အခန်း (၁၆၇၆-၁၆၈၀)
Vol. 87 Ch. 1676-1680
Chapter 1676
လေလံရုံအတွင်း၌ ရယ်မောသံများ ပွင့်အံထွက်လာပေ၏။
လေလံရုံ၏စည်းမျဥ်းများအရ အဖိုးတန်ပစ္စည်းတချို့ ရောင်းထွက်သွားပြီးနောက် သာမာန်ပစ္စည်းတချို့ကို လေလံတင်ပေမည်။
ထိုသာမာန်ပစ္စည်းများ၏အစစ်အမှန်တန်ဖိုးကို ရာဖြတ်များပင် အတည်မပြုနိုင်သဖြင့် လေလံပွဲတွင် ကြမ်းခင်းစျေးမရှိဘဲ လေလံတင်လေ့ရှိသည်။
တချို့လူများသည် ထိုလေလံပစ္စည်းများမှ ပစ္စည်းကောင်းများရရှိသွားတက်သော်လည်း အရာရာတိုင်းဆုံးရှုံးသွားသူ ပိုများပေ၏။
"ငါက နှစ်သိန်းပေးမယ်...ဒီသံချပ်ကာဝတ်စုံ ငါ့ရဲ့အစေခံကိုဝတ်ခိုင်းရမယ်"
နောက်ထပ် မောက်မာဝံ့ကြွားသောအသံတစ်သံ ထွက်ပေါ်လာသည်။
ဤနေရာသို့ရောက်ရှိလာသူများအားလုံးသည် အထူးဧည့်သည်များဖြစ်ကြသည်။သာမာန်အားဖြင့် သူတို့သည် အင်မော်တယ်ကျောက်တုံးသိန်းဂဏန်းခန့်အား အရေးမစိုက်ကြပေ။
တခြားသူများက ရယ်မောလိုက်ကြ၏။
ဤသံချပ်ကာသည် တောက်ပမှုကင်းမဲ့နေပြီး မည်သည့်ထူးခြားချက်ကိုမျှ ရှာမတွေ့ချေ။
လေလံမှူး၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်ပျက်သွားသောအရိပ်အယောင် ထင်ဟပ်သွားသော်လည်း မကြာမီမှာပင် ပျက်ပြယ်သွားခဲ့သည်။ဤသံချပ်ကာဝတ်စုံအား စျေးကောင်းကောင်းဖြင့် ရောင်းချ၍မရနိုင်ဟု သူမ သိရှိပြီးဖြစ်သည်။
"နှစ်သိန်း...စျေးထပ်တိုးပေးချင်တဲ့သူ မရှိတော့ဘူးလား...ဒီသံချပ်ကာဝတ်စုံရဲ့အစစ်အမှန်တန်ဖိုးကို ငါတို့ မဆုံးဖြတ်နိုင်ခဲ့ဘူး...ဒါပေမယ့် ဒီသံချပ်ကာဝတ်စုံကို သွန်းလုပ်ထားတာက အရမ်းလက်ရာမြောက်တယ်...ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ် ပြသထားရင်တောင် ဒါက ရွေးချယ်မှုကောင်းတစ်ခုပဲ"
လေလံမှူးက ဆက်လက်၍ သွေးဆောင်ဖြားယောင်းစကားများ ပြောဆိုနေပေ၏။
မမျှော်လင့်ဘဲ သူမ၏သွေးဆောင်စကားသည် ရယ်မောသံအမြောက်အများကိုသာ ထွက်ပေါ်လာစေသည်။
"တော်ပြီ....ပစ္စည်းပြောင်းပြတော့"
"အမှန်ပဲ...ဒီလိုစုတ်ပြတ်နေတဲ့ပစ္စည်းကို ငါတို့က ဘာလို့ငွေကုန်ခံပြီးဝယ်ရမှာလဲ...မင်းတို့လေလံရုံက တော်တော်လွန်နေပြီ"
မြောက်မြားစွာသောလူများ၏ မကျေမနပ်ပြောဆိုနေမှုများအောက်တွင် လေလံမှူး၏မျက်နှာအမူအယာ တစတစပျက်ယွင်းလာသည်။သို့ရာတွင် အချိန်တခဏအကြာမှာပင် သူမထံသို့ ထိုပစ္စည်းအားရောင်းထုတ်ရန် အမိန့်ရောက်ရှိလာပေ၏။
"ကောင်းပြီလေ...ဒါဆိုရင်လည်း ဒီသံချပ်ကာဝတ်စုံကို....."
လေလံမှူးက နောက်ဆုံးဆုံးဖြတ်ချက်အား ပြောဆိုလေသည်။
သို့သော် ထိုအချိန်မှာပင်....
"ငါ ငါးသိန်းပေးမယ်"
သီးသန်းခန်းအတွင်းမှ လုယွီ၏တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
လေလံရုံတစ်ခုလုံး သုသာန်နစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် လေလံစျေးပေးပါက သူတို့ အံ့အားသင့်မည်မဟုတ်ချေ။ထို့ပြင် လုယွီ လေလံစျေးပေးလိုက်ခြင်းသည် သီးသန့်ခန်းအတွင်းမှဝမ်ခမ်းကို ဆွံအသွားစေခဲ့သည်။
ထိုကောင်စုတ်လေးသည် ဤသံချပ်ကာဝတ်စုံအား အမှန်တကယ်ကိုပင် သဘောကျနေသလော။
"သီးသန့်ခန်းထဲက အထူးဧည့်သည်တစ်ယောက်က အင်မော်တယ်ကျောက်တုံးငါးသိန်းနဲ့ ကမ်းလှမ်းထားပါတယ်...စျေးထပ်တိုးပေးချင်တဲ့သူ ရှိသေးလား"
လေလံမှူးသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း သူမသည် အလုပ်လုပ်ကိုင်ရာ၌ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်၍ အပြုံးနှင့်ပြောဆိုလိုက်သည်။
သီးသန့်ခန်းအတွင်းတွင် ကျန်းပင်းက လုယွီကို အံ့အားသင့်သောအကြည့်ဖြင့် ကြည့်နေလေ၏။အကယ်၍ ယခင်ကိစ္စသာရှိမနေပါက လုယွီသည် ရည်ရွယ်ချက်ရှိရှိဖြင့် လေလံစျေးတိုးပေးသည်ဟု သူမ တွေးတောမိမည်မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူမ ထိုသို့ မတွေးတောနိုင်ချေ။
သူသည် ဗောဓိသစ်ပင်မှ ကောင်းချီးထောင်ချီနှလုံးသားကိုပင် တွေ့မြင်နိုင်ခဲ့သူဖြစ်သည်။ဤကဲ့သို့ အမြင်ရှိခြင်းသည် လောကကြီးတခွင်လုံး၌ပင် လွန်စွာရှားပါးပေ၏။
တခြားစကားပြောင်းဆိုရလျှင် ယခုလေလံပစ်နေသော သံချပ်ကာဝတ်စုံသည် အဖိုးတန်ရှားပါးသော ရတနာတစ်ခုများဖြစ်နေသလော။
'ဒီသံချပ်ကာက ဘာပါလိမ့်'
ကျန်းပင်း၏မျက်လုံးသည် အလွန်ပြင်းပြစွာစိတ်ဝင်စားနေခြင်းကြောင့် တလက်လက်တောက်ပနေသည်။
သူမတို့လေလံရုံရှိ မြောက်များစွာသောရာဖြတ်များသည် ထိုသံချပ်ကာ၏မူရင်းဇစ်မြစ်ကို အတည်ပြုနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ကြကြောင်း သူမ သိရှိပြီးဖြစ်သည်။
လုယွီ အမှန်တကယ်ကိုပင် သံချပ်ကာ၏ဇစ်မြစ်အား သိရှိနေသလော။
"တစ်သန်း...."
ထိုအချိန်တွင် မောက်မာဝံ့ကြွားသောအသံတစ်သံ ထွက်ပေါ်လာသည်။
ဤသည်က ဝမ်ခမ်း လေလံစျေးပေးလိုက်ခြင်းပင်။
လေလံရုံတစ်ခုလုံး အံ့အားတသင့်ရေရွတ်သံများဖြင့် ဆူညံသွားပေ၏။သူတို့နှစ်ယောက်ကမ်းလှမ်းသည့်စျေးမှာ များပြားခြင်းမရှိသော်လည်း သံချပ်ကာ၏တန်ဖိုးကို များစွာကျော်လွန်နေလေပြီ။
"နှစ်သန်း..."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
လုယွီ လေလံစျေးပေးပြီးသည့် အချိန်အခိုက်အတန့်တွင် ဝမ်ခမ်းကလည်း လေလံစျေးအား ဆက်လက်၍တိုးမြှင့်ခဲ့သည်။
"ငါးသန်း...."
"ငါးသန်း...သခင်လေးဝမ်က လေလံစျေးကို ငါးသန်းအထိ ပေးလိုက်ပါပြီ...ဒီသံချပ်ကာရဲ့တန်ဖိုးအတိအကျကို မသိရဘူးဆိုပေမယ့် အထူးဧည့်သည်တော်ကြီးနှစ်ယောက် ပြိုင်ဆိုင်နေကြတယ်...ဒီပစ္စည်းရဲ့တန်ဖိုးက အကန့်အသတ်မရှိဘူးဆိုတာ သိသာထင်ရှားနေပြီ...လူကြီးမင်းတို့...အခွင့်အရေးကောင်းတွေဆိုတာ ဘယ်သူကိုမှ မစောင့်ဆိုင်းဘူးနော်"
လေလံမှူး၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပေ၏။
အစပထမတွင် သူမသည် မျှော်လင့်ချက်မထားခဲ့သော်လည်း ယခုလေလံစျေးသည် သူမမျှော်လင့်ထားမှုထက် များစွာပို၍ကျော်လွန်နေခဲ့သည်။
Chapter 1677
အကယ်၍ ဤသံချပ်ကာကို သူမ မြင့်မားသောစျေးနှုန်းဖြင့်ရောင်းချနိုင်ပါက သူမသည်လည်း ငွေကြေးအမြောက်အများ ဆုကြေးအဖြစ်ရရှိပေမည်။
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဆယ်သန်း"
သူသည် စင်မြင့်ပေါ်ရှိသံချပ်ကာကို တစ်ချက်ကြည့်လိုက်၏။သူ၏မျက်နှာထက်၌ အမူအယာကင်းမဲ့နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ အံ့အားသင့်တုန်လှုပ်နေသည်။
ကောင်းကင်ဘုံဧကရာဇ်၏အကြွင်းအကျန်စိတ်ဝိညာဥ်များမှ သိရှိရသော ဝိုးတဝါးမှတ်ဥာဏ်များမှတဆင့် လုယွီသည် ထိုသံချပ်ကာ၏ပုံရိပ်ကို တွေ့မြင်ခဲ့သည်။
ကောင်းကင်ဘုံဧကရာဇ်ဝတ်ဆင်ခဲ့သော သံချပ်ကာဝတ်စုံသည် မည်သည့်နည်းနှင့်မျှ သာမာန်မဖြစ်နိုင်ချေ။
"ဒီသံချပ်ကာဝတ်စုံရဲ့တန်ဖိုးက တကယ့်ကို ဆယ်သန်းအထိရောက်သွားတာလား"
"ငါတို့ အမှားတစ်ခုခုများ လုပ်မိတာလား"
"မင်း ရူးများရူးနေတာလား...မင်းရော လေလံစျေးဝင်ပေးရဲလား...တကယ်လို့ မင်း ဒီစုတ်ပြတ်နေတဲ့ သံချပ်ကာဝတ်စုံကို ဆယ်သန်းနဲ့သာဝယ်မယ်ဆိုရင် မင်း ရူးပြီးသေသွားလိမ့်မယ်"
လူအုပ်ကြီးထံမှ အသံများကိုနားထောင်ပြီးနောက် ဝမ်ခမ်း၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"အကြီးအကဲကောင်း...ခင်ဗျား သေသေချာချာ ကြည့်ပြီးပြီလား"
"ကျွန်တော် အကြည့်မမှားနိုင်ဘူး...ဒါက သာမာန်သံချပ်ကာဝတ်စုံပါ...ခုဏ ဓားရှည်နဲ့ခုတ်ပိုင်းလိုက်တဲ့အချိန်တုန်းက သံချပ်ကာဝတ်စုံမှာ ခုခံရေးဝင်္ကပါတောင် မပါဘူး...ဒါကြောင့် အဲ့ဒီသံချပ်ကာကို သေမျိုးသံချပ်ကာအဖြစ်သွန်းလုပ်ခဲ့တယ်ဆိုတာ ထင်ရှားတယ်...ဒါက အဖိုးတန်ရှားပါးတဲ့အရာ မဟုတ်ပါဘူး"
ဝမ်ခမ်းသည် အကြီးအကဲကောင်းထံမှ တိကျသေချာသောအဖြေကို ကြားလိုက်ရသဖြင့် အော်ဟစ်ရယ်မောလိုက်၏။
"ကောင်းပြီလေ...ငါ မင်းကို ပေးလိုက်မယ်....ဒီလိုမျိုး စုတ်ပြတ်နေတဲ့ပစ္စည်းတစ်ခုကို ဆယ်သန်းနဲ့ပေးဝယ်တဲ့ကောင်မျိုး ငါ ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာပဲ..ဒါက အရမ်းရယ်စရာကောင်းတာပဲ"
ဝမ်ခမ်းက သရော်တော်တော်အသံဖြင့် ကျယ်လောင်စွာ ပြောဆိုလေသည်။
သူ၏ငေါ့တော့တော့အသံက လေလံရုံအနှံ့ ပျံ့နှံ့သွားပေ၏။ပြန်တွေးကြည့်ပါက သူသည် သံချပ်ကာဝတ်စုံအား လေလံဆွဲလိုခြင်းမရှိဘဲ လုယွီအား မြင့်မားသောစျေးနှင့်ဝယ်ယူရရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသော်လည်း သူက တည်ငြိမ်သောအသံဖြင့် ဆက်လက်ပြောဆိုသည်။
"ဆယ်သန်း...တကယ်လို့ ထပ်ပြီးစျေးတိုးပေးမယ့်သူမရှိဘူးဆိုရင် ငါ အဲ့ဒါကိုယူမယ်"
လေလံမှူးက သုံးကြိမ်ဆက်တိုက်အော်ဟစ်လိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာတော့ချေ။
သံချပ်ကာဝတ်စုံသည် လုယွီ၏လက်အတွင်းသို့ အလျှင်အမြန် ကျရောက်လာပေ၏။
"ဆရာသခင်လု...ဒီသံချပ်ကာမှာ သာမာန်ထက်ထူးခြားတာတစ်ခုခု ရှင် မြင်လို့လား"
ကျန်းပင်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"မရှိဘူး"
"အမ်...ဒါဆို ရှင်က အင်မော်တယ်ကျောက်တုံးဆယ်သန်းတောင် အကုန်အကျခံပြီး ဘာလို့ဝယ်ခဲ့တာလဲ"
"တခြားအကြောင်းပြချက်မရှိပါဘူး...ငါ့မှာ အင်မော်တယ်ကျောက်တုံးတွေ ပေါနေလို့လေ...ဒါကြောင့် ငါက မြန်မြန်ကုန်အောင် သုံးနေတာ"
ထို့နောက် သူက သူ၏လက်ချောင်းများကိုလှုပ်ခတ်ပြီး ဆေးလုံးတစ်လုံးထည့်ထားသော ကျောက်စိမ်းသေတ္တာကိုထုတ်ယူကာ ကျန်းပင်းထံ ပေးလိုက်၏။
"ဒါက အဆိပ်သူတော်စင်ဆေးလုံးပဲ...ဒီဆေးလုံးက လောကကြီးထဲမှာရှိတဲ့ အဆိပ်အားလုံးကို ပျက်ပြယ်စေနိုင်တယ်...မင်း ဒါကို လေလံတင်လို့ရတယ်"
လုယွီက ပြောဆိုသည်။
ကျန်းပင်းသည် ကျောက်စိမ်းသေတ္တာအား ဂရုတစိုက်ဖွင့်လိုက်ရာ ဆေးလုံး၏ထိပ်၌ ရက်စက်ကြမ်းကြုတ်သောမှော်သားရဲတစ်ကောင်၏ အနက်ရောင်အမှတ်အသားရှိနေပြီး သာမာန်ထက်ထူးခြားနေသည်ကို တွေ့မြင်မိပေ၏။
"ကျွန်မ အဖိုးကို တစ်ချက်ကြည့်ခိုင်းပြီး မေးလိုက်မယ်"
ကျန်းပင်းက ဆရာသခင်ကျန်းအားရှာဖွေရန် ထွက်ခွာသွားတော့သည်။
ကျန်းပင်းထွက်ခွါသွားသည်နှင့် လုယွီ၏စိတ်အာရုံသည် သံချပ်ကာပေါ်သို့ ထပ်မံ၍ကျရောက်သွားပေ၏။
ဤသံချပ်ကာဝတ်စုံမှနေ၍ လုယွီက ရင်းနှီးကျွမ်းဝင်သောခံစားချက်မျိုးရရှိနေသည်။ထိုအရာသည် ယခင်ကတည်းက သူ၏ပိုင်ဆိုင်မှုဖြစ်ခဲ့သည့်အလား ခံစားရပေ၏။
"သေချာတယ်...ငါ မမှားနိုင်ဘူး"
လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။
ဤသံချပ်ကာဝတ်စုံနှင့်ဆိုပါက သူ၏အသက်ကိုကာကွယ်နိုင်ရန် နောက်ထပ်နည်းလမ်းတစ်ခု ရရှိသွားလေပြီ။
နောက်ထပ်လေလံတင်သောပစ္စည်းမှာ လုယွီ၏တော်ဝင်တာအိုဆေးလုံးများဖြစ်သည်။ထိုဆေးလုံးများအား အင်မော်တယ်ကျောက်တုံးသန်း၃၀မှ သန်း၅၀အသီးသီးရရှိပြီး မြင့်မားသောစျေးနှုန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည်။
လေလံဆွဲကြသူများအနက် အန္တိမဝါယောဂိုဏ်းတစ်ဂိုဏ်းတည်းဖြင့် တော်ဝင်တာအိုဆေးလုံးခုနစ်လုံး ဝယ်ယူသွားပေ၏။ထိုဂိုဏ်းသည် ချမ်းသာကြွယ်ဝသောဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်ဟု ကောလဟာလလည်း ရှိနေသည်။
လုယွီ ယခင်ဝယ်ယူခဲ့သောပစ္စည်းများတန်ဖိုးကို နှုတ်ယူပြီးသည့်တိုင် သူ့ထံ၌ အင်မော်တယ်ကျောက်တုံး သန်း၃၂၀ကျန်ရှိသည်။
ဤအင်မော်တယ်ကျောက်တုံးပမာဏသည် နည်းပါးခြင်းမရှိချေ။
လုယွီ ဤမျှထိ အင်မော်တယ်ကျောက်တုံးအမြောက်အများရရှိသွားရသော အကြောင်းအရင်းမှာ မှော်ဆန်သောတော်ဝင်တာအိုဆေးလုံးကြောင့်ပင်။
တော်ဝင်ဆေးလုံးမတိုင်မီ ရှိခဲ့သောဆေးလုံးများသည် အသုံးပြုသူအား ကျင့်ကြံဆင့်ချိုးဖျက်ရာ၌ ထောက်ပံပေးနိုင်ရုံသာရှိသည်။
ဤကဲ့သို့ အဆင့်ကြီးတစ်ဆင့်လုံးအား အကြွင်းမဲ့ချိုးဖျက်ဝင်ရောက်နိုင်သော ဆေးလုံးမျိုး ယခင်က ထွက်ပေါ်လာခဲ့ဖူးခြင်းမရှိချေ။
အကယ်၍ ထိုဆေးလုံးကိုသာ သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်ပါက သူတို့၏အင်အားစုအတွင်း၌ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများ ပိုမိုများပြားလာပေမည်။ဆန့်ကျင်ဘက်အနေဖြင့် အင်မော်တယ်ကျောက်တုံးများသည် ထိုကိစ္စနှင့်နှိုင်းယှဥ်ပါက အရေးပါသောအရာများမဟုတ်ချေ။
"နောက်ပစ္စည်းတစ်ခုက ကျွန်မတို့လေလံရုံရဲ့ အကောင်းဆုံးပစ္စည်းပဲ"
Chapter 1678
စင်မြင့်၏နောက်ဘက်ရှိ ကန့်လန့်ကာအတွင်းမှနေ၍ သန်မာထွားကျိုင်းသောကျင့်ကြံသူလေးယောက်သည် သစ်သားသေတ္တာတစ်လုံးကို ဂရုတစိုက်သယ်ဆောင်၍ ထွက်လာခဲ့သည်။
ထိုသစ်သားသေတ္တာပေါ်တွင် အဆောင်လက်ဖွဲ့အမြောက်အများ ကပ်ထားလေရာ အတွင်းရှိပစ္စည်းများသည် အလွန်တန်ဖိုးရှိပုံရပေ၏။
"ငါတို့ရှေးဟောင်းဖုန်မှုန့်ကြယ်ကြီးရဲ့မူလဇစ်မြစ်ကို လူအများစုက မသိကြဘူး"
လေလံမှူးက ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သောအပြုံးမျိုးနှင့်ပြောဆိုသည်။
လေလံခန်းမအတွင်းရှိလူများသည် စိတ်မရှည်ကြတော့ဘဲ လူတချို့က ထ၍အော်ဟစ်လေသည်။
"ငါတို့က ပစ္စည်းဝယ်ဖို့ ဒီနေရာကိုလာတာ...မင်းက ငါတို့ကို သမိုင်းကြောင်းသင်ပေးချင်နေတာလား"
တခြားသူများ၏မျက်နှာများပေါ်တွင်လည်း သရော်တော်တော်အပြုံးများ ရှိနေသည်။
လေလံမှူးသည် မည်သည့်အရာအား လေလံတင်မည်ကို ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိချေ။
သူမသည် လေလံခန်းမအတွင်းမှလူများ၏တုံ့ပြန်မှုကို အံ့အားသင့်သွားပုံမပေါ်ချေ။သူမသည် လူတိုင်း၏မျက်နှာပေါ်ရှိ အမူအယာများကိုကြည့်ရှုပြီးနောက် တဖြည်းဖြည်းပြောဆိုလိုက်သည်။
"ဒါက တစ်ချိန်ကတာအိုသခင်ဖြစ်ခဲ့တဲ့ ကူချန်ရှင်းနဲ့စပ်ဆက်တဲ့အရာပဲ"
ဘာ...
လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ရေတစ်စက်ကျနေသောအသံကိုပင် ကြားနိုင်သည်။
တာအိုသခင်....
ဤသည်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ပင် အသန်မာဆုံးတည်ရှိမှုကြီးဖြစ်သည်။
တာအိုသခင်တိုင်းနီးပါးသည် ကျင့်ကြံသူများမော့ကြည့်ရသော ကြီးကျယ်မြင့်မြတ်သည့်တည်ရှိမှုကြီးများဖြစ်ပေ၏။တာအိုသခင်အဆင့်ထိတက်လှမ်းနိုင်သူသည် မည်သည့်နည်းနှင့်မျှ သာမာန်လူမဖြစ်နိုင်ချေ။
တာယွီအင်ပါယာ၏မြင့်မြတ်သူရှစ်ယောက်စလုံးတာအိုသခင်များဖြစ်သည်။
အကယ်၍ ကြယ်နယ်မြေတစ်ခုသည် တာအိုသခင်တစ်ယောက်အား မွေးထုတ်ပေးနိုင်ပါက ထိုကြယ်နယ်မြေအတွက် အကာအကွယ်အလိုအလျောက်ရသွားပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှေးဟောင်းဖုန်မှုန့်ကြယ်သည် သေးငယ်သောမထင်မရှားကြယ်နယ်မြေတစ်ခုသာဖြစ်သည်။
ဤကြယ်နယ်မြေအတွင်း၌ ထိပ်သီးအင်အားစုသုံးစုရှိနေသည့်တိုင် အသက်ဆက်ရှင်နိုင်ရန်အတွက် ပတ်ဝန်းကျင်ရှိကြယ်နယ်မြေများမှ ဂိုဏ်းကြီးများအပေါ်မှီခိုနေရပြီး အမျိုးစုံသောအနိုင်ကျင့်စော်ကားမှုများကို သည်းခံရပေ၏။
ယခုလက်ရှိချိန်တွင် လေဟာနယ်ဓားပြများ ထွက်ပေါ်လာမှုကြောင့် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်ရှိ ကျင့်ကြံသူများအားလုံး အန္တရာယ်အတွင်းကျရောက်နေပြီး လွတ်မြောက်ရန်လမ်းစကို ရှာဖွေနေကြရသည်။
အကယ်၍ ဤနေရာတွင် သန်မာအားကောင်းသော တာအိုသခင်တစ်ယောက်သာရှိနေပါက ထိုပြဿနာများအားလုံး ပျက်ပြယ်သွားပေမည်။
"မင်းပြောနေတာ အမှန်တွေလား"
"တာအိုသခင်က ဘယ်နေရာမှာလဲ...ဒီပစ္စည်းက သူနဲ့ဘယ်လိုစပ်ဆက်နေတာလဲ"
ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ လူအများ၏တိုင်ပင်ဆွေးနွေးနေသံများ ပြည့်နှက်နေပေ၏။ဤလေလံပွဲအတွင်း၌ ပါဝင်စွက်ဖက်လိုစိတ်မရှိသူများ၏ မျက်လုံးများပင် ပြူးကျယ်နေသည်။
လေလံရုံအတွင်းရှိအခြေအနေ သက်ဝင်လှုပ်ရှားနေသည်ကိုကြည့်ပြီး လေလံမှူး၏မျက်နှာထက်၌ စိတ်ကျေနပ်အားရသောအပြုံး ထွက်ပေါ်လာသည်။
လေလံမှူးက ပြောဆိုလိုက်၏။
"လူကြီးမင်းတို့အားလုံးပဲ ဘာမှမစိုးရိမ်ကြပါနဲ့...အဲ့ဒီတာအိုသခင် ပျောက်ကွယ်နေတာ အချိန်အတော်ကြာနေပြီ...သူသာရှိရင် ကျွန်မတို့ကြယ်နယ်မြေ ခုလိုအကြပ်အတည်းမျိုးနဲ့ ကြုံတွေ့နေရမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
တစ်စုံတစ်ယောက်က စိတ်မရှည်သောအသံဖြင့် ပြောဆိုသည်။
"ငါတို့ကို ဇဝေဇဝါဖြစ်အောင် ဆက်မလုပ်နဲ့တော့...ဘာပစ္စည်းလဲဆိုတာ မြန်မြန်ပြောပါ"
လေလံမှူးက အပြုံးနှင့် ပြောဆိုလေ၏။
"ကျွန်မတို့ ခုလေလံပစ်မယ့်ပစ္စည်းက တာအိုသခင်တစ်ယောက် နေခဲ့တဲ့နေရာပဲ"
"ကောလဟာလတွေအရတော့ အဲ့ဒီတာအိုသခင်ပျောက်ကွယ်မသွားခင်မှာ အမွေအနှစ်နယ်မြေတစ်ခု ချန်ခဲ့တယ်...အဲ့ဒီအမွေအနှစ်နယ်မြေက ဒီရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်မှာပဲ...အဲ့ဒီနယ်မြေရဲ့မြေပုံကို သုံးပိုင်းပိုင်းပြီး သူ့ရဲ့တပည့်သုံးယောက်က သိမ်းဆည်းထားခဲ့တယ်"
"ကံဆိုးချင်တော့ တာအိုသခင် ပျောက်ကွယ်သွားပြီး မကြာခင်မှာ သူရဲ့တပည့်သုံးယောက်ထဲကတစ်ယောက်က ကပ်ဆိုးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတယ်...ကျန်တဲ့တပည့်နှစ်ယောက်လုံးလည်း သေဆုံးသွားခဲ့တယ်...အဲ့ဒီမြေပုံသုံးခုကလည်း တကွဲတပြားစီဖြစ်သွားခဲ့တယ်"
စကားဆုံးသည်နှင့် လေလံမှူးသည် သူ၏လက်ထောက်အားအချက်ပြလိုက်ရာ သူမ၏လက်ထောက်က သစ်သားသေတ္တာအားဖွင့်လိုက်၏။
ထိုသေတ္တာအားဖွင့်လိုက်သည်နှင့် အတွင်း၌ မြေပုံဟောင်းတစ်ခုရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
သို့ရာတွင် ထိုမြေပုံပေါ်၌ အကာအကွယ်ဝင်္ကပါရှိနေသဖြင့် ပြင်ပရှိလူများသည် မြေပုံပေါ်၌ မည်သည့်အရာများရေးဆွဲထားသည်ကို ရှင်းရှင်းလင်းလင်းမမြင်တွေ့နိုင်ချေ။
"ကျွန်မတို့က တာအိုသခင်ထားခဲ့တဲ့ အမွေအနှစ်နယ်မြေရဲ့မြေပုံတစ်ပိုင်းကို ရထားတယ်...လေလံအဖွင့်စျေးက အင်မော်တယ်ကျောက်တုံးဆယ်သန်းပဲ"
လေလံမှူးက လေသံမြှင့်၍ အော်ဟစ်ပြောဆိုသည်။
တစ်စုံတစ်ယောက်က မကျေမနပ် ပြောဆိုလေ၏။
"ငါ အဲ့ဒီမြေပုံကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး...အဲ့ဒါက အစစ် ဟုတ် မဟုတ် ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ"
"တောင်းပန်ပါတယ်...ဒီရတနာပစ္စည်းရဲ့ထူးခြားတဲ့ဝိသေသကြောင့် ကျွန်မတို့က ရှင်တို့ကို လေ့လာခွင့်မပြုနိုင်ဘူး...ဒါပေမယ့် အရာအားလုံးက ရှင်တို့ရဲ့ရွေးချယ်မှုပေါ် မူတည်ပါတယ်...ကျွန်မတို့လေလံရုံက ရှင်တို့ကို အတင်းအကျပ်ဖိအားပေးပြီး မဝယ်ခိုင်းပါဘူး"
Chapter 1679
လေလံမှူးပြောသောအချက်သည် ကျိုးကြောင်းဆီလျော်ပေ၏။ဤကဲ့သို့မြေပုံမျိုးအား တခြားသူများမြင်သွားပါက သူတို့သည် ထိုမြေပုံပေါ်ရှိ အမှတ်အသားများကို မှတ်မိသွားနိုင်သည်။ထိုသို့ဆိုပါက မြေပုံသည် တန်ဖိုးရှိတော့မည်မဟုတ်ချေ။
လူအများစုသည် ဘေးထိုင်စောင့်ကြည့်နေကြပြီး အလျင်စလို ဆုံးဖြတ်ချက်မချကြသေးပေ။
သီးသန့်ခန်းအတွင်း၌...
ဝမ်ခမ်းသည် စင်မြင့်ပေါ်၌ခင်းကျင်းပြသထားသော မြေပုံအပိုင်းအစကိုမြင်သည်နှင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
အကြီးအကဲကောင်းက အံ့အားသင့်နေသောအသံဖြင့် ပြောဆိုသည်။
"သခင်လေး...အဲ့ဒါမလား...ဂိုဏ်းချုပ်ဆီမှာ တခြားမြေပုံအပိုင်းနှစ်ခု ရှိပြီးသားလေ...ကျွန်တော်တို့ ဒီတစ်ခုကိုရတာနဲ့ တာအိုသခင်ရဲ့အမွေအနှစ်ကိုရပြီ"
တာအိုသခင်၏အမွေအနှစ်....
ထိုသတင်းအချက်အလက်သာ အနည်းငယ်ယိုစိမ့်သွားပါက အင်အားစုများစွာ သူတို့ထံဝိုင်းအုံလာပေမည်။
ဤနှစ်များအတွင်း သူတို့၏မက်မွန်ပွင့်ဓားဂိုဏ်းသည် တက်နိုင်သမျှအစွမ်းကုန်ကြိုးစား၍ ထိုမြေပုံများကို စုဆောင်းခဲ့သည်။
သူတို့ရရှိထားသော သတင်းအချက်အလက်များအရ ထိုမြေပုံသည် ဤလေလံပွဲ၌ ထွက်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် မက်မွန်ပွင့်ဓားဂိုဏ်းသည် ဝမ်ခမ်းအား လီဟူရှင်းနှင့် လက်ထပ်ယောင်ဆောင်စေပြီး မြေပုံကိုယူဆောင်ရန် အစီအစဥ်ဆွဲခဲ့သည်။
ဤနည်းလမ်းဖြင့် သူတို့ မြေပုံအားယူဆောင်ပြီးသည့်တိုင် လူအမြောက်အများ၏အာရုံစူးစိုက်မှုခံယူရမည်မဟုတ်ချေ။
ဝမ်ခမ်း ဤနေရာသို့လာခဲ့ခြင်းမှာ ထိုမြေပုံအတွက်ပင်။သူ လီဟူရှင်းနှင့်လက်ထပ်ရမည့်ကိစ္စကိုမူ အနည်းငယ်မျှပင် အလေးမထားချေ။
ယခုလက်ရှိချိန်တွင်ပင် မက်မွန်ပွင့်ဓားဂိုဏ်းသည် ရွှေမိုးကြိုးဂိုဏ်းအား ဖျက်ဆီးချေမွှပစ်နိုင်သောတည်ရှိမှုကြီးဖြစ်သည်။အကယ်၍ သူတို့သာ တာအိုသခင်၏အမွေအနှစ်ကိုရရှိသွားပါက ဆိုဖွယ်ရာပင်မရှိတော့ချေ။ထိုအချိန်ကျလျှင် ရွှေမိုးကြိုးဂိုဏ်းသည် သူတို့၏မက်မွန့်ပွင့်ဓားဂိုဏ်းအား မော်ကြည့်ဝံ့မည်ပင်မဟုတ်ပေ။
ထို့ပြင် ဝမ်ခမ်းသည် လီဟူရှင်းအား အနည်းငယ်မျှပင် ချစ်ခင်နှစ်သက်ခြင်းမရှိချေ။
"သခင်လေး...မဆင်မခြင် မလှုပ်ရှားနဲ့အုံး...ခဏလောက် စောင့်ကြည့်ရအောင်"
အကြီးအကဲကောင်းက သတိပေးသည်။
ဝမ်ခမ်းက လက်ဝှေ့ယမ်းပြလေသည်။
"ငါ နားလည်ပြီ"
အချိန်အတော်ကုန်ဆုံးသွားသည့်တိုင် လေလံခန်းမအတွင်းရှိ မည်သူကမျှ စျေးစတင်ကမ်းလှမ်းခြင်းမရှိချေ။
လေလံအဖွင့်စျေးသည် မြင့်မားသော်လည်း ထိုမြေပုံသည် တာအိုသခင်တစ်ယောက်၏အမွေအနှစ်နှင့် ဆက်စပ်နေသဖြင့် အလွန်အရေးကြီးပေ၏။
"အင်မော်တယ်ကျောက်တုံး သန်း၃၀...ငါရဲ့ကျင့်ကြံဆင့်က အကန့်အသတ်ကိုရောက်နေပြီ...ငါ အဆင့်ချိုးဖျက်နိုင်ဖို့ တခြားနည်းလမ်းတွေကို ရှာဖွေမှရမယ်"
ဆံပင်များဖြူဖွေးနေသော အဖိုးအိုတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"သန်း ၄၀"
"သန်း၅၀"
လေလံစျေးသည် ရပ်နားခြင်းမရှိဘဲ လူများက အဆက်မပြတ် စျေးတိုးမြှင့်ပေးနေကြသည်။
ကုန်သည်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်က အပြုံးနှင့်ပြောဆိုသည်။
"အဲ့ဒီမြေပုံကို ဝယ်ယူပြီးရင် လက်လွှဲရောင်းချလို့ရတယ်...တကယ်လို့ တစ်ယောက်ယောက်ဆီမှာ တခြားမြေပုံပိုင်းနှစ်ခုရှိနေရင် သူက ဒီမြေပုံအပိုင်းအစကို လိုအပ်လာမှာပဲ...အချိန်ကျလာရင် ငါ စျေးမြှင့်ပေးပြီးဝယ်ရမယ်...ငါက အကျိုးအမြတ်လိုချင်တယ်"
တခြားသူများသည် ထိုသူ၏စကားကိုကြားချိန်တွင် နားလည်သဘောပေါက်သွားကြပြီး လေလံစျေးကို ဆက်လက်၍တိုးပေးကြတော့သည်။
ဘန်း...
ဝမ်ခမ်း၏မျက်နှာက သုန်မှုန်နေသည်။
"အဲ့ဒီကောင်က ဘယ်သူလဲ...ငါ သူ့ကို သတ်ချင်တယ်"
သူသည် မည်သူမျှစိတ်ဝင်စားခြင်းမရှိစဥ်မှ အချောင်စျေးဖြင့် မြေပုံကိုရယူနိုင်ရန် စဥ်းစားထားခဲ့သည်။
သို့ရာတွင် ထိုကုန်သည်၏စကားကိုကြားသည်နှင့် တခြားသူများသည် အကျိုးအမြတ်ကြီးကြီးရရှိမည်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားကြကာ စတင်၍ အပြိုင်အဆိုင် စျေးပေးနေကြတော့သည်။
သူ ဤမြေပုံကို အလိုရှိပါက အင်မော်တယ်ကျောက်တုံးအမြောက်အများ ကုန်ကျပေမည်။
အကြီးအကဲကောင်း၏မျက်ခုံးများပင့်တက်သွားပြီး သူ၏နောက်လိုက်များဘက်သို့လှည့်၍ အမိန့်ပေးလိုက်သည်။အချိန်တခဏကြာပြီးနောက် ထိုလူများပြန်လည်ရောက်ရှိလာပြီး အခြေအနေကို အကြီးအကဲကောင်းအား ပြန်လည်သတင်းပို့လေ၏။
"အဲ့ဒီလူက ဒီလေလံရုံကပဲ...ကျန်းမိသားစုက ဒီမြေပုံကိုရဖို့ ငွေကြေးအမြောက်အများ ကုန်ကျခံခဲ့ရတယ်...သူတို့က ပြဿနာမတက်ချင်သလို သူတို့ရဲ့ငွေကြေးတွေ ဆုံးရှုံးမှာလည်းစိုးရိမ်နေတယ်...ဒါကြောင့် မြေပုံကို လေလံပွဲမှာ မြင့်မားတဲ့စျေးနဲ့ရောင်းချဖို့ အစီအစဥ်ဆွဲခဲ့တာပဲ"
အကြီးအကဲကောင်းက ပြောဆိုသည်။
ဝမ်ခမ်းသည် အလွန်ဒေါသထွက်သွားပြီး သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်၏။
"အဲ့ဒီခွေးမ...နေနှင့်ဦး...ကိစ္စအားလုံးပြီးသွားတာနဲ့ ငါက သူ့ရဲ့ကျန်းမိသားစုကို အရင်ဆုံးဖျက်ဆီးပစ်မယ်...ပြီးတာနဲ့ သူ့ကို ငါ့ရဲ့ကျွန်လုပ်ခိုင်းမယ်"
"ငါက အင်မော်တယ်ကျောက်တုံးသန်း၁၀၀ ပေးမယ်"
ထိုကမ်းလှမ်းချက်ကိုကြားသည်နှင့် လူအုပ်ကြီးက ပို၍စိတ်အားထက်သန်လာသည်။
ထိုလေလံစျေးအားကမ်းလှမ်းသူမှာ ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်သည်။
ထိုလူလတ်ပိုင်းကြီး၏ဝတ်စုံပခုံးထက်တွင် ကြေးနီတံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားပြီး ထိုအရာပေါ်၌ နဂါးတစ်ကောင်၏ပုံစံကို ရေးထွင်းထားပေ၏။
တခြားသူများသည် ထိုတံဆိပ်ပြားကိုမြင်သည်နှင့် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြသည်။လေလံစျေးအား တိုးမြှင့်ပေးနေသူများပင်လျှင် ကူကယ်ရာမဲ့စွာ သူတို့၏ပါးစပ်များကို အလျှင်အမြန်ပိတ်လိုက်ကြသည်။
Chapter 1680
တာယွီအင်ပါယာအတွင်း၌ ဤတံဆိပ်ပြားသည် မြင့်မြတ်သူတို့၏သင်္ကေတဖြစ်သည်။
တာယွီအင်ပါယာတစ်ခုလုံး၌ မြင့်မြတ်သူအတန်းအစား ငါးမျိုးရှိသည်။
သူတို့၏ရှေ့မှကျင့်ကြံသူသည် အနိမ့်ဆုံးအဆင့်ဖြစ်သော မှူးမတ်တစ်ယောက်ဖြစ်ပေ၏။
အကယ်၍တစ်စုံတစ်ယောက်သည် တာယွီအင်ပါယာတွင် မြင့်မြတ်သူတစ်ယောက်ဖြစ်လိုပါက ထိုလူတွင်လုံလောက်သောခွန်အားရှိရမည့်အပြင် အင်ပါယာနန်းတော်အတွက် အကျိုးဆောင်ထားမှုလည်းရှိရပေမည်။
ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးတွင် မြင့်မြတ်သူအဆင့်အတန်းရရှိထားသူမှာ အနည်းငယ်သာရှိသည်။ထိပ်သီးအင်အားစုသုံးစုမှ ခေါင်းဆောင်များအပြင် လျှို့ဝှက်ဖုံးကွယ်၍နေနေသော ထိပ်သီးကျင့်ကြံသူအနည်းငယ်သာ ထိုအဆင့်အတန်းအား ရရှိထားပေ၏။
ဤတံဆိပ်ပြားပိုင်ဆိုင်ထားခြင်းကြောင့် လူလတ်ပိုင်းကြီးသည် သာမာန်ထက်သာလွန်ထူးကဲသူဖြသ်နေမည်မှာ သိသာထင်ရှားသည်။
"သူ့ရဲ့အရှိန်အဝါကိုကြည့်ရင် သူက ရှီချွမ်ကြယ်ရဲ့မြင့်မြတ်တဲ့မိသားစုကဖြစ်မယ်...ရှီချွမ်ကြယ်ကလူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာပါလိမ့်"
အကြီးအကဲကောင်းက လေသံနှိမ့်၍ ပြောဆိုသည်။
ရှီချွမ်ကြယ်သည် ရှေးဟောင်းဖုန်မှုန့်ကြယ်၏နောက်၌ တည်ရှိသည်။
သို့ရာတွင် ရှိချွမ်ကြယ်၏စုစုပေါင်းအင်အားသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ထက် များစွာပို၍သာလွန်သည်။
ထိုကြယ်နယ်မြေ၌ အစွမ်းထက်ကျင့်ကြံသူများ တိမ်လိုလေလိုပေါများပြီး လောကီအင်မော်တယ်ကျင့်ကြံသူများပင် အမြောက်အများရှိပေ၏။
ဤကဲ့သို့မြင့်မြတ်သူတစ်ယောက်သည် လေလံရုံသို့ ရောက်ရှိလာခြင်းမှာ လူတိုင်း၏စိတ်အာရုံအား ဆွဲဆောင်သွားနိုင်ခဲ့သည်။
ဝမ်ခမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"သူက မြင့်မြတ်သူတစ်ယောက်ဖြစ်နေရင်တောင်...ငါ့ရဲ့ကိစ္စကြီးကို မရပ်တန့်နိုင်ဘူး"
"သန်း ၁၁၀..."
ဝမ်ခမ်းက လေလံစျေး ကမ်းလှမ်းလိုက်သည်။
ထိုကမ်းလှမ်းမှုကိုကြားချိန်တွင် လေလံခန်းမအတွင်းရှိလူများ ကြောက်ရွံထိတ်လန့်သွားပေ၏။
သို့ရာတွင် သူတို့သည် ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်ရာ လေလံစျေးကမ်းလှမ်းသူမှာ ဝမ်ခမ်းဖြစ်နေခြင်းကိုမြင်ရသည်နှင့် သူတို့အားလုံး စိတ်သက်သာရာရသွားကြသည်။
ဤဒုတိယမျိုးဆက်သခင်လေးသည် အမြဲတစေ မောက်မာဝံ့ကြွားပြီး လွှမ်းမိုးချုပ်ကိုင်တက်သူဖြစ်ရာ သူ မလုပ်ဝံ့သောအရာဟူ၍ မည်သည့်အရာရှိသနည်း။
ရှီချွမ်ကြယ်မှမြင့်မြတ်သူသည် ဝမ်ခမ်းအား တစ်ချက်ကြည့်လိုက်သော်လည်း သူက ထပ်မံ၍လေလံစျေး မပေးတော့ချေ။
"အရမ်းကောင်းတယ်...သူက ဥာဏ်ကောင်းသားပဲ"
ဝမ်ခမ်း၏မျက်နှာထက်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
မြင့်မြတ်သူတစ်ယောက်ပင်လျှင် သူ့အား ဟန့်တားနိုင်ခြင်းမရှိချေ။
မြေပုံသုံးခုလုံးအား အတူတကွပေါင်းစည်းပြီးသွားချိန်တွင် သူသည် အစွမ်းထက်သောတာအိုသခင်၏အမွေအနှစ်ကို ရှာဖွေနိုင်မည်ဖြစ်ပြီး ပို၍မြင့်မားသောအဆင့်များသို့ တက်လှမ်းနိုင်ပေမည်။
ဝမ်ခမ်းသည် အနာဂတ်အားတွေးတောပြီး ပျော်ရွှင်နေချိန်တွင် အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာပြီး သူ့အား လက်တွေ့ဘဝသို့ ပြန်လည်ဆွဲခေါ်သွားခဲ့သည်။
"သန်း ၁၂၀..."
လုယွီက လေလံစျေး ကမ်းလှမ်းလိုက်ခြင်းပင်။
လုယွီ၏အသံကိုကြားသည်နှင့် ဝမ်ခမ်းက သူ၏ခေါင်းမူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။အချိန်တခဏအကြာမှာပင် ပြင်းထန်သောဒေါသလှိုင်းများက သူ၏ရင်ဘတ်တစ်ခုလုံးအား လွှမ်းခြုံသွားပေ၏။
ဖြစ်နိုင်သည်က ထိုကောင်လေးသည် သူ မြေပုံအားအလိုရှိသည်ကိုသိသဖြင့် သူ့အားဆန့်ကျင်၍ လေလံစျေးအား တိုးမြှင့်ကမ်းလှမ်းနေသလော။
"သန်း ၁၃၀..."
ဝမ်ခမ်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သန်း ၂၀၀..."
လုယွီက တုံ့ဆိုင်းခြင်းမရှိဘဲ စျေးတိုးမြှင့်လေ၏။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လေလံရုံတစ်ခုလုံး အံ့အားတသင့်ရေရွတ်သံများ ပြည့်နှက်သွားသည်။
သူတို့သည် ရက်စက်ကြမ်းတမ်းသော လေလံစျေးယှဥ်ပြိုင်မှုများကို ကြုံတွေ့ဖူးသည့်တိုင် ဤကဲ့သို့ လေလံစျေးအား အဆများစွာတိုက်ရိုက်မြှင့်တင်ခြင်းကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်သည်။
"သီးသန့်ခန်းထဲက အထူးဧည့်သည်တော်က...လေလံစျေးကိုသန်း၂၀၀အထိ တိုးမြှင့်ကမ်းလှမ်းတာ သေချာရဲ့လားရှင်"
လေလံမှူး၏အသံက အနည်းငယ်တုန်ရီနေသည်။
သူမသည် မြောက်များစွာသောလေလံပွဲများကို တာဝန်ယူကျင်းပပေးခဲ့သူဖြစ်သည့်တိုင် ဤကဲ့သို့စျေးတိုးမြှင့်ပေးခြင်းမျိုးအား တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။
"သန်း ၂၁၀..."
လုယွီ၏တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။
"တချို့လူတွေက သူတို့ကိုယ်သူတို့ အရမ်းအထင်ကြီးမနေဖို့ ငါ မျှော်လင့်တယ်"
ဤသည်က....သူသည် ဝမ်ခမ်းအားတိုက်ခိုက်လို၍ စျေးတိုးမြှင့်ခြင်းဖြစ်သလော။
လူတိုင်းက သူတို့ရှေ့ရှိမြင်ကွင်းအား အိမ်မက်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။
"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်...."
ဝမ်ခမ်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏နှုတ်ခမ်းထောင့်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုထင်ဟပ်နေပေ၏။
"သန်း ၃၀၀..."
"သခင်လေး...ကျွန်တော်တို့ယူဆောင်လာတဲ့ အင်မော်တယ်ကျောက်တုံးတွေက အကန့်အသတ်ရှိတယ်...တကယ်လို့ ကျွန်တော်တို့က အကန့်အသတ်ကို ကျော်လွန်သွားမယ်ဆိုရင် ဂိုဏ်းကိုပြန်ယူဖို့ စီစဥ်ရလိမ့်မယ်"
အကြီးအကဲကောင်းက အကြံပြုသည်။
သူတို့၏လက်အတွင်း၌ လက်ရှိရှိနေသော အင်မော်တယ်ကျောက်တုံးများသည် ယခင်က သူတို့လက်အတွင်းတွင်ရှိသော စိတ်ဝိညာဥ်ကျောက်တုံးအချိုးအစားအတိုင်း ပြောင်းလဲထားရခြင်းဖြစ်သည်။
ယခုလက်ရှိချိန်တွင် စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းအမြောက်အများကို တူးဖော်ပြီးဖြစ်သဖြင့် စိတ်ဝိညာဥ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်တုံး လဲလှယ်မှုနှုန်းသည် ၁၀ချိုး တစ်ချိုးသို့ ရောက်ရှိသွားလေပြီ။
တခြားစကားပြောင်းဆိုရလျှင် သူတို့သည် အင်မော်တယ်ကျောက်တုံးသန်း၃၀၀ လေလံစျေးကမ်းလှမ်းခဲ့သော်လည်း အမှန်အားဖြင့် စိတ်ဝိညာဥ်ကျောက်တုံးသန်း၃၀၀၀ ပေးချေရခြင်းဖြစ်ပေ၏။
"ဘာမှမစိုးရိမ်ပါနဲ့...ငါ့ရဲ့အဖေက အဲ့ဒီကိစ္စအတွက် ငွေလက်မှတ်တွေ ကြိုပြီးပြင်ဆင်ပေးထားတယ်"
ဝမ်ခမ်းက ခက်ထန်တင်းမာသောအသံနှင့် ပြောဆိုသည်။