အခန်း (၁၇၂၁-၁၇၂၅)
Vol. 89 Ch. 1721-1725
Chapter 1721
"နင် ဘာလိုချင်တာလဲ"
လီဟူရှင်း၏မျက်လုံးများတွင် သတိဝီရိယထားသော အရိပ်အယောင်များထင်ဟပ်လာပြီး သူမက နောက်သို့ဆုတ်လိုက်၏။
လျောင်ရှင်းချန် ဤနေရာသို့ မည်သည်ကြောင့်ရောက်နေသည်ကို သူမ မသိရှိသော်လည်း သူ၏အမူအယာက သူမအား သတိဝီရိယထားရန် အားပေးအားမြှောက်ပြုနေသည်။
လျောင်ရှင်းချန်က ပြုံးရယ်ပြီး လီဟူရှင်း၏အနီးသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာပေ၏။
"ငါ ဘာလိုချင်တာလဲဆိုတာ မင်း ခုထိ နားမလည်သေးဘူးလား...မကြာခင်မှာ ရွှေမိုးကြိုးဂိုဏ်းက လေဟာနယ်ဓားပြတွေရဲ့လက်ထဲမှာ ပျက်စီးပြိုလဲတော့မယ်....မင်းက ရွှေမိုးကြိုးဂိုဏ်းရဲ့သခင်မလေးဆိုပေမယ့် မင်းရဲ့အဖေသေသွားတဲ့အချိန်ကျရင်....မင်းက ဘာမှအရေးမပါတော့ဘူး"
"မင်းက အရမ်းကိုချောမောလှပတယ်...မင်း ငါ့နောက်ကိုလိုက်မယ်ဆိုတာနဲ့ ငါ မင်းအသက်ကို ကယ်တင်ပေးမယ်"
လျောင်ရှင်းချန်သည် စကားပို၍ပြောလေလေ သူ၏မျက်နှာပေါ်မှမောက်မာဝံ့ကြွားသောအမူအယာ ပို၍ပီပြင်ထင်ရှားလာလေလေပင်။
ယခင်က သူသည် ရွှေမိုးကြိုးဂိုဏ်းမှ မောင်းထုတ်ခြင်းခံရကာ မြောက်များစွာသောတပည့်များ၏အနိုင်ကျင့်အရှက်ခွဲခြင်းကိုခံရသဖြင့် အလွန်ဒေါသထွက်ခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် လေဟာနယ်ဓားပြများက သူ့အား တွေ့ရှိသွားကာ တာဝန်တစ်ခုပေးအပ်ခဲ့သည်။ထိုတာဝန်မှာ သူသည် ဂိုဏ်း၏အကာအကွယ်နတ်ဘုရားလက်နက် သိမ်းဆည်းထားသောနေရာထံသို့ တိတ်တဆိတ်ခိုးဝင်ရန်ဖြစ်သည်။
လျောင်ရှင်းချန်သည် သူ့အားရိုက်နှက်ခံရသဖြင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ထို့ကြောင့် သူသည် လေဟာနယ်ဓားပြများ၏တောင်းဆိုချက်ကိုကြားချိန်တွင် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လိုလိုလားလား လမ်းပြခေါ်ဆောင်လာခဲ့၏။
သူသည် ယခင်က ဂိုဏ်း၏ပင်မတပည့်ဖြစ်ခဲ့သဖြင့် ရွှေမိုးကြိုးဂိုဏ်း၏အရေးကြီးသောနေရာများနှင့် ပတ်သက်၍ အလွန်ရင်းနှီးကျွမ်းဝင်သည်။
ထို့ကြောင့် သူသည် လေဟာနယ်ဓားပြများကို အကာအကွယ်နတ်ဘုရားလက်နက် သိမ်းဆည်းထားသောနေရာထံသို့ လမ်းပြ၍ခေါ်ဆောင်ခဲ့ပေ၏။
မူလက ထိုနေရာတွင် အကြီးအကဲနှစ်ယောက် စောင့်ကြပ်နေသည်။
သို့ရာတွင် ထိုအကြီးအကဲနှစ်ယောက်က တစ်စုံတစ်ယောက်သည် သူတို့အားနောက်မှနေ၍ ရုတ်တရက် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မည်ဟု မျှော်လင့်ထားပုံမရချေ။
အကြီးအကဲနှစ်ယောက်၏ခွန်အားသည် ကောင်းမွန်သော်လည်း လေဟာနယ်ဓားပြများမှာ အင်အားသာလွန်ပေ၏။မည်သည့်အချက်ပေးမှုမျှမပြုလုပ်နိုင်မီ သူတို့နှစ်ယောက်လုံး သေဆုံးသွားခဲ့သည်။
အစောင့်အရှောက်အကြီးအကဲများ သေဆုံးသွားသည်နှင့် ဂိုဏ်းအကာအကွယ်နတ်ဘုရားမှော်ရတနာသည် လေဟာနယ်ဓားပြများ၏လက်တွင်းသို့ ကျရောက်သွားတော့သည်။
"နင် ဘာလုပ်နေတာလဲဆိုတာ နင်ကိုယ်နင်ရောသိလား"
လီဟူရှင်းက လျောင်ရှင်းချန်ကိုကြည့်ပြီး ဒေါသတကြီး အော်ငေါက်လိုက်၏။
လျောင်ရှင်းချန်က ပြန်လည်ချေပပြောဆိုသည်။
"အရင်တုန်းက မင်း ငါ့ကို ဘယ်လိုလုပ်ခဲ့လဲ...အခု ငါ လက်စားပြန်ချေတာ ကျိုးကြောင်းဆီလျော်တယ်မလား...အောင်နိုင်သူက ဘုရင်ဖြစ်မှာပဲ...မင်းကတော့ အရှုံးသမားဆိုတာကို လက်ခံလိုက်တာ ပိုကောင်းလိမ့်မယ်"
သူက ရုတ်တရက် လက်ခုပ်တီးလိုက်သည်။လေဟာနယ်ဓားပြနှစ်ယောက်သည် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ကို အမှိုက်သရိုက်များကဲ့သို့ ဆွဲခေါ်လာသည်။
ထိုအမျိုးသားနှင့်အမျိုးသမီးတို့၏ဝတ်စုံများသည် စုတ်ပြတ်သတ်နေပြီး သူတို့၏ခန္ဓာကိုယ်များအနှံ့ ကြာပွတ်ရာများဖြင့် ပြည့်နှက်နေသည်။သူတို့နှစ်ယောက်သည် ဆိုးဆိုးရွားရွားရိုက်နှက်ခြင်းခံထားရသည်မှာ သိသာထင်ရှားလှ၏။
ထိုသူနှစ်ယောက်သည် ကျန်းစမ့်နှင့်ကျီးယန်ပင်။
လျောင်ရှင်းချန်သည် အခွင့်အာဏာရရှိပြီးနောက် သူသည် လေဟာနယ်ဓားပြများကိုခေါ်ဆောင်၍ ထိုလူနှစ်ယောက်အား အင်အားသုံး၍ ဖမ်းဆီးခဲ့သည်။
လျောင်ရှင်းချန်ကိုမြင်ချိန်၌ သူတို့နှစ်ယောက်၏မျက်နှာများထက်တွင် ယခင်ကဲ့သို့ မောက်မာဝံ့ကြွားသောအမူအယာမျိုးမရှိတော့ချေ။
"လျောင်ရှင်းချန်...အရင်က တခြားသူတွေကို အမြဲတမ်းအနိုင်ကျင့်ဆက်ဆံခဲ့တဲ့သူက ငါပါ...မင်းက သဘောထားကြီးပါတယ်...ကျေးဇူးပြုပြီး ငါ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှက်ပေးပါ"
ကျန်းစမ့်သည် မြေပြင်ပေါ်၌ဒူးထောက်ပြီး အဆင်မပြတ်အရိုအသေပြုကာ အသနားခံတောင်းပန်နေလေ၏။
"ဟား ဟား ဟား"
လျောင်ရှင်းချန်က ရယ်မောလိုက်သည်။
"တကယ်လို့ မင်း ငါ့ရဲ့ပေါင်ကြားအောက်က ဝပ်တွားသွားမယ်ဆိုရင်...ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
"ငါ တွားသွားမယ်...ငါ တွားသွားမယ်"
သေခြင်းနှင့်ရင်ဆိုင်နေရသောအချိန်၌ ကျန်းစမ့်သည် တုံ့ဆိုင်းခြင်းမရှိချေ။
သူသည်မြေပြင်ပေါ်၌ ခွေးတစ်ကောင်ကဲ့သို့ဝပ်တွားပြီး လျောင်ရှင်းချန်၏ပေါင်ခွကြားအောက်မှနေ၍ ဝပ်တွားသွားလိုက်၏။
"မင်းက စည်းမျဥ်းခန်းမရဲ့တပည့်ခေါင်းဆောင်လေ...ဒီနေ့တော့ ကောင်းကောင်းလုပ်နိုင်သားပဲ...မင်း ငါ့ကို အရင်က ခွေးလိုဆက်ဆံခဲ့တာ မဟုတ်ဘူးလား"
လျောင်ရှင်းချန်သည် ကျန်းစမ့်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်း၍ အဆက်မပြတ်ကန်ကျောက်လိုက်သည်။
"ဒါတွေအားလုံးက ငါ မျက်စေ့ကန်းပြီး ထိုက်တောင်ကြီးကို မမြင်ခဲ့လို့ပါ...ငါက အမှိုက်ကောင်...ငါက အမှိုက်ကောင်ပါ"
ကျန်းစမ့်က စူးရှနာကျင်သောအသံဖြင့် အော်ဟစ်နေလေသည်။
"ကောင်းပြီလေ...မင်းက အမှိုက်ကောင်ဆိုမှတော့ ဒီလောကကြီးထဲမှာ ရှိမနေတာ ပိုပြီးကောင်းတယ်"
လျောင်ရှင်းချန်သည် သူ၏ခါး၌ချိတ်ထားသော ဓားကိုဆွဲထုတ်၍ ကိုင်မြှောက်လိုက်၏။အကျိုးဆက်အနေဖြင့် ကျန်းစမ့် အသက်ပျောက်သွားတော့သည်။
ဒေါက်....
ကျန်းစမ့်၏ခေါင်းပြတ်ကြီးသည် ကျီးယန်၏ရှေ့သို့လိမ့်လာသဖြင့် သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ကျီးယန်က တုန်လှုပ်ချောက်ချားစွာဖြင့် အသနားခံလေသည်။
"အကိုလျောင်...."
"ဘာမှမစိုးရိမ်ပါနဲ့...ငါ မင်းကို ချစ်နေတုန်းပဲ"
လျောင်ရှင်းချန်က အပြုံးနှင့်အတူ ကျီးယန်ကို သူ၏လက်မောင်းကြားသို့ ဆွဲသွင်းလေ၏။
ကျီးယန်၏ထိတ်လန့်ကြောက်ရွံနေမှုများ အနည်းငယ်လျော့ပါးသွားသည်။
သို့သော် ထိုအချိန်မှာပင် သူမ၏ဝမ်းဗိုက်မှနေ၍ စူးရှရှနာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။
Chapter 1722
လျောင်ရှင်းချန်သည် ကျီးယန် သတိလက်လွတ်ဖြစ်နေသည်ကိုအခွင့်ကောင်းယူ၍ သူမ၏ဝမ်းဗိုက်ကို သူ၏လက်ဝါးဖြင့် ရိုက်နှက်လိုက်ခြင်းဖြစ်သည်။
ပြင်းထန်သောနာကျင်မှုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့လာပြီးနောက် ကျီးယန်သည် သူမ၏မှော်စွမ်းအားများ အလွန်လျှင်မြန်သောအရှိန်ဖြင့် ပျက်ပြယ်သွားသည်ကို ခံစားမိလေ၏။
"နင်...နင် ငါ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်တာလား"
ကျီးယန်က အလွန်အမင်းနာကျင်မှုဝေဒနာကို ခံစားနေရသည်။
လျောင်ရှင်းချန်က အော်ဟစ်ရယ်မောလေသည်။
"ခွေးမ...ဒီနှစ်တွေအတွင်းမှာ မင်းဘာတွေလုပ်ခဲ့လဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား...အာဏာရှိတဲ့သူ ဘယ်သူနဲ့မဆို မင်း သွားပြီးအိပ်နေတာလေ....မင်းလိုမိန်းမပျက်မျိုးက ငါနဲ့ထိုက်တန်လို့လား"
ကျီးယန်၏မျက်နှာဖြူရော်နေပြီး သူမက ကျန်းစမ့်၏အလောင်းကို စောင်းငဲ့၍ကြည့်ကာ နောက်ပြန်လှည့်၍ ထွက်ပြေးသွားတော့သည်။
"မင်းလည်း သေစမ်း"
လျောင်ရှင်းချန်၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သောအမူအယာများ ထင်ဟပ်နေပြီး သူက ကျီးယန်၏နောက်သို့ပြေးလိုက်ကာ ဓားဖြင့်ထိုးသတ်လိုက်သည်။
လူနှစ်ယောက်ကို တဆက်တည်းသတ်ဖြတ်ပြီးနောက် လျောင်ရှင်းချန်၏မျက်နှာပေါ်၌ သွေးစသွေးနများ စွန်းထင်းနေပေ၏။သူ၏မျက်နှာပေါ်မှ သွေးစက်များကြောင့် သူ့ကိုကြည့်ရသည်မှာ ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။
"လီဟူရှင်း...မင်းမြင်ပြီလား ...ဒါက ငါ့ကိုဆန့်ကျင့်ခဲ့တာရဲ့ အဆုံးသတ်ရလဒ်ပဲ...တကယ်လို့ မင်းလည်း သေချင်တယ်ဆိုရင် ကြိုးစားကြည့်နိုင်တယ်"
လျောင်ရှင်းချန်က ခနဲ့တဲ့တဲ့ ပြောဆိုသည်။
သို့ရာတွင် လီဟူရှင်း၏မျက်နှာအမူအယာသည် အလွန်တည်ငြိမ်အေးဆေးနေသဖြင့် သူ အံ့အားသင့်သွားပေ၏။
"နင် မေ့နေပုံရတယ်...တကယ်လို့ နင် ငါ့ကိုမသတ်ရင်တောင်...ငါက အချိန်ကြာကြာ အသက်ဆက်မရှင်နိုင်တော့ဘူးဆိုတာကို"
လီဟူရှင်း၏အသံက အလွန်တည်ငြိမ်နေသည်။
သူမသည် သေဆုံးရန်အတွက် ဆုံးဖြတ်ချက်ချပြီးဖြစ်သဖြင့် သူမအား မည်သူသတ်ဖြတ်ပါစေ ကိစ္စမရှိချေ။
လျောင်ရှင်းချန်က ခေါင်းခါပြလေ၏။
"ဒါက ပြဿနာမရှိဘူး...မင်းမသေခင် ငါ့ကို အချိန်ကောင်းလေးတွေ ပေးခဲ့ရုံပဲ'
ဆိုးညစ်သောအပြုံးနှင့်အတူ သူက လီဟူရှင်းထံ တိုးဝင်လိုက်သည်။
"နင် လုပ်ရဲလား"
လီဟူရှင်းက အော်ငေါက်ပြီး သူမ၏လက်ချောင်းများကို တောက်ထုတ်လိုက်ရာ မြောက်များစွာသော ဓားချီလှိုင်းများ ထွက်ပေါ်လာပေ၏။
သူမထံ၌ ခွန်အားတချို့ကျန်ရှိနေပြီး သူမ၏ကျင့်ကြံဆင့်နယ်ပယ်မှာ လျောင်ရှင်းချန်ထက် ပို၍မြင့်မားသည်။
သို့ရာတွင် ထိုဓားချီလှိုင်းများသည် လျောင်ရှင်းချန်၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိချေ။
ခရက်...ခရက်...ခရက်...
ကျယ်လောင်သောအက်ကွဲသံများက လေထုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
လျောင်ရှင်းချန်ထံသို့ ပျံဝဲဝင်သွားသော ဓားချီလှိုင်းများသည် လေထုအတွင်းမှာပင် ကြားဖြတ်ဟန့်တားခြင်းခံရပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဓားချီလှိုင်းများအား ကြားဖြတ်ဟန့်တားလိုက်သူသည် လျောင်ရှင်းချန်၏နံဘေး၌ မတ်တတ်ရပ်နေသော လေဟာနယ်ဓားပြတစ်ယောက်ဖြစ်သည်။
ထို့နောက် လေဟာနယ်ဓားပြတစ်ယောက်သည် လီဟူရှင်း၏နောက်သို့ ရုတ်တရက်ရောက်ရှိလာပြီး သူမ၏ခန္ဓာကိုယ်ကို အကြိမ်များစွာ ထိတွေ့လိုက်၏။
လီဟူရှင်းသည် သူမ၏ခန္ဓာကိုယ်အနှံ့ ထုံကျင်မှုများပျံ့နှံ့လာသည်ကို ခံစားမိပေ၏။သူမထံ၌ မည်သည့်ခွန်အားမျှမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။
"မိန်းကလေးလီ...အဝေးမှာ တပည့်တွေရှိနေတာကို မင်း မြင်လား...ဒီလိုမျိုးပူဆွေးသောကတွေရဲ့ကြားမှာ မင်းအတွက်ကတော့ မမေ့နိုင်တဲ့အမှတ်တရလေးတွေ ကျန်ရစ်မှာပါ"
လျောင်ရှင်းချန်သည် စိတ်မရှည်တော့ဟန်ဖြင့် သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ပြီး လီဟူရှင်း၏အနီးသို့ ချဥ်းကပ်လိုက်၏။
လီဟူရှင်းသည် ထွက်ပြေးလိုသော်လည်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မရီးဒါန်းများကို အားလှိုင်းတစ်ခုဖြင့် ပိတ်ဆို့ခံထားရရာ သူမ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ချေ။
သူမနှင့်မလှမ်းမကမ်းတွင် ဝင်္ကပါပုံစံဖွဲ့စည်းထားသော တပည့်တချို့ရှိနေသည်။
"ငါ့ကိုကယ်ပါ"
လီဟူရှင်းသည် ထိုတပည့်များထံသို့ တောင်းပန်စကားပေးပို့လိုက်သည်။
ဝင်္ကပါအားဦးဆောင်နေသော အကြီးအကဲ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။
မည်သို့ပင်ဆိုစေကာမူ လီဟူရှင်း၏နံဘေး၌ရှိနေသော လေဟာနယ်ဓားပြများ၏ခွန်အားသည် အလွန်မြင့်မားပြီး သူ မှန်းဆနိုင်စွမ်းမရှိချေ။
"အကြီးအကဲ...ဒါက သခင်မလေးလေ...ကျွန်တော်တို့သွားပြီး ကယ်တင်သင့်တယ်မလား"
တပည့်တစ်ယောက်က မေးမြန်းသည်။
ထိုအကြီးအကဲသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"အပြင်မထွက်ကြနဲ့...ဝင်္ကပါပုံစံကို ဆက်ပြီးထိန်းသိမ်းထားကြ...ဒါက လေဟာနယ်ဓားပြတွေရဲ့လှည့်ကွက်ပဲ...ငါတို့ အရူးလုပ်ခံလို့မဖြစ်ဘူး"
ရလဒ်အနေဖြင့် မည်သူမျှ ဝင်္ကပါပုံစံမှနေ၍ ထွက်ခွါလာခြင်းမရှိချေ။
သေရေးရှင်ရေးနှင့်ရင်ဆိုင်နေရချိန်တွင် လီဟူရှင်းသည် ရွှေမိုးကြိုးဂိုဏ်း၏သခင်မလေးဖြစ်နေသည့်တိုင် အရေးမပါတော့ပေ။
လီဟူရှင်း၏စိတ်ဓာတ် အလုံးစုံပျက်ပြားသွားပေ၏။ယခုလက်ရှိချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသဖြင့် သူမကိုယ်သူမသတ်သေရန်ပင် ခွန်အားမရှိတော့ချေ။
"ဟား ဟား ဟား...တစ်နေ့မှာ သခင်မလေးက ငါ့ရဲ့လက်ထဲရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက အိမ်မက်တစ်ခုလိုပဲ"
လျောင်ရှင်းချန်က အူလှိုက်သည်းလှိုက် ရယ်မောနေလေသည်။
သို့ရာတွင် သူ၏ရယ်မောသံနေရာတွင် တခြားအေးစက်စက်အသံတစ်သံက အလျှင်အမြန် အစားထိုးဝင်ရောက်လာပေ၏။
"တကယ်လို့ မင်း အိမ်မက်မက်နေတယ်ဆိုရင်လည်း....ပြန်ထမလာနဲ့တော့"
Chapter 1723
"ဘယ်သူလဲ"
လျောင်ရှင်းချန်က ပတ်ဝန်းကျင်အား အလျှင်အမြန်လှည့်ပတ်ကြည့်လိုက်ရာ အပြင်စည်းတပည့်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် သူထံလျှောက်လှမ်းလာသည်ကို တွေ့မြင်မိသည်။
ထိုသူသည် လုယွီပင်။
"ဒါက မင်းလား..."
လျောင်ရှင်းချန်၏မျက်လုံးများ တောက်ပသွားပေ၏။
"အရင်ကတော့ ငါ မင်းကိုလည်းလိုက်ရှာချင်ခဲ့တာ...ဒါပေမယ့် မင်းက ကိုယ်တိုင်ကိုယ်ကျ ငါရှေ့ကိုရောက်လာမယ်လို့တော့ ငါ မျှော်လင့်မထားမိဘူး"
"ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့...မင်းက ငါ့ရဲ့ပေါင်ဂွကြားကနေ တွားသွားပြီးတော့ ငါ့ရှေ့မှာ ဒူးထောက်ပြီးသုံးကြိမ်အရိုအသေပြုလိုက်...ပြီးတာနဲ့ မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်ရမယ်...အဲ့ဒါဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
လုယွီက ရယ်မောလိုက်သည်။
"ကောင်းပြီလေ...မင်းက တခြားသူတွေကို ဒူးထောက်ခိုင်းရတာ အရမ်းသဘောကျတယ်ဆိုမှတော့...မင်း ဆက်ပြီးမတ်တတ်ရပ်မနေနဲ့တော့"
လုယွီက သူ၏လက်ချောင်းဖြင့် လေဟာနယ်အားထိတွေ့လိုက်ရာ ရုတ်ချည်းဆိုသလိုပင် အစွမ်းထက်သော ဓားချီလှိုင်းများက သူ၏လက်ချောင်းထိပ်၌ စုဝေးလာသည်။
လုယွီ၏လှုပ်ရှားမှုကိုကြည့်ပြီးနောက် လျောင်ရှင်းချန်က အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုလေ၏။
"မင်းတို့ လှုပ်ရှားဖို့မလိုအပ်ဘူး...ဒီကောင်လေးမှာ ဆေးပညာစွမ်းရည် နည်းနည်းပဲရှိတာ...သူ့မှာ ခွန်အားအများကြီး ရှိမှာမဟုတ်ဘူး"
လှုပ်ရှားမှုပြုလုပ်ရန် ဟန်ပြင်နေသော လေဟာနယ်ဓားပြများက အနည်းငယ်တွန့်ဆုတ်စွာဖြင့် ရပ်တန့်လိုက်ကြသည်။သူတို့၏တာဝန်မှာ လျောင်ရှင်းချန်အား ကာကွယ်ရန်ပင်။
လေဟာနယ်ဓားပြများ သံသယဝင်နေသည်ကိုကြည့်ပြီး လျောင်ရှင်းချန်က အပြုံးနှင့်အတူ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"မင်းတို့ စိတ်အေးအေးထားပါ...ဒီကောင်လေးအကြောင်းကို ငါ ကောင်းကောင်းသိတယ်...သူ့ရဲ့ခွန်အားက ငါ့ထက်နိမ့်ကျတာ သေချာတယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါက ပင်မတပည့်တစ်ယောက်လေ...သူက အပြင်စည်းတပည့်....."
လျောင်ရှင်းချန်၏စကားအဆုံးမသတ်သေးမီမှာပင် လုယွီ၏ဆေဘာဓားချီလှိုင်းများက သူ့ထံသို့ ရောက်ရှိလာခဲ့သည်။
ဝှစ်...ဝှစ်...
ခပ်အုပ်အုပ်အသံနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ လျောင်ရှင်းချန်၏ခြေထောက်နှစ်ဖက်လုံး ချက်ချင်းပင် ပြတ်တောက်သွားပေ၏။
သူ၏ခြေထောက်ပြတ်တောက်သွားသည်နေရာမှနေ၍ သွေးများယိုစီးထွက်လာပြီး လေထုအတွင်းသို့ပင် ဖြာကျသွားသည်။
လျောင်ရှင်းချန်၏မျက်လုံးများ ပြူးကျယ်နေပြီး အံ့အားသင့်မှုအပြည့်ဖြင့် လုယွီအား မော့ကြည့်နေသည်။ရုတ်တရက် သူ၏ခြေထောက်မှနာကျင်မှုကို ခံစားလိုက်ရပြီး သူက စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။
ခြေထောက်နှစ်ဖက်ဆုံးရှုံးသွားသဖြင့် လျောင်ရှင်းချန်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အားအင်ချိနဲ့စွာ ရုန်းကန်နေရသည်။
"အရင်တိုက်ပွဲတွေကတည်းက ငါ မင်းကို ကြည့်နေတာ...မင်းက စကားအရမ်းများတာပဲ"
လုယွီက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ပြောဆိုသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိ စောင့်ကြည့်နေကြသောတပည့်များထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
မည်သို့ပင်ဆိုစေကာမူ လျောင်ရှင်းချန်သည် တစ်ချိန်က ပင်မတပည့်တစ်ယောက် ဖြစ်ခဲ့ပေ၏။
ဤအပြင်စည်းတပည့်သည် မည်သည်ကြောင့် ယခုလောက်ထိ ခွန်အားကြီးမားနေရသနည်း။
"သူ့ကို သတ်ကြစမ်း"
လျောင်ရှင်းချန်သည် လုယွီကိုလက်ညှိုးညွှန်၍ ဒေါသတကြီး အော်ငေါက်လိုက်သည်။
ကျင့်ကြံသူများသည် သူတို့၏ခြေထောက်ဆုံးရှုံးသွားသည့်တိုင် တချို့နည်းလမ်းများဖြင့် ပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်နိုင်သည်။
သို့ရာတွင် သူ၏မောက်မာသောအမူအကျင့်အရ သူသည် လုယွီကဲ့သို့နာမည်မရှိသောလူ၏လက်အတွင်း၌ သူကိုယ်သူရှုံးနိမ့်ခွင့်မပြုနိုင်ချေ။
လေဟာနယ်ဓားပြများသည် နံဘေး၌မတ်တတ်ရပ်ကာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။သို့ရာတွင် လျောင်ရှင်းချန် ထပ်မံ၍စကားမဆိုမီမှာပင် သူတို့က လုယွီထံသို့ တဟုန်ထိုး ပြေးဝင်လိုက်ကြ၏။
ဤနေရာတွင် လေဟာနယ်ဓားပြငါးယောက်ရှိနေပြီး သူတို့အားလုံးသည် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် ရွှေမိုးကြိုးဂိုဏ်းမှတပည့်များသည် ကူကယ်ရာမဲ့စွာဖြင့် တောက်ခေါက်လိုက်ကြသည်။ဝင်္ကပါအား ဦးဆောင်နေသော အကြီးအကဲပင်လျှင် နေရာ၌မတ်တတ်ရပ်၍ ထိုမြင်ကွင်းအား စူးစိုက်၍ကြည့်နေသည်။
လေလွင့်အင်မော်တယ်ကျင့်ကြံသူများကို မည်သည့်ဂိုဏ်းတွင်မဆို အဓိကထောက်တိုင်ကြီးများဟု သတ်မှတ်နိုင်ပေ၏။
ဤလေဟာနယ်ဓားပြအုပ်စုအတွင်းတွင် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် လက်အောက်ငယ်သားအဆင့်သာဖြစ်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"ငါတို့ ခုဏက ဝင်္ကပါကနေ ထွက်မသွားမိတာ ကံကောင်းတာပဲ"
"အဲ့ဒီကောင်လေးက သူ့ကိုယ်သူ သေလမ်းရှာနေပုံပဲ...သူက ခွန်အားနည်းနည်းရှိတာနဲ့ပဲ သူ လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်လို့ ထင်နေပုံပဲ...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ"
"လေလွင့်အင်မော်တယ်တွေအများကြီးက သူ့ကိုဝိုင်းပြီးတိုက်ခိုက်နေကြတာ...သူ ချက်ချင်းသေသွားမှာကို ငါ စိုးရိမ်မိတယ်"
ဤအချိန်အခိုက်အတန့်တွင် နံဘေးဘက်မှစောင့်ကြည့်နေသူများသည် လုယွီအား လှောင်ပြောင်သရော်ရန်ကိုသာ ရွေးချယ်လိုက်ကြသည်။
ဤကဲ့သို့ကိစ္စဖြစ်ပျက်လာသဖြင့် မည်သူကမျှ ဝင်ရောက်တိုက်ခိုက်လိုခြင်းမရှိချေ။
ဝင်္ကပါအားဦးဆောင်နေသော အကြီးအကဲသည် သူ၏မုတ်ဆိတ်မွှေးကိုပွတ်သပ်၍ လေသံယဲ့ယဲ့ဖြင့် ပြောဆိုသည်။
"ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...သူက ငါတို့ရွှေမိုးကြိုးဂိုဏ်းရဲ့မျိုးစေ့ကောင်းလေးပဲ...ဒါပေမယ့် အခုလက်ရှိချိန်မှာ ရွှေမိုးကြိုးဂိုဏ်း ဆက်ပြီးတည်ရှိနိုင် မတည်ရှိနိုင်ဆိုတာတောင် မေးခွန်းထုတ်စရာဖြစ်နေပြီ"
ပတ်ဝန်းကျင်ရှိတပည့်များသည် အကြီးအကဲ၏ပြောစကားကိုကြားချိန်တွင် သူတို့က မျက်မှောင်ကြုတ်လိုက်ကြပြီး မည်သို့ဆက်လုပ်ရမည်ကို စဥ်းစားတွေးတောနေကြ၏။
လုယွီကမူ သူ့ထံသို့ တိုးဝင်လာသော လေဟာနယ်ဓားပြများကို တည်ငြိမ်အေးဆေးစွာ စောင့်ကြည့်နေလေသည်။
"လေလွင့်အင်မော်တယ်တစ်စုကများ...ငါ့ရှေ့မှာလာပြီး အရိပ်အယောင်ပြဖို့တောင် မင်းတို့က ထိုက်တန်လို့လား...သေလမ်းရှာနေကြတာပဲ"
လုယွီ၏မျက်လုံးများအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာသည်။
Chapter 1724
လုယွီ၏အော်ငေါက်သံနှင့်အတူ ပတ်ဝန်းကျင်ရှိလေထုအတွင်း၌ ကျယ်လောင်သောမြည်ဟီးသံတစ်သံ ထွက်ပေါ်လာပေ၏။
လေဟာနယ်ဓားပြများသည် မျက်မှောက်ကြုတ်လိုက်ကြပြီး သူတို့က တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။
"တိုက်ပွဲကိုမြန်မြန် အဆုံးသတ်လိုက်တော့"
လေဟာနယ်ဓားပြများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာကြသည်။
သူတို့သည် ယခင်ကတည်းက အချင်းချင်းပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်၍ အလွန်အပေးအယူမျှပြီး လုယွီကို မတူညီသောဘက်ပေါင်းစုံမှနေ၍ တိုက်ခိုက်လိုက်ကြ၏။
သူတို့၏တိုက်ခိုက်မှုများသည် လုယွီ ရွေ့လျားနိုင်သော မည်သည့်နေရာကိုမဆို ပိတ်ဆို့ထားပြီးဖြစ်လေသည်။
"ကောင်လေး...သေပေတော့"
လေဟာနယ်ဓားပြနှစ်ယောက်က လုယွီထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။
ထိုလေဟာနယ်ဓားပြများ သူ့ထံချဥ်းကပ်လာသည်ကိုကြည့်ပြီး လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"သေရမှာက မင်းတို့ကောင်တွေလေ...ဟုတ်တယ်မလား"
ရုတ်ချည်းဆိုသလိုပင် သူက ခြေတစ်လှမ်းရှေ့တက်ပြီး မှော်စွမ်းအားများကို သူ၏လက်ဖဝါးအတွင်း၌စုစည်းကာ ရိုက်ထုတ်လိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး
သူ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တုန်ခါသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ် တွန့်လိမ်စပြုလာပေ၏။မြောက်မြားစွာသောလူများသည် ကျယ်လောင်သောမြည်ဟီးသံကြီးကို သူတို့၏နားစည်များကွဲလုမတက် ကြားလိုက်ရသည်။
ဘုန်း....
လုယွီထံတိုးဝင်လာသော လေဟာနယ်ဓားပြငါးယောက်လုံး အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။
ရှေ့ဆုံးသို့ရောက်ရှိနေသော လေဟာနယ်ဓားပြနှစ်ယောက်သည် လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် အသားပြားဘဝသို့ ပြောင်းလဲသွားပေ၏။တခြားသူသုံးယောက်သည် လုယွီနှင့်အတန်ငယ်ကွာဝေးနေသဖြင့် နောက်သို့လွင့်ထွက်သွားကြသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပြီး သူတို့၏ရင်ညွှန့်ရိုးများ ကွေးကောက်နေသည်။သွေးများက သူတို့၏ပါးစပ်များမှ အဆက်မပြတ်ယိုစီးကျလာပေ၏။သူတို့က လုယွီကိုလက်ညှိုးညွှန်၍ စကားပြောဆိုရန် ကြံရွယ်လိုက်သော်လည်း သူတို့၏အမြင်အာရုံများမှေးမှိန်လာကာ သေဆုံးသွားတော့သည်။
လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် လေလွင့်အင်မော်တယ်ငါးယောက်လုံး သေဆုံးသွားလေပြီ။
ပတ်ဝန်းကျင်ရှိလူများအားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။
ဒေါင်....
ထိုမြင်ကွင်းကိုကြည့်နေသော တပည့်များအနက်မှ တစ်စုံတစ်ယောက်က ကြက်သေသေပြီး သူ၏ဓားကို အောက်သို့လွှက်ချလိုက်မိသည်။
သို့ရာတွင် မည်သူကမျှ ထိုကိစ္စကိုဂရုစိုက်ခြင်းမရှိဘဲ သူတို့က လုယွီကိုသာ စူးစိုက်၍ ကြည့်နေကြသည်။
ထိုအရာက မည်ကဲ့သို့ခွန်အားမျိုးဖြစ်သနည်း...
သူ ဤမျှထိ ပုံကြီးချဲ့တိုက်ခိုက်ပြရန် လိုအပ်သလော....
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူများသည် လေလွင့်အင်မော်တယ်များဖြစ်ပြီး အညတရလူတသိုက်မဟုတ်ချေ။
ထိုလူများသည် လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခံရသည်အထိ အလွန်အင်အားနည်းနေသလော....
"ငါ မှားသွားတယ်...ငါ မှားသွားပါတယ်...ငါ့ကို မသတ်ပါနဲ့...ငါက မင်းအတွက် အသုံးဝင်မှာပါ...ငါက ဆေးတွေဖော်စပ်ပေးနိုင်တယ်"
လျောင်ရှင်းချန်သည် ထိတ်လန့်ကြောက်ရွံစွာဖြင့် အသနားခံတောင်းပန်နေလေသည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက....မင်းလိုကောင်ကို ငါ့အတွက်ဆေးဖော်စပ်ပေးဖို့ လိုအပ်လို့လား"
"ငါ...."
လျောင်ရှင်းချန်၏စကားလုံးများ ရပ်တန့်သွားလေ၏။
သူ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ဆေးဖော်စပ်ခြင်းဖြစ်သည်။သို့ရာတွင် လုယွီ၏ရှေ့၌ သူ၏ဆေးပညာစွမ်းရည်သည် အရေးမပါတော့ချေ။
ထိုလူငယ်သည် ထိပ်တန်းအဆင့်ရွှမ်ဆေးလုံးကိုပင် သန့်စင်နိုင်သူဖြစ်ရာ သူ ဟူသော လျောင်ရှင်းချန်ကို မည်သည်ကြောင့် လိုအပ်မည်နည်း။
လျောင်ရှင်းသည် အလျှင်အမြန်တွေးတော၍ အော်ဟစ်ပြောဆိုလိုက်သည်။
"ငါ့ဆရာသခင်ရဲ့ရတနာတွေ ဘယ်နေရာမှာထားလဲဆိုတာ ငါသိတယ်...ငါ မင်းကို အဲ့ဒီနေရာခေါ်သွားပေးမယ်"
"ငါ့ရဲ့ဆရာသခင်က တစ်ဝက်တစ်ပျက်ရွှမ်အဆင့်ဆေးပညာရှင်ပဲ...သူ့ရဲ့ဘဝတလျှောက်လုံးမှာ ရတနာတွေအများကြီးကို စုဆောင်းထားတယ်...မင်း ငါ့ကို လွှက်ပေးမယ်ဆိုတာနဲ့ ငါ မင်းကို အဲ့ဒီနေရာခေါ်သွားပေးမယ်...ဘယ်လိုသဘောရလဲ"
လျောင်ရှင်းချန်သည် နောက်ဆုံးကောက်ရိုးတစ်မျှင်ကို တွေ့ရှိသွားပုံဖြင့် လုယွီအား အသနားခံတောင်းပန်နေလေ၏။
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"မင်းရဲ့ဆရာသခင်က မင်းကို သင်ကြားပေးပြီး မြေတောင်မြှောက်ပေးခဲ့တာ...ဒါက မင်း သူ့ကို ဆက်ဆံတဲ့ပုံစံလား"
လုယွီက ခက်ထန်တင်းမာသောအသံဖြင့် ပြောဆိုသည်။
ဤလျောင်ရှင်းချန်သည် ကျေးဇူးမသိတက်သောလူစားမျိုးဖြစ်သည်မှာ သိသာထင်ရှားလှ၏။
လျောင်ရှင်းချန်က အော်ဟစ်ပြောဆိုသည်။
"အဲ့ဒီလူအိုကြီးက ငါ့ကိုအရင်ဆုံး အကြင်နာကင်းမဲ့ခဲ့တာ...တကယ်လို့ အဲ့ဒီရတနာတွေ မင်းကို ငါ မပေးဘူးဆိုရင်လည်း....အဲ့ဒီရတနာတွေက ဖုန်တက်သွားရုံကလွဲပြီး ဘာမှမထူးဘူး"
"တောင်းပန်ပါတယ်....ငါက အဲ့ဒီရတနာတွေကို စိတ်မဝင်စားဘူး"
လုယွီက ခေါင်းခါပြပြီးနောက် အေးစက်တင်းမာသောအကြည့်ဖြင့် လျောင်ရှင်းချန်အားကြည့်လိုက်သည်။
"မင်းကတော့...သေတာပဲကောင်းတယ်"
ထို့နောက် လုယွီ၏လက်ညှိုးထိပ်မှ ဆေဘာဓားချီတစ်လှိုင်းထွက်ပေါ်လာကာ လျောင်ရှင်းချန်အား သတ်ဖြတ်လိုက်တော့သည်။
လီဟူရှင်းက ကြက်သေသေနေသောအမူအယာဖြင့် လုယွီအား စူးစိုက်၍ကြည့်နေလေ၏။သူမ မတော်တဆကယ်တင်ခဲ့မိသောလူသည် ဤမျှထိသန်မာအားကောင်းနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ထပ်...ထပ်....
လုယွီသည် သူ၏လက်ဖြင့် လီဟူရှင်း၏ခန္ဓာကိုယ်မှ နေရာတချို့သို့ တို့ထိလိုက်၏။ရုတ်ချည်းဆိုသလိုပင် လီဟူရှင်း၏မရီးဒါန်းများအားလုံး ပြန်ပွင့်သွားတော့သည်။
"နင် ထွက်သွားတာပိုကောင်းလိမ့်မယ်...တကယ်လို့ သူတို့ရဲ့လူတွေကို နင် သတ်လိုက်တယ်ဆိုတာကိုသာ သူတို့သိသွားရင်...နင့်ကိုအလွတ်ပေးမှမဟုတ်ဘူး"
လီဟူရှင်းက ပျာပျာသလဲ ပြောဆိုလေ၏။
Chapter 1725
လုယွီ ထွက်ခွာမသွားသေးသည်ကိုကြည့်ပြီး လီဟူရှင်းက စိုးရိမ်ပူပန်တကြီး ဆက်လက်ပြောဆိုသည်။
"နင်က အရမ်းအစွမ်းထက်တယ်ဆိုပေမယ့်...တစ်ဖက်လူတွေက လေဟာနယ်ဓားပြတွေလေ...နင် သူတို့ကို အံ့တုနိုင်မှာမဟုတ်ဘူး"
"ပြဿနာမရှိပါဘူး"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
သူ ဤနေရာသို့လာရခြင်းမှာ လေဟာနယ်ဓားပြများ၏လက်အတွင်းမှ မြေပုံကြောင့်ပင်။အကယ်၍ ယခင်ကဆိုပါက လုယွီသည် တာအိုသခင်၏အမွေအနှစ်နယ်မြေအကြောင်းကို တွေးတောမိရုံသာရှိပြီး များစွာစိတ်ဝင်စားမှုမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင် သူ့အားတိုက်ခိုက်ခဲ့သော လေဟာနယ်ဓားပြမှတဆင့် တာအိုသခင်၏ဘဝတသက်တာ ချမ်းသာကြွယ်ဝမှုများ ထိုနေရာ၌ရှိနေကြောင်း လုယွီ သိရှိခဲ့ရသည်။
သူ ထိုပစ္စည်းများကို အရယူရပေမည်။
"နင် တကယ်ပဲ နင့်အသက်ကို မလိုချင်တော့ဘူးလား...ငါက နင့်အတွက် ပြောနေတာလေ"
လီဟူရှင်းက မြေပြင်ပေါ်ခြေဆောင့်နင်းပြီး ပြောဆိုသည်။လုယွီသည် ကျိုးကြောင်းဆီလျော်ခြင်းမရှိဟု သူမက ခံစားရပေ၏။
လုယွီသည် လေဟာနယ်ဓားပြငါးယောက်ကို တမဟုတ်ချင်းသတ်ဖြတ်ခဲ့သည်ကို လီဟူရှင်း မြင်တွေ့ခဲ့ရသည်။သို့ရာတွင် သူမ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ထိုလူငါးယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
လီဟူရှင်းက ထိုသူတစ်စုကို ယင်ကောင်ငယ်လေးတစ်သိုက်ဟုသာ တွေးထင်နေပေ၏။
သူတို့နှစ်ယောက် အငြင်းပွါးနေစဥ်မှာပင် ကျယ်လောင်သောမြည်ဟီးသံတစ်သံသည် ပျက်စီးနေသောပင်မခန်းမမှနေ၍ ထွက်ပေါ်လာသည်။
လီဟောင်ယန်းနှင့်ယန်ချမ်းသည် မူလက ပြင်းထန်သောတိုက်ပွဲကိုဆင်နွှဲနေကြသော်လည်း ယန်ချမ်း၏အနီးအနား၌ အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ရှိနေသည်။
လေဟာနယ်ဓားပြများသည် ရွှေမိုးကြိုးဂိုဏ်းအား တိုက်ခိုက်ရန် အမှန်တကယ်ကိုပင် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူသုံးယောက်ကို စေလွှက်လိုက်၏။
"သူရဲဘောကြောင်တဲ့ကောင်တွေ...မင်းတို့က ငါတို့ဂိုဏ်း ဘာမှမပြင်ဆင်ရသေးတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက် ဝင်တိုက်ခိုက်တယ်...အခု တော်ဝင်နန်းတော်က မင်းတို့ကို သတိပြုမိသွားပြီ....တော်ဝင်နန်းတော်ကအရာရှိတွေနဲ့စစ်သားတွေက နေရာအနှံ့မှာရှိနေတာ...မင်းတို့က ဘယ်လိုသတ္တိနဲ့ ဒီလောက်ထိမောကမောက်မာမာ လုပ်ရဲတာလဲ...တော်ဝင်နန်းတော်ကစစ်တပ်ရောက်လာရင်...မင်းတို့ သေဖို့သာပြင်ထားကြတော့"
လီယောင်ယန်း၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေသည်။သူသည် အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ရောက်ရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဒဏ်ရာများပြည့်နှက်နေပေ၏။
လီဟောင်ယန်းသည် လောကီအင်မော်တယ်များအကြားတွင် အစွမ်းထက်ကျင့်ကြံသူဟုဆိုနိုင်သော်လည်း ကျင့်ကြံဆင့်နယ်ပယ်တူသုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် သူ မည်သို့မျှမတက်နိုင်တော့ချေ။
ယန်ချမ်းက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။
"ငါတို့က မင်းတို့ရွှေမိုးကြိုးဂိုဏ်းလိုစုတ်ပြတ်သတ်နေတဲ့နေရာမျိုးကို တကယ်စိတ်ဝင်စားမယ်လို့ မင်း ထင်နေတာလား...တကယ်လို့ နတ်ဘုရားမိုးကြိုးသံမဏိကြောင့်သာမဟုတ်ရင် ငါတို့က ဒီနေရာမှာ အချိန်ဖြုန်းမနေဘူး"
လီဟောင်ယန်း၏စိတ်အတွင်း၌ အတွေးပေါင်းစုံဖြတ်ပြေးသွားပြီး သူက အလျင်စလို အော်ဟစ်လိုက်၏။
"မင်းတို့ နတ်ဘုရားမိုးကြိုးသံမဏိကိုယူသွားနိုင်တယ်...ပြီးတော့ ဘဏ္ဍာတိုက်ထဲက ရတနာတွေအားလုံးကိုလည်း ယူသွားလို့ရတယ်...မင်းတို့ ရွှေမိုးကြိုးဂိုဏ်းကနေ ထွက်သွားသရွေ့ ငါ အားလုံးပေးနိုင်တယ်"
ယန်ချမ်း၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဂိုဏ်းချုပ်လီက အခြေအနေကို နားလည်သဘောပေါက်လွယ်သားပဲ...ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော့"
ရုတ်တရက် ယန်ချမ်းက လီဟူရှင်းဘက်သို့လှည့်၍ ဆက်လက်ပြောဆိုလိုက်သည်။
"ဒီကောင်မလေးကိုလည်း...ငါ သဘောကျတယ်...ငါ သူ့ကိုခေါ်သွားမယ်"
ဘာ....
ယန်ချမ်းကိုကြည့်ရသည်မှာ အသက် ၅၀ ၆၀အရွယ်ခန့်ရှိနေလေပြီ။မည်သည်ကြောင့် သူ လီဟူရှင်းအား သဘောကျနှစ်ခြိုက်သည်ဟု ပြောဆိုသနည်း။
လီဟောင်ယန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက ပြောဆိုလိုက်၏။
"ငါ မင်း ကြိုက်နှစ်သက်နိုင်မယ့် တခြားမိန်းမတစ်ယောက်ကို ရှာပေးမယ်"
"မရဘူး...ငါက သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို စိတ်ဝင်စားတာ"
ယန်ချမ်း၏မျက်လုံးများက တောက်ပနေပေ၏။
"ဒီလို အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရှာတွေ့ဖို့မလွယ်ဘူး"
လီဟောင်ယန်း၏မျက်နှာပေါ်၌ ကျဥ်းထဲကျပ်ထဲရောက်နေသောအမူအယာမျိုး ထင်ဟပ်နေသည်။အကယ်၍ သာမာန်တပည့်တစ်ယောက်ကိုသာ တောင်းဆိုလာပါက သူ လက်လွှဲပေးပြီးလေပြီ။သို့ရာတွင် ယခုလက်ရှိချိန်၌ တခြားတစ်ဖက်မှ တောင်းဆိုလာသည်မှာ သူ၏သမီးဖြစ်နေသည်။
"မောက်မာလိုက်တဲ့ ခွေးမသားတွေ...ဂိုဏ်းချုပ်...သူတို့ရဲ့တောင်းဆိုမှုကို လက်မခံပါနဲ့"
အကြီးအကဲဌက်မွှေးက အော်ဟစ်ကြုံးဝါးပြီး ယန်ချမ်း၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။
အကြီးအကဲဌက်မွှေးက သူ့အားဟန့်တားထားသည်ကိုကြည့်ပြီး ယန်ချမ်းက ပြက်ရယ်ပြုရယ်မောလိုက်သည်။
"ငါက ဘယ်သူလဲလို့တွေးနေတာ...ခုကြည့်လိုက်တော့မှ ကိုယ့်နေရာကိုယ်မသိတဲ့ လေလွင့်အင်မော်တယ်တစ်ယောက်ပဲ...မင်းက ငါ့ရဲ့ကိစ္စတွေကို ဘယ်လိုသတ္တိမျိုးနဲ့ ဝင်စွက်ဖက်ရဲတာလဲ"
ယန်ချမ်းသည် ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်အတူ သူ၏လက်ကိုဆန့်ထုတ်၍ အကြီးအကဲဌက်မွှေး၏လည်ပင်းကိုဖိနှိပ်လေသည်။
အကြီးအကဲဌက်မွှေးသည် ယန်ချမ်းအား ဆန့်ကျင်တိုက်ခိုက်ရန်ရည်ရွယ်၍ သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများကို အကုန်အစင်ထုတ်လွှက်လိုက်၏။
"လေလွင့်အင်မော်တယ်လေးတစ်ယောက်ကများ...မင်း သေချင်နေတာလား"
ယန်ချမ်းက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ဝါးကို သာမာန်ကာလျှံကာ ရိုက်ထုတ်လိုက်သည်။
ဘန်း....
အကြီးအကဲဌက်မွှေး၏မှော်စွမ်းအင်အကာအကွယ်သည် လောကီအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌ အသုံးမဝင်တော့ချေ။သူက နောက်သို့လွင့်စင်ထွက်သွားပေ၏။
ယန်ချမ်းသည် ခြေတစ်လှမ်းထပ်မံရှေ့တက်၍ အကြီးအကဲဌက်မွှေးထံဦးတည်၍ လက်ဝါးနှစ်ချက် ထပ်မံရိုက်ထုတ်လိုက်သည်။အကြီးအကဲဌက်မွှေး၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူက အဆက်မပြတ် နောက်ဆုတ်နေရသည်။
"မင်းက ရွှေမိုးကြိုးဂိုဏ်းနဲ့ရန်သူမဖြစ်ချင်ဘူးဆိုတော့...ထပ်ပြီး လူမသတ်နဲ့တော့"
လီဟောင်ရန်းက အသံနက်ကြီးဖြင့် အော်ဟစ်လေ၏။
Thank For Reading.