← Chapters

အခန်း (၁၇၃၁-၁၇၃၅)

Vol. 90 Ch. 1731-1735

အခန်း (၁၇၃၁-၁၇၃၅)

Vol. 90 Ch. 1731-1735

Chapter 1731

ထိုစကားကိုကြားမှသာ ပတ်ဝန်းကျင်ရှိ ရွှေမိုးကြိုးဂိုဏ်းမှလူများ အသိပြန်ဝင်လာကြသည်။

အကြီးအကဲဌက်မွှေးက ကျယ်လောင်စွာ အောက်ဟစ်လိုက်သည်။

"အားလုံးပဲ...တိုက်ခိုက်ကြစမ်း...တစ်ယောက်မှ အသက်ရှင်ရက် ချန်မထားနဲ့"

ထိုစကားနှင့်အတူ သူသည်လည်း လေဟာနယ်ဓားပြတစ်ယောက်ထံသို့ ခုန်ဝင်လိုက်၏။

လောကီအင်မော်တယ်ငါးယောက်၏ထောက်ပံမှုမရှိသဖြင့် ကြွင်းကျန်နေသောလေဟာနယ်ဓားပြများသည် အနည်းငယ်မျှပင် ခုခံတိုက်ခိုက်နိုင်ခြင်းမရှိတော့ပဲ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရတော့သည်။

"ကောင်လေး...မင်းက အရမ်းသန်မာအားကောင်းတယ်ဆိုတာကိုတော့ ငါ ဝန်ခံတယ်...သနားစရာကောင်းတာတစ်ခုက မင်း ငါတို့ကို ရန်စစော်ကားခဲ့တာပဲ...ဒီကောင်းကင်နဲ့မြေကြီးကြားမှာ မင်း နေနေသရွေ့ မင်းမှာ အသက်ရှင်သန်နိုင်မယ့်အခွင့်အရေးမရှိတော့ဘူး"

ယန်ချမ်း၏​ခြေလက်လေးချောင်းမှ အရိုးများအားလုံး ကျိုးပဲ့နေပြီး သူသည် မြေပြင်ပေါ်၌ ရွှံပုံကြီးတစ်ပုံကဲ့သို့ ပျော့ခွေနေသည်။

သို့ရာတွင် သူက လုယွီကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေဆဲပင်။

ထိုအချိန်မှာပင် လီဟောင်ယန်းသည် လေထုအတွင်းသို့ ပျံဝဲတက်သွားပြီး ယန်ချမ်းအား ကန်ကျောက်လိုက်၏။

"မင်းက အခုထိ မောက်မာနေတုန်းပဲလား"

ယန်ချမ်း၏ပါးစပ်မှ သွေးများယိုစီးကျလာသော်လည်း သူ၏မျက်နှာပေါ်၌ ခနဲ့တဲ့တဲ့အပြုံးတစ်ခုက ထင်ဟပ်နေဆဲပင်။

"ငါတို့ရဲ့စစ်ကူတွေရောက်လာတာနဲ့....မင်းတို့ရွှေမိုးကြိုးဂိုဏ်းကလူတွေ တစ်ယောက်မကျန် အသတ်ခံရမှာပဲ"

အနက်ရောင်မှော်စွမ်းအားအမျှင်တန်းများက ရုတ်တရက် ယန်ချမ်း၏ရှေ့၌ စုဝေးလာသည်။

ထိုမှော်စွမ်းအားများ အဆက်မပြတ်စုဝေးလာမှုနှင့်အတူ သွေးနီရောင်တံဆိပ်ပြားတစ်ခုက ရုတ်တရက် ယန်ချမ်း၏ရှေ့၌ ထွက်ပေါ်လာပေ၏။

ထိုတံဆိပ်ပြားပေါ်တွင် နဂါးနက်တစ်ကောင် ပျံဝဲပြီး ဟိန်းဟောက်နေပုံကိုရေးထွင်းထားကာ အလွန်အမင်းရက်စက်ကြမ်းကြုတ်ပုံ ပေါ်လွင်နေသည်။

"မကောင်းတော့ဘူး...သူ့မှာ လုပ်ကြံသတ်ဖြတ်ခြင်းတံဆိပ်ပြားရှိနေတယ်"

လီဟောင်ယန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်၏။

ပတ်ဝန်းကျင်ရှိလူများသည် ထိုတံဆိပ်ပြားကိုမြင်ချိန်တွင် သူတို့သည်လည်း ကူးစက်ရောဂါတစ်ခုကို တွေ့မြင်လိုက်ရသကဲ့သို့ မြေကွက်လပ်ထိရောက်သည်အထိ အလျှင်အမြန်နောက်ဆုတ်ပြေးကြသည်။

သို့ရာတွင် ယန်ချမ်း၏ပစ်မှတ်သည် သူတို့မဟုတ်ချေ။

"တကယ်လို့ မင်းကြောင့်သာမဟုတ်ရင်...ဒီလိုတန်ဖိုးရှိတဲ့အရာမျိုးကို အခုချိန်မှာ အသုံးပြုရမှာမဟုတ်ဘူး"

သူက လုယွီကိုလက်ညှိုးညွှန်၍ အော်ဟစ်ပြောဆိုသည်။

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်တံဆိပ်ပြားသည် အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်သွားပေ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူ၏နတ်ဘုရားစိတ်အာရုံဖြင့်ကြည့်လိုက်ရာ သူ၏ခေါင်းထက်၌ 'သတ်'ဟူသော အနက်ရောင်စာလုံးကြီးတစ်လုံး ထွက်ပေါ်လာခြင်းကို တွေ့မြင်မိသည်။

ထို 'သတ်'ဟူသောစာလုံးသည် တခြားသူများ၏အမြင်တွင် မျက်စိဖမ်းစားဖွယ်ဖြစ်နေပြီး ထင်ရှားလှကာ ဖုံးကွယ်ထားရန် လွန်စွာခက်ခဲသည်။

"ဟား ဟား ဟား...မင်းက လုပ်ကြံသတ်ဖြတ်ခြင်းတံဆိပ်ပြားရဲ့ရွေးချယ်ခံဖြစ်သွားပြီ....မင်းဆီကို အဆုံးမရှိတဲ့ လုပ်ကြံသတ်ကြံမှုတွေရောက်လာမှာကို စောင့်ဆိုင်းနေပေတော့"

ယန်ချမ်း၏ရယ်မောသံအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်တချို့ ရောယှက်နေပေ၏။

လုပ်ကြံသတ်ဖြတ်ခြင်းတံဆိပ်ပြားသည် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ ဖြန့်ချီထားသော အမိန့်ပေးတံဆိပ်ပြားဖြစ်သည်။

လုပ်ကြံသတ်ဖြတ်ရန် အမိန့်ထုတ်ခံထားရသည့် မည်သူ့ကိုမဆို တစ်စုံတစ်ယောက်မှ သတ်ဖြတ်နိုင်သည်နှင့် ထိုသူသည် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသို့သွား၍ သက်ဆိုင်ရာဆုကြေးငွေကို ထုတ်ယူနိုင်ပေမည်။

ယေဘုယျကျကျပြောဆိုရလျှင် လုပ်ကြံသတ်ဖြတ်ခြင်းတံဆိပ်ပြားများကို ကြေးတံဆိပ် ငွေတံဆိပ် ရွှေတံဆိပ်နှင့် ပို၍အဆင့်မြင့်သော ခရမ်းရွှေတံဆိပ်ဟူ၍ ခွဲခြားထားသည်။

ယခုလက်ရှိ လုယွီပေါ်သက်ရောက်နေသည်မှာ လုက်ကြံသတ်ဖြတ်ခြင်း ကြေးအမိန့်တော်ဖြစ်သည်။

အကယ်၍ သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်နေလျှင်ပင် ​လုပ်ကြံသတ်ဖြတ်ခြင်းကြေးအမိန့်တော်ကိုသယ်ဆောင်ထားရသဖြင့် သာမာန်အတိုင်းဆိုလျှင် သူ အသက်ရှင်သန်နိုင်ရန် အခွင့်အရေးမရှိချေ။

"တာအိုမိတ်ဆွေလေး...မင်းက ငါတို့ရွှေမိုးကြိုးဂိုဏ်းကို ကူညီခဲ့ပေမယ့်...လုပ်ကြံသတ်ဖြတ်ခြင်းတံဆိပ်ပြားနဲ့ခတ်နှိပ်တာကို မင်း ခံခဲ့ရတယ်...ဒါက ငါတို့ရွှေမိုးကြိုးဂိုဏ်းရဲ့အမှားလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်...တကယ်လို့ မင်း လိုအပ်တာရှိရင် မင်း ပါးစပ်ကဟလိုက်တာနဲ့...ငါတို့က တက်နိုင်သမျှ အစွမ်းကုန်ဖြည့်ဆည်းပေးမယ်"

လီဟောင်ယန်းက စိတ်မကောင်းဖြစ်နေသောလေသံဖြင့် ပြောဆိုသည်။

သို့ရာတွင် လီဟောင်ယန်း၏မျက်လုံးအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

လုပ်ကြံသတ်ဖြတ်ခြင်းတံဆိပ်ပြားသည် သူထံသို့ကျရောက်မလာသည်မှာ သူ့အတွက် ပျော်ရွှင်ဝမ်းမြောက်စရာကိစ္စတစ်ခုပင်။

သူ လုယွီအား တစ်စုံတစ်ခုပေးအပ်ပြီး အဝေးသို့နှင်ထုတ်နိုင်သည်နှင့် သူတို့ရွှေမိုးကြိုးဂိုဏ်း၏ ဘေးဒုက္ခကြီး ချုပ်ငြိမ်းသွားလေပြီ။

လုယွီသည် လီဟောင်ယန်း၏အတွေးများကို ရှင်းရှင်းလင်းလင်း သိမြင်လေသည်။သူက ခေါင်းခါပြလိုက်၏။

"မလိုအပ်ဘူး"

လုယွီက လက်ဆန့်ထုတ်လိုက်ရာ ယန်ချမ်း၏ခန္ဓာကိုယ်မှနေ၍ တစ်စုံတစ်ခုပျံဝဲထွက်လာပြီး သူ၏လက်အတွင်းသို့ ဆင်းသက်လာသည်။

သူက လီဟူရှင်းကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"အရင်က မင်း ငါ့အသက်ကို ကယ်တင်ခဲ့တယ်...အခု ငါက ရွှေမိုးကြိုးဂိုဏ်းကို ပြန်ပြီးကယ်တင်ပေးပြီးပြီ...မင်းနဲ့ငါကြားမှာ ဘာအကြွေးမှမရှိတော့ဘူး"

ထို့နောက် လုယွီက ခြေတစ်ချက်ဆောင့်နင်းပြီး လေထုအတွင်းသို့ပျံဝဲကာ ရွှေမိုးကြိုးဂိုဏ်းမှ ထွက်ခွါသွားတော့သည်။

"နင်...."

လီဟူရှင်းက လုယွီအား ဟန့်တားလိုသော်လည်း လီဟောင်ယန်း၏ဖမ်းချုပ်ထားခြင်းကို ခံလိုက်ရ၏။

"သူ သွားပြီ...သူ သေသေ ရှင်ရှင် မင်း ဂရုစိုက်စရာမလိုဘူး"

လီဟောင်ယန်းက လီဟူရှင်းကို စူးစိုက်ကြည့်ပြီး ပြောဆိုသည်။

"အခုချက်ချင်း မင်းရဲ့အိမ်တော်ကို ပြန်သွားစမ်း"

Chapter 1732

လီဟူရှင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

"အဖေ...သူက ခုဏကတင် ကျွန်မတို့ကို ကူညီထားတာနော်"

လီဟောင်ယန်းက အော်ဟစ်လိုက်၏။

"မင်းခေါင်းထဲကို ရွှံတွေများဝင်နေတာလား...ငါတို့ ရွှေမိုးကြိုးဂိုဏ်းက ဒီလိုမျိုး ဘေးဒုက္ခကြီးနဲ့ရင်ဆိုင်ခဲ့ရတာ...ငါတို့ဂိုဏ်းရဲ့ ကံကြမ္မာပဲ...အဲ့ဒီကောင်လေးနဲ့ဘာမှမဆိုင်ဘူး"

သူသည် အလွန်တကိုယ်ကောင်းဆန်သူပင်။ယခုလက်ရှိချိန်၌ ရွှေမိုးကြိုးဂိုဏ်းသည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ရုတ်ချည်းဆိုသလိုပင် သူ၏အစစ်အမှန်မျက်နှာ ထွက်ပေါ်လာခဲ့သည်။

"ဂိုဏ်းချုပ်...ဒီသူခိုးကောင်တွေ နတ်ဘုရားမိုးကြိုးသံမဏိကို အဝေးကိုယူမသွားရသေးဘူး"

အကြီးအကဲတစ်ယောက်က ရုတ်တရက် အပျော်လွန်သွားသောလေသံဖြင့် အော်ဟစ်ပြောဆိုသည်။ထို့နောက် သူက လေဟာနယ်ဓားပြတစ်ယောက်၏နောက်ကျောတွင် ရစ်သိုင်းထားသော သံမဏိတုတ်တစ်ချောင်းကို ထုတ်ယူလိုက်၏။

ထိုသံမဏိတုတ်၏ကိုယ်ထည်တစ်ခုလုံး မည်းနက်နေသည်။သံမဏိတုတ်၏မျက်နှာပြင်ပေါ်တွင် မြောက်မြားစွာသောတိမ်တိုက်များ ယှက်ဖြာနေသည့် ရုပ်လုံးရုပ်ကြွများကို ရေးထွင်းထားသည်။

လီဟောင်ယန်းသည် အပျော်လွန်သွားပြီး သူက သံမဏိတုတ်ကိုကိုင်ဆောင်၍ မှော်မန္တန်တစ်ပုဒ်ကို အလျှင်အမြန်ရွတ်ဆိုလေ၏။

ရုတ်ချည်းဆိုသလိုပင် သံမဏိတုတ်သည် ပျံတဲသွားပြီး မြင့်မားသော တောင်တစ်လုံးအတွင်းသို့ ဝင်ရောက်သွားကာ ထူထပ်သိပ်သည်းသော မှော်စွမ်းအင်အလွှာကြီး ထွက်ပေါ်လာသည်။

ရွှေမိုးကြိုးဂိုဏ်း၏အထက်ကောင်းကင်ယံအား လွှမ်းခြုံထားသော ဂိုဏ်း၏မဟာအကာအကွယ်ဝင်္ကပါကြီး တဖန်ပြန်၍ အသက်ဝင်လာလေပြီ။

လီဟောင်ယန်းက စိတ်ကျေနပ်မှုရသွားပုံဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

"အရမ်းကောင်းတယ်...အခုချက်ချင်း ဂိုဏ်းကိုချိပ်ပိတ်ပြီးတော့ တော်ဝင်စစ်တပ်က အကူအညီကို တောင်းခံရမယ်...ဒီအချိန်အတောအတွင်းမှာ ဂိုဏ်းထဲကို ဘယ်သူကိုမှ ဝင်ခွင့်မပြုဘူး"

လီဟူရှင်းက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"အဖေ.. ကျွန်မတို့ သူ့ကို တကယ်ဂရုမစိုက်တော့ဘူးလား"

"ဟမ့်...မင်း အဲ့ဒီကောင်လေးရဲ့ခေါင်းပေါ်က လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်တော်ကို မမြင်ဘူးလား...အဲ့ဒီလိုလူမျိုးကို ဂိုဏ်းမှာခေါ်ထားမယ်ဆိုရင် ငါတို့ရွှေမိုးကြိုးဂိုဏ်းအတွက် ဘေးဒုက္ခတွေကိုပဲ သယ်ဆောင်လာလိမ့်မယ်...အဲ့ဒီအကြောင်းကို ဆက်ပြီးပြောဖို့ မလိုတော့ဘူး"

လီဟောင်ယန်းက အသံနက်ကြီးဖြင့် အော်ဟစ်လေ၏။

ထို့နောက် သူက လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

"လာကြစမ်း...သခင်မလေးကို အိမ်တော်ပြန်ပို့လိုက်ကြစမ်း"

ရုတ်ချည်းဆိုသလိုပင် အစေခံအမြောက်အများရောက်ရှိလာပြီး လီဟူရှင်းအား ပြင်ပသို့ ခေါ်ထုတ်သွားတော့သည်။

ရွှေမိုးကြိုးဂိုဏ်း၏ပြင်ပ၌...

လုယွီသည် အမည်နာမမရှိသောစွန့်ပစ်တောင်တစ်လုံးပေါ်သို့ ရောက်ရှိနေပြီး သိုလှောင်အိတ်များကို ဖွင့်လိုက်ကြ၏။

ထိုကြယ်ဓားပြများသည် အလွန်ချမ်းသာကြွယ်ဝပြီး သိုလှောင်အိတ်များအတွင်းတွင် အကြမ်းဖျင်းအားဖြင့် အင်မော်တယ်ကျောက်တုံးသန်းတစ်ရာကျော်နှင့်မှော်ရတနာအမြောက်အများ ရှိနေသည်။

သို့ရာတွင် ထိုအရာများသည် အရေးအကြီးဆုံးမဟုတ်ချေ။

လုယွီသည် သိုလှောင်အိတ်တစ်အိတ်အတွင်းမှ မပြည့်စုံသောမြေပုံအပိုင်းအစသုံးခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုမြေပုံအပိုင်းအစသုံးခုသည် လေလံရုံတွင် သူရှိနေစဥ်က လေလံမှူးဖော်ထုတ်ပြောဆိုခဲ့သော အရာများဖြစ်ပေမည်။လေဟာနယ်ဓားပြများသည် ထိုမြေပုံအပိုင်းအစသုံးခုအား မည်ကဲ့သို့ရှာဖွေစုဆောင်းထားသည်ကို သူ မသိရှိချေ။

လုယွီက မြေပုံအပိုင်းအစသုံးခုကို ပေါင်းစည်းလိုက်ရာ သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော တောင်တစ်လုံး၏ပုံရိပ် ထွက်ပေါ်လာသည်။

မြေပုံပေါ်၌ တာအိုသခင်၏အမွေအနှစ်နယ်မြေ တည်နေရာအား ညွှန်ပြထားသော အမှတ်အသားတစ်ခုရှိနေသည်။

"ဒါက ဒီနေရာကနေ အရမ်းမဝေးဘူးပဲ"

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်အားစစ်ဆေးလိုက်ရာ သူ သွားလိုသောတည်နေရာကို အလျှင်အမြန်ရှာဖွေတွေ့ရှိသွားပေ၏။

အချိန်နှစ်နာရီခန့်ကြာပြီးနောက် လုယွီသည် လူသူကင်းမဲ့သောတောင်တစ်လုံးထံသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည် အလွန်အမင်း တသီးတသန့်ဆန်ပြီး သူသည် ရှေးဟောင်းတောအုပ်ကြီးအတွင်းသို့ ဝင်လိုက်ရသည့်အလား ခံစားမိသည်။ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများက နေရာအနှံ့ပုန်းအောင်နေပြီး သစ်ပင်ကြီးများက နေ၏အလင်းရောင်ကိုပိတ်ဖုံးလုမတက် ကောင်းကင်ယံတခွင်လုံးအား ထူထပ်သိပ်သည်းစွာ အုပ်မိုးထားသည်။

လုယွီသည် လမ်းတလျှောက်လုံး လျှောက်လှမ်းလာရာ သူထံမှ ရှေးဟောင်းအင်မော်တယ်အရှီန်အဝါကြောင့် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများသည် မြေပြင်ပေါ်၌ ဝပ်တွားနေကြပြီး သူ၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။

"မြေပုံအရဆိုရင်...ဒါက အရှေ့မှာပဲ"

လုယွီက တီးတိုးရေရွတ်ပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။

တောအုပ်ကြီး၏အနက်ရှိုင်းဆုံးနေရာတွင် အချိန်အတော်ကြာ စွန့်ပစ်ခံထားပုံရသော မြို့ကြီးတစ်မြို့ရှိနေသည်။

ဤမြို့ဟောင်းကြီးစွန့်ပစ်ခံထားရသည်မှာ အချိန်မည်မျှ ကြာမြင့်နေပြီမှန်း မည်သူမျှမသိနိုင်ချေ။မြို့ရိုးများရှိအစက်အပျောက်များက အချိန်ကာလရှည်ကြာစွာ ဖြတ်ကျော်ခဲ့ရသည်ကို ညွှန်ပြနေပြီး နေရာအများစုမှာ အပျက်အစီးများအဖြစ်သာ ကျန်ရှိတော့ပေ၏။

ဤနေရာသို့အရောက်တွင် လုယွီသည် ရင်းနှီးကျွမ်းဝင်သောအငွေ့အသက်မျိုးကို အာရုံခံမိသည်။

ထိုခံစားချက်သည် သူ ယခင်က ဤနေရာသို့ ရောက်ရှိခဲ့ဖူးသည့်အလားပင်။

"ငါ အရင်ကသိကျွမ်းခဲ့ဖူးတဲ့ တာအိုသခင်တစ်ယောက်များ ဖြစ်နေမလား"

လုယွီက တီးတိုးရေရွတ်ပြီး မြို့အတွင်းသို့ ခြေချလိုက်၏။

လုယွီ မြို့အတွင်းသို့ဝင်သွားပြီးနောက် တခဏအကြာမှာပင် မှော်သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ဟိန်းဟောက်သံတစ်သံက တောင်ကြားအတွင်းမှ ထွက်ပေါ်လာသည်။

မြောက်များစွာသောသစ်ပင်များသည် အပိုင်းပိုင်းအစစဖြစ်သည်အထိ နင်းချေခံရပြီးနောက် တောင်ကုန်းတစ်လုံးစာမျှမြင့်မားသော လူဝံနက်ကြီးတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

လူဝံနက်ကြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

လူဝံနက်ကြီး၏ရှေ့၌ ကျင့်ကြံသူအမြောက်အများရှိနေပြီး ဤအချိန်တွင် သူတို့၏မှော်ရတနာများကို ထိန်းချုပ်ကာ အရှိန်ကုန်မြှင့်၍ ပျံသန်းနေကြသည်။

Chapter 1733

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူဆယ်ယောက်ကျော်သည် ဓားပျံများကိုစီးနင်း၍ အရူးအမူး ပြေးလွှားနေကြ၏။

"သလင်းကျောက်စိတ်ဝိညာဥ်ပန်းပွင့်ရဲ့ပြင်ပမှာ ဒီလိုမျိုး အစွမ်းထက်မှော်သားရဲတစ်ကောင်ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒီကောင်က သားရဲဘုရင်အဆင့်ကိုရောက်နေပြီ...ဂိုဏ်းကလေလွင့်အင်မော်တယ်တွေပဲ အဲ့ဒီကောင်ကို ရင်ဆိုင်နိုင်လိမ့်မယ်...ဟုတ်တယ်မလား"

ထိုလူစုအားဦးဆောင်လာသူသည် ယခင်က လေလံပွဲတွင် ပါဝင်ဆင်နွှဲခဲ့သော အန္တိမဝါယောဂိုဏ်းမှတပည့်ခေါင်းဆောင် ဖုန်းပိကြွယ်ဖြစ်သည်။

ဤအချိန်၌ ဖုန်းပိကြွယ်ထံတွင် တပည့်ခေါင်းဆောင်တစ်ယောက်၏ မြင့်မြတ်တည်ကြည်မှုမျိုး မရှိတော့ချေ။သူ၏အဝတ်အစားများအားလုံး စုတ်ပြတ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သူတောင်းစားတစ်ယောက်နှင့်သာ တူညီနေပေ၏။

သူ့နောက်မှ တခြားတပည့်များအားလုံးသည်လည်း ထိုပုံစံ ပေါက်နေသည်။

"စီနီယာအကို...ကျွန်တော်တို့ရဲ့မှော်စွမ်းအင်တွေ ကုန်တော့မယ်"

"ဟုတ်တယ်...ကျွန်တော်တို့ကို လူဝံကြီး ဖမ်းမိတော့မယ်"

တပည့်တချို့က ဖုန်းပိကြွယ်ကို အကူအညီတောင်းခံနေကြသည်။

အကယ်၍ တခြားနေရာသာဆိုပါက သူတို့သည် လူစုခွဲ၍ ထွက်ပြေးနိုင်သည်။သို့ရာတွင် ဤနေရာသည် နာမည်ကျော်ကြားသော တားမြစ်နယ်မြေဖြစ်ပေ၏။ဤနယ်မြေအတွင်း၌ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲ ဘယ်လောက်များများ ပုန်းအောင်းနေမည်ကို မည်သူမျှမသိနိုင်ချေ ။

အကယ်၍ သူတို့အားလုံး တစုတစည်းတည်းနေပါက လွတ်မြောက်ရန်လမ်းစကို တွေ့ကောင်းတွေ့နိုင်သည်။အကယ်၍ သူတို့လူစုခွဲ၍ ပြေးလွှားပါက ဤထက်ပို၍ကြောက်မက်ဖွယ်ကောင်းသော မှော်သားရဲများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ပေ၏။

ဖုန်းပိကြွယ်သည် နောက်သို့တစ်ချက်ပြန်လှည့်ကြည့်ပြီးနောက် အံ့တင်းတင်းကြိတ်ကာ သူ၏လည်ပင်းမှ ကျောက်စိမ်းဆွဲသီးကို ဆွဲဖြုတ်လိုက်သည်။

ထိုကျောက်စိမ်းအဆောင်လက်ဖွဲ့သည် ဆွဲဖြုတ်ပြီးသည်နှင့် ကျိုးပဲ့သွားပြီး တောက်ပသောအလင်းရောင်စဥ်တန်းများ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုနီးပါးပင် ပြင်းထန်သောလေမုန်တိုင်းကြီးသည် အရပ်မျက်နှာအဘက်ဘက်မှဝေ့ဝိုက်၍ တိုက်ခတ်လာပေရာ လူဝံမှော်သားရဲကြီးသည် ကူကယ်ရာမဲ့စွာဖြင့် အချိန်တခဏကြာ ရပ်တန့်လိုက်ရ၏။

"ဒါက ငါ့ကိုဆရာသခင်ပေးထားတဲ့အထဲက နောက်ဆုံးကျန်တဲ့ မှော်ရတနာပဲ...မြန်မြန် ပြေးကြတော့"

ဖုန်းပိကြွယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထို့နောက် သူက ​ဓားပျံကိုစီးနင်းကာ အရှေ့သို့ ထွက်ပြေးသွားတော့သည်။

တခြားသူများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ရှေ့သို့ အသည်းအသန် ထွက်ပြေးကြလေ၏။

"စီနီယာအကိုကြီး...ကျွန်တော်ကို ကယ်ပါအုံး...အား...အား...ကျွန်တော် မသေချင်သေးဘူး"

တပည့်တစ်ယောက်၏အရှိန်နှုန်းက ရုတ်တရက်နှေးကွေးသွားသည်။သူ၏နောက်ရှိ လူဝံနက်ကြီးသည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူ့အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

လူဝံနက်ကြီး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုရှိနေပြီး သူ၏လက်ဖြင့် ထိုတပည့်၏ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိုက်သည်။

ကြွင်းကျန်နေသောတပည့်များအားလုံး တုန်လှုပ်ချောက်ချားသွားပေ၏။

"ကြည့်ရတာတော့ အရှေ့မှာ မြို့တစ်မြို့ရှိပုံပဲ...ငါတို့ အထဲကိုဝင်ပြီး ပုန်းအောင်းကြမလား"

ဖုန်းပိကြွယ်သည် သူတို့နှင့်မလှမ်းမကမ်းအကွာအဝေး၌ မြို့ရိုးတစ်ခုရှိနေခြင်းကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားသည်။

တခြားတပည့်များသည်လည်း အသက်ကယ်ကောက်ရိုးတစ်မျှင်ကို တွေ့ရှိသွားပုံဖြင့် မြို့ရိုးထံဦးတည်၍ တဟုန်ထိုးအပြေးသွားကြတော့သည်။

သို့ရာတွင် ထိုနေရာသည် ပျက်စီးယိုယွင်းနေသော မြို့တစ်မြို့ဖြစ်သည်ကို မြင်တွေ့မိချိန်တွင် သူတို့အားလုံး စိတ်ဓာတ်ကျသွားကြ၏။

မြင့်မားသောမြို့ရိုးပေါ်၌ ပေါင်းပင်များနှင့်အပျက်အစီးများကို နေရာအနှံ့ မြင်တွေ့နိုင်သည်။

ဘုန်း...ဘုန်း...ဘုန်း...

မြေပြင်တပြင်လုံး အဆက်မပြတ် တုန်ခါနေဆဲပင်။

သို့ရာတွင် လူဝံနက်ကြီးသည် မြို့နှင့်မိုင်ဝက်ခန့်အကွာတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။သူ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေပေ၏။ထို့နောက် လူဝံနက်ကြီးသည် သူ၏ရင်ဘတ်ကို သူပြန်ထုရိုက်၍ ဒေါသတကြီးဟိန်းဟောက်ကာ ထွက်ခွာသွားတော့သည်။

"ဒါ....ဒါက ဒီအတိုင်းပဲ ထွက်သွားတာလား"

အန္တိမဝါယောဂိုဏ်းမှတပည့်များအားလုံး ကြက်သေသေသွားသည်။

အချိန်တခဏကြာပြီးနောက် အသက်ရှင်လွတ်မြောက်လာရသဖြင့် ပျော်ရွှင်မှုများက လူတိုင်း၏မျက်နှာထက်၌ ပေါက်ဖွားလာသည်။

"ကံဆိုးချင်တော့...စီနီယာအကိုလီက နည်းနည်းလေးနှေးသွားခဲ့တယ်"

သူတို့၏မျက်နှာများပေါ်တွင် ကြေကွဲဝမ်းနည်းခြင်းအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

"စီနီယာအကို...ဂိုဏ်းကနေ အကူအညီကို အမြန်ဆုံးတောင်းခံကြရအောင်"

တပည့်တစ်ယောက်က ပြောဆိုသည်။

ဖုန်းပိကြွယ်က ခေါင်းညိတ်ပြလိုက်၏။

ဤတားမြစ်နယ်မြေအတွင်းတွင် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများက နေရာအနှံ့ရှိနေပုံရသည်။

သူတို့၏ကျင့်ကြံဆင့်နယ်ပယ်မျှဖြင့် ဤနယ်မြေအတွင်းမှ အသက်ရှင်ရက်ထွက်ခွာနိုင်ရန်မှာ အလွန်ခက်ခဲပေမည်။သူတို့သည် ဂိုဏ်းမှအကူအညီကို အမြန်ဆုံး တောင်းခံရပေလိမ့်မည်။

ဖုန်းပိကြွယ်သည် အကူအညီတောင်းခံရန် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်၏။ထို့နောက် သူက ထိုအရာကိုမီးရှို့လိုက်ရာ ရုတ်တရက် အားလှိုင်းတစ်ရပ်က ထိုအဆောင်လက်ဖွဲ့အား လွှမ်းခြုံသွားပြီး တောက်ပနေသောမီးတောက်များ ငြိမ်းသေသွားတော့သည်။

ထိုအချိန်မှာပင် တောင်ကြားလမ်းတစ်ခုလုံး၏အထက်ကောင်းကင်ယံ၌ သာမာန်မဟုတ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေ၏။

မူလက ကြည်လင်နေသောမိုးကောင်းကင် ရုတ်တရက် အုံ့မှိုင်းသွားသည်။

မြို့ပျက်ကြီးအတွင်းမှနေ၍ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာပေ၏။

Chapter 1734

ရုတ်ချည်းဆိုသလိုနီးပါးပင် ဖုန်းပိကြွယ်နှင့်အန္တိမဝါယောဂိုဏ်းကြားမှ အဆက်အသွယ် အပြည့်အဝ ပြတ်တောက်သွားသည်။

တပည့်တစ်ယောက်သည် ဓားပျံကိုထိန်းချုပ်၍ ကောင်းကင်ယံသို့ပျံဝဲတက်လိုက်သည်။သို့ရာတွင် သူ အဝေးသို့မပျံသန်းနိုင်မှာပင် လေနံရံကြီးတစ်ခုနှင့်ဝင်ဆောင့်မိပြီး နောက်သို့လွင့်စင်ကျလာပေ၏။

"မကောင်းတော့ဘူး...ဒီနေရာကို ကောင်းကင်နဲ့မြေကြီးကြားကနေ ပိုင်းခြားထားတဲ့ သဘာဝအတားအဆီးတစ်ခုရှိနေတယ်"

သူတို့၏မျက်နှာများပေါ်၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ရုတ်တရက် ဖုန်းပိကြွယ်သည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ၏နောက်သို့ လှည့်ကြည့်လိုက်သည်။

မြို့ပျက်ကြီးအတွင်းမှနေ၍ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များက အဆက်မပြတ် ထွက်ပေါ်နေပေ၏။

ဖုန်းပိကြွယ်၏မျက်လုံးများ တောက်ပသွားသည်။

"ဒီစိတ်ဝိညာဥ်စွမ်းအင်တွေက လျှို့ဝှက်နယ်မြေတွေမှာထွက်ပေါ်လာတက်တဲ့ အရှိန်အဝါမျိုးနဲ့ တူညီနေတယ်...ငါတို့ မြို့ပျက်ကြီးထဲကို ဝင်ကြရအောင်"

"စီနီယာအကို...ကျွန်တော်တို့က ဒီနေရာနဲ့ အစိမ်းသက်သက်ကြီးလေ...အထဲကိုမဆင်မခြင်မဝင်တာ ပိုကောင်းလိမ့်မယ်"

တပည့်တစ်ယောက်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

ဖုန်းပိကြွယ်၏မျက်လုံးများအတွင်း၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။အချိန်အတော်ကြာပြီးနောက် သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"မင်းတို့ ဘာကိုကြောက်နေကြတာလဲ...ချမ်းသာကြွယ်ဝမှုဆိုတာ အန္တရာယ်တွေကြားကနေရောက်လာတာ...ဒါက မင်းတို့နဲ့ငါ့အတွက် ကံကြမ္မာကောင်းတစ်ခုလည်း ဖြစ်သွားနိုင်တယ်"

"တကယ်လို့ မင်းတို့ ငါနဲ့အတူလိုက်ပြီး အထဲကိုဝင်ချင်တယ်ဆိုရင် ငါ့နောက်ကိုလိုက်ခဲ့ကြ...ဘယ်သူမှ ငါ့နောက်ကို မလိုက်ဘူးဆိုရင်လည်း ငါ မင်းတို့ကို အတင်းအကြပ် မတိုက်တွန်းဘူး...မင်းတို့ နေခဲ့နိုင်တယ်"

ထိုစကားကိုကြားသည်နှင့် တခြားတပည့်များသည် ရွေးချယ်စရာမရှိတော့ဘဲ ဖုန်းပိကြွယ်၏နောက်သို့လိုက်ကာ မြို့ပျက်ကြီးအတွင်းသို့ ဝင်ခဲ့ကြတော့သည်။

****

တခြားတစ်ဖက်၌...

လုယွီသည် မြို့၏အနက်ရှိုင်းဆုံးနေရာသို့ ချဥ်းနင်းဝင်ရောက်လာခဲ့သည်။

ဤမြို့ပျက်ကြီးသည် အတိတ်တွင် အလွန်သာယာဝပြောခဲ့ပုံ ပေါ်လွင်ပေ၏။နှစ်ပေါင်းမည်မျှကြာကုန်လွန်ခဲ့မှန်း မည်သူမျှမသိနိုင်သော်လည်း မြို့တွင်းရှိအဆောက်အအုံများသည် ပြိုလဲနေသည့်တိုင် မူလက ကြီးကျယ်ခမ်းနားခဲ့သော အရိပ်အယောင်တချို့ကို ရှာဖွေတွေ့ရှိနိုင်သည်။

မြို့၏အလယ်ဗဟိုတွင် ကျိုးပဲ့နေသော ကျောက်ရုပ်ထုကြီးတစ်ခုရှိသည်။ကျောက်ရုပ်ထုတစ်ခုလုံး အပြည့်အဝ ပြိုလဲပျက်စီးနေပေ၏။

ကျောက်ရုပ်ထုကြီး၏ဦးခေါင်းသည် မြေပြင်ပေါ်၌ကျနေသည်။ထိုအရာ၏မျက်နှာတစ်ခြမ်းသည် အပြည့်အဝပျက်စီးနေလေရာ မူလပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

ထိုကျောက်ရုပ်ထုကြီးကိုဗဟိုပြု၍ နက်ရှိုင်းသောလက်ဝါးရာကြီးက မြေပြင်ပေါ်၌ ထင်ဟပ်နေပေ၏။

ထိုအရာသည် မြို့ပြိုလဲပျက်စီးခဲ့ရသည့်နေ့၌ ဖြစ်ခဲ့ပုံရသည်။ဧရာမမှော်စွမ်းအင်လက်ဝါးကြီးသည် ကောင်းကင်ယံမှဆင်းသက်လာပြီး မြင့်မားသောကျောက်ရုပ်ထုကြီးအား တန်းတန်းမတ်မတ် ရိုက်နှက်လိုက်ပုံရသည်။

"ဒီမြို့ကိုကြည့်ရတာ တိတ်ဆိတ်ငြိမ်သက်နေပေမယ့်...လျှို့ဝှက်ပြီးလှုပ်ရှားနေတဲ့အရာတွေရှိနေတယ်"

လုယွီသည် လမ်းလျှောက်နေစဥ်အချိန်အတွင်း သူ၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးနေခဲ့သည်။

အကယ်၍ သာမာန်ကျင့်ကြံသူတစ်ယောက်သာ ဤနေရာသို့ ရောက်လာပါက ထိုလူသည် ဤနေရာမှစိတ်ဝိညာဥ်စွမ်းအင်များ ပြင်ပထက်များစွာ ထူထပ်သိပ်သည်းခြင်းကိုသာ ခံစားမိပေမည်။ထိုအရာသည် အဆုံးသတ်ပင်။

သို့ရာတွင် လုယွီသည် မြို့၏အောက်၌ မြောက်မြားစွာသောဝင်္ကပါများ အသက်ဝင်နေသည်ကို အာရုံခံမိပေ၏။

"ငါ တောင်းပန်ပါတယ်...မင်းချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို မင်းတပည့်တွေရရှိနိုင်မယ့်အခွင့်အရေး မရှိတော့ဘူး"

လုယွီက ခေါင်းခါယမ်းလိုက်ပြီးနောက် ရုတ်တရက် သူ၏မျက်လုံးများအတွင်း၌ ခရမ်းရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ရုတ်ချည်းဆိုသလိုပင် မြို့တစ်မြို့လုံးအတွင်းမှ ဖုံးကွယ်ထားသောဝင်္ကပါများ လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။

"တာအိုသခင်အဆင့် ဝင်္ကပါလား...ဒါက နည်းနည်းတော့ ပါးပါးနပ်နပ် ခင်းကျင်းထားတာပဲ"

လုယွီက မျက်လုံးစုံမှိတ်၍ ဝင်္ကပါ၏ဟာကွက်ကို စတင်၍ရှာဖွေလိုက်သည်။

လုယွီ၏စိတ်ဝိညာဥ်မှာ တာအိုသခင်၏စိတ်ဝိညာဥ်ဖြစ်လေ၏။သူသည် ကောင်းကင်ဘုံတရားရုံးအတွင်း၌ ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးများ၏ဆေးကြောသန့်စင်ခြင်းကိုခံရပြီးနောက် ရှေးဟောင်းလောကီအင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့သည်။

အတွေးတစ်ချက်ဖြင့်ပင် သန်းဆယ်နှင့်ချီသောအတွေးစများက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပြီး အဆုံးအစမရှိသောအလုပ်များကို ဆောင်ရွက်နိုင်သည်။

လဖက်ရည်တစ်ခွက်စာအချိန်အတွင်းမှာပင် လုယွီက သူရှေ့ရှိဝင်္ကပါကို ချိုးဖျက်နိုင်ခဲ့သည်။

ဘုန်း...

မြို့၏အလယ်ဗဟိုရှိ မြင့်မားသောအဖြူရောင်စကျင်ကျောက်လှေကားကြီး ရုတ်တရက် ပြိုလဲသွားလေ၏။

ထိုလှေကားကြီးပြိုလဲသွားသည်နှင့် မြေပြင်ပေါ်၌ ကျင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုကျင်း၏အဝင်ဝကိုမြင်သည်နှင့် လုယွီက အတွင်းသို့ ခြေချလိုက်သည်။

ကျင်းနက်ကြီးအတွင်း၌ မည်သည့်အလင်းရောင်မျှမရှိသော်လည်း လုယွီအတွက် မည်သည့်သက်ရောက်မှုမျှမရှိချေ။

မကြာမီမှာပင် လုယွီသည် အလွန်ကျယ်ဝန်းသောလှိုဏ်ဂူတစ်ဂူအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်ချင်တာလား"

လုယွီက သူ၏လက်ကိုမြှောက်၍ လှိုဏ်ဂူ၏နံရံတစ်နေရာသို့ ရိုက်နှက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လှိုဏ်ဂူနံရံပေါ်ရှိကျောက်တုံးများ ပြိုကျလာပြီး လျှို့ဝှက်တံခါးတစ်ချပ်ထွက်ပေါ်လာသည်။

လုယွီ ထိုတံခါးကို မဖွင့်ရသေးမီမှာပင် တံခါးက ရုတ်တရက် အလိုအလျောက်ပွင့်သွားသည်။အတွင်းမှနေ၍ ကျားဖြူတစ်ကောင်ခုန်ထွက်လာပြီး လုယွီအား ကိုက်ဖြတ်ရန် သူ၏ပါးစပ်ကိုဖြဲဟလိုက်၏။

Chapter 1735

ထိုကျားဖြူသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

"မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ချင်တာလား...သေလမ်းရှာနေတာပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများဖြတ်ပြေးသွားပြီး သူ၏လက်ကိုဆန့်တန်း၍ ကျားဖြူ၏ခေါင်းအား ဖမ်းဆုပ်လိုက်သည်။

ကျားဖြူ၏အရှိန်သည် လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်ပေ၏။သာမာန်မျက်စိဖြင့်ကြည့်ပါက ထိုကျားဖြူအား အနက်ရောင်အရိပ်တစ်ရိပ်အဖြစ်သာ မြင်နိုင်ပေမည်။

သို့ရာတွင် လုယွီ၏ရှေ့၌ ထိုအရှိန်နှုန်းသည် တစိုးတစိမျှပင် အရေးမပါချေ။

လုယွီသည် ကျားဖြူ၏ခေါင်းကိုဆုပ်ကိုင်၍ နံရံ၏အောက်ခြေသို့ လွှင့်ပစ်လိုက်သည်။

ဘန်း....

လုယွီ၏သာမာန်ကာလျှံကာ လွှင့်ပစ်လိုက်မှုနှင့်အတူ ကျားဖြု၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ပေါက်ကွဲသွားပြီး ရွှေရောင်ချီအမျှင်အတန်းများအဖြစ်ပြောင်းလဲကာ လေထုအတွင်း၌ မျောလွင့်နေသည်။

"သတ္တုဓာတ်စိတ်ဝိညာဥ်စွမ်းအင်လား...ဒီကျားဖြူက ကောင်းကင်နဲ့မြေပြင်ကနေ မွေးဖွားလာတဲ့ စိတ်ဝိညာဥ်သားရဲတစ်ကောင် ဖြစ်နေတာပဲ"

လုယွီက ထိုရွှေရောင်ချီအမျှင်တန်းကို သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်၏။

သဘာဝအလျောက် စိတ်ဝိညာဥ်သားရဲများကို မွေးထုတ်ပေးနိုင်သော နေရာအများစုသည် စိတ်ဝိညာဥ်စွမ်းအင်များပေါကြွယ်ဝပြီး တခါတရံ၌ စိတ်ဝိညာဥ်စမ်းရေအိုင်များကိုပင် တွေ့ရှိရတက်သည်။

"ဒီနေရာက ကျင့်ကြံဖို့အတွက် ပိုပြီးသင့်တော်တယ်"

လုယွီက စိတ်လှုပ်ရှားမှုကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်စဥ်မှာပင် တံခါး၏နောက်ကွယ်မှနေ၍ ပြင်းထန်သောခြေဆောင့်နင်းသံများ ထွက်ပေါ်လာသည်။

တံခါး၏နောက်မှနေ၍ ကြမ်းတမ်းရက်စက်ပုံရသော ကျားအုပ်စုကြီး တဟုန်ထိုးပြေးထွက်လာပြီး လုယွီထံ ခုန်ဝင်လာကြ၏။

ထိုကျားများသည် ဥာဏ်ရည်ဥာဏ်သွေး မြင့်မားပုံမရချေ။သူတို့၏တစ်ခုတည်းသော အသိစိတ်ကို သတ်ဖြတ်ခြင်းကသာ အပြည့်အဝလွှမ်းမိုးထားသည်။လုယွီဖြစ်စေ တခြားသူဖြစ်စေ သက်ရှိဖြစ်နေသရွေ့ သူတို့က ပစ်မှတ်ထား၍ တိုက်ခိုက်ကြပေမည်။

ဤကြမ်းကြုတ်ရက်စက်သော မှော်သားရဲများနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီသည် နောက်တွန့်သွားခြင်းမရှိချေ။ထိုအစား သူ၏မျက်နှာထက်၌ စိတ်လှုပ်ရှားသောအမူအယာမျိုး ထင်ဟပ်လာပေ၏။

"ဒီနေရာက တကယ့်ကို ရတနာနယ်မြေပဲ...ဟား ဟား ဟား"

လုယွီက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ရှေးဟောင်းလောကီအင်မော်တယ်တစ်ယောက်၏လက်သီးချက်သည် နှောင်းပိုင်းမျိုးဆက်များရှိ မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ခွန်အားဖြင့် တူညီလုနီးပါး အားကောင်းသည်။လုယွီ လက်သီးထိုးနှက်လိုက်သည့် အချိန်အခိုက်အတန့်တွင် ပြင်းထန်သောအားလှိုင်းများက ကျဥ်းမြောင်းသည့် လေဟာနယ်အတွင်း ပေါက်ကွဲထွက်ပေါ်လာသည်။ထိုလက်သီးချက်၏အောက်တွင် ပတ်ဝန်းကျင်ရှိလေထုပင် တုန်ခါသွားပေ၏။

ဝေါင်း...ဝေါင်း...ဝေါင်း...

လုယွီ၏ပြင်းထန်သော လက်သီးချက်နှင့်ရင်ဆိုင်ရသည့်တိုင် ကျားများသည် ​ထိတ်လန့်ကြောက်ရွံရမည်ကို မသိရှိကြသဖြင့် တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့တရကြမ်း ပြေးဝင်လာကြသည်။

အကျိုးဆက်အနေဖြင့် လုယွီ၏လက်သီးတစ်ချက်ဖြင့်ပင် ကျားများအားလုံး သေဆုံးသွားတော့သည်။ရွှေရောင်ချီအမျှင်တန်းများက လေထုအတွင်း၌ ထပ်မံ၍ပေါ်ထွက်လာပေ၏။

"ဒီသတ္တုဓာတ်စွမ်းအင်တွေက ငါ့ရဲ့ကျင့်ကြံမှုကို အထောက်အပံဖြစ်စေနိုင်တယ်"

လုယွီသည် ထိုသတ္တုဓာတ်စွမ်းအင်များကိုအသုံးချပုံအား ကောင်းစွာသိရှိထားသည်။

သူသည် သတ္တုဒြပ်စင်ကျင့်ကြံသူမဟုတ်သော်လည်း ဒြပ်စင်ငါးမျိုးကိုစုစည်းခြင်းသည် လောကီအင်မော်တယ်အဆင့်မှနေ၍ မြေကမ္ဘာအင်မော်တယ်အဆင့်သို့တက်လှမ်းနိုင်ရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်ပင်။

လောကီအင်မောတယ်များကို အင်မော်တယ်များဟု ခေါ်ဆိုကြသော်လည်း အမှန်အားဖြင့် လူသားကျင့်ကြံသူအဆင့်သာရှိသည်။သူတို့သည် သေမျိုးများမဟုတ်တော့သော်လည်း အစစ်အမှန်တက်လှမ်းခြင်းကို ပြီးမြောက်အောင်မြင်ထားခြင်းမရှိချေ။သူတို့၏ခန္ဓာကိုယ်များနံဘေးပတ်လည်တွင် သေမျိုးအငွေ့အသက်တချို့ ရစ်သိုင်းနေဆဲဖြစ်ပြီး တာအိုကို လွတ်လပ်စွာ အောင်မြင်ပြီးမြောက်နိုင်ရန် မဖြစ်နိုင်ပေ။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်ဖြစ်လာပါက မဟာတာအိုကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်တိုင် အသေးစားအောင်မြင်မှုရရှိသွားလေပြီ။

မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ရောက်ရှိလာသူများကို အစစ်အမှန်အင်မော်တယ်များဟုဆိုနိုင်ပြီး မည်သည့်အဆိပ်မျိုးကမျှ သူတို့အပေါ် မသက်ရောက်နိုင်တော့ချေ။ထိုသူ၏ဘဝသက်တမ်းသည် နှစ်တစ်သောင်းထိရှည်လျားလာပြီး ကံကြမ္မာ၏အပြောင်းအလဲများကို သိရှိလာနိုင်သည်။အတွေးတစ်ချက်ဖြင့်ပင် သူ၏စိတ်အတွင်း၌ သန်းရာနှင့်ချီသောအကြံဥာဏ်များကို ပေါက်ဖွားစေနိုင်၏။

လောကီအင်မော်တယ်အဆင့်မှနေ၍ မြေကမ္ဘာအင်မော်တယ်အဆင့်သို့တက်လှမ်းနိုင်ရန် အရေးအကြီးဆုံးအချက်မှာ ချီဒြပ်စင်ငါးမျိုးအား စုဆောင်းနိုင်ရန်ပင်။

အမှန်အားဖြင့် ကောင်းကင်နှင့်မြေပြင်အကြားတွင် ချီဒြပ်စင်ငါးမျိုးလုံးဖြင့် ပြည့်နှက်နေသည်။တစ်စုံတစ်ယောက်သည် လောကကြီးအတွင်း၌ ပြန့်ကျဲနေသောဒြပ်စင်များကိုစုစည်းရန်မှာ မဖြစ်နိုင်သောကိစ္စမဟုတ်သော်လည်း အချိန်အလွန်ကြာမြင့်ပေမည်။

အကယ်၍ ထိုသူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ အလျှင်အမြန်တက်လှမ်းလိုပါက ပြင်ပအကူအညီတချို့လိုအပ်သည်။ဥပမာအနေဖြင့် လုယွီ လေလံပွဲမှရရှိခဲ့သော ကောင်းချီးထောင်ချီနှလုံးသားသည် သစ်သားဒြပ်စင် အလွန်အမင်းသိပ်သည်းသောပစ္စည်းဖြစ်ပေ၏။

နှောင်းပိုင်းမျိုးဆက်များသည် သာမာန်ကျင့်ကြံမှုနည်းလမ်းများကိုသာ ရွေးချယ်လေ့ရှိသော်လည်း လုယွီကမူ ထိုနည်းလမ်းများအတိုင်း အဆင့်ချိုးဖျက်မည်မဟုတ်ချေ။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် လောကကြီးအတွင်း၌ပြန့်ကျဲနေသော ဒြပ်စင်ငါးမျိုးကို စုစည်းမည်မဟုတ်ဘဲ ပြင်ပအထောက်အပံပစ္စည်းတချို့ကိုသာ ရှာဖွေစုဆောင်းရပေမည်။

ထို့ကြောင့် ယခုလက်ရှိချိန်တွင် သူရှေ့၌ သတ္တုဒြပ်စင်ချီများရှိနေလေရာ လုယွီ မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။

All Chapters