← Chapters

အခန်း (၁၇၁၁-၁၇၁၅)

Vol. 89 Ch. 1711-1715

အခန်း (၁၇၁၁-၁၇၁၅)

Vol. 89 Ch. 1711-1715

Chapter 1711

"ကျီးယန်...မင်း ဘယ်လိုဖြစ်လို့ ဒီနေရာကိုရောက်နေတာလဲ"

လျောင်ရှင်းချန်က တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

အစောပိုင်းကပင် ကျီးယန်သည် နာခံရို့ကျိုးသောအမူအယာဖြင့် သူ၏နံဘေးနား၌ ရှိနေခဲ့သည်။

မည်သည်ကြောင့် ယခုချိန်၌ ရုတ်တရက်ကြီးပြောင်းလဲသွားရသနည်း။

ကျီးယန်က သူမ၏လှပချောမောသောမျက်နှာလေးကိုမော့၍ ခနဲ့တဲ့တဲ့ပြောဆိုလေ၏။

"လျောင်ရှင်းချန်...ငါ့နာမည်က နင် ခေါ်လို့ရတဲ့အရာမျိုးလား"

ဒါက....

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှပင် လျှောင်ရှင်းချန်သည် ဖြစ်ပျက်နေသမျှကိစ္စအားလုံးကို နားလည်သဘောပေါက်သွားတော့သည်။

"ကောင်းတယ်...မင်းတို့ခွေးစုံတွဲက အရင်ကတည်းက ငါ့နောက်ကွယ်မှာ ဖောက်ပြန်နေကြတာပေါ့လေ"

လျောင်ရှင်းချန်၏မျက်လုံးများ အနီရောင်သို့ပြောင်းလဲသွားပြီး သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။

ဘုန်း....

သူ၏စကား အဆုံးသတ်သွားသည်နှင့် ကျန်းစမ့်၏နောက်ရှိ စည်းမျဥ်းခန်းမမှတပည့်များသည် သူ့အားတိုက်ခိုက်ပြီး ​ဝိုင်းဝန်းကန်ကျောက်ကြသည်။

လျောင်ရှင်းချန်သည် တစ်ချိန်က ပင်မတပည့်ဖြစ်ခဲ့သော်လည်း ထိုအရာသည် သူ၏ဆေးပညာရှင်ဟူသောအချက်အရ ရရှိလာသောအဆင့်အတန်းဖြစ်သည်။

သို့ရာတွင် လျောင်ရှင်းချန်၏ဆေးပညာအဆင့်သည် အလွန်နိမ့်ပါးပေ၏။ယခုလက်ရှိချိန်၌ သူသည် ဂိုဏ်းချုပ်နှင့်အကြီးအကဲကြိုးကြာ၏ဂရုစိုက်မှုကိုလည်း တစိုးတစိမျှပင် မရရှိတော့ချေ။

စည်းမျဥ်းခန်းမမှ တပည့်နှစ်ယောက်သည် သူ့အား မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည့်တိုင် ရပ်တန့်သွားခြင်းမရှိပေ။သူတို့သည် လျောင်ရှင်းချန်၏မျက်နှာအား ဘေးတစ်ဖက်တစ်ချက်မှနေ၍ ထိုးကြိတ်ကန်ကျောက်လိုက်ကြရာ သူ၏မျက်နှာသည် ဝက်ခေါင်းကဲ့သို့ ဖူးယောင်ကားလာပေ၏။

ထို့နောက် သူတို့သည် လျောင်ရှင်းချန်အား အင်္ကျီဂုတ်မှဆွဲမပြီး ခွေးသေတစ်ကောင်ကဲ့သို့ ​ဆွဲထားလေသည်။

"ဘယ်သူက မင်းနဲ့ညီအကိုတွေမလို့လဲ...မင်းပုံစံလည်း မင်း ပြန်ကြည့်အုံး...ဘာပုံပေါက်နေပြီလဲဆိုတာ"

ကျန်းစမ့်သည် အူလှိုက်သည်းလှိုက်ရယ်မောပြီး ကျီးယန်ကို သူ၏လက်မောင်းအတွင်းသို့ ဆွဲသွင်းလိုက်၏။

ကျီးယန်၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

"အိုက်ယား....စီနီယာအကိုကျန့်...ရှင်က အရမ်းဆိုးတာပဲ"

ယခုလက်ရှိချိန်၌ ထိုစုံတွဲသည် လျောင်ရှင်းချန်အား အာရုံမစိုက်ကြတော့ချေ။

ယခုလက်ရှိချိန်၌ လျောင်ရှင်းချန်၏စိတ်နှလုံးသားတစ်ခုလုံး နောင်တများနှင့်ပြည့်နှက်နေသည်။နောက်ဆုံး၌ ယခင်က ဟန်ရှောင် မည်ကဲ့သို့ခံစားရသည်ကို သူ နားလည်သွားလေပြီ။

"အရှုံးသမား...ငါ စိတ်ကောင်းဝင်နေလို့ မင်းကို မသတ်ချင်ဘူး...မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ်အရိုအသေပြုလိုက်...ပြီးရင် မင်း ထွက်သွားတော့"

ကျန်းစမ့်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

လျောင်ရှင်းချန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။

အစောပိုင်းက တပည့်များ၏ရိုက်နက်ခြင်းကိုခံခဲ့ရချိန်တွင် သူ လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံခဲ့ရသည်။ယခုလက်ရှိချိန်၌ သူ အသက်ရှင်ရန် မျှော်လင့်ချက်လမ်းစရှိနေပြီဖြစ်ရာ သူ အလွတ်မပေးနိုင်ချေ။

ဘန်း...ဘန်း...ဘန်း...

လျောင်ရှင်းချန်သည် ကျန်းစမ့်၏ရှေ့၌ ဒူးထောက်ပြီး သုံးကြိမ်အရိုအသေပြုလိုက်၏။

ကျန်းစမ့်သည် အစဥ်အမြဲစိတ်ကြီးဝင်မောက်မာတက်သော လျောင်ရှင်းချန်သည် နာခံရို့ကျိုးစွာဖြင့် သူ့အားဒူးထောက်အရိုအသေပြုနေသည်ကိုမြင်ချိန်တွင် သူက အူလှိုက်သည်းလှိုက်ရယ်မောလေသည်။

"ကောင်းပြီလေ...မင်း သွားနိုင်ပြီ"

ကျန်းစမ့်သည် လျောင်ရှင်းချန်အား နံဘေးဘက်သို့ကန်ထုတ်ပြီး သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။

ဤနေရာမှအဖြစ်အပျက်များသည် ပတ်ဝန်းကျင်ရှိလူများ၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။

အပြင်လူများသည် လျောင်ရှင်းချန်၏အဆင့်အတန်းကို သိရှိကြသဖြင့် သူ့အားလက်ညှိုးညွှန်ကာ မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်ကို မှန်းဆပြောဆိုနေကြ၏။

လျောင်ရှင်းချန်၏ခန္ဓာကိုယ်တစ်ခုလုံး ဖုန်အလိမ်းလိမ်းကပ်နေပြီး ဦးတည်ရာမရှိဘဲ ထွက်ပြေးသွားတော့သည်။

သို့သော် သူ ခြေလှမ်းအနည်းငယ်သာ ပြေးရသေးချိန်တွင် ရုတ်တရက် လူတစ်ယောက်နှင့်ဝင်တိုက်မိသည်။

ထိုလူ၏ခန္ဓာကိုယ်သည် သံမဏိတမျှမာကျောသဖြင့် လျောင်ရှင်းချန် နောက်သို့လွင့်ထွက်သွားသည်။

"ကျွန်တော် တောင်းပန်ပါတယ်...တောင်းပန်ပါတယ်"

မည်သည့်တွန့်ဆုတ်ခြင်းမှမရှိဘဲ လျောင်ရှင်းချန်သည် ဒူးထောက်၍အရိုအသေပြုကာ တောင်းပန်လိုက်၏။

ရုတ်တရက် သူ့ရှေ့သို့လက်တစ်ဖက်ရောက်ရှိလာပြီး လျောင်ရှင်းချန်အား မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလေသည်။

"မင်း အဲ့ဒီလူတွေကို မုန်းလား"

အက်ရှရှအသံတစ်သံက လျောင်ရှင်းချန်၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"မင်း ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးချင်လား"

"မင်းကိုဒူးထောက်ခိုင်းတဲ့လူတွေကို အမှုန့်ချေပစ်ချင်လား"

"ဂိုဏ်းတစ်ဂိုဏ်းလုံးမှာရှိတဲ့လူတွေကို မင်းရဲ့ကျွန်တွေအဖြစ် လိုချင်လား"

ထိုအသံသည် အလွန်အမင်း ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိကာ လျောင်ရှင်းချန်၏နားအနီး၌ ရစ်ဝဲနေသည်။

လျောင်ရှင်းချန်၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်သွားပြီး သူက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်၏။

"ကျွန်တော် အဲ့ဒီလိုလုပ်ချင်တယ်"

မကြာမီမှာပင် လက်တချို့ထွက်ပေါ်လာပြီး လျောင်ရှင်းချန်အား ရထားလုံးပေါ်သို့ ဆွဲတင်လိုက်သည်။

ဤလမ်းကြားအတွင်း၌ ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးကို မည်သူမျှမသိကြချေ။

လျောင်ရှင်းချန်၏နောက်သို့ လိုက်လံဖမ်းဆီးနေကြသူများသည်လည်း သူ ပျောက်ကွယ်သွားသည်ကိုမြင်သည်နှင့် တစတစ စိတ်ဝင်စားမှုပျောက်ဆုံးသွားတော့သည်။

Chapter 1712

တခြားတစ်ဖက်တွင် လုယွီသည် ရွှေမိုးကြိုးဂိုဏ်းမှထွက်ခွာပြီး ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်ရှိ တည်နေရာကူးပြောင်းခြင်းဝင်္ကပါထံသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

လက်အောက်ခံကြယ်နယ်မြေများကို ထိန်းချုပ်နိုင်ရန်အလို့ငှာ တာယွီအင်ပါယာသည် အရပ်မျက်နှာလေးဘက်သို့သွားနိုင်သည့် ကြီးမားသောကူးပြောင်းခြင်းဝင်္ကပါများကို နေရာတချို့တွင် တည်ဆောက်ထားသည်။

အကယ်၍ ကြယ်နယ်မြေတစ်ခုမှ ပုန်ကန်ပါက တာယွီအင်ပါယာမှစစ်တပ်များသည် ကူးပြောင်းခြင်းဝင်္ကပါမှတဆင့် ထိုကြယ်နယ်မြေအား အမြစ်ပြတ်သုတ်သင်ရန် ရောက်ရှိလာပေလိမ့်မည်။

ထို့ကြောင့် ကူးပြောင်းခြင်းဝင်္ကပါတိုင်း၏နံဘေးပတ်လည်တွင် အမြဲတစေ စစ်သားအမြောက်အများ စောင့်ကြပ်နေလေ့ရှိသည်။

ရှေးဟောင်းဖုန်မှုန့်ကြယ်...စန်းမင်မြို့...

ဤနေရာသည် ရှေးဟောင်းဖုန်မှုန့်ကြယ်၏ တည်နေရာကူးပြောင်းခြင်းဝင်္ကပါရှိသောနေရာ ဖြစ်ပေ၏။

ဤကူးပြောင်းရေးဝင်္ကပါမှတဆင့် တာယွီအင်ပါယာအတွင်းရှိ နေရာအမြောက်အများသို့ သွားလာနိုင်သည်။

ထို့ကြောင့် ဤနေရာသည် အလွန်စည်ကားသိုက်မြိုက်သောနေရာတစ်ခုဖြစ်လာပြီး ကုန်သည်များလည်းစုဝေးလာကာ ဆိုင်များနေရာချထားကြတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုဆိုင်များ အတူတကွစုဝေးလာမှုကြောင့် ကြီးမားသောနယ်စပ်မြို့ကြီးတစ်မြို့ ဖြစ်လာပေ၏။

မြို့တံခါးဝ၌ အင်မော်တယ်ကျောက်တုံးတချို့ကို ပေးချေပြီးနောက် လုယွီက မြို့အတွင်းသို့ဝင်ခဲ့သည်။

ဤနေရာရှိ အော်ရာများသည် အလွန်ရှုပ်ထွေးလှသည်။မြို့အတွင်း၌ လောကီအင်မော်တယ်တစ်ယောက်ပင် ဖုံးကွယ်၍နေနေကြောင်း လုယွီက အာရုံခံမိသည်။

ထိုလောကီအင်မော်တယ်၏အရှိန်အဝါသည် အလွန်အမင်းတည်ငြိမ်ပြီး အကြီးအကဲ၏အရှိန်အဝါထက် များစွာပို၍အားကောင်းသည်။

"လမ်းဖယ်ကြ...လမ်းဖယ်ကြစမ်း"

ထိုအချိန်မှာပင် မြင်းများသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လမ်းမကြီးအတိုင်း ဒုန်းစိုင်းပြေးလာသည်။

ထိုလူများ၏အသံသည် အလွန်အမင်းရိုင်းပျပြီး သူတို့ စီးနင်းလာသောမြင်းများသည် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများဖြစ်ပေ၏။

ပတ်ဝန်းကျင်ရှိစျေးဆိုင်များမှလူများသည် သူတို့၏ဆိုင်များရှေ့၌ ခင်းကျင်းထားသော ပစ္စည်းများကို အလျှင်အမြန်သိမ်းဆည်းလိုက်ကြသည်။

"ဒါက မြို့အရှင်ရဲ့အိမ်တော်က လူတွေမလား"

"ပြောသံကြားတော့ အထက်ကအမိန့်အရ သူတို့က လူတွေလာဖမ်းတာတဲ့"

"ဟား ဟား ဟား...မြို့အရှင်အိမ်တော်ကလူတွေ အလောင်းကောင်ပဲဖြစ်သွားမှာ သေချာတယ်...လေဟာနယ်ဓားပြတွေက အရမ်းမောက်မာတယ်...သူတို့က နေရာအတည်အကျမသိတဲ့လေဟာနယ်ဓားပြတွေကို ဘယ်လိုဖမ်းနိုင်မှာလဲ"

"ရှုး...အသံတိုးတိုးပြောပါကွ"

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှက်လိုက်ရာ ပတ်ဝန်းကျင်ရှိ အသံဗလံများအားလုံး သူ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။

ဤနေရာရှိ မြို့အရှင်အိမ်တော်တွင် ကြယ်နယ်မြေများအားစောင့်ကြပ်ရန် တာယွီအင်ပါယာမှစေလွှက်ထားသော စုံစမ်းထောက်လှမ်းရေးမှူးများရှိပြီး အလွန်မြင့်မားသောအခွင့်အာဏာကို ဆုပ်ကိုင်ထားသည်။

သူတို့သည် ကြယ်နယ်မြေပေါ်ရှိ ထိပ်သီးအင်အားစုများမှ အရှင်သခင်များကိုပင် ဖယ်ရှားရှင်းလင်းပစ်နိုင်သော အခွင့်အာဏာမျိုးရှိသည်။

ထို့ကြောင့် အကျိုးဆက်အနေဖြင့် မြို့အရှင်များသည် ဂိုဏ်းများနှင့်အင်အားစုများအပေါ်၌ များစွာသြဇာလွှမ်းမိုးနိုင်သည်။

"ငါက ဒီနေရာကို ပထမဆုံးအကြိမ်ရောက်လာတာ...ကူးပြောင်းရေးဝင်္ကပါကို ငါ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ပြောပြနိုင်မလား"

လုယွီသည် ဖြတ်သွားဖြတ်လာလူတစ်ယောက်ကိုဟန့်တားပြီး အင်မော်တယ်ကျောက်တုံးတချို့ကို လက်ကမ်းပေး၍ ပြောဆိုလိုက်သည်။

ထိုလူသည် အစပထမ၌ ကြောင်အသွားသော်လည်း လုယွီ၏လက်အတွင်းရှိ အင်မော်တယ်ကျောက်တုံးများကိုမြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် အပြုံးနှင့်ပြောဆိုသည်။

"မင်းအသက်က ငယ်ငယ်လေးရှိသေးတယ်...ဖြစ်နိုင်တာတော့ မင်းက တော်ဝင်မြို့တော်ကိုသွားပြီး စိန်ခေါ်မှုတွေရှာဖွေချင်တာပဲဖြစ်မယ်...မြို့လယ်ခေါင်မှာရှိတဲ့ ကူးပြောင်းရေးဝင်္ကပါက တော်ဝင်မြို့တော်ကိုသွားနိုင်တဲ့နေရာပဲ...ဒါပေမယ့် ကူးပြောင်းရေးဝင်္ကပါတစ်ကြိမ်အသုံးပြုဖို့ကို အင်မော်တယ်ကျောက်တုံးငါးသန်းကုန်ကျလိမ့်မယ်...တော်ဝင်မြို့တော်ကိုသွားဖို့စရိတ်က အရမ်းကြီးမြင့်လွန်းတယ်...မင်း ဒီထက်ပိုပြီးအဆင့်မြင့်အောင်လုပ်တာ ပိုကောင်းလိမ့်မယ်"

အင်မော်တယ်ကျောက်တုံးငါးသန်းဟု ဆိုသလော။

လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။

ဤစျေးနှုန်းသည် နိမ့်ပါးခြင်းမရှိချေ။

ထိုလူသည် လုယွီ၏သံသယစိတ်များကို မြင်ပုံရပြီး အပြုံးနှင့် ပြောဆိုသည်။

"တော်ဝင်နန်းတော်က သစ္စာဖောက်တဲ့အရာရှိတချို့ကို သုတ်သင်ဖယ်ရှားချင်နေတယ်...ပြီးတော့ အသူရာနယ်မြေက တာယွီအင်ပါယာရဲ့နယ်စပ်ဒေသတွေကို တစ်နှစ်ပတ်လုံး အနှောက်အယှက်ပေးနေတာ....ဧကရာဇ်မင်းက သူတို့တွေကို အမြစ်ပြတ်သုတ်သင်ဖယ်ရှားဖို့ ရည်ရွယ်ထားတယ်...ဒီအင်မော်တယ်ကျောက်တုံးတွေကို စစ်ရေးရံပုံငွေအတွက် စုဆောင်းထားတာပဲ"

ရှန်လင်းလုံသည် အသူရာနယ်မြေနှင့် စစ်ပွဲဆင်နွှဲရန် ကြံရွယ်နေသလော...

လုယွီက အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားသည်။အသူရာနယ်မြေ၏ခွန်အားသည် သူ၏မြေအောက်လောကနယ်မြေနှင့် မတိမ်းမယိမ်းအနေအထားတွင်ရှိသည်။

ယခုလက်ရှိချိန်တွင် ရှန်လင်းလုံသည် ဤမျှအဆင့်ထိ အင်အားကြီးထွားနေသလော။

လုယွီသည် သူ၏မျက်နှာပေါ်၌ မည်သည့်စိတ်ခံစားချက်မျိုးကိုမျှ ထုတ်ဖော်ပြသခြင်းမရှိချေ။သူသည် ဖြတ်သွားဖြတ်လာလူအား နှုတ်ဆက်ပြီး ကူးပြောင်းရေးဝင်္ကပါထံသို့ ထွက်ခွာခဲ့တော့၏။

မြို့၏အလယ်ဗဟို၌ ကြီးမားသောကူးပြောင်းရေးဝင်္ကပါကြီး ရှိနေသည်။

ဝင်္ကပါကြီးကို မြောက်မြားစွာသော ဝင်္ကပါလမ်းကြောင်းများဖြင့် ဖွဲ့စည်းထားသည်။ထိုလမ်းကြောင်းများကို ငွေမှင်ဖြင့်ရေးဆွဲထားပြီး အလွန်ရှုပ်ထွေးပေ၏။

ဝင်္ကပါကြီး၏အထက်လေထုအတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများစုဝေးနေကာ လေဟာနယ်လှုပ်ခတ်မှုများလည်းရှိနေပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကို လှိုင်းတွန့်နေစေသည်။

လုယွီသည် ကူးပြောင်းရေးဝင်္ကပါအား စောင်းငဲ့ကြည့်ပြီး အလျင်စလို သွားရောက်ခြင်း မရှိသေးချေ။သူ၏မျက်လုံးအကြည့်သည် ကူးပြောင်းရေးဝင်္ကပါ၏နောက်ရှိ ယာယီစင်မြင့်ထံသို့ ကျရောက်သွားပေ၏။

Chapter 1713

ထိုစင်မြင့်ပေါ်၌ ကြီးမားသောအလင်းမျက်နှာပြင်ကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ထိုအလင်းမျက်နှာပြင်ပေါ်၌ လူတချို့၏ပုံတူများကို အဆက်မပြတ် ပြသထားပေ၏။

လုယွီ၏မျက်လုံးအကြည့်သည် အလင်းမျက်နှာပြင်၏ထိပ်၌ရှိနေသော ပုံတူတစ်ခုပေါ်သို့ စူးစိုက်၍ကျရောက်သွားသည်။

ထိုအရာသည် သူ၏ပုံတူပင်။

သို့ရာတွင် ပုံတူ၏အောက်၌ သူ၏နာမည်နှင့်အကြောင်းအရာများကို ဖော်ပြထားခြင်းမရှိချေ။ထိုနေရာတွင် အနီရောင်တောက်တောက်ဖြင့် ရေးသားထားသော စာလုံးတချို့သာရှိနေသည်။

တော်ဝင်စစ်သတင်းအချက်အလက်အဖွဲ့အစည်း၏ ကိုယ်ရေးကိုယ်တာ အပြစ်သား...အလွန်အမင်း အန္တရာယ်များသည်....

ဆုလာဘ်....အင်မော်တယ်ကျောက်တုံး သန်းသုံးရာ

"အဲ့ဒီကောင်လေးက ဘယ်သူများပါလိမ့်....ဆုကြေးငွေက လေဟာနယ်ဓားပြခေါင်းဆောင်ထက်တောင် ပိုမြင့်နေတယ်"

"ပြီးတော့ ဒီအလိုရှိကြောင်းကြေငြာက တော်ဝင်စစ်တပ်က တိုက်ရိုက်ထုတ်ပြန်ခဲ့တာ...အဲ့ဒီကောင်လေးက အမတ်ကြီးတစ်ယောက်ကို သတ်ခဲ့တာများလား"

ပတ်ဝန်းကျင်ရှိလူများ၏ မှတ်ချက်စကားများကို နားထောင်ပြီးနောက် လုယွီ၏စိတ်အတွင်း၌ မြောက်များစွာသောအတွေးများ ဖြတ်ပြေးသွားသည်။

သူသည် ကောင်းကင်ဘုံနယ်မြေသို့ မကြာသေးမီကမှ ရောက်ရှိလာသူဖြစ်ရာ သူ့အား အလိုရှိကြောင်းကြေငြာချက်ထုတ်ပြန်သူမှာ ရှကွေ့ကျုံးသာဖြစ်ပေမည်။

ရှကွေ့ကျုံးသည် သူ၏နာမည်အား လူသိရှင်ကြားထုတ်ဖော်မပြသသည့်အကြောင်းအရင်းမှာ သူသည် သူတော်စင်၏တပည့်တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။ရှကွေ့ကျုံးသည် စစ်ဗိုလ်ချူပ်တစ်ယောက်ဖြစ်သည့်တိုင် သူတော်စင်အား မျက်နှာသာပေးရန်လိုအပ်သည်။

အကယ်၍ လုယွီသည် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို အသုံးပြု၍ သူ၏မူလရုပ်သွင်ကိုသာ ပြောင်းလဲမထားပါက ယနေ့တွင် သူသည် ကျားဂူအတွင်းသို့ဝင်သွားသော သိုးတစ်ကောင်ကဲ့သို့ဖြစ်ပေမည်။

"ငါက အလိုရှိတဲ့အပြစ်သားမဟုတ်ဘူး...မင်းတို့ လူမှားဖမ်းနေပြီ...ငါ့အဖေက ကျင်းလင်ဂိုဏ်းချုပ်ပဲ"

ထိုအချိန်မှာပင် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ကူးပြောင်းရေးဝင်္ကပါ၏နံဘေးရှိ စစ်သားများ၏ဖမ်းဆီးခြင်း ခံလိုက်ရသည်။ထိုလူငယ်သည် ဖမ်းချုပ်ခံရပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

လုယွီက ထိုမြင်ကွင်းကို စောင်းငဲ့၍ကြည့်လိုက်၏။ထိုလူငယ်နှင့်သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်တွင် တူညီမှုတချို့ရှိနေကြောင်း သူ အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

ဖြောင်း...ဖြောင်း...

စစ်သားများသည် လူငယ်နှင့်စကားပြောဆို၍ အချိန်ဖြုန်းခြင်းမရှိချေ။ထိုအစား လူငယ်၏မျက်နှာကို ဘယ်ပြန်ညာပြန် ပါးဖြတ်ရိုက်လိုက်ကြ၏။

မကြာမီမှပင် အဝေးတစ်နေရာမှနေ၍ လူတစ်စုရောက်ရှိလာသည်။သူတို့သည် လူငယ်အားဖမ်းဆီး၍ ရထားလုံးတစ်ခုပေါ်သို့တင်ဆောင်ကာ ထွက်ခွာသွားတော့သည်။

လုယွီသည် အချိန်တခဏကြာတွေးတောပြီးနောက် သူ၏နတ်ဘုရားစိတ်အာရုံသည် ကူးပြောင်းရေးဝင်္ကပါထံသို့ ကျရောက်သွားသည်။ထို့နောက်မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏နတ်ဘုရားစိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။

သူ မျှော်လင့်ထားသကဲ့သို့ပင် ကူးပြောင်းရေးဝင်္ကပါပေါ်၌ အတွင်းသို့ဝင်ရောက်လာသည့် လူများ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို ပြသပေးနိုင်သော နည်းလမ်းတချို့ကို အသုံးပြုထားသည်။

လုယွီသည် သူ၏မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်ပေါ်၌ အပြည့်အဝယုံကြည်မှုရှိသော်လည်း သူ၏ကျင့်ကြံဆင့်နယ်ပယ်မှာ အလွန်နိမ့်ပါးနေသည်။

ယခုလက်ရှိချိန်၌ လုယွီသည် အလောင်းအစားလုပ်လိုခြင်းမရှိချေ။

"အရင်ဆုံး ငါ လုံခြုံစိတ်ချရတဲ့လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့လိုအပ်လိမ့်မယ်"

လုယွီက ဤနေရာမှ ထွက်ခွါခဲ့တော့သည်။

သို့ရာတွင် သူ မြို့အတွင်းမှ ထွက်ခွာလိုက်သည်နှင့် သူ့အားပစ်မှတ်ထားနေသော နတ်ဘုရားစိတ်အာရုံတစ်ခုကို ရုတ်တရက် ခံစားမိလေ၏။

ထိုနတ်ဘုရားစိတ်အာရုံသည် အကြောက်အလန့်ကင်းပြီး သူတို့အား လုယွီရှာတွေ့သွားမည်ကို စိုးရိမ်ပုံမရချေ။

"မင်းတို့က တိုက်ခိုက်ချင်တာလား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် သူ၏နောက်မှတိုးဝင်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလှိုင်းများကို ခံစားမိသည်။

"ဟား ဟား...မင်းကို ငါတို့ရှာတွေ့မှတော့ ထွက်သွားဖို့မစဥ်းစားနဲ့"

ကျယ်လောင်သောအသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာပေ၏။

လုယွီက လှည့်ကြည့်လိုက်ရာ အဖိုးတန်ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က သူ့ထံသို့ တရွေ့ရွေ့လျှောက်လှမ်းလာနေသည်ကို တွေ့မြင်မိသည်။

လုယွီသည် ထိုလူလတ်ပိုင်းကြီးကိုမြင်သည်နှင့် သူက မျက်မှောင်ကြုတ်လိုက်သည်။

ထိုသူသည် လေလံပွဲ၌ သူနှင့်ဆုံတွေ့ခဲ့သော မြင့်မြတ်သူဖြစ်ပေ၏။

ထိုမြင့်မြတ်သူသည် မှူးမတ်အဆင့်သာရှိသော်လည်း သူ၏အဆင့်အတန်းသည် လူအများစုထက် များစွာပို၍မြင့်မြတ်သည်။

ထိုမြင့်မြတ်သူ၏နံဘေးတွင် ဆယ်ကျော်သက်အရွယ် လူငယ်လေး ငါးယောက်ရှိနေပြီး အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ကြည့်နေကြသည်။

"ယန်ချမ်း...ဒါက မင်းပြောတဲ့ ဆေးပညာရှင်ဆိုတာလား...သူကို ကြည့်ရတာ မတူသလိုပဲ...ဖြစ်နိုင်တာတော့ သူက ဆေးပညာအလုပ်သင်တစ်ယောက်ပဲဖြစ်မယ်"

လူငယ်တစ်ယောက်က အထင်အမြင်သေးစွာ ပြောဆိုသည်။

"သခင်လေး...သူက ဆေးကိုသန့်စင်ခဲ့တဲ့သူဆိုတာ ကျွန်တော် အတိအကျပြောနိုင်တယ်"

လူလတ်ပိုင်းကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေသည်။

"ကောင်းပြီလေ"

လူငယ်သည် စိတ်မရှည်ပုံဖြင့် လုယွီအား တစ်ချက်ကြည့်လိုက်သည်။

"မင်းက ဆေးပညာရှင်တစ်ယောက်ဆိုတော့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်း ဆီမှာရှိတဲ့ အင်မော်တယ်ကျောက်တုံးတွေကို ငါတို့ဆီလက်လွှဲပေး...ပြီးရင် ငါတို့နောက်ကိုလိုက်ခဲ့...ငါတို့က မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

လူငယ်က လုယွီကို မျက်လုံးစွေကြည့်ပြီး ဆက်လက်ပြောဆိုလေ၏။

"မဟုတ်လို့ကတော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ချန်ထားခဲ့ရလိမ့်မယ်"

Chapter 1714

ထိုလူများထွက်ပေါ်လာသောအချိန်အခိုက်အတန့်၌ လုယွီသည် သူတို့ထံမှနေ၍ ပြင်းထန်သောသွေးရနံ့များ ထွက်ပေါ်နေခြင်းကို ခံစားမိသည်။

သူတို့သည် ယခင်က မြောက်မြားစွာသောလူများကို သတ်ဖြတ်ခဲ့ပြီး သူတို့၏လက်များတွင် သွေးများစွန်းထင်းနေမည်မှာ တိကျသေချာလှ၏။

လုယွီ စကားတုံ့ပြန်မပြောဆိုသည်ကိုကြည့်ပြီး လူငယ်က စိတ်မရှည်သောလေသံဖြင့်ပြောဆိုသည်။

"ငါ မင်းကို ပြောနေတယ်လေ...မင်း နားကန်းနေတာလား"

လုယွီက သူတို့ကို စောင်းငဲ့ကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါ မင်းတို့ကို မသိဘူး"

ထိုလူများသည် ရှကွေ့ကျုံး၏ဘက်မှလူများမဟုတ်သရွေ့ သူ့အတွက် ပြဿနာမရှိချေ။

လူလတ်ပိုင်းကြီးက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ဆရာသခင်...အရင်လေလံပွဲမှာ ရောင်းချခဲ့တဲ့ဆေးတွေအကုန်လုံးကို ဆရာသခင်သန့်စင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ...ကျွန်တော်တို့က အတူပူးပေါင်းပြီးအလုပ်လုပ်ဖို့ ဆရာသခင်ကို ဖိတ်ခေါ်ချင်တာပါ...ကျွန်တော်တို့ပေးမယ့် ဆုလာဘ်ကလည်း မနည်းစေရပါဘူး"

"မင်းတို့က မင်းတို့ကိုယ်မင်းတို့တောင် ဘယ်သူဘယ်ဝါမပြောဘဲနဲ့ ငါ့ကို ပူးပေါင်းစေချင်တာလား"

လုယွီက လူငယ်အုပ်စုကိုတစ်ချက်ကြည့်ပြီး ဆက်လက်၍ပြောဆိုလေ၏။

"ပြီးတော့ မင်းတို့ကိုကြည့်ရတာ လူလာဖိတ်ခေါ်တဲ့ပုံနဲ့လည်းမတူဘူး"

လူလတ်ပိုင်းကြီးသည် ရှင်းပြလိုသော်လည်း သူ၏နောက်ရှိလူငယ်တစ်ယောက်မှ သူ့အား ဟန့်တားလိုက်သည်။

"ကောင်လေး...ငါတို့က မင်းရဲ့ဆေးပညာစွမ်းရည်ကို တန်ဖိုးထားတယ်...ဒါပေမယ့် မင်း ငါ့ကိုတော့ လှည့်စားနိုင်မှာမဟုတ်ဘူး...ငါထင်တာတော့ မင်းက လှည့်ကွက်ငယ်တချို့ကို သုံးသွားတာပဲဖြစ်မယ်...မင်းလိုမျိုး မလောက်လေးမလောက်စား ကောင်တစ်ကောင်က ဘယ်လိုလုပ်ပြီး အစစ်အမှန်ဆေးပညာရှင်တစ်ယောက်ဖြစ်နိုင်မှာလဲ"

ထိုလူငယ်က သရော်တော်တော် ပြောဆိုလေ၏။

လူလတ်ပိုင်းကြီးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူသည် ထိုလူငယ်၏အမူအကျင့်ကို အလွန်ရှင်းလင်းစွာ သိရှိပြီးဖြစ်သည်။

အကယ်၍ သူတို့သည် လုယွီအား ဤကဲ့သို့ပုံစံဖြင့်ဆက်ဆံပါက သူတို့နှင့်ပူးပေါင်းမည်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

နောက်ဆုံးကျန်သော နည်းလမ်းတစ်လမ်းမှာ လုယွီအား အတင်းအကြပ်ဖိအားပေးရန်ပင်။

"ငါ တကယ်ကို ဒီအဆင့်ထိ မသွားချင်ခဲ့ဘူး"

လူလတ်ပိုင်းကြီးက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောအရှိန်အဝါများ ပွင့်အံ့ထွက်လာပြီး ရေခိုးရေငွေ့အလွှာတစ်လွှာက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပေ၏။

ထိုရေခိုးရေငွေ့များသည် တဖြည်းဖြည်းနှင့် လေထုအတွင်းသို့ မျောလွင့်သွားပြီး နောက်ဆုံး၌ ဧရာမဝေလငါးပုံရိပ်ယောင်ကြီးအဖြစ် သိပ်သည်းသွားသည်။

လူလတ်ပိုင်းကြီးသည် လေလွင့်အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေ၏။

လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် ရွှေမိုးကြိုးဂိုဏ်းကဲ့သို့ထိပ်သီးအင်အားစုများတွင်ပင် မဟာအကြီးအကဲအဖြစ်ရပ်တည်နိုင်သော တည်ရှိမှုကြီးများဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

လူငယ်က ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ပြုံးလိုက်၏။

"အရင်ဆုံး သူ့ကို ဖြည်းဖြည်းချင်းရိုက်...လူတွေမသေခင် ငိုယိုပြီးညည်းတွားနေတဲ့အသံ နားထောင်ရတာကို ငါ အရမ်းကြိုက်တယ်"

လုယွီက ရယ်မောလိုက်၏။

"ကောင်းသားပဲ...ငါလည်း အဲ့ဒါကို ကြိုက်တယ်"

လေလွင့်အင်မော်တယ်၏အရှိန်အဝါ လွှမ်းမိုးထားမှုအောက်တွင် လုယွီက သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။သူသည် ပန်းခင်းအတွင်း၌ စိမ်ပြေနပြေလမ်းလျှောက်နေသည့်အလား တည်ငြိမ်အေးဆေးစွာဖြင့် လူလတ်ပိုင်းကြီး၏နောက်သို့ ရောက်ရှိသွားသည်။

"မင်း...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဘန်း....

လုယွီသည် သူ၏ခြေထောက်တစ်ဖက်ကိုမြှောက်၍ လူလတ်ပိုင်းကြီး၏လည်မြိုကို ကန်ကျောက်လိုက်သည်။

ကန်ချက်တစ်ချက်ဖြင့်ပင် လူလတ်ပိုင်းကြီး၏လည်ပင်းမှ ရုတ်တရက် အက်ကွဲသံတစ်သံထွက်ပေါ်လာကာ သူ၏ခေါင်းနှင့်ကိုယ် အဆက်ပြတ်သွားပုံရပြီး မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။

ခြေကန်ချက်တစ်ချက်ဖြင့်ပင် လေလွင့်အင်မော်တယ်တစ်ယောက် သေဆုံးသွားခဲ့သလော။

မူလက နံဘေးဘက်မှစောင့်ကြည့်နေကြသော လူငယ်များသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် တုန်လှုပ်ချောက်ချားသွားပြီး မြေပြင်ပေါ်၌ဝပ်တွားလိုက်ကြ၏။

အချိန်တခဏကြာပြီးနောက် လူငယ်တစ်ယောက်သည် လုယွီအားလက်ညှိုးညွှန်၍ ထိတ်လန့်တကြားအော်ဟစ်ပြီး နောက်သို့ပြန်လှည့်ကာ ထွက်ပြေးသွားသည်။

လုယွီသည် သူ၏လက်ချောင်းများကိုလှုပ်ခတ်၍ လူငယ်များကိုသတ်ဖြတ်လိုက်ပြီး သူ့အား အရင်ဆုံးလှောင်ပြောင်သရော်ခဲ့သည့် လူငယ်တစ်ယောက်တည်းကိုသာ ချန်ထားလိုက်၏။

"မင်းက ငါ့ကို သတ်ချင်တာလား...ငါ မင်းကို ပြောမယ်...ငါ့ရဲ့အဆင့်အတန်းကိုသိရင် မင်း လန့်ဖျန့်ပြီးသေသွားနိုင်တယ်"

လူငယ်က တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့ဆုတ်ခွါပြေးလေသည်။

"မင်း ဘယ်သူပဲဖြစ်နေနေ...ငါ ဂရုမစိုက်ဘူး"

လုယွီက အေးစက်စက် နှာမှုတ်လိုက်၏။သူသည် လူငယ်၏ခေါင်းပေါ်သို့ လက်ဆန့်ထုတ်၍ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လူငယ်၏မျက်နှာတပြင်လုံး ရှုံမဲ့နေပြီး စူးရှနာကျင်စွာ အော်ဟစ်နေတော့သည်။

လုယွီသည် လူငယ်၏မှတ်ဥာဏ်များအတွင်းမှ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းအမြောက်အများကို တွေ့မြင်မိသည်။

ဤလူတစ်စုသည် အမှန်အားဖြင့် ဓားပြများ ဖြစ်ပေ၏။

သူတို့သည် ပတ်ဝန်းကျင်ရှိကြယ်နယ်မြေများမှ အလွန်ကြောက်ရွံရသော လေဟာနယ်ဓားပြများဖြစ်နေသည်။

ရုတ်တရက် လုယွီသည် လူငယ်၏မှတ်ဥာဏ်များအတွင်းမှ မှတ်ဥာဏ်တချို့ကို ရှာဖွေတွေ့ရှိမိပေ၏။

သူတို့လူစုသည် လေဟာနယ်ဓားပြအုပ်စုမှ အရံအဖွဲ့ဝင်များသာဖြစ်သည်။

လေဟာနယ်ဓားပြအုပ်စုမှ အစစ်အမှန်အဖွဲ့ဝင်တချို့သည် ရွှေမိုးကြိုးဂိုဏ်းနှင့်မက်မွန်ပွင့်ဓားဂိုဏ်းတို့၏ မဟာမိတ်ဖွဲ့မှုကိုဖျက်ဆီးနိုင်ရန် ရွှေမိုးကြိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားကြလေပြီ။

Chapter 1715

"ကြည့်ရတာတော့ အခုကထွက်ခွာဖို့ အချိန်မကျသေးပုံပဲ"

လုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

လူငယ်၏မှတ်ဥာဏ်များအရ ရှေးဟောင်းဖုန်မှုန့်ကြယ်၏ပြင်ပနယ်မြေတစ်ခုလုံးတွင် လေဟာနယ်ဓားပြများနှင့် ပြည့်နှက်နေသည်။

သူတို့၏ရည်ရွယ်ချက်သည် ဂိုဏ်းနှစ်ခုကြားမဟာမိတ်ဖွဲ့ခြင်းကို ဖျက်ဆီးရန်သာမက တာအိုသခင်၏အမွေအနှစ်နယ်မြေကို ရှာဖွေရန်လည်းဖြစ်သည်။

သူတို့ရရှိထားသော သတင်းအချက်အလက်များအရ အမွေအနှစ်နယ်မြေအတွင်းတွင် တာအိုသခင်၏အမွေအနှစ်များသာမက သူ၏ဘဝတသက်စာစုဆောင်းထားသော ချမ်းသာကြွယ်ဝမှုများလည်း ပါဝင်သည်။

ထိုချမ်းသာကြွယ်ဝမှုများသည် လူတစ်ယောက်အား နိုင်ငံတစ်နိုင်ငံဝယ်ယူနိုင်စေသည်အထိ လုံလောက်သည်။

ထို့ကြောင့် တော်ဝင်နန်းတော်မှစစ်တပ်များက သူတို့ကို ရှာဖွေနေသည့်တိုင် လေဟာနယ်ဓားပြများသည် စွန့်စား၍ ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်သို့ လာရောက်ကြခြင်းဖြစ်ပေ၏။

"အမွေအနှစ်နယ်မြေ...ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာပဲ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

သူ၏အတိတ်ဘဝတွင် လုံလောက်သောစည်းစိမ်ချမ်းသာများကို ပိုင်ဆိုင်ခဲ့သော်လည်း ယခုချိန်၌ အများစုသည် တခြားသူများ၏လက်တွင်းသို့ ရောက်ရှိသွားလေပြီ။

အကယ်၍ သူထံတွင် လုံလောက်သောစည်းစိမ်ချမ်းသာမရှိပါက ရှကွေ့ကျုံးနှင့်ရှန်လင်းလုံတို့ကို တန်ပြန်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

လုယွီသည် ခြေတစ်လှမ်းရှေ့တက်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကာ ရွှေမိုးကြိုးဂိုဏ်းထံသို့ ဦးတည်၍ထွက်ခွာခဲ့တော့သည်။

လုယွီထွက်ခွါသွားသည်နှင့် ရွှေရောင်မီးတောက်တစ်ခုသည် လေဟာနယ်ဓားပြများ၏အလောင်းများပေါ်သို့ ကျရောက်သွားပြီး သူတို့အား ပြာများဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။

တခြားတစ်ဖက်ရှိ ဝမ်ခမ်းကမူ....

အကြီးအကဲကောင်း ထွက်ခွာသွားပြီးနောက် သူသည် စျေးအတွင်း၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။သို့ရာတွင် သူသည် အကြီးအကဲကောင်း ပြန်လာသည်ကို မမြင်တွေ့ရချေ။

အကြီးအကဲကောင်း၏နောက်သို့ လိုက်ပါသွားသောလူများပင်လျှင် ပျောက်ကွယ်သွားပေ၏။

"ဖြစ်နိုင်တာတော့ အဲ့ဒီလူအိုကြီးက အကျိုးအမြတ်တွေကိုမြင်တာနဲ့ ခိုးယူပြီး အဝေးကိုထွက်ပြေးသွားတာပဲဖြစ်မယ်"

ဝမ်ခမ်းက အံ့တင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

အကြီးအကဲကောင်းသည် သူ၏ဖခင်မှနေ၍ သူ့အတွက် စီစဥ်ပေးထားသောသက်တော်စောင့်ဖြစ်သည်။ထိုလူအိုကြီး၏ကျင့်ကြံဆင့်နယ်ပယ်သည် နက်နဲသိမ်မွေ့လှသည်ဟုလည်း သူ၏ဖခင်မှ မှာကြားထားပေ၏။

သူ၏ဖခင်မှာ လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည်။သူ၏ဖခင်ပင်လျှင် အလွန်ချီးမွမ်းနေလေရာ အကြီးအကဲကောင်း၏ကျင့်ကြံဆင့် အလွန်မြင့်မားသည်မှာ သိသာထင်ရှားလှသည်။

လုယွီသည် အကြီးအကဲကောင်းအား သတ်ဖြတ်လိုက်မည်ဟု ဝမ်ခမ်း ယောင်ယမ်းလို့ပင်မတွေးမိချေ။ထိုအစား အကြီးအကဲကောင်းသည် အကျိုးအမြတ်များအားလုံးကိုယူ၍ ထွက်ပြေးသွားသည်ဟုသာ သူ တွေးတောမိပေ၏။

"လူအိုကြီး...ကျုပ် ပြန်ရောက်တာနဲ့ ကျုပ်ရဲ့အဖေကို ပြန်ပြောပြမယ်...ခင်ဗျား ထမင်းဝအောင်စားထားတော့"

ဝမ်ခမ်းက အံ့ကြိတ်၍ ပြောဆိုလေသည်။

ဤတစ်ကြိမ်တွင် သူ ရွှေမိုးကြိုးဂိုဏ်းသို့ အလွန်မောက်မာစွာဖြင့် လာဝံ့ခြင်းမှာ သူ့အားထောက်ပံပေးသော အကြီးအကဲကောင်းရှိနေခြင်းကြောင့်ပင်။ယခုလက်ရှိချိန်၌ အကြီးအကဲကောင်းသည် သူ၏နံဘေး၌ မရှိတော့ချေ။မည်သို့ပင်ဆိုစေကာမူ လီဟောင်ယန်းသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်ရာ သူ ရင်ဆိုင်နိုင်မည်ဟု အခိုင်အမာယုံကြည်ချက်မရှိပေ။

ထိုအချိန်မှာပင် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။

ဝမ်ခမ်းက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"ဝင်လာခဲ့"

တံခါးပွင့်သွားသည်နှင့် အခန်းအတွင်းသို့ ထူးဆန်းသောအဖိုးအိုတစ်ယောက် ဝင်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုအဖိုးအိုတွင် ကျောဘုကြီးရှိနေပြီး ကြမ်းတမ်းသောပိတ်သားဝတ်စုံကိုဝတ်ဆင်ထားပေ၏။သူ၏ဆံပင်များသည် ဖြူဖွေးနေပြီး သူကိုကြည့်ရသည်မှာ အကြီးအကဲကောင်းနှင့် တစ်နေရာရာ၌ တူညီနေပုံရသည်။

ဝမ်ခမ်းက မျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ"

အဖိုးအိုက ဦးညွှတ်၍ အရိုအသေပြုလေသည်။

"ဒီလူအိုကြီးက ယန်ချမ်းပါ...ဂိုဏ်းချုပ်က သခင်လေးကိုစောင့်ရှောက်ဖို့ ဒီနေရာကိုလွှက်လိုက်တာပါ"

စကားဆုံးသည်နှင့် အဖိုးအိုသည် သူ၏အင်္ကျီလက်မောင်းကြားမှ လက်ရာမြောင်သော ငွေရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်၏။

ထိုအရာသည် မက်မွန်ပွင့်ဓားဂိုဏ်းမှဂိုဏ်းချုပ်၏ အထိမ်းအမှတ်သင်္ကေတဖြစ်သည်။

ထိုဓားကိုမြင်သည်နှင့် ဝမ်ခမ်း၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပြေလျော့သွားသည်။

"အကြီးအကဲကောင်း ဘယ်ရောက်သွားလဲ"

ယန်ချမ်းက ရိုသေလေးစားသောအမူအယာဖြင့် ပြောဆိုလေ၏။

"အကြီးအကဲကောင်းမှာ အရေးကြီးလုပ်စရာတစ်ခုပေါ်လာလို့ သူက အလျင်စလိုထွက်သွားပါတယ်"

"ဘယ်လိုကိစ္စပဲ ဖြစ်ဖြစ်လေ...ဒီအချိန် ငါ့မှာလည်း အရေးကြီးလုပ်စရာကိစ္စရှိနေတာပဲ...ဒီလူအိုကြီးကတော့..."

ဝမ်ခမ်းသည် စိတ်မရှည်ပုံဖြင့် ညည်းတွားပြောဆိုပြီး ယန်ချမ်းကို စောင်းငဲ့၍ကြည့်လိုက်၏။

"ခင်ဗျားရဲ့စွမ်းဆောင်ရည်ကရော ဘယ်လိုလဲ...ကျုပ်ကို ပြစမ်း"

ယန်ချမ်းက ခပ်ဖျော့ဖျော့ပြုံးပြီး သူ၏အရှိန်အဝါကို ထုတ်လွှက်လိုက်သည်။

ဟူး....

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စားပွဲနှင့်ကုလားထိုင်များအားလုံး အဆက်မပြတ် တုန်ခါလာပေ၏။

ဝမ်ခမ်းသည် သူ၏ရှေ့၌ ကျော်လွှား၍မရသောတောင်ကြီးတစ်လုံးရှိနေသကဲ့သို့ ခံစားလိုက်ရပြီး သူက တုန်လှုပ်ချောက်ချားသွားသည်။

"ကောင်းပြီလေ...မနက်ဖြန်ကျရင် ခင်ဗျား ကျုပ်နဲ့အတူ ရွှေမိုးကြိုးဂိုဏ်းကိုလိုက်ခဲ့"

ဝမ်ခမ်းသည် အလွန်ပျော်ရွှင်သွားပေ၏။

သူသည် အမွေအနှစ်နယ်မြေ၏မပြည့်စုံသော မြေပုံတစ်ပိုင်းကို ရရှိပြီးဖြစ်သည်။သူ၏ဖခင် ရောက်ရှိလာချိန်တွင် မြေပုံများအားလုံးကို အတူတကွပေါင်းစည်း၍ တာအိုသခင်၏အမွေအနှစ်နယ်မြေကို သွားရောက်ရှာဖွေနိုင်ပေမည်။

လီဟူရှင်းကိုလက်ထပ်ရန်မှာမူ သူ ဟန်ပြလုပ်ဆောင်မည့် ကိစ္စသာဖြစ်သည်။သူမသည် ချောမောလှပသော်လည်း သူဟူသော ဝမ်ခမ်း၏နံဘေး၌ မိန်းမလှအမြောက်အများရှိသည်။သူ မိန်းမတစ်ယောက်အား အရေးတယူလုပ်နေရန် မလိုအပ်ချေ။

All Chapters