍ထင်ရှားကျော်ကြားသွားပေမည်။
ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သောဆေးပညာရှင်တစ်ယောက်ဖြစ်သည့် လုယွီနှင့်မိတ်ဆွေဖွဲ့ခွင့်ရခြင်းသည် လေလံရုံအား အကျိုးကျေးဇူးရရှိစေမည်မှာ သေချာလှ၏။
"ဆေးသန့်စင်ခန်းလား...ငါ့ရဲ့အခန်းကို အသုံးပြုလိုက်လေ"
ဆရာသခင်ကျန်းက အပြုံးနှင့်ပြောဆိုလေသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ကျန်းပင်းက အံ့အားသင့်သွားသည်။
သူမသည် အဖိုးဖြစ်သူ၏စိတ်နေစိတ်ထားကို သိရှိသူဖြစ်ပြီး သူမပင်လျှင် ဆေးသန့်စင်ခန်းအတွင်းသို့ ဝင်ခွင့်ရသည်မှာ အလွန်အမင်းရှားပါးသည်။
ဤှသည်မှတဆင့် သူမ၏အဖိုးဖြစ်သူသည် လုယွီအား အမှန်တကယ်တန်ဖိုးထားခြင်းကို ပြသနေပေ၏။
'သူက အသက်လည်း အရမ်းမကြီးသေးပါဘူး...ကြည့်ရတာ ဆေးပညာရှင်တစ်ယောက်ရဲ့အလုပ်သင်ဖြစ်ပုံရတယ်....ဘာလို့ ငါ့ရဲ့အဖိုးက သူ့ကို ဒီလောက်ထိ သဘောကျနှစ်ခြိုက်နေပါလိမ့်"
ကျန်းပင်းက အံ့အားသင့်နေသည်။
ထိုအချိန်မှာပင် ယခင်က လုယွီနှင့်ဆုံတွေ့ခဲ့သော ညှို့ငင်အားပြင်းသည့်မိန်းကလေးက ရုတ်တရက်ဝင်ရောက်လာပြီး ကျန်းပင်းအား တီးတိုးပြောဆိုသည်။
"ပိုင်ရှင်...သခင်လေးဝမ်ခမ်းလာနေတယ်"
ကျန်းပင်းသည် အံ့အားသင့်သွားပြီးနောက် အချိန်တခဏအကြာတွင် သူမ၏မျက်နှာ တည်ကြည်လေးနက်သွားပေ၏။
ဝမ်ခမ်းသည် မက်မွန်ပွင့်ဓားဂိုဏ်းမှဂိုဏ်းချုပ်၏သားဖြစ်သည်။
မက်မွန်ပွင့်ဓားဂိုဏ်းသည် ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးတွင် အစွမ်းထက်ဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး သောင်းနှင့်ချီသောကျင့်ကြံသူများ စုဝေးရာနေရာဖြစ်သည်။
ဝမ်ခမ်း၏အဆင့်အတန်းသည် အလွန်အရေးပါသဖြင့် သူ သွားသည့်မည်သည့်နေရာမဆို လူတိုင်း သူ့အား မြှောက်ပင့်ခယ၍ဆက်ဆံကြရသည်။
ကျန်းပင်းက အလျှင်အမြန် ပြောဆိုသည်။
"ငါတို့အပြင်ထွက်ပြီး သူ့ကို ကြိုဆိုကြမယ်"
သူမက အစေခံတစ်စုကိုဦးဆောင်ပြီး ဝမ်ခမ်းအားဆီးကြိုနှုတ်ဆက်ရန် ပြင်ပသို့ ကပျာကယာထွက်လိုက်၏။
လေလံရုံ၏တံခါးဝတွင် လူအမြောက်အများရှိနေသည်။လူတိုင်းသည် ဝမ်ခမ်း ရောက်ရှိလာမည်ကို စောင့်ကြိုနေကြခြင်းပင်။
ရုတ်တရက် စျေး၏ကောင်းကင်ယံတခွင်လုံး မှောင်မည်းသွားသည်။
"ဘာဖြစ်သွားတာလဲ....ဘာလို့မှောင်သွားတာလဲ"
"ဒါက မှောင်သွားတာမဟုတ်ဘူး...ကောင်းကင်ကိုမော့ကြည့်လိုက်"
လူတိုင်းသည် ကောင်းကင်ယံအား မော့ကြည့်လိုက်ရာ သူတို့မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားကြပေ၏။
မိုးကောင်းကင်ယံတခွင်လုံးအား ကြီးမားပြီးခမ်းနားထည်ဝါသော စစ်သင်္ဘောကြီးတစ်စင်းက လွှမ်းခြုံထားလေသည်။
စစ်သင်္ဘော၏ကုန်းပတ်ပေါ်တွင် ကြီးမားသောအလံကြီးများကိုလွှင့်ထူထားပြီး ထိုအရာများပေါ်၌ မက်မွန်ပွင့်ပုံသဏ္ဍာန်ကို ရေးထိုးထားသည်။
ထိုအရာသည် မက်မွန့်ပွင့်ဓားဂိုဏ်း၏အမှန်အသားသင်္ကေတဖြစ်ပေ၏။
ရှေးဟောင်းဖုန်မှုန့်ကြယ်ကြီးတွင်နေထိုင်သော မည်သည့်ကျင့်ကြံသူမဆို ထိုအမှတ်အသားသင်္ကေတကို သိရှိကြသည်။
ဤနေရာသည် ရွှေမိုးကြိုးဂိုဏ်း၏ပိုင်နက်နယ်မြေဖြစ်သည်။ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်ရှိ ဂိုဏ်းများ၏စည်းမျဥ်းမျှအရ တခြားဂိုဏ်းများအားလုံးသည် ဤနေရာသို့ စစ်သင်္ဘောမောင်းနှင်လာခွင့်မရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်တွင် အခြေအနေ ကွာခြားသွားလေပြီ။ရွှေမိုးကြိုးဂိုဏ်းသည် မက်မွန့်ပွင့်ဓားဂိုဏ်းအား အကူအညီတောင်းခံထားရသဖြင့် ထိုဂိုဏ်းမှလူများသည် စည်းမျဥ်းများအား ဂရုမစိုက်ကြတော့ချေ။
အစွမ်းထက်သောစစ်သင်္ဘောကြီးသည် ရွှေမိုးကြိုးဂိုဏ်း၏ပိုင်နက်နယ်မြေအတွင်းသို့ တိုက်ရိုက်မောင်းနှင်၍ ဝင်ရောက်လာသည်။
ထို့နောက် စစ်သင်္ဘောမှတံခါးကြီး ပွင့်သွားခဲ့သည်။
လူငယ်တစ်ယောက်သည် မြောက်များစွာသောသက်တော်စောင့်များခြံရံ၍ စစ်သင်္ဘောအတွင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာပေ၏။
ထိုလူငယ်၏မျက်နှာထက်၌ မောက်မာသောအမူအယာမျိုးရှိနေသည်။သူသည် ရုပ်ရည်ချောမောခန့်ညားသူဖြစ်သော်လည်း သူ၏မျက်ခုံးနှစ်ခုကြား၌ ဆိုးညစ်သောအရှိန်အဝါမျိုးရှိနေပေ၏။
သူသည် မက်မွန်ပွင့်ဓားဂိုဏ်း၏သခင်လေးဝမ်ခမ်းပင်။
"သခင်လေးဝမ်ခမ်းကို ကြိုဆိုပါတယ်"
ကျန်းပင်းသည် လူအုပ်ကြီးကိုဦးဆောင်၍ ဝမ်ခမ်းအား ဆီးကြိုနှုတ်ဆက်လိုက်သည်။
ဤသည်က မြင့်မြတ်သောဧည့်သည်တော်တစ်ယောက်ဖြစ်သည်မှာ တိကျသေချာလှ၏။
ဝမ်ခမ်းသည် ကျန်းပင်း၏ခန္ဓာကိုယ်အား စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကျန်းမိသားစုရဲ့သခင်မလေးက အရမ်းလှပချောမောတယ်လို့ ငါ ကြားထားတယ်...ဒီနေ့ ငါ မင်းကိုမြင်လိုက်ရတဲ့အချိန်မှာ မင်းရဲ့ဂုဏ်သတင်းနဲ့တကယ်ကို ထိုက်တန်ပါတယ်"
ဝမ်ခမ်းသည် အပြုံးနှင့်အတူ ရှေ့သို့လျှောက်လာပြီး သူ၏လက်နှစ်ဖက်ဖြင့် ကျန်းပင်း၏တင်ပါးကို ဆုပ်ကိုင်လိုက်သည်။
ကျန်းပင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ရှောင်ရှားဝံ့ခြင်းမရှိချေ။
"သခင်လေး...လေလံပွဲက မကြာခင်မှာစတင်တော့မယ်...ကျေးဇူးပြုပြီး အထဲကိုဝင်ပါ"
ကျန်းပင်းက အပြုံးတစ်ပွင့်ကိုအားယူပြုံး၍ ပြောဆိုသည်။
ဝမ်ခမ်းက ဂရုစိုက်ပုံမရချေ။
"ဘာမှစိုးရိမ်မနေနဲ့..မင်းက နောင်တစ်ချိန်ကျရင် ငါ့ရဲ့အိပ်ယာပေါ်ရောက်မှာပဲကို...အဲ့ဒီအချိန်ကျရင် မင်းနဲ့လီဟူရှင်းနှစ်ယောက်လုံး ငါ့ကိုအတူတူပြုစုရမယ်"
ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာပေ၏။
ဝမ်ခမ်းသည် ရွှေမိုးကြိုးဂိုဏ်း၏သခင်မလေးနှင့် လက်ဆက်ရန် ရောက်ရှိလာခြင်းကို လူတိုင်းသိထားကြသည်။
သို့ရာတွင် ဝမ်ခမ်း၏လေသံအရ သူသည် လီဟူရှင်းအား အနည်းငယ်မျှပင် အလေးထားပုံမရချေ။
ဤနေရာတွင် ရွှေမိုးကြိုးဂိုဏ်းမှ တပည့်များလည်းရှိနေသည်။ထိုစကားကိုကြားချိန်တွင် သူတို့သည် အကြီးအကျယ်အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားရပေ၏။
Chapter 1669
ကျန်းပင်း၏မျက်နှာပေါ်တွင်လည်း စိတ်အနှောက်အယှက်ဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"သခင်လေးဝမ်...အထဲဝင်ပြီး စကားပြောကြရအောင်"
ကျန်းပင်းသည် ချက်ချင်းပင် သူမ၏လူများအား ညှို့ငင်အားပြင်းသည့်မိန်းကလေးကို ခေါ်ထုတ်စေပြီး သူမ၏နေရာ၌ အစားထိုးလိုက်သည်။
ထိုမိန်းကလေးသည် ပြင်ပသို့ရောက်လာသည်နှင့် ဝမ်ခမ်း၏လက်မောင်းကြားသို့ ပစ်ဝင်လေ၏။
"သခင်လေးဝမ်...ကျွန်မက သခင်လေးရဲ့နာမည်ဂုဏ်သတင်းကိုကြားဖူးနေတာ အချိန်အတော်ကြာနေပြီ...ကျွန်မက သခင်လေးကို တကယ်ကိုပဲလေးစားကြည်ညိုမိတယ်"
ညှို့ငင်အားပြင်းသောမိန်းကလေးက ချွဲပျစ်နေသောအသံဖြင့် ပြောဆိုသည်။
သူမ၏မျက်လုံးများသည် ကြယ်ရောင်ကဲ့သို့ လင်းလက်တောက်ပနေပေ၏။သူမ၏အမြင်အရ ဝမ်ခမ်း၏နောက်ခံအဆင့်အတန်းနှင့် ခွန်အားတို့သည် လူအများစုအား ဖိနှိပ်ထားနိုင်သည်။
ဝမ်ခမ်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ကျန်းပင်းအား တစ်ချက်စောင်းငဲ့ကြည့်ကာ သူ၏လူများကိုခေါ်ဆောင်၍ လေလံရုံအတွင်းသို့ ဝင်သွားတော့သည်။
လေလံရုံ၏နောက်ရှိ ဆေးသန့်စင်ခန်းအတွင်း၌...
လုယွီသည် ဆရာသခင်ကျန်း၏နောက်သို့လိုက်၍ ဆေးသန့်စင်ခန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် ပြင်းထန်သောဆေးရနံ့များ ထွက်ပေါ်နေပြီး ဆေးမီးဖိုတစ်လုံးလည်းရှိနေသည်။ဆေးမီးဖိုအတွင်းတွင် မီးတောက်များ တောက်လောင်နေဆဲပင်။မကြာသေးမီအချိန်ကမှ ဤဆေးမီးဖိုနှင့်ဆေးသန့်စင်ခဲ့သည်မှာ သိသာထင်ရှားလှ၏။
"တာအိုမိတ်ဆွေလေး...မင်း ဒီနေရာမှာဆေးသန့်စင်လို့ရတယ်...မင်းအတွက် လူတချို့စေလွှက်ပြီး အစားအစာတွေ ပို့ခိုင်းလိုက်မယ်"
ဆရာသခင်ကျန်းက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ပြောဆိုသည်။
"မလိုပါဘူး...ဒါက အချိန်ခဏပဲကြာမှာ"
လုယွီက ခေါင်းခါပြလေ၏။
ဆရာသခင်ကျန်းက အနည်းငယ်ကြက်သေသေသွားသည်။
"မင်း ဒီနေရာကို ဆေးသန့်စင်ဖို့လာတာ မဟုတ်ဘူးလား"
ဆေးပညာရှင်တိုင်းလိုလို ဆေးသန့်စင်ရာ၌ အချိန်များစွာကြာမြင့်လေ့ရှိသည်။
ဆရာသခင်ကျန်းပင်လျှင် ဆေးတစ်လုံးသန့်စင်ရန် အနည်းဆုံးအချိန်လဝက်ခန့် ကြာမြင့်ပေ၏။
လုယွီက ပြောဆိုသည်။
"ကျုပ်က ဒီနေရာကို ဆေးသန့်စင်ဖို့လာတာပါ...ဒါပေမယ့် အမွှေးတိုင်တစ်တိုင်စာအချိန်ပဲလိုအပ်တယ်"
ဆရာသခင်ကျန်းက အနည်းငယ်အံ့အားသင့်သွားသည်။သို့ရာတွင် သူသည် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ ဆေးပညာရှင်အများစုသည် တစ်မူထူးခြားသောစိတ်နေသဘောထားများ ရှိတက်ကြပေ၏။တစ်ဖက်လူတွင် စားစရာပြင်ဆင်လာသဖြင့် သူ စီစဥ်ပေးမှုကို ငြင်းဆန်ခြင်းလည်း ဖြစ်နိုင်သည်။
"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါ မင်းရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အနှောက်အယှက်မပေးတော့ဘူး...ငါရဲ့မီးဖိုကိုလည်း မင်းကိုဌားပေးမယ်...ဒီဆေးမီးဖိုကို ငါ အင်ပါယာမြို့တော်ကနေ ဝယ်ယူလာခဲ့တာ...ဒါက အထူးသီးသန့်ပစ္စည်းတွေကို အသုံးပြုပြီး သွန်းလုပ်ထားလို့ ဆေးသိပ်သည်းတဲ့အကျိုးအာနိသင်က အရမ်းကောင်းတယ်"
ဆရာသခင်ကျန်း၏စကားမဆုံးသေးမီမှာပင် လုယွီက ကြားဖြတ်၍ ပြောဆိုလိုက်၏။
"ကျုပ် ဆေးမီးဖိုမလိုဘူး"
လုယွီ၏လက်အတွင်းမှနေ၍ မီးတောက်တစ်ခုက ရုတ်တရက် မြင့်တက်လာသည်။
ထိုမီးတောက်တစ်ခုလုံး ရွှေရောင်တောက်ပနေပေ၏။ထိုမီးတောက်ထွက်ပေါ်လာသည်နှင့် ဆရာသခင်ကျန်း၏မျက်လုံးများအတွင်း၌ သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် ပစ္စည်းကောင်းများကို သိရှိသူဖြစ်၍ သူရှေ့ရှိမီးတောက်သည် မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူ ကောင်းစွာနားလည်သဘောပေါက်ထားသည်။
ဆရာသခင်ကျန်းသည် သူ့ရှေ့ရှိရွှေရောင်မီးတောက်မှနေ၍ သာမာန်ထက်ထူးကဲသော ဖိအားအရှိန်အဝါကို ခံစားမိပေ၏။
ထိုဖိအားအရှိန်အဝါကြောင့် သူ့ခန္ဓာကိုယ်အတွင်းမှဆေးမီးတောက်ပင် တုန်ခါသွားသည်။
ဤှသည်က မည်ကဲ့သို့ မီးတောက်အမျိုးအစားဖြစ်သနည်း။
ဆရာသခင်ကျန်း ကြက်သေသေနေစဥ်မှာပင် လုယွီ၏လက်အတွင်းရှိမီးတောက်သည် လေထုအတွင်းသို့ ရုတ်တရက်မြင့်တက်သွားပြီး ဆေးမီးဖိုအဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်ဘုရားသစ်ရွက်နှင့်တခြားဆေးပင်များသည် လုယွီ၏လက်ဖဝါးအတွင်းမှနေ၍ တစ်ခုပြီးတစ်ခု ပူပြင်းသောမီးတောက်များအကြားသို့ ကျရောက်သွားပြီး ဆေးပင်ရည်များအဖြစ် အရည်ပျော်သွားပေ၏။
ထိုဆေးပင်ရည်များသည် ရွှေရောင်တောက်ပနေပြီး လုယွီ၏လျှပ်ပြက်သကဲ့သို့ လှုပ်ရှားမှုအောက်တွင် ဆေးလုံးများအဖြစ် အလျှင်အမြန်သိပ်သည်းနေသည်။
ဝေါင်း...
ဆေးလုံးအားသန့်စင်ပြီးသောအချိန်တခဏတွင် နဂါးတစ်ကောင်၏ပုံရိပ်သည် ဆေးလုံး၏မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာသည်။
"ဒါ...ဒါက မင်းက စိတ်ဝိညာဥ်အဆင့်ဆေးလုံးလား"
ဆရာသခင်ကျန်းသည် တုန်လှုပ်ချောက်ချားနေပြီး သူ၏အောက်မေးရိုးပင် ပြုတ်ကျလုမတက်ပင်။
သူသည် ဆေးလုံးများအား ဤမျှအချိန်တိုအတွင်း သန့်စင်နိုင်သူမျိုးကို မည်သည့်အချိန်ကမျှ တွေ့မြင်ဖူးခဲ့ခြင်းမရှိချေ။ဆေးလုံးတစ်လုံးဖြစ်လာရန်အတွက် အဆင့်များစွာကျော်ဖြတ်ရပေသည်။သို့ရာတွင် လုယွီသည် အဆင့်များစွာအား ချန်လှပ်ပြီး တစ်ဆင့်တည်းဖြင့် ဆေးသန့်စင်ခဲ့သည်။ထို့ပြင် ဆေးလုံးသည် စိတ်ဝိညာဥ်အဆင့်ဖြစ်နေပေ၏။
ဤသည်က ဆရာသခင်ကျန်း၏စိတ်ကူးယဥ်ပုံဖော်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။
လုယွီသည် ဆရာသခင်ကျန်း၏အံ့အားသင့်တုန်လှုပ်နေမှုကို လျစ်လျှူရှုပြီး ဆေးလုံးများကို သူ၏အင်္ကျီလက်မောင်းကြားသို့ အလျှင်အမြန်သိမ်းဆည်းလိုက်၏။
"ကျုပ် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်နေရာလိုအပ်တယ်...အခု ခင်ဗျားတို့အားလုံး ထွက်သွားနိုင်ပြီ"
လုယွီသည် အသေးအဖွဲကိစ္စတစ်ခုကို လုပ်ဆောင်ပြီးသွားသကဲ့သို့ သာမာန်ကာလျှံကာလေသံဖြင့်ပြောဆိုသည်။
Chapter 1670
လုယွီ၏လှုပ်ရှားမှုများသည် ဆရာသခင်ကျန်းအား ကြက်သေသေသွားစေသည်။
အချိန်တခဏကြာပြီးနောက် ဆရာသခင်ကျန်းက ရုတ်တရက်အသိဝင်လာပြီး သူ၏မျက်လုံးများက လင်းလက်တောက်ပနေကာ ပြောဆိုလေ၏။
"ဖြစ်နိုင်တာတော့ မင်း ခုဏအသုံးပြုသွားတာက ဒဏ္ဍာရီလာ လေဟာနယ်ဆေးသန့်စင်ခြင်းနည်းစနစ်မဟုတ်လား"
သူ ထိုနည်းစနစ်အကြောင်းကို ဒဏ္ဍာရီအတွင်း၌သာ ကြားဖူးခဲ့သည်။
အင်ပါယာမြို့တော်၏ဆေးပညာအစည်းအရုံးတွင်ပင် ဤနည်းစနစ်အားသိရှိသူ အနည်းငယ်သာရှိသည်။
ဤအချိန်အခိုက်အတန့်တွင် ဆရာသခင်ကျန်းသည် လုယွီအပေါ် အမြင်ပြောင်းလဲသွားပေ၏။ထိုလူငယ်လေးသည် ရိုးရှင်းသူမဟုတ်ဟု သူ အတပ်ပြောနိုင်သည်။
ဆေးသန့်စင်ခန်း၏ပြင်ပ၌ လင်းရှုလင်စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"ဧည့်သည်...နင်ရဲ့ဆေးလုံးတွေကို စင်မြင့်ပေါ်မှာ အကောင်းဆုံးပြင်ဆင်ပေးထားပါတယ်"
ထို့နောက် လင်းရှုလင်သည် အထူးဧည့်သည်တော်ကဒ်ပြားတစ်ခုကိုထုတ်ယူ၍ ပြောဆိုလိုက်၏။
"နင်က အခု ငါတို့လေလံရုံရဲ့အထူးဧည့်သည်ဖြစ်သွားပြီ...နင် လေလံပွဲကို ဝင်ဆင်နွှဲချင်လား"
"ငါ မသွားတော့ဘူး..."
လုယွီက ငြင်းဆန်လေသည်။
ယခုလက်ရှိချိန်၌ သူ ပြန်လည်ကောင်းမွန်လာရန်အတွက်လိုအပ်သော ဆေးလုံးများကိုသန့်စင်ပြီးဖြစ်၍ သူ၏ခွန်အား ပြန်လည်ရရှိစေရန် တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်ခု ရှာဖွေရပေမည်။
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် အရှိန်အဝါတစ်ခုကို ခံစားမိသည်။ထိုအရှိန်အဝါသည် လေလံရုံအတွင်းရှိ အခန်းတစ်ခန်းအတွင်းမှ ထွက်ပေါ်နေခြင်းပင်။
"အဲ့ဒီနေရာမှာ ဘာတွေရှိတာလဲ"
လုယွီက ထိုအခန်းအား လက်ညှိုးညွှန်၍ မေးမြန်းသည်။
ထိုအခန်းကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး သာမာန်မဟုတ်သောကျင့်ကြံဆင့်ရှိသော ကျင့်ကြံသူများက အေးစက်စက်အကြည့်များဖြင့် စောင့်ကြပ်နေသည်။
"အဲ့ဒါက လေလံပစ္စည်းတွေ သိမ်းဆည်းထားတဲ့နေရာပါ...ငါတို့လေလံရုံရဲ့ အရေးအကြီးဆုံးနေရာပဲ...ဒါကြောင့် အစောင့်အကြပ် တင်းကျပ်ထားတာ"
လင်းရှုလင်က ပြောဆိုသည်။
လုယွီက မျက်မှောင်ကြုတ်နေပြီးနောက် သူသည် ထူးဆန်းသောခံစားချက်မျိုးရရှိနေသဖြင့် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"ငါက လေလံပွဲမှာဝင်ပြီး ဆင်နွှဲချင်တယ်...မင်း စီစဥ်ပေးနိုင်မလား"
"နင်က လေလံပွဲ တက်ချင်လို့လား"
လင်းရှုလင်သည် အနည်းငယ်အံ့အားသင့်သွားသော်လည်း သူမက လုယွီအတွက် ချက်ချင်းစီစဥ်ပေးလေသည်။
အစောပိုင်းက ကျန်းပင်းသည် သူမအား ဤဆေးပညာရှင်နှင့် မိတ်ဆွေဖွဲ့ထားရန် ထပ်ခါထပ်ခါ သတိပေးပြောကြားခဲ့သည်။
"ငါတို့ကျန်းမိသားစုရဲ့လေလံရုံမှာ ပစ္စည်းကောင်းတွေအများကြီးရှိတယ်...တာအိုမိတ်ဆွေလေး မင်း တစ်ခုခုဝယ်ဖို့ ဆန္ဒရှိနေတယ်ဆိုမှတော့ လက်ဗလာနဲ့ ပြန်မသွားစေရဘူး"
ဆရာသခင်ကျန်းက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ရင်း ပြောဆိုသည်။
လုယွီက အပြုံးနှင့် ခေါင်းညိမ့်ပြလိုက်၏။သူ ဤနေရာ၌ ဆက်ရှိနေခြင်းမှာ စိတ်ဝင်စားဖွယ်တစ်စုံတစ်ခုကို သူ တွေ့ရှိမိခြင်းကြောင့်ပင်။
ထိုအရာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချီ၏အရှိန်အဝါဖြစ်သည်။လုယွီသည် ကောင်းကင်ဘုံဧကရာဇ်၏ အကြွင်းအကျန်စိတ်ဝိညာဥ်များကို ဝါးမျိုထားခြင်းကြောင့် ထိုအရှိန်အဝါနှင့်ပတ်သက်၍ အာရုံခံနိုင်စွမ်းလွန်စွာမြင့်မားသည်။
ဤနေရာတွင် ကောင်းကင်ဘုံဧကရာဇ် တစ်ချိန်ကအသုံးပြုခဲ့သော ပစ္စည်းတစ်ခုရှိနေပေ၏။
အောက်ဘုံများတွင် ကောင်းကင်ဘုံဧကရာဇ်၏အကြွင်းအကျန်စိတ်ဝိညာဥ် ထွက်ပေါ်လာသည့်အချိန်တိုင်း လုယွီ၏စိတ်နှလုံးသားအတွင်း၌ သတိပေးသံများ ထွက်ပေါ်နေသည်။
တစ်ဖက်လူသည် ကောင်းကင်ဘုံဧကရာဇ်ဖြစ်သဖြင့် လွယ်လင့်တကူသေဆုံးနိုင်ခြင်းမရှိသည်ကို သူ ကောင်းစွာသိရှိထားပေ၏။ကောင်းကင်ဘုံဧကရာဇ်ထံတွင် နောက်ချန်လှည့်ကွက်များစွာ ကျန်ရှိနေနိုင်သည်။
ထို့ကြောင့် သူ ဤနေရာတွင်တွေ့သည့်အရာအား လက်လွတ်ခံ၍မဖြစ်ချေ။
လင်းရှုလင်သည် အချိန်တခဏကြာ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် လုယွီအတွက် လေလံပွဲတွင် အခန်းပြင်ဆင်ပြီးဖြစ်ကြောင်း လာရောက်ပြောဆိုသည်။
ထို့နောက် လုယွီသည် လင်းရှုလင်နှင့်အတူ သီးသန့်ခန်းသို့ သွားလိုက်၏။
သီးသန့်ခန်းများ၏ရှေ့၌ စင်္ကြန်လမ်းတစ်ခုရှိနေသည်။လုယွီတို့နှစ်ယောက် ရောက်သွားချိန်တွင် မျက်နှာမူရာဘက်မှနေ၍ လူတစ်စုလာနေခဲ့သည်။
သက်တော်စောင့်များခြံရံထားသည့်အကြားတွင် ဝမ်ခမ်းသည် ညှို့ငင်အားပြင်းသောမိန်းကလေးကို သူ၏လက်ဖြင့် ပွေ့ဖက်ထားပေ၏။
ထိုမိန်းကလေး၏မျက်နှာပေါ်တွင် အပြုံးများဝေဆာနေပြီး သူမကိုကြည့်ရသည်မှာ အပျော်လွန်နေပုံရသည်။
သူမသည် ဝမ်ခမ်း၏မျက်နှာသာပေးမှုကိုရရှိသည်နှင့် ဤနေရာတွင် နိမ့်ကျသောဧည့်ကြိုအဖြစ် ဆက်လက်လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်တော့ချေ။
လှပသောအနာဂတ်ကိုတွေးတောရင်းနှင့် သူမက စိတ်မထိန်းနိုင်တော့ဘဲ တခစ်ခစ်ရယ်မောလိုက်တော့သည်။
ထိုအချိန်မှာပင် သူမက မျက်နှာချင်းဆိုင်ဘက်၌ မတ်တတ်ရက်နေသော လုယွီကို တွေ့မြင်မိပေ၏။
"သူက ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်နေတာလဲ"
ညှို့အားပြင်းသည့်မိန်းကလေးက မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ခမ်းသည် မိန်းကလေး၏အမူအယာပြောင်းလဲသွားခြင်းကို သတိပြုမိသဖြင့် သူက မေးမြန်းလေသည်။
"အဲ့ဒီကောင်လေးက ဘယ်သူလဲ"
"ငမွဲတစ်ယောက်ပါ...လေလံရုံရဲ့အထူးဧည့်သည်တောင်မဟုတ်တဲ့ကောင်က သခင်လေးဝမ်ရဲ့အာရုံစိုက်ခံရဖို့ မထိုက်တန်ပါဘူး"
မိန်းကလေးက ချွဲပျစ်သောလေသံဖြင့် ပြောဆိုသည်။
ထို့နောက် သူမသည် လုယွီကို ကြည့်ရှုခြင်းမပြုတော့ဘဲ သူမ၏နံဘေးရှိ သီးသန့်ခန်းအား ဖွင့်ရန်ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပင် လုယွီက ရုတ်တရက်ပြောဆိုသည်။
"အဲ့ဒါက ငါ့ရဲ့အခန်းပဲ...ဒီနေရာက ထွက်သွားစမ်း"