အခန်း (၁၇၄၁-၁၇၄၅)
Vol. 90 Ch. 1741-1745
Chapter 1741
ရွှေရောင်ကျားကြီးသည် လုယွီကိုမြင်သည်နှင့် ပို၍ပင်ထိတ်လန့်ကြောက်ရွံသွားပြီး ဟိန်းဟောက်ကာ နောက်သို့ပြန်လှည့်ပြေးလေ၏။
"မင်းက ဒီရှေးဟောင်းအမွေအနှစ်နယ်မြေကနေ အသိဥာဏ်ကိုရရှိသွားမှတော့ ဘယ်လိုထွက်ခွာသွားရမယ်ဆိုတာကိုလည်း မင်း သိမှာပဲ...ဒါပေမယ့် မင်း ခုထိထွက်မသွားရသေးတဲ့ အကြောင်းအရင်းက တာအိုသခင်ရဲ့မျိုးဆက်တွေ ရောက်လာတာကိုစောင့်ဆိုင်းနေတာပဲဖြစ်မယ်...ဟုတ်တယ်မလား...မင်းက ဖရိုဖရဲဖြစ်နေတဲ့အချိန်ကျမှ တာအိုသခင်ရဲ့အမွေအနှစ်တွေကို အပိုင်စီးချင်နေခဲ့တာ...မင်းရဲ့အကြံအစည်တွေကို ငါ မမြင်နိုင်ဘူးလို့ မင်း ထင်နေတာလား"
လုယွီက စကားပြောဆိုနေစဥ်မှာပင် သူ၏ကျယ်ပြန့်ပြီး ခမ်းနားကြီးကျယ်သောမှော်စွမ်းအားများသည် ဧရာမလက်မောင်းနှစ်ဖက်ကြီးအသွင် ပြောင်းလဲသွားပေ၏။ထိုလက်မောင်းနှစ်ဖက် လေထုအတွင်း၌ လွှဲယမ်းနေပြီးနောက် ရွှေရောင်ကျားကြီးကို ရိုက်နှက်လိုက်သည်။
ရွှေရောင်ကျားကြီးသည် ခံပြင်းဒေါသထွက်စွာဟိန်းဟောက်ပြီး အင်အားကုန်ရုန်းကန်နေခဲ့သည်။
သို့ရာတွင် လုယွီ၏မှော်စွမ်းအားများ တစ်ကြိမ်အသုံးပြုလိုက်တိုင်း ကောင်းကင်ဘုံမှနတ်ဘုရားတစ်ပါး မြေပြင်ပေါ်ဆင်းသက်လာသကဲ့သို့ တောင်ကြီးတစ်လုံးပမာ လေးလံပြီး တည်ငြိမ်ပေရာ ရွှေရောင်ကျားကြီး လွတ်မြောင်အောင် ရုန်းကန်နိုင်စွမ်းမရှိချေ။
"မင်းနဲ့ လုံလောက်အောင် ကစားပေးပြီးပြီဆိုမှတော့ ဒါက အဆုံးသတ်ရမယ့်အချိန်ပဲ"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ဤသတ္တုဒြပ်စင် စိတ်ဝိညာဥ်သားရဲနှင့်ဆိုပါက သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်မည့်အရှိန်နှုန်း ပို၍လျှင်မြန်လာပေမည်။
"မင်းက ဘယ်နေရာက ရောက်လာတာလဲ...ဒီသားရဲကို ငါတို့ အရင်ရှာတွေ့ထားတာ...အခုချက်ချင်း ဒီနေရာကနေ မြန်မြန်ထွက်သွားစမ်း"
ဖုန်းပိကြွယ်တို့လူစုက အလျင်စလို ပြေးလာကြသည်။
လုယွီသည် ရွှေရောင်ကျားကြီးကို ဖမ်းဆီးထားသည်ကိုကြည့်ပြီး သူတို့ အပျော်လွန်သွားကြ၏။
ဖုန်းပိကြွယ်က မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။
"ဒီသားရဲက ခုဏကတည်းက ငါတို့ကြောင့် ဒဏ်ရာရထားတာ...မင်း ငါတို့ကို မကူညီဘူးဆိုရင်တောင် ငါတို့ဟာငါတို့ ရင်ဆိုင်ဖြေရှင်းနိုင်တယ်"
လုယွီသည် ဖုန်းပိကြွယ်အား မှတ်မိပေ၏။ဤကဲ့သို့ ဂိုဏ်းမှပိုးမွေးသလိုမွေးခံထားရသော တပည့်မျိုးနှင့် ကြုံတွေ့နေရသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
"တကယ်လို့ ငါ မြင်တာမမှားဘူးဆိုရင်...ခုဏက မင်းတို့ ဒီသားရဲကြောင့် ဒဏ်ရာတွေရထားတာမလား"
အန္တိမဝါယောဂိုဏ်းမှ တပည့်တစ်ယောက်၏လက်မောင်းပေါ်တွင် ရှည်လျားသောဒဏ်ရာကြီးတစ်ခုရှိနေပြီး သွေးများက တစ်စက်စက်ယိုစီးကျနေသည်။
ဖုန်းပိကြွယ်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။
"ဒါက ငါတို့ သတိလက်လွတ်ဖြစ်သွားချိန်မှာ ယာယီဖြစ်ပျက်သွားတဲ့ကိစ္စလေးပါ...ဒီစိတ်ဝိညာဥ်သားရဲက ငါတို့ရဲ့ပိုင်ဆိုင်မှုပဲဖြစ်သင့်တယ်"
သူက လုယွီကိုစုန်ချည်ဆန်ချည်ကြည့်ပြီး သူ၏ခေါင်းကိုမော့ကာ ပြောဆိုလိုက်၏။
"ငါက အန္တိမဝါယောဂိုဏ်းရဲ့တပည့်ခေါင်းဆောင် ဖုန်းပိကြွယ်ပဲ...ဒီနေရာက မင်း လာသင့်တဲ့နေရာမဟုတ်ဘူး...မြန်မြန်ထွက်သွားစမ်း"
စကားဆုံးသည်နှင့် ဖုန်းပိကြွယ်က သူ၏လက်ကိုဝှေ့ယမ်းကာ လုယွီ၏လက်အတွင်းမှ စိတ်ဝိညာဥ်သားရဲကိုယူဆောင်ရန် အချက်ပြလိုက်သည်။
ထိုအချိန်မှာပင် အန္တိမဝါယောဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ယောက်က ရုတ်တရက် စူးရှကျယ်လောင်စွာ အော်ဟစ်လေသည်။
"စီနီယာအကို....ဟိုနေရာကိုကြည့်ပါအုံး...ဘာတွေရှိနေတာလည်းဆိုတာကို"
လူတိုင်း၏စိတ်အာရုံကို ထိုအော်သံက ဆွဲဆောင်သွားပေ၏။
အမျိုးသမီးတပည့် လက်ညှိုးညွှန်ပြသောနေရာသို့ သူတို့အားလုံး ကြည့်လိုက်စဥ်တွင် တံခါးတစ်ချပ်၏နောက်၌ ရတနာပစ္စည်းများ တောင်ပုံရာပုံရှိနေခြင်းကို တွေ့ရှိမိကြသည်။
သူတို့က ချက်ချင်းပင် နတ်ဘုရားစိတ်အာရုံများကို ထုတ်လွှက်၍စစ်ဆေးလိုက်ရာ သူတို့၏စိတ်နှလုံးသားများကို ရတနာပစ္စည်းများက ကြီးစိုးသွားသည်။
သူတို့သည် သာမာန်မျက်စိဖြင့် ကြည့်ရုံနှင့်ပင် နေရာအနှံ့ မှော်ရတနာများ ဆေးလုံးများနှင့် စိတ်ဝိညာဥ်ကျောက်တုံးများ ပြန့်ကျဲနေသည်ကို တွေ့မြင်မိကြ၏။
ပြင်ပလောက၌ အလွန်အဖိုးတန်ရှားပါးသည်ဟုဆိုနိုင်သော မှော်ရတနာများကို ဤနေရာ၌ အမှိုက်များကဲ့သို့ မြေပြင်ပေါ်၌ သာမာန်ကာလျှံကာ လွှင့်ပစ်ထားသည်။
"ဒီတစ်ကြိမ်တော့ ငါတို့ ချမ်းသာပြီ...ဒီနေရာက ရတနာနယ်မြေဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ဟား ဟား ဟား...ဒီရတနာတွေနဲ့ဆိုရင် ငါ အခုချိန်ကနေစပြီး ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်ပြီ"
အန္တိမဝါယောဂိုဏ်းမှတပည့်များသည် အလွန်ပျော်ရွှင်စွာဖြင့် လှိုဏ်ဂူအတွင်းသို့ ကြည့်လိုက်ကြ၏။
ရတနာပစ္စည်းများ လှိုဏ်ဂူအတွင်း၌ ပြန့်ကျဲနေသဖြင့် ဖုန်းပိကြွယ်၏မျက်လုံးအကြည့်သည် ထိုအရာများပေါ်၌ မခွာနိုင်တော့ချေ။
သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေသော ရတနာပစ္စည်းများပေါ်တွင်သာ အခိုင်အမာစွဲကပ်နေပြီး သူ၏အသက်ရှုနှုန်း မြန်ဆန်လာသည်။
"အမှန်ပဲ...ဒါက ငါ့ရဲ့ကံကြမ္မာကောင်းကြီးပဲ...ငါတို့က သားရဲဘုရင်လိုက်ဖမ်းလို့ ဒီနေရာကိုရောက်လာခဲ့ပေမယ့် အန္တရာယ်တွေကြားကနေ ရတနာနယ်မြေကို ရှာတွေ့ခဲ့ရတယ်...ဒီရတနာတွေနဲ့ဆိုရင် ငါ့ရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"
ဖုန်းပိကြွယ်၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်နေပေ၏။
တစ်ချိန်တည်းမှာပင် အန္တိမဝါယောဂိုဏ်းမှတပည့်များသည် သူတို့၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြတော့သဖြင့် ရတနာများရှိနေသော လှိုဏ်ဂူထံသို့ တဟုန်ထိုးအပြေးသွားကြတော့သည်။
လုယွီသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"ဘယ်သူ လှုပ်ရှားရဲလဲဆိုတာ ငါ ကြည့်အုံးမယ်"
လုယွီက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။သူ၏အသံတွင် သိပ်သည်းသောမှော်စွမ်းအားများဖြင့် ပြည့်နှက်နေလေရာ ပတ်ဝန်းကျင်ရှိလေထုပင် တုန်ခါသွားတော့သည်။
Chapter 1742
လုယွီ၏အော်ငေါက်သံသည် မိုးခြိမ်းသံတမျှကျယ်လောင်သဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရှေ့ဆုံးမှပြေးနေသော အမျိုးသမီးတပည့်တစ်ယောက်သည် ရုတ်တရက်ရပ်တန့်ပြီး လုယွီကို မော့ကြည့်လိုက်၏။
လုယွီ၏စိတ်ဝိညာဥ်သည် ရှေးဟောင်းအထီးကျန်မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် အလွန်သန့်စင်သော ယန်အော်ရာများကို သယ်ဆောင်ထားသည်။သူသည် သန့်စင်သောယန်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ရာ အဆင့်နိမ့်သရဲတစ္ဆေများနှင့်နတ်ဆိုးများသည် သူ၏အနားသို့ ချဥ်းကပ်ဝံ့ခြင်းပင်မရှိချေ။ဤအရာသည် နှောင်းပိုင်းမျိုးဆက်များမှ သာမာန်အတုအယောင်အင်မော်တယ်များ ယှဥ်ပြိုင်နိုင်သည့်အရာမျိုးမဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် သူတို့အားသတ်ဖြတ်ရန် ရည်ရွယ်ထားခြင်းမရှိချေ။သို့မဟုတ်ပါက သူ ကျယ်လောင်စွာ အော်ငေါက်လိုက်ရုံဖြင့်ပင် ပြင်းထန်သောအသံလှိုင်းများသည် အဆင့်နိမ့်ကျင့်ကြံသူတစ်စုအား သတ်ဖြတ်ရန်လုံလောက်သည်။
"မင်းက ဘာကောင်မလို့လဲ...ငါတို့က ဒီနေရာကို ရှာတွေ့ခဲ့တာ...အဲ့ဒီပစ္စည်းတွေအားလုံးက ငါတို့ရဲ့အပိုင်ပဲ...ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး"
"ပြီးတော့ ...ငါ မင်းကို ထပ်ပြီးသတိပေးလိုက်မယ်...ငါတို့က အန္တိမဝါယောဂိုဏ်းကလူတွေ...မင်း ပြဿနာမရှာတာ ပိုကောင်းလိမ့်မယ်"
တပည့်များသည် အချိန်တခဏကြာ တုန်လှုပ်ချောက်ချားနေပြီးနောက် အသိပြန်ဝင်လာကြပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။
ထိုအခြင်းအရာကိုကြည့်ပြီး လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီနေရာက မင်းတို့ ခြေချလို့ရတဲ့ နေရာမျိုးမဟုတ်ဘူး....မြန်မြန်ထွက်သွားကြစမ်း"
လုယွီ ဤနေရာ၌ လွတ်လွတ်လပ်လပ်သွားလာနိုင်ရသည့် အကြောင်းအရင်းမှာ သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့် ဤနေရာအတွင်းရှိ တားမြစ်ကန့်သတ်ချက် ကြီးကြီးငယ်ငယ်ဟူသမျှကို ထွင်းဖောက်မြင်နိုင်သောကြောင့်ပင်။
သူရှေ့ရှိလူစုတွင် အသန်မာဆုံးကျင့်ကြံသူမှာ စိတ်ဝိညာဥ်နယ်ပယ်သာရှိသည်။ဤကဲ့သို့ခွန်အားမျိုးသည် လူငယ်မျိုးဆက်သစ်များကြားတွင် မဆိုးလှဟု ဆိုနိုင်သော်လည်း ဤနေရာရှိ တားမြစ်ကန့်သတ်ချက်များကို ထွင်းဖောက်မြင်နိုင်ရန် မလုံလောက်ချေ။
"ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့သေတော့မယ်...မင်းက ငါတို့ရဲ့အဆင့်အတန်းကိုမသိပေမယ့်...ငါတို့အားလုံးက အန္တိမဝါယောဂိုဏ်းရဲ့အတွင်းစည်းတပည့်တွေပဲ...မင်းကရော...မင်းက ဘာကောင်မလို့လဲ"
ရှေ့ဆုံး၌ရှိနေသော အမျိုးသမီးတပည့်သည် လုယွီကို လျစ်လျှူရှု၍ လှိုဏ်ဂူထံသို့ လျှောက်လှမ်းသွားလေသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် တခြားတပည့်များကလည်း ထိုနေရာသို့ တရကြမ်းပြေးသွားကြတော့သည်။
"ငါ မင်းကို ဒီနေ့တော့လွှက်ပေးလိုက်မယ်...ဒီနေရာက မြန်မြန်ထွက်သွားစမ်း"
ဖုန်းပိကြွယ်သည် သူ၏ပိုက်ကွန်မှော်လက်နက်ကိုထုတ်ယူ၍ ရွှေရောင်ကျားကြီးကိုဖမ်းဆီးရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူ၏ပိုက်ကွန်မှော်လက်နက်ကို ထုတ်ယူလိုက်သည့်အချိန်မှာပင် သူနှင့်မလှမ်းမကမ်းအကွာအဝေးမှ စူးရှနာကျင်စွာအော်ဟစ်လိုက်သည့်အသံကို ကြားမိလေသည်။
လုယွီကို လျစ်လျှူရှုပြီး ပြေးထွက်သွားသော အမျိုးသမီးတပည့်၏ခြေထောက်အောက်မှမြေပြင် ရုတ်တရက် အက်ကွဲသွားသည်။ထိုအက်ကွဲကြောင်းများကြားမှနေ၍ မြောက်မြားစွာသော ထက်ရှသည့်ဓားငယ်များထွက်ပေါ်လာပြီး အမျိုးသမီးတပည့်၏ရင်ဘတ်ကို ထွင်းဖောက်သွားလေ၏။
ထိုအမျိုးသမီးတပည့်၏ခန္ဓာကိုယ်ပေါ်၌ အကာအကွယ်မှော်စွမ်းအင်အလွှာ ကျန်ရှိနေဆဲပင်။
အသက်အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် အမျိုးသမီးတပည့်သည် သူမ၏မှော်စွမ်းအားများကိုအသုံးပြု၍ အကာအကွယ်မှော်စွမ်းအင်အလွှာကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလိုက်သည်။သို့ရာတွင် ဤတားမြစ်ကန့်သတ်ချက်များကို ချန်ထားခဲ့သူမှာ တာအိုသခင်တစ်ယောက် ဖြစ်နေလေရာ မြောက်များစွာသောဓားငယ်များ အရူးအမူးထွက်ပေါ်လာခြင်းနှင့်အတူ အမျိုးသမီးတပည့် သေဆုံးသွားတော့သည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် တခြားတပည့်များသည် ရှေ့သို့ဆက်မတိုးဝံ့ကြတော့ဘဲ နောက်သို့ဆုတ်လိုက်ကြ၏။
"ဂျူနီယာညီမကျိုး သေသွားပြီ"
အန္တိမဝါယောဂိုဏ်းမှတပည့်များ၏ မျက်နှာထက်၌ ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
တပည့်တစ်ယောက်က လုယွီကိုလက်ညှိုးညွှန်၍ ခံပြင်းဒေါသထွက်သောလေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီနေရာမှာ အန္တရာယ်တွေရှိတယ်ဆိုတာ မင်း သိပြီးသားမလား....မင်း ဘာလို့ ငါတို့ကို ကြိုပြီးသတိမပေးတာလဲ....မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။
"ငါ မင်းတို့ကို အန္တရာယ်ရှိတယ်လို့ အစကတည်းက ကြိုပြောခဲ့သားပဲ"
ထိုတပည့်က မြေပြင်ပေါ် ခြေဆောင့်နင်းလိုက်၏။
"ဒါဆိုလည်း မင်း ငါတို့ကို တားဆီးသင့်တယ်လေ...မင်းက ရည်ရွယ်ချက်တစ်ခုနဲ့လုပ်တာလို့ ငါ ထင်တယ်...ကြည့်ရတာတော့ မင်းမှာ အရင်ကတည်းက ဆိုးညစ်တဲ့ရည်ရွယ်ချက်ရှိပုံရတယ်...ဖြစ်နိုင်တာတော့ မင်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ"
ဖုန်းပိကြွယ်ကလည်း အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အမှန်ပဲ...ဒီနေရာက အရမ်းလျှို့ဝှက်တဲ့နယ်မြေလေ...မင်း ဘယ်လိုလုပ်ပြီးဝင်လာတာလဲ....မင်းမှာ ဆိုးညစ်တဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ ငါ အတပ်ပြောနိုင်တယ်...မင်း စောင့်နေအုံး...ငါ မင်းကိုဖမ်းပြီး ဂိုဏ်းကိုခေါ်သွားရလိမ့်မယ်...အဲ့ဒီအချိန်ကျမှ ငါကိုယ်တိုင် မင်းကို စစ်မေးမယ်"
စကားဆုံးသည်နှင့် သူ၏လက်အတွင်းမှပိုက်ကွန်မှော်လက်နက်ဖြင့် လုယွီအား ဖမ်းဆီးရန်ဟန်ပြင်လိုက်သည်။
ဤနေရာသို့ သူတို့ ရောက်လာခဲ့ပြီဖြစ်သဖြင့် လုယွီ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရတနာပစ္စည်းများကို သူတို့ ယူဆောင်သွားရပေမည်။
လုယွီသည် ယခင်ကတည်းက သူတို့ကို သတိပေးခဲ့သော်လည်း နားထောင်ကြခြင်းမရှိချေ။ယခု သူတို့၏လူတစ်ယောက် သေဆုံးသွားချိန်တွင် လုယွီကို အပြစ်တင်နေကြ၏။
"ထွက်သွားစမ်း"
ထိုအခြင်းအရာကိုကြည့်ပြီးနောက် လုယွီသည် သူတို့အား ဆက်လက်၍ယဥ်ယဥ်ကျေးကျေး မဆက်ဆံနိုင်တော့ချေ။သူ၏ခန္ဓာကိုယ်မှအားလှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီး ထိုလူစုပေါ်သို့ ကျရောက်သွားသည်။
Chapter 1743
ဘုန်း...
လုယွီက သူ၏လက်ကို မြှောက်လိုက်၏။သူထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ရှိမနေသော်လည်း သူ၏လက်ဝါးမှအားလှိုင်းအရှိန်ကြောင့် မြေပြင်ပေါ်တွင် သဲမုန်တိုင်းတစ်ခုထွက်ပေါ်လာသည်။
အန္တိမဝါယောဂိုဏ်းမှတပည့်များသည် လုယွီက အရင်တိုက်ခိုက်မည်ဟု မျှော်လင့်ထားပုံမရချေ။လက်ဝါးရိုက်ချက်၏အားလှိုင်းအရှိန်သည် သူတို့အားလုံးကို ရိုက်ခတ်မိသွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့လွင့်စင်သွားကြသည်။
ဖုန်းပိကြွယ်သည် လုယွီနှင့်အနီးဆုံးလူဖြစ်ပေ၏။လုယွီတိုက်ခိုက်လာသည်ကိုမြင်သည်နှင့် သူ၏မှော်စွမ်းအားကို ချက်ချင်းထုတ်လွှက်လိုက်သည်။
ရုတ်ချည်ဆိုသလိုပင် အဖြူရောင်လေလှိုင်းများက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းသွားသည်။နောက်ဆုံး၌ ထိုလေလှိုင်းများသည် သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်၏ပုံရိပ်အသွင် ပြောင်းလဲသွားပြီး ဖုန်းပိကြွယ်၏ခေါင်းထက်၌ မတ်တတ်ရပ်နေသည်။
"မင်းက ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ချင်တာလား...မျှော်လင့်ထားသလိုပဲ မောက်မာပြီး အကြောက်အလန့်ကင်းမဲ့လိုက်တာ...ငါတို့အန္တိမဝါယောဂိုဏ်းရဲ့ ထိပ်တန်းအဆင့်ခန္ဓာကိုယ်ကာကွယ်နည်းစနစ် ငါ မင်းကို ပြသပေးမယ်"
ဖုန်းပိကြွယ်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး သူက ရှောင်တိမ်းရန်ပင်ကြိုးစားခြင်းမရှိချေ။လုယွီသည် သူ့ထက် အသက်များစွာ ပို၍ငယ်ရွယ်ပုံရသည်။သူနှင့်မျိုးဆက်တူ လူငယ်များအကြားတွင် မည်သူမျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်ဟု အခိုင်အမာယုံကြည်ထားလေ၏။
ဘုန်း...
နောက်ဆုံး၌ လုယွီ၏လက်ဝါးက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
ခပ်အုပ်အုပ်အသံတစ်သံက လေထုအတွင်း၌ မြည်ဟီးလာသည်။ဖုန်းပိကြွယ်သည် လေးလံသောတောင်ကြီးတစ်လုံး သူ့အပေါ်သို့ ဖိစီးလာသကဲ့သို့ ခံစားလိုက်ရ၏။ဤအကြွင်းမဲ့စွမ်းအား၏အောက်၌ အရာရာတိုင်းသည် အလွန်အမင်း နုနယ်နေသကဲ့သို့ပင်။
ခရက်...
ဖုန်းပိကြွယ်၏မှော်စွမ်းအင်အကာအကွယ် ချက်ချင်းပင် ကျိုးပဲ့သွားသည်။တခြားတပည့်များကဲ့သို့ပင် သူသည်လည်း ကြိုးပြတ်သွားသောစွန်တစ်စွန်အလား လွင့်ထွက်သွားလေ၏။
"ဒီနေရာက ငါ အရင်ဆုံးတွေ့ခဲ့တဲ့ အခွင့်အလမ်းပဲ...ဒီတစ်ကြိမ်တော့ ငါ မင်းတို့ရဲ့အသက်ကို မယူချင်ဘူး...ဒီနေရာက ထွက်သွားကြစမ်း"
လုယွီသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖိနှိပ်ထားခြင်းမရှိချေ။သူ၏ခွန်အား သုံးဆယ်ရာခိုင်နှုန်းကို ထုတ်လွှက်လိုက်ရာ ပတ်ဝန်းကျင်ရှိနံရံများအားလုံး တုန်ခါလာသည်။
ခရက်...ခရက်...ခရက်...
လုယွီ၏ခြေဖဝါးအောက်ရှိ ကျောက်ပြားများအားလုံး ကျိုးပဲ့ပျက်စီးသွားပြီး အပျက်အစီးပုံကြီးအဖြစ်သာ ကျန်ရှိတော့သည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် အန္တိမဝါယောဂိုဏ်းမှ တပည့်များအားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
"မင်းက လေလွင့်အင်မော်တယ်တစ်ယောက်လား"
ဖုန်းပိကြွယ်၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားပြီး သူက တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။
သူ၏ဆရာသခင်သည် လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်ရာ သူသည် လေလွင့်အင်မော်တယ်တစ်ယောက်၏စွမ်းအားများနှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။
ဖုန်းပိကြွယ်သည် ဝန်မခံလိုသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ခံစားချက်တစ်ခုရှိနေသည်။လုယွီသည် သူ၏ဆရာသခင်ထက်ပင် ပို၍သန်မာအားကောင်းပေ၏။
အန္တိမဝါယောဂိုဏ်းချုပ်သည် လေဒြပ်စင်ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံထားပြီး လေလွင့်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သည်။သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုခံယူပြီးသည်နှင့် လောကီအင်မော်တယ်တစ်ယောက် ဖြစ်လာပေမည်။
သို့ရာတွင် လုယွီသည် သူ၏ဆရာသခင်ထက်ပင် အနည်းငယ်ပို၍ သန်မာအားကောင်းနေသည်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူ ဖြစ်နေသလော...
"ငါ မဆင်မခြင်လုပ်မိသွားတယ်...ငါ တောင်းပန်ပါတယ်"
ဖုန်းပိကြွယ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုကာ ပျာပျာသလဲ ထွက်ခွာသွားတော့သည်။
တချို့မွန်းစတားအိုကြီးများသည် သူတို့၏ပုံပန်းသွင်ပြင်အား လူငယ်အသွင်ယူထားကြသည်မှာ အံ့အားသင့်စရာတစ်ခုမဟုတ်ချေ။
တစ်ဖက်လူသည် တံခါးပိတ်ကျင့်ကြံနေသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်သည်။အကယ်၍ သူ လက်လျှော့အရှုံးပေးခြင်းမရှိပါက တစ်ဖက်လူသည် ဆက်လက်သည်းခံမည်မဟုတ်သည်ကို သူ ခံစားမိလေ၏။ထိုသို့ဆိုပါက သူတို့အားလုံး မြှူပ်နှံစရာပင်မြေမရှိဘဲ သေဆုံးရပေမည်။
ဖုန်းပိကြွယ်သည် ကြွင်းကျန်နေသောတပည့်များကိုခေါ်ဆောင်၍ အလျင်စလိုထွက်ခွာသွားတော့သည်။
သူတို့သည် မြို့ပျက်ကြီးအတွင်းမှထွက်ခွာလာပြီးနောက် လမ်းတလျှောက်လုံး တရကြမ်းထွက်ပြေးလာခဲ့ရာ တိတ်ဆိတ်ငြိမ်သက်သောတောအုပ်တစ်ခုသို့အရောက်တွင် ရပ်တန့်လိုက်ကြသည်။
"စီနီယာအကို...ဂျူနီယာညီမကျိုးက အဲ့ဒီလူကြောင့် သေသွားခဲ့ရတာ...ကျွန်တော်တို့ သူ့ကို လက်စားမချေတော့ဘူးလား"
တပည့်တစ်ယောက်က ခါးသည်းသောအမူအယာဖြင့် ဒေါသတကြီးမေးမြန်းလေ၏။
သူနှင့်ဂျူနီယာညီမကျိုး၏အကြားတွင် ဆက်ဆံရေးကောင်းရှိလေရာ သူ၏ဒေါသထွက်ပေါက်အဖြစ် လုယွီ၏အပေါ်ကိုသာ အပြစ်များအားလုံး ပုံချလိုက်သည်။
ဖုန်းပိကြွယ်က သရော်တော်တော် ပြောဆိုသည်။
"ငါတို့ လက်စားမချေတော့ဘူးလို့ ဘယ်သူပြောလဲ...အဲ့ဒီကိစ္စအတွက် ငါတို့ လက်စားချေရမယ်"
သူ၏မျက်လုံးအတွင်း၌ အန္တရာယ်ရှိသောအေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
"ငါတို့ပြန်ရောက်တာနဲ့ ဆရာသခင်ကို သတင်းသွားပို့မယ်...အဲ့ဒီလူ ဘယ်လိုပဲ သန်မာအားကောင်းနေပါစေ ဆရာသခင်မှာ သူ့ကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိမှာပဲ"
"တံခါးရဲ့နောက်မှာရှိတဲ့ ရတနာတွေအကြောင်းကို စဥ်းစားကြည့်လိုက်ကြစမ်း...တကယ်လို့ ငါတို့ အဲ့ဒီလူကိုသာသတ်နိုင်ရင်....အဲ့ဒီရတနာတွေအားလုံး ငါတို့ရဲ့ဟာဖြစ်သွားပြီ....အဲ့ဒီရတနာတွေနဲ့သာဆိုရင် ငါတို့အန္တိမဝါယောဂိုဏ်းက ရှေးဟောင်းဖုန်မှုန့်ကြယ်ကြီးရဲ့နံပါတ်တစ်အင်အားစုဖြစ်လာမှာပဲ...ငါတို့က မက်မွန်ပွင့်ဓားဂိုဏ်းကို ဖိနှိပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"
Chapter 1744
ထိုစကားကိုကြားသည်နှင့် လက်ရှိနေရာရှိလူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။အခန်းအတွင်းရှိ ရတနာများကို သူတို့အားလုံး တွေ့မြင်ပြီးဖြစ်သည်။အကယ်၍ ထိုရတနာများသာ သူတို့၏လက်အတွင်းသို့ ရောက်ရှိလာပါက သူတို့အန္တိမဝါယောဂိုဏ်း၏ခွန်အား အဆင့်တစ်ဆင့်ထိမြင့်တက်သွားမည်မှာ တိကျသေချာလှ၏။
ဝှီး...ဝှီး...
ထိုအချိန်မှာပင် သူတို့၏နောက်ရှိ သစ်ပင်များအကြားမှနေ၍ စူးရှကျယ်လောင်သော လေတိုးသံများ ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး...မှော်သားရဲတွေလာနေပြီ"
ယခင်က လူဝံနက်ကြီး၏အမဲလိုက်ခြင်းကိုခံခဲ့ရသော အတွေ့အကြုံရှိသဖြင့် သူတို့အားလုံးသည် ခဲမှန်ခံရဖူးသည့် စာသူငယ်များအလားပင်။လေတိုးသံအနည်းငယ်နှင့် မြက်ပင်များယိမ်းနွဲ့နေခြင်းကပင် သူတို့၏စိတ်နှလုံးသားကို တုန်လှုပ်ချောက်ချားစေသည်။
ဖုန်းပိကြွယ်က အော်ဟစ်လိုက်၏။
"မြန်မြန် ပြေးကြစို့"
လူတိုင်းသည် သူတို့၏မှော်ရတနာမှော်ရတနာများကိုဆင့်ခေါ်၍ ထိန်းချုပ်ကာ ဤနေရာမှထွက်ခွာခဲ့ကြတော့သည်။
သို့ရာတွင် သူတို့အဝေးသို့ ပျံဝဲမသွားရသေးမီမှာပင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်၏ ဟန့်တားခြင်းခံလိုက်ရသည်။
"ထူးဆန်းလိုက်တာ...ငါ အစောပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်ရဲ့အငွေ့အသက်ကို မင်းတို့ဆီကနေ အာရုံခံမိပါတယ်...ဘာလို့ အခုပျောက်သွားရတာလဲ"
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသည် ပိန်ပါးပြီး သူ၏ခေါင်းပေါ်တွင် ဝါးခမောက်တစ်လုံးကို ဆောင်းထားသည်။သူကိုကြည့်ရသည်မှာ သာမာန်လယ်သမားတစ်ယောက်နှင့်သာ တူညီပေ၏။
"ဒီအဖိုးကြီးက ဘယ်နေရာကရောက်လာတာလဲ...မြန်မြန်လမ်းဖယ်ပေးစမ်း"
အန္တိမဝါယောဂိုဏ်းမှတပည့်များသည် အစဥ်အမြဲ သက်တောင့်သက်သာရှိသောဘဝမျိုး၌ နေထိုင်ခဲ့ရသည်ဖြစ်၍ အဖိုးအိုကို လိမ္မာယဥ်ကျေးစွာဆက်ဆံခြင်းမရှိချေ။
အဖိုးအိုက ရယ်မောလိုက်၏။
"ကောင်ငယ်လေးတွေက အရမ်းမောက်မာနေပါလား...မင်းတို့ကတော့ နောင်ဘဝကိုကူးပြောင်းဖို့ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းထဲကို ငါ ပို့ပေးရလိမ့်မယ်...ငါ့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံတာ ပိုကောင်းလိမ့်မယ်"
သူ၏စကားဆုံးသည်နှင့် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်ချည်မျှင်များက လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ထိုချည်မျှင်များသည် လေထုအတွင်း၌ ဖုံးကွယ်၍တည်ရှိနေလေရာ သာမာန်မျက်စိဖြင့် စုံစမ်းထောက်လှမ်းနိုင်ရန် ခက်ခဲလှသည်။
အစောပိုင်းက စကားပြောဆိုခဲ့သော တပည့်သည် ထပ်မံ၍ တစ်ခုခုပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း သူ၏ပါးစပ်မှသွေးများ အန်ထွက်လာပေ၏။နောက်ဆုံး၌ သူက အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။
ဘုန်း...ဘုန်း...ဘုန်း...
တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြသည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အန္တိမဝါယောဂိုဏ်းမှတပည့်များအားလုံး သေဆုံးသွားပြီး ဖုန်းပိကြွယ်တစ်ဦးတည်းသာ ကြွင်းကျန်ခဲ့သည်။
"စီနီယာ...ကျွန်တော် မှားသွားပါတယ်...ကျွန်တော်ရဲ့ဆရာသခင်က အန္တိမဝါယောဂိုဏ်းချုပ်ပါ...ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ"
ဖုန်းပိကြွယ်သည် ဒူးထောက်ပြီး အသနားခံတောင်းပန်လေ၏။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ဖုန်းပိကြွယ်ကိုကြည့်ပြီး အထင်အမြင်သေးစွာပြောဆိုသည်။
"အန္တိမဝါယောဂိုဏ်း...အဲ့ဒါက ဘာလဲ...နာမည်ကျော်ကြားလို့လား"
ဖုန်းဖိကြွယ်က ဆွံအသွားသည်။ရုတ်ချည်းဆိုသလိုပင် သူရှေ့မှအဖိုးအိုသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်မှ ကျင့်ကြံသူတစ်ယောက်မဟုတ်ကြောင်း သူ နားလည်သဘောပေါက်သွားပေ၏။
အန္တိမဝါယောဂိုဏ်းသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် စတုတ္တမြောက် အကြီးမားဆုံးအင်အားစုဖြစ်သည်။ဂိုဏ်းအင်အားသည် ထိပ်သီးဂိုဏ်းသုံးဂိုဏ်းလောက် ကောင်းမွန်ခြင်းမရှိသော်လည်း မကြာသေးမီအချိန်ကစ၍ စတင်ထင်ပေါ်ကျော်ကြားလာခဲ့သည်။ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်မှကျင့်ကြံသူဖြစ်နေသရွေ့ အန္တိမဝါယောဂိုဏ်း၏အမည်နာမကို မသိသူမရှိချေ။
ယခုလက်ရှိ၌ သူ၏ဆရာသခင်နှင့်ဂိုဏ်း၏နာမည်သည် အသုံးမဝင်လေရာ ဖုန်းပိကြွယ် ကြောက်စိတ်မွှန်သွားတော့သည်။
"ကျွန်တော်က စီနီယာကို ကျွန်တော်ရဲ့သိုလှောင်အိတ်ကို လက်ဆောင်အနေနဲ့ပေးချင်ပါတယ်...ပြီးတော့ ရတနာတွေရှိတဲ့ နေရာတချို့ကိုလည်း ကျွန်တော် သိထားတယ်....တကယ်လို့....."
ဖုန်းပိကြွယ်က ပျာပျာသလဲ ပြောဆိုသည်။
အဖိုးအိုက စိတ်မရှည်ပုံဖြင့် ကြားဖြတ်၍ပြောဆိုလိုက်၏။
"မင်းက စိတ်ဝိညာဥ်နယ်ပယ်ပဲရှိသေးတာ...မင်းရဲ့ရတနာတွေကို ငါ စိတ်မဝင်စားဘူး...ငါ့ကိုပြောစမ်း...မင်း အရင်က တစ်ယောက်ယောက်နဲ့ ဆုံတွေ့ခဲ့သေးလား"
ဖုန်းပိကြွယ်က လိမ္မာပါးနပ်သူဖြစ်သည်။ထိုစကားကိုကြားချိန်တွင် အဖိုးအို သတ်လိုသောသူသည် သူတို့မဟုတ်မှန်း သူက ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူငယ်တစ်ယောက်၏ပုံရိပ်က သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
"စီနီယာ...ကျွန်တော်တို့က ခုဏလေးကတင် ထူးဆန်းတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်"
ဖုန်းပိကြွယ်က အလျင်စလို အော်ဟစ်ပြောဆိုလိုက်၏။
သူသည် သူရှေ့ရှိအဖိုးအို စိတ်မရှည်တော့ခြင်းကို ခံစားမိသည်။အကယ်၍ သူ လှည့်ကွက်များကိုသာ အသုံးပြုလိုက်ပါက သူ၏အသက်ဆုံးရှုံးသွားနိုင်သည်။
အဖိုးအိုက တည်ငြိမ်စွာပြောဆိုသည်။
"ကောင်းပြီလေ...ငါ့ကို အဲ့ဒီကောင်လေးရှိတဲ့နေရာ ခေါ်သွားပေးစမ်း"
စကားဆုံးသည်နှင့် အဖိုးအိုသည် ဖုန်းပိကြွယ်၏အင်္ကျီဂုတ်ကို ဖမ်းဆုပ်၍ လေထုအတွင်းသို့ဆွဲမသွားကာ ပျံသန်းလိုက်တော့သည်။
သူ၏အသက်သည် အဖိုးအို၏လက်အတွင်းတွင်ရှိနေသဖြင့် ဖုန်းပိကြွယ်သည် အနည်းငယ်မျှပင် သတိမပေါ့ဆဝံ့ဘဲ မြို့ပျက်ကြီး၏တည်နေရာကို အလျှင်အမြန်ပြောဆိုလိုက်၏။
ဝေါင်း...
ရုတ်တရက် မှော်သားရဲတစ်ကောင်၏ဟိန်းဟေက်သံတစ်သံက ပဲ့တင်ထပ်ပျံ့နှံ့လာသည်။
Chapter 1745
ဘုန်း...ဘုန်း...ဘုန်း...
တောင်ကြားတစ်ခုလုံးရှိမြေပြင်က စတင်၍ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
အစောပိုင်းက ဖုန်းပိကြွယ်တို့လူစု၏နောက်သို့ လိုက်လံဖမ်းဆီးခဲ့သော လူဝံနက်ကြီးသည် ထပ်မံ၍ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ထံသို့ ဦးတည်၍ ပြေးလွှားလာသည်။
ထိုလူဝံနက်ကြီးသည် အလွန်ကြီးမားပြီး သူ ခြေတစ်လှမ်းချလိုက်သည့်နေရာတိုင်း သစ်ပင်များကျိုးပဲ့ပြီး အနီးအနားရှိတောင်များပင်တုန်ခါသွားပေ၏။
"စီနီယာ သွားကြစို့...အဲ့ဒီကောင်ကြီးက သားရဲဘုရင်ပဲ"
သူသည် လူဝံနက်ကြီး၏လိုက်လံဖမ်းဆီးမှုကြောင့် သေလုမျောပါး ထွက်ပြေးခဲ့ရ၏။ယခု လူဝံနက်ကြီးကို ထပ်မံ၍ဆုံတွေ့ရချိန်တွင် သူ၏မျက်နှာတပြင်လုံး ဖြူရော်နေတော့သည်။
သို့ရာတွင် ဧရာမလူဝံနက်ကြီးနှင့်ရင်ဆိုင်နေရသည့်တိုင် အဖိုးအို၏မျက်နှာအမူအယာက တည်ငြိမ်အေးဆေးနေဆဲပင်။
"ဒါက မှော်သားရဲလေး တစ်ကောင်ပါပဲ"
အဖိုးအိုက သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်၏။သူ၏အင်္ကျီလက်အတွင်းမှနေ၍ ပင့်ကူမျှင်များနှင့်တူညီသော သံမဏိကြိုးမျှင်များပျံဝဲသွားပြီး လူဝံနက်ကြီးထံသို့ ကျရောက်သွားသည်။
လူဝံနက်ကြီးသည် မိုးကောင်ကင်အားမော့ကြည့်၍ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။သူ၏ခန္ဓာကိုယ်မှ သားမွှေးများသည် သံမဏိတမျှ မာကျောလှ၏။
ဝှစ်...ဝှစ်...ဝှစ်...
ခပ်အုပ်အုပ်အသံများသည် တောင်ကြားတလျှောက် ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
လူဝံနက်ကြီး၏မာကျောသောသားမွှေးများသည် သံမဏိကြိုးမျှင်များကို ခုခံနိုင်စွမ်းမရှိချေ။ရုတ်ချည်းဆိုသလိုပင် လူဝံနက်ကြီး၏ခန္ဓာကိုယ် အပိုင်းပိုင်းအစစ ပြတ်တောက်သွားတော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူဝံနက်ကြီး ရုတ်တရက် သေဆုံးသွားခဲ့လေပြီ။
"ကောင်းပြီလေ...အဲ့ဒီလူရှိတဲ့နေရာကို ငါ့ကိုမြန်မြန်ခေါ်သွားပေးစမ်း"
အဖိုးအိုက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဖုန်းပိကြွယ်၏နားအတွင်း၌ နတ်ဆိုးများ၏ညည်းတွားသံနှင့် တူညီနေသဖြင့် သူ အလွန်အမင်း တုန်လှုပ်ချောက်ချားသွားသည်။
ဤသည်က လူသားတစ်ယောက်ပင် ဟုတ်ပါလေစွ....
သားရဲဘုရင်၏ကျင့်ကြံဆင့်နယ်ပယ်သည် ပေါ့သေးသေးမဟုတ်ချေ။ထို့ပြင် သူ၏သားမွှေးများကိုပင် ဤမျှမာကျောသောအဆင့်ထိ ကျင့်ကြံထားပေရာ မဖျက်ဆီးနိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေ၏။
သို့ရာတွင် အဖိုးအို၏အင်္ကျီလက် ညင်သာစွာဝှေ့ယမ်းလိုက်ရုံဖြင့် လူဝံနက်ကြီး၏ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်တောက်ကာ သေဆုံးသွားခဲ့ရသည်။
"ကျွန်တော် စီနီယာကို လမ်းပြပေးပါ့မယ်"
ဖုန်းပိကြွယ်သည် မည်သည့်လှည့်စားမှုမျိုးမျှ မလုပ်ဝံ့ချေ။သူသည် အပျက်အယွင်းနယ်မြေ၏တည်နေရာကို အလျှင်အမြန် ညွှန်ပြလိုက်၏။
သို့ရာတွင် သူ ထိုနေရာသို့ရောက်ရှိသွားချိန်တွင် ကြက်သေသေသွားခဲ့သည်။
အကြောင်းအရင်းမှာ ထိုနေရာတွင် စိမ်းလမ်းစိုပြေသော တောအုပ်ကြီးတစ်ခုသာရှိနေသည်။မြို့ပျက်ကြီး မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
"မဟုတ်သေးဘူး...ကျွန်တော်တို့ ခုဏလေးကမှ အဲ့ဒီမြို့ပျက်ကြီးထဲက ထွက်လာတာ...အဲ့ဒါက ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားတာလဲ"
ဖုန်းပိကြွယ်သည် သူ၏မျက်လုံးများကိုပင် သူ မယုံနိုင်တော့ချေ။
ဤသည်က အချိန်ကြာမြင့်ခြင်းမရှိသေးသော်လည်း သူ၏ရှေ့မှမြင်ကွင်းများအားလုံး အကြီးအကျယ် ပြောင်းလဲနေလေပြီ။
"တော်စမ်း...မင်းလို အသုံးမကျတဲ့ကောင်ကို အသက်ရှင်ရက် ဆက်ထားနေစရာအကြောင်း မရှိတော့ဘူး"
အဖိုးအိုက သူ၏လက်ကိုညင်သာစွာ ဝှေ့ယမ်းလိုက်ရာ တိုးညှင်းသောအသံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ဖုန်းပိကြွယ်၏ ခေါင်းနှင့်ကိုယ် တခြားစီဖြစ်သွားတော့သည်။
သူသည် အန္တိမဝါယောဂိုဏ်း၏တပည့်ခေါင်းဆောင်ဖြစ်သော်လည်း အဖိုးအို၏ရှေ့တွင်မူ အနည်းငယ်မျှပင် အရေးမပါချေ။
"စစ်ဗိုလ်ချုပ်ရှကွေ့က အဲ့ဒီကောင်လေး ဘယ်နေရာမှာရှိလဲဆိုတာ ငါ့ကိုခြေရာခံခိုင်းတယ်...ဒါပေမယ့် အဲ့ဒီကောင်လေးက ဘယ်လိုပုန်းအောင်းရမယ်ဆိုတာကို ကောင်းကောင်းသိနေတယ်...ငါ အချိန်တွေအကြာကြီး ယူခဲ့တာတောင် သူ ဘယ်နေရာမှာရှိနေလဲဆိုတာ ရှာလို့မတွေ့ဘူး"
အဖိုးအို၏မျက်လုံးအတွင်း၌ စိတ်ညစ်ညူးနေသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် လုယွီကိုသတ်ဖြတ်ရန် ရှကွေ့ကျုံးမှအမိန့်ပေးထားခြင်းခံရသော လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ လုပ်ကြံသတ်ဖြတ်သူ ပင်းစန်းဖြစ်သည်။
လုပ်ခြံသတ်ဖြတ်ခြင်းခန်းမတွင် လူများနောက်သို့ခြေရာခံလိုက်နိုင်သော နည်းလမ်းအမြောက်အများရှိသည်။သို့ရာတွင် လုယွီသည် အငွေ့ပြန်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
သို့ရာတွင် တချို့သောသဲလွန်စများကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသည် လုယွီရှိနေနိုင်သော ကြယ်နယ်မြေတချို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
ထို့ကြောင့် သူတို့အားလုံးသည် လုယွီရှိနေနိုင်သော ကြယ်နယ်မြေများအားလုံးကို ရှာဖွေခဲ့ကြ၏။
သို့ရာတွင် သူသည် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်မှ ဖြတ်သန်းသွားနေစဥ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်၏အငွေ့အသက်ကို အာရုံခံမိသဖြင့် ထိုလူကို အရင်ဆုံးသတ်ဖြတ်ရန် ကြံရွယ်ခဲ့သည်။
သူသည် လုပ်ကြံသတ်ဖြတ်ခြင်းအမိန့်ကိုသာ အောင်မြင်ပြီးမြောက်ပါက အကျိုးဆောင်ရမှတ်အမြောက်အများနှင့် လဲလှယ်နိုင်ပေမည်။အကယ်၍ သူ လုယွီကို ရှာမတွေ့လျှင်ပင် လက်ဗလာနှင့်ပြန်ရမည်မဟုတ်ချေ။
"ဒီနေရာမှာ အာရုံလွှဲပြောင်းနိုင်တဲ့ ဝင်္ကပါတစ်ခုရှိနေပါလား...အထဲမှာဘာတွေရှိနေလဲဆိုတာ ကြည့်ရသေးတာပေါ့"
ပင်းစန်းက သူ၏လက်ကိုဆန့်ထုတ်ပြီး သူရှေ့ရှိဝင်္ကပါကို ချိုးဖျက်ရန်ဟန်ပြင်လိုက်သည်။
Thank For Reading.