← Chapters

အခန်း (၁၇၆၁-၁၇၆၅)

Vol. 91 Ch. 1761-1765

အခန်း (၁၇၆၁-၁၇၆၅)

Vol. 91 Ch. 1761-1765

Chapter 1761

လုယွီ၏ရုတ်တရက်ထွက်ပေါ်လာမှုသည် လက်ရှိနေရာတွင်ရှိနေသူတိုင်းကို အံ့အားသင့်သွားစေ၏။

ဤအချိန်တွင် လုယွီသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေမိုးကြိုးဂိုဏ်း၏အပြင်စည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။ထို့ကြောင့် လီဟောင်ယန်းသည် လုယွီကို မြင်မြင်ချင်း မှတ်မိခြင်းမရှိပေ။

သို့ရာတွင် သူက လုယွီကို စူးစိုက်၍ ထပ်မံကြည့်လိုက်၏။လုယွီ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရချိန်၌ သူ၏စိုးရိမ်ပူပန်နေမှုများသည် ပျော်ရွှင်မှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"စစ်ဗိုလ်ချုပ်...လေဟာနယ်ဓားပြတွေကို သတ်ခဲ့တာက ဒီကောင်လေးပဲ"

လုယွီသည် သူ့အားဆွဲထည့်မည်ကို စိုးရိမ်သဖြင့် လီဟောင်ယန်းက အသံကုန်အော်ဟစ်လိုက်သည်။

"အဲ့ဒီကောင်လေးက ဂိုဏ်းကိုလည်းသစ္စာဖောက်သွားခဲ့တာ...အခုချိန်မှာ သူက ကျွန်တော်တို့ဂိုဏ်းနဲ့ ဘာမှမဆိုင်တော့ဘူး"

လုယွီသည် လီဟောင်ယန်းကိုတစ်ချက်ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။အကယ်၍ လုယွီသာမရှိပါက ရွှေမိုးကြိုးဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ အလောင်းများဖုံးလွှမ်းနေပြီး သွေးများက မြစ်ပြင်တမျှ စီးဆင်းနေပေမည်။သို့ရာတွင် အဆုံးသတ်၌ လုယွီ ပြန်လည်ရရှိခဲ့သည်မှာ စွပ်စွဲပြစ်တင်ခံရခြင်းပင်။

လုကျင်းရှန်၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

"မင်းက လောကီအင်မော်တယ် လေဟာနယ်ဓားပြငါးယောက်ကို သတ်ခဲ့တဲ့တစ်ယောက်လား...ကောင်းပြီလေ...ငါက မင်းရဲ့ခွန်အားကို စမ်းကြည့်ချင်တယ်"

စကားဆုံးသည်နှင့် လုကျင်းရှန့်က စတင်၍လှုပ်ရှားလိုက်သည်။သူက ရှေ့သို့ခြေလှမ်းအနည်းငယ်ရှေ့တက်လိုက်ရာ ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားပြီး အသစ်ပြန်လည်တည်ဆောက်ထားသော ပင်မခန်းမတစ်ခုလုံးကို တုန်ခါသွားစေ၏။

သူ၏ခြေဖဝါးအောက်မှနေ၍ လေလှိုင်းတစ်ခုထွက်ပေါ်လာပြီး သူ၏နံဘေးပတ်ဝန်းကျင်မှလူများအားလုံးကို လွင့်ထွက်သွားစေသည်။ထိုလူများအားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့အဆက်မပြတ်ဆုတ်ပေးလိုက်ရသည်။

"နွားရိုင်းနတ်ဘုရားလက်ဝါးရိုက်ချက်..."

လုကျင်းရှန့်က ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။မြောက်များစွာသောမှော်စွမ်းအားများသည် သူ၏နံဘေးပတ်လည်၌စုဝေးလာပြီး ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။သူ၏ခေါင်းထက်၌ ရှေးဦးနွားရိုင်းမှော်သားရဲကြီး၏ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။

ဤသည်က လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်တစ်ယောက်၏စွမ်းအားပင်။

လီယောင်ယန်းနှင့်ဝမ်ရှောင်တို့သည် လောကီအင်မော်တယ်များဖြစ်သော်လည်း ဤခွန်အားလှိုင်းများကိုမြင်တွေ့ချိန်တွင် သူတို့က ကူကယ်ရာမဲ့စွာ ထိတ်လန့်ကြောက်ရွံမှုကို ခံစားလိုက်ရ၏။

အကယ်၍ ဤလက်ဝါးရိုက်ချက်သာ သူတို့အနက်မှတစ်ယောက်ပေါ်သို့ကျရောက်လာပါက တိုက်ရိုက်ပင် သေဆုံးသွားပေလိမ့်မည်။

ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် အပိုစကားမပြောတော့ဘဲ သူ၏လက်ဝါးနှင့် ကြိုဆိုနှုတ်ဆက်လိုက်၏။

ဘုန်း...

သူတို့၏လက်ဝါးနှစ်ဖက် ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် တုန်လှုပ်ချောက်ချားဖွယ် လေပြင်းလှိုင်းများက အဘက်ဘက်သို့ပျံ့နှံ့သွားသည်။ရွှေမိုးကြိုးဂိုဏ်းသည် မကြာသေးမှီကမှ အသစ်ပြန်တည်ဆောက်ထားသော ပင်မခန်းမကြီး တဖန်ပြန်၍ ပြိုလဲသွားလေပြီ။

ခရက်...ခရက်...

လူနှစ်ယောက်၏ခြေထောက်အောက်မှမြေပြင်သည် ကြီးမားသောဖိအားဒဏ်ကို တောင့်မခံနိုင်သဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ် အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသည်။

တုန်ခါမှုလှိုင်းများသည် ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။ကျင့်ကြံဆင့်နိမ့်ပါးသူတချို့သည် သူတို့နှစ်ယောက်တိုက်ခိုက်နေသော မြင်ကွင်းကိုကြည့်ပြီး သူတို့၏စိတ်ဝိညာဥ်များလွင့်စင်သွားသကဲ့သို့ ခံစားနေရသည်။

"ခင်ဗျားရဲ့ခွန်အားက မဆိုးဘူး...ခင်ဗျားက နည်းနည်းတော့ အရည်အချင်းရှိသားပဲ"

လုယွီ၏ညာဘက်လက်မောင်းမှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး လုကျင်းရှန့်ကို တွန်းထုတ်လိုက်၏။

ဒုန်း...ဒုန်း...ဒုန်း...

လီကျင်းရှန့်က နောက်သို့ခြေလှမ်းအတော်တော်များများ ဆုတ်ခွာလိုက်ရသည်။သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

အစောပိုင်းက တိုက်ခိုက်မှုများဖလှယ်သည့်အချိန်၌ လုယွီသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။

လုကျင်းရှန့်သည်လည်း လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်ပေ၏။လုယွီသည် သူ့ကဲ့သို့ လောကီအင်မော်တယ်တစ်ယောက်ဖြစ်နေပြီး သူ့ထက်ပင်သန်မာအားကောင်းနေမည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင် လုယွီကိုကြည့်ရသည်မှာ သူ့ထက်ပင် အသက်များစွာ ပို၍ငယ်ရွယ်ပုံရသည်။

"စစ်ဗိုလ်ချုပ်...အဲ့ဒီကောင်လေးရဲ့တိုက်ခိုက်မှုတွေက တစ်ခုခုမှားယွင်းနေတယ်...သူက လေဟာနယ်ဓားပြတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တစ်ယောက်ဖြစ်နေမယ်လို့ ကျွန်တော် သံသယရှိတယ်"

ဝမ်ရှောင်သည် လုယွီကိုလက်ညှိုးညွှန်၍ ကျယ်လောင်သောအသံဖြင့် စွပ်စွဲပြောဆိုလိုက်၏။

လုယွီ၏မျက်လုံးများမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

"တကယ်လို့ ခင်ဗျား သတ္တိရှိတယ်ဆိုရင်...အဲ့ဒီစကားကို ထပ်ပြောလိုက်စမ်း"

လုယွီ၏စူးစိုက်ကြည့်ခြင်းကို ခံရသည်နှင့် ဝမ်ရှောင်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော ဖိအားအရှိန်အဝါ အဆများစွာတိုးသွားသည်ကို ခံစားလိုက်ရ၏။

သူက အလျှင်အမြန် အော်ဟစ်လိုက်၏။

"စစ်ဗိုလ်ချုပ်...မြင်တယ်မလား...ဒီသူခိုးကောင်က ရှက်ရမ်းရမ်းပြီး ဒေါသထွက်နေတာ...သူ့ရဲ့စိတ်ထဲမှာ မကောင်းတဲ့အကြံအစည် ရှိနေလောက်တယ်"

ထိုအချိန်မှာပင် လူတစ်ယောက်က ရုတ်တရက်အပြေးဝင်လာပြီး ဝမ်ရှောင်၏နားအနီးသို့တိုးကာ တီးတိုးပြောဆိုလိုက်သည်။

သူ၏ငယ်သားထံမှ သတင်းစကားကိုနားထောင်ပြီးနောက် ဝမ်ရှောင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် လုယွီကို လက်ညှိုးညွှန်ကာ အော်ဟစ်ကြုံးဝါးလေ၏။

"အရှက်မဲ့တဲ့ကောင်...ဒါဆို ငါ့သားသေခဲ့ရတာက မင်းကြောင့်ပေါ့...ငရဲကိုသွားစမ်း"

စကားဆုံးသည်နှင့် ဝမ်ရှောင်သည် ရုတ်တရက် လုယွီကို တိုက်ခိုက်လိုက်သည်။သူ၏လက်ဝါးအတွင်းမှနေ၍ အနီရောင်ဓားချီတစ်လှိုင်း ထွက်ပေါ်လာပြီး လုယွီထံ တိုးဝင်သွားသည်။

Chapter 1762

ဝမ်ရှောင်၏ဓားချီသည် မည်သည့်အရိပ်အယောင်မျှမရှိဘဲ လုယွီ၏မျက်ခုံးနှစ်ခုကြားသို တိုးဝင်သွားလေ၏။

လုယွီက သူ၏ဓားချီအား ဟန့်တားခြင်းမရှိသည်ကိုမြင်ချိန်တွင် ဝမ်ရှောင်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

ဤနေရာသို့ သူ လာရောက်ရသည့် အကြောင်းအရင်းမှန်မှာ လုယွီ ထွက်ပေါ်လာရန်အတွက် ဖိအားပေးရန်ပင်။

အစပထမတွင် ဝမ်ရှောင်၏လက်အတွင်း၌ တာအိုသခင်၏အမွေအနှစ်နယ်မြေကို ညွှန်ပြထားသော မြေပုံအပိုင်းအစနှစ်ခုရှိနေသည်။ရွှေမိုးကြိုးဂိုဏ်း၏အနီးရှိ လေလံရုံ၌ နောက်ဆုံးမြေပုံတစ်ပိုင်းရှိနေသည်ကို ကြားရသဖြင့် ဝမ်ရှောင်သည် သူ၏သားဖြစ်သူကို ဤနေရာသို့ စေလွှက်လိုက်၏။

သို့ရာတွင် သူ အစောင့်အကြပ်များ တင်းတင်းကြပ်ကြပ်ချထားသည့်အကြားမှနေ၍ မြေပုံပိုင်းနှစ်ခုကို လေဟာနယ်ဓားပြများမှ လုယက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

ထိုလေဟာနယ်ဓားပြများသည် အလွန်အစွမ်းထက်သဖြင့် မက်မွန်ပွင့်ဓားဂိုဏ်းမှအကြီးအကဲများပင် ဟန့်တားနိုင်ခဲ့ခြင်းမရှိပေ။

ဝမ်ရှောင်သည် အလွန်စိုးရိမ်ပူပန်စွာဖြင့် တော်ဝင်စစ်တပ်၏စစ်စခန်းသို့သွားရောက်၍ အကူအညီတောင်းခံခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ ရက်အနည်းငယ်အကြာတွင် သူ၏သားဖြစ်သူသည် ရွှေမိုးကြိုးဂိုဏ်းတွင် သေဆုံးသွားခဲ့ရပြီး နောက်ဆုံးမြေပုံတစ်ပိုင်းလည်း ပျောက်ကွယ်သွားခဲ့သည်။

ဤနှစ်များအတွင်းတွင် မက်မွန်ပွင့်ဓားဂိုဏ်းသည် ရွှေမိုးကြိုးဂိုဏ်းသို့ သူလျှိုအမြောက်အများစေလွှတ်ထားသည်။ဝမ်ရှောင်သည် ကျူးကျော်တိုက်ခိုက်လာသော လေဟာနယ်ဓားပြများအားလုံး သေဆုံးသွားပြီး သူတို့၏ပစ္စည်းများအားလုံး လုယွီ၏လက်အတွင်းသို့ ကျရောက်သွားသည်ကို သိရှိပြီးဖြစ်ပေ၏။

ဝမ်ရှောင်အတွက် သူ၏သားဖြစ်သူသေဆုံးသွားသည့်တိုင် သူ အသစ်တစ်ယောက်ထပ်မံ၍ မွေးဖွားနိုင်သည်။သို့ရာတွင် မြေပုံပိုင်းများပျောက်ဆုံးသွားခြင်းကြောင့် သူ နှစ်ကာလကြာရှည်ကြာ ပင်ပင်ပန်းပန်း အင်အားစိုက်ထုတ်ထားမှုများအားလုံး အချည်းနှီးဖြစ်သွားခဲ့ရသည်။

'ဒီကောင်စုတ်လေး ခုလောက်ထိသန်မာအားကောင်းနေတာက....တာအိုသခင်ရဲ့အမွေအနှစ်ကို ရထားလို့ပဲဖြစ်မယ်...အဲ့ဒီအမွေအနှစ်တွေက ငါ့ရဲ့ပိုင်ဆိုင်မှုပဲဖြစ်သင့်တယ်"

ဝမ်ရှောင်၏စိတ်နှလုံးသားတစ်ခုလုံး မနာလိုမှုများဖြင့် ပြည့်နှက်နေလေ၏။သူသည် လုယွီထံ၌ရှိနေသော အရာအားလုံးကို လုယူလိုသည်။

သို့ရာတွင် သူက အပေါ်ယံတွင်မူ သူ၏သားအတွက် လက်စားချေလိုသော အသွင်အပြင်ကို ယူဆောင်ထားသည်။

ဓားချီတိုးဝင်လာသည်ကိုမြင်သော်လည်း လုယွီက လှုပ်ရှားခြင်းပင်မရှိချေ။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တလိမ့်လိမ့်လူးလွန့်နေသော မှော်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။

'ကလောင်'ဟူသောအသံတစ်သံနှင့်အတူ ဓားချီသည် လေထုအတွင်း၌ မာကြောသောသံပြားကြီးတစ်ခုနှင့် ရိုက်ခတ်မိပုံဖြင့် သဲလွန်စမကျန်အောင် ပျက်ပြယ်သွားတော့သည်။

ဘာ...

ဝမ်ရှောင်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားပြီး သူ၏ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာလေ၏။

မူလက လုယွီသည် အစောပိုင်းလောကီအင်မော်တယ်တစ်ယောက်ဟုသာ သူ တွေးထင်ခဲ့သည်။သူ ချောင်းမြောင်းတိုက်ခိုက်လိုက်သည်နှင့် တစ်ဖက်လူအား သတ်ဖြတ်နိုင်မည်ဟု သူ အခိုင်အမာယုံကြည်ထားခဲ့သည်။

သို့ရာတွင် လုယွီသည် သူ၏သေစေနိုင်သောတိုက်ခိုက်မှုကို လွယ်လင့်တကူပျက်ပြယ်သွားစေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

"ကျုပ်ကို ချောင်းမြောင်းလုပ်ကြံချင်တာလား...ခင်ဗျားက သေလမ်းရှာနေတာပဲ"

လုယွီက အေးစက်စက်အော်ငေါက်ပြီး ချက်ချင်းဆိုသလိုပင် ဝမ်ရှောင်ထံသို့ တိုးဝင်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်စက်ဓားချီများဖြင့် လွှမ်းခြုံထားပေ၏။သူ၏အရှိန်အဝါသည် ပြောင်းလဲနေပြီး ငရဲမှတက်လာသော အသူရာတစ်ကောင်ကဲ့သို့ လူအများအား ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသည်။

"အား....စစ်ဗိုလ်ချုပ်...ကျွန်တော်ကို ကူညီပါအုံး..."

ထိုမြင်ကွင်းကိုမြင်သည်နှင့် ဝမ်ရှောင်သည် သူ့၏ဂုဏ်သိက္ခာကျဆင်းမည်ကို ဂရုမစိုက်တော့ဘဲ လုကျင်းရှန့်ထံသို့ ပျာပျာသလဲ အကူအညီတောင်းခံလိုက်သည်။

လုကျင်းရှန့်က လုယွီသည် သူ့ရှေ့၌ လူတစ်ယောက်အားသတ်ဖြတ်မည်ကို ခွင့်ပြုနိုင်ခြင်းမရှိချေ။ထို့ကြောင့် သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

"ရပ်လိုက်စမ်း"

"ငါ့ရှေ့ကနေ ဖယ်စမ်း"

လုယွီသည် လုကျင်းရှန့်နှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။သူက လီကျင်းရှန့်၏သံချပ်ကာကို သူ၏လက်ဖြင့်ဆုပ်ကိုင်၍ နံဘေးဘက်သို့ တွန်းထုတ်လိုက်သည်။

ဤသည်က ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုဖြစ်ပုံရသော်လည်း မြောက်များစွာသောရှေးဟောင်းသိုင်းပညာနည်းစနစ်များ ပါဝင်နေသည်။

လုယွီ၏လက်မှ သက်ရောက်မှု​အားလှိုင်းကြောင့် သူ၏ခန္ဓာကိုယ်မှ ခွန်အားများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ လုကျင်းရှန့်က ခံစားလိုက်ရ၏။

ဘုန်း...

ဤအချိန်အခိုက်အတန့်တွင် လုကျင်းရှန့်သည်ထပ်မံ၍ လွင့်ထွက်သွားကာ မြေပြင်ပေါ်၌ ဆယ်မီတာကျော်ခန့် တရွတ်တိုက်ဆွဲသွားပြီးမှသာ သူ၏ခန္ဓာကိုယ်အား ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။

သို့ရာတွင် လုယွီသည် ဝမ်ရှောင်၏ရှေ့သို့ ရောက်ရှိသွားလေပြီ။

"စစ်ဗိုလ်ချုပ်...ကျွန်တော်က စစ်ဗိုလ်ချုပ်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြချင်တယ်..သူ့ဆီမှာ...."

သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်ရသောအချိန်တွင် ဝမ်ရှောင်သည် များစွာဂရုစိုက်နိုင်ခြင်းမရှိတော့ဘဲ တာအိုသခင်၏အမွေအနှစ်နယ်မြေအကြောင်းကို လုကျင်းရှန့်အားပြောပြရန် ကြံရွယ်လိုက်သည်။

သို့ရာတွင် သူ၏စကားမဆုံးသေးမီမှာပင် လုယွီ၏လက်မှ ဓားချီတစ်လှိုင်းထွက်လာပြီး ချက်ချင်းပင် သူ၏ခေါင်းကို ဖြတ်တောက်သွားတော့သည်။

ဘုန်း...

ဓားချီတစ်လှိုင်းနှင့်အတူ ဝမ်ရှောင်၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်နှစ်ခုစလုံး သေဆုံးသွားပေ၏။

ခေါင်းပြတ်နေသောအလောင်းကြီးသည် အချိန်တခဏကြာ တုန်ခါနေပြီးနောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။

လုယွီသည် မီးတောက်တစ်ခု ပစ်လွှက်လိုက်ပြီး ဝမ်ရှောင်၏ခန္ဓာကိုယ်ကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။

Chapter 1763

ဝမ်ရှောင်သည် လုယွီနှင့်တူညီစွာ လောကီအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူသည် အစောပိုင်းအဆင့်တွင်သာရှိသည်။

မည်သို့ပင်ဆိုစေကာမူ လုယွီက အလယ်အလတ်အဆင့်လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည်။ခွန်အားအရပြောဆိုရလျှင် သူသည် အစောပိုင်းမြေကမ္ဘာအင်မော်တယ်များနှင့် ယှဥ်ပြိုင်နိုင်ပေ၏။

ဝမ်ရှောင်သည် မည်သည့်နည်းနှင့်မျှ သူ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။ဝမ်ရှောင်ကိုသတ်ရသည်မှာ လုယွီအတွက် အလွန်လွယ်ကူသောကိစ္စတစ်ရပ်ပင်။

"ဂိုဏ်းချုပ်...."

မက်မွန်ပွင့်ဓားဂိုဏ်း၏အကြီးအကဲများနှင့် တပည့်များသည် တရကြမ်းပြေးဝင်လာကြသော်လည်း သူတို့သည် ဝမ်ရှောင်၏ပြာအမျှင်တန်းများကိုသာ တွေ့မြင်ကြရတော့သည်။

ဤသည်က လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်အပြင် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော မက်မွန်ပွင့်ဓားဂိုဏ်းချုပ်လည်းဖြစ်သည်။

မမျှော်လင့်ဘဲ သူသည် လုယွီ၏ ရုတ်တရက်ဆန်စွာသတ်ဖြတ်ခြင်းကိုခံရပြီး အလောင်းအပြည့်အစုံပင် ကြွင်းကျန်ရစ်ခြင်းမရှိချေ။

"မင်းက ငါ့ကို တိုက်ခိုက်ဝံ့တာလား'

လုကျင်းရှန့်သည် လုယွီ၏သာမာန်ကာလျှံကာ လွှင့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် သူသည် ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းတို့ရောထွေး၍ ခံစားနေရ၏။

တစ်ချိန်တည်းမှာပင် သူက တိတ်တဆိတ် အံ့အားသင့်တုန်လှုပ်နေမိသည်။ဤနေရာပတ်ဝန်းကျင်၌ ယခုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးရှိသည်ဟု သူ မည်သည့်အချိန်ကမျှ မကြားဖူးခဲ့ချေ။လုယွီ၏ငယ်ရွယ်သောအသက်ကို ကြည့်ခြင်းအားဖြင့် ဖြစ်နိုင်သည်မှာ သူသည် အင်အားကောင်းသောမိသားစုကြီးတစ်စုမှ လူငယ်ပါရမီရှင်တစ်ယောက်များ ဖြစ်နေသလော။

လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီလူက ကျုပ်ကို အရင်စပြီးတိုက်ခိုက်ခဲ့တာ...ခင်ဗျား မျက်လုံးကန်းနေလား...တကယ်လို့ အဖြူနဲ့အမည်းကို မခွဲခြားတက်ဘူးဆိုရင်လည်း ခင်ဗျား တော်ဝင်စစ်တပ်မှာ စစ်ဗိုလ်ချုပ်လုပ်မနေနဲ့...နှုတ်ထွက်ပြီး ခင်ဗျားရဲ့အိမ်ကိုသာ ပြန်တော့"

ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိလူအားလုံး ကြက်သေသေသွားပေ၏။

လုယွီသည် တော်ဝင်စစ်တပ်မှစစ်ဗိုလ်ချုပ်တစ်ယောက်ကို ဤကဲ့သို့ပုံစံမျိုးနှင့် စကားပြောဆိုဝံ့မည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

ဤှသည်က တော်ဝင်နန်းတော်မှအရာရှိတစ်ယောက်ပင်။တစ်စုံတစ်ယောက်သည် မည်မျှပင် သန်မာအားကောင်းနေပါစေ တော်ဝင်နန်းတော်မှလူများတွင် ထိုလူကို ရင်ဆိုင်နိုင်သောစွမ်းရည်မျိုးရှိသည်။

လုကျင်းရှန့်က အော်ဟစ်ရယ်မောလိုက်၏။

"ဟား ဟား ဟား...ဒီလိုမျိုးစိတ်ကြီးဝင်မောက်မာတက်တဲ့ ကောင်လေးတစ်ယောက်ကို ငါ ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ...ဒီနေ့ကိစ္စအားလုံးကို သေချာဖြေရှင်းရမယ်...ကောင်လေး...မင်း ထွက်သွားဖို့ မစဥ်းစားနဲ့"

လုယွီနှင့်သူ မည်သို့မျှမသက်ဆိုင်သည်ကို ထင်ရှားစေရန်အလို့ငှါ လီဟောင်ယန်းက ဝင်ရောက်၍ ထောက်ခံပြောဆိုသည်။

"စစ်ဗိုလ်ချုပ်လီပြောတာ မှန်တယ်...အဲ့ဒီကောင်လေးက အရမ်းစိတ်ကြီးဝင်မောက်မာပြီးတော့ တော်ဝင်နန်းတော်ကိုတောင် ဂရုမစိုက်ဘူး...သူက အသတ်ခံရသင့်တယ်"

ဒုန်း...ဒုန်း...ဒုန်း...

ပြင်းထန်သောခြေလှမ်းသံများ ထွက်ပေါ်လာပြီးနောက် မြောက်များစွာသောစစ်သားများက လုယွီကို ဝိုင်းရံလိုက်ကြသည်။

သူတို့သည် တာယွီအင်ပါယာတော်ဝင်စစ်တပ်မှ စစ်သားများဖြစ်ပြီး အများစုမှာ ဓမ္မရုပ်ထုနယ်ပယ်တွင်ရှိကာ စိတ်ဝိညာဥ်နယ်ပယ် စိတ်ပုံထွင်းနယ်ပယ် ကျင့်ကြံသူများလည်းပါဝင်သည်။

ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်များသည် ယခုလက်ရှိ လုယွီအတွက် မည်သို့မျှအရေးမပါချေ။သို့ရာတွင် သူတို့အားလုံးစုစည်း၍ ဝင်္ကပါတစ်ခုဖွဲ့စည်းလိုက်ပါက အဆင့်မြင့်ကျင့်ကြံသူများကို သတ်ဖြတ်ရန်လုံလောက်သည်။

"တကယ်တော့ ကျုပ်မှာလည်း ထွက်သွားဖို့အစီအစဥ်မရှိဘူး"

လုယွီက လုကျင်းရှန့်ကို စောင်းငဲ့၍ကြည့်လိုက်၏။

"ရှေ့ပြေးတပ်အရာရှိအဆင့်လောက်နဲ့...ခင်ဗျားက ကျုပ်ကို မေးခွန်းထုတ်ဖို့ ထိုက်တန်လို့လား...ကျုပ်ကို ခင်ဗျားရဲ့တပ်မှူးဆီ ခေါ်သွားပေးစမ်း"

လီဟောင်ယန်းက သရော်တော်တော် ပြောဆိုသည်။

"မင်းကရော တော်ဝင်စစ်တပ်ရဲ့တပ်မှူးတစ်ယောက်ကို တွေ့ဆုံဖို့ထိုက်တန်လို့လား...ဒီနေရာကို မြန်မြန်လာပြီး စစ်ဗိုလ်ချုပ်ရဲ့ရှေ့မှာ မင်းရဲ့အမှားတွေကိုဝန်ခံစမ်း"

ဘုန်း...

သူ၏စကားသံ အဆုံးသတ်သွားသောအချိန်မှာပင် နက်ရှိုင်းသောကျင်းကြီးတစ်ကျင်းက လီဟောင်ယန်း၏ရှေ့၌ ထွက်ပေါ်လာသည်။

ထိုအရာသည် ဓားချီတစ်လှိုင်း ကျဆင်းလာခြင်းကြောင့်ဖြစ်ပြီး ကျင်းကြီးအတွင်းမှနေ၍ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်နေသည်။

"နောက်တစ်ကြိမ်ဆိုရင် ခင်ဗျားလည်း ဝမ်ရှောင်နဲ့အတူ သွားသေလိုက်တော့"

လုယွီက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလေ၏။

လုယွီ၏ခြိမ်းခြောက်စကားကိုကြားချိန်တွင် လီဟောင်ယန်းသည် သူ၏ပါးစပ်ကို ပိတ်ထားလိုက်သည်။

လုကျင်းရှန့်သည်လည်း အံ့အားသင့်တုန်လှုပ်နေသည်။လုယွီသည် ဤကဲ့သို့ လေကြီးလေကျယ်စကားများ ပြောဆိုနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် သူ၏အံ့အားသင့်တုန်လှုပ်မှုသည် အချိန်တခဏသာကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

လုကျင်းရှန့်က အပြုံးနှင့် ပြောဆိုသည်။

"ကောင်းပြီလေ...မင်း ငါနဲ့အတူ စစ်စခန်းကို လိုက်ခဲ့နိုင်တယ်...ဒါပေမယ့် မင်းကို ချုပ်နှောင်ဖမ်းဆီးပြီးခေါ်ဆောင်သွားမှာကိုတော့ မင်း ရှောင်လွှဲလို့မရဘူး"

လုကျင်းရှန့်၏နောက်ဘက်မှနေ၍ စစ်ဗိုလ်ချုပ်နှစ်ယောက် ထပ်မံ၍ထွက်ပေါ်လာသည်။သူတို့သည်လည်း လောကီအင်မော်တယ်ကျင့်ကြံသူများ ဖြစ်ပေ၏။

သူတို့၏လက်အတွင်း၌ လေးလံသောလက်ထိပ်ကြီးများကို ကိုင်ဆောင်ထားပြီး လုယွီ၏လက်၌တပ်ဆင်ပေးရန် ဟန်ပြင်နေကြသည်။

သူတို့၏ကျင့်ကြံဆင့်သည် လုယွီလောက်မြင့်မားခြင်းမရှိသော်လည်း အကယ်၍ သူ ခုခံလိုက်သည်နှင့် ကြီးလေးသောရာဇဝတ်မှုကြီးဖြစ်သွားလေပြီ။

လုယွီက သူတို့ကို အေးစက်စက်အကြည့်ဖြင့်ကြည့်ပြီး သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။

"ခင်ဗျားတို့ ကျုပ်ကို ဖမ်းဆီးချင်တယ်ဆိုတာ သေချာလား"

Chapter 1764

လုကျင်းရှန့်က လုယွီ၏လေသံကိုကြားချိန်တွင် အံ့အားသင့်သွားခဲ့သည်။သူက လုယွီ၏လက်အတွင်း၌ တံဆိပ်ပြားတစ်ခုရှိနေသည်ကို မြင်တွေ့လိုက်၏။ထိုတံဆိပ်ပြားကို ရွှေဖြင့်ပြုလုပ်ထားပြီး ထိုအရာပေါ်၌ နဂါးနှစ်ကောင်ရစ်ခွေနှစ်သောပုံကိုထွင်းထားကာ အလွန်အမင်း မျက်စိဖမ်းစားနိုင်သည်။

"နဂါး အစောင့်"

လုကျင်းရှန့်သည် ထိုတံဆိပ်ပြားကိုမြင်တွေ့သည်နှင့် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူ၏နဖူးထက်မှနေ၍ ချွေးစေးများ စီးကျလာသည်။

နဂါးအစောင့်များသည် ကောင်းကင်ဘုံ၏သားတော်များဖြစ်ပြီး ဧကရာဇ်မင်း၏ကိုယ်ရေးကိုယ်တာစစ်သားများဖြစ်ကာ အလွန်အစွမ်းထက်သူများဖြစ်သည်။

ထို့ပြင် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စတစ်ခုမှာ နဂါးအစောင့်များသည် တာယွီအင်ပါယာရှိအရာရှိများအားလုံးကို စစ်မေးနိုင်သည့် အခွင့်အာဏာရှိခြင်းပင်။

တာယွီအင်ပါယာမှ အခွင့်အာဏာရှိသောအရာရှိတချို့ပင်လျှင် သူတို့၏ပြစ်မှုများကို နဂါးအစောင့်များက သက်သေနှင့်တကွ ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအကျဥ်းချခြင်းခံကြရသည်။

ထို့ကြောင့် တာယွီအင်ပါယာရှိ အရာရှိများအားလုံးနီးပါး နဂါးအစောင့်များကို ထိတ်လန့်ကြောက်ရွံကြ၏။

လုကျင်းရှန့်သည် သေးငယ်သော ရှေ့ပြေးတပ်မှူးအဆင့်သာရှိသည်။အကယ်၍ သူသည် နဂါးအစောင့်တစ်ယောက်ကို ဒေါသထွက်အောင်လုပ်မိပါက မည်သူကမျှ သူ့အား ကယ်တင်နိုင်မည်မဟုတ်ချေ။

"သူက အသက်ငယ်ငယ်လေးနဲ့ ခုလောက်ထိ သန်မာအားကောင်းနေတာ အံ့အားသင့်စရာမရှိတော့ဘူး...နဂါးအစောင့်တွေအားလုံးက အစွမ်းထက်တဲ့ကျင့်ကြံသူတွေချည်းပဲ...သူ့ဆီမှာ ဒီလိုခွန်အားမျိုးရှိနေတာက အဓိပ္ပါယ်ရှိတယ်"

လုကျင်းရှန့်က အလွန်စိတ်လှုပ်ရှားနေသည်။

သို့ရာတွင် လီဟောင်ယန်းသည် ထိုကိစ္စကိုသိရှိခြင်းမရှိချေ။

သူက စိတ်ကြီးဝင်မောက်မာသောအသံဖြင့် အော်ဟစ်လိုက်၏။

"စစ်ဗိုလ်ချုပ်...အဲ့ဒီကောင်လေးက အရမ်းမောက်မာလွန်းတယ်...သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်"

လီဟောင်ယန်း ထိုစကားကိုပြောဆိုလိုက်ချိန်တွင် နံဘေးပတ်ဝန်းကျင်၌ရှိနေသော ရွှေမိုးကြိုးဂိုဏ်းမှ အကြီးအကဲများနှင့်တပည့်များသည် သူတို့၏ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာသကဲ့သို့ ခံစားလိုက်ရသည်။

လုယွီသည် ရွှေမိုးကြိုးဂိုဏ်းအတွက်နှင့် လောကီအင်မော်တယ်များကိုပင် သတ်ဖြတ်ခဲ့သူဖြစ်သည်။

သို့ရာတွင် လုယွီနှင့်သူ မသက်ဆိုင်ကြောင်း ပြသလိုသဖြင့် လီဟောင်ယန်းသည် လုယွီကိုသတ်ဖြတ်ရန် လုကျင်းရှန့်အား ထပ်ခါထပ်ခါ တိုက်တွန်းနေပေ၏။

ပတ်ဝန်းကျင်ရှိလူများသည် ဤကဲ့သို့လုပ်ရပ်မျိုးကို မနှစ်မျို့ကြသဖြင့် သူတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။

"ပါးစပ်ပိတ်ထားစမ်း"

လုကျင်းရှန့်က လီဟောင်ယန်းဘက်သို့လှည့်၍ အော်ငေါက်လိုက်သည်။

လီဟောင်ယန်းသည် ထိုအော်ငေါက်သံကြောင့် ကြက်သေသေသွားလေ၏။ထို့နောက် သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"စစ်ဗိုလ်ချုပ်....ကျွန်တော့်စကားထဲမှာ ဘာအမှားပါသွားလို့လဲ...ဘာလို့ ကျွန်တော်ကို အော်ငေါက်ရတာလဲ...."

လုကျင်းရှန့်သည် ဤကဲ့သို့စိတ်ပျက်ဖွယ်လူစားမျိုးကို အာရုံစိုက်ရန် အလွန်ပျင်းရိငြီးငွေ့သည်။ထို့ကြောင့် သူက လုယွီဘက်သို့လှည့်၍ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"နဂါးအစောင့် ဒီနေရာကိုရောက်နေမယ်လို့ ကျွန်တော် မျှော်လင့်မထားမိဘူး...ကျွန်တော် ရိုင်းပျမိသွားတယ်"

ပတ်ဝန်းကျင်ရှိလူများအားလုံး ကြက်သေသေသွားသည်။

"ဘာလဲ...ငါ ကြားလိုက်တာ မှန်တယ်မလား....သူက နဂါးအစောင့်တစ်ယောက်လား"

"ငါ ဘာလို့ အဲ့ဒီနာမည်ကို ရင်းရင်းနှီးနှီး ကြားဖူးနေတာလဲ"

"တိုးတိုးပြောစမ်း ...သူတို့က ဧကရာဇ်မင်းရဲ့ကိုယ်ရေးကိုယ်တာစစ်တပ်ဖြစ်ပြီးတော့ အရမ်းအစွမ်းထက်တဲ့ ကျင့်ကြံသူတွေ...တော်ဝင်နန်းတော်မှာတောင် နဂါးအစောင့်တွေကို အရာရှိအများစုက မပြစ်မှားဝံ့ကြဘူး"

"ကောလဟာလတွေအရတော့ တောင်နတ်ဘုရားကြယ်မြစ်ရဲ့နယ်မြေသခင်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက နဂါးအစောင့်တွေရဲ့တပ်မှူးက ခေါ်ဆောင်သွားခဲ့တယ်တဲ့...ကျွတ် ကျွတ်...ဒီနဂါးအစောင့်တွေက ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေတွေက အရာရှိတွေကိုဆိုရင် သူတို့ရဲ့မျက်လုံးထဲတောင် ထည့်မထားဘူး"

လူအများစုသည် နဂါးအစောင့်ဟူသော အမည်နာမကို ကြားဖူးကြသည်။

လုယွီသည် တံဆိပ်ပြားကို ပြန်လည်သိမ်းဆည်း၍ တည်ငြိမ်စွာ ပြောဆိုသည်။

"တပ်မှူးနဲ့တွေ့ရအောင် ကျုပ်ကို ခေါ်သွားပေးစမ်း"

"ဟုတ်ကဲ့ပါ...နဂါးအစောင့်သခင်"

လုကျင်းရှန့်က ရိုသေလေးစားစွာ ပြောဆိုလေ၏။

လုယွီသည် ​ကြေးအဆင့်နဂါးအစောင့်ဖြစ်သော်လည်း သူ့ကဲ့သို့ ရှေ့ပြေးတပ်မှူးအဆင့်မျိုးက ပြစ်မှား၍ရသောလူစားမျိုး မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် နဂါးအစောင့်သည် အစောပိုင်းကဖြစ်ပျက်ခဲ့သော ကိစ္စများကို ဂရုစိုက်ခြင်းမရှိပေ။

ဒုန်း...

ရုတ်ချည်းဆိုသလိုပင် လီဟောင်ယန်းသည် မြေပြင်ပေါ်၌ ဒူးထောက်ပြီး လုယွီကို တောင်းပန်လေ၏။

"ဒါတွေအားလုံး အရင်က ကျွန်တော် မျက်စေ့ကန်းခဲ့မိတဲ့အပြစ်တွေပါ...နဂါးအစောင့်သခင်က ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ"

သူသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေသဖြင့် မြေပြင်ပေါ်၌ဒူးထောက်ကာ အဆက်မပြတ် အသနားခံတောင်းပန်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ရှောင်၏အမှားကြောင့် ဖြစ်ပျက်သွားခဲ့သော သင်ခန်းစာသည် သူ့ရှေ့၌ ပူပူနွေးနွေးရှိနေဆဲပင်။

လုယွီက လီယောင်ယန်းကို စောင်းငဲ့ကြည့်ပြီး တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။

"တကယ်လို့ ကျုပ်သာ နဂါးအစောင့်မဟုတ်ဘူးဆိုရင်...ခင်ဗျားက ကျုပ် ဒီနေရာမှာသေဆုံးသွားအောင် ဖိအားပေးမှာမလား"

"ကျုပ် ခင်ဗျားကို တစ်ခုမေးပါရစေ...ရွှေမိုးကြိုးဂိုဏ်း ဘေးအန္တရာယ်ဆိုးနဲ့ရင်ဆိုင်နေရချိန်မှာ ကျုပ် ကူညီပေးခဲ့တယ်...ဘယ်လိုလုပ်ပြီး ကျုပ်က ဂိုဏ်းရဲ့သစ္စာဖောက် ဖြစ်သွားတာလဲ"

လီဟောင်ယန်း၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသော်လည်း သူက စကားတစ်လုံးမျှ မဆိုနိုင်ချေ။

ဤကိစ္စသည် အမှန်ဖြစ်ပေ၏။အစမှအဆုံးထိတိုင် လုယွီသည် ရွှေမိုးကြိုးဂိုဏ်းအတွက် များစွာကူညီပေးခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူ ဟူသော လီဟောင်ယန်းကသာ လုယွီနှင့်ဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။သူသည် မြစ်ဖြတ်ကူးပြီးသည်နှင့် တံတားကိုဖျက်ဆီးသည့်အလား လုယွီကို သေစေလိုခဲ့သည်။

"ဒါတွေအားလုံးက ဒီနိမ့်ကျတဲ့သူက မျက်စေ့ကန်းသွားမိလို့ပါ...ကျေးဇူးပြုပြီး နဂါးအစောင့်သခင်က ကျွန်တော်ကို အပြစ်ပေးပါ"

လီဟောင်ယန်းက ထပ်မံ၍ အရိုအသေပြုလိုက်၏။

Chapter 1765

လုယွီက ခေါင်းခါပြပြီးနောက် သူ၏အင်္ကျီလက်မောင်းကြားမှ ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ယူကာ လီဟောင်ယန်းထံ လက်ကမ်းပေးလိုက်သည်။

"တကယ်လို့ ခင်ဗျားရဲ့သမီးကို မကုသဘူးဆိုရင် အကျိုးဆက်တွေက မလွယ်ဘူး...ကျုပ် အဲ့ဒီအချိန်တုန်းက ဆေးနှစ်လုံးသန့်စင်ခဲ့တာ....ဒီဆေးလုံး သူ့ကိုပေးလိုက်ပါ...မဟုတ်ရင် သူ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"

လုယွီက အေးစက်စက်အသံဖြင့် ဆက်လက်ပြောဆိုသည်။

"ခင်ဗျားကိုခင်ဗျား ဂရုစိုက်ပြီးနေပါ"

လီကျင်းရှန့်သည် ရိုသေလေးစားစွာဖြင့် လုယွီကို စစ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားသည်။ထို့နောက် စစ်သင်္ဘောကြီးသည် ရွှေမိုးကြိုးဂိုဏ်းမှ ထွက်ခွာသွားတော့သည်။

အဝေးတနေရာသို့ရောက်ရှိသွားသော စစ်သင်္ဘောကြီးကိုကြည့်ပြီး လီဟောင်ယန်း၏စိတ်နှလုံးသားအတွင်း၌ စိတ်ခံစားချက်များရောထွေးလာပြီးနောက် နောင်တရခြင်းကို ခံစားလိုက်ရ၏။

အကယ်၍ သူ၏လိုအင်ဆန္ဒများကိုသာ ရှေ့တန်းတင်ခြင်းမရှိခဲ့ပါက..အကယ်၍ သူသည် မြစ်ဖြတ်ကူးပြီးသည်နှင့် တံတားကိုဖျက်ရန် မကြိုးစားခဲ့ပါက ရွှေမိုးကြိုးဂိုဏ်းနှင့်လုယွီအကြားတွင် မိတ်ဆွေဆက်ဆံရေး ရှိနေပေမည်။

အကယ်၍ သူသာ နဂါးအစောင့်တစ်ယောက်နှင့် မိတ်ဆွေဖြစ်နေပါက ရွှေမိုးကြိုးဂိုဏ်း၏အင်အားသည် မှန်းဆ၍မရနိုင်သောအဆင့်တစ်ခုထိ မြင့်တက်သွားပေလိမ့်မည်။

ဟူး...

လီဟောင်ယန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

……

ချမ်းမင်မြို့...

မြောက်များစွာသော စစ်သင်္ဘောများသည် လေဟာနယ်ကိုဖြတ်သန်း၍ ချမ်းမင်မြို့သို့ ရောက်ရှိလာကြသည်။

အကြောင်းအရင်းမှာ ချမ်းမင်မြို့တွင် တော်ဝင်စစ်တပ်၏စစ်စခန်းရှိနေသဖြင့် စစ်သင်္ဘောများ အဝင်အထွက် များပြားနေခြင်းပင်။

"နဂါးအစောင့်သခင်...ဘာလို့ ကျွန်တော်တို့ရဲ့တပ်မှူးကို တွေ့ချင်တာလဲ"

လုကျင်းရှန့်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

သူသည် လုယွီနှင့်ပတ်သက်၍ အလွန်အမင်း သိချင်စိတ် ပြင်းပြနေလေ၏။

မည်သို့ပင်ဆိုစေကာမူ လုယွီ၏အဆင့်အတန်းမှာ အနည်းငယ်ထူးခြားသည်။လုကျင်းရှန့်သည် ယခင်က လုယွီပေါ်၌ ရိုင်းပျစွာဆက်ဆံခဲ့မိပြီးလေပြီ။အကယ်၍ သူ ထပ်မံ၍သာ အပြစ်ပြုမိပါက သူ၏အနာဂတ် ရာထူးတိုးရာ၌ သက်ရောက်မှုရှိသွားနိုင်သည်။

လုယွီသည် လုကျင်းရှန့်၏စိုးရိမ်ပူပန်မှုများကို သိရှိသဖြင့် ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကျုပ် ဒီနေရာကိုလာခဲ့တာက လေဟာနယ်ဓားပြတွေကို စုံစမ်းထောက်လှမ်းဖို့အတွက်ပဲ....အခု ကျုပ်က လေဟာနယ်ဓားပြတွေရဲ့အသိုက်ကို သိခဲ့ပြီးပြီ...ဒါကြောင့် ဒီသတင်းကို ခင်ဗျားတို့ရဲ့တပ်မှူးဆီ ကျုပ် သတင်းပို့ရလိမ့်မယ်"

"နဂါးအစောင့်သခင်က လေဟာနယ်ဓားပြတွေရဲ့အသိုက်ကို သိနေတာလား"

ထိုစကားကိုကြားချိန်တွင် လုကျင်းရှန့်က အပျော်လွန်သွားသည်။

တော်ဝင်နန်းတော်သည် လေဟာနယ်ဓားပြများကို နှိမ်နင်းနိုင်ရန် စစ်တပ်များကို အကြိမ်ကြိမ်စေလွှက်ခဲ့သော်လည်း ထိုဓားပြများသည် လွန်စွာလိမ္မာပါးနပ်ပေ၏။သူတို့သည် တည်နေရာကို မကြာခဏပြောင်းရွှေ့လေ့ရှိသဖြင့် သူတို့၏အစစ်အမှန်အသိုက်ကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခက်ခဲသည်။

အကယ်၍သာ သူတို့သည် တစ်ဖက်ရန်သူ၏အသိုက်နေရာကို သိရှိထားပါက လူအင်အားများစွာ အသုံးပြုခြင်းမရှိဘဲ တိုက်ခိုက်ဖျက်ဆီးနိုင်ပေမည်။

"ဒါက ကြီးမားတဲ့ စွမ်းဆောင်မှုကြီးပဲ"

လုကျင်းရှန့်က အလွန်စိတ်လှုပ်ရှားနေသည်။

သူတို့ ပြင်ပသို့ထွက်လာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လေဟာနယ်ဓားပြများကိုရှာဖွေရာတွင် အမြဲတစေ ကျရှုံးမှုဖြင့်သာ ပြန်လာခဲ့ရသည်။တော်ဝင်စစ်ရေးဌာနမှလည်း သူတို့ကို ပြစ်တင်ကြိမ်းမောင်းနေလေပြီ။

အကယ်၍ သူတို့စစ်တပ်မှသာ လေဟာနယ်ဓားပြများကို အမြစ်ပြတ်သုတ်သင်နိုင်ပါက သူ့အတွက်လည်း ကြီးမားသောတိုက်ပွဲအောင်မြင်မှုကြီးဖြစ်ပေမည်။ထိုတိုက်ပွဲအောင်မြင်မှုကို အကြောင်းပြု၍ သူ၏ရာထူးလည်း အဆင့်တိုးသွားနိုင်ပေ၏။

သူ၏ရှေ့ပြေးတပ်သည် ယခုလက်ရှိအချိန်တွင် ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်၌ အခြေချနေခဲ့ခြင်းမရှိဘဲ ကြယ်မြစ်အတွင်း၌ရှိနေသည်။အကယ်၍ သူ တပ်မှူးအား တွေ့လိုပါက ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုရပေမည်။

လုယွီ၏ရည်ရွယ်ချက်သည် ရိုးရှင်းပေ၏။သူသည် တော်ဝင်စစ်တပ်နှင့်အတူရောနှော၍ ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်မှ အလျှင်အမြန်ထွက်ခွာလိုခြင်းပင်။

ရှကွေ့ကျုံးပင်လျှင် လုယွီသည် သူ၏နှာခေါင်းအောက်ရှိ တော်ဝင်စစ်တပ်အတွင်း၌ ပုန်းအောင်းနေမည်ဟု မျှော်လင့်ထားမိမည် မဟုတ်ချေ။

သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း စစ်တပ်တစ်တပ်လုံး ရှေ့သို့ရွေ့လျားသွားခြင်းမရှိချေ။

"တုံ့ဆိုင်းမနေကြနဲ့...ရှေ့မှာဘာဖြစ်နေတာလဲဆိုတာ သွားကြည့်ကြစမ်း"

လုကျင်းရှန့်က အော်ငေါက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်ယောက်က အလျင်စလို ပြေးလာသည်။

"စစ်ဗိုလ်ချုပ်...ကူးပြောင်းရေးဝင်္ကပါရှေ့မှာ ကျွန်တော်တို့ကိုလမ်းပိတ်ထားတဲ့ လူတစ်စုရှိနေတယ်...ကျွန်တော်တို့ ဖြတ်သွားလို့မရဘူး"

လုကျင်းရှန့်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ဘယ်သူတွေလဲ...ဒါက အရေးပေါ်ကူးပြောင်းရေးဝင်္ကပါလေ... ဘယ်ကောင်တွေက သူတို့အိမ်သူတို့ယာလို လမ်းပိတ်ပြီးနေနေတာလဲ"

သာမာန်ကူးပြောင်းရေးဝင်္ကပါများနှင့် ကွဲပြားခြားနားသည်မှာ ဤအရေးပေါ်ကူးပြောင်းရေးဝင်္ကပါကို တော်ဝင်စစ်တပ်မှလူများသာအသုံးပြုရန် အထူးသီးသန့်တည်ဆောက်ထားခြင်းဖြစ်သည်။

တော်ဝင်စစ်တပ်မှအရာရှိများနှင့် တော်ဝင်နန်းတော်မှလူများသာ ဤအရေးပေါ်ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုနိုင်ပေ၏။

အကယ်၍ သာမာန်လူများသည် အခွင့်အာဏာမရှိဘဲ ဤအရေးပေါ်ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုပါက သူတို့အား ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမည်ဖြစ်ရာ မည်သူကမျှ ပိတ်ဆို့ဟန့်တားထားဝံ့ခြင်းမရှိချေ။

"အမှန်က....."

အမိန့်ပေးခံရသောစစ်သားသည် လန့်ဖျပ်နေသဖြင့် အချိန်အတော်ကြာသည့်တိုင် မည်သည့်စကားမျှမဆိုနိုင်ပေ။

လုကျင်းရှန့်က အလွန်အမင်း ဒေါသထွက်သွားသည်။

"အမှိုက်ကောင်...အသုံးကိုမကျဘူး"

စကားဆုံးသည်နှင့် သူသည် ခြေလှမ်းကျဲကြီးများနှင့် ကူးပြောင်းရေးဝင်္ကပါထံသို့ လျှောက်လှမ်းသွားလိုက်၏။

ထိုနေရာတွင် အစေခံဝတ်စုံများကိုဝတ်ဆင်ထားသော လူတစ်စုမတ်တတ်ရပ်နေပြီး သူတို့၏လက်များအတွင်း၌ မှော်လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။

ထိုလူစုသည် စုတ်ပြတ်နေသောအဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတို့ကို အိမ်တော်ထိန်းနှင့်တူသောလူတစ်ယောက်က ဆူပူကြိမ်းမောင်းနေကာ ကူးပြောင်းရေးဝင်္ကပါထံသို့ တရွေ့ရွေ့သွားနေလေသည်။

Thank For Reading.

All Chapters