အခန်း (၁၆၈၁-၁၆၈၅)
Vol. 87 Ch. 1681-1685
Chapter 1681
"သန်း ၄၀၀"
လုယွီသည် အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိဘဲ ဆက်လက်၍ လေလံစျေးကမ်းလှမ်းလိုက်၏။
လေလံမှူးသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
"သန်း၄၀၀...သီးသန့်ခန်းထဲက အထူးဧည့်သည်တော်က သန်းလေးရာနဲ့ လေလံစျေးကမ်းလှမ်းထားပါသည်။
သူမ၏ခေါင်းတစ်ခုလုံး ချာချာလည် မူးဝေနေပေ၏။အကယ်၍ မြေပုံအား ထိုစျေးနှုန်းဖြင့်သာ အမှန်တကယ်ရောင်းချနိုင်ပါက သူမ တွေးတောထားသည်ထက်ပို၍ ဆုကြေးငွေများ ရရှိနိုင်ပေမည်။
ဝမ်ခမ်းက အံ့တင်းတင်းကြိတ်၍ အော်ဟစ်လိုက်သည်။
"သန်း၅၀၀...."
လုယွီက ဆက်လက်၍ လေလံဆွဲလေ၏။
"သန်းတစ်ထောင်...."
"ငါ...ငါ သန်းနှစ်ထောင်ပေးမယ်"
ဝမ်ခမ်းသည် ထပ်မံ၍စဥ်းစားတွေးတောခြင်း မပြုတော့ချေ။သူက လေလံစျေးကို အမြင့်ဆုံးအဆင့်ထိ ကမ်းလှမ်းလိုက်သည်။
လေလံခန်းမတစ်ခုလုံး အာမေဋိတ်သံများဖြင့် ပွက်လောရိုက်သွားသည်။အင်မော်တယ်ကျောက်တုံးသန်း၂၀၀၀ဟူသောလေလံစျေးသည် ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးတွင် အလွန်ရှားပါးသောစျေးနှုန်းဖြစ်ပေ၏။
လေလံမှူးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။
"သခင်လေးဝမ်က ဒီမြေပုံအတွက် သန်း၂၀၀၀နဲ့ ကမ်းလှမ်းထားပါတယ်....ဒီမြေပုံက ခုလိုမျိုး မြင့်မားတဲ့စျေးနှုန်းအထိရောက်သွားပြီ....တခြားသူတွေကရော ဘာကိုစောင့်နေကြတာလဲ"
လုယွီ၏သီးသန့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။လုယွီသည် လေလံစျေးထပ်မံတိုးမြှင့်ရန် ရည်ရွယ်ချက်မရှိသည်မှာ သိသာထင်ရှားသည်။
ကျန်းပင်းသည် လုယွီအားကြည့်ပြီး လေသံနှိမ့်၍ မေးမြန်းသည်။
"တကယ်လို့ ဝမ်ခမ်းက နောက်ထပ်သန်းတစ်ထောင် တိုးပြီးမကမ်းလှမ်းခဲ့ဘူးဆိုရင်...ဆရာသခင်လုက ဒီမြေပုံကို တကယ်ပဲသန်းတစ်ထောင်နဲ့ယူဖို့ စီစဥ်ထားတာလား"
လုယွီက သူ၏ခေါင်းကို သူ့၏လက်တစ်ဖက်ဖြင့်ကိုင်ကာ ပေါ့ပေါ့ပါးပါးအသံနှင့် ပြောဆိုသည်။
"သူ လေလံစျေး တိုးကိုးတိုးပေးလိမ့်မယ်...တကယ်လို့ သူ စျေးထပ်တိုးပြီး မကမ်းလှမ်းဘူးဆိုရင်တောင် အင်မော်တယ်ကျောက်တုံးသန်း၁၀၀၀က ငါ့အတွက် ခက်ခဲတဲ့အရာမဟုတ်ဘူး"
ကျန်းပင်းသည် ဆွံအသွားပေ၏။လုယွီ၏လေသံအရ အင်မော်တယ်ကျောက်တုံးများကို သူ၏မျက်လုံးအတွင်းထည့်မထားသည်မှာ သိသာထင်ရှားသည်။
သို့ရာတွင် သူမ ဂရုတစိုက်တွေးတောမိရာ လုယွီ၌ ဤကဲ့သို့ပြောဆိုနိုင်သော အရည်အချင်းရှိပေသည်။
အင်မော်တယ်ကျောက်တုံးသန်းနှစ်ထောင်သည် တခြားသူများအတွက် များပြားသော်လည်း လုယွီ၏ ဆေးလုံးသန့်စင်နိုင်သောစွမ်းရည်ဖြင့် အချိန်တိုအတွင်း ငွေကြေးအမြောက်အများကို ရှာဖွေနိုင်ပေသည်။
အကြီးအကဲကောင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး လေသံနှိမ့်၍ ပြောဆိုသည်။
"သခင်လေး...ကျွန်တော်တို့ ဒီကိစ္စကို ဂိုဏ်းကလူတွေနဲ့ဆွေးနွေးဖို့ လိုအပ်လိမ့်မယ်"
အင်မော်တယ်ကျောက်တုံးသန်း၂၀၀၀ဟူသောပမာဏသည် မက်မွန်ပွင့်ဓားဂိုဏ်းအတွက်ပင် သေးငယ်သောပမာဏမဟုတ်ချေ။
"ဒီခွေးမသားကတော့...ငါ အဲ့ဒီကောင်ကို ချက်ချင်းသတ်ပစ်ချင်တယ်"
ဝမ်ခမ်း၏လေသံသည် အလွန်အမင်းဒေါသထွက်နေမှုကြောင့် ခြောက်ကပ်နေပေ၏။
ဤကိစ္စများအားလုံး ထိုကောင်လေးကြောင့် ဖြစ်ပျက်ခဲ့ခြင်းပင်။
အကယ်၍ ထိုကောင်လေးသာမရှိပါက မြေပုံအား နိမ့်ပါးသောစျေးနှုန်းဖြင့် လွယ်လင့်တကူ ရရှိနိုင်ပေမည်။
"သခင်လေး စိတ်အေးအေးထားပါ...ကျွန်တော်တို့က သူ့အကြောင်းကို စုံစမ်းပြီးပါပြီ...သူ ဒီနေ့ သေကိုသေရမှာပါ"
အကြီးအကဲကောင်းက ပြောဆိုသည်။
လုယွီသည် တာအိုသခင်၏အမွေအနှစ်အား တစိုးတစိမျှပင် စိတ်ဝင်စားခြင်းမရှိချေ။သူသည် အတိတ်ဘဝတွင် အားအကောင်းဆုံးတာအိုသခင်ဖြစ်ခဲ့သူဖြစ်၍ တခြားသူများ၏အမွေအနှစ်အား မလိုအပ်ချေ။
ထို့ပြင် မြေပုံအား အကာအကွယ်ဝင်္ကပါအတွင်း၌ ထည့်သွင်းထားသည့်တိုင် သူ၏အမြင်အာရုံအား ဖုံးကွယ်နိုင်ခြင်းမရှိချေ။
လုယွီသည် ထိုမြေပုံပေါ်ရှိအမှတ်အသားများအားလုံးကို ထွင်းဖောက်မြင်ပြီးသဖြင့် သူ၏စိတ်အတွင်း၌ မှတ်သားထားပြီးလေပြီ။
လုယွီသည် ကျန်းပင်း၏ဖိတ်ကြားချက်ကိုလက်မခံဘဲ လေလံရုံမှထွက်ခွာလာခဲ့သည်။သူသည် ကျင့်ကြံသူများ၏စျေးမှ ထွက်ခွာခဲ့ပြီးနောက် ရွှေမိုးကြိုးဂိုဏ်းထံသို့ဦးတည်၍ ပြန်လာခဲ့သည်။
ရွှေမိုးကြိုးဂိုဏ်းသည် ထိပ်တန်းအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ဂိုဏ်း၏တည်နေရာသည် အဆုံးအစမရှိသောတောင်တန်းများကြားတွင်ဖြစ်သဖြင့် အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သည်။ဂိုဏ်းအနီးပတ်ဝန်းကျင်၌ လူသူကင်းမဲ့ပြီး စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းသောနေရာများလည်းရှိသည်။
လုယွီသည် သူ၏ကျင့်ကြံဆင့်အား ပြန်လည်ရရှိနိုင်ရန် တိတ်ဆိတ်ငြိမ်သက်သောနေရာတစ်နေရာ လိုအပ်ပေ၏။မြင့်မြတ်နည်းစနစ်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးအား လေ့လာဆန်းစစ်ပြီးနောက် လုယွီက နေရာတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။
သို့ရာတွင် သူ ထိုနေရာသို့သွားရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့က ငါ့ကို လိုက်ဖမ်းရဲတာလား"
လုယွီက မျက်လုံးစွေ၍ သူ၏နောက်အားတစ်ချက်ပြန်ကြည့်သည်။
သူ၏နောက်၌ လူအမြောက်အများရှိနေသည်။သူ့နောက်သို့လိုက်နေသူများသည် ဝမ်ခမ်း၏နောက်လိုက်များဖြစ်သည်ကို သူ မှတ်မိပေ၏။
ထိုလူစုအားဦးဆောင်လာသူသည် လူထွားကြီးတစ်ယောက်ဖြစ်ပြီး သာမာန်လူနှစ်ယောက်စာခန့် အရပ်မြင့်မားသည်။ထိုလူ မတ်တတ်ရပ်နေစဥ်တွင် လူဘီလူးကြီးတစ်ကောင်ပုံစံ ပေါက်နေသည်။
ဤအချိန်အခိုက်အတန့်တွင် လူထွားကြီးသည် လုယွီအား ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။
"ကောင်လေး မင်း သေပေတော့...မင်းအပြစ်တင်ချင်ရင် ရန်မစသင့်သူကို ရန်စတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်ပေတော့"
လူထွားကြီးက ရက်စက်ကြမ်းကြုတ်သောရယ်သံနှင့်ရယ်မောပြီး အော်ဟစ်ပြောဆိုသည်။
သူ၏စကားသံ ရပ်တန့်သွားသောအချိန်မှာပင်...
လုယွီက ရုတ်တရက် သူ၏ရှေ့၌ထွက်ပေါ်လာပြီး သူ၏လည်ပင်းကို ဖမ်းဆုပ်ထားလေ၏။
"နားညည်းတယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
Chapter 1682
"လွှက်စမ်း..."
လုယွီ၏လက်ဖြင့် သူ၏လည်မျိုအားဖမ်းဆုပ်ခြင်းခံထားရသော လူထွားကြီးသည် အားကုန်ထုတ်၍ ရုန်းကန်လေ၏။
သို့ရာတွင် လုယွီ၏လက်သည် သံညှပ်များကဲ့သို့အလွန်သန်မာလေရာ သူ မည်သို့မျှ ရုန်းကန်၍မရချေ။
တခြားကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် လုယွီအားသတ်ဖြတ်ရန်ရည်ရွယ်၍ တဟုန်ထိုးပြေးဝင်လာကြသည်။
"သေချင်နေကြတာလား"
ထိုလူများတိုးဝင်လာသည်ကိုမြင်သည်နှင့် လုယွီ၏မျက်လုံးများ အေးစက်စက်တောက်ပသွားသည်။
လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်ခြင်းနှင့်အတူ လူထွားကြီးသည် သူ၏လည်ပင်းထုံကျင်သွားသည်ကို ခံစားလိုက်ရ၏။ဤသည်က သူ့အား တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သည့်အလားပင်။လူထွားကြီးသည် သူ၏ခန္ဓာကိုယ်အား တောင့်ခံမထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
တခြားကျင့်ကြံသူများသည် ရှေ့သို့တရကြမ်းတိုးဝင်လာသော်လည်း လုယွီက နေရာတွင်မရှိတော့ချေ။သူ၏ခန္ဓာကိုယ်သည် အနက်ရောင်အရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ကျင့်ကြံသူများအားလုံးအား ဖြတ်သန်းတိုက်ခိုက်သွားပေ၏။
ဘန်း...ဘန်း...ဘန်း...
ကျင့်ကြံသူများအားလုံးသည် ခြေလွတ်လက်လွတ် နောက်သို့လွင့်ထွက်ပြီး သတိလစ်မေ့မျောသွားကြသည်။
သူတို့အားလုံး အသိပြန်ဝင်လာချိန်၌ လုယွီက ထွက်ခွာသွားလေပြီ။
"အကိုကြီး....ဟိုကောင်လေး မရှိတော့ဘူး"
ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြား ပြောဆိုသည်။
ဖြောင်း....
လူထွားကြီးသည် သူ၏လက်အောက်ငယ်သားကို ပါးဖြတ်ရိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။
"ဒါဆိုလည်း မင်းတို့ ဘာလို့ သူ့နောက်ကို မြန်မြန်လိုက်မဖမ်းသေးတာလဲ"
သူတို့အားလုံးသည် လုယွီအားရှာဖွေနိုင်ရန် သူတို့၏အကောင်းဆုံးနည်းလမ်းများကို အလျင်စလို အသုံးပြုလိုက်ကြတော့သည်။
တခြားတစ်ဖက်တွင်...တိတ်ဆိတ်ငြိမ်သက်သောချောက်နက်ကြီးတစ်ခုအတွင်း၌.....
ရေတံခွန်အောက်ရှိ ရေအိုင်အတွင်းမှနေ၍ ရုတ်တရက် ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ အားလှိုင်းအရှိန်ကြောင့် ရေစက်များအား ပြန့်ကျဲသွားစေသည်။
ထိုလူသည် လုယွီ ဖြစ်ပေ၏။
လူထွားကြီးတို့လူစု ရောက်မလာမီကတည်းက သူသည် ဆေးလုံးတစ်လုံးအား ဝါးမျိုပြီးဖြစ်ရာ သူ၏ခွန်အားအနည်းငယ်အား ယာယီပြန်လည်ရရှိပြီးဖြစ်သည်။
သို့ရာတွင် ထိုခွန်အားသည် အချိန်အကန့်အသတ်ရှိပေ၏။
သူ့ထံတိုးဝင်လာသော ကျင့်ကြံသူများအားလုံးကို တိုက်ခိုက်ပြီးချိန်တွင် လုယွီ၏ခွန်အားများအားလုံး ပျက်ပြယ်သွားခဲ့သည်။
ထို့ကြောင့် တိုက်ပွဲကိုမြန်မြန်အဆုံးသတ်၍ သူ ထွက်ပြေးလာခဲ့ရသည်။
လေထုအတွင်းမှစောင့်ကြည့်နေသော လူထွားကြီး ထွက်ခွာသွားလေပြီ။လုယွီသည် ကျင့်ကြံသူများအားလုံး ထွက်ခွာသွားသည်အထိ စောင့်ကြည့်ပြီးနောက် ရေတံခွန်၏နောက်ရှိလှိုဏ်ဂူအတွင်းသို့ ဝင်လိုက်သည်။
ဤနေရာသည် ယခင်က သူရှာဖွေတွေ့ရှိထားသော စိတ်ဝိညာဥ်စွမ်းအင်များစုဝေးနေသောနေရာဖြစ်ပေ၏။
ဤနေရာတွင် ကျင့်ကြံသည်ဖြစ်စေ ဆေးလုံးသန့်စင်သည်ဖြစ်စေ တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆရရှိနိုင်သည်။
လုယွီသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်၍ သူ လေလံရုံ၌သန့်စင်ခဲ့သော ဆေးလုံးများကိုဝါးမျိုကာ ဆေးအာနိသင်များကို စတင်၍စုပ်ယူလိုက်သည်။
ဆေးစွမ်းအားများသည် လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ဝင်ရောက်သွားပြီး တဖြည်းဖြည်း သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့သွားသည်။
သို့ရာတွင် လုယွီသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကုသပြီးချိန်တွင် သူက အတင်းအကြပ်ရပ်တန့်လိုက်ရသည်။
ဤသည်က သူ၏အခြေအနေဆိုးရွားလာခြင်းကြောင့်မဟုတ်သော်လည်း သူ သန့်စင်ခဲ့သောဆေးလုံးများ၏ ဆေးအာနိသင်များသည် အချိန်တိုအတွင်း အပြည့်အဝပျော်ဝင်သွားခြင်းကြောင့်ဖြစ်ပေ၏။
"စိတ်ဝိညာဥ်အဆင့်ဆေးလုံးတွေက ငါ့ကို အပြည့်အဝပြန်မကောင်းစေဘူးလား"
လုယွီက နက်နဲစွာ တွေးတောနေလေသည်။
သူ၏တွက်ချက်မှုအရ ဆေးလုံးများသည် သူ၏အတွင်းဒဏ်အား အပြည့်အဝပြန်လည်ကောင်းမွန်စေသင့်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ခန္ဓာကိုယ်သည် ရှေးဟောင်းလောကီအင်မော်တယ်၏ခန္ဓာကိုယ်ကဲ့သို့ဖြစ်နေသဖြင့် စိတ်ဝိညာဥ်အဆင့်ဆေးလုံးများသည် သူ၏အတွင်းဒဏ်အား အပြည့်အဝပျောက်ကင်းစေခြင်းမရှိချေ။
လုယွီသည် ဤထက်ပို၍အဆင့်မြင့်မားသောဆေးလုံးမျိုး လိုအပ်နေပေ၏။
ယခုလက်ရှိချိန်၌ လုယွီသည် သူ့ခွန်အား၏ဆယ်ပုံတစ်ပုံကိုသာ ပြန်လည်ကုစားနိုင်ခဲ့သည်။
"ကောင်းပြီလေ...ငါ နောက်တစ်ခု ထပ်ကြိုးစားကြည့်တာပေါ့"
လုယွီက သူ၏မျက်လုံးများကိုစုံမှိတ်ပြီး သူ၏မှတ်ဥာဏ်များအတွင်း၌ စတင်၍ရှာဖွေလိုက်သည်။
မှတ်ဥာဏ်များသည် ဒီရေအလား သူ၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။လုယွီသည် ထိုမှတ်ဥာဏ်များအတွင်းမှနေ၍ ဆေးညွှန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဖီးနစ်ကိုးကောင်မီးတောက်ဆေးလုံး....
ဖီးနစ်ငှက်တစ်ကောင်သည် မီးတောက်များအတွင်းသို့ဝင်၍ သူကိုယ်သူလောင်ကျွမ်းစေပြီးမှ ပြန်လည်မွေးဖွားရသည်။ထိုဆေးလုံးသည်လည်း အရိုးနှင့်ကြွက်သားများကို ပြန်လည်တည်ဆောက်ပြီး ခွန်အားကို ပြန်လည်ဖြည့်တင်းရပေမည်။
ထိုဆေးလုံးကိုဝါးမျိုပြီးနောက် သောက်သုံးသူသည် ဖီးနစ်ဌက်၏နတ်ဘုရားအရည်အချင်းမျိုးယာယီရရှိနိုင်ပြီး သူ၏ခန္ဓာကိုယ်ရှိအတွင်းဒဏ်အားလုံးအား အရှိန်မြှင့်၍ ပြန်လည်ကုစားနိုင်ပေလိမ့်မည်။
ဤဆေးလုံးသည် ကောင်းကင်ဘုံဧကရာဇ်၏ရတနာသိုက်အတွင်းရှိ ထိပ်တန်းအဆင့်ဆေးညွှန်းများအနက်မှတစ်ခုဖြစ်သည်။
လုယွီသည် ဆေးညွှန်းပေါ်ရှိအချက်အလက်များအားလုံးကို သူ၏စိတ်အတွင်း၌မှတ်သားပြီး သူ၏မျက်လုံးကိုစုံမှိတ်ကာ စတင်၍လေ့လာဆင်ခြင်လိုက်၏။
အချိန်တခဏကြာပြီးနောက် လုယွီက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
"ဒီဆေးလုံးက တကယ့်ကို နှိုင်းယှဥ်ပြစရာမရှိအောင် လျှို့ဝှက်ဆန်းကြယ်တာပဲ...ဒီဆေးညွှန်းကိုဖန်တီးခဲ့တဲ့သူတဲ့ သာမာန်ထက်သာလွန်ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ရမယ်"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ရေရွတ်လေသည်။
Chapter 1683
လုယွီပင်လျှင် ထိုဆေးညွှန်းကိုလေ့လာဆင်ခြင်ပြီးနောက် သက်ပြင်းရှိုက်လိုက်မိသည်။
အထူးသဖြင့် ထိုဆေးညွှန်းအား ကောင်းကင်ဘုံဧကရာဇ်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်နိုင်သည်။
တစ်ချိန်က လောကကြီးတခွင်လုံးအား အုပ်ချုပ်ခဲ့သော ကောင်းကင်ဘုံဧကရာဇ်သည် သာမာန်မဟုတ်သောခွန်အားရှိသည့်အပြင် ဆေးပညာ၌လည်း အဆင့်မြင့်မားစွာတက်ကျွမ်းထားပေ၏။
သူ၏ပြိုင်ဘက်ဟောင်းကြီးအကြောင်း တွေးတောရင်း လုယွီက သက်ပြင်းတစ်ချက်ထပ်မံရှိုက်လိုက်သည်။
ဖီးနစ်ကိုးကောင်မီးတောက်ဆေးလုံးအတွင် လိုအပ်သောပါဝင်ပစ္စည်းများအားလုံး သူ၏သိုလှောင်အိတ်အတွင်း၌ရှိနေသည်။
လုယွီသည် မီးတောက်ကိုထုတ်လွှင့်၍ လေထုအတွင်း၌ ဆေးမီးဖိုအသွင်ပြောင်းပြီး ဆေးပင်များအားလုံးကို သန့်စင်လိုက်၏။
အားကောင်းသောဆေးရနံက ချက်ချင်းပင် ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လေထုအတွင်း၌မျောလွင့်နေသော မီးတောက်များသည် တဖြည်းဖြည်း ပြင်းပြင်းထန်ထန်လှုပ်ခတ်စပြုလာသည်။ထိုမီးတောက်များအကြားမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။
ဘုန်း...ဘုန်း...ဘုန်း...
ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား တိမ်မည်းများလွှမ်းခြုံနေပြီး ကောင်းကင်ဘုံမိုးကြိုးများသည် ဆေးရနံ၏ဆွဲဆောင်ခြင်းခံရသဖြင့် တောင်ထိပ်ပေါ်သို့ ဆင်းသက်လာကြ၏။
ဤသည်က ဆေးကပ်ဘေးမိုးကြိုးပင်။
ဆေးလုံးများအားသန့်စင်ရာ၌ တိကျသေချာသောအဆင့်တစ်ခုသို့ ရောက်ရှိသွားပါက မိုးကောင်းကင်၏မလိုလားခြင်းကိုခံရပြီး ကောင်းကင်ဘုံမိုးကြိုးများ ဆင်းသက်လာတော့သည်။
လုယွီသည် သူ၏စိတ်ကို ဆေးသန့်စင်ရာ၌သာ အာရုံစူးစိုက်ထားသည်။နောက်ဆုံး၌ ကောင်းကင်ယံအတွင်းမှ နောက်ဆုံးမိုးကြိုးတစ်သုတ်ကျဆင်းလာခြင်းနှင့်အတူ လုယွီ၏လက်အတွင်း၌ ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ထိုဆေးလုံးသည် လုံးဝန်းပြီးချောမွေ့နေကာ ထိုအရာပေါ်၌ ဖီးနစ်တစ်ကောင်ပုံစံအမှတ်အသားပါရှိသည်။ယခင်က သူ သန့်စင်ခဲ့သော ဆေးလုံးများနှင့်နှိုင်းယှဥ်ပါက ဖီးနစ်မီးတောက်ဆေးလုံးတွင် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုး ပါဝင်နေပေ၏။
လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လွှမ်းမိုးချုပ်ကိုင်နိုင်သောအားလှိုင်းများသည်ပင် အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆေးလုံးအားဝါးမျိုရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာပင်....
ရေကန့်လန့်ကာလှိုဏ်ဂူ၏ပြင်ပမှနေ၍ ရုတ်တရက် မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။
"သူခိုးကောင်...မင်းက ငါ့ဆရာသခင် သတိလက်လွတ်ဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ငါ့ဆရာသခင်ရဲ့ဆေးလုံးတွေကို ခိုးယူဝံ့တယ်ပေါ့လေ"
ရေကန့်လန့်ကာလှိုဏ်ဂူ၏ပြင်ပမှနေ၍ လူငယ်အမြောက်အများ အတွင်းသို့တိုးဝင်လာပြီး သုန်မှုန်နေသောမျက်နှာအမူအယာများဖြင့် သူတို့က လုယွီကို စူးစိုက်၍ကြည့်နေကြ၏။
သူတို့သည် လုယွီ၏လက်အတွင်းရှိဆေးလုံးကိုမြင်ချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များထင်ဟပ်လာသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့က ဘာကိုဆိုလိုချင်တာလဲ"
ထိုအချိန်မှာပင် လူငယ်တစ်ယောက်က လုယွီကိုလက်ညှိုးညွှန်၍ ပြောဆိုသည်။
"ငါ သူ့ကို သိတယ်...ငါ သူ့ကို ဆေးပင်ရောင်းတဲ့ဆိုင်မှာ အရင်က မြင်ဖူးတယ်"
ထိုလူငယ်သည် ဆေးပင်ရောင်းချသည့်ဆိုင်မှ နတ်ဘုရားသစ်ရွက်များကို ဝယ်ယူသွားခဲ့သည့် မဟာဆေးပညာရှင်နန့်ကုန်း၏ဆေးပညာအလုပ်သင်ဖြစ်သည်။
ထိုဆေးပညာအလုပ်သင်သည် လုယွီအား မောက်မာဝံ့ကြွားစွာစူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးများအတွင်း၌ ပြက်ရယ်ပြုသရော်လိုသောအရိပ်အယောင်များ ပြည့်နှက်နေသည်။
"ကောင်လေး...မင်းက တကယ့်ကိုဟန်ဆောင်ကောင်းတာပဲ...ငါတောင်မှ မင်းလှည့်စားတာကို ခံခဲ့ရတယ်...အရင်က မင်း ဆရာသခင်နန့်ကုန်းကိုမသိဘူးလို့ ငါ့ကိုပြောခဲ့တာမဟုတ်လား...ဘယ်လိုဖြစ်ပြီး မင်းက ငါ့ဆရာသခင်ရဲ့လှိုဏ်ဂူထဲကို ရောက်နေတာလဲ"
ဆေးပညာအလုပ်သင်က ခနဲ့တဲ့တဲ့လေသံဖြင့် မေးမြန်းသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ဒါက မင်းဆရာသခင်ရဲ့လှိုဏ်ဂူလား...ဒီနေရာမှာ သူ့ရဲ့နာမည်လည်း ရေးမထားပါဘူး"
ဤနေရာသို့ လုယွီ အရင်ဆုံးရောက်ခဲ့ခြင်းမှာ သိသာထင်ရှားသည်။သို့ရာတွင် သူ့ရှေ့ရှိလူများက ဤနေရာသည် ဆရာသခင်နန့်ကုန်း၏လှိုဏ်ဂူဟု ပြောဆိုနေကြ၏။
"ဟမ့်...ဘယ်သူကမှ ဒီစွန့်ပစ်တောင်တန်းတွေကြားမှာ သွားလာမနေဘူး...မင်းက ဒီနေရာမှာ ဘာလုပ်နေတာလဲ"
လူငယ်တစ်ယောက်က ခက်ထန်တင်းမာသောအသံဖြင့် အော်ငေါက်သည်။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ငါက ဒီနေရာမှာ ဆေးသန့်စင်နေတာလေ"
"ဆေးသန့်စင်တာ...မင်းကလား"
လူငယ်များက အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြ၏။
သူတို့သည် လုယွီ၏အမည်အား ဆေးပညာရှင်များအကြားတွင် ကြားခဲ့ဖူးခြင်းမရှိချေ။
လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာပြီး ပြောဆိုသည်။
"စကားပြောပြီး အချိန်ဖြုန်းမနေကြနဲ့ ..ဆေးလုံးကို မြန်မြန်ပေးစမ်း"
စကားဆုံးသည်နှင့် လုယွီ၏လက်အတွင်းရှိဆေးလုံးကိုယူရန် ထိုလူငယ်က သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
သို့ရာတွင် လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ လူငယ်များအားလုံး နောက်သို့လွင့်ထွက်သွားသည်။
"ဒီဆေးလုံးက ငါ သန့်စင်ထားတာ...မင်းတို့ရဲ့ဆရာသခင်က အရည်အချင်းမမှီဘူး"
လုယွီသည် ထိုလူများနှင့်ဆက်လက်၍ ငြင်းခုံလိုစိတ်မရှိချေ။သူက ခြေတစ်လှမ်းရှေ့တိုးပြီး လှိုဏ်ဂူပြင်ပသို့ ပျံဝဲ၍ထွက်ခဲ့တော့သည်။
အရာအားလုံးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားခဲ့သဖြင့် လူငယ်များသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
"သောက်ချေးပဲ...ဆရာသခင်ပြန်လာတဲ့အချိန်ကျမှ အဲ့ဒီကောင်ကို ရှင်းပစ်မယ်"
လူငယ်တစ်ယောက်က ခြေဆောင့်နင်းပြီး အော်ဟစ်ကြုံးဝါးလိုက်၏။
Chapter 1684
လူငယ်များသည် လုယွီနောက်သို့လိုက်လံဖမ်းဆီးရန်ရည်ရွယ်ပြီး ပြင်ပသို့ထွက်လိုက်ကြသည်။သို့သော် သူတို့ လှိုဏ်ဂူပြင်ပသို့ ရောက်ရှိသောအချိန်မှာပင် ဧရာမအစိမ်းရောင်နွားရိုင်းကြီးတစ်ကောင်က သူတို့ထံဦးတည်၍လာနေသည်ကို တွေ့မြင်မိကြ၏။
ထိုအစိမ်းရောင်နွားရိုင်းကြီးသည် အဆောက်အအုံနှစ်လုံးစာမျှမြင့်မားပြီး သူ၏အသက်ရှုသံက နဂါးတစ်ကောင်နှင့်တူညီသည်။ထိုနွားရိုင်းကြီး၏နှာခေါင်းပေါက်မှ တိမ်မြူများကဲ့သို့အခိုးအငွေ့များ ထွက်ပေါ်နေပြီး ချက်ချင်းဆိုသလို လှိုဏ်ဂူအနီးသို့ ရောက်ရှိလာသည်။
ဧရာမနွားရိုင်းကြီး၏နောက်ကျောပေါ်တွင် တာအိုဝတ်စုံကိုဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ရှိနေပြီး သူ၏လက်အတွင်း၌ ကြာပွတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ထိုအဖိုးအိုကိုကြည့်ရသည်မှာ ကောင်းကင်မှဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်တူညီပြီး လွတ်လပ်ကာ ပူပန်ကြောင့်ကြကင်းမဲ့ပေ၏။
အဖိုးအိုကိုကြည့်ပြီး လူငယ်များအားလုံး အလွန်အံ့အားသင့်သွားကာ အပြေးအလွှား ဆီးကြိုနှုတ်ဆက်ကြသည်။
"ဆရာသခင်ကို အရိုအသေပြုပါတယ်"
လူငယ်များအားလုံး ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြ၏။
အဖိုးအိုက ခေါင်းညိတ်ပြသည်။
"ငါ ဒီနေရာမှာမရှိချိန်မှာ မင်းတို့ သေသေချာချာ လေ့လာကြရဲ့လား"
"ကျွန်တော်တို့က ဆရာသခင်ရဲ့သင်ကြားထားမှုကို မမေ့လျော့ဝံ့ပါဘူး"
လူငယ်တစ်ယောက်က အလျင်စလို ပြောဆိုသည်။
လူငယ်များအားလုံး၏စကားကို ကြားပြီးနောက် အဖိုးအိုက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"နတ်ဘုရားသစ်ရွက် အဆင်သင့်ဖြစ်ပြီလား"
အဖိုးအိုက မေးမြန်းလေ၏။
ဆေးပညာအလုပ်သင်သည် သူ၏သိုလှောင်အိတ်အတွင်းမှ နတ်ဘုရားသစ်ရွက်များကို အလျင်စလိုထုတ်ယူပြီး ရိုသေလေးစားစွာဖြင့် အဖိုးအိုထံ ပေးအပ်လိုက်သည်။
"ဆရာသခင်...ကျွန်တော် အကုန်လုံးကို အဆင်သင့်ပြင်ထားပြီးပါပြီ"
အဖိုးအိုသည် ဆေးပင်များကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"ဘာလို့ အရည်အသွေး အရမ်းနိမ့်ပါးနေတာလဲ"
သူ လိုအပ်နေသည်မှာ ထိပ်တန်းအဆင့်နတ်ဘုရားသစ်ရွက်များဖြစ်သည်။ယခုလက်ရှိ သူ၏လက်ထဲ၌ရှိနေသော ဆေးပင်များ၏အဆင့်မျိုးနှင့်ဆိုပါက သူ၏ဆေးသန့်စင်မှုအပေါ် ဆိုးရွားသောသက်ရောက်မှုရှိပေမည်။
ဆေးပညာအလုပ်သင်က ဇဝေဇဝါဖြစ်သွားသည်။
"ဆရာသခင်..ဆိုင်ရှင်က ကျွန်တော်တို့ကို အကောင်းဆုံးအရည်အသွေးရှိတဲ့ ဆေးပင်တွေပေးလိုက်တာလို့ ပြောခဲ့တာ...သူ ကျွန်တော်ကို လှည့်စားသွားတာလား...ကျွန်တော် သူကို သွားရှာလိုက်မယ်"
အဖိုးအိုက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ထားလိုက်တော့"
စီးပွားရေးတွင် သစ္စာဟူ၍မရှိ...ဤသည်က ကျင့်ကြံခြင်းလောက၏ မြင်တွေ့နေကျစည်းမျဥ်းတစ်ခုပင်။
အကယ်၍ တစ်စုံတစ်ယောက်ထံတွင် ပစ္စည်းကောင်းကိုရွေးချယ်နိုင်သော အမြင်ကောင်းမရှိပါက ထိုသူသည် ကံဆိုးမှုနှင့်သာ ထိုက်တန်ပေသည်။
ထိုအချိန်မှာပင် လတ်ဆတ်သောလေပြည်လေညှင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်လာသည်။
အဖိုးအို၏တာအိုဝတ်စုံအောက်၌ တံဆိပ်ပြားတစ်ခုရှိနေသည်။ထိုတံဆိပ်ပြားသည် ဆရာသခင်ကျန်းထံတွင်ရှိနေသော တံဆိပ်ပြားနှင့် တူညီပေ၏။
အဖိုးအိုသည် ရွှမ်အဆင့်ဆေးပညာရှင်နန့်ကုန်း ဖြစ်သည်။
"ငါက မိတ်ဆွေဟောင်းတစ်ယောက်ကို သွားတွေ့ခဲ့တယ်...သူက ငါ့ကို ပြောပြခဲ့တာက...သူ့ထက်တောင် ဆေးပညာအရည်အချင်းမနိမ့်ကျတဲ့ လူငယ်ဆေးပညာရှင်တစ်ယောက်ရှိနေတယ်တဲ့"
ဆရာသခင်နန့်ကုန်းသည် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး အေးစက်စက်အကြည့်ဖြင့် သူ၏တပည့်များကိုကြည့်လိုက်သည်။
"ဆရာသခင်က ဆေးပညာရှင်ကျန်းအကြောင်း ပြောနေတာလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...လူငယ်မျိုးဆက်သစ်တွေထဲမှာ ကျွန်တော်တို့ကပဲ အားအကောင်းဆုံးဖြစ်သင့်တယ်...ဟုတ်တယ်မလား"
ဆေးပညာအလုပ်သင်က အခိုင်အမာယုံကြည်ထားပုံဖြင့် ပြောဆိုလေ၏။
တပည့်များ၏အမူအယာကိုကြည့်ပြီး ဆရာသခင်နန့်ကုန်းက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။
ထို့နောက် သူက ရေကန့်လန့်ကာလှိုဏ်ဂူအတွင်းသို့ တရွေ့ရွေ့လျှောက်လှမ်းသွားလေ၏။
လှိုဏ်ဂူ၏ထောင့်၌ ဆေးမီးဖိုတစ်လုံး ရှိနေသည်။ဆေးမီးဖို၏အတွင်းတွင် မီးတောက်များငြိမ်းသေနေပြီး ဆေးပင်အကြွင်းအကျန်များက ပတ်ဝန်းကျင်နေရာအနှံ့ ပြန့်ကျဲနေသည်။
ဤနေရာရှိအရာအားလုံး သူ ထွက်ခွာသွားစဥ်အချိန်ကနှင့် တူညီစွာပင်။
သို့ရာတွင် ဆရာသခင်နန့်ကုန်းက မျက်မှောင်ကြုတ်လိုက်၏။
သူသည် လေထုထဲမှဆေးရနံကို အာရုံခံမိသည်နှင့် ဒေါသတကြီး အော်ဟစ်လေသည်။
"ငါမရှိတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး...မင်းတို့ထဲက ဘယ်သူက ခိုးကြောင်ခိုးဝှက် ဆေးသန့်စင်ထားတာလဲ"
ထိုအော်ငေါက်သံကိုကြားသည်နှင့် လူငယ်များအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။
ဆရာသခင်နန့်ကုန်းသည် စည်းမျဥ်းအလွန်တင်းကျပ်ပေ၏။အကယ်၍ သူတို့သည် အခြေခံနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ခြင်းမရှိသေးပါက သူတို့ကို ဆေးသန့်စင်ခွင့်ပေးမည်မဟုတ်ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် ခိုးကြောင်ခိုးဝှက်ဆေးသန့်စင်သည်ကို ရှာဖွေဖော်ထုတ်ခံရပါက ထိုသူသည် တပည့်အဖြစ်မှ ထုတ်ပယ်ခြင်းခံရပေမည်။
လူငယ်များအားလုံး မြေပြင်ပေါ်၌ အလျှင်အမြန် ဒူးထောက်လိုက်ကြ၏။
"ဆရာသခင်...ကျွန်တော်တို့ မလုပ်ပါဘူး"
ဆရာသခင်နန့်ကုန်း၏မျက်နှာ ပို၍နီမြန်းသွားသည်။
"မင်းတို့က လိမ်ရဲတာလား"
ဆေးပညာအလုပ်သင်က ကျယ်လောင်သောအသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"ဘယ်သူလုပ်တာလဲဆိုတာ ကျွန်တော်သိတယ်...အစောပိုင်းက ကောင်စုတ်လေးတစ်ကောင် ဒီနေရာကို ခိုးဝင်လာပြီးတော့ ဆေးသန့်စင်သွားခဲ့တယ်"
ထို့နောက် ဆေးပညာအလုပ်သင်သည် ဆရာသခင်နန့်ကုန်းအား ဖြစ်စဥ်တစ်ခုလုံးကို ပိုပိုသာသာဆက်လက်ပြောဆိုလေ၏။
သူ၏ပြောစကားအရ လုယွီသည် ဤနေရာသို့ ဆေးလုံးများခိုးယူရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သူတို့က ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆရာသခင်နန့်ကုန်းသည် အစပထမတွင် ယုံကြည်ခြင်းမရှိသော်လည်း သူ၏တပည့်အချို့က ကျိန်တွယ်၍ပြောဆိုနေသည်ကိုမြင်ချိန်တွင် သူက သံသယဝင်သွားပြီး မြေပြင်ပေါ်ရှိဆေးမှုန့်အကြွင်းအကျန်တချို့ကို တို့ထိကြည့်လိုက်သည်။
ထိုအမှုန်အမွှားများသည် ဆေးလုံးဖြစ်တည်လာချိန်တွင် အရည်ပျော်ကြလာသော အကြွင်းအကျန်များဖြစ်လေ၏။
အကယ်၍ အတွေ့အကြုံကြွယ်ဝသော ဆေးပညာရှင်မဟုတ်ပါက ထိုဆေးအမှုန်အမွှားများအား တွေ့ရှိနိုင်ရန် လွန်စွာခက်ခဲပေမည်။
ဆရာသခင်နန့်ကုန်းသည် ထိုဆေးအမှုန်အမွှားများကို အနံခံကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားတော့သည်။
Chapter 1685
"ဒီဆေးမှုန့်ရဲ့အရှိန်အဝါက...."
ဆရာသခင်နန့်ကုန်း၏မျက်နှာပေါ်တွင် ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။သူသည် ဆေးအမှုန်အမွှားများထံဦးတည်၍ မြောက်များစွာသော လက်သင်္ကေတများကို အလျှင်အမြန်ပြုလုပ်လိုက်၏။
ထိုလက်သင်္ကေတမှစွမ်းအားများ ဆေးအမှုန်အမွှားများပေါ်သို့ ကျရောက်သွားချိန်တွင် တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ဆရာသခင်နန့်ကုန်း၏လက်အနည်းငယ် တုန်ရီသွားသည်။ထို့နောက် သူသည် သူ၏တပည့်များအားလုံးအား ခက်ထန်တင်းမာသောအကြည့်ဖြင့်ကြည့်လိုက်၏။
"မြန်မြန်ပြောကြစမ်း...အစောပိုင်းက ဒီနေရာမှာ ဆေးသန့်စင်သွားတာ ဘယ်သူလဲ...တကယ်လို့ တစ်ယောက်ယောက်က လိမ်ပြောရဲမယ်ဆိုရင် အဲ့ဒီလူကို ငါ့ရဲ့တပည့်အဖြစ်က ထုတ်ပယ်မယ်"
ဆရာသခင်နန့်ကုန်းက ခက်ထန်တင်းမာသောအမူအယာနှင့်ပြောဆိုသည်။
ဆရာသခင်နန့်ကုန်း ဤမျှထိစိတ်ဆိုးဒေါသထွက်နေသည်ကို တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဘူးသဖြင့် သူ၏တပည့်များအားလုံး နေရာမှာပင် ကြက်သေသေနေကြသည်။
အချိန်တခဏကြာပြီးနောက် ဆေးပညာအလုပ်သင်သည် လုယွီ၏ပုံပန်းသွင်ပြင်ကို ဆရာသခင်နန့်ကုန်းအား ဖော်ပြလိုက်၏။
"သူက ရွှေမိုးကြိုးဂိုဏ်းရဲ့အစေခံတပည့်ဝတ်စုံကို ဝတ်ဆင်ထားတယ်လို့ မင်း ဆိုလိုချင်တာလား"
ဆရာသခင်နန့်ကုန်းက ချက်ချင်းပင် မေးမြန်းသည်။
ဆေးပညာအလုပ်သင်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"အမှန်တော့ သူက ဒီနေရာကဆေးတွေကိုခိုးယူဖို့ ခိုးဝင်လာတဲ့ အဆင့်နိမ့်ကျတဲ့ အစေခံတပည့်တစ်ယောက်ပါ...ဆရာသခင် ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်တို့ သူ့ကို မောင်းထုတ်ပြီးပါပြီ...မနက်ဖြန်ကျရင် ကျွန်တော်တို့ကရွှေမိုးကြိုးဂိုဏ်းကိုသွားပြီး အဲ့ဒီသူခိုးလေးကို သွားဖမ်းမယ်"
ထိုစကားကိုကြားသည်နှင့် ဆရာသခင်နန့်ကုန်း၏နဖူးပေါ်မှသွေးကြောများ ထောင်ထလာသည်။
"မင်းတို့ အဲ့ဒီတစ်ယောက်ကို ရိုင်းရိုင်းပျပျ ဆက်ဆံလိုက်တာလား"
ဆရာသခင်နန့်ကုန်းက ဒေါသတကြီး မေးမြန်းသည်။
ဆေးပညာအလုပ်သင်က စိတ်ကြီးဝင်မောက်မာစွာဖြင့် သူ၏ခေါင်းကိုမော့၍ ပြောဆိုသည်။
"ဆေးလုံးတွေကိုခိုးယူခဲ့တဲ့ အမှိုက်ကောင်က ကျွန်တော်ရဲ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တယ်...သူက ကျွန်တော်ရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် မခုခံနိုင်ခဲ့ဘူး"
အမှန်အားဖြင့် လက်တွေ့ဖြစ်ရပ်တွင် သူတို့သည် လုယွီ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။
သို့ရာတွင် ဆရာသခင်နန့်ကုန်းထံမှ မျက်နှာသာရလိုသဖြင့် သူက လုယွီကို အနိုင်ရရှိခဲ့သယောင် လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏စကားများကိုကြားပြီးနောက် ဆရာသခင်နန့်ကုန်းသည် အလွန်အမင်းဒေါသထွက်သွားမည်ဟု သူ မျှော်လင့်မထားမိပေ။
"ထွက်သွားစမ်း...အခုချိန်ကစပြီး မင်းနဲ့ငါရဲ့ ဆရာတပည့်ဆက်ဆံရေး အဆုံးသတ်သွားပြီ...မင်းက ငါ့ရဲ့တပည့် မဟုတ်တော့ဘူး"
ဆရာသခင်နန့်ကုန်းက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
ဘာ....
"ဆရာသခင်...ကျွန်တော်ပြောတာ ဘာအမှားပါသွားလဲဆိုတာ ကျွန်တော်မသိဘူး"
ဆရာသခင်နန့်ကုန်းသည် ထိုဆေးပညာအလုပ်သင်အား အထင်သေးစက်ဆုပ်သောအကြည့်ဖြင့်ကြည့်ပြီး အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလိုက်၏။
"မင်းက ငါ့ရဲ့ဂုဏ်သတင်းကိုအသုံးချပြီး အပြင်လောကမှာ ပြဿနာတွေအများကြီးရှာနေခဲ့တယ်...ငါ အဲ့ဒီကိစ္စတွေကို မသိဘူးလို့ မင်း ထင်နေတာလား...တကယ်လို့ ငါနဲ့ မင်းတို့မိသားစု အရင်ကတည်းက ရင်းနှီးခင်မင်ခဲ့တာကြောင့်သာမဟုတ်ရင် ငါ မင်းကို ကန်ထုတ်ပစ်တာ အချိန်အတော်ကြာနေလောက်ပြီ...ဒါပေမယ့် ဒီနေ့ မင်းက ငါ့ရှေ့မှာတောင် လိမ်ညာပြောဆိုဝံ့ခဲ့တယ်...ပိုပြီးဆိုးတာက မင်း ဟိုကောင်လေးကို မောင်းထုတ်ခဲ့တာပဲ"
ဆေးပညာအလုပ်သင်သည် သူ လုပ်ခဲ့သောပြဿနာများကို သူ၏ဆရာသခင် သိရှိနေမည်ဟု သူ မည်သည့်အချိန်ကမျှ တွေးထင်ထားခြင်းမရှိချေ။
သူသည် ထိုကိစ္စများအားပြုလုပ်ခဲ့သော်လည်း ဆရာသခင်၏ မမြင်ကွယ်ရာတွင်သာ လုပ်ဆောင်ခဲ့ပေ၏။သူ၏ဆရာသခင်သည် အရာအားလုံးအားသိရှိနေမည်ဟု သူ မျှော်လင့်မထားမိပေ။
ဆေးပညာအလုပ်သင်သည် နောင်တရနေသော်လည်း အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ဆရာသခင်...အဲ့ဒီကောင်လေးရဲ့သရုပ်မှန်က ဘာမလို့လဲ...ကျွန်တော် ဘာမှားသွားလဲဆိုတာ ကျွန်တော် တွေးတောလို့မရဘူး"
ဆရာသခင်နန့်ကုန်းက သရော်တော်တော် ပြောဆိုသည်။
"ကောင်းပြီလေ...ငါ မင်းကို ပြောပြမယ်...မင်း မောင်းထုတ်လိုက်တဲ့လူက ငါ့ရဲ့မိတ်ဆွေဟောင်းကြီး ပြောထားတဲ့ လူငယ်ဆေးပညာရှင်ဆိုတာပဲ"
သူက ဆေးအမှုန်အမွှားများကိုကိုင်၍ ဆက်လက်ပြောဆိုသည်။
"ဒါက သူ ခုဏတုန်းက လေ့ကျင့်သွားတဲ့ဆေးလုံးရဲ့ အကြွင်းအကျန်အမှုန်အမွှားပဲ...အနည်းဆုံး အင်ပါယာအဆင့်ဆေးလုံးကို သူ သန့်စင်ခဲ့တာ...တကယ်လို့ ငါသာ သူကို တွေ့ခဲ့ရမယ်ဆိုရင် ငါ ကောင်းကောင်းမွန်မွန် ဆက်ခံခဲ့မှာပဲ"
"ဆရာသခင်...တစ်ခုခုများ လွဲမှားနေတာလား...သူက လူငယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီး ဆေးပညာရှင်ဖြစ်နိုင်မှာလဲ"
တပည့်တစ်ယောက်က စောဒကတက်လေသည်။
ဆရာသခင်နန့်ကုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ထားလိုက်တော့...မင်းတို့က ကံကြမ္မာကောင်းနဲ့ လွဲချော်သွားခဲ့ပြီ...တကယ်လို့ မင်းတို့သာ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ရင် မင်းတို့အတွက် အခွင့်အရေးတွေ ရလာနိုင်တယ်"
"မင်းတို့ ခုဏပြောတဲ့အတိုင်းဆို...သူက ရွှေမိုးကြိုးဂိုဏ်းရဲ့အစေခံတပည့်ဝတ်စုံကို ဝတ်ဆင်ထားတာလား"
"ဟုတ်ပါတယ် ဆရာသခင်"
ဆရာသခင်နန့်ကုန်းက နေရာမှထွက်ခွါရန် ဟန်ပြင်လိုက်သည်။
တပည့်တစ်ယောက်က အလျှင်အမြန် မေးမြန်းလေ၏။
"ဆရာသခင်...ဘယ်သွားမလို့လဲ"
"ငါက ရွှေမိုးကြိုးဂိုဏ်းကိုသွားပြီး...အဲ့ဒီလူငယ်လေးကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားရမယ်"
Thank For Reading.