← Chapters

အခန်း (၁၆၉၆-၁၇၀၀)

Vol. 88 Ch. 1696-1700

အခန်း (၁၆၉၆-၁၇၀၀)

Vol. 88 Ch. 1696-1700

Chapter 1696

လုယွီ ရုတ်တရက်ကြီး ဤကဲ့သို့လှုပ်ရှားလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။

ဤကိစ္စသည် လုယွီနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိချေ။ကျီးယန်နှင့်တခြားသူများသည် လုယွီအား များစွာအခက်တွေ့အောင် မလုပ်ခြင်းမှာ အပြင်စည်းတပည့်ဖြစ်နေသောအကြောင်းအရင်းကြောင့်ပင်။

သို့ရာတွင် လုယွီက ကိစ္စအားဝင်ရောက်စွက်ဖက်ရန် ရွေးချယ်ခဲ့ပေ၏။

"စီနီယာအကို...ဒီကိစ္စက စီနီယာနဲ့ဘာမှမဆိုင်ပါဘူး...ကျေးဇူးပြုပြီး စီနီယာအကို ဝင်မပါပါနဲ့"

ဟန်ရှောင်က အလျင်စလို အကြံပြုလိုက်သည်။

သူရှေ့ရှိလျောင်ရှင်းရှန်သည် သေးငယ်သောရန်ငြှိုးရန်စဖြင့်ပင် လက်စားချေတက်သူဖြစ်ကြောင်း သူ ကောင်းစွာသိရှိပြီးဖြစ်သည်။လျောင်ရှင်းချန်အား ရန်စဝံ့သည့်မည်သူမဆို မည်သည့်အဆင့်အတန်းတွင်ရှိနေပါစေ ထိုသူသည် ဆိုးရွားသောအဆုံးသတ်နှင့် ရင်ဆိုင်ရပေ၏။

ယခင်က အတွင်းစည်းတပည့်တစ်ယောက်သည် သူ၏နက်နဲသိမ်မွေ့သောကျင့်ကြံဆင့်ကိုမှီခို၍ လျောင်ရှန်းချန်နှင့် အတိုက်အခံပြုလုပ်ခဲ့သည်။သို့သော် ထိုကိစ္စဖြစ်ပြီး အချိန်ကာလမကြာသေးမီမှာပင် ထိုသူသည် လျောင်ရှင်းချန်၏အမျိုးမျိုးသော နည်းလမ်းပေါင်းစုံကြောင့် သူ၏ကျင့်ကြံဆင့်ပျက်စီးသွားခဲ့ရ၏။

လျောင်ရှင်းချန်က သိချင်စိတ်ပြင်းပြစွာဖြင့် လုယွီအားကြည့်ပြီး ပြောဆိုသည်။

"ဒီဂျုနီယာညီလေးကို ငါ တစ်ခါမှမတွေ့ဖူးဘူး...မင်းက ဆေးခန်းမကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ဟန်ရှောင်က အလျင်စလို ဝင်ရောက်ပြောဆိုလေ၏။

"စီနီယာအကိုရှောင်က အပြင်စည်းထဲကိုဝင်လာတာ မကြာသေးဘူး...သူက စည်းမျဥ်းတွေအများကြီးကို နားမလည်သေးဘူး...ကျေးဇူးပြုပြီး သူ့ကို အလွတ်ပေးပေးပါ"

ထိုစကားကိုပြောဆိုပြီးနောက် ဟန်ရှောင်က နောင်တရသွားသည်။အကြောင်းအရင်းမှာ သူသည် လျောင်ရှင်းချန်၏မျက်လုံးအတွင်းရှိ အေးစက်စက်အလင်းတန်းများကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

"မင်းက အပြင်စည်းကို ခုမှရောက်တာလား...ဂျူနီယာညီလေး...ဒါဆိုရင် မင်း ခုထိ ဘယ်ဆေးပညာရှင်နဲ့မှမတွေ့ရသေးဘူးပေါ့...ဟုတ်လား"

လျောင်ရှင်းချန်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။

သူသည် သူ့ကိုယ်သူ ဆေးပညာရှင်ဖြစ်ရန်မွေးဖွားလာသူဟု ခံယူထားသူပင်။အကယ်၍ သူသည် တစ်စုံတစ်ယောက်အား တစ်ခုခုပြုလုပ်လိုပါက ထိုသူ၏နောက်ခံအဆင့်အတန်းကို အရင်ဆုံးကြည့်ရှုပေသည်။

အကယ်၍ လုယွီသည် ဆေးခန်းမ၌အချိန်ကြာမြင့်စွာရှိနေခဲ့သော တပည့်တစ်ယောက်ဆိုပါက သူ အနည်းငယ်သတိထားရပေမည်။သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီထံ၌ နောက်ခံမရှိလေရာ သူ စိုးရိမ်ပူပန်စရာမလိုချေ။

ယန်ရှောင်က စကားပြောရန်ဟန်ပြင်လိုက်စဥ်မှာပင် လုယွီက သူ့အား ဟန့်တားလိုက်၏။

အမှန်အားဖြင့် လုယွီသည် ဤကဲ့သို့ပြဿနာရှာမှုများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းရမည်အား သိရှိလေသည်။ထို့ပြင် သူသည် ယခုချိန်၌ အပြည့်အဝပြန်လည်ကောင်းမွန်နေပြီဖြစ်သဖြင့် သူ၏ခွန်အားကို ဆက်လက်၍ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

မူလက ဆူညံပွက်လောရိုက်နေသော ဆေးခန်းမတစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ဆေးခန်းမ၏ရှေ့ဝင်ပေါက်၌ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။သူမကိုကြည့်ရသည်မှာ အလွန်အမင်းချောမောလှပပြီး သူမ၏မျက်ခုံးနှစ်ဖက်သည် ထင်ရှားပြတ်သားပေ၏။ထို့ပြင် သူမ၏မျက်ခုံးနှစ်ခုကြား၌ ညှို့ဓာတ်အရိပ်အယောင်များလည်း ရှိနေသည်။

အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကိုမြင်သည်နှင့် ကျီးယန်အပါအဝင် သာမာန်တပည့်များသည် ကူကယ်ရာမဲ့စွာ သူတို့၏ခေါင်းများကို အောက်သို့ငုံထားကြ၏။

"သခင်မလေးပါလား...ကျွန်တော်က သခင်မလေးကိုစောင့်နေတာ"

လျောင်ရှင်းချန်သည် အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကိုမြင်သည်နှင့် သူ၏မျက်လုံးများက နှစ်သက်မြတ်နိုးသောအရိပ်အယောင်များနှင့် တောက်ပသွားသည်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသည် ရွှေမိုးကြိုးဂိုဏ်း၏သခင်မလေး လီဟူရှင်းဖြစ်သည်။

ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ တပည့်အမြောက်အများသည် လီဟူရှင်းအား တိတ်တခိုးချစ်မြတ်နိုးနေကြ၏။

လီဟူရှင်းသည် ဂိုဏ်းချုပ်၏သမီးဖြစ်နေရုံတင်မက အရည်အချင်းရှိကာ အလွန်အမင်းလှပချောမောသူလည်းဖြစ်သည်။

သို့ရာတွင် မကြာမီမှာပင် လီဟူရှင်းသည် လက်ထပ်ထိမ်းမြှားရပေတော့မည်။တချို့လူများသည် သူမအပေါ်ထားမိသော သူတို့၏ချစ်မြတ်နိုးခြင်းများကို သူတို့၏စိတ်နှလုံးသားအတွင်း၌သာ သိမ်းဆည်းထားလိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းဖုန်မှုန့်ကြယ်တစ်ခုလုံးတွင် ဝမ်ခမ်းနှင့်ယှဥ်ပြိုင်နိုင်သောလူငယ်ဟူ၍ အနည်းစုသာရှိသည်။

လီဟူရှင်းက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"နင် ဒီနေရာကိုလာပြီး တခြားတပည့်တွေကို အနိုင်ကျင့်ပြန်ပြီလား...နင်ရဲ့ဆရာသခင်က ဆေးပညာရှင်ဖြစ်နေတာနဲ့ပဲ...နင်လုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီလို့ နင် ထင်နေတာလား"

"ကျွန်တော်က ဒီဂျူနီယာညီလေးနဲ့ စကားစမြည်ပြောဆိုရုံသက်သက်ပါ...ဟုတ်တယ်မဟုတ်လား ဂျူနီယာညီလေး"

လျောင်ရှင်းချန်က ခက်ထန်တင်းမာသောအကြည့်ဖြင့် လုယွီအားကြည့်လေသည်။

အမှန်အားဖြင့် လုယွီသည် ဤကဲ့သို့ကိစ္စငယ်လေးများကို အာရုံစူးစိုက်လိုခြင်းမရှိချေ။

"ငါ အရင်ဆုံး ထွက်သွားတော့မယ်"

လုယွီက ခေါင်းခါပြလိုက်၏။သူသည် ရွှေမိုးကြိုးဂိုဏ်းအတွင်း၌ ဆက်၍နေရန် အကြောင်းမရှိတော့ချေ။ယခုလက်ရှိချိန်တွင် သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ်မှထွက်ခွာ၍ တော်ဝင်မြို့တော်သို့ သူ မည်သို့သွားရမည်ဟူသော လမ်းကြောင်းကိုသာ ရှာဖွေရပေမည်။

ထိုအချိန်မှာပင် လျောင်ရှင်းချန်က လုယွီအား ဟန့်တားလိုက်၏။

"ငါ မင်းကို သွားခွင့်ပေးလို့လား"

လျောင်ရှင်းချန်က အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။

"မင်း...သခင်မလေးအတွက် ကူညီပေးရမယ်...မြန်မြန်သွားစမ်း"

Chapter 1697

လီဟူရှင်းက အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"ဘာလဲ...နင်က ငါ့ရှေ့မှာတောင် ဂိုဏ်းတူညီအကိုတွေကို အနိုင်ကျင့်နေတာလား"

လီဟူရှင်းသည် လျောင်ရှင်းချန်၏စိတ်နေသဘောထားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိထားသည်။

လုယွီသည် နည်းလမ်းတစ်မျိုးမျိုးဖြင့် လျောင်ရှင်းချန်အား ရန်စစော်ကားမိသောကြောင့် ပစ်မှတ်ထားခံရခြင်းဖြစ်ပေမည်။

လျောင်ရှင်းချန်က အပြုံးနှင့်ပြောဆိုသည်။

"သခင်မလေး...ကျွန်တော်က သူ့ကို အနိုင်ကျင့်နေတာမဟုတ်ပါဘူး ...ဒီဂျူနီယာညီလေးက ဆေးခန်းမကိုလာပြီး သူ့ရဲ့အရည်အချင်းတွေပြသချင်နေတာကို ကျွန်တော်တွေ့ခဲ့ရတယ်...ဒါကြောင့် ကျွန်တော်က သူကို အဖိုးတန်တဲ့အခွင့်အရေး ပေးမလို့ပါ...သခင်မလေးသိတဲ့အတိုင်းပဲ...လင်းရှောင်းဂိုဏ်းမှာ တပည့်တွေက သူတို့ရဲ့အရည်အချင်းတွေကို သခင်မလေးရဲ့ရှေ့မှာပြသနိုင်တဲ့ အခွင့်အရေးဆိုလို့ အများကြီးမရှိဘူး"

ပတ်ဝန်းကျင်ရှိလူများအားလုံးသည်လည်း သိနားလည်​ဟန်ဖြင့် ပြုံးလိုက်ကြ၏။

ယနေ့ လီဟူရှင်း ဆေးခန်းမသို့ရောက်ရှိလာရသော အကြောင်းအရင်းမှာ သူမ၏နာမကျန်းဖြစ်မှုကို ကုသပေးနိုင်သော ဆေးလုံးကိုသန့်စင်နိုင်မည့် ဆေးပညာရှင်တစ်ယောက်ကို ရှာဖွေရန်ပင်။

ထိုဆေးလုံးအား များသောအားဖြင့် လျောင်ရှင်းချန်၏ဆရာသခင်ကသာ သန့်စင်နိုင်သည်။ကံအကြောင်းမလှစွာဖြင့် လျောင်ရှင်းချန်၏ဆရာသခင်သည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူ၏မိတ်ဆွေများထံ သွားရောက်၍လည်ပတ်နေလေရာ ဂိုဏ်းအတွင်း၌မရှိချေ။

ဆေးခန်းမတွင် ဆေးပညာရှင်အမြောက်အများရှိနေသော်လည်း လျောင်ရှင်းချန်သည် ဆေးပညာအဆင့်အတန်းအရကြည့်လျှင် ထိပ်ဆုံးအဆင့်တွင်ရှိနေသည်။

ထို့ကြောင့် ဆေးသန့်စင်ရမည့်တာဝန်သည် လျောင်ရှင်းချန်ထံသို့ ကျရောက်လာပေ၏။

လျောင်ရှင်းချန် လုယွီအား ဤနေရာ၌ဆက်လက်နေခိုင်းရသည့်အကြောင်းအရင်းမှာ လုယွီအား အရူးလုပ်လိုသောကြောင့်ပင်။

ဆေးခန်းမရှိ အပြင်စည်းတပည့်အများစုသည် မည်ကဲ့သို့ ဆေးဖော်စပ်ရမည်ကို မသိကြချေ။သို့ရာတွင် ဤကိစ္စသည် ဖြစ်လေ့ဖြစ်ထရှိသောအရာသာဖြစ်ပြီး တိကျသောစည်းမျဥ်းစည်းကမ်းမရှိချေ။

အကယ်၍လုယွီသည် ဆေးသန့်စင်ခြင်းမပြုတက်ဟုဆိုပါက လျောင်ရှင်းချန်သည် လုယွီအား ဆေးခန်းမမှမောင်းထုတ်ရန် အကြောင်းပြချက်ရရှိသွားလေပြီ။

ဆေးခန်းမ၏ထောက်ပံပေးမှုသာမရှိပါက သူ လုယွီအား အချိန်မရွေး အလိုရှိသလိုပြုလုပ်နိုင်ပေမည်။

"ဆေးဖော်စပ်ဖို့က အဆင်ပြေပါတယ်...မင်းတို့က ဘယ်လိုဆေးမျိုးကို သန့်စင်စေချင်တာလဲ"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

သူသည် လျောင်ရှင်းချန်တွေးတောသကဲ့သို့ တွေးတောခြင်းမရှိချေ။

အကယ်၍ တခြားသူများအတွက်ဆိုလျှင် သူ ဤနေရာ၌ အချိန်ဖြုန်းနေမည်မဟုတ်သော်လည်း လီဟူရှင်းသည် သူ၏အသက်ကိုကယ်တင်ခဲ့သူဖြစ်ပေ၏။

လုယွီ၏အမူအကျင့်သည် သူ့အပေါ်သို့ ရေတစ်စက်ခန့် ကြင်နာမှုပေးခဲ့ပါက စမ်းချောင်းတမျှပြန်လည်ပေးဆပ်တက်သူဖြစ်သည်။

အကယ်၍ သူ လီဟူရှင်းအတွက် တစ်စုံတစ်ခုလုပ်ဆောင်ပေးရမည်ဆိုပါ သူ လိုလိုလားလား ပြုလုပ်ပေးပေမည်။

လီဟူရှင်းက ခေါင်းခါပြလေ၏။

"တကယ်လို့ နင် ဆေး ဘယ်လိုသန့်စင်ရမယ်ဆိုတာမသိရင်...နင့်ကိုယ်နင် ဖိအားပေးစရာမလိုဘူး...ငါ အာမခံပေးရင် နင့်ကို လျောင်ရှင်းချန် ဘာမှလုပ်ရဲမှာမဟုတ်ဘူး"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ တကယ်ကို ဆေးသန့်စင်နိုင်တယ်...မင်း ဘယ်လိုဆေးမျိုး လိုချင်တာလဲ"

ပတ်ဝန်းကျင်ရှိလူများထံမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

ဆေးခန်းမတွင် အမှန်တကယ် ဆေးသန့်စင်နိုင်သူဟူ၍ မည်မျှများများရှိသနည်း။

တစ်စုံတစ်ယောက်သည် ဆေးပညာရှင်ဖြစ်လိုပါက ပြင်းထန်သောကြိုးစားမှုရှိရမည့်အပြင် ပါရမီအရည်အချင်းရှိရန်လည်းလိုအပ်သည်။

​လူအမြောက်အများသည် သူတို့၏ဘဝတလျှောက်လုံး ပြင်းထန်စွာကြိုးစားခဲ့သော်လည်း ဆေးပညာအကူသာဖြစ်ခဲ့ကြသည်။အကြောင်းအရင်းမှာ သူတို့သည် ဆေးပညာ၌ပါရမီမရှိခြင်းကြောင့်ပင်။

သူတို့ရှေ့ရှိလူငယ်သည် လွန်ခဲ့သောရက်အနည်းငယ်ကမှ အစေခံတပည့်အဆင့်သာရှိကြောင်း သူတို့အားလုံးသိရှိပြီးဖြစ်သည်။သူသည် ကြမ်းတမ်းသောခွန်အားကို အမှီပြု၍ အပြင်စည်းသို့ ဝင်ရောက်လာခဲ့ခြင်းပင်။ထိုသို့ဆိုပါက သူသည် မည်ကဲ့သို့ယုံကြည့်ချက်မျိုးနှင့် ဆေးသန့်စင်နိုင်သည်ဟု ပြောဆိုဝံ့သနည်း။

လီဟူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

"နင့်ဆီမှာ ဆေးပညာအစည်းအရုံးကထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်ရှိလား"

တာယွိအင်ပါယာတွင် ဆေးပညာရှင်အားလုံးနီးပါးသည် ဆေးပညာအစည်းအရုံး၏စီမံခန့်ခွဲမှုအောက်၌ရှိသည်။

ဆေးပညာရှင်အစည်းအရုံးမှထုတ်ပေးသော တံဆိပ်ပြားသည် အသိအမှတ်ပြုလက်မှတ်ဖြစ်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်ထံတွင် တံဆိပ်ပြားမရှိပါက ထိုလူအား အတုအယောင်ဟုသာယူဆနိုင်ပြီး အစစ်အမှန်ဆေးပညာရှင်မဟုတ်ချေ။

လုယွီက ခေါင်းခါပြလေ၏။

"ငါက ကိစ္စတစ်ခုရှိနေလို့ ဆေးပညာအစည်းအရုံးကိုမသွားရသေးဘူး...အဲ့ဒါကြောင့် ငါ့မှာ အသိအမှတ်ပြုတံဆိပ်ပြားမရှိဘူး...ဒါပေမယ့် ငါ ဆေးဖော်စပ်နိုင်တယ်"

"ဟား ဟား ဟား...သခင်မလေး...ဂျူနီယာညီလေးက ဆေးဖော်စပ်နိုင်တယ်လို့ပြောနေမှတော့ ကျွန်တော်တို့က ဘာလို့အခွင့်အရေးမပေးဘဲနေရမှာလဲ...သူ ဘယ်လိုဆေးမျိုးဖော်စပ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြရအောင်"

ဤအချိန်အခိုက်အတန့်တွင် လျောင်ရှင်းချန်၏မျက်နှာပေါ်၌ အပြုးများဝေဆာနေသည်။

ကျီးယန်ကလည်း သရော်တော်တော် ပြောဆိုလေသည်။

"ဟန်ရှောင် ..ဒီနှစ်တွေမှာ နင်က တစတစ ပိုပိုပြီးအားနည်းလာတာပဲ...နင်က နည်းနည်းတော့ဥာဏ်ကောင်းလာမယ်လို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် နင်က ဒီလိုမျိုးအရူးတစ်ယောက်ရဲ့နောက်လိုက်လုပ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

Chapter 1698

"အမှန်ပဲ..သူ့ရဲ့ပုံစံကိုလည်းကြည့်ပါအုံး...သူ ဘယ်လိုလုပ်ပြီး ဆေးသန့်စင်နိုင်မှာလဲ"

"ဟား ဟား...ငါက စိတ်ဆွပေးတဲ့နည်းကိုအသုံးပြုပြီး သူ့ကို မြှောက်ပေးလိုက်တာပဲ...ကြည့်ကြပါအုံး...ဘယ်လောက်တောင် သနားဖို့ကောင်းနေလဲဆိုတာ"

ပတ်ဝန်းကျင်ရှိလူများသည် လုယွီကိုကြည့်၍ လှောင်ပြောင်သရော်နေကြ၏။

ဟန်ရှောင်က ခေါင်းငုံ၍ပြောဆိုသည်။

"ကျွန်တော် တောင်းပန်ပါတယ် စီနီယာအကို...ဒါတွေအားလုံးက ကျွန်တော်ကြောင့်ဖြစ်ရတာပါ"

လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေ၏။

"မင်း ခေါင်းကိုမော့လိုက်...မင်း ငါ့ကို ဘာမှတောင်းပန်စရာမလိုဘူး...ဒီနေရာမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စအားလုံးက ငါ့ကိုအကြပ်အတည်းတွေ့စေဖို့ မလုံလောက်ဘူး"

သူ၏စကားသည် ပတ်ဝန်းကျင်ရှိလူများ၏ ရယ်မောသံများအား ပို၍ကျယ်လောင်သွားစေသည်။

ထိုအချိန်မှာပင် ဆေးခန်းမ၏ပြင်ပမှနေ၍ အစေခံမလေးတစ်ယောက်သည် ခြင်းတောင်းတစ်တောင်းကိုကိုင်ဆောင်ပြီး ရုတ်တရက် အတွင်းသို့ပြေးဝင်လာသည်။

"သခင်မလေး လိုအပ်တဲ့ဆေးပင်တွေအားလုံး ကျွန်မ ယူလာပါပြီ"

အစေခံမလေးက အလျင်စလို ပြောဆိုသည်။

ရုတ်တရက် သူမ၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားပေ၏။

"အမ်...နင် ခုချိန်ထိထွက်မသွားသေးဘူးလား"

အစေခံမလေးက အံ့အားတသင့် မေးမြန်းသည်။

လုယွီသည် သူမတို့လမ်းမှ ကယ်တင်လာခဲ့သူဖြစ်သော်လည်း သူသည် သူမအား မှော်ရတနာတစ်ခုလက်ဆောင်ပေးခဲ့၍ သူအပေါ်၌ သူမ အမြင်ကောင်းရှိသည်။

ရုတ်ချည်းဆိုသလိုပင် အစေခံမလေးသည် လုယွီဝတ်ဆင်ထားသောဝတ်စုံကို မြင်တွေ့လိုက်မိ၏။

"နင်က အပြင်စည်းတပည့်ဖြစ်သွားပြီလား"

အစေခံမလေးက အံ့အားသင့်သွားသည်။

လုယွီက ခေါင်းညိတ်ပြသည်။

"အင်း...ငါ အရင်တစ်လလောက်ကမှ အပြင်စည်းတပည့်ဖြစ်လာတာ"

"ကောင်းလိုက်တာ...သခင်မလေး...သူက လမ်းကနေ ကျွန်မတို့ကယ်တင်လာခဲ့တဲ့လူလေ...သူက ဆေးပညာအလုပ်သင်တစ်ယောက်ပဲ"

အစေခံမလေးက လီဟူရှင်းဘက်သို့လှည့်၍ ပြောဆိုသည်။

လီဟူရှင်းက လုယွီအား အမှတ်ရသွားပေ၏။

"ဒါက နင်လား"

ယခင်က အစေခံမလေးသည် သူမထံသို့ မှော်ရတနာတစ်ခုအား လာရောက်ပေးအပ်ခဲ့သည်။လီဟူရှင်းသည် ထိုရတနာအား တစ်ချက်ကြည့်ကြည့်ရာ စိတ်ဝိညာဥ်ချိတ်ဆက်မှုအဆင့်မှော်ရတနာဖြစ်ကြောင်း တွေ့ရှိမိသည်။

ထိုကဲ့သို့မှော်ရတနာမျိုးသည် ရွှေမိုးကြိုးဂိုဏ်းအတွင်းရှိ အတွင်းစည်းတပည့်များကြားထဲမှာပင် လွန်စွာရှားပါးလေ၏။

လုယွီသည် ထိုမှော်ရတနာနှစ်ခုကို ထုတ်ပေးနိုင်ခဲ့သူဖြစ်ရာ သူသည် ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း သိသာထင်ရှားလှသည်။

"ကောင်းပြီလေ...နင် ဒီဆေးပင်တွေနဲ့ ဆေးဖော်စပ်လို့ရတယ်"

လီဟူရှင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိချေ။သူမထံတွင် ဆေးပင်များ ပေါကြွယ်ဝပေ၏။အကယ်၍ လုယွီ ဆေးသန့်စင်ခြင်းမပြုနိုင်လျှင်ပင် သူမ ဂရုမစိုက်ပေ။

"အရမ်းကောင်းတယ်...သူ့ကို ငါ့ဘေးမှာ နေရာချထားလိုက်...နောက်ကျရင် ငါတို့ ဆေးအတူတူဖော်စပ်နိုင်လိမ့်မယ်"

လျောင်ရှင်းချန်က သူ၏ငယ်သားတစ်ယောက်ကို အပြုံးနှင့် အမိန့်ပေးလိုက်သည်။

လုယွီသည် ဆေးပညာအလုပ်သင်တစ်ယောက်သာ ဖြစ်ပေ၏။သူ၏လက်အောက်၌တွင်ပင် ဆေးပညာအလုပ်သင်ဆယ်ယောက်ကျော်ရှိသည်။

ဆေးပညာအလုပ်သင်များသည် ဤနေရာသို့ ဆေးပညာသင်ယူရန် ရောက်ရှိလာကြခြင်းဖြစ်ပြီး ဆေးပညာရှင်များ၏နောက်လိုက်အဆင့်သာရှိပေ၏။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ တစ်စုံတစ်ယောက်သည် ဆေးပညာရှင်ဖြစ်လိုပါကထိုလူသည် ပါရမီအရည်အချင်းလည်း ရှိရပေမည်။

လုယွီသည် ဆေးသန့်စင်နိုင်မည်ဟု လျောင်ရှင်းချန်က ယုံကြည်ခြင်းမရှိချေ။

"မင်း ဆေးသန့်စင်နိုင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား...ဟား ဟား ဟား...ငါ မင်းအတွက် ဆေးမီးဖို ပြင်ဆင်ပေးထားတယ်...တကယ်လို့ မင်း ဆေးမသန့်စင်နိုင်ဘူးဆိုရင် ငါ့ကို အပြစ်မတင်နဲ့"

လျောင်ရှင်းချန်က ခြိမ်းခြောက်လေသည်။

မကြာမီမှာပင် ဆေးမီးဖိုအား အဆင်သင့်ပြင်ဆင်၍ပြီးလေပြီ။

လုယွီသည် အစေခံမလေးအား မေးမြန်းစုံစမ်းလိုက်ရာ လီဟူရှင်းသောက်သုံးရန်အတွက် လိုအပ်နေသောဆေးလုံးကို သန့်စင်ရမည်ဖြစ်ကြောင်း သိရှိလိုက်ရ၏။

လီဟူရှင်းသည် ရွှေမိုးကြိုးဂိုဏ်းချုပ်၏သမီးဖြစ်သော်လည်း သူမမွေးဖွားလာစဥ်အချိန်မှစ၍ ပြင်းထန်သောနာမကျန်းဖြစ်မှုကို ခံစားနေရသည်။သူမသည် အစဥ်အမြဲအအေးလှိုင်းများ၏ရစ်ပတ်ခြင်းကို ခံနေရသည်။သူမ လေ့ကျင့်နေသည်ဖြစ်စေ ငြိမ်သက်စွာကျင့်ကြံနေသည်ဖြစ်စေ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား ရေခဲများဖုံးလွှမ်းသွားပေ၏။

ထိုအေးစိမ့်မှုသည် သူမ၏မရီးဒါန်းများနှင့်ခြေလက်များတွင် ပြည့်နှက်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား တစ်ချိန်လုံး နာကျင်ခံစားရစေသည်။

ထို့ကြောင့် လီဟူရှင်းသည် ထိုအအေးလှိုင်းများအား ဖိနှိပ်ပေးနိုင်သောဆေးလုံးကို ဤနေရာသို့ လာရောက်ရှာဖွေခြင်းပင်။

"သခင်မလေး...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်ဖော်စပ်မယ့် ပြင်းထန်ယန်ဆေးလုံးက အအေးလှိုင်းချီတွေကို အထူးပစ်မှတ်ထားတာ...သခင်မလေး ဒီဆေးလုံးကို သောက်သုံးပြီးတာနဲ့ အအေးလှိုင်းချီတွေကို ဖိနှိပ်ထားနိုင်မှာပါ"

လျောင်ရှင်းချန်က ယုံကြည်ချက်အခိုင်အမာရှိသော အပြုံးနှင့် ပြောဆိုသည်။

ထိုဆေးလုံးသည် မူလက သူ၏ဆရာသခင်သာ သန့်စင်နိုင်သောအရာဖြစ်သည်။သို့ရာတွင် သူသည် သူ့ဆရာသခင်ထံတွင် နှစ်ပေါင်းများစွာ ပညာသင်ယူခဲ့ပြီးဖြစ်၍ ထိုဆေးလုံးအားသန့်စင်သည့်နည်းစနစ်ကို မှတ်မိပေ၏။

Chapter 1699

မကြာမီမှာပင် လျောင်ရှင်းချန်၏လက်အတွင်း၌ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။သူသည် ဆေးမီးဖိုကို ကျင်လည်စွာထိန်းချုပ်၍ ဆေးသန့်စင်ရန် စတင်ပြင်ဆင်လိုက်သည်။

ပြင်းထန်ယန်ဆေးလုံးသည် ရှားပါးသောဆေးလုံးမျိုးမဟုတ်၍ အချိန်ကြာမြင့်စွာမယူရချေ။အချိန်နှစ်နာရီခန့်ကြာပြီးနောက် လျောင်ရှင်းချန်သည်လဆေးလုံးအား အောင်မြင်စွာသန့်စင်နိုင်ခဲ့သည်။

သို့ရာတွင် လုယွီက လှုပ်ရှားခြင်းမရှိသေးပေ။

"ဘာလို့ အဲ့ဒီကောင်လေး ခုထိ မစသေးတာလဲမသိဘူး"

"ဖြစ်နိုင်တာတော့ သူက ဆေး ဘယ်လိုသန့်စင်ရမယ်ဆိုတာ မသိတာပဲဖြစ်မယ်...ဒါမှမဟုတ် သူ့ဆီမှာ ဆေးမီးတောက်မရှိတာများလား"

ပတ်ဝန်းကျင်ရှိလူများသည် ပြောဆိုဆွေးနွေးနေကြပြီး သူတို့က အထင်အမြင်သေးစွာဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။

ကျီးယန်က နံဘေးဘက်မှနေ၍ ရည်ရွယ်ရှိရှိ အော်ဟစ်လိုက်သည်။

"အိုက်ယား....နင် တကယ်လို့ ဆေးမသန့်စင်တတ်ဘူးဆိုရင်လည်း ငါတို့ကို စောစောပြောသင့်တယ်...ငါတို့အားလုံးက နင့်ကိုစောင့်ကြည့်ဖို့ ဒီနေရာကိုရောက်လာတယ်လို့ နင် ထင်နေတာလား ..ဒါက တကယ်ကြီးကို ရယ်စရာကောင်းတာပဲ"

ပတ်ဝန်းကျင်ရှိလူများက လုယွီကို လှောင်ပြောင်ပြောဆိုနေကြသည်ကိုကြည့်ပြီး လျောင်ရှင်းချန်၏မျက်နှာထက်မှအပြုံး ပို၍ပီပြင်ထင်ရှားလာပေ၏။

ဤသည်က သူဟူသော လျောင်ရှင်းချန်ကို ဆန့်ကျင်ခဲ့သည့် အကျိုးဆက်၏ရလဒ်ပင်။

သူသည် လုယွီအား လူအားလုံး၏ရှေ့မှောက်တွင် အရှက်ရစေလိုသည်။

အစေခံမလေးသည်လည်း စိတ်လှုပ်ရှားနေပေ၏။

"တကယ်လို့ နင် ဆေးမသန့်စင်နိုင်ဘူးဆိုရင်...ဒီနေရာမှာပဲ ရပ်လိုက်ပါလား"

လုယွီက ခေါင်းခါပြပြီး သူရှေ့ရှိဝါးခြင်းတောင်းအတွင်းမှ ဆေးပင်များကို ကြည့်လိုက်သည်။ထို့နောက် သူက တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့ ရွေးချယ်ထားတဲ့ဆေးပင်တွေက မှားနေတယ်"

ဘာ....

လူတိုင်းနီးပါးသည် လုယွီ ထိုကဲ့သို့ပြောဆိုမည်ဟု မျှော်လင့်မထားမိကြချေ။

သူတို့က လုယွီသည် အမျိုးမျိုးသောအကြောင်းပြချက်များ ပေးနိုင်သည်ဟု ခန့်မှန်းထားသော်လည်း သူက ဆေးပင်များမှားယွင်းနေသည်ဟု ပြောဆိုခဲ့ပေ၏။ဤသည်က မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း။

ကျီးယန်က မအောင့်အည်းနိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်၏။

"ဒါက တကယ့်ကို ရယ်ဖို့ကောင်းတာပဲ...တကယ်လို့ နင် ဆေး ဘယ်လိုသန့်စင်ရမယ်ဆိုတာ မသိဘူးဆိုရင်လည်း ထုတ်ပြောလိုက်ပါလား...ဒီဆေးပင်တွေက ဆေးပညာရှင်တွေထုတ်ပေးတဲ့ ဆေးညွှန်းအတိုင်း ခူးဆွတ်ထားတာ...နင်က အရူးပဲ...ဖြစ်နိုင်တာတော့ ဒီဆေးပင်တွေက ဘာတွေလဲဆိုတာတောင် နင် သိရောသိရဲ့လား"

ပတ်ဝန်းကျင်ရှိလူများကလည်း သရော်တော်တော် ရယ်မောနေကြသည်။

ဆေးခန်းမအတွင်း၌ အကယ်၍ တစ်စုံတစ်ယောက်သည် မည်ကဲ့သို့ဆေးသန့်စင်ရမည်ကိုမသိရှိပါက ယေဘုယျကိစ္စတစ်ခုသာဖြစ်သည်။သို့ရာတွင် ထိုသူသည် အခြေခံဖြစ်သော ဆေးပင်များကိုပင်မခွဲခြားနိုင်ပါက အမှိုက်ကောင်သာ ဖြစ်သွားပေမည်။

လျောင်ရှင်းချန်သည်လည်း လုယွီ၏စကားများကို ကြားလိုက်ရ၏။သို့ရာတွင် သူက ခေါင်းခါယမ်းပြီး လျစ်လျှူရှုလိုက်သည်။

ထိုကောင်လေးသည် လူပြက်တစ်ယောက်သာဖြစ်သည်။သူ မည်မျှပင်ငြင်းခုံပြောဆိုနေပါစေ နောက်ဆုံး၌ လူအများ၏လှောင်ပြောင်သရော်မှုအောက်တွင် သူ ရှက်ရွံသွားပေမည်။

လူအများက သူ့အား ပြက်ရယ်ပြုပြောဆိုနေသည်ကိုကြည့်ပြီး လုယွီက ခေါင်းခါယမ်းလိုက်၏။

"ငါ ပြောချင်တာက ဒီဆေးညွှန်းမှာ ပြဿနာမရှိဘူး...ဒါပေမယ့် အဲ့ဒီဆေးလုံးက မင်း ခံစားနေရတဲ့ဝေဒနာကို ကုသပေးနိုင်မှာမဟုတ်ဘူး"

ထိုစကားကိုကြားသည်နှင့် အချိန်အကြာကြီးနှုတ်ဆိတ်နေခဲ့သော လီဟူရှင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ငါက ဒီဆေးလုံးကို ငါ ငယ်ငယ်လေးကတည်းက သောက်သုံးလာခဲ့တာ"

လီဟူရှင်းက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

သူမကလည်း လုယွီသည် မှီခိုအားထား၍မရဟု ခံစားမိပေ၏။အဆုံးသတ်၌ သူမနှင့်လုယွီသည် မတော်တဆဆုံတွေ့ခဲ့ခြင်းဖြစ်သည်။သူမ့စိတ်နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှနေ၍ သူမက လျောင်ရှင်းချန်အား ယုံကြည်ရန် ရွေးချယ်မိသည်။

လုယွီအား လျောင်ရှင်းချန် အနိုင်ကျင့်အရှက်ခွဲနေသည်ကိုမြင်ချိန်တွင် သူမက သူ့အား ကူညီပေးခဲ့သည်။သို့ရာတွင် လုယွီသည် အကောင်းအဆိုးခွဲခြားမသိတက်သူတစ်ယောက်ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။

လုယွီက အမေးစကားဖြင့် တုံ့ပြန်ပြောဆိုသည်။

"မင်း ဒီဆေးလုံးကို သောက်သုံးတဲ့အချိန်ကနေစပြီး မင်းရဲ့ခန္ဓာကိုယ်ထဲက အအေးလှိုင်းချီတွေတိုးလာတယ်မလား...တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင်...မင်း အအေးလှိုင်းချီတွေကို ထိန်းချုပ်ဖို့ ပိုပိုပြီးခက်ခဲလာတယ်မလား"

လီဟူရှင်းက နေရာမှာပင် ကြက်သေသေသွားသည်။

လုယွီ ပြောဆိုသွားသည်မှာ အမှန်ဖြစ်ပေ၏။

သူမသည် ဆေးလုံးအားသောက်သုံးသော်လည်း သူမခန္ဓာကိုယ်အတွင်းရှိ အအေးလှိုင်းချီကို ယာယီသာ ဖိနှိပ်ထားနိုင်သည်။

သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်အတွင်းမှ အအေးလှိုင်းချီများ တစတစ ပို၍အားကောင်းလာသည်။

ယခုလက်ရှိတွင် သူမ ကျင့်ကြံသည့်အချိန်တိုင်း အအေးလှိုင်းချီများသည် သူမ၏ခန္ဓာကိုယ်နှင့်ခြေလက်များအတွင်းသို့ အဆက်မပြတ်စီးဝင်နေပြီး သူမ၏စိတ်ဝိညာဥ်ကိုပင် ထုံကျင်နေစေသည်။

ထို့ကြောင့် သူမအား ဆေးဖော်စပ်ပေးမည့် လျောင်ရှင်းချန်၏ဆရာသခင်မရှိသော်လည်း သူမ ဤနေရာသို့လာရောက်၍ ဆေးလုံးလာရှာရခြင်းဖြစ်သည်။

"ဒါဆို နင်ပြောပါ...ဒီဆေးလုံးက မှားနေတယ်ဆိုရင် ငါ ဘယ်ဆေးလုံးကို သောက်သုံးသင့်သလဲ"

လီဟူရှင်းက မေးမြန်းသည်။

ဆေးပညာအစည်းအရုံး၏အသိအမှတ်ပြုတံဆိပ်ပြား မရှိသူအား ဆေးပညာရှင်ဟု မခေါ်ဆိုနိုင်ချေ။သူသည် မည်သည်ကြောင့် ဆေးညွှန်းအား နားလည်သဘောပေါက်နေရသနည်း။

Chapter 1700

လုယွီက မျက်နှာအမူအယာပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုသည်။

"တကယ်တော့ ဒါက အအေးစွမ်းအင်ပါဝင်တဲ့ ဆေးလုံးကိုသောက်သုံးဖို့လိုအပ်တယ်...ပြီးတော့ အဲ့ဒါက ထိပ်တန်းအဆင့်အအေးစွမ်းအင်ဆေးလုံးလည်း ဖြစ်ရမယ်"

ပတ်ဝန်းကျင်ရှိလူများသည် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် လှောင်ပြောင်ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်လာပေ၏။

အစေခံမလေးသည်ပင် ဒေါသတကြီးဖြင့် ​​သူမ၏ခြေထောက်ကို မြေပြင်ပေါ်ဆောင့်နင်းပြီးပြောဆိုသည်။

"နင့်မှာ အကြံကောင်းတချို့ရှိမယ်လို့ ငါ ထင်ထားခဲ့တာ...ဒါပေမယ့် နင့်ဆီကနေ ဒီလိုမျိုးမကောင်းတဲ့အကြံထွက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက လီဟူရှင်းအား ကြည့်လိုက်၏။

"ငါ မင်းကို အမှန်အတိုင်းပြောနေတာ ..မင်းရဲ့ခန္ဓာကိုယ်က အအေးလှိုင်းချီတွေက ရောဂါလက္ခဏာမဟုတ်ဘူး...မင်းမှာ အရမ်းရှားပါးတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ရှိနေတာပဲ"

"မင်းရဲ့ခန္ဓာကိုယ်ထဲက အအေးလှိုင်းချီတွေကို မင်းထိန်းချုပ်နိုင်ပြီဆိုတာနဲ့...မင်းရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာ အောင်မြင်မှုကြီးကြီးမားမား ရလာလိမ့်မယ်"

လုယွီသည် သူ၏အတွေ့အကြုံများအရ တွက်ဆပြီးဖြစ်သဖြင့် သူသည် လီဟူရှင်းကို လိမ်ညာပြောဆိုနေခြင်းမဟုတ်ချေ။

သူ၏ခန့်မှန်းချက်အရ လီဟူရှင်းထံတွင် အေးခဲစိတ်ဝိညာဥ်ခန္ဓာကိုယ်ရှိနေသည်။ထိုခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်များသည် မကြာခဏ အအေးလှိုင်းချီများ၏ရစ်သိုင်းခြင်းခံရ၏။ထိုအအေးလှိုင်းချီများမှာ အလွန်အန္တရာယ်ကြီးမားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအအေးလှိုင်းချီများအား မထိန်းချုပ်နိုင်ပါက ထိုသူ၏အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

သို့ရာတွင် အကယ်၍ ထိုသူသည် အအေးလှိုင်းချီများအား ထိန်းချုပ်နိုင်ပါက ထိုအရာကိုအမှီသဟဲပြု၍ သူ၏ကျင့်ကြံမှုအရှိန်နှုန်း အလွန်လျှင်မြန်သွားပေမည်။

"ဒီလိုဆိုမှတော့...ကျေးဇူးပြုပြီး ငါ့အတွက် အအေးစွမ်းအင်ဆေးလုံး သန့်စင်ပေးပါလား"

လီဟူရှင်း၏လေသံက အနည်းငယ်စိတ်မရှည်ပုံ ပေါက်နေသည်။

အတိတ်တုန်းက သူမအား ဆေးပညာရှင်တစ်ယောက်မှ ပြောဆိုခဲ့ဖူးသည်။သူမ၏ခန္ဓာကိုယ်အတွင်းရှိ အအေးလှိုင်းချီများအား ပြင်းထန်ယန်ဆေးလုံးကဲ့သို့ အလွန်အမင်းယန်ဓာတ်ကြွယ်ဝသောဆေးလုံးမျိုးနှင့်သာ ဖိနှိပ်ထားနိုင်မည်ဟု ထိုဆေးပညာရှင်က မှာကြားခဲ့သည်။

ထိုဆေးပညာရှင်၏အကြံပေးမှုအရ သူမသည် မီးစွမ်းအင်ကျင့်ကြံနည်းစနစ်များကိုသာ ကျင့်ကြံနိုင်မည်ဖြစ်ပြီး အအေးစွမ်းအင်ရှိသည့် မည်သည့်အရာအနီးကိုဖြစ်စေ သူမချဥ်းကပ်၍မရချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူမအား အအေးစွမ်းအင်ဆေးလုံးသောက်သုံးရန် ပြောဆိုနေပေ၏။

ဤသည်က ရယ်ရွှင်ဖွယ်ကောင်းသောကိစ္စပင်။

"ငါ့ဆီမှာ ဆေးပင်တွေအများကြီးရှိတယ်....နင် အလိုရှိသလို ယူသုံးလို့ရတယ်"

ယခုလက်ရှိချိန်တွင် လီဟူရှင်းသည် စိတ်ရှည်သည်းခံနိုင်မှုပျောက်ဆုံးနေသဖြင့် သူမသည် လုယွီအား မျက်နှာသာမပေးဝံ့ပေ။

လုယွီက ခေါင်းခါပြလေသည်။

"ဒီဆေးပင်တွေရဲ့အရည်အသွေးက အဆင့်နိမ့်တယ်...ငါ မင်းကို အရည်အသွေးပိုကောင်းတဲ့ ဆေးပင်တွေနဲ့ ဆေးဖော်စပ်ပေးမယ်"

စကားဆုံးသည်နှင့် သူသည် ဆေးပင်တချို့ကို သူ၏သိုလှောင်အိတ်အတွင်းမှ ထုတ်ယူလိုက်၏။

"အဲ့ဒီနက်မှောင်ပြီး ချော်တော်တော်ဖြစ်နေတဲ့အရာကြီးက ဘာကြီးလဲ"

"ဟိုရောင်စုံသစ်ရွက်ကို ကြည့်လိုက်ကြအုံး...အဲ့ဒါက အဆိပ်တစ်ခုခုများဖြစ်နေမလား"

ပတ်ဝန်းကျင်ရှိလူများသည် လုယွီ ထုတ်ယူလိုက်သော ဆေးပင်များကိုမြင်ချိနိတွင် ဝေဖန်ပြောဆိုနေကြသည်။

လုယွီ၏ကမ္ဘာငယ်လေးအတွင်းတွင် စိုက်ပျိုးထားသော ဆေးပင်များသည် အလွန်အမင်းအဖိုးတန်ရှားပါးသောအရာများဖြစ်သည်။ထိုဆေးပင်များအနက်မှအများစုကို ရှေးဟောင်းမှတ်တမ်းများအတွင်း၌သာ မှတ်တမ်းတင်ထားသည်။ထို့ကြောင့် လူအများစုသည် ထိုဆေးပင်များအား မမြင်တွေ့ဖူးသည်မှာ အလွန်သမားရိုးကျဆန်သောကိစ္စပင်။

အကယ်၍ လုယွီသည် ပြင်ပလောက၌သွေးမုန်တိုင်းထန်စေမည့် ဆေးပင်များကို ထုတ်ယူလိုက်သည်ကိုသာ သူတို့သိရှိပါက သူတို့ မည်ကဲ့သို့ခံစားရမည်ကို မည်သူမျှမသိရှိနိုင်ချေ။

လုယွီသည် ပတ်ဝန်းကျင်ရှိလူများက သူ့အားဝေဖန်ပြောဆိုနေမှုများကိုလျစ်လျှူရှုထားလိုက်သည်။ထို့နောက် သူ၏လက်ချောင်းထိပ်၌ မီးတောက်တစ်ခု ထွက်ပေါ်လာပေ၏။

ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက် ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်ရှိမီးတောက်များအားလုံး ယိမ်းယိုင်လာသည်။

ဘန်း...

လျောင်ရှင်းချန်သည် မူလက ဆေးသန့်စင်နေပေ၏။သို့သော် လုယွီ၏အစစ်အမှန်မီးတောက် ထွက်ပေါ်လာမှုနှင့်အတူ သူထိန်းချုပ်ထားသော ဆေးမီးတောက်သည် ရုတ်တရက် ထိန်းချုပ်မှုလွတ်ကင်းသွားပြီး ပေါက်ကွဲသွားသည်။

"ကောင်လေး...မင်း ဘာလုပ်လိုက်တာလဲ"

လျောင်ရှင်းချန်သည် အလွန်ဒေါသထွက်သွားပြီး လုယွီအား လှည့်ကြည့်လိုက်၏။

သို့ရာတွင် သူ လှည့်ကြည့်လိုက်သည်နှင့် မယုံကြည်နိုင်သောမြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

လုယွီ၏လက်ဖဝါးအတွင်းမှမီးတောက်သည် ရုတ်တရက် သေးငယ်သောဆေးမီးဖိုတစ်ခုအသွင် ပြောင်းလဲသွားသည်။သူ ထုတ်ယူထားသော ဆေးပင်များသည် ဆေးမီးဖိုငယ်အတွင်းသို့ ရေများအလား စီးဝင်သွားပေ၏။ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များအားလုံးစုဝေး၍ ဆေးမီးဖိုငယ်အတွင်းသို့ ဝင်ရောက်လာသည်။

မြောက်များစွာသောဆေးပင်များသည် ခြစ်ခြစ်တောက်ပူပြင်းသည့်မီးတောက်ကြောင့် ဆေးပင်ရည်များအဖြစ်ပြောင်းလဲသွားပြီး အချိန်တိုအတွင်းမှာပင် ဆေးလုံးအဖြစ် ဆေးမီးဖိုအတွင်း၌ သိပ်သည်းစပြုလာသည်။

မိုးကောင်းကင်၌ မိုးခြိမ်းသံခပ်သဲ့သဲ့ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့လာပေ၏။

"ဒီလောက်ထိ ဟန်လုပ်နေစရာလိုလို့လား"

တစ်စုံတစ်ယောက်က ညည်းတွားပြောဆိုသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းခြုံနေပေ၏။

မူလက လှောင်ပြောင်သရော်နေကြသော လူများအားလုံး သူတို့၏ပါးစပ်များကို ပြန်ပိတ်ထားကြသည်။

ဆေးခန်းမရှိ နာမည်ကျော်ကြားသောဆေးပညာရှင်တချို့ပင် ဤကဲ့သို့ပြုလုပ်နိုင်စွမ်းမရှိချေ။

All Chapters