← Chapters

အခန်း (၁၇၃၆-၁၇၄၀)

Vol. 90 Ch. 1736-1740

အခန်း (၁၇၃၆-၁၇၄၀)

Vol. 90 Ch. 1736-1740

Chapter 1736

လုယွီသည် ပါးစပ်ဟ၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လေထုအတွင်းရှိ သတ္တုဒြပ်စင်ချီများအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်၏။

သတ္တုဒြပ်စင်ချီများအားလုံးကို စုပ်ယူပြီးနောက် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မှိန်ပျပျရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။အဝေးမှကြည့်ပါက သူ၏ခန္ဓာကိုယ်ပေါ်တွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသကဲ့သို့ပင်။

"ဒီသတ္တုဒြပ်စင်ချီတွေက ငါ လဝက်လောက် ပြင်းပြင်းထန်ထန်ကျင့်ကြံဖို့ကို သက်သာစေတယ်"

ဤရလဒ်ကိုကြည့်ပြီး လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။

သူသည် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်များ၏လမ်းစဥ်အတိုင်း လျှောက်လှမ်းနေသူဖြစ်သည်။လုယွီ ဒြပ်စင်ငါးမျိုးစုစည်းသည့်နည်းလမ်းသည် တခြားအင်မော်တယ်များထက် များစွာပို၍ ခက်ခဲပေ၏။

"ကြည့်ရတာတော့ အရင်က လေလံမှူးပြောခဲ့တာ အမှန်ဖြစ်ပုံပဲ...ဒီနေရာက တာအိုသခင် သူ့တပည့်တွေအတွက် အကောင်းဆုံးလက်ဆောင်တွေ ထားခဲ့တာပဲ"

လုယွီက အနီးအနားတွင် ဝင်္ကပါတစ်ခုရှိနေသည်ကို သတိပြုမိသွားသည်။သတ္တုဒြပ်စင်ကျားများသည် ရက်စက်ကြမ်းကြုတ်ပုံရသော်လည်း လှိုဏ်ဂူ၏ပရဝုဏ်မှနေ၍ ထွက်ခွာနိုင်ခြင်းမရှိချေ။

အကယ်၍ တာအိုသခင်၏နှောင်းပိုင်းတပည့်တစ်ယောက်သာ ဤနေရာသို့ရောက်လာပြီး သတ္တုဒြပ်စင်ကျားများကို ရင်ဆိုင်နိုင်စွမ်းမရှိပါက လှိုဏ်ဂူ၏ပရဝုဏ်မှ ထွက်ပြေးနိုင်သည်နှင့် ထိုသူ လွတ်မြောက်နိုင်ပေသည်။

သို့ရာတွင် အကယ်၍ ထိုတပည့်၌ ထွက်ပြေးရန်ပင် အစွမ်းအစမရှိပါက ဤနေရာ၌ သေဆုံးသွားရရုံအပြင် တခြားမရှိတော့ချေ။

ထိုအကြောင်းများကိုတွေးတောပြီးနောက် လုယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ တံခါးနောက်ရှိ စင်္ကြန်လမ်းထံသို့ ဆက်လက်၍ လျှောက်လှမ်းခဲ့သည်။

စင်္ကြန်လမ်းကိုဖြတ်သန်းနေချိန်တွင် ကျားတစ်ကောင်စ နှစ်ကောင်စ ထွက်ပေါ်လာသေးသော်လည်း သူတို့သည် လုယွီအတွက် ပြိုင်ဘက်မဖြစ်နိုင်သဖြင့် တစ်ကောင်ပြီးတစ်ကောင် အသတ်ခံလိုက်ရ၏။

ရုတ်တရက် လုယွီ၏ရှေ့ရှိလမ်းကြောင်းကျယ်ပြန့်သွားပြီး အချုပ်အချယ်ကင်းမဲ့သောလေဟာနယ်နယ်မြေကြီးတစ်ခုရှိနေသည်။

ထိုနေရာ၌ အလင်းရောင်တချို့ရှိနေသော်လည်း ဖယောင်းတိုင်များ ထွန်းညှိထားခြင်းမဟုတ်ချေ။ထိုအစား ဓားရှည်များမှနေ၍ အေးစက်စက်ကြယ်ရောင်များ တောက်ပနေခြင်းပင်။

သာမာန်သတ္တုများသည် နေရောင်တောက်ပနေသောနေရာတွင်ရှိနေပါက အလင်းရောင်ကို ရောင်ပြဟပ်နိုင်သည်။သို့ရာတွင် တချို့အင်မော်တယ်မှော်ရတနာများသည် နေ၏အလင်းရောင်မရှိလျှင်ပင် တောက်ပသောအလင်းရောင်ကို ထုတ်လွှက်ပေးနိုင်ဆဲဖြစ်သည်။

ထိုဓားရှည်များသည် မြင့်မားရှည်လျားသောစင်မြင့်တစ်ခုပေါ်တွင် စုဝေးနေပြီး ထိုစင်မြင့်ပေါ်၌ အဖိုးအိုတစ်ယောက် ထိုင်နေသည်။

အဖိုးအို၏ပုံရိပ်သည် တစ်နေရာရာ၌ ပုံရိပ်ယောင်နှင့် တူညီနေပြီး အစစ်အမှန်လူသားတစ်ယောက် ဖြစ်ပုံမရချေ။လုယွီ ဝင်လာခြင်းကိုအာရုံခံမိပုံဖြင့် အဖိုးအို၏မျက်လုံးများ ရုတ်တရက် ပွင့်လာပေ၏။

"စစ်တုရင် ကစား"

အဖိုးအိုသည် သူ၏ပါးစပ်ကိုဖွင့်၍ စကားလုံးနှစ်လုံးကိုသာ ပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်၏။ဤနေရာရှိ ဝင်္ကပါသည် ယခင်တစ်ခုထက် များစွာပို၍ရှုပ်ထွေးသည်။အကယ်၍ သူ ဤဝင်္ကပါကို ချိုးဖျက်လိုပါက အချိန်တချို့ ပေးရပေမည်။

သို့ရာတွင် အဖိုးအို၏ရုတ်တရက်ထွက်ပေါ်လာခြင်းက လုယွီ၏စိတ်ဝင်စားမှုကို မြင့်တက်စေသည်။

"ခင်ဗျားက ဝင်္ကပါရဲ့စိတ်ဝိညာဥ်လား"

လုယွီက မေးမြန်းသည်။

အဖိုးအို၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှ ရှိမနေဆဲပင်။သူက တူညီသောစကားလုံးကိုသာ ထပ်ခါထပ်ခါ ပြောဆိုနေလေ၏။

"စစ်တုရင် ကစား"

"ကျုပ်ကို စစ်တုရင်ကစားစေချင်တာလား...ကောင်းပြီလေ"

လုယွီက အဖိုးအိုထံသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

အဖိုးအို၏ရှေ့၌ သံမဏိပြားတစ်ခုရှိနေပြီး အပေါ်၌ စစ်တုရင်ခုံပုံစံ ရေးဆွဲထားသည်။

သို့ရာတွင် မည်သည့် စစ်တုရင်ရုပ်များမှ ရှိမနေချေ။

အဖိုးအိုသည် လုယွီ အရင်ဆုံး အခြေတကျထိုင်မည်ကို စောင့်ဆိုင်းနေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေပေ၏။

"ဒီစစ်တုရင်ခုံက စိတ်ဝင်စားစရာပဲ"

လုယွီသည် ထိုအရာအားတစ်ချက်ကြည့်လိုက်ရာ မြောက်မြားစွာသောဝင်္ကပါငယ်များ၏အရိပ်အယောင်များရှိနေခြင်းကို သတိပြုမိသွားသည်။

ဤစစ်တုရင်ခုံအတွင်း၌ ကမ္ဘာငယ်လေးတစ်ခု ရှိနေသည်။

ထိုအရာသည် သူ၏ပိုင်တိုကောင်းကင်ဘုံဂိုဏ်းသိုလှောင်အိတ်နှင့်တူညီပြီး အတွင်း၌ တခြားကမ္ဘာငယ်လေးတစ်ခု တည်ရှိနေပေ၏။

လုယွီ၏နတ်ဘုရားစိတ်အာရုံ စစ်တုရင်ခုံပေါ်သို့ ကျရောက်သွားသည်နှင့် သူရှေ့ရှိ မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားသည်။

ဤနေရာသည် အကန့်အသတ်မရှိကျယ်ပြန့်သော သဲဝါကုန်းမြေကြီးတစ်ခုဖြစ်သည်။လုယွီ ထိန်းချုပ်ရမည့်စစ်တုရင်ရုပ်များမှာ အနက်ရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော စစ်သားများဖြစ်လေ၏။

တခြားတစ်ဖက်တွင် အကြမ်းဖျင်းအားဖြင့် သူ၏စစ်သားများနှင့် အရေအတွက်တူညီသောစစ်သားများရှိနေပြီး စူးရှချွန်ထက်သော ဓားရှည်များကိုကိုင်ဆောင်ကာ မတ်တတ်ရပ်နေကြသည်။

လုယွီ၏တည်နေရာသည် အနက်ရောင်သံချပ်ကာစစ်သားများ၏ တပ်မှူးစင်မြင့်နေရာတွင်ရှိနေပြီး သူ၏နံဘေးနှစ်ဘက်လုံးတွင် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်တချို့ရှိနေသည်။

ထိုစစ်သားများသည် သက်ဝင်လှုပ်ရှားနေသော်လည်း သူတို့ထံမှ အသံဗလံတစ်ခုမျှ ထွက်မလာချေ။

"ငါ သိပြီ...တကယ်လို့ ငါက အနိုင်ရချင်တယ်ဆိုရင်...ငါက တိုက်ပွဲကွင်းပြင်မှာ တစ်ဖက်ရန်သူရဲ့အရုပ်တွေကို စားနိုင်ရမယ်"

လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဝင်္ကပါကို တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ ဥာဏ်အလင်းပွင့်သွားသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။

Chapter 1737

လုယွီသည် တပ်မှူး၏တဲအတွင်း၌ ထိုင်နေပြီးနောက် မကြာမီမှာပင် စစ်ဗိုလ်ချုပ်တစ်ယောက်က တိုက်ပွဲအခြေအနေကို သတင်းပို့လာခဲ့သည်။

သူထံတွင် မြင်းတပ်အင်အားသုံးသောင်းနှင့် ခြေလျှင်တပ်အင်အား တစ်သိန်းရှိသည်။

တစ်ခြားတစ်ဖက်ရှိ အဖြူရောင်သံချပ်ကာစစ်သားများသည်လည်း သူနှင့်အရေအတွက် တူညီပေ၏။

အကယ်၍ သူသည် ဤကစားပွဲကိုအနိုင်ယူလိုပါက တစ်ဖက်ခြမ်းရှိ အဖြူရောင်သံချပ်ကာစစ်သားများအားလုံးကို သတ်ဖြတ်ရန်လိုအပ်သည်။

ဒုန်း...ဒုန်း...ဒုန်း...

အဝေးတစ်နေရာမှနေ၍ စစ်ဗုံသံများ မြည်ဟီးနေသံကို ကြားနေရသည်။

စစ်ဗုံသံထွက်ပေါ်လာသည်နှင့် အဖြူရောင်သံချပ်ကာစစ်သားများသည် အနက်ရောင်သံချပ်ကာစစ်သားများထံသို့ လျှောက်လှမ်းလာသည်။

သို့ရာတွင် လုယွီ ထိန်းချုပ်နေရသော အနက်ရောင်သံချပ်ကာစစ်သားများသည် နေရာမှာပင်မတ်တတ်ရပ်ပြီး မလှုပ်မယှက်နေနေကြ၏။

နှစ်ဖက်စစ်တပ် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် အနက်ရောင်စစ်သားတချို့ ချေမှုန်းခြင်းခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် တပ်မှူးထိုင်ခုံ၌ထိုင်နေသော လုယွီ၏မျက်လုံးများ ပွင့်လာသည်။

"ဒီစစ်သားတွေအားလုံးက ရုပ်သေးရုပ်တွေပဲ...ငါက စိတ်ဝိညာဥ်စွမ်းအားကိုအသုံးပြုပြီး သူတို့ကို ထိန်းချုပ်ရမယ်"

လုယွီ၏မျက်လုံးအတွင်း၌ နားလည်သဘောပေါက်သွားသောအရိပ်အယောင်များ ထင်ဟပ်လာပေ၏။

ဤစစ်တုရင်ကစားပွဲသည် ရိုးရှင်းခြင်းမရှိချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်စွမ်းအားလုံလောက်မှုမရှိဘဲ ကစားပွဲအတွင်းသို့ဝင်လိုက်ပါက သူထံတွင် စစ်သားတစ်သိန်းကျော်ရှိနေသည့်တိုင် အရေအတွက်အနည်းငယ်ကိုသာ ထိန်းချုပ်နိုင်ပေမည်။အဆုံးသတ်၌ ထိုသူသည် မလွဲမသွေ ရှုံးနိမ့်ရပေလိမ့်မည်။

"ကောင်းပြီလေ...ကျုပ် ခင်ဗျားနဲ့ စစ်တုရင်စကစားတာပေါ့"

လုယွီ၏ရင်ဘတ်အတွင်းမှနေ၍ တိုက်ပွဲဝင်စိတ်ဝိညာဥ်တစ်ခုမြင့်တက်လာပေ၏။သူသည် သူ၏မျက်ခုံးနှစ်ခုကြားအလယ်ဗဟိုကို အသာအယာထိတွေ့လိုက်ရာ သူ့နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး ထွက်ပေါ်လာသည်။သူ၏မျက်လုံးများတွင် နတ်ဘုရားအလင်းတန်းများရှိနေပြီး သူ့ရှေ့ရှိ ကျယ်ပြန့်သောလေဟာနယ်ကို စူးစိုက်၍ကြည့်လိုက်၏။

လုယွီသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ဤအချိန်အခိုက်အခိုက်အတန့်တွင် သူ၏နတ်ဘုရားစိတ်အာရုံကို ခွဲခြမ်းလိုက်ရာ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်သိန်းကျော် ပျံဝဲထွက်လာပြီး အနက်ရောင်သံချပ်ကာစစ်သားတစ်ယောက်စီပေါ်သို့ ကျရောက်သွားသည်။

ဝီ...ဝီ...ဝီ...

တိုးညှင်းသောအသံနှင့်အတူ မူလက အသက်မဲ့နေသော အနက်ရောင်သံချပ်ကာစစ်သားများ၏မျက်လုံးများ ရုတ်တရက်တောက်ပသွားပေ၏။

တဖျစ်ဖျစ်တဖြောက်ဖြောက်အသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ရှေ့တန်းမှစစ်သားများသည် သူတို့၏ဒိုင်းကြီးများကိုမြှောက်ကာ နောက်တန်းရှိစစ်သားများသည် သူတို့၏လှံရှည်များကိုကိုင်မြှောက်လိုက်သဖြင့် နောက်ဆုံးတွင် အဖြူရောင်သံချပ်ကာစစ်သားများ၏တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သည်။

အဖြူရောင်သံချပ်ကာစစ်သားများသည် ထပ်မံ၍အကြိမ်ရေအနည်းငယ် တိုက်ခိုက်လာသော်လည်း လုယွီ၏ခုခံမှုသည် အလွန်ကျစ်လစ်သိပ်သည်းသဖြင့် သိသာထင်ရှားသောရလဒ် ထွက်ပေါ်လာခြင်းမရှိချေ။

သို့သော် ထိုသို့ဆိုသည့်တိုင် အနက်ရောင်သံချပ်ကာစစ်သား ရာနှင့်ချီ၍ ကျရှုံးခဲ့ရသေးသည်။

"စိတ်ဝင်စားစရာပဲ"

လုယွီသည် အနက်ရောင်သံချပ်ကာစစ်သားများအားလုံးကို ထိန်းချုပ်၍ တိုက်ပွဲဝင်ဝင်္ကပါပုံစံ စတင်ခင်းကျင်းလိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် နယ်မြေတစ်ခုလုံးကို စုံစမ်းထောက်လှမ်းလိုက်၏။

ကစားပွဲတစ်ခုလုံးအတွင်းရှိ လှုပ်ရှားမှုတိုင်း လုယွီ၏အမြင်အာရုံအတွင်း၌ ထွက်ပေါ်လာသည်။

"ရှေ့ကနေတိုက်ခိုက်လာတာက တကယ်တော့ ဟန်ပြသက်သက်ပဲ...သူ့ရဲ့အစစ်အမှန် သတ်ဖြတ်ကွက်က ငါ မပြင်ဆင်ရသေးခင်မှာ ငါ့နောက်ကနေ ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်ထားခဲ့တာ"

လုယွီသည် ခြုံခိုတိုက်ခိုက်ရန် ချောင်းမြောင်းနေသော အဖြူရောင်သံချပ်ကာစစ်သားတချို့ရှိနေခြင်းကို သတိပြုမိသွားသည်။

ထိုစစ်သားများသည် တောင်ကုန်းတချို့၏နောက်ကွယ်၌ ပုန်းအောင်းနေပေ၏။သဲမုန်တိုင်းတိုက်ခတ်နေခြင်းကြောင့် အဝေးရှိအရာများကို သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံရာ၌ အကန့်အသတ်ရှိနေသည်။ထို့ကြောင့် သဲမုန်တိုင်း၏နောက်ကွယ်ရှိအရာများကို သူ တွေ့မြင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

တာအိုသခင်သည် ဤစစ်တုရင်ကစားပွဲကို ချန်ထားခဲ့ရာ၌ သူ့တပည့်မျိုးဆက်များ၏ စိတ်ဝိညာဥ်စွမ်းအားကို စစ်ဆေးရုံသာမက အ​ခြေအနေနှင့်လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်သည့် သူတို့၏အရည်အချင်းကိုလည်း စစ်ဆေးပုံရသည်။

သို့ရာတွင် သူ၏အမွေအနှစ်ကို ဆက်ခံသူမှာလည်း တာအိုသခင်တစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မိမည်မဟုတ်ချေ။

"ငါ့ကို အနောက်ဘက်ကနေ ချောင်းမြောင်းတိုက်ခိုက်ဖို့ စီစဥ်ထားမှတော့....ငါကလည်း မင်းတို့ရဲ့အစီအစဥ်အတိုင်း လိုက်ပြီးကစားပေးရတာပေါ့"

လုယွီက သူလုပ်ဆောင့်ရမည့်အစီအစဥ်ကို အလျှင်အမြန်ချမှတ်လိုက်၏။

တိုက်ပွဲကွင်းပြင်ပေါ်၌ ပြင်းထန်သောသဲမုန်တိုင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ကျယ်လောင်သောစစ်ဗုံသံများနှင့်အတူယှဥ်တွဲ၍ ရှေ့တန်းမှအဖြူရောင်သံချပ်ကာစစ်သားများသည် ထပ်မံ၍ ပြင်းပြင်းထန်ထန် တဟုန်ထိုးပြေးဝင်တိုက်ခိုက်လာကြသည်။

ရုတ်ချည်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး တိုက်ပွဲခေါ်သံများနှင့် ပြည့်နှက်နေသည်။

တိုက်ပွဲ၌သေဆုံးသွားသော စစ်သားများသည် ချက်ချင်းပင် အစိမ်းရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲကာ လေထုအတွင်း၌လွင့်ပြယ်သွားပြီး စစ်တုရင်ခုံမှနေ၍ ဖယ်ထုတ်ခြင်းခံလိုက်ရတော့သည်။

အဖြူရောင်သံချပ်ကာစစ်သားအများစုသည် ခြေလျှင်တပ်သားများဖြစ်လေ၏။နှစ်ဖက်စလုံးသည် လှံရှည်များကိုကိုင်ဆောင်၍ တစ်ဖက်နှင့်တစ်ဖက် ထိုးစိုက်နေကြရာ စစ်သားအမြောက်အများ မြေပြင်ပေါ်သို့ လဲကျနေလေသည်။

"သူတို့ရဲ့ ချုံခိုတိုက်ခိုက်မှု လာတော့မယ်"

လုယွီသည် ဝင်္ကပါ၏နောက်ကွယ်ရှိ လှုပ်ရှားမှုများကို အာရုံခံမိသဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

လုယွီ မျှော်လင့်ထားသကဲ့သို့ပင် အဖြူရောင်သံချပ်ကာမြင်းတပ်သည် တောင်ကုန်းများ၏နောက်ကွယ်၌ ပုန်းအောင်းနေပေ၏။

ထိုတပ်သားများသည် ရှေ့မှတိုက်ပွဲပြင်းထန်နေသည်ကို အခွင့်ကောင်းယူ၍ နောက်ကျောမှပတ်လာကာ လုယွီရှိနေသော တပ်မှူးနေရာသို့ တဟုန်ထိုးပြေးဝင်တိုက်ခိုက်ကြသည်။

Chapter 1738

ဝှီး....

လုယွီ မူလကရှိနေသော တဲအတွင်းသို့ လှံရှည်တစ်ချောင်း တိုးဝင်လာသည်။

"မကောင်းတော့ဘူး....တပ်မှူးက တဲထဲမှာမရှိဘူး"

"တခြားတဲတွေအားလုံးကလည်း အလွတ်တွေ...သူတို့အားလုံး တဲထဲမှာမရှိကြဘူး"

အဖြူရောင်သံချပ်ကာမြင်းတပ်သားများသည် ပတ်ဝန်းကျင်အား လှည့်ပတ်၍ရှာဖွေကြသော်လည်း စခန်းတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေသည်ကို တွေ့မြင်ကြရ၏။

ဒုန်း...ဒုန်း...ဒုန်း...

သူတို့မတ်တတ်ရပ်နေစဥ်မှာပင် တခြားစစ်ဗုံသံတစ်သံက ပဲ့တင်ထပ်ပျံ့နှံ့လာသည်။

လုယွီသည် ထိုမြင်းတပ်သားများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမရှိချေ။ထိုအစား သူ၏မြင်းတပ်ကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်၍ ရန်သူတပ်မှူး၏တဲဆီသို့ ဦးတည်၍ချီတက်ခဲ့သည်။

အဖိုးအိုသည် သူ၏ခြေလျှင်တပ်များအားလုံးကို တိုက်ပွဲကွင်းပြင်၌ အသုံးပြုထားသည်။လုယွီ၏မြင်းတပ် တဟုန်ထိုးတိုးဝင်လာမှုကို တစ်ဖက်ရန်သူတပ်သားများ ဟန့်တားနိုင်စွမ်းမရှိချေ။

ရုတ်ချည်းဆိုသလိုပင် ဒုန်းစိုင်းပြေးဝင်လာသော မြင်းတပ်ကြောင့် စစ်မြေပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။

ထို့နောက် လုယွီ၏မြင်းတပ်သည် ရန်သူတပ်မှူး၏တဲဆီသို့ တဟုန်ထိုး​သွားနေပေရာ ဖုန်မှုန့်များ တလိမ့်လိမ့်ထနေသည်။

"ဒါက လှည့်ကွက်ငယ်လေးတစ်ခုပဲ"

လုယွီက ခေါင်းခါယမ်းလိုက်သည်။

ဤစစ်တုရင်ကစားပွဲသည် အနာဂတ်မျိုးဆက်မှတပည့်များအတွက် တာအိုသခင်မှပြင်ဆင်ပေးထားသော စမ်းသပ်မှုတစ်ခုဖြစ်ပေ၏။သို့ရာတွင် လုယွီအတွက်မူ များစွာအခက်အခဲမရှိချေ။

ဘုန်း....

လေးလံသောမြင်းခွာသံများက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

အဖြူရောင်သံချပ်ကာတပ်သားများသည် လုယွီ၏မြင်းတပ်ကို ဟန့်တားနိုင်ခြင်းမရှိချေ။လုယွီသည် အဖိုးအိုမတ်တတ်ရပ်နေသော တပ်မှူး၏တဲနှင့် တစတစ နီးကပ်လာခဲ့သည်။

"ဒါက ပြီးသွားပြီ...ဟုတ်တယ်မလား"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

သူတို့ရှေ့ရှိ တိုက်ပွဲအခြေအနေအား အဖြေထုတ်၍ရလေပြီ။

အဖိုးအို ထိန်းချုပ်နေသော အဖြူရောင်သံချပ်ကာစစ်သားများ၏အဓိက အင်အားစုသည် လုယွီ၏တပ်စခန်းနေရာ၌ ရောက်ရှိနေသည်။အကယ်၍ ထိုတပ်သားများသည် ယခုအချိန်မှ လုယွီနောက်သို့ တဟုန်ထိုးပြေးလိုက်လာမည်ဆိုလျှင်ပင် သူတို့ ​ခြေတစ်လှမ်းနောက်ကျသွားလေပြီ။

ဤကစားပွဲ၏အောင်နိုင်မှုသည် လုယွီ၏လက်အတွင်းသို့ရောက်ရှိနေပြီဟု ဆိုနိုင်ပေ၏။

မြောက်များစွာသော အနက်ရောင်သံချပ်ကာတပ်သားများသည် အဖြူရောင်သံချပ်ကာစစ်တပ်၏စစ်စခန်းကို ဝိုင်းရံလိုက်ကြသည်။

အဓိက အင်အားစုကိုစေလွှက်လိုက်ပြီးနောက် အဖြူရောင်သံချပ်ကာစစ်စခန်း၌ အဖိုးအိုတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

အဖိုးအိုသည် မြေပြင်ပေါ်၌ ငြိမ်သက်စွာထိုင်နေပြီး စစ်တုရင်ကစားခုံပေါ်ရှိအခြေအနေများကို မြင်တွေ့နေရသည့်တိုင် လှုပ်ရှားမှုမရှိချေ။

"တစ်ခုတော့ မှားနေပြီ"

လုယွီက မျက်မှောင်ကြုတ်ပြီး စစ်စခန်းနှင့် မနီးမဝေးအကွာအဝေးသို့ ကြည့်လိုက်၏။

မူလကာ အဖြူရောင်သံချပ်ကာတပ်သားများသည် အနက်ရောင်သံချပ်ကာတပ်သားများနှင့် အကွာအဝေးတစ်ခု ခြားနားနေသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ မိုးကုတ်စက်ဝိုင်းမှနေ၍ အဖြူရောင်သံချပ်ကာတပ်သားတစ်စု ရုတ်တရက်ထွက်ပေါ်လာသည်။

သူ၏မြင်ကွင်းအတွင်းရှိ အရာရာတိုင်းနီးပါးကို အဖြူရောင်သံချပ်ကာတပ်သားများက အပိုင်စီးထားလေ၏။

"ခင်ဗျားက တပ်သားတချို့ကိုလဲလျောင်းခိုင်းထားပြီး ကျုပ်ကို စောင့်နေတာပေါ့လေ...ဒါပေမယ့် ကျုပ် ခင်ဗျားကို သတ်လိုက်တာနဲ့ ကစားပွဲက ပြီးဆုံးသွားပြီ"

လုယွီသည် တပ်မှူးအလံကိုကိုင်ဆောင်ပြီး အဖိုးအိုထံညွှန်ပြလိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးပတ်လည်ရှိ အနက်ရောင်သံချပ်ကာစစ်သားများသည် လှံရှည်များကိုကိုင်ဆောင်၍ အဖိုးအိုကို ထိုးစိုက်လိုက်ကြသည်။

ထိုလှံရှည်များသည် အလွန်အမင်း စူးရှချွန်ထက်သည်။အကယ်၍ ထိုလှံရှည်များကသာ အဖိုးအိုအား ထိတွေ့သွားပါက သူသည် အသားစအဖြစ်သို့ ပြောင်းလဲသွားရမည်မှာ တိကျသေချာလှ၏။

ထိုအချိန်မှာပင် အဖိုးအို၏နံဘေးပတ်လည်မှမြေပြင် ရုတ်တရက် ကျွံကျသွားသည်။

ဤနေရာပတ်ဝန်းကျင်ရှိမြေပြင်သည် ကျစ်လစ်သိပ်သည်းခြင်းမရှိဘဲ မြောက်များစွာသောလျှို့ဝှက်လမ်းကြောင်းများရှိနေသည်။ထိုလျှို့ဝှက်လမ်းကြောင်းများမှတဆင့် အဖြူရောင်သံချပ်ကာတပ်သားများ တဟုန်ထိုးပြေးထွက်လာပြီး အနက်ရောက်သံချပ်ကာစစ်သားများကို တိုက်ခိုက်လေ၏။

အဖြူရောင်သံချပ်ကာတပ်သားများသည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။လုယွီပင်လျှင် အငိုက်မိသွားသဖြင့် အနက်ရောင်သံချပ်ကာတပ်သားများ အပြင်းအထန်ဒဏ်ရာရရှိသွားကာ ဖရိုဖရဲဖြစ်သွားတော့သည်။

ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ပတ်ဝန်းကျင်မှ အဖြူရောင်သံချပ်ကာတပ်သားများသည် အနက်ရောင်သံချပ်ကာစစ်တပ်ကို ဝိုင်းရံလိုက်ကြ၏။

အကန့်အသတ်မဲ့မရှိသော အဖြူရောင်သံချပ်ကာတပ်သားများသည် ဒီရေအလားတိုးဝင်လာသဖြင့် လုယွီထိန်းချုပ်ထားသော အနက်ရောင်သံချပ်ကာစစ်တပ် နောက်သို့ဆုတ်ခွာနေရသည်။သူတို့သည် အချိန်အတော်ကြာ တောင့်ခံနိုင်မည့်ပုံမရတော့ချေ။

"မင်းက တပ်မှူးလား"

အဖိုးအိုသည် ရုတ်တရက် လုယွီကိုကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်၌ လှည့်ဖြားတက်သောအပြုံးမျိုးရှိနေသည်။

ပတ်ဝန်းကျင်၌ အနက်ရောင်သံချပ်ကာတပ်သားများ တစတစပို၍နည်းလာပြီး လုယွီထံတွင်လည်း အလံများ နည်းပါးလာသည်။

အဆုံးသတ်၌ အဖြူရောင်သံချပ်ကာစစ်သားများသည် တောင်ကုန်းများနှင့်ကွင်းပြင်အနှံ့ပြည့်နှက်နေပြီး အကန့်အသတ်မရှိချေ။

ယခုလက်ရှိ စစ်တုရင်ကစားပွဲ၏အနေအထားအရ လုယွီသည် အပြည့်အဝရှုံးနိမ့်သွားလေပြီ။

သူသည် စစ်တုရင်တပ်သားများကို ဆုံးရှုံးခဲ့ရရုံမက သူ့အား မြောက်များစွာသောအဖြူရောင်သံချပ်ကာတပ်သားများ၏ဝိုင်းရံခြင်းခံထားရသည်။

သို့ရာတွင် လုယွီ၏မျက်နှာပေါ်၌ ထူးဆန်းသောအရိပ်အယောင်မျိုး ဖြတ်ပြေးသွားသည်။

"ကျုပ်က ဒီစစ်တုရင်ကစားပွဲကို စည်းမျဥ်းနဲ့အညီကစားခဲ့တာ...ခင်ဗျားက စည်းမျဥ်းတွေကို အရင်ချိုးဖောက်ခဲ့မှတော့ ကျုပ်ကို အပြစ်မတင်နဲ့"

Chapter 1739

စကားဆုံးသည်နှင့် လုယွီက အဖိုးအိုထံဦးတည်၍ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ဧရာမအနက်ရောင်လက်ဝါးကြီးက လေထုအတွင်း၌သိပ်သည်းသွားပြီး အဖိုးအို၏ခေါင်းထက်၌ထွက်ပေါ်လာသည်။ထိုလက်ဝါးကြီးသည် အဖိုးအို၏ခန္ဓာကိုယ်ပေါ်သို့ အချိန်မရွေး ကျရောက်သွားနိုင်သည့်ပုံရှိပေ၏။

အဖိုးအိုသည် ရုတ်တရက် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး သူ၏ခန္ဓာကိုယ်မှအဝတ်အစားများပွင့်ထွက်သွားကာ သူ၏ခန္ဓာကိုယ်က ယခင်ထက်အဆများစွာ ပို၍ကြီးမားလာသည်။အဆုံးသတ်၌ သူသည် ဧရာမကျားကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပေ၏။

လုယွီ ဤနေရာသို့ဝင်ရောက်လာစဥ်ကတည်းက အဖိုးအိုသည် သက်ရှိလူသားတစ်ယောက်မဟုတ်ခြင်းကို တွေ့မြင်ပြီးဖြစ်သည်။

သို့ရာတွင် အစပထမ၌ လုယွီသည် အဖိုးအိုအား ဝင်္ကပါ၏စိတ်ဝိညာဥ်ဟုသာ တွေးထင်ခဲ့မိသည်။

"မြင့်မြတ်တဲ့တာအိုသခင်တစ်ယောက် သူ့တပည့်တွေအတွက်ချန်ထားခဲ့တာက...ဘယ်လိုလုပ်ပြီး ဒီလိုအရှက်မရှိတဲ့ဝင်္ကပါမျိုးဖြစ်နေတာလဲ"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"ဒီနေရာကို ပြန်လာခဲ့စမ်း"

မည်ကဲ့သို့သောစစ်တုရင်ကစားကွက်မျိုးဖြစ်နေပါစေ အရေးအကြီးဆုံးအရာမှာ အကြောက်အလန့်ကင်းမဲ့ရန်ပင်။ကစားသူသည် အဖြူရောင်ကိုင်ဆောင်ထားသည်ဖြစ်စေ အနက်ရောင်ကိုကိုင်ဆောင်ထားသည်ဖြစ်စေ နောက်ဆုံး၌ တူညီသောရလဒ်သာ ထွက်ပေါ်လာပေမည်။

လုယွီဦးဆောင်ရသော အနက်ရောင်သံချပ်ကာစစ်သားအရေအတွက်မှာ ၁၃၀၀၀၀ရှိသည်။သို့ရာတွင် နောက်ဆုံးအချိန်၌ အဖိုးအိုခေါ်ထုတ်လာသော အဖြူရောင်သံချပ်ကာစစ်တပ်သည် အနည်းဆုံးအင်အားနှစ်သိန်းခန့်ရှိပေ၏။

ထို့ပြင် နောက်ဆုံး၌ လုယွီ၏စစ်တပ်အား ခြုံခိုတိုက်ခိုက်သော စစ်သားများသည် သူဦးဆောင်ထားရသောစစ်တပ်ထက် များစွာပို၍အရည်အချင်းရှိသည်မှာ သိသာထင်ရှားသည်။

ဤှသည်က စစ်တုရင်ကစားပွဲမဟုတ်ဘဲ တစ်ဖတ်သတ် သတ်ဖြတ်ပွဲကြီးဖြစ်နေသည်။

ဧရာမအနက်ရောင်လက်သည်းကြီးသည် လေထုကိုဖြတ်သန်း၍ ကျားကြီးထံသို့ တိုးဝင်သွားသည်။

ကျားကြီး၏အမွှေးများသည် ရွှေရောင်တောက်ပနေပြီး အလွန်အမင်း မြင့်မြတ်ပုံရသည်။

အကယ်၍ လုယွီ၏ခန့်မှန်းချက်သာမှန်ကန်ပါက ဤရွှေရောင်ကျားကြီးသည် သူရင်ဆိုင်ခဲ့ရသမျှ စိတ်ဝိညာဥ်သားရဲများအနက် အစွမ်းအထက်ဆုံးဖြစ်ပေမည်။

ဤစိတ်ဝိညာဥ်သားရဲ၌ ကိုယ်ပိုင်အသိဥာဏ်ရှိနေသည်။သူသည် ဤနေရာရှိ မူလဝင်္ကပါစိတ်ဝိညာဥ်ကိုပင်ဖယ်ရှား၍ စစ်တုရင်ကစားပွဲကို အပိုင်စီးထားခဲ့သည်။

ဤစိတ်ဝိညာဥ်သားရဲသည် ယခင် သူကြုံတွေ့ခဲ့သော သားရဲများနှင့် တူညီခြင်းမရှိပေ။

အစောပိုင်းက လုယွီသည် အဆင့်နိမ့်သတ္တုဒြပ်စင်သားရဲများကိုဝါးမျိုခဲ့ရာ သူ ပြင်းပြင်းထန်ထန် ကျင့်ကြံရမည့် အချိန်အမြောက်အများကို သက်သာစေခဲ့သည်။အကယ်၍ သူ ဤစိတ်ဝိညာဥ်သားရဲကိုသာ ဝါးမျိုနိုင်ပါက ထိုရွှေရောင်ကျားကြီး၏သတ္တုဒြပ်စင်သည် သူ့အတွက် စိတ်ကျေနပ်စရာဖြစ်လာနိုင်သည်။

"ဒီနေရာကို လာခဲ့စမ်း"

လုယွီက ရွှေရောင်ကျားကြီးကိုအနိုင်ယူနိုင်ရန်အတွက် နဂါးဖမ်းလက်ကို အသုံးပြုလိုက်၏။

နဂါးလက်သည်းကြီးသည် ရွှေရောင်ကျားကြီးအား ဖမ်းဆုပ်နိုင်လုဆဲဆဲအချိန်မှာပင် လုယွီ၏ရှေ့ရှိ လေဟာနယ် ရုတ်တရက် လှုပ်ခတ်သွားသည်။

ရွှေရောင်ကျားကြီးသည် လုယွီ၏ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်ရန် စစ်တုရင်ခုံကိုစွန့်ခွာ၍ ထွက်ပြေးသွားတော့သည်။

"ငါက မင်းကို မျက်စေ့ကျနေမှတော့...မင်း ပြေးဖို့မစဥ်းစားနဲ့"

လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီး ချက်ချင်းဆိုသလိုပင် သူ၏စိတ်ဝိညာဥ်ကို စစ်တုရင်ခုံမှ ပြန်ရုတ်သိမ်းလိုက်၏။ သူ၏ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဥ်ပြန်လည်ရောက်ရှိသည်နှင့် သူက ရွှေရောင်ကျားကြီးကို လိုက်လံဖမ်းဆီးလိုက်သည်။

ရွှေရောင်ကျားကြီးသည် လမ်းကျဥ်းလေးတစ်ခုအတွင်းသို့ ရောက်ရှိနေလေပြီ။လုယွီ သူ့အား တိုက်ခိုက်တော့မည်ကိုမြင်ချိန်တွင် သူက စက်ယန္တရားတစ်ခုကို အလျှင်အမြန်ဖိနှိပ်လိုက်၏။

ဘုန်း...

လေဟာနယ်နယ်မြေအတွင်း၌ မြောက်မြားစွာသောတံခါးများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။မြောက်မြားစွာသော စက်ယန္တရားများနှင့်ဝင်္ကပါများ၏ ထိန်းချုပ်မှုအောက်တွင် ထိုတံခါးများ ဖြည်းညှင်းစွာပွင့်လာပေ၏။

တံခါးများပွင့်သွားသည်နှင့် မျက်စိကျိမ်းလုမတက်စူးရှသောအလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။တံခါးများ၏နောက်ကွယ်၌ ရေတွက်၍ပင်မရနိုင်သော ရတနာများကို စုပုံထားသည်။ထိုရတနာများကို တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများအား မူးဝေမှုကို ခံစားရစေနိုင်သည်။

ရွှေရောင်ကျားကြီးသည် ထိုရတနာများကိုအသုံးပြု၍ လုယွီ၏စိတ်အာရုံကိုဆွဲဆောင်ချင်ပုံရသည်။

ကံဆိုးစွာဖြင့် လုယွီ၏စိတ်အာရုံသည် ထိုရတနာများအပေါ်၌ တစိုးတစိမျှပင်မရှိချေ။

ထိုရတနာများသည် အနှေးနှင့်အမြန် သူ၏ပိုင်ဆိုင်မှုဖြစ်လာပေမည်။သို့ရာတွင် ရွှေရောင်ကျားကြီးကို ထွက်သွားခွင့်ပြုလိုက်ပါက သူ၏သတ္တုဒြပ်စင်စွမ်းအား ပြီးပြည့်စုံစေရန် အချိန်များစွာအကုန်ခံ၍ ရှာဖွေရပေမည်။

လုယွီသည် ရတနာများကို အာရုံစိုက်မှုမရှိသည်ကိုမြင်သော ရွှေရောင်ကျားကြီးသည် စက်ယန္တရားတချို့ကို ထပ်မံ၍ဖိနှိပ်လိုက်ရာ လုယွီဝင်ရောက်လာသော တံခါးပိတ်သွားပေ၏။

"ဒီနည်းနဲ့ ငါ့ကိုဟန့်တားလို့ရမယ်လို့ မင်း ထင်နေတာလား"

လုယွီက သရော်တော်တော်ပြောဆိုပြီးနောက် သူ၏လက်ဖဝါးအတွင်းမှနေ၍ ပြင်းထန်သောအားလှိုင်းများ ပွင့်အံထွက်လာသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး

ဘုန်း....

ပြင်းထန်သောအားလှိုင်းအရှိန်ကြောင့် ပြင်းထန်သောတုန်ခါသံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ တံခါးတစ်ချပ်လုံး ပြိုလဲသွားလုနီးပါး လှုပ်ခါသွားသည်။

သို့ရာတွင် လုယွီ၏လက်ဝါးရိုက်ချက်သည် တံခါးကြီးအား အပြည့်အဝဖျက်ဆီးနိုင်ခြင်းမရှိချေ။

"ငါ ဒါကို လျှော့တွက်ခဲ့မိတာပဲ...ဘယ်လိုပဲဖြစ်ဖြစ် ဒါက အတိတ်က တာအိုသခင်တစ်ယောက်ရဲ့ အမွေအနှစ်နယ်မြေဖြစ်နေတယ်...ငါ ဒေါသတကြီးလျှောက်ရမ်းနေလို့ရတဲ့အထိ ငါ ခွန်အားက မလုံလောက်သေးဘူး"

Chapter 1740

လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက စိတ်ဓာတ်ကျဆင်းသွားခြင်းမရှိချေ။

တာအိုသခင်အဆင့်တစ်ယောက်၏အမွေအနှစ်နယ်မြေသည် သူ အသက်ရှင်စဥ်ကတည်းက အစီအစဥ်များဖြင့် ပြည့်နှက်နေမည်ဖြစ်ရာ မည်သူမျှ လွယ်လင့်တကူဖြတ်ကျော်နိုင်မည်မဟုတ်ချေ။

မြေကမ္ဘာအင်မော်တယ်တချို့ပင် ဤနေရာသို့ရောက်ရှိလာပါက အလွန်ဂရုစိုက်နေရန် လိုအပ်သည်။

လုယွီသည် သူ၏တာအိုသခင်စိတ်ဝိညာဥ်ကိုမှီခို၍ မြောက်များစွာသော တားဖြစ်ကန့်သတ်ချက်များကိုဖြတ်ကျော်ခဲ့ရသည်။ထို့ပြင် ဤနေရာသို့ သူ ရောက်လာခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုကြောင့်ပင်။

"ဒီဝင်္ကပါက တော်တော်ကို နက်နဲသိမ်မွေ့တာပဲ"

လုယွီက အလျင်လိုခြင်းမရှိချေ။သူသည် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်၍ သူ့ရှေ့ရှိ တံခါးမှ ချိပ်ပိတ်ထားမှုကို လေ့လာဆင်ခြင်လိုက်၏။

ထိုတံခါးကြီး၏အပေါ်တွင် ဝင်္ကပါတစ်ခုရှိနေသည်။ဝင်္ကပါ၏မျက်နှာပြင်ပေါ်၌ မြောက်မြားစွာသော စိတ်ဝိညာဥ်စွမ်းအင်လမ်းကြောင်းများကို ရေးဆွဲထားပေ၏။ဤဝင်္ကပါသည် အလွန်အမင်း ရှုပ်ထွေးကာ နက်နဲသိမ်မွေ့သည်။

အကယ်၍ သူ ဤဝင်္ကပါအား ချိုးဖျက်လိုပါက သန်းရာနှင့်ချီသော စိတ်ဝိညာဥ်စွမ်းအင်လမ်းကြောင်းများအတွင်းမှ ချို့ယွင်းချက်ကိုရှာဖွေပြီး ချိုးဖျက်ရန်လိုအပ်သည်။

ဤသည်က လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ချေ။သို့ရာတွင် လုယွီသည် ယခုလက်ရှိအချိန်၌ တာအိုသခင်စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသဖြင့် သူ ဤဝင်္ကပါအား ချိုးဖျက်နိုင်ပေ၏။

"ဘယ်ဝင်္ကပါမဆို ချို့ယွင်းချက်ရှိတယ်...ငါက အကြိမ်ပေါင်းများစွာ လေ့လာဆင်ခြင်ခဲ့ပြီးချိန်မှာတောင် ဘာဟာကွက်ကိုမှ မတွေ့ရသေးဘူး"

လုယွီသည် အလျင်စလိုပြုလုပ်ခြင်းမရှိချေ။သူ၏စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားလေရာ မည်သည့်အရာကမျှ သူ၏အတွေးများကို သက်ရောက်စေမည်မဟုတ်ပေ။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အတွေးမဲ့အဆင့်သို့ ရောက်ရှိနေသည်။သူသည် မောပန်းခြင်း စိုးရိမ်ပူပန်ခြင်းများကို မသိတော့ချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံး တိမ်များအကြားရောက်ရှိသွားသကဲ့သို့ လွတ်လပ်ပေါ့ပါးနေပေ၏။အချိန်တိုင်းတွင် သူ၏စိတ်အတွင်း၌ မြောက်များစွာသောအတွေးများပေါက်ဖွားနေပြီး သန်းဆယ်နှင့်ချီသော တွက်ချက်မှုများကို ပြုလုပ်နေသည်။

သူ၏ရှေ့ရှိ ဝင်္ကပါသည် ယခင်ကကဲ့သို့ စိမ်းသက်သက်မဖြစ်တော့ဘဲ ပို၍ရင်းနှီးလာသည်။

"ငါ ရှာတွေ့ပြီ...ဒီနေရာက ဝင်္ကပါရဲ့ဟာကွက်ပဲ"

လုယွီက ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ၏မျက်လုံးများက လင်းလက်တောက်ပနေသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် သူ၏လက်ချောင်းများကိုစုစည်းပြီး အားလှိုင်းတချို့ကိုထုတ်လွှက်ကာ တံခါးပေါ်ရှိ တချို့နေရာများသို့ ပစ်လွှက်လိုက်၏။

ထိုအားလှိုင်းများ ထိမှန်သွားချိန်တွင် တံခါးကြီးတစ်ခုလုံးမှနေ၍ စက်ယန္တရားလည်ပတ်သံများ ထွက်ပေါ်လာသည်။ထို့နောက် ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ တံခါးကြီးပွင့်သွားတော့သည်။

တံခါးကြီးပွင့်သွားသည်နှင့် အတွင်း၌ စင်္ကြန်လမ်းတစ်ခု ထွက်ပေါ်လာသည်။

တံခါးကြီး၏ပြင်ပ၌ ယခင်မြို့ပျက်ကြီးရှိနေသည်။လုယွီသည် စင်္ကြန်လမ်းမှထွက်လိုက်သည်နှင့် လှိုဏ်ဂူ၏ပြင်ပသို့ တဖန်ပြန်၍ရောက်ရှိသွားခဲ့သည်။

လှိုဏ်ဂူဝင်ပေါက်၏ပြင်ပ၌ မြို့ပျက်ကြီးရှိနေဆဲဖြစ်သော်လည်း ဤအချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေခြင်းမရှိချေ။ထိုအစား အသံများဆူညံစွာ ထွက်ပေါ်နေပေ၏။

"စီနီယာအကို...ငါ အဲ့ဒါကို ဖမ်းမိပြီ"

"ကောင်းလိုက်တာ...အဲ့ဒါက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်သားရဲပဲ...ဒီလိုနေရာမှာ အဆင့်မြင့်တဲ့စိတ်ဝိညာဥ်သားရဲတွေကို ဖမ်းဆီးနိုင်မှတော့ ဒါက တကယ့်ရတနာနယ်မြေကြီးပဲ"

အံ့အားတသင့်ပြောဆိုနေသံများနှင့် ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။

ထိုလူများသည် အန္တိမဝါယောဂိုဏ်းမှ ဖုန်းပိကြွယ်တို့လူစု ဖြစ်သည်။

သူတို့သည် မြို့ပျက်ကြီးအတွင်းသို့ ဂရုတစိုက် ဝင်ရောက်ခဲ့ကြ၏။သူတို့ထံသို့ သတ္တုဒြပ်စင်ကျားတစ်ကောင် ပြေးဝင်လာသဖြင့် သူတို့အားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။

တခြားတပည့်များသည် ရွှေရောင်ကျားကြီး၏အကြောင်းကို မသိရှိသော်လည်း ဖုန်းပိကြွယ်သည် အန္တိမဝါယောဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်ဖြစ်သဖြင့် တခြားသူများထက်ပို၍ ဗဟုသုတကြွယ်ဝသည်။

ဤကဲ့သို့ ရွှေရောင်ကျားကြီးမျိုးကို ရောင်းချလိုက်ပါက တန်ကြေးများစွာထိုက်တန်သည်။ထို့ပြင် ထိုကျားကို သူ၏ဆရာသခင်ထံပေးအပ်လိုက်ပါက ကြီးမားသောအကျိုးဆောင်မှုကြီး ဖြစ်ပေမည်။

ဖုန်းပိကြွယ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုသည်။

"ချမ်းသာကြွယ်ဝမှုတွေက အန္တရာယ်ကလာတယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ...ဒီလို ကံကြမ္မာကောင်းကြီးနဲ့ဆုံတွေ့ဖို့ဆိုတာ တကယ့်ကိုရှားပါးတဲ့အခွင့်အရေးပဲ"

သူ အပျော်လွန်နေစဥ်မှာပင် ရွှေရောင်ကျားကြီးသည် ရုတ်တရက် အခွင့်အရေးကောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားလေ၏။သူသည် ကျယ်လောင်စွာဟိန်းဟောက်၍ သူ၏ခန္ဓာကိုယ်ကိုရစ်ပတ်ထားသော မှော်ပိုက်ကွန်ကိုဆုတ်ဖြဲလိုက်သည်။

ဝေါင်း....

ရွှေရောင်ကျားကြီးသည် ဟိန်းဟောက်ပြီး အဝေးသို့ထွက်ပြေးသွားတော့သည်။

"မကောင်းတော့ဘူး...သူ ထွက်ပြေးသွားပြီ"

ဖုန်းပိကြွယ်တို့လူစုသည် ထိတ်လန့်တုန်လှုပ်သွားပြီး ရွှေရောင်ကျားကြီးနောက်သို့ တရကြမ်းလိုက်လံဖမ်းဆီးကြ၏။

ရုတ်တရက် ရွှေရောင်ကျားကြီးသည် နောက်သို့ပြန်လှည့်လာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။ရွှေရောင်ကျားကြီး၏ပါးစပ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာမှုနှင့်အတူ မြောက်မြားစွာသော ရွှေရောင်ဓားချီလှိုင်းများကို ထွေးထုတ်လိုက်သည်။

ရှေ့ဆုံးမှ အပြေးသွားနေသော အန္တိမဝါယောဂိုဏ်းမှတပည့်များသည် သတိလက်လွတ်နေမိသဖြင့် ရွှေရောင်ဓားချီများ ထိမှန်သွားလေ၏။သူတို့၏ခန္ဓာကိုယ်များပေါ်၌ ချက်ချင်းဆိုသလို ဒဏ်ရာများဖြင့် ပြည့်နှက်သွားတော့သည်။

ဖုန်းပိကြွယ်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံသွားပြီး သူ၏အရှိန်နှုန်းကို လျှော့ချလိုက်၏။

ထိုအချိန်မှာပင် လုယွီ၏ပုံရိပ်က ရုတ်တရက် ရွှေရောင်ကျားကြီး၏ရှေ့၌ ထွက်ပေါ်လာသည်။

All Chapters